Portal English Language Center

Portal English Language Center

Share

Open and Get in Touch with The World

14/01/2026

Learn English from the Kitchen
Mustard 🌿
Chicken thigh 🍗


01/01/2026

Happy New Year ပါ ချစ်ရသော Tr. Alice ရဲ့ တပည့်များနဲ့ followers များရှင့်...

"နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားရေး အချစ်ရေး လူမှုရေးများ အဆင်ပြေ ကြပါစေ..." ကြောင်း Portal English Language Center မှ နှစ်သစ်ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်

နှစ်သစ်ဆုတောင်းလေးတွေကို အောက်က Comment မှာ ကိုယ်ချစ်ရတဲ့သူတွေကို mention တွဲပြီး ဆုတောင်းပေးလိုက်ရအောင်။ ❤️👇

English Basic အတွက် အခြေခံ ပိုင်နိုင်ချင်သူများ Speaking ‌ပြောမထွက်သူများ အတွက် Foundation ကို Step-by-Step, Easy-to-Follow method, gameတွေကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ သင်ကြား‌ပေးမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၆ မှာ ဖွင့်မယ် A1 Zoom Online Class လေး ရှိ့ပါတယ်နော်။ အသေးစိတ် ကိုတော့ အောက်က လင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။⏬⏬⏬
https://www.facebook.com/share/p/1AZ2ayUL1E/

25/12/2025

Merry Christmas! 🎄 "Merry Christmas" တစ်မျိုးတည်း မဟုတ်ဘဲ တခြား ဘယ်လို ဆုတောင်းပေးလို့ ရသေးလဲ? ✨🎅
Portal English Language Center မှ ခရစ္စမတ်မှာ ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ဆုတောင်းပေးတဲ့အခါ ပိုပြီး ထိမိသွားစေမယ့် အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေကို စုစည်းပေးလိုက်ပါတယ်နော်။
၁။ "Wishing you a season of blessings from our family to yours."
(ကျွန်ုပ်တို့ မိသားစုမှ သင်တို့မိသားစုဆီသို့ ကောင်းချီးမင်္ဂလာများစွာ ရောက်ရှိပါစေကြောင်း ဆုတောင်းအပ်ပါတယ်။)
၂။ "May your holidays be filled with love and laughter!"
(သင်၏ အားလပ်ရက်များမှာ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်ရယ်မောသံများဖြင့် ပြည့်နှက်ပါစေ။)
၃။ "Warmest wishes for a wonderful Christmas and a Happy New Year!"
(အံ့သြဖွယ်ကောင်းသော ခရစ္စမတ်နှင့် ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေကြောင်း နွေးထွေးစွာ ဆုတောင်းလိုက်ပါတယ်။)
၄။ "Have a holly, jolly Christmas!"
(အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်ဖြစ်ပါစေ။)
ဒီစာသားလေးတွေကို အသုံးပြုပြီး အောက်က Comment မှာ ကိုယ်ချစ်ရတဲ့သူတွေကို Tag တွဲပြီး ဆုတောင်းပေးလိုက်ရအောင်။ ❤️👇
English Basic အတွက် အခြေခံ ပိုင်နိုင်ချင်သူများ Speaking ‌ပြောမထွက်သူများ အတွက် Foundation ကို Step-by-Step, Easy-to-Follow method, gameတွေကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ သင်ကြား‌ပေးမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၆ မှာ ဖွင့်မယ် A1 Zoom Online Class လေး ရှိ့ပါတယ်နော်။ အသေးစိတ် ကိုတော့ အောက်က လင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။⏬⏬⏬
https://www.facebook.com/share/p/1AZ2ayUL1E/

25/12/2025

🎄❄️⛄🦌 Merry Christmas 🦌⛄❄️🎄

We wish you a Merry Christmas 🎁🎁🎁

From Portal English Language Center (Tr Alice)



22/12/2025
22/12/2025

Monday Motivation! အင်္ဂလိပ်စာ ပြောတဲ့အခါ ပိုပြီး သဘာဝကျသွားအောင် ဒါလေးတွေ မှတ်ထားရအောင်။ ✨✍️
အင်္ဂလိပ်စာ ပြောတဲ့အခါ 'Do' နဲ့ 'Make' ကို အမြဲလိုလို ရောထွေးပြီး မှားသုံးတတ်ကြပါတယ်။ ဒီနေ့မှာတော့ အင်္ဂလိပ်စာ လေ့လာနေသူတွေ အမြဲမှားတတ်တဲ့ 'DO' နဲ့ 'MAKE' ကို တစ်သက်စာ မမှားရအောင် ဘယ်လိုတွဲသုံးရမလဲဆိုတာ Portal English Language Center ကနေပြီးတော့ အမှားအမှန် ဥပမာလေးတွေကို စုစည်းပေးလိုက်ပါတယ်နော်။
အသုံးအများဆုံး စကားလုံးအတွဲ (Collocations) လေးတွေကို နှိုင်းယှဉ်ပြပေးလိုက်ပါတယ်နော်။
✅ "DO" (အလုပ်၊ တာဝန် နဲ့ အထွေထွေ လှုပ်ရှားမှုတွေမှာ သုံးတယ်)
Do homework (အိမ်စာလုပ်သည်)
Do business (စီးပွားရေးလုပ်သည်)
Do housework (အိမ်အလုပ်လုပ်သည်)
Do your best (အစွမ်းကုန်ကြိုးစားသည်)
Do the laundry (အဝတ်လျှော်သည်)
Do a favor (ကူညီသည်)
Do exercises (လေ့ကျင့်ခန်းလုပ်သည်)
Do a job (အလုပ်တစ်ခုလုပ်သည်)
Do research (သုတေသနလုပ်သည်)
Do the dishes (ပန်းကန်ဆေးသည်)
Do shopping (ဈေးဝယ်သည်)
Do damage (ပျက်စီးစေသည်)
Do anything (ဘာမဆိုလုပ်သည်)
Do well (ကောင်းကောင်းလုပ်နိုင်သည်)
Do harm (ထိခိုက်စေသည်)
⚠️ သတိထားရမယ့် အမှားဥပမာ:
❌ Don't say: I have to make my homework.
✅ Say: I have to do my homework.
----------------------------------------------
✅ "MAKE" (အသစ်ဖန်တီးတာ၊ အကျိုးရလဒ် ထွက်လာတာတွေမှာ သုံးတယ်)
Make a mistake (အမှားလုပ်မိသည်)
Make a decision (ဆုံးဖြတ်ချက်ချသည်)
Make a phone call (ဖုန်းဆက်သည်)
Make money (ပိုက်ဆံရှာသည်)
Make a plan (အစီအစဉ်ဆွဲသည်)
Make breakfast/lunch (မနက်စာ/နေ့လည်စာပြင်သည်)
Make friends (သူငယ်ချင်းဖွဲ့သည်)
Make a noise (ဆူညံအောင်လုပ်သည်)
Make a suggestion (အကြံပြုသည်)
Make progress (တိုးတက်မှုရှိသည်)
Make a promise (ကတိပေးသည်)
Make an excuse (ဆင်ခြေပေးသည်)
Make a wish (ဆုတောင်းသည်)
Make a change (ပြောင်းလဲမှုပြုလုပ်သည်)
Make an appointment (ချိန်းဆိုမှုလုပ်သည်)
⚠️ သတိထားရမယ့် အမှားဥပမာ:
❌ Don't say: I did a big mistake.
✅ Say: I made a big mistake.
--------------------------------------------
စကားလုံးအတွဲလေးတွေကို မှန်မှန်ကန်ကန် သုံးတတ်လာရင် ကိုယ့်ရဲ့ English Speaking က ပိုပြီး Smart & Natural ဖြစ်လာမှာပါ။ Reel မှာ တင်ထားတဲ့ Video လေးကိုကြည့်ရင်း Practice အတူ လိုက်လုပ်ကြည့်ရအောင်နော်။

English Basic အတွက် အခြေခံ ပိုင်နိုင်ချင်သူများ Speaking ‌ပြောမထွက်သူများ အတွက် Foundation ကို Step-by-Step, Easy-to-Follow method, gameတွေကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ သင်ကြား‌ပေးမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၆ မှာ ဖွင့်မယ် A1 Zoom Online Class လေး ရှိ့ပါတယ်နော်။ အသေးစိတ် ကိုတော့ အောက်က လင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။⏬⏬⏬
https://www.facebook.com/share/p/1AZ2ayUL1E/

ဖေဖော်ဝါရီလမှာ အခြေခံကနေ စနစ်တကျ သင်ယူချင်သူများအတွက်-
📩 Message us now to register for A1(beginner) Feb Online Class!

21/12/2025

Sunday မှာ အနားယူရင်း သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ သုံးလို့ရမယ့် "Cool Slangs" (၅) ခုကို Portal English Language Center ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ✨💬
ဒီစကားလုံးလေးတွေက Native Speaker တွေ ကြားထဲမှာ အရမ်းခေတ်စားသလို၊ ကိုယ်တိုင်သုံးကြည့်ရင်လည်း ပိုပြီး Natural ဖြစ်စေမှာပါ။
၁။ Vibe Check 🌈 - အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင်က အဆင်ပြေရဲ့လားလို့ စစ်ဆေးတာမျိုး။
၂။ Bet 🤝 - "သေချာပေါက်ပေါ့"၊ "သဘောတူတယ်" လို့ ပြောချင်တဲ့အခါ သုံးပါတယ်။
၃။ No cap 🧢 - "တကယ်ပြောတာပါ"၊ "လိမ်နေတာမဟုတ်ဘူး" လို့ အဓိပ္ပာယ်ရပါတယ်။
၄။ Chill out 🧘‍♂️ - "အေးအေးဆေးဆေးနေပါ"၊ "စိတ်လျှော့ပါ" လို့ ပြောတာပါ။
၅။ Slay 🔥 - "အရမ်းမိုက်တယ်"၊ "အမိုက်စား လုပ်နိုင်တယ်" ဆိုတဲ့ သဘောပါ။
ဘယ်စကားလုံးကို အကြိုက်ဆုံးလဲ? အောက်က Comment မှာ တစ်ခုခုကို ရွေးပြီး စာကြောင်းလေးတွေ တည်ဆောက်ပြခဲ့ပါဦး! 👇

English Basic အတွက် အခြေခံ ပိုင်နိုင်ချင်သူများ Speaking ‌ပြောမထွက်သူများ အတွက် Foundation ကို Step-by-Step, Easy-to-Follow method, gameတွေကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ သင်ကြား‌ပေးမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၆ မှာ ဖွင့်မယ် A1 Zoom Online Class လေး ရှိ့ပါတယ်နော်။ အသေးစိတ် ကိုတော့ အောက်က လင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။⏬⏬⏬
https://www.facebook.com/share/p/1AZ2ayUL1E/

18/12/2025

အင်္ဂလိပ်စာက ကမ္ဘာတစ်ဝှမ်းမှာ ယနေ့ခေတ် Communication အတွက် အလွန်အရေးကြီးပြီး…
✔ ကျွမ်းကျင်စွာ မပြောတတ်သေးတောင်
✔ Sentence ကောင်းကောင်းမတည်ဆောက်နိုင်သေးရင်တောင်
✔ Vocabulary အများကြီး မသိသေးရင်တောင်
👉 “အခြေခံမှ သေချာတည်ဆောက်နိုင်ဖို့” တကယ့်ကို လိုအပ်ပါတယ်။
မူလကတည်းက Foundation ကောင်းမှသာ Speaking Confidence ရှိရှိပြောနိုင်မှာဖြစ်ပြီး, Writing ကိုလည်း grammarပိုင်နိုင်စွာနဲ့ မှန်မှန်ကန်ကန်ရေးတတ်မှာဖြစ်ပြီး, တကယ့်လက်တွေ့ဘဝမှာသေချာစွာ communication လုပ်နိုင် အသုံးချနိုင်မှာပါ...
ဒါကြောင့်မို့လို့ အခုပဲ Portal English Language Center ၏ Feb 1, 2026 မှစပြီး ရုံးချိန်လွတ် 4 Months Online Program အတွက် A1 Zoom Online Class (Beginner Level) အား အပ်နှံရင်း Cash Back အစီအစဉ်များကိုရယူလိုက်ပါ။
🎓 A1 Zoom Online Class (Beginner Level)
🗓 Class Days: Fri • Sat • Sun
⏰ Time : 6:30 PM – 8:00 PM
💵 Course Fee: 140,000 MMK (4 Months Full Course)
📘 Book Fee: 40,000 MMK (Delivery ရောက်သည့်မြို့များအတွက် → ‌အိမ်အရောက်ငွေချေ)
👩‍🏫 About Your Teacher

✔B.Com (MEUE)
✔PGDE (MUFL)
✔ Dip in ELTM (YUOE)
✔ TKT
✔ Tesol
✔ 10 YEARS Teaching Experience
✔ Green Card Holder

Foundation ကို Step-by-Step, Easy-to-Follow method, gameတွေကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ သင်ပေးမယ့် Tr Alice ဖြစ်ပါတယ်။

🌐 A1 Class ဘယ်သူတွေနဲ့ သင့်တော်မလဲ
✔ တက္ကသိုလ်ကျောင်းသားကျောင်းသူများ
✔ English အခြေခံမှစလေ့လာမည့်သူ
✔ Grammar/Pronunciation Basic ပိုင်နိုင်ချင်သူ
✔ Speaking မပြောရဲသူ ပြောမထွက်သူများ
✔ လုပ်ငန်းခွင်မှာ Speaking Writing အားနည်းသူများ
✔ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေပြီး communication ကောင်းကောင်းမလုပ်နိုင်သေးသောသူများ
✔ Zoom Class နဲ့ သက်တောင့်သက်သာ လေ့လာချင်သူများ

📌အတန်းမှန်မှန်တက်ခြင်းဟာအကောင်းဆုံးပါ။ အရေးကြီးကိစ္စရှိလို့ပျက်ရက်တွေအတွက်လည်း Recording ရှိလို့ စာလွတ်သွားမှာမျိုးစိတ်ပူစရာမလိုပါဘူးနော်

🎁 Launching Promotion (For New Joiners)
Promo (A):
🎉 ပထမဆုံး အပ်တဲ့ ကျောင်းသား ၅ ယောက် အတွက် → 20,000 MMK Cash Back
Promo (B):
➡ Page ကို Like + Follow လုပ်ပြီး
➡ Friend 3 ယောက် အား Tag ပြီး Public Share Screenshot comment ရုံနဲ့
🎁 10,000 MMK Cash Back
(Promo A & B ကို တစ်ယောက်တည်း ပေါင်းသုံးခြင်းမရပါ)
*အတန်း တစ်တန်းလျှင် ကျောင်းသား ၂၀ သာလက်ခံပါသည်။*
📩 How to Register?
Page Messenger or Viber No. 09420090524 , 09963838668
Early Registration = Better Chance for Cashback!

13/12/2025

Fun Saturday
Emoji English Challenge

❄️
🌨️
🎄
🦌

Emoji လေးတွေကိုကြည့်ပြီး သူ့ရဲ့ spelling လေးတွေကိုရေးပေးခဲ့နော်



10/12/2025

Wisdom Wednesday 🧠

Why does English have silent letters?
English wordတွေကို အသံထွက်တဲ့အခါ silent သံလေးတွေတွေ့ရတတ်တယ်ဟုတ် ? Word ထဲမှာ letter အက္ခရာတွေပါနေပေမယ့် ... တစ်ချို့အသံတွေကတော့ magic 🪄 ဆန်ဆန် ပျောက်နေတတ်ကြပါတယ်...

E.g. /k/ silent in these words- knock,know,knee
E.g- knock /nɒk $ nɑːk/
know /nəʊ $ noʊ/
knee /niː/
ဥပမာ-
knock /နော့ခ်/ မှာ /k/ /ခ/ သံကိုဖျောက်ထားပါတယ်။
know /နိုး/ မှာ /k/ /ခ/ သံကိုဖျောက်ထားပါတယ်။
knee /နီး/ မှာလည်း /k/ /ခ/ သံကိုဖျောက်ထားပါတယ်။

တစ်ခြား learners တို့ သိတဲ့ silent ဖြစ်နေတဲ့အသံပါတဲ့ စကားလုံးလေးတွေကိုကော comment boxမှာရေးပေးခဲ့ကြဦးနော် 🩷



10/12/2025

✨ Tr Alice တို့ရဲ့ Portal English Language Center ကနေ
ဒီနေ့တင်ပေးမယ့် အကြောင်းအရာလေးကတော့ “want” ရဲ့ အသုံးလေးပဲ ဖြစ်ပါတယ်။💙

📘 Meaning (အဓိပ္ပာယ်):
👉 လိုချင်တယ် / လိုချင်သည်

📗 Form (ပုံစံ):
👉 S (plural) + want + N

📌 Examples:
1️⃣ I want a Christmas present.
✔ ကျွန်တော်/ကျွန်မ ခရစ်စမက် လက်ဆောင်လိုချင်တယ်/သည်။

2️⃣ We want a car.
✔ ကျွန်တော်တို့/ကျွန်မတို့ ကားတစ်စီးလိုချင်တယ်/သည်။

---

💬 ကဲ… ကိုယ် ဘာလိုချင်လဲ? I want my EX.
Oh! Sorry! သူကတော့ ပြန်မလာတော့ပါဘူးတဲ့ ဘယ်လောက်လိုချင် လိုချင် 😁
👉 (I want…) pattern လေးကိုသုံးပြီး comment box မှာရေးပေးသွားဦးနော်! 🎄🚗✨



25/10/2025

Hello!
Today I'm going to share
"can" and "can't" for "ability"

+I can speak English well.
-I can't speak Japanese.
?Can you speak Chinese?
Yes, I can./ No, I can't.
?What can you do?
I can speak English well.

ဒီနေ့သင်ခန်းစာလေးကတော့ Can နဲ့ Can't အသုံးလေးပါ။
အဓိပ္ပာယ်- ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပြချင်ရင်သုံးပါတယ်။
ပုံစံ- Can ရဲ့နောက်က V0လိုက်ပါတယ်။
အသံထွက်- Can မှာ ဖိမပြောရပေမယ့်... Can't မှာတော့ဖိပြောရပါမယ်။

ခုလောက်ဆိုနားလည်မယ်ထင်ပါတယ်...
ဘာလုပ်တတ်လဲ ရေးကျင့်ခဲ့ပါအူးနော်...

"What can you do?"

With love.





Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

2nd Street
Naypyidaw
15011