14/07/2026
🌹Bagan Vision Institute (BVI) Journal သုတေသနဆောင်းပါးများခေါ်ယူခြင်း🌹
#မိတ်ဆွေများခင်ဗျာ…
👉ကျွန်တော်တို့ BVI Research Journal အနေဖြင့်…သုတေသနဆောင်းပါးများ ရေးသားပေးပို့ထုတ် ဝေလိုသောသုတေသီများအားအသိပေးဖိတ်ခေါ်အပ်ပါသည်...
👉နိုင်ငံတကာတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေသော Master, PhD ကျောင်းသား/ကျောင်းသူများ၊ တက္ကသိုလ်အသီးသီးတွင်တာ၀န်ထမ်းဆောင်နေသော ဆရာ/ဆရာမများ၊ သုတေသနကိုစိတ်ပါ၀င်စားသော အလွတ်တမ်းသုတေသီများအနေဖြင့် မိမိတို့ဘာသာရပ်အလိုက် နှစ်သက်ရာသုတေသနဆောင်းပါးများ တင်သွင်းထုတ်ဝေနိုင်ပါသည်....
👉BVI Journal သည် မြန်မာနိုင်ငံတော်အစိုးရထံမှ တရား၀င်ထုတ်ဝေခွင့်လိုင်စင် ရရှိထားသော မြန်မာနိုင်ငံမှထုတ်ဝေသည့် နိုင်ငံတကာသုတေသနဂျာနယ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှ ယနေ့ထိ…နှစ်စဉ် ၁နှစ် ၂ကြိမ်ရေးသားထုတ် ေ၀ လျှက်ရှိပြီး ဘာသာရပ်ပေါင်းစုံ (Multi interdisciplinary journal) ရေးသားထုတ်ဝေသည့် မြန်မာနိုင်ငံ၏ပထမဆုံးသော နိုင်ငံတကာသုတေသနဂျာနယ်ဖြစ်ပါသည်....
👉ထို့ကြောင့် နိုင်ငံတကာတက္ကသိုလ်အသီးသီးတွင် တက်ရောက်ပညာသင်ကြားနေကြသော မြန်မာနိုင်ငံမှ Master, PhD ကျောင်းသားများအနေဖြင့် မိမိတို့ဘွဲ့ကို အချိန်မှီအောင်မြင်စွာရရှိနိုင်စေရေး…လိုအပ်သော သုတေသနဆောင်းပါးရေးသားထုတ်ဝေရာတွင် BVI Journal သို့ ပေးပို့တင်သွင်းထုတ်ဝေနိုင်ပါသည်…
👉BVI Journal သည်နိုင်ငံတကာ သုတေသနဂျာနယ်များနည်းတူ (Double blinded) (ရေးသားသူနှင့်စစ်ဆေးသူ တစ်ဉီးကိုတစ်ဉီး မသိစေသည့်) Peer review system ကိုကျင့်သုံးသောကြောင့် သုတေသနအရည်အသွေးမြင့်မားသည့် နိုင်ငံတကာသုတေသနဂျာနယ်လည်းဖြစ်ပါသည်..
👉ထို့အပြင် BVI Journal သည် တင်သွင်းလာသည့် သုတေသနစာစောင် ၁စောင်ချင်းစီကို နိုင်ငံတကာမှ သက်ဆိုင်ရာပညာရှင်များ ဖိတ်ခေါ်၍ စစ်ဆေးသော စနစ်ကိုလည်း ကျင့်သုံးပါသဖြင့် သုတေသနအရည်အသွေး စိတ်ချရမှုရှိစေပါသည်…
👉ယခုအချိန်ထိ BVI Journal သို့ ရေးသားတင်သွင်းထုတ်ဝေခဲ့သော နိုင်ငံခြားသား PhD နှင့် Master ကျောင်းသားအချို့ သက်ဆိုင်ရာတက္ကသိုလ်မှ ဘွဲ့များရရှိခဲ့ကြပြီဖြစ်ပါသည်…
👉BVI Journal အနေဖြင့် Google Scholar နှင့် အချို့သောနိုင်ငံတကာ Database များတွင် Index (ထားသိုဖော်ပြခြင်း) ခံရသောဂျာနယ်ဖြစ်ပါသည်...
👉ထို့အပြင် ဂျာနယ်သည် ယခုအခါ နိုင်ငံတကာစံပြုဂျာနယ်စာစဉ်အမှတ် (ISSN Number) လျှောက်ထားဆဲဂျာနယ်လည်းဖြစ်ပါသည်...
👉သို့ဖြစ်ပါသောကြောင့် BVI Journal တွင် သုတေသနစာစောင်ရေးသားထုတ်ဝေလိုသူများအနေဖြင့် သြဂုတ်လ (၃၀) ရက်မတိုင်မှီ ဂျနယ်အယ်ဒီတာအဖွဲ့သို့ အီးမေးမှတစ်ဆင့် တင်သွင်းနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်...
သုတေသနစာစောင်ပေးပို့တင်သွင်းလိုသူများဝင်
ရောက်လေ့လာနိုင်ပါသည်….
https://baganvision.com/