Justice For All

Justice For All

Share

ဥပဒေဗဟုသုတများ မျှဝေရန်

Photos from Justice For All's post 26/12/2021

အိမ်အိမ်ထောင်စုစာရင်းနှင့်
မှတ်ပုံတင်လုပ်ရာတွင် လိုအပ်သောအချက်အလက်များ

26/12/2021

၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၅) တွင်ဖော်ပြရာ၌ “ဥပဒေ”ဆို သောစကားရပ်တွင် ဤဥပဒေ အာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်ဖြစ်စေ၊ ဥပဒေပြုအာဏာပိုင် တစ်ရပ်ရပ်က ပြဋ္ဌာန်းထားသည့်ဥပဒေ၊ အက်ဥပဒေ၊ တချက်လွှတ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့် အပြင် ဥပဒေကဲ့သို့ အာဏာတည်သော ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်ဟု ဖွင့်ဆိုထားသည်။

15/12/2021
15/12/2021

ဥပဒေဆိုသည်မှာ လူတို့ အချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတခြင်း ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်း သဖွယ် ဖြစ်စေရန် အုပ်စိုးသူ အစိုးရတို့က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းစုပင်ဖြစ်သည်။ မည်သည့်အမူအကျင့်သည် ကောင်းသည်၊ မည်သည့်အမူ အကျင့်သည် မကောင်းဟူသော အများက ယူဆ ထင်မြင်သော စည်းကမ်းချက်များကို စုပေါင်း၍ အာဏာပိုင်အစိုးရတို့က ပြည်သူအများ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့်တို့ကို ဥပဒေဟုခေါ်သည်။ ကမ္ဘာလောကကြီးတွင် တရားဥပဒေသာ မရှိပါက လူတို့၏နေရေးထိုင်ရေးသည် ဘေးအန္တရာယ် ကင်းရှင်းမည် မဟုတ်ချေ။ လုံခြုံမှု ငြိမ်ဝပ်ပိပြားမှု များသည်လည်း ရှိတော့မည် မဟုတ်ချေ။ တရားဥပဒေသည် နိုင်ငံ တစ်ခု တည်မြဲရေးတွင် အခရာ ဖြစ်သည်။ ဥပဒေ မရှိသော နိုင်ငံတွင် တည်မြဲသော အစိုးရမရှိနိုင်ချေ။ ယဉ်ကျေးသော နိုင်ငံတိုင်းတွင် မိမိနိုင်ငံနှင့် သင့်တင့်လျောက်ပတ်သော ဥပဒေများကို အများသဘောတူ ပြဋ္ဌာန်းထားကြသည်။

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address

Naypyidaw