18/05/2026
စတုတ္ထအကြိမ် ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး မွမ်းမံသင်တန်း
စိုးစံရပ်ဝန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို အကောင်းမွန်ဆုံးနှင့် အားအကောင်းဆုံး ပညာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်)တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (စတုတ္ထအကြိမ်) ကို ၂၀၂၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှ စတင်၍ စနစ်တကျ ပို့ချပေးခဲ့ပါတယ်။
ယခုသင်တန်းတွင် ဆရာ၊ ဆရာမများအနေဖြင့် ခေတ်မီပညာရေးစနစ်၏ မရှိမဖြစ် အရည်အသွေးများကို စာတွေ့၊ လက်တွေ့ စုစုပေါင်း နာရီ (၃၀) တိတိ ထိရောက်စွာ လေ့လာဆည်းပူးခဲ့ကြပါတယ်။
သင်တန်းအတွင်း အဓိက လေ့လာခဲ့ကြသည့် အခြေခံကောင်းများမှာ
၁) 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐥𝐢𝐦𝐚𝐭𝐞: ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ သင်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးခြင်း
၂) 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 & 𝐏𝐫𝐞𝐩𝐚𝐫𝐢𝐧𝐠 𝐟𝐨𝐫 𝐋𝐞𝐬𝐬𝐨𝐧/ 𝐁𝐥𝐨𝐨𝐦’𝐬 𝐓𝐚𝐱𝐨𝐧𝐨𝐦𝐲: ကလေးများ၏ စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးမည့် အတန်းလိုက်၊ ဘာသာရပ်အလိုက် 𝐋𝐞𝐬𝐬𝐨𝐧 𝐏𝐥𝐚𝐧 များ စနစ်တကျ ရေးဆွဲခြင်း
၃) 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠 & 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐯𝐞 𝐌𝐞𝐭𝐡𝐨𝐝: ပြဿနာဖြေရှင်းနည်းနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေမည့် သင်ကြားမှုဗျူဟာများ
၄) 𝐀𝐑𝐂𝐒 𝐌𝐨𝐝𝐞𝐥: သင်ခန်းစာများတွင် ကျောင်းသားများ ပိုမိုစိတ်ပါဝင်စားမှု (𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧) ရှိလာစေရန် ဆွဲဆောင်ခြင်း
၅) 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 & 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐲𝐫𝐚𝐦𝐢𝐝: သင်ယူမှုအဆင့်ဆင့်နှင့် ကလေးတစ်ဦးချင်းစီ၏ အရည်အချင်းကို အမှန်ကန်ဆုံး ဆန်းစစ်အကဲဖြတ်ခြင်း
သင်တန်းပထမရက်တွင် 𝐏𝐫𝐞-𝐓𝐞𝐬𝐭 စစ်ဆေးခြင်းမှစတင်ကာ အတန်းအလိုက် (မူလတန်းနှင့် အလယ်တန်းဆင့်) 𝐋𝐞𝐬𝐬𝐨𝐧 𝐏𝐥𝐚𝐧 များ ကိုယ်တိုင်ရေးဆွဲခြင်း၊ အဖွဲ့လိုက် 𝐏𝐞𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 (အချင်းချင်း ပြန်လည်သင်ကြားပြသခြင်း) များကို ရက်အလိုက် တက်ကြွစွာ လေ့ကျင့်ခဲ့ကြပါတယ်။ 𝐊𝐆 ဆရာမများကိုလည်း ကလေးများသင်ယူဖွံ့ဖြိုးနိုင်ဖို့လက်တွေ့သင်ကြား လေ့ကျင့်ခဲ့ပါတယ်။ ကဗျာသင်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် သင်ခန်းစာခေါင်းစဉ်အလိုက် လေ့ကျင့်ပေးခဲ့ပါတယ်။
သင်တန်းနောက်ဆုံးရက်တွင်လည်း 𝐋𝐞𝐯𝐞𝐥 အလိုက် ပြန်လည်သုံးသပ်ခြင်း (𝐑𝐞𝐯𝐢𝐞𝐰) နှင့် အရည်အချင်းစစ် 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐏𝐨𝐬𝐭-𝐓𝐞𝐬𝐭 များကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြပါတယ်။
𝐓𝐡𝐞𝐨𝐫𝐲 (၁၀) ချိန်၊ စာမေးပွဲ (၂) ချိန်နှင့် 𝐆𝐫𝐨𝐮𝐩 𝐖𝐨𝐫𝐤 & 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 များ အပါအဝင် စုစုပေါင်း နာရီ (၃၀) ကျော်ကြာ လေ့ကျင့်ထားသည့် စိုးစံ၏ ဆရာ၊ ဆရာမများသည် ရရှိလာသော အတွေ့အကြုံသစ်၊ သင်ကြားမှုဗျူဟာအသစ်များဖြင့် စာသင်နှစ်သစ်ကို စတင်ရန် အဆင်သင့်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။
သင်တန်းနောက်ဆုံးနေ့တွင် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း 𝐂𝐄𝐎 ဦးကျော်ထင်လတ်မှ မူလတန်းနှင့် အလယ်တန်းဆင့် ဆရာ၊ ဆရာမများအားလုံးကို တွေ့ဆုံ၍ လာမည့် ပညာသင်နှစ်သစ်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားနိုင်ရန် အမှာစကားပြောကြားပေးခဲ့ပါတယ်။
𝐂𝐄𝐎 ၏ လမ်းညွှန်ချက်များနှင့်အညီ စိုးစံရပ်ဝန်းအတွင်းရှိ ကျောင်းသား ကျောင်းသူများအတွက် ပိုမိုအားကောင်းပြီး စနစ်ကျသော ပညာရေးနှင့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအနေဖြင့်
၁) 𝐂𝐥𝐚𝐬𝐬 𝐂𝐨𝐧𝐭𝐫𝐨𝐥 အားကောင်းရေးနှင့် ပံ့ပိုးပေးရေး - အတန်းတွင်း သင်ကြားရေး ကောင်းမွန်စေရန် စနစ်တကျ ထိန်းကျောင်းပြီး ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ပံ့ပိုးပေးခြင်း။
၂) ကျောင်းသား ကျောင်းသူများအားလုံးအတွက် တန်းတူ 𝐍𝐨𝐭𝐞 များ စီစဉ်ပေးရေး - သင်ခန်းစာ မှတ်စု (𝐍𝐨𝐭𝐞) များကို ကျောင်းသားကျောင်းသူများအားလုံး တန်းတူညီမျှ ရရှိနိုင်စေရန် သေချာစွာ ပြင်ဆင်ပေးခြင်း။
၃) မိဘ၊ ကျောင်းသားနှင့် ဆရာ ချိတ်ဆက်မှု အားကောင်းရေး - ကျောင်းသားကျောင်းသူများ၏ တိုးတက်မှုကို မိဘများနှင့် ဆရာ၊ ဆရာမများအကြား အမြဲမပြတ် ထိရောက်စွာ ဆက်သွယ်ဆွေးနွေးခြင်း။
၄) အထွေထွေ စည်းကမ်းထိန်းသိမ်းရေး - အတန်းပိုင်ဆရာမများသာမက အထွေထွေဆရာ၊ ဆရာမများအားလုံးမှ ကျောင်းသားများ၏ စည်းကမ်းပိုင်းကို ဝိုင်းဝန်းထိန်းကျောင်းပေးခြင်း။
၅) 𝐔𝐧𝐢𝐟𝐨𝐫𝐦 စနစ်တကျ ဝတ်ဆင်ရေး - ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝတ်စုံကို စနစ်တကျနှင့် သပ်ရပ်စွာ ဝတ်ဆင်တတ်သည့် အလေ့အထကောင်းများ ပြုစုပျိုးထောင်ပေးခြင်း။
၆) စိတ်ဝင်စားစရာ သင်ကြားမှုဖြစ်စေရေး - ကလေးများ စာသင်ခန်းအတွင်း ပျော်ရွှင်ပြီး စိတ်ပါဝင်စားမှု ရှိနေစေမည့် တက်ကြွသော သင်ကြားနည်းများ အသုံးပြုခြင်း။
၇) အိမ်စာများကို သေချာစွာ စစ်ဆေးပေးရေး - ပေးလိုက်သော အိမ်စာများကို ဆရာ၊ ဆရာမများမှ သေချာစွာ အချိန်မှန်စစ်ဆေးပြီး အားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။
မူလတန်းအဆင့်အတွက် အခြေခံအုတ်မြစ် အကောင်းဆုံးဖြစ်စေရန် မူလတန်းအရွယ် ကလေးငယ်များအတွက် အောက်ပါ ၃ ချက်ကို အထူးအလေးပေး လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
၁) လက်ရေးလှရမည်။
၂) 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 (ဝေါဟာရ) ကြွယ်ဝရမည်။
၃) စာလုံးပေါင်းသတ်ပုံ မှန်ကန်ရမည်။
𝐂𝐄𝐎 ၏ လမ်းညွှန်ချက်တွင် အလေးအနက်ဆုံး မှာကြားခဲ့သည့်အချက်မှာ ကျောင်းသား ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ကျောင်းတွင်း ပျော်ရွှင်လုံခြုံမှုပင် ဖြစ်ပါတယ်။
စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့် " တစ်လထက်တစ်လ ပိုမိုတိုးတက်လာရမယ်၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာရမယ်၊ " ဆိုသည့် ဆောင်ပုဒ်အတိုင်း မိဘများနှင့် ကျောင်းသား ကျောင်းသူများအတွက် အစဉ်အမြဲ အကောင်းဆုံးဖြစ်အောင် ပြင်ဆင် အားဖြည့်လျက်ရှိကြောင်း ကတိပြုရင်း သင်တန်းအတွင်း ဆရာ၊ ဆရာမများ တက်ကြွလှုပ်ရှားစွာဖြင့် စိုးစံကျောင်းသား ကျောင်းသူများအတွက် မိမိသင်ကြားပြသရမည့် သင်ခန်းစာ ပညာရပ်များကို စိတ်ဝင်တစား လေ့လာဆည်းပူးနေကြသည့် အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်ရှင့်။
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#𝐁𝐞𝐭𝐭𝐞𝐫𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐁𝐞𝐭𝐭𝐞𝐫𝐅𝐮𝐭𝐮𝐫𝐞
#𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
18/05/2026
𝐁.𝐀 𝐏𝐚𝐫𝐭 (𝟏,𝟐) နှင့် သုတဓမ္မဒီပလိုမာ 𝐋𝐞𝐯𝐞𝐥 (𝟏,𝟐,𝟑) မြေပြင်သင်တန်း (စတုတ္တအကြိမ်) (နေပြည်တော်)
၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်နေ့နှင့် မေလ (၁၀) ရက်နေ့တွင် နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်း ကျောင်း၌ 𝐁.𝐀 𝐏𝐚𝐫𝐭 𝟏 နဲ့ 𝐋𝐞𝐯𝐞𝐥 𝟑 ဓမ္မအသိပညာသင်တန်းကို 𝐃𝐡𝐚𝐦𝐦𝐚 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫 သင်တန်းမှူးဆရာတော် အရှင်သုစိတ္တ (သာသနဓဇဓမ္မာစရိယ) (တော်ဝင် မန္တလေး) 𝐁.𝐀 (𝐁𝐃𝐡), 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐝𝐡) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ သင်ကြားပို့ချခဲ့ပါသည်။
တစ်နေ့တာလုံးတွင် သင်ခန်းစာတွေကို နားလည်လွယ်အောင် 𝐒𝐮𝐦𝐦𝐚𝐫𝐲 (အနှစ်ချုပ်) ပြုလုပ်ပြီး ဆွေးနွေးပေးခဲ့တဲ့အပြင်၊ သင်တန်းသားတွေ စာမေးပွဲအတွက် ယုံကြည်မှုရှိစေဖို့ မေးခွန်းဟောင်း (𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬) တွေကိုလည်း အတူတူ လက်တွေ့လေ့ကျင့်ပေးခဲ့ကြပါသည်။
မေလ (၁၆) ရက်နေ့ နှင့် မေလ (၁၇) ရက်နေ့မှာလည်း ယခုလိုအသိပညာ ဗဟုသုတတွေ တိုးပွားဖို့ 𝐁.𝐀 𝐏𝐚𝐫𝐭 (𝟐) နှင့် သုတဓမ္မဒီပလိုမာ 𝐋𝐞𝐯𝐞𝐥 (𝟏,𝟐) မြေပြင်သင်တန်း
(စတုတ္တအကြိမ်) ကို ဆက်လက်သင်ကြားပြသပေးခဲ့ပါသည်။
စိုးစံမိသားစု၏ ဓမ္မဒါန
နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း မိသားစုအနေဖြင့် နေ့ဆွမ်း (၄)ရက်၊ သင်တန်းခန်းမ (၄) ရက် အလှူရှင်အဖြစ် ပါဝင်ခွင့်ရခြင်း နှင့် နဝကမ္မအလှူငွေ လှူဒါန်းခွင့်ရခြင်းအပေါ် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်ရှင်။
သင်တန်းသား၊ သင်တန်းသူများအားလုံး ဘာသာရပ်ဆိုင်ရာ ပညာထူးချွန်ထက်မြတ်ပြီး လောက၊ ဓမ္မ နှစ်ဖြာလုံးမှာ အောင်မြင်သူများ ဖြစ်ကြပါစေကြောင်း နေပြည်တော်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#သုတဓမ္မဒီပလိုမာ
18/05/2026
𝐀𝐩𝐫𝐢𝐥 လအတွက် 𝐒𝐨𝐞 𝐒𝐚𝐧 𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐆𝐚𝐳𝐞𝐭𝐭𝐞 🗞 📰 ထွက်ပြီ!
နေပြည်တော်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ သားသား၊မီးမီးတို့ နှင့်အတူတူဆင်နွှဲခဲ့သော 𝐀𝐩𝐫𝐢𝐥 လအတွင်းပြုလုပ်ခဲ့သည့် သင်ကြားရေးနှင့် ဘက်စုံဖွံဖြိုးတိုးတက်ရေး 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 များ၊ 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 နှင့် 𝐄𝐯𝐞𝐧𝐭𝐬 များအားဖေဖေ၊မေမေတို ဖတ်ရှုလေ့လာနိုင်ရန် 𝐀𝐩𝐫𝐢𝐥 လများအတွက် 𝐒𝐨𝐞 𝐒𝐚𝐧 𝐆𝐚𝐳𝐞𝐭𝐭𝐞 ကိုတင်ဆက်ပေးလိုက်ပါပြီရှင်။ ✅🗞👏🏻
#𝐒𝐨𝐞𝐒𝐚𝐧𝐆𝐚𝐳𝐞𝐭𝐭𝐞
#𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬
#𝐌𝐨𝐧𝐭𝐡𝐥𝐲𝐆𝐚𝐳𝐞𝐭𝐭𝐞
#𝐀𝐩𝐫𝐢𝐥
#𝐆𝐚𝐳𝐞𝐭𝐭𝐞
13/05/2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အောင်စာရင်းထုတ်ပြန်ကြေညာခြင်း
#အောင်စာရင်း
13/05/2026
🌟 မေလ (၁၅) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ 𝐉𝐔𝐍𝐂𝐓𝐈𝐎𝐍 𝐂𝐄𝐍𝐓𝐑𝐄 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 တွင် စိုးစံ ရှိနေပါမည် 🌟
၂၀၂၆ ခုနှစ် မေလ (၁၅) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ 𝐉𝐔𝐍𝐂𝐓𝐈𝐎𝐍 𝐂𝐄𝐍𝐓𝐑𝐄 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ နေပြည်တော်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာရေး အကြံပေး ဝန်ဆောင်မှု အဖွဲ့ အနေဖြင့် သုံးရက်တိုင်တိုင် ရှိနေပေးသွားမည် ဖြစ်ပါသည်။
(၂၀၂၆–၂၀၂၇) ပညာသင်နှစ်အတွက် မေလအတွင်းမှာ အစောဆုံး လာရောက်ကြိုတင်စာရင်းသွင်းသူများအတွက် စိုးစံ ပြက္ခဒိန် + 𝐏𝐥𝐚𝐧𝐧𝐞𝐫 + ရေဘူး လက်ဆောင်ရယူလိုက်ပါ။
ကျောင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစုံစမ်းနိုင်ရန်အတွက် နေပြည်တော်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာရေး အကြံပေး ဝန်ဆောင်မှု အဖွဲ့မှ အချိန်ပြည့် ရှိနေပေးသွားမည်ဖြစ်သဖြင့် သားသမီးများ၏ အနာဂတ်ပညာရေးနှင့် ပတ်သက်၍ လာရောက် စုံစမ်းမေးမြန်းကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 – 𝐉𝐔𝐍𝐂𝐓𝐈𝐎𝐍 𝐂𝐄𝐍𝐓𝐑𝐄 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰
⏰ 𝐓𝐢𝐦𝐞 – 𝟗:𝟎𝟎 𝐀𝐌 မှ 𝟔:𝟎𝟎 𝐏𝐌 အထိ
#𝐒𝐨𝐞𝐒𝐚𝐧𝐍𝐚𝐲𝐏𝐲𝐢𝐓𝐚𝐰
#𝐏𝐫𝐢𝐯𝐚𝐭𝐞𝐒𝐜𝐡𝐨𝐨𝐥
#𝐉𝐔𝐍𝐂𝐓𝐈𝐎𝐍𝐂𝐄𝐍𝐓𝐑𝐄𝐍𝐚𝐲𝐏𝐲𝐢𝐓𝐚𝐰
13/05/2026
🌟 မေလ (၁၄) ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ 𝐂𝐈𝐓𝐘 𝐌𝐀𝐋𝐋 𝐎𝐭𝐭𝐚𝐫𝐚𝐭𝐡𝐢𝐫𝐢 တွင် နေပြည်တော်စိုးစံ ရှိနေပါမည် 🌟
၂၀၂၆ ခုနှစ် မေလ (၁၄) ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ 𝐂𝐈𝐓𝐘 𝐌𝐀𝐋𝐋 𝐎𝐭𝐭𝐚𝐫𝐚𝐭𝐡𝐢𝐫𝐢 (𝐁𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 𝐩𝐫𝐨𝐠𝐫𝐚𝐦) တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ နေပြည်တော်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာရေး အကြံပေး ဝန်ဆောင်မှု အဖွဲ့ အနေဖြင့် ငါးရက်တိုင်တိုင် ရှိနေပေးသွားမည် ဖြစ်ပါသည်။
(၂၀၂၆–၂၀၂၇) ပညာသင်နှစ်အတွက် မေလအတွင်းမှာ အစောဆုံး လာရောက်ကြိုတင်စာရင်းသွင်းသူများအတွက် စိုးစံ ပြက္ခဒိန် + 𝐏𝐥𝐚𝐧𝐧𝐞𝐫 + ရေဘူး လက်ဆောင်ရယူလိုက်ပါ။
ကျောင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစုံစမ်းနိုင်ရန်အတွက် နေပြည်တော်စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာရေး အကြံပေး ဝန်ဆောင်မှု အဖွဲ့မှ အချိန်ပြည့် ရှိနေပေးသွားမည်ဖြစ်သဖြင့် သားသမီးများ၏ အနာဂတ်ပညာရေးနှင့် ပတ်သက်၍ လာရောက် စုံစမ်းမေးမြန်းကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 – 𝐂𝐈𝐓𝐘 𝐌𝐀𝐋𝐋 𝐎𝐭𝐭𝐚𝐫𝐚𝐭𝐡𝐢𝐫𝐢
⏰ 𝐓𝐢𝐦𝐞 – 𝟗:𝟎𝟎 𝐀𝐌 မှ 𝟔:𝟎𝟎 𝐏𝐌 အထိ
#𝐒𝐨𝐞𝐒𝐚𝐧𝐍𝐚𝐲𝐏𝐲𝐢𝐓𝐚𝐰
#𝐏𝐫𝐢𝐯𝐚𝐭𝐞𝐒𝐜𝐡𝐨𝐨𝐥
#𝐂𝐢𝐭𝐲𝐦𝐚𝐥𝐥𝐨𝐭𝐭𝐚𝐫𝐚𝐭𝐡𝐢𝐫𝐢
#𝐁𝐚𝐜𝐤𝐭𝐨𝐬𝐜𝐡𝐨𝐨𝐥
12/05/2026
𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬
၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့မှ စတင်၍ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးမည့် 𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ခေါင်းစဉ်ဖြင့် 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို ပြုလုပ်ပေးလျှက်ရှိပါတယ်။
☀️ 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐭𝐡𝐞 𝐩𝐫𝐨𝐛𝐥𝐞𝐦𝐬
မနက်ပိုင်း 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာတော့ 𝐇𝐞𝐚𝐝 𝐨𝐟 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐓𝐫. 𝐀𝐩𝐫𝐢𝐥မှ 𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐭𝐡𝐞 𝐏𝐫𝐨𝐛𝐥𝐞𝐦𝐬 ခေါင်းစဉ်အောက်မှာ ဌာနအလိုက် ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို အတူတကွ ရှာဖွေဖော်ထုတ်ပြီး ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးစေခဲ့ကြပါတယ်။ ဆွေးနွေးရတဲ့ အပိုင်းတွေအပြီးမှာ စိတ်လက်ပေါ့ပါးသွားစေဖို့နဲ့ ဝန်ထမ်းအချင်းချင်း ပိုမိုရင်းနှီးသွားစေဖို့အတွက် အဖွဲ့လိုက် ပျော်ပျော်ပါးပါး ကခုန်ရင်း အားအင်သစ်တွေ ဖြည့်တင်းခဲ့ကြပါတယ်။
🎈 𝐀𝐟𝐭𝐞𝐫𝐧𝐨𝐨𝐧 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐖𝐨𝐫𝐤 𝐄𝐭𝐡𝐢𝐜𝐬
နေ့လယ်ခင်းပိုင်းမှာတော့ မနက်ပိုင်းက ဆွေးနွေးချက်တွေကို အခြေခံပြီး 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐄𝐭𝐡𝐢𝐜𝐬 နဲ့ 𝐖𝐨𝐫𝐤 𝐄𝐭𝐡𝐢𝐜𝐬 (လုပ်ငန်းခွင်ကျင့်ဝတ်) အကြောင်းအရာတွေကို 𝐒𝐥𝐢𝐝𝐞𝐬 များ၊ လက်တွေ့သာဓက ဥပမာများစွာနဲ့ အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ တန်ဖိုးထားမှုနဲ့ လုပ်ငန်းခွင်အပေါ် ထားရှိရမယ့် စိတ်ဓာတ်ကောင်းတွေကို ပြန်လည်ဆန်းသစ်နိုင်ခဲ့လို့ အလွန်အနှစ်သာရရှိတဲ့ အစီအစဉ်လေး ဖြစ်ခဲ့ပါတယ်
စိုးစံရပ်ဝန်းအတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘအုပ်ထိန်းသူတွေကို အားကောင်းတဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများအနေဖြင့် 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကနေ အတွေ့အကြုံအသစ်မြောက်မြားစွာ ရရှိလာမည်ဟု မျှော်လင့်ရင်း 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှ တက်ကြွလှုပ်ရှားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။ 📸✨
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#𝐫𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠
#𝐒𝐭𝐚𝐟𝐟𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
#𝐓𝐞𝐚𝐦𝐔𝐧𝐢𝐭𝐲𝟐𝟎𝟐𝟔
10/05/2026
𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬
၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့မှ စတင်၍ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးမည့် 𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ခေါင်းစဉ်ဖြင့် 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို ပြုလုပ်ပေးလျှက်ရှိပါတယ်။
☀️ 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 & 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐒𝐭𝐚𝐤𝐞𝐡𝐨𝐥𝐝𝐞𝐫𝐬
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ၏ 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 ခေါင်းစဉ်အောက်တွင် စကားပြောဆိုဆက်ဆံမှု ပုံစံအမျိုးမျိုးအကြောင်းကို တစ်မျိုးချင်းစီကို စာတွေ့ လက်တွေ့ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။ ဝန်ထမ်းအချင်းချင်းကြား ပိုမိုရင်းနှီးပွင့်လင်းလာစေဖို့၊ တစ်ဦးရဲ့စိတ်ကို တစ်ဦး နားလည်ပြီး ယုံကြည်မှုတွေ တိုးပွားလာစေဖို့အတွက် စိတ်ဝင်စားစရာ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေနဲ့ စတင်ခဲ့ပြီး ပျော်ရွှင်စရာ 𝐐𝐮𝐢𝐳𝐳𝐞𝐬 တွေကို အဖွဲ့လိုက် အတူတကွ ဖြေဆိုခဲ့ကြပါတယ်။
🎈 𝐀𝐟𝐭𝐞𝐫𝐧𝐨𝐨𝐧 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 & 𝐔𝐧𝐢𝐭𝐲
နေ့လယ်ခင်းပိုင်းမှာတော့ မနက်ပိုင်းက ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လက်တွေ့နယ်ပယ်မှာ ဘယ်လိုထိရောက်စွာ အသုံးချမလဲဆိုတာကို သိရှိစေဖို့ အဖွဲ့လိုက် အမေးအဖြေ 𝐐𝐮𝐢𝐳𝐳𝐞𝐬 တွေကို အပြိုင်အဆိုင် ဖြေဆိုရင်း လက်တွေ့ကျကျ လေ့လာခဲ့ကြပါတယ်။
ဒါအပြင် အလွန်အရေးကြီးတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 & 𝐂𝐨𝐦𝐩𝐥𝐚𝐢𝐧𝐭 𝐇𝐚𝐧𝐝𝐥𝐢𝐧𝐠 ကဏ္ဍတွင်
𝟏) 𝐅𝐢𝐫𝐬𝐭 𝐈𝐦𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 ရဲ့ အရေးကြီးပုံ
𝟐) စကားပြောဆိုပုံနှင့် ပြုမူဆက်ဆံပုံ စနစ်များ
𝟑) 𝐓𝐡𝐞 𝐒𝐭𝐮𝐝𝐲 𝐨𝐟 𝐄𝐲𝐞 𝐌𝐨𝐯𝐞𝐦𝐞𝐧𝐭
𝟒) 𝟓 𝐋𝐞𝐯𝐞𝐥𝐬 𝐨𝐟 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠
𝟓) 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐌𝐢𝐧𝐝𝐬𝐞𝐭
𝟔) 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐭𝐫𝐨𝐥
စတဲ့ အကြောင်းအရာတွေကို 𝐒𝐥𝐢𝐝𝐞𝐬 များ၊ သာဓက ဥပမာများစွာနဲ့ အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြလို့ ဝန်ထမ်းများအတွက် အလွန်အနှစ်သာရရှိတဲ့ အစီအစဉ်လေး ဖြစ်ခဲ့ပါတယ်။
စိုးစံရပ်ဝန်းအတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘအုပ်ထိန်းသူတွေကို အားကောင်းတဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများအနေဖြင့် 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကနေ အတွေ့အကြုံအသစ်မြောက်မြားစွာ ရရှိလာမည်ဟု မျှော်လင့်ရင်း 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှ တက်ကြွလှုပ်ရှားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။ 📸✨
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#𝐫𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠
#𝐒𝐭𝐚𝐟𝐟𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
#𝐓𝐞𝐚𝐦𝐔𝐧𝐢𝐭𝐲𝟐𝟎𝟐𝟔
10/05/2026
𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬
၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့မှ စတင်၍ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးမည့် 𝐒𝐎𝐄 𝐒𝐀𝐍 𝐒𝐭𝐚𝐟𝐟𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ခေါင်းစဉ်ဖြင့် 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို ပြုလုပ်ပေးလျှက်ရှိပါတယ်။
☀️ 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐒𝐞𝐥𝐟-𝐆𝐫𝐨𝐰𝐭𝐡 & 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ပထမပိုင်း အနေနဲ့ မိမိကိုယ်ကို စီမံခန့်ခွဲခြင်း (𝐒𝐞𝐥𝐟-𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭) နဲ့ အချိန်ကို ထိရောက်စွာ အသုံးချခြင်း (𝐓𝐢𝐦𝐞 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭) ခေါင်းစဉ်တွေကို စာတွေ့ရော၊ လက်တွေ့ပါ တက်ကြွစွာ ဆွေးနွေးခဲ့ကြပါတယ်။ အလုပ်ခွင်မှာတင်မကဘဲ နေ့စဉ်လူမှုဘဝမှာပါ အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းတွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
🎈 𝐀𝐟𝐭𝐞𝐫𝐧𝐨𝐨𝐧 𝐒𝐞𝐬𝐬𝐢𝐨𝐧: 𝐔𝐧𝐢𝐭𝐲 & 𝐓𝐞𝐚𝐦𝐰𝐨𝐫𝐤
နေ့လယ်ခင်းပိုင်းတွင် 𝐓𝐞𝐚𝐦 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 & 𝐓𝐞𝐚𝐦 𝐖𝐨𝐫𝐤 ခေါင်းစဉ်အောက်တွင် ဝန်ထမ်းတွေအားလုံး တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးပွင့်လင်းလာစေဖို့ ရည်ရွယ်ပြီး တက်ကြွလှုပ်ရှားရတဲ့ ဂိမ်းအသစ်အဆန်းတွေကို အဖွဲ့လိုက် ဆော့ကစားခဲ့ကြပါတယ်။ အနိုင်အရှုံးထက် အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားတဲ့အတွက် ရယ်မောသံတွေ၊ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။
စိုးစံရပ်ဝန်းအတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘအုပ်ထိန်းသူတွေကို အားကောင်းတဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများအနေဖြင့် 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကနေ အတွေ့အကြုံအသစ်မြောက်မြားစွာ ရရှိလာမည်ဟု မျှော်လင့်ရင်း 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှ တက်ကြွလှုပ်ရှားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။ 📸✨
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#𝐫𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠
#𝐒𝐭𝐚𝐟𝐟𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
#𝐓𝐞𝐚𝐦𝐔𝐧𝐢𝐭𝐲𝟐𝟎𝟐𝟔
10/05/2026
"𝐂𝐨𝐧𝐭𝐢𝐧𝐮𝐨𝐮𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 𝐄𝐧𝐡𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩"
သင်ကြားရေးဆိုတာ စာသင်ရုံတင်မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်းစီရဲ့ ဘဝကို အလှဆုံးပုံဖော်ပေးနိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါသည်။
ဒီခရီးစဉ်မှာ အရည်အသွေးအကောင်းဆုံး လမ်းပြသူတွေဖြစ်စေဖို့ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဆရာ၊ ဆရာမများအတွက် "𝐂𝐨𝐧𝐭𝐢𝐧𝐮𝐨𝐮𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 𝐄𝐧𝐡𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 ခေါင်းစဉ်ဖြင့် 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 တစ်ခု အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။
အဆိုပါ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 တွင် 𝐇𝐞𝐚𝐝 𝐨𝐟 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐓𝐫. 𝐀𝐩𝐫𝐢𝐥 ဦးဆောင်တဲ့ အဖွဲ့မှ ဆရာ၊ ဆရာမများနှင့် လက်ထောက်ဆရာ၊ ဆရာမတွေကို ခေတ်မီသင်ကြားရေး နည်းစနစ်သစ်များအကြောင်း လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးခဲ့တာပဲ ဖြစ်ပါသည်။
𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 အတွင်း အဓိကလေ့လာခဲ့တဲ့ ကဏ္ဍ (၈) ခုအနေဖြင့်
၁။ 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐓𝐲𝐩𝐞𝐬 & 𝐓𝐚𝐬𝐤𝐬 (စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ)
၂။ 𝐂𝐨𝐠𝐧𝐢𝐭𝐢𝐯𝐞 𝐃𝐞𝐩𝐭𝐡 & 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 (တွေးခေါ်မှုမြှင့်တင်ပေးသော မေးခွန်းထုတ်နည်းများ)
၃။ 𝐂𝐨𝐧𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐬𝐢𝐠𝐧𝐢𝐧𝐠 𝐚 𝐓𝐞𝐬𝐭 (စာမေးပွဲစစ်ဆေးမှုပုံစံများ ရေးဆွဲခြင်း)
၄။ 𝐒𝐜𝐚𝐟𝐟𝐨𝐥𝐝𝐢𝐧𝐠 & 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 (ကျောင်းသားများကို အဆင့်ဆင့် ပံ့ပိုးကူညီခြင်း)
၅။ 𝐇𝐢𝐝𝐝𝐞𝐧 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 (သင်ရိုးပြင်ပ သင်ခန်းစာများ)
၆။ 𝐌𝐨𝐝𝐞𝐥𝐥𝐢𝐧𝐠 𝐌𝐚𝐧𝐧𝐞𝐫𝐬 (ကိုယ်ကျင့်တရားနှင့် အမူအကျင့် စံပြဖြစ်စေခြင်း)
၇။ 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (စာသင်ခန်းကို ထိရောက်စွာ စီမံခန့်ခွဲခြင်း)
၈။ 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬 𝐢𝐧 𝐀𝐜𝐭𝐢𝐨𝐧 (လက်တွေ့အသုံးချ သင်ကြားမှုဗျူဟာများ) စသည့် ခေါင်းစဉ် (၈) ရပ်ဖြင့် သင်ကြားပြသပေးခဲ့ပါသည်။
ဆရာ၊ ဆရာမတွေအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်း၊ အဖွဲ့လိုက် 𝐏𝐫𝐨𝐣𝐞𝐜𝐭 များ လုပ်ဆောင်ခြင်းနဲ့ သင်ကြားရေး 𝐆𝐚𝐦𝐞 များမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့အတွက် ပိုမိုဖန်တီးနိုင်စွမ်းရှိပြီး ကျောင်းသားဗဟိုပြုတဲ့ သင်ကြားမှုဝန်းကျင်တစ်ခုကို ဆက်လက်အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ရင်း ကျောင်းသားတို့ရဲ့ အနာဂတ်အတွက် အစဉ်တစိုက် ကြိုးစားနေကြတဲ့ ဆရာ၊ ဆရာမတို့ရဲ့ တက်ကြွလှုပ်ရှားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။ 📸
#𝐬𝐨𝐞𝐬𝐚𝐧𝐩𝐫𝐢𝐯𝐚𝐭𝐞𝐬𝐜𝐡𝐨𝐨𝐥
#𝐧𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰
#𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠
09/05/2026
𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 𝐭𝐨 𝐚𝐥𝐥 𝐭𝐡𝐞 𝐚𝐦𝐚𝐳𝐢𝐧𝐠 𝐦𝐨𝐦𝐬! 💖💫
မေလ (၁၀) ရက်နေ့ဟာ မေတ္တာအပြည့်နဲ့ အနစ်နာခံပေးလာသော အမေများနေ့ပဲဖြစ်ပါတယ်။
အမေဆိုတာ သားသမီးတွေအတွက် ပထမဦးဆုံးသော ဆရာမ၊ အကောင်းဆုံးသော သူငယ်ချင်း၊ မေတ္တာအပြည့်နဲ့ အမြဲအနားမှာ ရှိပေးနေသူ ဖြစ်ပါတယ်။
အမေ့ရဲ့ မေတ္တာ၊ သည်းခံမှုနဲ့ အနစ်နာခံမှုများက သားသမီးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အကြီးမားဆုံး လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ အမေများနေ့မှာ စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများအားလုံး၏ ကိုယ်စား ကမ္ဘာတစ်ဝှမ်းရှိ ချစ်လှစွာသော မေမေ များအားလုံးကို ဂုဏ်ပြုလေးစားစွာဖြင့် ဆုမွန်ကောင်း တောင်းအပ်လိုက်ရပါတယ်ရှင် ။ 🎉💖
#𝐒𝐨𝐞𝐒𝐚𝐧𝐏𝐫𝐢𝐯𝐚𝐭𝐞𝐒𝐜𝐡𝐨𝐨𝐥
#𝐍𝐚𝐲𝐏𝐲𝐢𝐓𝐚𝐰
#𝐇𝐚𝐩𝐩𝐲𝐌𝐨𝐭𝐡𝐞𝐫𝐬𝐃𝐚𝐲
#𝐖𝐢𝐭𝐡𝐋𝐨𝐯𝐞𝐅𝐫𝐨𝐦𝐒𝐨𝐞𝐒𝐚𝐧