PPL, Your Research Coach

PPL, Your Research Coach I have been working in research and academic fields for 16 years.

By taking advantage of my knowledge and experiences, I am here for you to support your research projects to be successfully accomplished.

🖊️ Maturation effect:  ရင့်ကျက်လာခြင်း၏ သက်ရောက်မှု📌 သုတေသနတွေဆောင်ရွက်ကြတဲ့အခါမှာ စမ်းသပ်မှုတစ်ခုခုရဲ့အကျိုးရလဒ်ကို သိစ...
02/03/2026

🖊️ Maturation effect: ရင့်ကျက်လာခြင်း၏ သက်ရောက်မှု

📌 သုတေသနတွေဆောင်ရွက်ကြတဲ့အခါမှာ စမ်းသပ်မှုတစ်ခုခုရဲ့အကျိုးရလဒ်ကို သိစေဖို့အတွက် before and after design ကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ စီမံကိန်းတစ်ခုရဲ့သက်ရောက်မှုကို သိစေဖို့ရာ စီမံကိန်းမစခင်အခြေအနေ (Baseline information) နဲ့ စီမံကိန်းပြီးစီးပြီးနောက် ပြောင်းလဲလာမှုအခြေအနေကိုတိုင်းတာဖို့အတွက် တူညီတဲ့ဦးရေမှာ အချက်အလက် (၂) ကြိမ်ကောက်ယူဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး before and after design ကို အသုံးပြုရာမှာ ဆိုးကျိုးတစ်ခုဖြစ်စေတဲ့ Maturation effect အကြောင်းကို ဒီနေ့မှာ မိတ်ဆက်ပေးပါမယ်။

📌 ဒေတာတွေကို အစနဲ့ အဆုံး ကောက်ယူတဲ့ကြားမှာ အချိန်ကာလ တော်တော်လေး ကွာဟသွားမယ်ဆိုရင်၊ သုတေသနမှာ ပါဝင်တဲ့သူတွေက အသက်ကြီးလာတာ ဒါမှမဟုတ် ရင့်ကျက်လာတာမျိုးတွေကြောင့် သူတို့ရဲ့ သဘာဝက အလိုအလျောက် ပြောင်းလဲသွားနိုင်ပါတယ်။

📌 ဒါဟာ အထူးသဖြင့် ကလေးငယ်တွေကို လေ့လာတဲ့အခါမျိုးမှာ ပိုပြီးတော့ သိသာပါတယ်။ ဒီလို ကြီးထွားရင့်ကျက်လာမှုက ကျွန်မတို့ တိုင်းတာချင်တဲ့ ရလဒ် (Dependent variable) နဲ့ တိုက်ရိုက်ပတ်သက်နေမယ်ဆိုရင်၊ အဲဒီသက်ရောက်မှုတွေကို နောက်ဆုံးကောက်ယူတဲ့ ဒေတာတွေထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက် စမ်းသပ်လိုတဲ့အကြောင်းရင်း (Independent variables) ရဲ့သက်ရောက်မှုသက်သက်မဟုတ်ဘဲ Maturation effect ဟာလည်း တနည်းတဖုံပါဝင်သက်ရောက်နေတာမျိုးကို တွေ့ကြုံနိုင်ပါတယ်။

🖊️ ဒါကို သုတေသနမှာတော့ "ရင့်ကျက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်လိုက်မှု" လို့လည်းခေါ်ကြပါတယ်။
🖊️🖊️🖊️🖊️🖊️🖊️🖊️
Before and after design (Pre-test/Post-test design) မှာ Maturation effect ကို လျှော့ချဖို့ဆိုတာ တကယ်တော့ စိန်ခေါ်မှုတစ်ခုပါ။ ဘာလို့လဲဆိုတော့ လူတွေ/အပင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း ရင့်ကျက်ပြောင်းလဲလာတာကို တားဆီးလို့မရလို့ပါပဲ။
ဒါပေမဲ့ သုတေသန ရလဒ်အပေါ်မှာ ဒီသက်ရောက်မှု မလွှမ်းမိုးအောင် လုပ်ဆောင်နိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းအချို့ ရှိပါတယ်။

1️⃣ Control Group (နှိုင်းယှဉ်စု) ထည့်သွင်းအသုံးပြုခြင်း
ဒါက အကောင်းဆုံးနည်းလမ်းပါ။ သုတေသနမှာ အုပ်စုနှစ်စု ခွဲလိုက်တာမျိုး ဖြစ်ပါတယ်။
* Experimental Group: သင်တန်းပေးတာ ဒါမှမဟုတ် ဆေးတိုက်တာမျိုး (Treatment) လုပ်မယ့်အုပ်စု။
* Control Group: ဘာမှမလုပ်ဘဲ ဒီတိုင်းထားမယ့်အုပ်စု။
အကယ်၍ အုပ်စုနှစ်ခုလုံးက ကလေးတွေဟာ အချိန်ကာလကြောင့် အလိုအလျောက် တတ်မြောက်လာတာ (Maturation) တူတူပဲဆိုရင်၊ နောက်ဆုံး Post-test မှာ Experimental Group က ပိုပြီး ထူးထူးခြားခြား တိုးတက်နေမှသာ သင်ပေးတဲ့ Treatment ကြောင့်လို့ ကောက်ချက်ချနိုင်မှာပါ။

2️⃣ အချိန်ကာလကို တိုတိုလေးပဲ ထားခြင်း (Shorten the time gap)
Before data နဲ့ After data ကောက်ယူတဲ့ကြားက အချိန်ကို တတ်နိုင်သမျှ တိုတိုလေးပဲ ထားပါ။ အချိန်ကာလ တိုလေလေ၊ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သဘာဝအလျောက် ပြောင်းလဲမှု (Maturation) ဖြစ်နိုင်ခြေ နည်းလေလေပါပဲ။

3️⃣ Random Assignment (ကျပန်းစနစ်ဖြင့် ရွေးချယ်ခြင်း)
ပါဝင်သူတွေကို အုပ်စုခွဲတဲ့အခါ ကျပန်းစနစ် (Random) နဲ့ ခွဲတာက Maturation effect ကို အုပ်စုနှစ်ခုလုံးမှာ ညီတူညီမျှ ဖြစ်သွားစေပါတယ်။ ဒါဆိုရင် ရလဒ်ကို နှိုင်းယှဉ်တဲ့အခါ ဘေးလိုက်မှု နည်းသွားပါတယ်။

4️⃣ Multiple Baseline Measurements
Post-test မလုပ်ခင်မှာ Pre-test ကို တစ်ကြိမ်တည်း မဟုတ်ဘဲ အချိန်ကွာခြားပြီး နှစ်ကြိမ်၊ သုံးကြိမ်လောက် အရင်တိုင်းတာတာပါ။
* အကယ်၍ Treatment မပေးခင်မှာတင် သူတို့က အလိုအလျောက် တိုးတက်နေတယ်ဆိုရင် ဒါဟာ Maturation effect ရှိနေတာကို ပြနေတာပါ။ ဒါကို သိထားရင် နောက်ဆုံးရလဒ်မှာ အဲဒီအချက်ကို ထည့်သွင်းတွက်ချက် (Adjust) လို့ ရပါတယ်။

PPL, Your Research Coach

Hypothesis 101 💡💡💡🖊️ Quantitative research (အရေအတွက်အခြေပြုသုတေသန) တစ်ခုလုပ်မယ်ဆိုရင် Hypothesis (ယူဆချက်) တစ်ခုကို တည်ဆ...
24/02/2026

Hypothesis 101 💡💡💡

🖊️ Quantitative research (အရေအတွက်အခြေပြုသုတေသန) တစ်ခုလုပ်မယ်ဆိုရင် Hypothesis (ယူဆချက်) တစ်ခုကို တည်ဆောက်ဖို့ကလည်း အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်။ သုတေသနစာတမ်းတွေလေ့လာဖတ်ရှုတဲ့အခါ Hypothesis တစ်ခု/တစ်ခုထက်ပိုပြီး ဖော်ထုတ်တင်ပြထားတာ တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် သုတေသနတစ်ခုဆောင်ရွက်မယ်ဆိုတဲ့အခါ Hypothesis ကို မဖြစ်မနေဖော်ထုတ်မှဖြစ်မှာလားဆိုတဲ့ အမေးတစ်ခုတစ်ကို ဒီမှာရှင်းပြချင်ပါတယ်။

📌 Hypothesis ရဲ့ အခန်းကဏ္ဍ: Hypothesis တွေက သုတေသနပြဿနာကို ပိုပြီးတော့ ရှင်းလင်းစေတယ်၊ တိကျစေတယ်၊ ပြီးတော့ ဘာကိုအဓိကထားရမလဲဆိုတာကို သိသာစေပါတယ်။ ဒါပေမဲ့ ဒါဟာ သုတေသနတစ်ခုအတွက် မရှိမဖြစ်တော့ မဟုတ်ပါဘူး။

📌 လက်တွေ့အသုံးချမှု: ပုံသေကားကျ Hypothesis တစ်ခုမှ မရှိဘဲနဲ့လည်း ခိုင်မာတဲ့ လေ့လာစမ်းသပ်မှုတစ်ခုကို လုပ်လို့ရပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့သုတေသနအခြေအနေအရ လိုအပ်သလောက် Hypothesis တွေကို စိတ်ကြိုက် တည်ဆောက်လို့ရပါတယ်။

📌 တချို့ကတော့ သုတေသနလုပ်ရင် Hypothesis ရှိကိုရှိရမယ်လို့ ယူဆကြပါတယ်။ ဒါဟာအပေါ်မှာဆိုခဲ့သလို ကိုယ်လုပ်တဲ့သုတေသနအတွက် လမ်းကြောင်းမလွဲသွားစေဖို့ အထောက်အကူပြုတာတော့အမှန်ပါပဲ။ Hypothesis ဆိုတာ အခြေခံအားဖြင့် "ထင်ကြေး" တွေအပေါ်မှာ မူတည်ပြီး ဖြစ်လာတာပါ။ ဒီထင်ကြေးတွေ မရှိဘဲနဲ့လည်း ကောင်းမွန်တဲ့ သုတေသနတစ်ခုကို လုပ်ဆောင်နိုင်ပါတယ်။

📌 ခြွင်းချက်: ဒါပေမဲ့ အချို့သုတေသနနယ်ပယ်တွေ၊ ဥပမာအားဖြင့် ရောဂါဗေဒဆိုင်ရာ လေ့လာမှု (Epidemiological studies) တွေမှာတော့ နယ်ပယ်ကျဉ်းသွားအောင် Hypothesis ထုတ်ဖို့က အရေးကြီးပါတယ်။ Hypothesis တွေက သုတေသနကို လမ်းကြောင်းမှန်ပေါ်ရောက်စေပြီး ဘယ်လိုအချက်အလက်တွေကို စုဆောင်းရမလဲဆိုတာကို တိတိကျကျ လမ်းညွှန်ပေးပါတယ်။

💡 ဥပမာအနေနဲ့ ကြည့်ရအောင်
မြင်းပွဲသွားပြီး လောင်းကြေးထပ်တယ်ဆိုပါစို့။ "ဒီမြင်းတော့ နိုင်မှာပဲ" ဆိုတဲ့ ထင်ကြေး (Hunch) တစ်ခုနဲ့ လောင်းလိုက်တာမျိုးပါ။ မြင်းပွဲပြီးမှပဲ ကိုယ့်ထင်ကြေး မှန်၊ မမှန် သိရမှာပေါ့။

နောက်ဥပမာတစ်ခုကတော့—ကိုယ့်အတန်းထဲမှာ ဆေးလိပ်မသောက်တဲ့သူထက် သောက်တဲ့သူ ပိုများမယ်လို့ ကိုယ်က ထင်နေတယ်ဆိုပါစို့။ အဲဒီထင်ကြေးကို စမ်းသပ်ဖို့အတွက် အတန်းထဲက လူအားလုံးကိုဖြစ်ဖြစ်၊ တချို့ကိုဖြစ်ဖြစ် "ဆေးလိပ်သောက်လား" လို့ လိုက်မေးကြည့်ရပါမယ်။ အဲဒီအခါကျမှ ကိုယ်ထင်ထားတာ မှန်သလား၊ မှားသလားဆိုတာကို အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ Hypothesis ဖော်ထုတ်ခြင်းရဲ့ အရှင်းလင်းဆုံးဥပမာတစ်ခုသာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူပိုများလိမ့်မယ်လို့သင်က ထင်ကြေးပေးခဲ့ပေမယ့် တကယ်တမ်းဆန်းစစ်မှုတွေလုပ်ပြီး ထွက်လာတဲ့အဖြေက ဆေးလိပ်သောက်သူကပိုနည်းတယ်ဆိုရင် သင့်ထင်မြင်ယူဆချက်က မှားနေတယ်လို့ ညွှန်ပြနေပါတယ်။ ကိုယ်စားပြုနိုင်တဲ့လူဦးရေကို လေ့လာခဲ့တာသေချာတယ်ဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့သုတေသနရလဒ်တစ်ခုဖြစ်ပါတယ်။

Source: Ranjit Kumar

PPL, Your Research Coach

🖊️ သုတေသနလုပ်ငန်းစဉ် (Research process) ဆိုတာ ခရီးစဉ်တစ်ခုပါပဲ 🖊️ 📌 ခြုံပြီးပြောရရင် သုတေသနလုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်...
15/02/2026

🖊️ သုတေသနလုပ်ငန်းစဉ် (Research process) ဆိုတာ ခရီးစဉ်တစ်ခုပါပဲ 🖊️

📌 ခြုံပြီးပြောရရင် သုတေသနလုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ရတာဟာ ခရီးတစ်ခုသွားရတာနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဥပမာ- သင် ကားမောင်းပြီး အပြင်ခရီးတစ်ခုသွားဖို့ စဉ်းစားကြည့်ပါ။
ခရီးမစခင်မှာ အရင်ဆုံး ဘယ်ကိုသွားမလဲဆိုတာနဲ့ ဘယ်လမ်းကသွားမလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ရပါတယ်။ လမ်းကိုသိပြီးသားဆိုရင်တော့ မြေပုံကြည့်စရာမလိုပေမဲ့ လမ်းမသိဘူးဆိုရင်တော့ မြေပုံကြည့်ဖို့ လိုလာပါပြီ။ တကယ်လို့ သွားမယ့်လမ်းက တစ်လမ်းမက ရှိနေရင်တော့ ဘယ်လမ်းကို ရွေးမလဲဆိုတာ ပိုပြီး ခေါင်းစားရမှာပါ။

📌 အဲဒီအတိုင်းပါပဲ... သုတေသနခရီးစဉ်မှာလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်နှစ်ခု ချရပါတယ်။

1️⃣ ဘာကို သိချင်တာလဲ (ဒါမှမဟုတ် ကိုယ်အဖြေရှာချင်တဲ့ သုတေသန မေးခွန်းတွေကဘာလဲ) ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ရတာပါ။

2️⃣ မေးခွန်းတွေ၊ ပြဿနာတွေကို သတ်မှတ်ပြီးပြီဆိုရင်တော့ အဲဒီအဖြေတွေကို ဘယ်လိုရှာမလဲ ဆိုတာ ဆက်ပြီး ဆုံးဖြတ်ရပါတယ်။

📌 ဒီလို အဖြေရှာဖို့ သွားရတဲ့ လမ်းကြောင်းကိုပဲ Research Methodology (သုတေသန နည်းစနစ်) လို့ ခေါ်တာပါ။ လမ်းခရီးမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိသလိုပဲ သုတေသနခရီးမှာလည်း အဖြေရှာနိုင်ဖို့ ဖြတ်သန်းရမယ့် လက်တွေ့အဆင့်ဆင့်တွေ ရှိပါတယ်။

ဒီအဆင့်တွေရဲ့ အစီအစဉ်က ပုံသေကြီးတော့ မဟုတ်ပါဘူး။ အတွေ့အကြုံရှိလာရင်တော့ အခြေအနေအရ ပြောင်းလဲနိုင်ပါတယ်။
အဆင့်တိုင်းမှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အောင်အောင်မြင်မြင် ဖြစ်မြောက်ဖို့အတွက် ရှိသမျှ နည်းလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေထဲကနေ အကောင်းဆုံးကို ရွေးချယ်ရမှာပါ။
ဒီနေရာမှာပဲ သုတေသန နည်းစနစ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ဗဟုသုတနဲ့ အခြေခံက တကယ်ကို အရေးပါလာတာ ဖြစ်ပါတယ်။

Source: Ranjit Kumar

PPL, Your Research Coach

🖊️ သုတေသနတွေဆောင်ရွက်ကြတဲ့အခါမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိကြပါတယ်။ အဓိကကျတဲ့ ရည်ရွယ်ချက် (၄) မျိုးအကြောင်းကို ဒီပို့စ်ထဲ...
13/02/2026

🖊️ သုတေသနတွေဆောင်ရွက်ကြတဲ့အခါမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိကြပါတယ်။ အဓိကကျတဲ့ ရည်ရွယ်ချက် (၄) မျိုးအကြောင်းကို ဒီပို့စ်ထဲမှာ ဝေမျှပေးပါမယ်။

1️⃣ အခြေအနေ၊ ဖြစ်ရပ်၊ ပြဿနာ သို့မဟုတ် အကြောင်းအရာတစ်ခုကို ဖော်ပြရန် (ဖော်ပြချက်ပြု သုတေသန - Descriptive Research)

2️⃣ အချက်အလက် (Variables) နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အချက်များအကြား ဆက်နွယ်မှုကို ရှာဖွေဖော်ထုတ်ရန် (ဆက်နွယ်မှုရှာ သုတေသန - Correlational Research)

3️⃣ အချို့သော အရာဝတ္ထုဖြစ်ရပ်များ အဘယ်ကြောင့် ဤသို့ဖြစ်ပျက်ရသည်ကို ရှင်းလင်းတင်ပြရန် ၊ (ရှင်းလင်းချက်ပြု သုတေသန - Explanatory Research)။ ဥပမာဆိုရရင် အပေါ်က Correlational Research မှာလေ့လာခဲ့တဲ့ အချက်အလက်တွေအကြားက ဆက်နွယ်မှုဟာ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေဖော်ထုတ်တာမျိုးလည်း ပါဝင်ပါတယ်။

4️⃣ အချက်အလက် အနည်းငယ်သာ သိရှိရသေးသော သို့မဟုတ် လုံးဝမသိရှိရသေးသော နယ်ပယ်တစ်ခုကို စူးစမ်းရန် သို့မဟုတ် သုတေသနပြုလုပ်နိုင်စွမ်း ရှိ၊ မရှိကို စစ်ဆေးရန် (စူးစမ်းလေ့လာရေး သုတေသန - Exploratory Research) ။"

PPL, Your Research Coach

သုတေသနစာတမ်းတစ်စောင်/ သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားရမယ်ဆိုတဲ့အခါ research methodology section က မပါမဖြစ်အစိတ်အပိုင်းတစ...
10/02/2026

သုတေသနစာတမ်းတစ်စောင်/ သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားရမယ်ဆိုတဲ့အခါ research methodology section က မပါမဖြစ်အစိတ်အပိုင်းတစ်ခုပါပဲ။

Research methodology ဆိုတာက ကိုယ့်ရဲ့သုတေသကို ဘယ်လိုနည်းလမ်းနဲ့လုပ်မှာလဲဆိုတာ အသေးစိတ်ရေးသားတဲ့အပိုင်းပါ။

ဒီလိုရေးသားပြင်ဆင်ရတဲ့အခါ သင့်ရဲ့သုတေသနနည်းလမ်းကို အခြားသူတစ်ယောက်က တစ်ထပ်တည်းလိုက်လုပ်လို့ရအောင် တစ်ဆင့်ချင်းတိတိကျကျရေးသားဖို့လိုပါတယ်။

ကျွန်မတို့လိုက်လုပ်လေ့ရှိတဲ့ ဟင်းချက်နည်း (recipes) တွေလိုမျိုး အသေးစိတ်ရေးသားဖော်ပြရပါမယ်။

Methodology အပိုင်းကို သေချာပြင်ဆင်ရေးသားနိုင်လေ၊ သင့်အတွက်လည်းသုတေသနလုပ်ရတာ လမ်းမပျောက်တော့ဘဲ သေချာလုပ်နိုင်လေလေပါပဲ။

So the point is “your methodology section should function like an instruction manual or recipe that allows others to replicate, validate, and understand the logic behind your study “.

10 Feb 2026
PPL, Your Research Coach

ဖတ်သမျှစာတမ်းတိုင်းကို သဘောတူဖို့မလိုပါဘူး ...ကျွန်မတို့ Literature review အတွက် စာတမ်းတွေဖတ်ကြ၊ မှတ်ကြရတဲ့အခါ ဖတ်ပြီးရု...
09/09/2025

ဖတ်သမျှစာတမ်းတိုင်းကို သဘောတူဖို့မလိုပါဘူး ...

ကျွန်မတို့ Literature review အတွက် စာတမ်းတွေဖတ်ကြ၊ မှတ်ကြရတဲ့အခါ ဖတ်ပြီးရုံ၊ သူတို့တွေ့ရှိသမျှ သဘောတူလိုက်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်သုတေသနနယ်ပယ်နဲ့ကိုက်ညီတဲ့ အရင်တွေ့ရှိချက်တွေကို လေ့လာတယ်ဆိုတာထက် သုံးသပ်တင်ပြတယ်ဆိုတာက ပိုမှန်ပါတယ်။

စာတမ်းတစ်ခုချင်းစီရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်တွေကို မှတ်သားသုံးသပ်ဖို့လိုပါတယ်။ ဥပမာဆိုရရင် နမူနာအရေအတွက် နည်းနေသလား၊ တွေ့ရှိချက်တွေဟာ နယ်ပယ်ကျဉ်းကျဉ်းလေးကိုသာ ကိုယ်စားပြုသလား၊ သုတေသနမေးခွန်းတွေကို ပြန်လည်ဖြေရှင်းပေးနိုင်တဲ့ ရလဒ်မျိုးတွေဟုတ်သလား၊ အချက်အလက်ကောက်ယူခြင်းဟာ သုတေသနနဲ့သင့်လျော်တဲ့နည်းစနစ်ကို သုံးထားတာဟုတ်ရဲ့လားစသဖြင့်ပေါ့။ များများဖတ်လေ၊ များများလေ့လာလေ ပိုသုံးသပ်ပြနိုင်လေဖြစ်လာမှာပါပဲ။

ဖတ်မိ၊ သုံးသပ်မိသမျှအရာအားလုံးကို Literature review ထဲ အလုံးစုံထည့်ရေးစရာမလိုပေမယ့် ကိုယ်လုပ်မယ့်သုတေသနအတွက် တကယ့်ကိုအသုံးဝင်တဲ့သင်ခန်းစာတွေဖြစ်လာပါလိမ့်မယ်။ တချို့သင်ခန်းစာတွေဟာ ကိုယ်တိုင်ပြုလုပ်ပြီးမှ တွေ့ရှိ/ပြန်ပြင်ရတာထက် အခြားသူတွေဆီကနေရတဲ့ သင်ခန်းစာတွေကလည်း အသုံးဝင်၊ အချိန်ကုန်သက်သာစေမှာပါ။

စာတမ်းတွေကို အသေးစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ခြင်းအားဖြင့် examiners တွေအနေနဲ့ သင်ဟာ တကယ့်ကို သေချာဖတ်ရှုပြီး ထဲထဲဝင်ဝင်နားလည်တယ်ဆိုတာကို လက်ခံကြပါလိမ့်မယ်။ ဒါဟာ သင့်အပေါ်မှာ ကောင်းမွန်တဲ့ သဘောထားအမြင်ပဲမဟုတ်လား။

Yours,
PPL, Your Research Coach

𝗧𝗵𝗮𝘁'𝘀 𝗼𝗻𝗲 𝗽𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗵𝗮𝗰𝗸! Productivity ကို မြှင့်တင်ဖို့ဆိုရင် နေ့တိုင်းမှာ To-do list လုပ်ကြသလို လုပ်ဖို့လည်းအကြံပေ...
13/07/2025

𝗧𝗵𝗮𝘁'𝘀 𝗼𝗻𝗲 𝗽𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗵𝗮𝗰𝗸!

Productivity ကို မြှင့်တင်ဖို့ဆိုရင် နေ့တိုင်းမှာ To-do list လုပ်ကြသလို လုပ်ဖို့လည်းအကြံပေးကြပါတယ်။ ဦးတည်ရာမရှိဘဲ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတာထက် To-do list ရှိနေတော့ ဘာလုပ်ရမလဲဆိုတာ ထင်သာမြင်သာရှိပြီး တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ကျွန်မလည်း အရေးကြီးတာမျိုးတွေမရှိတဲ့ ပုံမှန်ရက်တွေမှာဆိုရင် လုပ်ဖြစ်တယ်။ နေ့ရက်တိုင်းကို ဘာမှမဖြစ်မြောက်ဘဲ ဒီအတိုင်းကြီးတော့ ကုန်ဆုံးမသွားချင်ဘူးလေ။ အချိန်ဟာ တန်ဖိုးရှိတယ်မဟုတ်လား။

ပြဿနာက အရေးကြီးတာ၊ အထူးသဖြင့် နည်းနည်းခက်တဲ့အလုပ်တွေလုပ်ရချိန်မှာ To-do list ဟာ ကိုယ့်ကို လှည့်စားနိုင်ပါတယ်။ အလုပ်တွေပြီးတယ်ဆိုတဲ့စိတ်မျိုးနဲ့ကိုယ့်ကိုယ်ကို နှစ်သိမ့်ချင်တယ်၊ ခက်တဲ့အလုပ်ကိုလည်းမလုပ်ချင်သေးတော့ list ထဲက လွယ်တဲ့အလုပ်လေးတွေကောက်လုပ်လိုက်၊ အမှန်လေးခြစ်လိုက်၊ စိတ်လေးကိုဖြေသိမ့်လိုက်နဲ့ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ အချိန်တွေသာကုန်သွားတယ်၊ အရေးကြီးတဲ့အလုပ်တွေသာ မလုပ်ဖြစ်ဘဲ ကျန်ခဲ့ရင်း အလုပ်မပြီးတော့ စိတ်ဓါတ်ကျ၊ မပျော်နိုင်၊ မအိပ်နိုင်ဖြစ်တတ်ပါတယ်။

ဒါကြောင့် သင်က ဘွဲ့အတွက် စာတမ်းရေးနေတာမျိုး၊ အဆိုပြုလွှာရေးနေတာမျိုး၊ အလုပ်အတွက် အစီရင်ခံစာရေးနေတာမျိုးလို မဖြစ်မနေပြီးရမယ့် အရေးကြီးအလုပ်တွေရှိနေတဲ့အခါ Brian Tracy ရဲ့ Eat that frog လိုမျိုးလုပ်ဖို့ သတိပေးချင်ပါတယ်။ To-do list အများကြီးချရေးတာထက် မနက်ဖြန်အတွက်ကို ဒီနေ့ညမှာကတည်းက ပြီးကိုပြီးရမယ့်၊ လုပ်ကိုလုပ်မယ့်အလုပ်တစ်ခုကို ချရေးထားဖို့လိုပါတယ်။ သင့်ရဲ့ project ကို တကယ်ရှေ့ကိုရွေ့သွားစေမယ့် တစ်နေ့တာမှာ သင်လည်းတကယ်လုပ်နိုင်မယ့် ပမာဏကိုသတ်မှတ်ရွေးချယ်ပါ။ အရေးကြီးတာက နောက်တစ်ရက်စပြီဆိုတာနဲ့ တုံ့ဆိုင်းစရာမလိုဘဲ၊ တောင်တွေးမြောက်တွေးလျှောက်တွေးစရာမလိုဘဲ ဘာလုပ်မယ်ဆိုတာကို တိတိကျကျသိနေပါလိမ့်မယ်။

ဒါကြောင့် ဒီနေ့မှာပဲ မနက်ဖြန်အတွက် လုပ်မယ့်အလုပ်တစ်ခုကို ရွေးချယ်သတ်မှတ်ပြီး မပြီးမချင်းထိုင်လုပ်ပါ။ အလုပ်ပြီးတာနဲ့ ဘယ်လောက်ပင်ပန်းခဲ့သည်ဖြစ်စေ ပျော်ရွှင်စေတဲ့ဟော်မုန်းတွေဟာ တကယ်ထွက်လာသလို အိမ်အပြန်လမ်းဟာလည်း တက်ကြွနေပါလိမ့်မယ်။ ဒါဟာ ကျွန်မကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အရာတွေမို့ တကယ်လည်း အလုပ်ဖြစ်လို့ မျှဝေခြင်းဖြစ်ပါတယ်။

13 July 2025
Photo - Pinterest
PPL, Your Research Coach

✍️ စရေးဖို့အတွက် အချိန်ဆွဲနေတုန်းပဲလား 👩🏼‍💻👩🏼‍💻 ကျွန်မတို့အနေနဲ့ ကျောင်းနဲ့ပတ်သက်တဲ့စာတမ်းပဲဖြစ်ဖြစ်၊ အဆိုပြုလွှာ၊ သုတေသ...
09/07/2025

✍️ စရေးဖို့အတွက် အချိန်ဆွဲနေတုန်းပဲလား 👩🏼‍💻

👩🏼‍💻 ကျွန်မတို့အနေနဲ့ ကျောင်းနဲ့ပတ်သက်တဲ့စာတမ်းပဲဖြစ်ဖြစ်၊ အဆိုပြုလွှာ၊ သုတေသနကျမ်းပဲဖြစ်ဖြစ်၊ အလုပ်နဲ့ဆိုင်တဲ့ အစီရင်ခံစာတွေပဲဖြစ်ဖြစ် ရေးရတော့မယ်ဆိုရင် ရေးချင်တဲ့စိတ်ဝင်လာချိန်ထိ အချိန်ဆွဲတတ်ကြတယ်။

😌 ကျွန်မလည်း အလားတူပါပဲ။ ဘွဲ့တွေအတွက် Thesis တွေ၊ စာတမ်းတွေ ရေးရချိန်က ပိုဆိုးပါတယ်။ တနေ့လုံးစားပွဲမှာထိုင်လို့ စာတစ်ကြောင်းလောက် ဖျစ်ညှစ်ရေးရတဲ့အချိန်တွေလည်းရှိတယ်။ ဒါဟာ ကျောင်းသားတိုင်း၊ အထူးသဖြင့် writing နဲ့ပတ်သက်တာတွေလုပ်ရတိုင်းမှာ ကြုံရတဲ့အခြေအနေပါပဲ။ ဘာရေးရမှန်းမသိအောင် ဦးနှောက်ထဲက ဘာအိုင်ဒီယာမှမထွက်နိုင်တော့တာမို့ writer’s block လို့ ဆိုပါတယ်။

✍️တကယ်စာရေးတယ်ဆိုတာက ရေးဖို့အတွက် ထိုင်စဉ်းစားနေတာထက် ခေါင်းထဲပေါ်လာသမျှကို ချရေးဖြစ်ခြင်းသာဖြစ်တယ်။ ပထမအကြိမ်မှာတော့ ပြီးပြည့်စုံမှာမဟုတ်လို့ စိတ်ပူဖို့မလိုပါဘူး။ လိုရင်းက စာမျက်နှာပေါ် စာလုံးတွေချရေးနိုင်ဖို့သာဖြစ်ပါတယ်။ ဥပမာဆိုရင် ၁၅ မိနစ်လောက် timer ပေးပြီး ခေါင်းထဲပေါ်သလာသမျှ စာတွေကို စာမျက်နှာထက် မချွန်းမချန်ရေးဖြစ်ဖို့ဖြစ်တယ်။ စလိုက်ပြီဆိုတာနဲ့ ကျွန်မတို့ရဲ့ဦးနှောက်ဟာ သူ့အလိုလိုအရှိန်ရလာပြီး အိုင်ဒီယာတွေထွက်လာပါလိမ့်မယ်။ ရှုပ်ထွေးကောင်းရှုပ်ထွေးနေနိုင်ပေမယ့် ဘာမှမရေးဖြစ်၊ မစဖြစ်ဘဲ ထိုင်စိတ်ညစ်နေတာထက်တော့ အလုပ်ဖြစ်ပါတယ်။ ရေးပြီးသမျှကို နောက်မှ ပြန်တည်းဖြတ်လို့ရတယ်မဟုတ်လား။

📌 ဒါကြောင့် လုပ်ရမှာက စာတမ်းထဲက အပိုင်းတစ်ပိုင်းကိုကောက်ယူပြီး ၁၅ မိနစ်လောက် ရေးချင်ရာရေးဖို့ပါပဲ။ သတ်ပုံတွေ၊ ဝါကျတည်ဆောက်ပုံတွေ၊ Grammar တွေ၊ စာပိုဒ်ဖွဲ့စည်းပုံတွေကို ခဏမေ့ထားပြီး သင့်အိုင်ဒီယာတွေကို လွတ်လွတ်လပ်လပ်စီးဆင်းကြည့်ပါလိုက်ပါ။ AIကို မေးပြီး သင့်ခေါင်းထဲက အကြံဉာဏ်တွေကို မရောထွေးမိပါစေနဲ့။ ကိုယ့်စာတမ်းဟာ ကိုယ်သာအသိဆုံးဖြစ်တာမို့ ကိုယ်တိုင်ပဲဖန်တီးကြည့်ဖို့ အရေးကြီးပါတယ်။

✨ ကွန်ပျူတာကီးဘုတ်ပေါ် သင့်လက်ချောင်းတွေစကစားပြီဆိုတာနဲ့ တိုးတက်မှုက စလာပြီဖြစ်ကြောင်း သတိရပါ။ စာမျက်နှာအလွတ်ကြီး/ screen ကြီးကို ထိုင်ကြည့်နေဖို့မဟုတ်ဘဲ အခုပဲခေါင်းထဲပေါ်သမျှ ချရေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

9 July 2025
PPL, Your Research Coach
📸Pinterest

𝗬𝗼𝘂𝗿 𝗽𝗿𝗼𝗽𝗼𝘀𝗮𝗹 𝗶𝘀𝗻’𝘁 𝗮𝗯𝗼𝘂𝘁 𝘄𝗵𝗮𝘁’𝘀 𝗯𝗲𝗲𝗻 𝗱𝗼𝗻𝗲. 📗❌သင့်ရဲ့သုတေသနအဆိုပြုလွှာ (Proposal) က အရင်က အခြားသူတွေအနေနဲ့ ဘာတွေလုပ်ပြီး...
02/07/2025

𝗬𝗼𝘂𝗿 𝗽𝗿𝗼𝗽𝗼𝘀𝗮𝗹 𝗶𝘀𝗻’𝘁 𝗮𝗯𝗼𝘂𝘁 𝘄𝗵𝗮𝘁’𝘀 𝗯𝗲𝗲𝗻 𝗱𝗼𝗻𝗲. 📗

❌သင့်ရဲ့သုတေသနအဆိုပြုလွှာ (Proposal) က အရင်က အခြားသူတွေအနေနဲ့ ဘာတွေလုပ်ပြီးသွားပြီဆိုတာကို အဓိကဦးတည်ရမှာမဟုတ်ပါဘူး။

✅ဘာတွေမလုပ်ရသေးဘူးလဲ၊ ဘာတွေဆက်လုပ်ဖို့ လိုအပ်နေတာလဲ၊ ဘာတွေမတွေ့ရှိရသေးဘူးလဲဆိုတဲ့ Gap ကို အဓိကဦးတည်ရမှာဖြစ်တယ်။

📌 Scholarship အတွက်ဖြစ်စေ၊ ဝင်ခွင့်အတွက်ဖြစ်စေ၊ Proposal defense မှာဖြစ်စေ Examiners တွေအနေနဲ့ မေးလေ့ရှိတာနဲ့ သင့်ဆီက သိချင်တဲ့အဖြေက သင့်ရဲ့သုတေသနဟာ ဘာကြောင့်အရေးကြီးတာလဲဆိုတာဖြစ်တယ်။ ဒါကို အမြန်ဆုံးဖော်ပြနိုင်ဖို့က သင်ဖော်ထုတ်တွေ့ရှိထားတဲ့ research gap ကို ရှင်းရှင်းလင်းလင်းတင်ပြနိုင်ဖို့ဖြစ်ပါတယ်။

📌 ဒီအတွက် သင်သုတေသနလုပ်မယ့်အဓိကနယ်ပယ်မှာ အရင်ရှိထားပြီးဖြစ်တဲ့ သုတေသနရလဒ်တွေ၊ စာအုပ်စာတမ်းတွေကို သေသေချာချာဖတ်ရှုစိစစ်ပြီး ဘယ်လိုနေရာမှာ သင်အနေနဲ့ဘာဆက်လုပ်လို့ရသလဲဆိုတာ ရှာဖွေရမှာပဲဖြစ်တယ်။ (ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ page မှာ အခါအားလျော်စွာ ရေးထားခဲ့ပြီးသားမို့ post အဟောင်းတွေကို ရှာဖတ်ကြည့်လို့ရပါတယ်)

❌”ဘယ်သူမှမလုပ်ရသေးလို့လုပ်တာ” ဆိုတဲ့ ဘောင်ကျယ်လွန်းတဲ့အဖြေမျိုးကို ရှောင်ဖို့တော့လိုလိမ့်မယ်။ ဒီလိုအဖြေမျိုးက သင့်ရည်ရွယ်ထားတဲ့သုတေသနအကြောင်းအရာနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်မလေ့လာရသေးဘူးဆိုတဲ့အဖြေကို ရောက်သွားစေပါလိမ့်မယ်။ သင်လုပ်မယ့်အဓိကနယ်ပယ်မှာ ဘယ်လိုအရာတွေတော့မလုပ်ရသေးဘူးလဲဆိုတဲ့ အဓိကအချက်ကို ဦးတည်ထားဖို့လိုပါတယ်။

💯 ဒီအတွက် သင့်လုပ်ဖို့ရည်ရွယ်ထားတဲ့သုတေသနဟာ ဘာအကြောင့်အရေးကြီးတယ်ဆိုတဲ့အချက်ကို ကောင်းကောင်းဖြေနိုင်တယ်ဆိုရင် ဒါဟာ ကောင်းမွန်ပြည့်စုံတဲ့အဆိုပြုလွှာတစ်ခုအဖြစ် အမှတ်ရနိုင်မှာပဲဖြစ်ပါတယ်။

2 July 2025

PPL, Your Research Coach

09/05/2025

ဒီ video မှာတော့ academic writing အတွက် အသုံးဝင်မယ့် Tip တစ်ခုကို မျှဝေပေးထားပါတယ်။

စာပိုဒ်တစ်ခုရေးသားတဲ့အခါ အခြေခံတည်ဆောက်ပုံအကြောင်းကို သိထားပြီဆိုရင် ရေးရတာ ပိုလွယ်ကူလာမှာပဲဖြစ်လို့ ဒီအကြောင်းကို ပြောပြပေးထားပါတယ်။

AI က လူတွေလုပ်နိုင်တာအားလုံးကို အစားထိုးသွားတော့မှာလား 💻💻✅ ဒီ blog မှာတော့ Indeed CEO ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သ...
10/04/2025

AI က လူတွေလုပ်နိုင်တာအားလုံးကို အစားထိုးသွားတော့မှာလား 💻💻

✅ ဒီ blog မှာတော့ Indeed CEO ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သဘောကျမိတာကြောင့် ဝေမျှပေးပါမယ်။

📌 AI တွေ ထွန်းကားလာတာနဲ့အမျှ နည်းပညာကရှေ့ဆောင်လာတဲ့အခါ အတော်များများက ကိုယ့်ရဲ့အလုပ်တွေကို ထိခိုက်မှာ စိုးကြောက်လာကြပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို AI နဲ့သာ အစားထိုးသွားနိုင်ရင် ခက်ရချည်ရဲ့မဟုတ်လား။

📌 ဆောင်းပါးရှင်ရဲ့အဆိုအရ Indeed မှာတင်တဲ့အလုပ်ခေါ်စာတွေရဲ့ သုံးပုံ နှစ်ပုံလောက်မှာ ဖော်ပြထားတဲ့အလုပ်တွေထဲ AI က ကောင်းကောင်းလုပ်နိုင်တာတွေပါပါတယ်။ ဒါပေမယ့် AI တစ်ခုတည်းကသာ လုပ်နိုင်တယ်လို့ဆိုတဲ့ ခေါ်စာမျိုးတော့ မတွေ့မိသေးပါဘူးတဲ့။ ဆိုလိုတာက အခုနောက်ပိုင်းမှာ AI ကလုပ်နိုင်တဲ့အလုပ်တွေ အများကြီးရှိပေမယ့် လူတွေရဲ့ အခန်းကဏ္ဏဟာလည်း အင်မတန်အရေးကြီးဆဲပါပဲ။

📌ဒါဆိုရင် ဒီလိုနည်းပညာခေတ်ကြီးထဲ လုပ်ငန်းခွင်မှာ ကောင်းကောင်းရှင်သန်ရပ်တည်နိုင်ဖို့ရာ ဘာတွေအရေးကြီးလာပြီလဲ။

📌 ဆောင်းပါးရှင်ရဲ့အဆိုအရ လူသားဆန်တဲ့အရည်အသွေး (Human skills) တွေဟာ AI တွေဘယ်လိုမှတုပလို့မရနိုင်ပါဘူး။ Human skills တွေဖြစ်တဲ့ ကိုယ်ချင်းစာတရား၊ သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ဆက်သွယ်ပြောဆိုတင်ပြနိုင်စွမ်းတွေဟာ အရင်ကထက် အရေးပါလာပါပြီ။

✅ နည်းပညာအချို့ကို AI နဲ့ လုပ်လို့ရတဲ့ခေတ်မှာ Technical skills ချင်းတူတဲ့သူတွေကြားထဲ အပေါ်ကပြောထားတဲ့ Human skills တနည်းအားဖြင့် Soft skills အားသာတဲ့သူကို ပိုပြီးရွေးချယ်မှာပဲမဟုတ်လား။ အမြဲတမ်းအဆိုးမြင်ပြီး အဖွဲ့ဝင်တွေအပေါ် ဒေါသထွက်၊ စိတ်ဆိုးနေတတ်သူထက် အဖွဲ့ထဲမှာ ကောင်းကောင်းပေါင်းသင်း၊ ညှိနှိုင်းတတ်သူ၊ စာနာနားလည်နိုင်သူကိုသာ ပိုသဘောကျပါလိမ့်မယ်။

✅ အလုပ်ရှင်တွေအနေနဲ့က ဝန်ထမ်းခန့်ရာမှာ စူးစမ်းလိုစိတ်ရှိသူ၊ လိုက်လျောညီထွေနေတတ်သူ၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမြင့်သူမျိုးတွေကို ပိုပြီး ရွေးချယ်လာကြပါတယ်။

✅ အပြိုင်အဆိုင်များလှတဲ့ခေတ်ကာလကြီးထဲ လူချင်းသာမက AI နဲ့ပါ ယှဉ်ပြိုင်ရတဲ့ခေတ်ဖြစ်နေတဲ့အခါ ကိုယ့်ဖက်က တပန်းသာနေဖို့လိုပါတယ်။ ပြောရရင် emotional intelligence ပေါ့၊ ဥပမာ စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တာ၊ ခံနိုင်ရည်အားမြင့်မားတာ၊ ကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်တာ၊ ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်တာ၊ အဖွဲ့ကို ကောင်းကောင်းစီမံနိုင်တာ၊ ဦးဆောင်နိုင်တာ စတာတွေကို အလေးပေးလာဖို့ရာ ဆောင်းပါးက တိုက်တွန်းထားပါတယ်။

📌အရှည်ဖတ်ချင်ရင်တော့ ကွန်မန့်ထဲမှာ. Link ထည့်ပေးထားပါမယ်။

10 April 2025

📸 Pinterest

PPL, Your Research Coach

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when PPL, Your Research Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share