21/08/2026
🌱 ကစားခြင်းဖြင့် သင်ယူမယ် 🎨🧠
KG Class ရဲ့ ဒီတစ်ပတ် Lesson Plan အရ 🌱 အပင်တစ်ပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအဆင့်ဆင့်ကို Visual Chart များအသုံးပြု၍ မြင်သာအောင် လေ့လာသင်ယူခဲ့ကြပါတယ်။
သင်ယူပြီးနောက်မှာတော့ 👧👦 ကလေးများရဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို ဖော်ထုတ်နိုင်ရန်အတွက် စက္ကူ၊ ဖော့ဂျုံတို့ကို အသုံးပြုပြီး ရောင်စုံအပင်ငယ်လေးများကို ကိုယ်တိုင်ဖန်တီးခဲ့ကြပါတယ်။ 🌱🎨
ဒီ Activity လေးကနေတစ်ဆင့် ကလေးများရဲ့
🧠 အာရုံစူးစိုက်နိုင်မှု
💪 စိတ်ရှည်သည်းခံနိုင်မှု
✋ လက်ချောင်းကြွက်သားများ ဖွံ့ဖြိုးမှု (Fine Motor Skills)
💡 တီထွင်ဖန်တီးနိုင်စွမ်း
တို့ကို ပိုမိုဖွံ့ဖြိုးလာစေရန် အထောက်အကူပြုပေးနိုင်ပါတယ်။ 💚
ကစားရင်း သင်ယူ၊ ဖန်တီးရင်း ဖွံ့ဖြိုးလာကြမယ် 🌱✨
#လင်းရောင်ခြည်ကိုယ်ပိုင်မူလတန်းကျောင်း