Kyaing Korea

Kyaing Korea 동기는 여기 , 공부하자 같이

16/07/2024

One on One အတန်းလေးတွေ စိတ်ဝင်စားရင်ဖြစ်စေ
သူငယ်ချင်းနဲ့အတူတူ သင်ချင်တယိဆိုရင် လာရောက်စုံစမ်းနိုင်ပါတယ်ရှင့် 🤩

24/05/2024

(Part-1) ဆောဂျွန်လေးကို ရှာပေးကြပါ

#꼬리에꼬리를무는그날이야기

22/05/2024

ဖောက်ပြန်သွားတဲ့သူကို ကောင်လေး အဖြစ်
သတ်မှတ်နေသေးတဲ့ နင့်ကို ပိုသနားတယ်

#말자할매

너는 왜 남을 위해서만 이야기하니.너 자신을 위한 이야기를 해.네가 마음속에 담아 둔 이야기를 해.답답하지 않니, 그렇게 남들 시선에 맞춰 사는 것 말이야.နင် ဘာလို့များ သူများအတွက်ပဲ ပြော...
21/05/2024

너는 왜 남을 위해서만 이야기하니.
너 자신을 위한 이야기를 해.
네가 마음속에 담아 둔 이야기를 해.
답답하지 않니, 그렇게 남들 시선에 맞춰 사는 것 말이야.

နင် ဘာလို့များ သူများအတွက်ပဲ ပြောပေးနေတာလဲ
နင် ကိုယ်တိုင်အတွက်လည်း ပြောဦးလေ
နင့်ရင်ထဲမှာ သိမ်းထားတဲ့ စကားတွေကို ပြော
နင် မမွန်းကြပ်ဘူးလား , ခုလိုမျိုး သူများ အလိုက်အထိုက်ကြည့် နေ နေရတာကိုလေ

(ဒီပို့စ်လေးမှ တစ်ဆင့် ယောရောဘွန်းတို့ ပြောချင်တဲ့
မိမိ ကိုယ်တိုင်အတွက် စကားလေးတွေကို
ရင်ထဲပေါ့ပါးသွားအောင် ထုတ်ပြောနိုင်ဖို့ မျှော်လင့်ပါတယ်)

#나에게고맙다

21/05/2024

နေရတဲ့ ဘဝက တိုတိုလေးပဲမို့လို့ ခဏတာလေးမှာ ကိုယ်နဲ့ အဆင်ပြေတဲ့သူနဲ့ ပြုံးပျော်ရင်း ပျော်ပျော်ရွှင်ရွှင်နေကြပါစို့

#말자 할매

20/05/2024

ပေးပြီးသား ပစ္စည်းပြန်ယူရင်
ဘာမှလုပ်မနေနဲ့ 할매 ပြောသလိုသာ လုပ်ပစ်လိုက် 😉

#말자 할매

신기하지 세상 사람들은 나를 “ 어른 ” 으로 분류하지만 여전히 나는 “ 소년 ” 이라는 수식어가 더 잘 어울리는 거 같거든. ထူးဆန်းတယ်နော် ကမ္ဘာပေါ်က လူတွေက ငါ့ကို လူကြီး လိ...
20/05/2024

신기하지
세상 사람들은 나를 “ 어른 ” 으로 분류하지만
여전히 나는 “ 소년 ” 이라는 수식어가
더 잘 어울리는 거 같거든.

ထူးဆန်းတယ်နော်
ကမ္ဘာပေါ်က လူတွေက ငါ့ကို လူကြီး လို့ သတ်မှတ်ကြပေမယ့်
ငါကတော့ အရင်တိုင်း လူငယ် ဆိုတဲ့ စကားလုံးက
ပိုပြီး လိုက်ဖက်တယ်လို့ ထင်တယ်။

( တစ်ခါတလေကျ အသက်ကြီးလာလို့သာ
လူကြီး ဆိုတဲ့ သတ်မှတ်ချက်ထဲဝင်လာရတာ
စိတ်အရ အတွေ့အကြုံအရ လူကြီး မဖြစ်သေးတဲ့
လူငယ်တွေအတွက် လူကြီး ဆိုတဲ့ စကားလုံးကြီးက
စိန်ခေါ်မှုတစ်ခုလိုပါပဲ

ကိုယ်မဖြစ်ချင်သေးဘဲ လူကြီးဖြစ်လာရတယ်
ကိုယ်မယူနိုင်သေးတဲ့ တာဝန်တွေ အပြည့်ယူရတယ်
ကိုယ်ယုံကြည်မှုမရှိသေးတဲ့ ဦးဆောင်မှုတွေကို
လုပ်လာရတယ် စသည်ဖြင့် ဒီလို တွန်းအားတွေကြောင့်
တစ်ခါတလေ နေရတာ အသက်ရှုပေါက် ပိတ်သလို ခံစားရတယ်

အကယ်၍များ လူကြီး လူငယ် ဆိုတဲ့ သတ်မှတ်ချက်ကြီးဟာ
ဒီတိုင်း ဝေါဟာရ တစ်ခု သပ်သပ်ပဲဆိုရင်
ခုလို ခံစားနေရတာတွေကနေ
အနည်းငယ်ပဲဖြစ်ဖြစ် သက်သာလေမလား …? )

#나에게고맙다

남들에게 참 많이 해 줬던 말정작 나에게 해 주지 못했던 그말 “ ___________ ” တခြားသူတွေကို အများကြီး ပြောခဲ့တဲ့ စကားတကယ်တမ်း ကိုယ့်အတွက်ကတော့ မပြေ...
19/05/2024

남들에게 참 많이 해 줬던 말
정작 나에게 해 주지 못했던 그말
“ ___________ ”

တခြားသူတွေကို အများကြီး ပြောခဲ့တဲ့ စကား
တကယ်တမ်း ကိုယ့်အတွက်ကတော့ မပြောနိုင်ခဲ့တဲ့ စကား
“ ___________ ”

ခုလို ခေတ်ကာလကြီးမှာ ရာသီဥတု ပူအိုက်နေတာနဲ့အညီ
စိတ်တွေလည်း ရှုပ်ထွေးပြီး ခန္ဓာကိုယ်ကအပူနဲ့အတူ
စိတ်နှလုံးရဲ့ အပူတွေပါ တိုးလာခဲ့ပါတယ်။
အဲဒီလိုအချိန်မှာ စိတ်နှလုံးကို အေးမြ သက်သာစေမယ့်
Positive energy တွေရစေတဲ့ ဒီစာအုပ်ကလေးကို ဖတ်ဖြစ်ပါတယ်။
သဘောကျစရာ စာသားအပြည့်နဲ့ ဒီစာအုပ်လေးကို တစ်ယောက်တည်းမဖတ်ချင်လို့ နည်းနည်းချင်းစီ ဝေမျှသွားမယ်လို့ တွေးပါတယ်။

#나에게고맙다

안녕하세요 여러분 🙋‍♀️မတွေ့တာကြာပြီး ခုမှ လာနှုတ်ဆက်ဖြစ်ပါတယ်ရှင့် ဒီနေ့မှာတော့ တီချယ်ကကိုရီးယားစာကို အခြေခံမှစ၍ စတင်လေ့လာနေတဲ့ ...
14/05/2024

안녕하세요 여러분 🙋‍♀️

မတွေ့တာကြာပြီး ခုမှ လာနှုတ်ဆက်ဖြစ်ပါတယ်ရှင့်

ဒီနေ့မှာတော့ တီချယ်က
ကိုရီးယားစာကို အခြေခံမှစ၍ စတင်လေ့လာနေတဲ့
ကလေးလေးတွေ အတွက် သတင်းကောင်းလေး
သယ်ဆောင်လာပါတယ်။

မိမိတို့ လေ့လာနေတဲ့ ဘယ်ဘာသာစကားမဆို
စတင်လေ့လာချိန်တည်းက
တိကျမှန်ကန်တဲ့ စည်းစနစ်တွေနဲ့ လေ့လာမှသာ
ရှေ့လျှောက် လွယ်ကူအဆင်ပြေမှာပဲဖြစ်ပါတယ်။

ဒီလို စည်းစနစ်ကျ မှန်ကန်ဖို့ဆိုရင်
grammar လေးတွေကိုလည်း မေ့ထားလို့ မရချေဘူးလေ
သဒ္ဒါကိုလည်း နည်းစနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်လေမှ ဝေါဟာရဆိုရင်လည်း နေရာတကျ သေချာသုံးတတ်မှ စကားပြောရင်လည်း ဆီလျော်စွာ ပြောတတ်ဦးမှ အဆင်ပြေမှာ မဟုတ်ပါလား

အဲဒါကြောင့် တီချယ်က grammar မှစ၍ စည်းစနစ်တကျ အသုံးပြုတတ်ဖို့အတွက် တာဝန်ယူချင်တာကြောင့်
Korean grammar in use ဆိုတဲ့ စာအုပ်လေးကို အသုံးပြုပြီး beginner သမားတွေအတွက် ရည်ရွယ်ထားတဲ့
Free class လေး ဖွင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Start date - 5.6.2024(Wednesday)
Wed, Thur - 7:00-8:30 pm
Three months

ပါဝင်တဲ့ grammar လေးတွေကလည်း
များတာကတစ်ကြောင်း တီချယ်ကိုယ်တိုင်ကလည်း
အပြင်ဗဟုသုတတွေ ထည့် ထည့်ပြီး ပြောတတ်တာကြောင့် သင်တန်းလေးဟာ မဆိုသလောက်လေး ကြာမှာပဲဖြစ်ပါတယ် 😁

တက်ရောက်လိုတဲ့ ကလေးလေးတွေက
page messenger ကို ဆက်သွယ်၍ဖြစ်စေ
ဖုန်း 09264634789 ကို ဆက်သွယ်ပြီးဖြစ်စေ
စာရင်းပေးသွင်းလို့ ရပါပြီနော် 🥰

Edit ~ အတန်းမှန်ပြီး စာသေချာလိုက်လုပ်မယ့် ကလေးလေးတွေကို ကြိုဆိုပါတယ်နော် level 1,2 လောက်ရှိရင် ဒီအတန်းကို တက်ဖို့အဆင်ပြေပါပြီနော်

Address

Myoma Kyaung
Nattalin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959264634789

Website

Alerts

Be the first to know and let us send you an email when Kyaing Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category