BEC ဘော်ဒါနှင့် နေ့အထူး

BEC ဘော်ဒါနှင့် နေ့အထူး Better than others, harder than ever.

22/06/2024

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ
======================
ခေါင်းစဉ်လေးက သိပ်လှတယ်.......
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်ပါတယ်။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပါယ်လဲပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့သူဘဲ ဘာမှသုံးစားမရတဲ့သူပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........
တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖျိုးခိုငျးတဲ့အတိုငျးဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်မှလိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေးလို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူတေးလားလို့မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါဘဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့ တဲ့။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြင်ပြောင်းလဲနေစေခဲ့ပါတယ်...

စင်ကာပူကိုကျော်ချင်ရင်---------------------------------တင်ညွန့်စင်ကာပူနိုင်ငံမှာ ဆရာတွေကို အဆင့် (Grade) ၄ မျိုးခွဲခြားသ...
03/06/2024

စင်ကာပူကိုကျော်ချင်ရင်
---------------------------------
တင်ညွန့်

စင်ကာပူနိုင်ငံမှာ ဆရာတွေကို အဆင့် (Grade) ၄ မျိုးခွဲခြားသတဲ့

Grade A, Grade B, Grade C, Grade D

A က အကောင်းဆုံး D ဆိုရင်တော့ အညံ့စာရင်းဝင်သွားမယ်

A စာရင်းဝင်ဆရာတွေကို ဘယ်လိုသတ်မှတ်သလဲ။ ကျောင်းသားတွေရဲ့ အောင်မြင်မှု ရလဒ်နဲ့ပဲ တိုင်း တာတယ်။ ကိုယ်တာဝန်ယူထားတဲ့ ဘာသာရပ်မှာ ၉၀ ရာခိုင်နှုန်းလောက် အမှတ်ရအောင် သင်နိုင်ရင် အဲဒါ Grade A အဆင့်ဆရာတွေပဲ။ တစ်နိုင်ငံလုံးမှာ အဲသည်လို ဆရာတွေကလည်း ဆရာဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲရှိ်တယ်။

ကျောင်းသားတွေထံကနေ ဆရာကို ဝေဖန်သံတွေညံလာရင် သတိထားတော့။ အဆင့်လျှော့တော့ မယ်။ ဘာတွေသင်နေမှန်းမသိဘူး။ စာအုပ်ကြီးကိုင်သင်နေတယ်။ နားလည်း မလည်ဘူး။ ဘာမှ ပြင်ဆင်လာတာမရှိဘူး စတာတွေ ဝေဖန်လာရင် အဲဒီဆရာ သတိထား။ ကျောင်းသားတစ်ယောက် လောက်ကပဲ ဝေဖန်တာခံလိုက်ရရင်သွားပြီ။ ကျောင်းသား Complain ကို သတိထားနေရတယ်။

တက်ကြွစွာသင်တဲ့ဆရာ ငယ်ငယ်လေးတွေက အမှတ်ရကြတယ်။ အသက်တွေကြီးလာပြီး စွမ်းဆောင်ရည်ညံ့ကာ အားမထုတ်တော့ရင် Grade D စာရင်းကို ဝင်သွားနိုင်တယ်။

ဒါကြောင့် ပင်စင်မယူမချင်း ကြိုးစားအားထုတ်နိုင်မှ ဆရာအရာသွင်းကြတယ်။ သူတို့ကျောင်းတွေမှာ ကျောင်းအုပ်တွေကို အာဏာပေးထားတော့ စွမ်းဆောင်ရည် ညံ့လာပြီဆိုရင် အခြားကျောင်း တစ်ကျောင်းပြောင်းဖို့ အပြောခံရလိမ့်မယ်။

ဘယ်ကျောင်းရောက်ရောက် ကျောင်းအုပ်တွေက ဆရာတွေကိုပြောနေမှာ တစ်ခုပဲ ရလဒ် (Result) ပဲ။ သူတို့လိုချင်တဲ့ ရလဒ်မျိုးကို ဖန်တီးပေးနိုင်ရင် အလားအလာကောင်းမယ်။ မဖန်တီးပေးနိုင်ရင် ပြောင်းရမယ်။

ဖိအားတွေများလွန်းတော့ အချို့ဆိုရင် ရူးသွားတယ်။ အချို့ကလည်း အစောကြီး အလုပ်ထွက်ကုန် ကြတာရှိတယ်။

ဒါပေမဲ့ ဘာပြောပြော စင်ကာပူနိုင်ငံ ပညာရေးစနစ်ဟာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နေတယ်။

ဘောနပ်စ် (Bonus) အကြောင်း ပြောဦးမယ်

စင်ကာပူဆရာတွေ ဘောနပ်စ်မရဘူးလား။ ရတာပေါ့။
အဆင့်အလိုက်ခွဲပြီးတော့ ပေးတယ်။ ဘောနပ်စ်ပေးဆိုလို့ အားလုံး တန်းတူပေးမယ်မထင်နဲ့။ ဆရာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် လိုက်ပြီးပေးတာ။

Grade A ဆရာတွေက ဘောနပ်စ်အဖြစ် ၄ လစာတောင်ရတယ် (အဲဒီလိုဆရာက ၁ ရာခိုင်နှုန်းပဲရှိ တယ်)

Grade B ဆရာတွေက ဘောနပ်စ်အဖြစ် ၂ လကနေ ၃ လအထိ လစာကိုရတယ် (အဲဒီလို ဆရာတွေက ၁၅ ရာခိုင်နှုန်းပဲရှိတယ်)

Grade C ဆရာတွေက ဘောနပ်စ်အဖြစ် လဝက်စာရတယ်

Grade D ဆရာတွေက အိုပယ်တွေ၊ ပြန်မပြော နားမထောင်တွေ၊ တစ်ပြားမှ မရဘူး (အဲဒီလိုဆရာ တွေက ၅ ရာခိုင်နှုန်းလောက်ရှိတယ်)

ဆရာတွေတန်ဖိုးကို ဘယ်လိုသတ်မှတ်သလဲဆိုတာ မြင်ပြီလား။ ကျွန်တော်တို့နိုင်ငံမှာလို မူလတန်း-အလယ်တန်း-အထက်တန်းဆိုတာကို လုပ်သက်အရ ရာထူးတွေတိုး၊ လစာတွေတိုး၊ ခံစားခွင့်တွေ တိုးသွားတာမျိုး မဟုတ်ဘူး။

လုပ်သလောက်ခံစား၊ ရလဒ်က အဖြေ၊ ကျောင်းအုပ်၊ ကျောင်းသား၊ မိဘစောင့်ကြည့်ပြီး သတ်မှတ်တာ ခံနေရတဲ့ သူတို့နိုင်ငံက ဆရာတွေဘဝ။
အဲသည်လိုနေကြရ၊ ခံစားကြရလို့ အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာကြည့်လိုက်ရင် OECD နိုင်ငံတွေအထဲမှာ စင်ကာပူက ပညာရေးအမြင့်ဆုံး သတ်မှတ်ခံရတာကိုကြည့်။

ဆရာတွေကို ညာလည်း မညာခိုင်းဘူး။ ညှာလည်း မညှာဘူး။ လုပ်နိုင်စွမ်းနဲ့တိုင်းတာပြီး လစာ၊ ခံစားခွင့်တွေ သတ်မှတ်ပေးထားတယ်။

ကျွန်တော်ပြောချင်တဲ့ ရလဒ်ဆိုတာ စင်ကာပူကလေးတွေ PISA ရလဒ်ကိုကြည့်လိုက်ရင် အဖြေပေါ် တယ်။ OECD နိုင်ငံတွေအတွင်းမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ PISA စာမေးပွဲရလဒ်ထဲက နိုင်ငံပေါင်း ၇၀ ကျော်ဝင်ဖြေတဲ့အနက် အသက် ၁၅ နှစ်တန်းတွေမှာဆိုရင် စင်ကာပူနိုင်ငံက သိပ္ပံပညာရပ်မှာ အဆင့် ၁ နဲ့ အောင်ပွဲခံထားတယ်။

OECD နိုင်ငံများရဲ့ ပညာရေးဒါရိုက်တာကတောင်

စင်ကာပူက ကလေးတွေဟာ တော်ရုံမဟုတ်ဘူး ရှေ့ကို မျှော်ကြည့်နိုင်သူတွေ လို့ ထုတ်ဖော် ချီးကျူးရတယ်။

ဆရာတို့ ဆရာမတို့ရေ

စင်ကာပူကိုကျော်ချင်ရင် ကျွန်တော်တို့ ဘယ်လိုကြိုးစားရမယ်ဆိုတာ သဘောပေါက်သလားတော့ မပြောတတ်ဘူး။

စင်ကာပူကလေးတွေက PISA မှာ သိပ္ပံတစ်မျိုးတည်း တော်တာမဟုတ်ဘူး

Reading Skill မှာလည်း နံပါတ် ၁

Maths Skill မှာလည်း နံပါတ် ၁

စင်ကာပူပညာရေးဘာကြောင့် အဲသည်လောက်ကောင်းရသလဲဆိုတာကို NTU တက္ကသိုလ် တွဲဖက် ပါမောက္ခ ဆင်ကောင်လီက ဒီလိုပြောတယ်

ကျွန်တော်တို့နိုင်ငံပညာရေးက အရည်အချင်းပြည့်တဲ့ဆရာတွေရဖို့ အများကြီး ရင်းနှီးမြှုပ်နှံထား တယ်။ ဆရာတွေရဲ့ အရည်အသွေး ဆရာတွေရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးပြီးမှ အကောင်းဆုံး အတော်ဆုံး ကျောင်းသူကျောင်းသားတွေကို မွေးထုတ်ပေးနေတာ တဲ့။

ဝေဖန်သုံးသပ်နိုင်အောင်ပါ

တင်ညွန့်

(Ref: BBC)

၂၉.၅. ၂၀၁၉

27/05/2024

If we judge people, nobody is ours.
If we understand people, everyone is ours.

26/05/2024

Phrasal Verbs for Telephone
25/05/2024

Phrasal Verbs for Telephone

 ================1. Pediatrician - ကလေးအထူးကုဆရာဝန်2. Neurologist - ဦးဏှောက်နှင့်အာရုံကြောပါရဂူ3. Dermatologist - အရေပြ...
19/05/2024


================

1. Pediatrician - ကလေးအထူးကုဆရာဝန်

2. Neurologist - ဦးဏှောက်နှင့်အာရုံကြောပါရဂူ

3. Dermatologist - အရေပြားရောဂါအထူးကုဆရာဝန်

4. Anesthesiologist - မေ့ဆေးဆရာဝန်

5. Psychiatrist - စိတ်ရောဂါအထူးကုဆရာဝန်

6. Gynecologist - သားဖွားမီးယပ်ရောဂါပါရဂူ

7. General Practitioner - အထွေထွေရောဂါကုဆရာဝန်

8. Dentist - သွားဆရာဝန်

9. Family Doctor - မိသားစုဆရာဝန်

10. Surgeon - ခွဲစိတ်ကုဆရာဝန်

11. Pulmonologist - အဆုတ်ရောဂါအထူးကုဆရာဝန်

12. Veterinarian - တိရစ္ဆာန်ကုဆရာဝန်

13. Cardiologist - နှလုံးရောဂါအထူးကုဆရာဝန်

14. Epidemiologist - ကူးစက်ရောဂါကုဆရာဝန်

15. Rheumatologist - အရိုး၊အကြော၊အဆစ်ကုသဆရာဝန်

16. Urologist - ဆီးလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်

17. Optometrist - မျက်စိဆရာဝန်

18. Radiologist - ဓာတ်မှန်ဆရာဝန်

19. ENT Specialist - နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု
(ENT = ear, nose and throat)

20. Plastic Surgeon - ရုပ်ပြင်ဆရာဝန်/ ကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြောင်းလဲကုသဆရာဝန်




ော်ဒါနှင့်နေ့အထူး

 ===================1. May I join the class/ group?ကျွန်တော် အတန်း/ အဖွဲ့နဲ့ ပူးပေါင်းပါရစေ။2. Can I come in?ကျွန်တော် ဝ...
18/05/2024


===================

1. May I join the class/ group?
ကျွန်တော် အတန်း/ အဖွဲ့နဲ့ ပူးပေါင်းပါရစေ။

2. Can I come in?
ကျွန်တော် ဝင်ပါရစေ။

3. May I go to the toilet, please?
ကျေးဇူးပြု၍ အိမ်သာသွားပါရစေ။

4. May I go out, please?
ကျေးဇူးပြု၍ အပြင်သွားပါရစေ။

5. Can you explain it once more, please?
ကျေးဇူးပြု၍ နောက်တစ်ခေါက်ရှင်းပြပေးနိုင်မလား။

6. I don't understand. Could you repeat that, please?
ကျွန်တော် နားမလည်ဘူး။ ကျေးဇူးပြု၍ ထပ်ပြောပေးနိုင်မလား။

7. Sorry, for being late.
နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။

8. What does (.....) mean in our language?
ကျွန်တော်တို့ဘာသာစကားမှာ (.....) ဆိုတာ ဘာကိုဆိုလိုတာလဲ။

9. Could you help me, please?
ကျေးဇူးပြု၍ ကျွန်တော့်ကို ကူညီပေးနိုင်မလား။

10. What do we have to do now?
ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ။

11. What page are we on?
ငါတို့ ဘယ်စာမျက်နှာရောက်ပြီလဲ။

12. I'm ready. May I start it?
ကျွန်တော် အဆင်သင့်ဖြစ်ပြီ။ စလိုက်ကြရအောင်။

13. May I open/ close the window?
ကျွန်တော် ပြတင်းပေါက်ဖွင့်/ ပိတ်ပါရစေ။

14. What is the homework?
အိမ်စာက ဘာလဲ။

15. How do you say (.....) in English?
(.....) ကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ။

16. I was absent on the last lesson.
ပြီးခဲ့တဲ့သင်ခန်းစာမှာ ကျွန်တော်အတန်းပျက်ခဲ့တယ်။

17. I could not do my homework because .....
ကျွန်တော် အိမ်စာမလုပ်ခဲ့ရဘူး။ ဘာလို့လဲဆိုတော့.....

18. Do we have to hand in this exercise?
ကျွန်တော်တို့ ဒီလေ့ကျင့်ခန်းကို လက်ဆင့်ကမ်းပေးရမှာလား။

19. How is this word pronounced?
ဒီစကားလုံးကို ဘယ်လိုအသံထွက်ရမလဲ။

20. How do you spell that word?
အဲဒီစကားလုံးကို ဘယ်လိုစာလုံးပေါင်းသလဲ။

21. Do we have to write this down?
ကျွန်တော်တို့ ဒါကို ချရေးရမှာလား။

22. I don't have a (.....). Can I borrow one?
ကျွန်တော့်မှာ (.....) မရှိဘူး။ ကျွန်တော့်ကို တစ်ခုလောက် ငှားပါလား။




ော်ဒါနှင့်နေ့အထူး

18/05/2024

Great... if we can find our own faults...

Greater... if we correct them by ourselves...

But greatest... if we accept them...

The use of   and  ...
18/05/2024

The use of and ...

👨🏻‍⚕️👩🏻‍⚕️
14/05/2024

👨🏻‍⚕️👩🏻‍⚕️

World's largest, smallest, shortest, tallest, etc...
14/05/2024

World's largest, smallest, shortest, tallest, etc...

Address

အ. ထ. က(၁)တောင်ဘက်၊ သော်ကလမ်း@ခဲနားရှိုးလမ်း၊ ဦးကျော်လမ်းသွယ်(၄)၊ တောင်ရပ်၊ နောင်ချိုမြို့။
Nawnghkio

Telephone

+95943014135

Website

Alerts

Be the first to know and let us send you an email when BEC ဘော်ဒါနှင့် နေ့အထူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BEC ဘော်ဒါနှင့် နေ့အထူး:

Shortcuts

Share

Category