Tr. Hsu English Class

Tr. Hsu English Class Learning English is fun.

ဒီနေ့မှာတော့ At နဲ့ တွဲတဲ့ phrasal verb လေးတွေကို စပြီးလေ့လာကြမယ်နော်...1.  Look at – to see or watcheg. Please look at ...
20/02/2026

ဒီနေ့မှာတော့ At နဲ့ တွဲတဲ့ phrasal verb လေးတွေကို စပြီးလေ့လာကြမယ်နော်...
1. Look at – to see or watch
eg. Please look at the board.
ကျေးဇူးပြု၍ သင်ပုန်းကို ကြည့်ပါ။

2. Laugh at – to make fun of someone/something
eg. Don’t laugh at him.
သူ့ကို မရယ်ပါနဲ့။

3. Shout at – to speak loudly/yell in anger
eg. Her mother shouts at her as she doesn’t do any household chores.
သူ(မ) အိမ်အလုပ်တွေ မလုပ်တဲ့အတွက် အမေက သူ(မ)ကို အော်ဆူတယ်။

4. Smile at – to show happiness to someone
eg. She smiles at me.
သူ(မ)က ကျွန်တော့်ကို ပြုံးပြတယ်။

5. Listen at – to listen carefully (specific location/ less common)
eg. He listened at the door.
သူ တံခါးနားမှာ နားထောင်နေခဲ့တယ်။

6. Work at – to try hard to improve something
eg. She is working at her English.
သူ(မ) English တိုးတက်ဖို့ ကြိုးစားနေတယ်။

7. Point at – to show something with your finger
eg. He pointed at the picture.
သူ ပုံထဲမှာ ထောက်(ညွှန်)ပြခဲ့တယ်။

8. Stare at – to look for a long time
eg. Don’t stare at people. That’s rude!!
လူတွေကို စိုက်မကြည့်နဲ့။ ဒါရိုင်းတာပဲ။

9. Throw at – to send something toward someone/something
eg. She threw the ball at me.
သူ(မ)က ငါ့ဆီ ဘောလုံး ပစ်ပေးခဲ့တယ်။

10. Get at – to reach / to mean
eg. What are you getting at?
မင်း ဘာကို ဆိုလိုတာလဲ။

11. Arrive at – to reach a place (small place) or conclusion
eg. We arrive at the station.
ငါတို့ ဘူတာရုံကို ရောက်ပြီ။

12. Be good at – to have skill in something
eg. I’m good at dancing.
ငါ ကတာ တော်တယ်။

13. Be bad at – not skilled at something
eg. I’m bad at drawing
ငါ ပုံဆွဲတာ ညံ့တယ်။

14. Aim at – to point or intend
eg. He aimed at the target.
သူ ပစ်မှတ်ကို ချိန်ရွယ်ခဲ့တယ်။


31/01/2026

Common Abbreviations for Daily Conversation

Daily Conversation တွေမှာ အထာကျကျ ပြောဖို့အတွက် common abbreviations လေးတွေကို ဖော်ပြပေးလိုက်ပါတယ်...

BTW - By the way
DM - Direct message
FYI - For your information
IDK - I don't know
LMK - Let me know
JK - Just kidding
OMG - Oh my god
NVM - Nevermind
RN - Right now
TGIF - Thank goodness, it's Friday
THX / TY - Thanks/Thank you
IMO - In my opinion
TBH - To be honest
LOL - Laughing out loud
NGL - Not gonna lie
ASAP - As soon as possible
FOMO - Fear of missing out
OMW - On my way
B4 - Before
BC / CUZ - Because
GR8 - Great
L8R - Later
PLS - Please
YOLO - You only live once
ZZZ - Sleeping

Abbr တွေသုံးပြီး Daily Conversation တွေမှာ အထာကျလိုက်ရအောင်... 🥰

Hello!!မကြာခင်မှာ ရောက်ရှိလာတော့မယ့် နွေရာသီကျောင်းပိတ်ရက်လေးမှာ ငပုတောမြို့က ဖေဖေ မေမေ တို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီး...
29/01/2026

Hello!!

မကြာခင်မှာ ရောက်ရှိလာတော့မယ့် နွေရာသီကျောင်းပိတ်ရက်လေးမှာ ငပုတောမြို့က ဖေဖေ မေမေ တို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို English Language နဲ့ပတ်သက်ပြီး တိုးတက်စေဖို့အတွက် နွေရာသီ English Class On Campus လေး‌တွေ ဖွင့်လှစ်လိုက်ပါပြီ!!

နေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ 21ရာစုပညာခေတ်ကြီးမှာ ဘယ်ဘာသာရပ်ကိုပဲလေ့လာလေ့လာ English စာဟာ မပါမဖြစ်ဖြစ်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို ကျောင်းစာအပြင် English Language နဲ့ ပတ်သက်တဲ့ တခြားလိုအပ်တဲ့ skills တွေလည်း ဖြည့်ပေးထားဖို့လိုပါတယ်။

English ကို Subject တစ်ခုအနေနဲ့မဟုတ်ဘဲ Language တစ်ခုအဖြစ် လေ့လာထားဖို့ လိုအပ်ပါတယ်။

ဒီလိုလေ့လာနိုင်ဖို့အတွက်ဆိုရင် Grammar တတ်ရပါမယ်။

ငယ်စဉ်ကတည်းက Grammar ပိုင်နိုင်မှ English Subject ကိုမကြောက်တော့ဘဲ English Language ကိုလည်း ပိုစိတ်ဝင်စားလာပြီး လူအများရှေ့မှာ ရဲရဲဝံ့ဝံ့ပြောနိုင် ရေးနိုင်မှာပါ။

တတ်ရောက်လို့ရမယ့် အတန်းတွေကတော့

Grammar Time (1)
Start Date: 1.3.2024
Duration: 3 months
Schedule: 4:00PM to 5:30PM
Grade: 3,4

Grammar Time (2)
Start Date: 1.3.2024
Duration: 3 months
Schedule: 10:00AM to 11:30AM
Grade: 5,6

Grammar Time (3)
Start Date: 1.3.2024
Duration: 3 months
Schedule: 7:00AM to 8:30AM
Grade: 7,8

Grammar and Writing Class
Start Date: 1.3.2024
Duration: 3 months
Schedule: 8:30AM to 10:00AM
Grade: 9 and above

Fun and Effective Learning ဖြစ်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလပြီးဆုံးသွားရင်လည်း Exam‌လေးတွေဖြေပြီး တတ်မြောက်ကြောင်း စစ်ဆေးပေးသွားဦးမှာပါ။

ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို ယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်ရှင်။

သင်တန်းလေးအပ်ချင်တယ်ဆိုရင်တော့
Phone Number: 09406826358, 09263412778
Telegram no: 09406826358 ()
Viber no: 09406826358 (Hsu Lae Yi)
ကို ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

February 1 ရက်နေ့မှ စတင်၍ အပ်နှံနိုင်ပါတယ်။

Instructor: Hsu Lae Yi
Certified in Pre-school Lesson Plan Training
Certified in Effective Lesson Plan Training
Certified in Personal Development Training by NLP
Certified in English Language proficiency and achieved Grade A
Certified in How to Apply Teaching Method
Certified in Oxford Phonics Training by MMtutors

Hello!!ငပုတောမြို့ကသားသားမီးမီးတို့အတွက် နွေရာသီ English Class On Campus လေး‌တွေ ဖွင့်လှစ်လိုက်ပါပြီ!!◾နေ့စဉ်နဲ့အမျှတိုး...
20/02/2025

Hello!!

ငပုတောမြို့ကသားသားမီးမီးတို့အတွက် နွေရာသီ English Class On Campus လေး‌တွေ ဖွင့်လှစ်လိုက်ပါပြီ!!

◾နေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ 21ရာစုပညာခေတ်ကြီးမှာ ဘယ်ဘာသာရပ်ကိုပဲလေ့လာလေ့လာ English စာဟာ မပါမဖြစ်ဖြစ်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို English စာကို Subject တစ်ခုမနေနဲ့တင်မကဘဲ Language တစ်ခုမဖြစ်‌ပါ လေ့လာသင်ယူခိုင်းဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဘာသာစကားတစ်ခု လေ့လာရာမှာ မဖြစ်မနေသင်ယူရမယ့် အခြေခံအရာကတော့ Grammar ပဲဖြစ်ပါတယ်။

◾ငယ်စဉ်ကတည်းက Grammar ပိုင်နိုင်မှ English language ကိုမကြောက်တော့ဘဲ လူအများရှေ့မှာ ရဲရဲဝံ့ဝံ့ပြောနိုင် ရေးနိုင်မှာပါ။

1️⃣ Grammar Level (1)
Start Date : 1.3.2024
Duration : 3 months
Schedule : 9:00AM to 10:30AM
အသက် 8 နှစ်မှ 14 နှစ်အတွင်း(Grade -4) မှစ၍ ကလေးငယ်များတက်ရောက်နိုင်ပါတယ်။

2️⃣ Grammar Level (2)
Start Date : 1.3.2024
Duration : 3 months
Schedule : 7:30AM to 9:00AM
Grade 6 ကျောင်းသားများမှစ၍ တက်ရောက်နိုင်ပါတယ်။

3️⃣ Grammar and Writing Class
Start Date : 1.3.2024
Duration : 3 months
Schedule : 4:00PM to 5:30PM
Grade 8 ကျောင်းသားများမှစတင်၍ တက်ရောက်နိုင်ပါတယ်။

Fun and Effective Learning ဖြစ်အောင် သင်ကြားပေးမှာဖြစ်ပြီး Game Section တွေလည်း ပါဝင်မှာပါ။
သင်တန်းကာလပြီးဆုံးသွားရင်လည်း Exam‌လေးတွေဖြေပြီး တတ်မြောက်ကြောင်း စစ်ဆေးပေးသွားဦးမှာပါ။

ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို ယုံကြည်စွာ လာရောက်အပ်နှံနိုင်ပါတယ်ရှင်။

သင်တန်းလေးအပ်ချင်တယ်ဆိုရင်တော့
Phone Number: 09406826358, 09263412778
Telegram no : 09406826358
Viber no : 09406826358
ကို ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

February 20 ရက်နေ့မှ စတင်၍ အပ်နှံနိုင်ပါတယ်။

Instructor : Hsu Lae Yi
Certificate in Pre-school Lesson Plan Training
Certificate in Effective Lesson Plan Training
Certificate in Personal Development Training by NLP
Certificate in English Language proficiency and achieved Grade A
Certificate in Teaching of Oxford Phonics

Homographs ( Same spelling but different meaning )Part 11. FlyNoun: A fly was buzzing against the window. ယင်တစ်ကောင် ပြ...
03/07/2024

Homographs ( Same spelling but different meaning )

Part 1

1. Fly
Noun: A fly was buzzing against the window.
ယင်တစ်ကောင် ပြတင်းပေါက်နားမှာ တဝီဝီလုပ်နေတယ်။
Verb: Let's fly a kite.
စွန်လွှတ်ကြရအောင်။

2. Watch
Verb: I like watching TV every night.
ကျွန်တော် ညတိုင်း TV ကြည့်ရတာ ကြိုက်တယ်။
Noun: I glanced at my watch.
ကျွန်တော် လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်လိုက်တယ်။

3. Tear
Verb: I'll tear the package open.
ကျွန်တော် ပါကင်ထုပ်ကိုဖွင့်ဖို့ ဆုတ်ဖြဲပစ်ရလိမ့်မယ်။
Noun: She left the room in tears.
သူမ အခန်းထဲကနေ မျက်ရည်စက်လက်နဲ့ ထွက်သွားခဲ့တယ်။

4. Tie
Verb: She tied her hair with a ribbon.
သူမက ဆံပင်ကို ဖဲကြိုးလေးနဲ့ စည်းထားတယ်။
Noun: I wear a shirt and tie at work.
ကျွန်တော် အလုပ်မှာ ရှပ်အင်္ကျီနဲ့လည်စီးကို ဝတ်တယ်။

5. Lead
Verb: She will lead the team to victory.
သူမက အသင်းကို အောင်မြင်မှုရအောင် ဦးဆောင်နိုင်လိမ့်မယ်။
Noun: The pipes are made of lead.
ပိုက်တွေကို ခဲနဲ့လုပ်ထားတာ။

6. Row
Noun: They sat in the front row.
သူတို့ ရှေ့ဆုံးတန်းမှာ ထိုင်ကြတယ်။
Verb: Let's row the boat to the shore.
လှေကို ကမ်းခြေအထိ ရောက်အောင် လှော်ကြရအောင်။

7. Present
Noun: He gave her a present for her
birthday.
သူက သူမမွေးနေ့အတွက် လက်ဆောင်တစ်ခုပေးခဲ့တယ်။
Verb: I will present the findings at the meeting.
ကျွန်တော် အစည်းအဝေးမှာ ရှာဖွေတွေ့ရှိချက်တွေကို တင်ပြမယ်။
Adjective: She is present in the class today.
ဒီနေ့ သူမ အတန်းထဲမှာ ရှိပါတယ်။

8. Address
Noun: What is your home address?
မင်းရဲ့အိမ်လိပ်စာက ဘာလဲ။
Verb: He will address the crowd tonight.
သူ ဒီည လူအုပ်ကြီးကို မိန့်ခွန်းပြောလိမ့်မယ်။

9. Desert
Noun: The Sahara is a vast desert.
ဆာဟာရဆိုတာ ဧရာမသဲကန္တာရကြီး တစ်ခုပါ။
Verb: The soldiers decided to desert their post.
စစ်သားတွေက သူတို့ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

10. Fine
Noun: He had to pay a fine for speeding.
သူက အရှိန်လွန်‌ကားမောင်းလို့ ဒဏ်ကြေးဆောင်ခဲ့ရတယ်။
Adjective: The weather is fine today.
ဒီနေ့ ရာသီဥတု သာယာတယ်။

22/04/2024

တို့အတန်းထဲက မျောက်လွဲကျော်ရဲ့ Speaking practice 💜

12/04/2024

Starter Class

"Story Time"

11/04/2024

"My Day"

Eaindray Linn Latt

10/04/2024

Starter Class
"Story Time"

09/04/2024

My Day 💁

Khant Hmue Paing

08/04/2024

Project for "Interviewing"

Address

Myitta Street
Ngaputaw

Website

Alerts

Be the first to know and let us send you an email when Tr. Hsu English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category