14/04/2024
ဂျပန်စာကို အခုမှစပြီး မြန်မာလို ဥပမာ ကကြီး၊ ခခွေး မှစပြီး
သင်ကြားမဲ့ သူတွေတွက် သိကိုသိထားရမဲ့ အရာ (၄) မျိုး။
အဲဒါတွေကတော့ Romaji ( ရောမဂျီး ) ၊ Katakana (ခတခဏ) ၊ Hiragana ( ဟီရဃဏ)
Kanji (တရုတ်စာလုံး) ဆိုတာတွေပဲ ဖြစ်ပါတယ်။
Romaji (ရောမဂျီး ) ဆိုတာ ဂျပန်အက္ခရာတွေကို မဖတ်တတ်တဲ့သူတွေအတွက်
(ဥပမာ မြန်မာလို့ဆိုရင်Myanglish - စာသင်မယ် - Sar Thin Mal ) ဆိုသလိုမျိုး၊
English အက္ခရာနဲ့ ဂျပန်အက္ခရာတွေကို အသံထွက်ဆိုနိုင်အောင် ရေးခြင်းဖတ်ခြင်းကို
Romaji ( ရောမဂျီး) လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ (ဥပမာ - わたし- watashi)
ဒီဥပမာလေးမှာဆိုရင် ရှေ့က ဂျပန် အက္ခရာဖြစ်ပြီး နောက်က Romaji ဖြစ်ပါတယ်။
Katakana (ခတခဏ) ဆိုတာ ဂျပန်အက္ခရာပဲဖြစ်ပြိးတော့ (46) လုံးရှိပါတယ်။ ဒါပေမဲ့
ဒီအက္ခရာတွေကို သုံးတာကတော့ အင်္ဂလိပ်မွေးစားစကားလုံး ( ဥပမာ - Coffee )
နိုင်ငံခြားတိုင်သူ ပြည်သားတွေရဲ့ နာမည်၊ စတဲ့နေရာတွေမှာ သုံးတဲ့အက္ခရာကို
Katakana လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။
Hiragana (ဟီရဃဏ) ဆိုတာလည်း ဂျပန်အက္ခရာပဲဖြစ်ပြီးတော့ သူလည်း (46)လုံးရှိပါတယ်။
သူကတော့ ဂျပန်နာမည်နဲ့ ဂျပန်နိုင်ငံရဲ့ နာမည်၊ နဲ့ အသုံးအဆောင်၊ အမျိုးအမည်စတဲ့ ဂျပန်နဲ့ပတ်သက်တာမှန်သမျှ
Hiragana ကိုသုံးကြပါတယ်။
Kanji (တရုတ်စာလုံး) လို့အလွယ်မှတ်လို့ရပါတယ်၊
တရုတ်စကားလုံးတွေကို ဂျပန်တွေရဲ့ အက္ခရာနဲ့ အသံထွက်ပြီးတော့ ရေးလေ့ဖတ်လေ့ရှိပါတယ်။
တရုတ်စာလုံးရေးပုံ၊ ရေးနည်းနဲ့လည်းဆင်တူပါတယ်။
ဒါကြောင့် ဂျပန်ဘာသာကိုလေ့လာမယ်ဆိုလျင် ဂျပန်အက္ခရာ ( Hiragana, Katakana )
တွေကို ရေးတတ်ဖတ်တတ်သွားပြီဆိုလျင် Romaji မလိုအပ်တော့ပေမဲ့ Hiragana, Katakana
ရေးပြီးတိုင်း ထပ်သိဖို့လိုတာက တရုတ်စားလုံး Kanji တွေပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင် အခုမှစပြီးလေ့လာမဲ့သူတွေအတွက် Romaji , Hiragana, Katakana , Kanji
( ၄ ) မျိုးက ဘာတွေလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
ဒီစာလေးကို ဖတ်လိုက်လို့ ဂျပန်စာလေ့လာမဲ့သူတွေအတွက် ဗဟုသုတ တစ်ခုခုရတယ်ဆို
အခြားသူတွေကိုလည်း ပြန်လည်မျှဝေပေးပါဦးနော်။
#ဂျပန်သင်တန်းကျောင်း