Ren's Korean

Ren's Korean Korean Basic,4skills level1 to 3,Reading Class,Speaking Class,Korean grammar class and Korean Vocabulary Class

“ စိတ်တိုင်းကျ သဘောကျလိုက်ပါ “ 💙✨    “တစ်ခုခုကို စိတ်အားထက်ထက်သန်သန် သဘောကျခြင်းကို တန်ဖိုးရှိတဲ့ အရာလို့ တွေးမိပါတယ်။သဘ...
17/05/2025

“ စိတ်တိုင်းကျ သဘောကျလိုက်ပါ “ 💙✨

“တစ်ခုခုကို စိတ်အားထက်ထက်သန်သန် သဘောကျခြင်းကို တန်ဖိုးရှိတဲ့ အရာလို့ တွေးမိပါတယ်။
သဘောကျတဲ့အရာကို ရှာရတာက မလွယ်ဘူးလေ။
အကြာကြီး သဘောကျသွားဖို့လဲ မလွယ်ဘူး။
ဒါကြောင့် စိတ်တိုင်းကျ သဘောကျလိုက်ပါ။”

ဒါလေးကတော သိပ်မကြာခင်က ထွက်ရှိထားတဲ့
My Dearest Nemesisဆိုတဲ့ Dramaထဲက ဘဲ့ဆူဂျောင်း ပြောသွားတဲ့ စကားလေးပဲဖြစ်ပါတယ်။

ကျွန်တော်တို့တွေရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆို
မိသားစုအသိုင်းအဝိုင်းက ချမှတ်ထားတဲ့ ဘောင်အတွင်း
နေထိုင်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရင်း စိတ်ကျဉ်းကျပ်စွာ နေနေရတဲ့ လူတွေကို မြင်မိမှာပါ။
ဒီလို ပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်နေရတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘတွက်အတွက် မနက်ဖြန်ဆိုတဲ့ အားဆေးဟာ ကျွန်တော်တို့ သဘောကျတဲ့အရာလေးတွေပါပဲ။

ကျွန်တော်တို့ သဘောကျရတဲ့ ပစ္စည်းလေးတစ်ခု၊ သဘောကျရတဲ့ အလုပ်၊သဘောကျရတဲ့ သီချင်း၊သဘောကျရတဲ့ လူ..စတဲ့အရာတွေဟာ အနာဂတ်ကို ဆက်လက် လျှောက်လှမ်းမဲ့ ခြေလှမ်းတွေအတွက် အင်အားတွေပဲဖြစ်ပါတယ်။

ဝါသနာပါရာကိုလုပ်ရင်း ပျော်မွေ့နေခြင်းဟာ မိမိ ဘဝအတွက် မိမိဖြစ်တည်မှုအတွက် ပြဿနာကြီးတစ်ခုအနေနဲ့မသတ်မှတ်ဖို့၊ပတ်ဝန်းကျင်ကပြောစကားတွေကို လျစ်လျူရှုပီး သဘောကျရာကို ဆက်လက် လုပ်ဆောင်သွားဖို့အတွက် ဒီDramaလေးက သင်ခန်းစာလေးပေးလိုက်တာဖြစ်ပါတယ် 💙

____________________________________________

အသုံးလှတဲ့ Vocabulary လေးတွေကို ရှင်းပြပေးထားပါတယ်ဗျ 🙆🏻‍♂️

🔹 열정적 = စိတ်အားထက်သန်မှု
🔹 귀하다 = အဖိုးတန်သည်
🔹 마음껏 = စိတ်တိုင်းကျ

04/03/2024

ဒီလို By one classလေးတွေကို Basicမှ level 3ထိလာအပ်လို့ရပါပီနော်။Textချည်းပဲသင်နေတာပဲမဟုတ်ပဲ အမှန်တစ်ကယ်တတ်အောင် သေချာtrainပေး၊နည်းလမ်းတွေပေးတာမို့ ယုံကြည်လိုက်ပါဗျ🙋🏻‍♂️

🔹သင်တန်းကို လှည်းတန်းထိ အဝေးကြီးသွားလဲ မတက်ချင်ဘူး ရန်ကုန်မြို့ထဲ အနီးအနားမှာပဲသင်ချင်သောသူတွေ🔹သင်တန်းကြေး သက်သက်သာသာဖြင...
01/03/2024

🔹သင်တန်းကို လှည်းတန်းထိ အဝေးကြီးသွားလဲ မတက်ချင်ဘူး ရန်ကုန်မြို့ထဲ အနီးအနားမှာပဲသင်ချင်သောသူတွေ
🔹သင်တန်းကြေး သက်သက်သာသာဖြင့် ထိထိရောက်ရောက် သင်ယူလိုသောသူတွေ
🔹လူအများကြီးမဟုတ်ဘဲ အနည်းစုနဲ့သာ သင်လိုသောသူတွေ
🔹ယခုနှစ်ထဲ ကိုရီးယားသွားဖို့ရည်ရွယ်ထားတဲ့သူတွေ
🔹အမြန်သင်ယူလိုသောသူတွေ
🔹အပြင်မှာ ဆရာနဲ့အတူ စာသင်လိုသူများအတွက်
Basic to Level 2 ကို ၂လသာကြာမြင့်မှာဖြစ်တဲ့ Offline classလေးနဲ့ မိတ်ဆက်ပေးပါရစေ။
Basic To Level 2ကို ၂လတည်းနဲ့အပြတ်သင်မှာဆိုတာ မဖြစ်နိုင်မှန်းသိပါတယ်။ဒါပေမဲ့လည်းပဲ အပြင်အတန်းလဲဖြစ်သလို လူနည်းစုနဲ့ဝိုင်းသဘောမျိုး သင်သွားမှာဖြစ်တဲ့အတွက် စာအပိုင်းကိုတော့ စိတ်ပူစရာလုံးဝမလိုပါဘူးဗျ။

Yonsei courseရဲ့ 4skill exercises/ grammarတွေကို ပြန်လည်စီမံပြီး သင်ကြားပေးသွားမှာဖြစ်ပြီး စာတွေမပြီးတာ သင်ခန်းစာကျော်သွားတာမျိုးတွေလည်း မရှိဘဲ ပြည့်ပြည့်စုံစုံသင်ကြားပေးသွားမှာပါ။

သင်မဲ့နေရာကလည်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး China Townအတွင်းရှိတဲ့ 19th streetမှာသင်ပေးသွားမှာပါ။သင်တန်းပို့ချမဲ့နေရာလေးကတော့ Tea Blackဆိုတဲ့ ဆိုင်လေးမှာဖြစ်ပါတယ်။
သင်တန်းဆိုတာထက် ဝိုင်းသဘောမျိုးသင်ပေးသွားမှာဖြစ်တာကြောင့် ဆရာနဲ့ကော ကျောင်းသားအချင်းချင်း ရင်းနှီးမှုပိုမိုရရှိမှာဖြစ်ပြီး စာသင်တဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ စာလုပ်နိုင်မှာဖြစ်ပါတယ်။ စာသင်မဲ့ဆိုင်လေးကလည်း ပတ်ဝန်းကျင်အဆင်ပြေတဲ့နေရာလေးပါ။commentမှာ ဆိုင်
အသွင်အပြင်လေးကို ကြည့်နိုင်ပါတယ်။

သင်တန်းကြေးအားဖြင့်လည်း ပုံမှန်အပြင်သင်တန်းထက်အများကြီး သက်သာတာကြောင့် အားလုံးအတွက်အဆင်ပြေမယ်လို့လဲထင်ပါတယ်ဗျ။

9.2.2024မှာစတင် သင်ကြားသွားမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင် CBကိုလာခဲ့ပေးနော်။လူဦးရေ ၅/၆ယောက်ပတ်ဝန်းကျင်ပဲထားမှာဖြစ်တာကြောင့် အမြန်လာအပ်ဖို့တော့ လိုမယ်နော်။

အသေးစိတ်အချက်အလက်များကို Commentတွင် ကြည့်ရှုနိုင်ပါတယ်ဗျ။✨

예뻐 예뻐တွေခဏခဏဖြစ်နေပီနော် 🫢ယယ်မပေါပဲ “လှတယ်”ဆိုတဲ့ meaningကို တစ်ခြား 단어လေးတွေနဲ့ ပြောင်းသုံးကြည့်ကြရအောင်ရှင့်✨❤️ 단어를 다양...
19/03/2023

예뻐 예뻐တွေခဏခဏဖြစ်နေပီနော် 🫢
ယယ်မပေါပဲ “လှတယ်”ဆိုတဲ့ meaningကို တစ်ခြား 단어လေးတွေနဲ့ ပြောင်းသုံးကြည့်ကြရအောင်ရှင့်✨
❤️ 단어를 다양하게 써 보세요.
_________________________________
နောက်ထပ်စာသင်Postလေးတွေ စောင့်ကြည့်ဖို့ Ren’s Korean Pageလေးကို Like&Followလေးလုပ်ထားပါဦးနော်🥰

Readingလုပ်တဲ့အခါ အရေးကြီးဆုံးထဲမှာ ဘာသာပြန်တတ်ဖို့လဲပါပါတယ်နော်။💁🏻‍♀️စာဖတ်သူရဲ့စိတ်ကိုဆွဲနေအောင် ၊ ဆက်ဖတ်စေချင်အောင် ဘာ...
01/07/2022

Readingလုပ်တဲ့အခါ အရေးကြီးဆုံးထဲမှာ ဘာသာပြန်တတ်ဖို့လဲပါပါတယ်နော်။💁🏻‍♀️
စာဖတ်သူရဲ့စိတ်ကိုဆွဲနေအောင် ၊ ဆက်ဖတ်စေချင်အောင် ဘာသာပြန်ခြင်းဟာလည်း ဘာသာစကားသင်ယူတဲ့အခါမှာ အရေးပါတဲ့အစိတ်အပိုင်းဘဲဖြစ်ပါတယ်ရှင့်။ဒီလို ဘာသာပြန်တဲ့အပိုင်းကလည်း နောက်ပိုင်း ဘာသာပြန်အလုပ်အကိုင်လုပ်တဲ့အခါ / တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုတဲ့အခါ ကိုယ့်အတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်ရှင့်💁🏻‍♀️💗
အောက်ကဘာသာပြန်လေးကတော့ Reading Class(Level-2)ကိုတက်ရောက်နေတဲ့ ကျောင်းသူလေး Thu Thu Lwinရဲ့ "음식과 문화"ဘာသာပြန်လေးဖြစ်ပါတယ်ရှင့်။💗

Ren's Koreanတွင် တက်ရောက်နေကြသော ချစ်ရသော အတန်းသားများရှင့်🥰ယနေ့မှစ၍ Certificateပုံစံလေးအား ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်...
09/06/2022

Ren's Koreanတွင် တက်ရောက်နေကြသော ချစ်ရသော အတန်းသားများရှင့်🥰
ယနေ့မှစ၍ Certificateပုံစံလေးအား ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်🙇🏻‍♀️❤️

23/05/2022

Level 1 Reading Class (마지막 날❤️)
နောင်ဆုံးနေ့ထိ စကားလည်းနားထောင် ကြိုးလည်းကြိုးစားပြီး သင်ယူခဲ့ကြပါတယ် ကလေးတို့🥰

Level 1 Reading Class Certificate ❤️2လတာ ကာလအတွင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ခဲ့ကြပါတယ် 여러분တို့စကားလည်းနားထောင် စာလည်...
21/05/2022

Level 1 Reading Class Certificate ❤️
2လတာ ကာလအတွင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ခဲ့ကြပါတယ် 여러분တို့
စကားလည်းနားထောင် စာလည်းလိုက်လုပ်
Reading Skillနဲ့ ဘာသာပြန်စွမ်းရည်တွေ ချောချောမွေ့မွေ့ဖြစ်လာတာကြောင့်လည်း ဝမ်းသာရပါတယ်🥰🙆🏻‍♂️
Level2 Readingကျဆက်တွေ့မယ်နော်😍
ဆက်မတွေ့နိုင်တဲ့သူတွေကလည်း Messenger Groupတွေထဲမှာ စကားအမြဲပြောနိုင်ပါတယ်။စာတွေလည်းလာမေးလို့ရပါတယ်ခင်ဗျ😘
အားလုံးကို 축하해요🎉🎊
အတန်းသားလေးတွေက ဒီအတန်းလေးအကြောင်းကို ကိုရီးယားစာလေ့လာနေတဲ့ အခြားသူငယ်ချင်းတွေကို commentကနေတစ်ဆင့် ဝေမျှပေးလိုက်ပါဦးနော်

ဖတ်ချင်ပေမဲ့ ပါးစပ်ကနေထွက်မလာတာမျိုးစဉ်းစားနေရတာမျိုးတွေဖြစ်နေပါသလား~ဒီလိုဖြစ်နေတဲ့သူတွေအတွက် RKမှ Batch -2 Reading Clas...
16/05/2022

ဖတ်ချင်ပေမဲ့ ပါးစပ်ကနေထွက်မလာတာမျိုး
စဉ်းစားနေရတာမျိုးတွေဖြစ်နေပါသလား~

ဒီလိုဖြစ်နေတဲ့သူတွေအတွက် RKမှ Batch -2 Reading Classလေးတွေကိုထပ်ဖွင့်ပေးထားတာမို့ Joinဖြစ်အောင်Joinကြပါနော်💁🏻

အတန်းလေးကို အားလုံးအဆင်ပြေအောင် ညပိုင်းလေးလုပ်ထားပေးပြီ Zoomမှတစ်ဆင့် Face to Faceသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။✨✨

Readingဟာ ဘာသာစကားတစ်ခုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဘဲ ဖြစ်ပါတယ်ရှင့်။စာဖတ်ရင်း ဗဟုသုတရမယ် ၊ Meaningတွေများများသိမယ် ၊ စာရေးပုံရေးနည်းတွေလေ့လာနိုင်မယ် ၊ ကိုယ်သိထားတဲ့အရာတွေကို စကားပြောတဲ့အချိန်မှာ ပြန်လည်အသုံးချနိုင်ပါမယ်။ဒါကြောင့်Readingဟာဆိုရင် Skillအားလုံးရဲ့ အခြေခံလို့လဲ ပြောလို့ရပါတယ်ရှင့်။

RKရဲ့Reading Classတွေကိုတော့ Yonsei Courseရဲ့ Readingစာအုပ်လေးတွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်

Readingစာအုပ်လေးထဲမှာတော့ ဗဟုသုတရစရာ စာပိုဒ်လေးတွေအပြင် Textbookမှာမပါတဲ့ Meaningတွေကိုပါသင်ယူနိုင်မှာဖြစ်ပါတယ်။အသံစည်းမျဉ်းတွေကိုလည်းသင်ကြားပေးမဲ့ဆရာမှ ထပ်စောင်းပြောပြပေးသွားမှာဖြစ်သလို Topikစာမေးပွဲအား မှီငြမ်းထားသော Yonsei Reading Bookဖြင့် သင်ယူရမည် ဖြစ်သောကြောင့် Topikရဲ့ Reading မေးခွန်းအချို့ကိုပါ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်ရှင့်🥰

Level Classတွေလို 1-1/1-2ပြန်ခွဲစရာမလိုဘဲ တစ်ဆက်တည်း သင်ယူသွားရမည်ဖြစ်သောကြောင့် အချိန်ကာလအားဖြင့်လည်း 1လမှ2လထိသာကြာမြင့်မှာဖြစ်ပြီး အဖတ်စွမ်းရည်ကလည်း သိသိသာသာ တိုးတက်လာမှာသေချာပါတယ်ရှင်⏱

သင်တန်းကြေးတွေကလည်း ရလာတဲ့ရလဒ်တွေမက တန်တာကြောင့် ခုဘဲ သင်တန်းသွားအပ်ထားလိုက်တော့နော်💗
လူဦးရေကန့်သတ်ထားပါတယ်ရှင့်‼️

အတန်းချိန်များ
_____________
Level 1 Reading Class
Sat&Sun (Weekend)
7PM-8:30PM
Fees - 13000MMK
Book - 6000MMK 📕

Level 2 Reading Class
Sat&Sun (Weekend)
8:30PM-10:30PM
Fees - 23000MMK
Book - 6000MMK 📗
_________________________________

Ren’s Koreanသင်တန်းမှာဆိုရင်တော့

• သင်တန်းသားများ စကားပြောနိုင်ရန် / စာမေးနိုင်ရန် Messenger groupထားရှိပေးခြင်း။

•စာသင်ရာတွင် စနစ်တကျသက်တော့သက်သာရှိ​စေရန် Zoom licenseရှိ accများဖြင့် သင်ကြားပေးခြင်း။

•စာပြန်ကြည့်နိုင်ရန်နှင့် အတန်းပျက်ထားသူများအတွက် FB Private groupထားရှိပေးပြီး Recoardများတင်ပေးခြင်း။

•Certificateများပေးအပ်ခြင်း။
စတဲ့ ဝန်ဆောင်မှုများကို ပေးနေပါတယ်ရှင့်🥰

စာသင်ရာတွင် ထိရောက်မှုရှိစေရန် အတန်းတိုင်းကို လူဦးရေ ကန့်သတ်ထားပါတယ်ရှင့်‼️
ဒါကြောင့် မြန်မြန်လာအပ်ဖို့တော့ လိုမယ်နော်💁🏻‍♀️💕

Ren’s Korean
09 765 186 313

Congratulations All ❤️🎉
15/05/2022

Congratulations All ❤️🎉

고 있다 grammarမှ မှားတက်ကြတဲ့ အမှား(၂)ခု‼️고 있다 Grammarလေးကတော့ တစ်ခုခုကို လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ Action Verb(가다,먹...
01/05/2022

고 있다 grammarမှ မှားတက်ကြတဲ့ အမှား(၂)ခု‼️

고 있다 Grammarလေးကတော့ တစ်ခုခုကို လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ Action Verb(가다,먹다,읽다 등)တွေနဲ့တွဲသုံးပေးရပါတယ်ရှင့်💁🏻‍♀️

ဒီထဲကမှ ကျောင်းသားအများစုက "ထိုင်နေတယ်၊ထနေတယ်"လို့ပြောချင်တဲ့အခါကျ "앉고 있다/서고 있다"နဲ့သုံးတက်ကြပါတယ်။ဒီ အသုံးအနှုန်းတွေက မှားတဲ့ အသုံးအနှုန်းတွေဖြစ်ပါတယ်🙅🏻‍♀️

ဘာလို့လဲဆိုရင်တော့ ထိုင်နေတယ်ကို 앉고 있다နဲ့ သုံးမယ်ဆိုရင် ထိုင်ခုံပေါ်မှာထိုင်ဖို့အတွက် တဖြေးဖြေးချင်းထိုင်ချနေတဲ့ပုံစံကိုပြတာဖြစ်ပါတယ်

ဒီအတိုင်းဘဲ ထနေတယ်ကို 서고 있다လို့ပြောရင် ထဖို့အတွက် ထိုင်ခုံပေါ်ကနေ ဖင်ကိုတဖြေးဖြေးချင်းမနေတဲ့ ပုံစံကိုပြတာဖြစ်ပါတယ်

ကျွန်မတို့တွေက ထိုင်ခုံပေါ်မှာဖင်ချပြီးထိုင်နေလျက်ရှိတဲ့ပုစံ ၊ ထိုင်ခုံပေါ်ကနေထပြီး မတ်တပ်ရပ်လျက်အခြေအနေကိုဖော်ပြချင်တာကြောင့် 앉고 있다/서고 있다လို့မသုံးဘဲ 앉아 있다 / 서 있다နဲ့သုံးပေးရမှာ ဖြစ်ပါတယ်ရှင့်🙆🏻‍♀️

Postလေးကသင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Like&Shareလေးလုပ်ပေးသွားပါဦးရှင့်🥰

နောက်ထပ်စာသင်postတွေကိုစောင့်ကြည့်ဖို့အတွက် Pageလေးကိုပါ Like&Followလေးလုပ်ထားပေးကြပါဦးရှင့်💗
————————————————————
Ren’s Korean
09 765 186 313

Address


Telephone

+959754485287

Website

Alerts

Be the first to know and let us send you an email when Ren's Korean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ren's Korean:

Shortcuts

  • Want your school to be the top-listed School/college?

Share