Tr. Nyein Academy Service

Tr. Nyein Academy Service မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇၉၀၉၈၅၉၀၅

20/07/2024

#
ရွှေပြည်သာမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် မူလတန်းပြဆရာမ ၂ဦးအလိုရှိပါသည်။
09790985905 သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

20/07/2024

https://www.facebook.com/profile.php?id=61550859293547&mibextid=ZbWKwL
Tr.Nyein Academy Service တွင် ကျွမ်းကျင်သော ဆရာ/ဆရာမများဖြင့် ချိတ်ဆက်၍ သင်ကြားနိုင်ပါတယ်ရှင့်။
09790985905 ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇၉၀၉၈၅၉၀၅

31/12/2023

မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇၉၀၉၈၅၉၀၅

Hello everyone!ဒီနေ့မှာတော့ Tr.Nyeinက အသုံးများတဲ့ Grammar noteလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေရှင့်။🙏➡ Active to Passive ⬅ဒါလ...
30/12/2023

Hello everyone!
ဒီနေ့မှာတော့ Tr.Nyeinက အသုံးများတဲ့ Grammar noteလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေရှင့်။🙏

➡ Active to Passive ⬅

ဒါလေးကတော့ ကလေးဘဝကတည်းကနေ ကြားဖူးပြီးသား အသုံးပြုခဲ့ဖူးပြီးသား pattern လေးတစ်ခုဆိုလည်း မမှားပါဘူး။ Speaking ပြောရာမှာပါ အသုံးဝင်မယ့် pattern လေးတစ်ခုဖြစ်တာကြောင့် အခြားသူများကိုလည်း ပြန်လည်မျှဝေပေးပါဦးနော်။
Active sentence ရဲ့ Arrangement လေးကိုအရင်ပြောပြပေးမယ်နော်👇
✳ Subject +Verb+ Object ✳
အဲ့လိုအစဥ်အတိုင်းလေး လာပါတယ်နော်
Eg. I read the comic book.✔
I am read the comic book.❌
ဒီ sentence လေးမှာဆိုရင်တော့
Subject=I
Verb=read
Object=the comic book ပါ။
အောက်ကစာကြောင်းလေးကဘာလို့မှားတာလဲဆိုရင်👇
ငါကဟာသစာအုပ်တွေကိုဖတ်တယ်။
ဟာသစာအုပ်တွေက ငါ့ကိုဖတ်တာမဟုတ်ဘူး။
အဲ့တော့Active sentence မှာ Verb1မြင်တဲ့အခါ am,is,are+Verb3(past participle)ပြောင်းမှသာ Passive sentence အမှန်ဖြစ်မှာပါ။
Active➡ Su Su reads the comic book.
Passive➡ The comic book is read by Su Su.(ထူးခြားတာလေးတစ်ခုက Active ကနေ Passiveကိုပြောင်းမယ်ဆိုရင် by ခံသုံးရပါမယ်။)
✳ Object+verb+by+Subject ✳
အဲ့တော့ Active sentence မှာ Subject နဲ့စပြီ
Passive sentence မှာတော့ Objectနဲ့စပြီး byခံသုံးပေးရပါတယ်။
⚠ သတိပြုရမှာက ⚠👇
မတိကျတဲ့ Subject တွေဆို byခံသုံးစရာမလိုသလို Subjectလည်းပြန်ရေးစရာမလိုပါဘူးနော်။
Eg. She,He,They,Everyone,Everybody,Someone, Somebodyတို့ပဲဖြစ်ပါတယ်။
⏩Someone steals my bike.
⏩ My bike is stolen.( someoneကမတိကျတဲ့အတွက်byခံပြီးပြန်ထည့်စရာမလိုပါဘူးနော်)
verb 1 🔁 am,is,are+verb 3
verb 2 🔁 was,were+verb 3 (ပြောင်းပုံပြောင်းနည်းအတူတူပါပဲ)
ဆက်လက်ပြီးရှင်းပြပေးသွားပါဦးမည်။
Please Like & Share😍
Passive #
#
.Nyein #
သိရှိလိုသည်များ၊မရှင်းလင်းသည်များအားchatboxတွင်မေးမြန်းနိုင်ပါသည်ရှင့်။

Merry Christmas to you all 😍😍😍
25/12/2023

Merry Christmas to you all 😍😍😍

17/12/2023

ကျောင်းသား/သူ များ၏ Term paper, Thesis ကိစ္စရပ်များ၊ ကလေးငယ်များ၏ ပညာရပ်ဆိုင်ရာအကြံပြုချက်များအား ဆွေးနွေးတိုင်ပင်နိုင်ပါသည်။


29/11/2023

လူကြီးမင်းတို့၏ သားသားမီးမီးပညာရေးအတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သော ဆရာ၊ဆရာမများဖြင့် ချိတ်ဆက်၍ သင်ကြားနိုင်ပါသည်ရှင့်။
Nursery မှစ၍ Prekg to IGCSE, English 4skills, အခြားဘာသာစကားများ၊ Preschool, Privateနှင့် International School သင်ကြား​မှုများအား
offline or online ကျွမ်းကျင်သောတီချယ်များဖြင့် ချိတ်ဆက်ပေးနေပါသည်ရှင့်။

ဆက်သွယ်ရန်။

https://www.facebook.com/profile.php?id=61550859293547&mibextid=ZbWKwL

09-790985905

မြန်မာပြည်အနှံ့မိမိတို့သားသားမီးမီးပညာရေးအတွက်Home Guideဆရာ/ဆရာမများကိုချိတ်ဆက်နိုင်ပါပြီ
၀၉၇၉၀၉၈၅၉၀၅

28/11/2023

'Make' အသုံးပြုပုံများ

1. make = ပြုလုပ်သည် ၊ ဖြစ်စေသည်။
2. make after = နောက်ကလိုက်သည်။

3. make a bed = အိပ်ရာခင်းသည် ။
4. make a deal with = ရောင်း၀ယ်သည် ။

5. make a match = အောင်သွယ်ပေးသည် ။
6. make a mistake = မှားသွားသည်။

7. make a noise = ဆူညံသည်။
8. make a stand = အာခံသည် ၊ ခံပြောသည်။

9. make a statement = ထင်ပြသည်။
10. make a believe = ဟန်ဆောင်သည် ။

11. make contact with = ထိတွေ့သည် ၊ ဆက်ဆံသည် ။
12. make fire = မီးမွှေးသည်။

13. make fun of = ဟာသလုပ်သည်၊ လှောင်သည်။
14. make haste of = မြန်မြန်လုပ်သည် ။

15. make into = ပြောင်းလဲသည် ။
16. make matter worse = ပိုဆိုးလာသည်။

17. make merry = ပျော်ရွှင်သည် ။
18. make money = ပိုက်ဆံရှာသည်။

19. make off = လုထွက်ပြေးသည်။
20. make out = နာလည်သည် ၊ သဘောပေါက်သည် ။

21. make profit = အမြတ်ရသည် ။
22. make tea =လဖက်ရည်ဖျော်သည် ။

23. make towards = ချဉ်းကပ်သွားသည်။
24. make trouble = ဒုက္ခပေးသည်။

25. make over = လွှဲပြောင်းပေးသည်။
26. make up a story = လုပ်ကြံပြောသည်။

27. make up (one's )mind = စ်ိတ်ဆုံးဖြတ်သည်။
28. make away with = ဝှက်ထားသည်။

26/11/2023

#ပညာရေးကိုစိတ်ဝင်စားသူတိုင်းအတွက်

စိတ်ပညာရှင်တွေရဲ့
ခုနောက်ဆုံးသတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို
တိုင်းတာတဲ့စနစ်ဟာ

* အိုင်ကျူ (IQ)
* အီးကျူ (EQ)
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုပီး လေးမျိုးတောင် ရှိသတဲ့။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့..
အသိဉာဏ် level က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊
ဒါပါဘဲ..
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့..
လူအများနဲ့
မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှု ရှိလား?
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?
သူများ personalကိစ္စတွေကို..
လေးစား ထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊
သူငယ်ချင်း၊
မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?
ဘယ်လောက်ထိ
ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?
ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက္က သုံးခုထဲမွာ..
ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ Level မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
သူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့
သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ..
IQ Level မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။
(သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့..
EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..
SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိသက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။
ကိုယ့်ဦးနှောက် အသိဉာဏ် level ကို
တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ (တွေ့ရှိချက် အသစ်တဲ့)

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည် level တဲ့..။
အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...

*လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ။

AQ level ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊
ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါ။AQ level နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊
မယားကွဲ၊
အလုပ်ပြုတ်၊
စိတ္က်၊
ဆူဆိုက်လုပ်၊
လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. AQ level နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...

မိဘတွေဟာ..
ကိုယ့်သားသမီး AQ level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊
သူ့အသိဉာဏ် level အတိုင်း..
ခန္ဓာကိုယ်ရော၊
ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊
ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။
က်န္တဲ့သုံးခု..
(EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့..
နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။
သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

original writer
------
မျှဝေခြင်း

26/11/2023

Please answer!!!

I -------- this class since 2020.

(a) have attended
(b) was attended
(c) have been attending
(d) attended

နေ့စဥ် English Basic နဲ့ဆိုင်သော သင်ခန်းစာများကို လေ့လာရန်အတွက် page လေးအား like & share လုပ်ထားပေးပါဦးနော်။နောက်ထပ်အစီ...
24/11/2023

နေ့စဥ် English Basic နဲ့ဆိုင်သော သင်ခန်းစာများကို လေ့လာရန်အတွက် page လေးအား like & share လုပ်ထားပေးပါဦးနော်။
နောက်ထပ်အစီအစဥ်လေးအနေဖြင့် မင်မင်ရဲ့မွေးလလေးဖြစ်တဲ့ December လထဲမှာလည်း free class လေးရှိတာကြောင့် page လေးကို join ထားပေးပါဦးနော်။
Have a nice dream!!!☺☺☺

Address

North Okkalapa
North Okkalapa
1

Telephone

+959790985905

Website

Alerts

Be the first to know and let us send you an email when Tr. Nyein Academy Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr. Nyein Academy Service:

Shortcuts

Share

Category