Skill Lamp

Call Website Contact the school

Skill Lamp ကျောင်းသူကျောင်းသားများအတွက် English ဘာသာရပ်ကို အလွယ်ကူဆုံးနှင့်အမြန်ဆုံးကျွမ်းကျင်စေမည့် "Skill Lamp"

အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English စာနမူနာသင်ခန်းစာများကို အခမဲ့သင်ယူခွင့်... အချို့ကျောင်းသူကျောင်း...
12/06/2026

အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English စာနမူနာသင်ခန်းစာများကို အခမဲ့သင်ယူခွင့်...

အချို့ကျောင်းသူကျောင်းသားတွေက အတန်းထဲမှာ English စာကျွမ်းကျင်ချင်တယ်။ ဒါပေမယ့် ဘယ်ကစပြီး... ဘယ်လိုသင်ယူရမှန်း မသိကြဘူး။

ဒါကြောင့် ကျောင်းသူကျောင်းသားတွေ English စာကျွမ်းကျင်စေရန် အဓိကလိုအပ်တဲ့အချက်အလက်တွေကို ကျွန်တော်တို့ Skill Lamp မှ Software (ဆော့ဖ်ဝဲလ်)ဖြင့် သင်ကြားပေးလိုက်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော် English စာသင်ကြားပေးခဲ့သည့် ဝါရင့်ဆရာကြီးဦးမျိုးမင်း(တံခွန်)ကိုယ်တိုင် စီစဉ်သင်ကြားပေးထားသောကြောင့် English စာကိုအချိန်တိုအတွင်း လွယ်ကူစွာနားလည်တတ်ကျွမ်းစေမှာဖြစ်ပါတယ်။

အခြေခံမရှိသူတွေလည်းသင်ယူနိုင်အောင် အ​ခြေခံမှ အဆင့်မြင့်အထိ အပြည့်အစုံသင်ကြားပေးထားပါတယ်။

သင့်ဘဝတစ်လျှောက်လုံး English စာကျွမ်းကျင်စေရန် အဓိကလိုအပ်တဲ့‌အချက်အလတ်တွေကို သင်ကြားပေးမှာဖြစ်လို့... သင် ပြည်ပထွက်ရင်လည်း နိုင်ငံတိုင်းမှာပြောလို့ရတဲ့ English ဘာသာစကားကို ကျွမ်းကျင်နေပါလိမ့်မယ်။

ဒါ့ကြောင့် ကျောင်းသူ​ကျောင်းသားများ ကျွန်တော်တို့ရဲ့ Skill Lamp Software ဖြင့်သင်ယူပါက အတန်းတိုင်းမှာ English စာအလွန်ကျွမ်းကျင်နေမှာဖြစ်ကြောင်း ရာနှုန်းပြည့်အာမခံပါတယ်။

-----------------------------------------------
*** Software စနစ်ဖြင့်သင်တယ်ဆိုတာဘာလဲ...?

# ဗီဒီယိုနဲ့သင်သလို သင်သမျှသင်ခန်းစာတွေကို ထိုင်ကြည့်နေရတာမျိုး... လုံးဝမဟုတ်ပါဘူး။ Software မှ အလိုအလျောက်မေးခွန်းထုတ်ပေးတာကို သင်ကိုယ်တိုင်ခလုပ်နှိပ်ပြီး အဖြေမှန်ကိုရွေးချယ်ပေးခြင်းဖြင့် English စာကိုအလွယ်တကူ သင်ယူနိုင်မှာဖြစ်ပါတယ်။

# ကျောင်းသားကအဖြေမှားသွားလျှင်လည်း Software ရဲ့အလိုအလျောက်စနစ်မှ အ‌ဖြေအမှန်ကိုချက်ချင်း ပြန်လည်ရှင်းလင်းသင်ပြပေးသဖြင့် ကျောင်းသားရဲ့အမှားအမှန်ခွဲခြားနိုင်စွမ်းကို အမြန်ဆုံးတိုးတတ်စေပါတယ်။

# သင်ပြီးသောသင်ခန်းစာတွေကို ပြန်ကြည့်ချင်တဲ့အချိန်မှာလည်း လွယ်ကူစွာပြန်လည်ရှာဖွေနိုင်အောင် Search box ကိုထည့်သွင်း‌ပေးထားပါတယ်။

# ကျောင်းသူကျောင်းသားများအချင်းချင်း စာပေဆွေးနွေးနိုင်ရန် Forum ခေါ် "စာပေဆွေးနွေးခန်း"ကိုလည်း ထည့်သွင်းပေးထားပါတယ်။

# အင်တာနက် ဘေ(လ်)စားနှုန်းသက်သာအောင် Software ကိုရေးဆွဲပေးထားသဖြင့် ဘေ(လ်)စားနှုန်းအလွန်သက်သာပြီး... အခြားသောအကျိုးကျေးဇူးများစွာကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီ Software ဟာ English စာဘာသာရပ်ကိုကျွမ်းကျင်ချင်တဲ့ ကျောင်းသူ​ကျောင်းသားတွေအတွက် အဓိကလိုအပ်ချက်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

နမူနာသင်ခန်းစာများကိုလည်း အစမ်း(အခမဲ့)သင်ယူနိုင်ပါတယ်။

သင်ယူလိုပါက Play store တွင် Skill Lamp ဟုရှာပါ။

Grammar ကိုသင်ယူသင့်သလား...?လူတချို့က "ငါတို့မြန်မာစကားကို သဒ္ဒါမသင်ဘဲတတ်တာ... ဒါ့ကြောင့် English စကားတတ်ဖို့ Grammar လိ...
30/05/2026

Grammar ကိုသင်ယူသင့်သလား...?

လူတချို့က "ငါတို့မြန်မာစကားကို သဒ္ဒါမသင်ဘဲတတ်တာ... ဒါ့ကြောင့် English စကားတတ်ဖို့ Grammar လို့ခေါ်တဲ့ သဒ္ဒါကိုသင်စရာမလိုဘူး" လို့ထင်ကြတယ်။

"စကားတစ်ခွန်းပြောဖို့ Grammar ကိုစဥ်းစားနေရင် ဘယ်လိုခရီးရောက်မှာလဲ" တဲ့။

သူတို့ပြောတဲ့စကားက မှန်သလိုလိုနဲ့မှားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစကားကို သဒ္ဒါမသင်ဘဲတတ်တာဟာ မိခင်ဘာသာစကားဖြစ်လို့ပါ။ မွေးကတည်းက မြန်မာစကားပြောတဲ့ပတ်ဝန်းကျင်မှာ နေခွင့်ရလို့ သဒ္ဒါမသင်ဘဲတတ်တာပါ။

ဒီတော့ English စကားကိုလည်း သဒ္ဒါမသင်ဘဲတတ်ချင်ရင် English လိုပြောတဲ့ပတ်ဝန်းကျင်မှာ ၃ နှစ်/၅ နှစ်လောက်သွားနေမှ ရပါမယ်။

ဒါမှမဟုတ် English စကားကို မိခင်ဘာသာစကားအဖြစ်ပြောတဲ့ Native Speaker တွေနဲ့ တစ်ရက်ကို ၆ နာရီ၊ ၃ နှစ်လောက် စာခေါ်သင်မှရပါမယ်။ ကုန်ကျစရိတ်ကတော့ တွက်သာကြည့်ပေတော့...

Native Speaker တွေနဲ့ တစ်ပတ်ကို ၄ နာရီလောက် Grammar မသင်ဘဲလေ့ကျင့်မယ်ဆိုရင်တော့ တတ်ဖို့အချိန်အရမ်းကြာပါလိမ့်မယ်။ ဒါ့ကြောင့် အဲ့လိုအချိန်မကြာအောင် Native Speaker တွေသင်တဲ့ကျောင်းတွေမှာလည်း Grammar ကိုသင်ပေးနေရတယ်ဆိုတာ သတိပြုပါ။

1990 လောက်တုန်းက ဆရာ့ညီဝမ်းကွဲတစ်ယောက်ဆိုရင် အမေရိကန်နိုင်ငံမှာ သုံးနှစ်လောက်သွားနေပြီးတာတောင် English စကားပြောတာ၊ ရေးတာအမှားတွေများလို့ Grammar ကို ၆ လလောက်ပြန်သင်ခဲ့ရတယ်။

အကယ်၍ Grammar သာသင်ယူထားမယ်ဆိုရင် အချိန်တိုအတွင်းမှာ English စကားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာပြောပြမယ်။

a,e,i,o,u နဲ့စရင် an သုံးရတယ်ဆိုတဲ့ Grammar အချက်လေးတစ်ခုကို သိတဲ့သူက an apple, an egg, an orange... စတာတွေအကုန်သိတယ်။

a,e,i,o,u နဲ့စရင် an သုံးရတာကို မသိတဲ့သူက an apple, an egg, an orange, an umbrella, an arrow, an eagle,... စတဲ့ တစ်လောကလုံးမှာရှိသမျှ an နဲ့တွဲသုံးရမဲ့ စကားလုံးတွေအကုန်လုံးကို အလွတ်လိုက်ကျက်ပေတော့...

is ကိုအနည်းကိန်းနဲ့သုံးရတယ်ဆိုတဲ့ Grammar အချက်လေးတစ်ခုကို သိတဲ့သူက He is, They are, The man is, People are...စတာတွေအကုန်သိတယ်။

is ကိုအနည်းကိန်းနဲ့သုံးရတယ်ဆိုတာ မသိတဲ့သူက He is, They are, The man is, People are, She is, The children are, The orange is, The dogs are,...စတာတွေအကုန်လိုက်ကျက်ပေတော့...

အဲ့ဒီ့တော့ ဘယ်သူက English စာတတ်တာမြန်မလဲ... စဉ်းစားကြည့်ပေါ့...

ဒီလောက်ဆိုရင် Grammar ဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ တနည်းပြောရရင် Grammar ဟာ ဘာသာစကားတစ်ခုကို အမြန်ဆုံးတတ်မြောက်ဖို့အတွက် Keys တွေပါ။

နောက်တစ်ခုရှင်းပြမယ်...
"စကားတစ်ခွန်းပြောဖို့ Grammar ကိုလိုက်စဥ်းစားနေရင် ဘယ်လိုလုပ်ခရီးရောက်မှာလဲ" တဲ့...

Grammar ဟာ မပြောတတ်ခင် လေ့ကျင့်တုန်းမှာပဲ စဉ်းစားရတာပါ။ နောက်ပိုင်းပြောတတ်သွားရင် Grammar ကိုထည့်စဉ်းစားစရာမလိုတော့ပါဘူး။ ဥပမာ-

It is a book.

မတတ်သေးခင်မှာဘဲ It ကို is, was တို့နဲ့သုံးရတယ်ဆိုတာကို မှတ်ပြီးလေ့ကျင့်ရပါတယ်။ တတ်ပြီးနောက် It are a book.လို့ မှားမသုံးမိအောင် ဘယ်သူကမှ Grammar ကို ထည့်မစဥ်းစားတော့ပါဘူး။ ဘယ်အချိန်ရေးရေး It is a book. ပါပဲ။

ဒီလောက်ဆိုရင် Grammar ဟာ English စကားမတတ်သေးခင်မှာပဲ တွဲဖက်လေ့ကျင့်ရတာဖြစ်ပြီး၊ တတ်ပြီးရင် စဥ်းစားနေစရာမလိုတော့ဘူးဆိုတာကို နားလည်လောက်ပါပြီ။

ဒီတော့ လိုရင်းပြောရရင်...
English လိုပြောတဲ့ပတ်ဝန်းကျင် ရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... English စာမြန်မြန်တတ်ချင်ရင် Grammar သင်ပါ။

"Grammar is the key to language."

"Grammar သည် ဘာသာစကားရဲ့သော့ချက်" ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။

--------------------------------------------------
Ads

ကျောင်းသူ​ကျောင်းသားများ English Grammar ကိုကျွမ်းကျင်တယ်ဆိုရင်...

အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English Grammar ကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပေးနေတဲ့ Software ကောင်းတစ်ခုရှိပါတယ်။

နှစ်ပေါင်း ၃၀ ကျော် English စာသင်ကြားပေးခဲ့တဲ့ ဝါရင့်ဆရာကြီး ဦးမျိုးမင်း(တံခွန်)ကိုယ်တိုင် စီစဉ်သင်ကြားပေးထားတဲ့အတွက် English စာကိုအချိန်တိုအတွင်း လွယ်ကူစွာနားလည်တတ်ကျွမ်းစေပါတယ်။

ဒါအပြင် English စာကျွမ်းကျင်ဖို့ အဓိကလိုအပ်တဲ့အချက်တွေကို အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ သင်ကြားပေးထားပါတယ်။ Software စနစ်ဖြင့်သင်ကြားပေးတာဖြစ်လို့ သင်ယူရတာအလွန်အဆင်ပြေပါတယ်။

*** Software စနစ်ဖြင့်သင်တယ်ဆိုတာဘာလဲ...?

# ဗီဒီယိုနဲ့သင်သလို သင်သမျှသင်ခန်းစာတွေကို ထိုင်ကြည့်နေရတာမျိုး... လုံးဝမဟုတ်ပါဘူး။ Software မှအလိုအလျောက်မေးခွန်းထုတ်ပေးတာကို သင်ကိုယ်တိုင်ခလုပ်နှိပ်ပြီး အဖြေမှန်ရွေးချယ်ပေးခြင်းဖြင့် English စာကိုအလွယ်တကူ သင်ယူနိုင်ပါတယ်။

# ကျောင်းသားက အဖြေမှားသွားလျှင်လည်း Software ရဲ့အလိုအလျောက်စနစ်မှ အမှားအမှန်ကို ချက်ချင်းပြန်လည်ရှင်းလင်းသင်ပြပေးသဖြင့် ကျောင်းသားရဲ့အမှားအမှန်ခွဲခြားနိုင်စွမ်းကို အမြန်ဆုံးတိုးတတ်စေပါတယ်။

# သင်ပြီးတဲ့သင်ခန်းစာတွေကို ပြန်ကြည့်ချင်တဲ့အချိန်မှာလည်း လွယ်ကူစွာပြန်လည်ရှာဖွေနိုင်အောင် Search box ကိုထည့်သွင်း‌ပေးထားပါတယ်။

# ကျောင်းသူကျောင်းသားများအချင်းချင်း စာပေဆွေးနွေးနိုင်ရန် Forum လို့ခေါ်တဲ့ "စာပေဆွေးနွေးခန်း"လည်း ထည့်သွင်းပေးထားတယ်။

# အင်တာနက် ဘေ(လ်)စားနှုန်းသက်သာအောင် Software ကိုရေးဆွဲပေးထားသဖြင့် ဘေ(လ်)စားနှုန်းအလွန်သက်သာပြီး... အခြား‌အကျိုးကျေးဇူးများကိုလည်း ရရှိမှာဦးမှာဖြစ်ပါတယ်။

ဒီ Software ဟာ English စာဘာသာရပ်ကိုကျွမ်းကျင်ချင်တဲ့ ကျောင်းသူ​ကျောင်းသားတွေအတွက် အဓိကလိုအပ်ချက်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

နမူနာသင်ခန်းစာများကိုလည်း အစမ်း(အခမဲ့)သင်ယူနိုင်ပါတယ်။

သင်ယူလိုပါက Play store တွင် Install ပြုလုပ်ရန် အပြာရောင် Link ကိုနှိပ်ပါ။

https://play.google.com/store/apps/details?id=com.cosmo7.skilllampedu

အချိန်ရဲ့တန်ဖိုးအချိန်ရှိတုန်း အနာဂါတ်မှာ မဖြစ်မနေလိုအပ်မယ့် ပညာရပ်တစ်ခုခုကို သင်ယူထားပါ။ဘယ်လိုပညာရပ်မျိုးကို သင်ယူထားသင...
27/05/2026

အချိန်ရဲ့တန်ဖိုး

အချိန်ရှိတုန်း အနာဂါတ်မှာ မဖြစ်မနေလိုအပ်မယ့် ပညာရပ်တစ်ခုခုကို သင်ယူထားပါ။

ဘယ်လိုပညာရပ်မျိုးကို သင်ယူထားသင့်လည်းဆိုတာကို ဖြစ်ရပ်မှန်အတွေ့အကြုံလေးတစ်ခု ပြောပြမယ်...

လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအသစ်လိုအပ်လို့ အလုပ်ခေါ်တဲ့အချိန်ပေါ့...
လူ ၁၀ ယောက်အင်တာဗျူးလာဖြေတယ်။ ၁၀ ယောက်စလုံးမှာ လိုအပ်တဲ့အရည်အချင်းတွေရှိကြတယ်။ ဒါပေမယ့် တစ်ယောက်ပဲအလုပ်ရပါတယ်။

ထူးခြားတာက... အလုပ်ရသွားတဲ့လူမှာ အများနည်းတူ လိုအပ်တဲ့အရည်အချင်းတွေရှိတဲ့အပြင် English စကားလည်းကျွမ်းကျင်‌စွာပြောတတ်တယ်။ ဒါ့ကြောင့် သူအလုပ်ရသွားတာပါ။

ကျန်တဲ့ ၉ ယောက်ကတော့ အလုပ်မရဘူး။ အဲ့ဒီအချိန်မှာ အလုပ်မရတဲ့သူတွေထဲက တစ်ယောက်က "သူကံကောင်းလို့ အလုပ်ရသွားတာပါ"တဲ့...

အမှန်က သူကံကောင်းလို့ အလုပ်ရသွားတာမဟုတ်ပါဘူး။ သူက အချိန်ရှိတုန်းမှာ နောင်တစ်ချိန်သေချာ‌ပေါက်လိုအပ်လာမယ့် English စာကိုသင်ယူထားလို့ပါ။

ဒါကြောင့် အရေးကြီးလို့ထပ်ပြောပါမယ်...
ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ကျောင်းနေစဉ်အချိန်မှာကတည်းက အနာဂါတ်မှာမဖြစ်မနေလိုအပ်လာမယ့် English စာဘာသာရပ်ကို ကျွမ်းကျင်အောင်‌ သေချာသင်ယူထားပါ။

အချို့ကျောင်းသူကျောင်းသားတွေက အတန်းထဲမှာ English စာကျွမ်းကျင်ချင်တယ်။ ဒါပေမယ့် ဘယ်ကစပြီး... ဘယ်လိုသင်ယူရမှန်း မသိကြဘူး။

-----------------------------------------------
အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English စာဘာသာရပ်ကို ကျွမ်းကျင်ချင်တယ်ဆိုရင် Software ကောင်းတစ်ခုရှိပါတယ်။

ကျောင်းသူကျောင်းသားတွေ English စာကျွမ်းကျင်စေရန် အဓိကလိုအပ်တဲ့အချက်အလက်တွေကို သင်ကြားပေးထားပါတယ်။

နှစ်ပေါင်း ၃၀ ကျော် English စာသင်ကြားပေးခဲ့သည့် ဝါရင့်ဆရာကြီးဦးမျိုးမင်း(တံခွန်)ကိုယ်တိုင် စီစဉ်သင်ကြားပေးထားသောကြောင့် English စာကိုအချိန်တိုအတွင်း လွယ်ကူစွာနားလည်တတ်ကျွမ်းစေမှာဖြစ်ပါတယ်။

အခြေခံမရှိသူတွေလည်းသင်ယူနိုင်အောင် အ​ခြေခံမှ အဆင့်မြင့်အထိ အပြည့်အစုံသင်ကြားပေးထားပါတယ်။

သင့်ဘဝတစ်လျှောက်လုံး English စာကျွမ်းကျင်စေရန် အဓိကလိုအပ်ချက်တွေကို သင်ကြားပေးမှာဖြစ်လို့... သင် ပြည်ပထွက်ရင်လည်း နိုင်ငံတိုင်းမှာပြောလို့ရတဲ့ English ဘာသာစကားကို ကျွမ်းကျင်နေပါလိမ့်မယ်။

ဒါ့ကြောင့် ကျောင်းသူ​ကျောင်းသားတွေ Skill Lamp Software နဲ့သင်ယူရင် အတန်းတိုင်းမှာ English စာအလွန်ကျွမ်းကျင်မှာ သေချာပါတယ်။

-----------------------------------------------
*** Software ဖြင့်သင်တယ်ဆိုတာဘာလဲ...?

# ဗီဒီယိုနဲ့သင်သလို သင်သမျှသင်ခန်းစာတွေကို ထိုင်ကြည့်နေရတာမျိုး... လုံးဝမဟုတ်ပါဘူး။ Software မှ အလိုအလျောက်မေးခွန်းထုတ်ပေးတာကို သင်ကိုယ်တိုင်ခလုပ်နှိပ်ပြီး အဖြေမှန်ကိုရွေးချယ်ပေးခြင်းဖြင့် English စာကိုအလွယ်တကူ သင်ယူနိုင်မှာဖြစ်ပါတယ်။

# ကျောင်းသားကအဖြေမှားသွားလျှင်လည်း Software ရဲ့အလိုအလျောက်စနစ်မှ အ‌ဖြေအမှန်ကိုချက်ချင်း ပြန်လည်ရှင်းလင်းသင်ပြပေးသဖြင့် ကျောင်းသားရဲ့အမှားအမှန်ခွဲခြားနိုင်စွမ်းကို အမြန်ဆုံးတိုးတတ်စေပါတယ်။

# သင်ပြီးသောသင်ခန်းစာတွေကို ပြန်ကြည့်ချင်တဲ့အချိန်မှာလည်း လွယ်ကူစွာပြန်လည်ရှာဖွေနိုင်အောင် Search box ကိုထည့်သွင်း‌ပေးထားပါတယ်။

# ကျောင်းသူကျောင်းသားများအချင်းချင်း စာပေဆွေးနွေးနိုင်ရန် Forum ခေါ် "စာပေဆွေးနွေးခန်း"ကိုလည်း ထည့်သွင်းပေးထားပါတယ်။

# အင်တာနက် ဘေ(လ်)စားနှုန်းသက်သာအောင် Software ကိုရေးဆွဲပေးထားလို့ ဘေ(လ်)စားနှုန်းအလွန်သက်သာပြီး... အခြားအကျိုးကျေးဇူးများကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။

ဒီ Software ဟာ English စာဘာသာရပ်ကိုကျွမ်းကျင်ချင်တဲ့ ကျောင်းသူ​ကျောင်းသားတွေအတွက် အဓိကလိုအပ်ချက်တွေကို သင်ကြားပေးပါတယ်။

နမူနာသင်ခန်းစာတွေကိုလည်း အခမဲ့သင်ယူနိုင်ပါတယ်။

သင်ယူချင်ရင် Play store မှာ Skill Lamp လို့ရိုက်ရှာလိုက်ပါ။

Software ကို Download ပြုလုပ်ဖို့ Link ကိုလည်း ချပေးလိုက်ပါတယ်။

https://play.google.com/store/apps/details?id=com.cosmo7.skilllampedu

English စာတတ်တာနဲ့ မတတ်တာဘာကွာလဲ...?English စာမတတ်ရင်... သူများတွေသိတာ၊ တတ်တာတွေထပ်ပိုမသိနိုင်ပါဘူး။ ဒီတော့ အများနည်းတူပ...
21/05/2026

English စာတတ်တာနဲ့ မတတ်တာဘာကွာလဲ...?

English စာမတတ်ရင်...
သူများတွေသိတာ၊ တတ်တာတွေထပ်ပိုမသိနိုင်ပါဘူး။ ဒီတော့ အများနည်းတူပဲ လုပ်ကိုင်ရှာဖွေစားသောက်နေရမှာပါ။

English စာတတ်ရင်...
တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုယ်သိချင်တာ၊ တတ်ချင်တာတွေကို သိအောင်တတ်အောင်လုပ်နိုင်ပါပြီ။ အောင်မြင်မှုလမ်းကြောင်းမှန်ပေါ်ရောက်ပြီပေါ့...

English စာသင်ပြီးရင် ဘာဆက်လုပ်ရမလဲ...?

English စာတတ်ရင်ကြိုက်တာလုပ်... ဥပမာ-

စိုက်ပျိုးရေး၊ မွေးမြူရေးတွေလုပ်မယ်ဆိုလည်း ကမ္ဘာအနှံ့မှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ် Research (သုတေသနတွေ့ရှိချက်)တွေကိုလေ့လာပြီး အကောင်းဆုံးလုပ်ကိုင်နိုင်ပါပြီ။

ဂီတအနုပညာလုပ်မယ်ဆိုလည်း ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အနုပညာတွေကိုလေ့လာနိုင်ပြီ။

စီးပွားရေးလုပ်မယ်ဆိုလည်း တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ပြီး အလုပ်လုပ်နိုင်ပြီ။

ပညာရေးဆက်လေ့လာမယ်ဆိုရင်လည်း ကိုယ်လေ့လာချင်တဲ့ပညာရပ်ကို တစ်ကမ္ဘာလုံးနဲ့ယှဥ်ပြီးလေ့လာသင်ယူနိုင်ပါပြီ။

ဘာပဲလုပ်လုပ်...ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကမ္ဘာနဲ့ယှဥ်ပြီးလုပ်ကိုင်နိုင်ပါပြီ။

ဒါဟာ English စာမတတ်တဲ့သူတွေထက် အမြဲအားသာနေမယ့်အချက်ပါ...

ဒါ့ကြောင့် ငယ်ရွယ်စဥ်‌ကျောင်းနေတုန်း အချိန်မဖြုန်းပါနဲ့။ နောင်တချိန်စီးပွားရှာတဲ့အခါ သေချာပေါက်လိုအပ်လာမယ့် English စာဘာသာရပ်ကို သေချာသင်ယူထားပါ။

လူငယ်တွေလမ်းမမှားအောင် ဆန္ဒများစွာဖြင့်...
အားလုံးလမ်းမှန်ကိုရွေးချယ်နိုင်ကြပါစေ...

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

ဘယ်ဘာသာစကားကို သင်ယူသင့်သလဲ...?တချို့က ကိုရီးယားဇာတ်ကားကြိုက်တယ်။ ဒီတော့ ကိုရီးယားစာသင်ချင်တယ်။တချို့က တရုတ်လူမျိုးဖြစ်လ...
12/10/2025

ဘယ်ဘာသာစကားကို သင်ယူသင့်သလဲ...?

တချို့က ကိုရီးယားဇာတ်ကားကြိုက်တယ်။ ဒီတော့ ကိုရီးယားစာသင်ချင်တယ်။

တချို့က တရုတ်လူမျိုးဖြစ်လို့ တရုတ်စာသင်ချင်တယ်။

တချို့က ဂျပန်သွားမှာဖြစ်လို့ ဂျပန်စာသင်ချင်တယ်။

အဲ့လိုလူတွေထဲမှာ ဘယ်သူမှန်တယ်လို့ထင်လဲ...?

ဂျပန်သွားမှာဖြစ်လို့ ဂျပန်စာသင်ချင်တဲ့သူပဲ မှန်ပါတယ်။

ဒီလိုပဲ ကိုရီးယားသွားမှာဖြစ်လို့ ကိုရီးယားစာသင်ချင်ရင် မှန်ပါတယ်။ ဒါပေမယ့် ကိုရီးယားဇာတ်ကားကြိုက်လို့ ကိုရီးယားစာသင်ချင်ရင်တော့ မှားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားစကားက ကိုရီးယားတစ်နိုင်ငံပဲ သုံးရလို့ပါ။

မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ဘာသာစကားတွေကို ထင်ရာလျှောက်မသင်ပါနဲ့။ အချိန်ကုန်လူပန်းဖြစ်သွားပါလိမ့်မယ်။

အကယ်၍ အချိန်တွေအလဟဿမဖြစ်အောင် ဘာသာစကားတစ်ခုခုကို သင်ယူထားချင်တယ်ဆိုရင်လည်း English စာကိုပဲသေချာသင်ယူထားပါ။ English ဘာသာစကားဟာ နိုင်ငံတိုင်းမှာသုံးလို့ရတဲ့အတွက် အချိန်ပေးပြီးကြိုးစားရကျိုးနပ်ပါလိမ့်မယ်။

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

တချို့က ဘာသာပြန်ဆော့ဝဲတွေရှိတယ်... English စာတတ်ဖို့ မလိုတော့ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ အဲ့ဒီဆော့ဝဲတွေက  English စာမတတ...
12/10/2025

တချို့က ဘာသာပြန်ဆော့ဝဲတွေရှိတယ်... English စာတတ်ဖို့ မလိုတော့ဘူးလို့ ထင်နေကြတယ်။

တကယ်တော့ အဲ့ဒီဆော့ဝဲတွေက English စာမတတ်တဲ့သူတွေသုံးဖို့ ဘာသာပြန်တာကို အတတ်နိုင်ဆုံးမှန်အောင် တီထွင်ထားတာပါ။ အမြဲမှန်​အောင် ဘာသာမပြန်ပေးနိုင်ပါဘူး။

Literature လို့ခေါ်တဲ့ ရသစာပေတွေကိုလည်း ဘာသာပြန် Software ကအနှစ်ရှိအောင် ဘာသာမပြန်နိုင်ပါဘူး။ ရသစာပေတွေဟာ ခံစားပြီးရေးဖွဲ့ရတာဖြစ်လို့ လောဘနဲ့ဒေါသကိုခံစားနိုင်မှ ဘာသာပြန်လို့ရတာပါ။

ဒါ့အပြင် ကိုယ်ကပညာရပ်တခုခုကိုသင်ယူနေတဲ့အချိန်... ဥပမာ-ကွန်ပြူတာသင်နေချိန်မှာ ဆရာက English လိုထည့်ပြောမယ်။ ကိုယ်က တစ်လုံးချင်းကိုဘာသာပြန် Software နဲ့ လိုက်ဘာသာပြန်နေရင် အဆင်ပြေပါ့မလား...စဉ်းစားကြည့်ပေါ့ ...?

လုပ်ငန်းခွင်ရောက်တော့လည်း နိုင်ငံခြားသားနဲ့ပြောဆိုတဲ့အချိန် စကားတစ်ခွန်းချင်းစီကို Software နဲ့ဘာသာပြန်နေရင် စကားပြောလို့ကောင်း‌ပါ့မလား။ ဒါ့ကြောင့် နေရာတကာမှာ ဘာသာပြန်ဆော့ဝဲတွေကိုသုံးလို့ အဆင်မပြေပါဘူး။

နောက်ဆုံး ကိုယ်ကအနားယူတဲ့အချိန်မှာတောင် မြန်မာစာတမ်းထိုးမပါတဲ့ English ကားတွေကြည့်မယ်ဆိုပါစို့။ ဘာသာပြန် Software နဲ့ တစ်ကြောင်းချင်းလိုက်ဘာသာပြန်နေရင် နားရပါဦးမလား။ ကိုယ်တိုင် English စကားတတ်တာနဲ့ ဘယ်ဟာပိုကောင်းမလဲ... စဉ်းစားကြည့်ပေါ့။

မြန်မာစာတမ်းထိုးမပါတဲ့ သတင်းတွေ၊ ဇာတ်ကားတွေ၊ ဗဟုသုတရစေတဲ့ TV အစီအစဉ်တွေ...ဆိုတာ အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင် English စာတတ်မှအဆင်ပြေမှာပါ။

နောက်ပိုင်းဆို ကမ္ဘာကြီးဟာတိုးတတ်လာတာနဲ့အမျှ နိုင်ငံတကာယှဉ်တွဲပြီး အလုပ်လုပ်တာတွေက ပိုများလာမှာပါ။ အဲ့ဒီ့အခါ English စာတတ်သူတွေသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရရှိမှာဖြစ်တယ်။ English စာမတတ်တဲ့သူတွေကတော့ သူများမလုပ်ချင်တဲ့အလုပ်တွေကိုသာ ရွေးချယ်ခွင့်ရမှာဖြစ်လို့ ဘဝကိုပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရနိုင်ပါတယ်။

ဒီတော့...လိုရင်းပြောရရင် ဘာသာပြန် Software မသုံးဘဲ English စကားကို ကိုယ်တိုင်ပြောနိုင်တဲ့သူက အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေနဲ့ စီးပွားရေးအောင်မြင်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲလုပ်ချင်လုပ်ချင် English စာသင်ဖို့အရင်ဆုံးဖြတ်... ပြီးမှကြိုက်တာလုပ်ပါ...

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

တချို့ကမေးကြတယ်...အချိန် ၃လ လောက်နဲ့ English speaking ကိုတတ်အောင်သင်ပေးလို့ရမလားတဲ့...?မရပါဘူး... အချိန်သုံးလလောက်နဲ့ En...
12/10/2025

တချို့ကမေးကြတယ်...

အချိန် ၃လ လောက်နဲ့ English speaking ကိုတတ်အောင်သင်ပေးလို့ရမလားတဲ့...?

မရပါဘူး... အချိန်သုံးလလောက်နဲ့ English စာအ‌ခြေခံရှိပြီးသူတွေကို ပြောရဲအောင်သင်ပေးရုံပဲရပါတယ်။ ဒါ့ကြောင့် English speaking သင်ချင်တယ်ဆိုရင် English စာအခြေခံရှိအောင်အရင်ဆုံးလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

English စာအခြေခံကို စနစ်တကျနဲ့တတ်ချင်ရင်တော့ဆရာတို့ရဲ့ Skill Lamp Software နဲ့သင်ယူနိုင်ပါတယ်။

အလွယ်ကူဆုံးနဲ့အမြန်ဆုံးတတ်အောင် စီစဥ်သင်ကြားပေးထားတယ်။

ဦးမျိုးမင်း(တံခွန်)

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

English ဘာသာစကားကိုသင်ယူတဲ့အခါ မှားတတ်ကြတဲ့အမှား/အယူအဆတစ်ခု ရှိပါတယ်။အဲ့ဒါက 4-Skills လို့​ခေါ်တဲ့ L,S,R,W (Listening, Sp...
12/10/2025

English ဘာသာစကားကိုသင်ယူတဲ့အခါ မှားတတ်ကြတဲ့အမှား/အယူအဆတစ်ခု ရှိပါတယ်။

အဲ့ဒါက 4-Skills လို့​ခေါ်တဲ့ L,S,R,W (Listening, Speaking, Reading, Writing)ကို အစဥ်လိုက်လေ့လာရမယ်လို့ထင်တတ်ကြတယ်... မဟုတ်ပါဘူး။ အဲ့ဒါက ကလေးငယ်တွေမွေးဖွားကြီးပြင်းလာတဲ့အခါ မိခင်ဘာသာစကား သင်ယူတတ်မြောက်လာပုံကို အစီအစဥ်အတိုင်း ပြထားတာပါ။

ကလေးငယ်တစ်ယောက်က စတင်ကြီးပြင်းလာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကစကားတွေကို အရင်ဆုံးနားထောင်ပါတယ်... အဲ့ဒါ Listening ပါ။ အဲ့ဒီနောက် မပီမသနဲ့လိုက်ပြောတယ်... Speaking ပေါ့။ အရွယ်ရောက်တော့ ကျောင်းမှာစာဖတ်နိုင်အောင်သင်တာ Reading ဖြစ်ပြီး၊ စာတွေချရေးနိုင်လာတာက...Writing ပါ။ အဲဒီလိုကလေးဘဝမှာ ပတ်ဝန်းကျင်က မိခင်ဘာသာစကားတတ်​မြောက်လာပုံကို L,S,R,W လို့ အစဥ်လိုက်အတိုခေါက်ခေါ်ပါတယ်။

ဒါကြောင့် L,S,R,W အစီအစဥ်အတိုင်းသင်ချင်ရင် Listening ကနေစတင်လေ့ကျင့်ဖို့အတွက် English လိုပြောတဲ့ပတ်ဝန်းကျင်ကို အရင်ဆုံးလိုအပ်ပါလိမ့်မယ်။ English လိုပြောတဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူရင် ကုန်ကျစရိတ်များမယ်။ ပြီးရင် တတ်ဖို့အချိန်ကြာပါလိမ့်မယ်။

ဥပမာ - ကလေးတွေဟာ မှတ်ဉာဏ်အကောင်းဆုံးအရွယ်ဖြစ်တဲ့ ၁ နှစ်သားလောက်မှာ မိခင်ဘာသာစကားကိုစတင်သင်ယူပြီး ၆ နှစ်သားလောက်မှာ ကျွမ်းကျင်စွာပြောနိုင်ပါတယ်။ သင်ယူချိန် ၅ နှစ်လောက်ကြာပါတယ်။

ဒါကြောင့် L,S,R,W အစီအစဥ်အတိုင်းသင်ယူတဲ့နည်းက ကလေးဘဝမှာ သဘာဝအလျောက်အဆင်ပြေပေမယ့် English ဘာသာစကားကို Second Language (ဒုတိယဘာသာစကား)အဖြစ်သင်ယူမယ့်သူတွေအတွက်တော့ အချိန်ကြာလို့အဆင်မပြေပါဘူး။ ဒါကြောင့် Second Language အဖြစ်သင်ယူမယ့်သူတွေက R,W,L,S အစီအစဥ်အတိုင်းသင်ရပါတယ်။

မူလတန်းကလေးတွေကိုသင်တဲ့အတိုင်း A,B,C,D,...နဲ့ meaning တွေစသင်ပြီး၊ နောက်ပိုင်းမှာ ဝါကျတွေကိုဖတ်တတ်လာအောင်သင်ပေးရပါတယ်။ အဲ့ဒါ Reading ကစသင်တာဖြစ်ပါတယ်။ ပြီးရင်ချရေးခိုင်မယ်... Writing ပါ။ နောက်ပိုင်းမှာ Listening သင်ယူရင်း Speaking ကိုပြောရဲအောင်လေ့ကျင့်ရပါတယ်။ အဲ့ဒီ့လို R,W,L,S အစီအစဥ်အတိုင်းသွားရပါတယ်။

အများစုက ဒါတွေကိုနားမလည်ဘဲ L,S,R,W အစီအစဥ်အတိုင်း လေ့ကျင့်ရမယ်ထင်ပြီး မှားယွင်းစွာ နားလည်မှုလွဲနေကြပါတယ်။ စဥ်းစားကြည့်ပါ...

ဘာမှမတတ်သေးပါဘူးဆို Listening လျောက်နားထောင်ပြီးလေ့ကျင့်နေရင် မြန်မလား...ကြာမလားလို့...?

မြန်မာစာတန်းထိုးပါတဲ့ ဇာတ်လမ်းတွဲတွေကို Listening နဲ့တွဲပြီး နေ့တိုင်းကြည့်ကြတာ ဘယ်နှယောက်တတ်ပြီလဲ...?

ကလေးဘဝအစမှာသာ Reading ကို စသင်လို့မရလို့ Listening နဲ့စပြီး အချိန်ယူသင်ရတာပါ။ English စကားကို Second Language အဖြစ်သင်မယ့်သူတွေက R,W,L,S အစီအစဥ်အတိုင်း သင်ယူဖို့လိုပါတယ်။ တခြားဘာသာရပ်တွေ မရောနှောဘဲ ဒဇိုင်းမတ်မတ်သင်မယ်ဆိုရင် ၂ နှစ်လောက်နဲ့တတ်ပါတယ်။

လိုရင်းပြောရင် L,S,R,W ဆိုတာ ကလေးဘဝမှာမိခင်ဘာသာစကားကို သင်ယူတဲ့အစီအစဥ်ဖြစ်ပြီး၊ R,W,L,S ကတော့ Second Language အဖြစ်သင်ယူရမယ့် အစီအစဥ်ဖြစ်ပါတယ်။

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

ကျောင်းနေတုန်းအရွယ်မှာ English စာကိုသေချာသင်ယူထားပါ။ ဒါမှ ပြည်ပထွက်ရင်လည်း နိုင်ငံတိုင်းမှာပြောလို့ရတဲ့ English ဘာသာစကား...
12/10/2025

ကျောင်းနေတုန်းအရွယ်မှာ English စာကိုသေချာသင်ယူထားပါ။

ဒါမှ ပြည်ပထွက်ရင်လည်း နိုင်ငံတိုင်းမှာပြောလို့ရတဲ့ English ဘာသာစကားကို ကျွမ်းကျင်နေမှာပါ။

အလုပ်လုပ်ရတော့မယ့်အချိန်ရောက်မှ English စာသင်နေမယ်ဆိုရင် အချိန်ကုန်ပြီးခရီးမရောက်တော့ပါဘူး။ ဒါ့အပြင် သူများနောက်ကကျန်ခဲ့ပါလိမ့်မယ်။

--------------------------------------------------------------
English စာသင်ယူလိုပါက...

Link:
https://www.facebook.com/share/p/1B658JrR8B/

အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English စာနမူနာသင်ခန်းစာများကို အခမဲ့သင်ယူခွင့်... အချို့ကျောင်းသူကျောင်း...
11/10/2025

အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တန်းတို့အတွက် English စာနမူနာသင်ခန်းစာများကို အခမဲ့သင်ယူခွင့်...

အချို့ကျောင်းသူကျောင်းသားတွေက အတန်းထဲမှာ English စာကျွမ်းကျင်ချင်တယ်။ ဒါပေမယ့် ဘယ်ကစပြီး... ဘယ်လိုသင်ယူရမှန်း မသိကြဘူး။

ဒါကြောင့် ကျောင်းသူကျောင်းသားတွေ English စာကျွမ်းကျင်စေရန် အဓိကလိုအပ်တဲ့အချက်အလက်တွေကို ကျွန်တော်တို့ Skill Lamp မှ Software (ဆော့ဖ်ဝဲလ်)ဖြင့် သင်ကြားပေးလိုက်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော် English စာသင်ကြားပေးခဲ့သည့် ဝါရင့်ဆရာကြီးဦးမျိုးမင်း(တံခွန်)ကိုယ်တိုင် စီစဉ်သင်ကြားပေးထားသောကြောင့် English စာကိုအချိန်တိုအတွင်း လွယ်ကူစွာနားလည်တတ်ကျွမ်းစေမှာဖြစ်ပါတယ်။

အခြေခံမရှိသူတွေလည်းသင်ယူနိုင်အောင် အ​ခြေခံမှ အဆင့်မြင့်အထိ အပြည့်အစုံသင်ကြားပေးထားပါတယ်။

သင့်ဘဝတစ်လျှောက်လုံး English စာကျွမ်းကျင်စေရန် အဓိကလိုအပ်တဲ့‌သော့ချက် Keys 🗝️ တွေကို သင်ကြားပေးမှာဖြစ်လို့... သင် ပြည်ပထွက်ရင်လည်း နိုင်ငံတိုင်းမှာပြောလို့ရတဲ့ English ဘာသာစကားကို ကျွမ်းကျင်နေပါလိမ့်မယ်။

ဒါ့ကြောင့် ကျောင်းသူ​ကျောင်းသားများ ကျွန်တော်တို့ရဲ့ Skill Lamp Software ဖြင့်သင်ယူပါက အတန်းတိုင်းမှာ English စာအလွန်ကျွမ်းကျင်နေမှာဖြစ်ကြောင်း ရာနှုန်းပြည့်အာမခံပါတယ်။

-----------------------------------------------
*** Software စနစ်ဖြင့်သင်တယ်ဆိုတာဘာလဲ...?

# ဗီဒီယိုနဲ့သင်သလို သင်သမျှသင်ခန်းစာတွေကို ထိုင်ကြည့်နေရတာမျိုး... လုံးဝမဟုတ်ပါဘူး။ Software မှ အလိုအလျောက်မေးခွန်းထုတ်ပေးတာကို သင်ကိုယ်တိုင်ခလုပ်နှိပ်ပြီး အဖြေမှန်ကိုရွေးချယ်ပေးခြင်းဖြင့် English စာကိုအလွယ်တကူ သင်ယူနိုင်မှာဖြစ်ပါတယ်။

# ကျောင်းသားကအဖြေမှားသွားလျှင်လည်း Software ရဲ့အလိုအလျောက်စနစ်မှ အ‌ဖြေအမှန်ကိုချက်ချင်း ပြန်လည်ရှင်းလင်းသင်ပြပေးသဖြင့် ကျောင်းသားရဲ့အမှားအမှန်ခွဲခြားနိုင်စွမ်းကို အမြန်ဆုံးတိုးတတ်စေပါတယ်။

# သင်ပြီးသောသင်ခန်းစာတွေကို ပြန်ကြည့်ချင်တဲ့အချိန်မှာလည်း လွယ်ကူစွာပြန်လည်ရှာဖွေနိုင်အောင် Search box ကိုထည့်သွင်း‌ပေးထားပါတယ်။

# ကျောင်းသူကျောင်းသားများအချင်းချင်း စာပေဆွေးနွေးနိုင်ရန် Forum ခေါ် "စာပေဆွေးနွေးခန်း"ကိုလည်း ထည့်သွင်းပေးထားပါတယ်။

# အင်တာနက် ဘေ(လ်)စားနှုန်းသက်သာအောင် Software ကိုရေးဆွဲပေးထားသဖြင့် ဘေ(လ်)စားနှုန်းအလွန်သက်သာပြီး... အခြားသောအကျိုးကျေးဇူးများစွာကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီ Software ဟာ English စာဘာသာရပ်ကိုကျွမ်းကျင်ချင်တဲ့ ကျောင်းသူ​ကျောင်းသားတွေအတွက် အဓိကလိုအပ်ချက်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

နမူနာသင်ခန်းစာများကိုလည်း အစမ်း(အခမဲ့)သင်ယူနိုင်ပါတယ်။

သင်ယူလိုပါက Software ကို Download ပြုလုပ်ရန် Link ...

https://play.google.com/store/apps/details?id=com.cosmo7.skilllampedu

Address

No. 13, Magyi Street, Laway
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Skill Lamp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Skill Lamp:

Shortcuts

Share

Category