MHPK Education Center

MHPK Education Center We intend for upgrading the education system of the children around Myittha region.

Summer Grammar Class for young learners_______________________________မင်္ဂလာပါရှင့်အငယ်တန်းလေးတွေအတွက်ရော ဖွင့်ပေးမလား ...
27/02/2025

Summer Grammar Class for young learners
_______________________________

မင်္ဂလာပါရှင့်
အငယ်တန်းလေးတွေအတွက်ရော ဖွင့်ပေးမလား ဆရာမ ဆိုပြီးစောင့်နေကြတဲ့ လူကြီးမိဘတို့အတွက်
သတင်းကောင်းလေးပါ။

ယခုနှစ်နွေရာသီမှ စတင်၍ Kidiscite Education Centre မှ သင်ရိုးညွှန်းတမ်းများအတိုင်း
နွေရာသီ ကာလတို အတန်းလေးများ ဖွင့်ပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်သင်ကြားနိုင်သောအသက်အရွယ်မှာ
လာမည့် June တွင် Grade 3,4,5,6 တက်မည့်အရွယ်လေးတို့ကို လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။
Level (2) ခုခွဲ၍ သင်ပေးမှာဖြစ်ပါတယ်။
🔸Grade 3/4 အရွယ်လေးတွေအတွက်
Level 1
တနင်္လာ/ အင်္ဂါ/ ဗုဒ္ဓဟူး
နံနက် (၉) နာရီ မှ (၁၁) နာရီအထိ
(၃)လပြတ် - 100000 ( စာအုပ်ဖိုးအပါအဝင်)

🔸Grade 5/6 အရွယ်လေးတွေအတွက်
Level 2
တနင်္လာ/ အင်္ဂါ/ ဗုဒ္ဓဟူး
ညနေ (၃) နာရီ မှ (၅) နာရီအထိ
(၃)လပြတ် - 100000( စာအုပ်ဖိုးအပါအဝင်)

မှတ်ချက်။ ။ Level (2) ခုလုံးအတွက် Level test ဖြေဆိုရန်လိုအပ်ပါသည်။

သင်ကြားပေးမည့်စာအုပ်- New Grammar Time Coursebook

သင်ကြားပေးမည့် အကြောင်းအရာများကိုတော့ အောက်ပါပုံများတွင်လေ့လာဖတ်ရှုနိုင်ပါတယ်။

စာရင်းပေးသွင်းလိုပါက 09402567371 သို့ဆက်သွယ်၍ သင်တန်းအပ်နှံနိုင်ပါတယ်။

သင်တန်းလိပ်စာ-
MHPK Education Center
တောင်ဘက်တပ် တံတားကြီးအဆင်း၊ စစ်ကဲလမ်း၊ မြစ်သားမြို့
09402567371

21/02/2025

အလုပ်ခေါ်စာ ( အမျိုးသမီး အဆောင်မှူး/ တာဝန်ခံ- ၂ယောက်)

မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်း
အမျိုးသမီး ဘော်ဒါဆောင်တွင် ညအိပ်/ ညနေ တာဝန်ထမ်းဆောင်ရန်အတွက်
(အမျိုးသမီး) အဆောင်မှူး တာဝန်ခံ ခေါ်ယူလိုပါသည်။

သတ်မှတ်ချက်များ

- အသက် (၃၀) မှ (၅၀)အတွင်းအမျိုးသမီးဖြစ်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (သို့) ရုံးဝန်ထမ်းလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- ပညာအရည်အချင်း (အထက်တန်းအောင်)
- မိသားစုပြဿနာအရှုပ်အရှင်းကင်းသူဖြစ်ရမည်။
- အဆောင်နေကလေးများကို မိဘနှင့်မခြားနားစွာ နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ဆောင်မခြင်း၊ စိတ်၏ဆောင်မခြင်းဖြင့် စည်းကမ်းတကျ အုပ်ထိန်းနိုင်ရမည်။
- ကလေးငယ်များ၏ နေမှူ၊ ထိုင်မှု၊ ကျန်းမာရေး၊ သန့်ရှင်းရေး အစရှိသည့် ကိစ္စအဝဝကို သေချာ စီမံခန့်ခွဲနိုင်ရမည်။
- မနက် အိပ်ယာနှိုးချိန်
- ရေချိုးချိန်
- ထမင်းစားချိန်
- ဧည့်တွေ့ချိန်
- ညစာကျက်တန်းထိုင်ချိန်
- အိပ်ယာဝင်ချိန် အစရှိသည့် နေ့စဉ်အချိန်ဇယားများအလိုက် ဂရုတစိုက် ကြီးကြပ်ပေးရမည်။
- အဓိက အရေးကြီးဆုံးအချက်မှာ ကလေးငယ်များ၏ အဝင်အထွက် ၊ အသွားအလာ လုံခြုံရေးများကို အထူးဂရုစိုက် စောင့်ကြည့်ရမည်ဖြစ်သည်။
- လစာ (ညှိနှိုင်း)
- နေစရိတ်၊ စားစရိတ် (အငြိမ်း)

စတင်တာဝန်ထမ်းဆောင်ရမည့်ရက် - 1. 4 . 2025

လျှောက်ထားလိုပါက 09-402567371 သို့ဆက်သွယ်၍ ကျောင်းသို့ လူတွေ့ လာရောက်စုံစမ်းနိုင်ပါတယ်




We intend for upgrading the education system of the children around Myittha region.

2025-2026ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ကြေငြာချက်___________________________________မင်္ဂလာပါရှင်🌱 မဟာပျိုးခင်းပည...
10/02/2025

2025-2026ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ကြေငြာချက်
___________________________________

မင်္ဂလာပါရှင်🌱
မဟာပျိုးခင်းပညာရေး ရပ်ဝန်းကနေပြန်လည်ကြိုဆိုအပ်ပါတယ်။

ယခုနှစ် နွေရာသီမှစတင်ပြီး “ဆယ်စုနှစ်”အကြာ ရပ်တည်ဖွင့်လှစ်လာတဲ့ ကျွန်မတို့ မဟာပျိုးခင်း ပညာရေးသင်တန်းကျောင်းကို ကိုယ်ပိုင်အထက်တန်းကျောင်းကြီးအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည့်အကြောင်း ဦးစွာပထမ သတင်းကောင်းပါးအပ်ပါတယ်။

ယခုနှစ်၂၀၂၅မှစတင်၍ ပညာရေးလုပ်ငန်းများစတင်လုပ်ဆောင်မည် ဖြစ်သည့်အလျောက် မြစ်သားမြို့ဝန်းကျင် ရပ်နီး၊ ရပ်ဝေး မိဘများလည်း မိမိတို့ ရင်သွေးငယ်များ၏ အနာဂတ်ပညာရေးလှပဖို့၊ ကျွန်မတို့ မဟာပျိုးခင်း ကျောင်းတော်ကြီးမှာ စိတ်ချယုံကြည်စွာ အပ်နှင်းနိုင်ပါပြီ။

၂၁ ရာစုပညာရေးတိုးတက်ပြောင်းလဲမှုများနှင့်အတူ ကျွန်မတို့ဘက်မှ တာဝန်ယူသင်ကြားပေးမည့်ပုံစံများကို အောက်ပါ ကြေငြာစာရွက်ပုံများတွင့် အသေးစိတ်လေ့လာဖတ်ရှုနိုင်ပါတယ်။

သင်ကြားရေးအစီစဉ်များအပြင် အခြားသော နေမှုထိုင်မှု၊စည်းကမ်းရေးပိုင်ဆိုင်ရာ၊ အပြုအမူ၊ အလေ့ကျင့်များနှင့်ပတ်သက်၍လည်း ကျွန်မတို့ မဟာပျိုးခင်းပညာရေးရပ်ဝန်းက သမိုင်းကြောင်းကောင်းမွန်စွာဖြင့် ရပ်တည်ခဲ့ပြီးသားဖြစ်တာမို့ လူကြီးမိဘတို့ စိုးရိမ်ပူပန်မှုကင်းစွာ ထားရှိနိုင်ပါတယ်။

လက်ခံသင်ကြားပေးမည့်အတန်းများ-

🔹Grade 10/11/12 တန်းခွဲများ🔹

စတင်စာရင်းသွင်းလက်ခံမည့်ရက်- ၁၃. ၂. ၂၀၂၅

လိပ်စာ- စစ်ကဲလမ်း၊ မြို့မအရှေ့ရပ်ကွက်၊ မြစ်သားမြို့
ဆက်သွယ်ဖုန်းရန်နံပါတ်-
09250192033 , 09 975650714



Welcome back to Mahar Pyoe Khinn________________________________အားလုံးပဲမင်္ဂလာပါရှင့်မဟာပျိုးခင်း Education Page လေးကန...
07/02/2025

Welcome back to Mahar Pyoe Khinn
________________________________

အားလုံးပဲမင်္ဂလာပါရှင့်
မဟာပျိုးခင်း Education Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
Covid 19မှစ၍ ခေတ္တခဏ ရပ်နားထားခဲ့ရသည့် ဆယ်စုနှစ်အကြာ ရပ်တည်ဖွင့်လှစ်ခဲ့သော ကျွန်မတို့ မဟာပျိုးခင်းပညာ့ရိပ်မွန်၏ သင်ကြားရေးလုပ်ငန်းစဉ်များကို လာမည့် ၂၀၂၅ နွေရာသီအချိန်မှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည်ဆိုသည့်အကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်ရှင့်…..
ယခုလို ကြေငြာချက်နှင့်အတူ များမကြာမှီအချိန်တိုအတွင်းမှာ မြစ်သားမြို့ဝန်းကျင်မှ လူကြီးမိဘတို့အားကိုးအားထားပြုရမယ့် သားသားမီးမီးတို့အတွက် ဘယ်လိုအတန်းတွေဖွင့်လှစ်သွားမလဲ?
အရင်လို ဘာသာရပ်သင် သင်တန်းကျောင်းပဲလား?
ကျောင်းကြီး တစ်ခုအဖြစ်မြင်ရမှာလား?
မူလတန်းလား?
အလယ်တန်းလား?
အထက်တန်းလား?
ဒါ့အပြင် ကလေးငယ်တို့အတွက်ရော summer program တွေဖွင့်မှာလား ? အစရှိသည့် မေးခွန်းတွေအတွက် Feb (10)ရက်နေ့မှာ ဖွင့်လှစ်သင်ကြားပေးသွားမည့် အတန်းများကို အသေးစိတ်မိတ်ဆက်ကြေငြာပေးသွားပါမယ်ရှင့်။

Starters Level Junior term ပြီးတဲ့ ကလေးငယ်တို့ရဲ့ mid-term test resultsလေးတွေပါ😍😍😍အားလုံးပဲ Grade A ရကြပြီး MHPK Educati...
23/10/2022

Starters Level Junior term ပြီးတဲ့ ကလေးငယ်တို့ရဲ့ mid-term test resultsလေးတွေပါ😍😍😍
အားလုံးပဲ Grade A ရကြပြီး MHPK Education Center မှာ ကလေးငယ်တို့ကို ဘယ်လိုလေ့ကျင့်သင်ကြားပေးသလဲ၊
exam ဆိုပြီး ဘယ်လိုမျိုးစစ်တာလဲဆိုတာ မြစ်သားမြို့မှ လူကြီးမိဘတို့ လေ့လာကြည့်ရှုလို့ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ယခု Test systemမှာ British Council တို့လို official exam center တွေမှာ စစ်သလိုမျိုး authentic examination paper အတိုင်း စစ်ဆေးပေးခြင်းဖြစ်ပါတယ်🥰

MHPK မှာ (၇)နှစ်မှ (၁၄)နှစ်အရွယ်ထိ ကလေးငယ်တို့တက်ရောက်နိုင်သော စနေ၊တနင်္ဂနွေ သီးသန့် General English Four Skills အတန်းများကို CEFR level အလိုက် သင်ကြားပေးလျက်ရှိပါတယ်။ အသေးစိတ်ကို အောက်ပါ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်⤵️

https://m.facebook.com/story.php?story_fbid=138011745644268&id=100083063302163&mibextid=ziJpKh

Welcome back to MHPK Education Center☘️စနေ၊တနင်္ဂနွေ အတန်းသစ်ကြေငြာချက်_________________________________အတန်းသစ်လေးတွေကိ...
11/10/2022

Welcome back to MHPK Education Center☘️

စနေ၊တနင်္ဂနွေ အတန်းသစ်ကြေငြာချက်
_________________________________

အတန်းသစ်လေးတွေကိုစောင့်မျှော်နေတဲ့ ဖေဖေမေမေတို့အတွက် လာမည့် စနေ၊တနင်္ဂနွေ အပတ်မှ စပြီး ကျောင်းချိန်လွတ် CEFR level အတိုင်း Young Learners English Class များကို စတင်ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်…

CEFR ဆိုတာဘာလဲ မသိသေးသည့် လူကြီးမိဘတို့အတွက် အောက်ပါ Linkမှတဆင့် ဝင်ရောက်လေ့လာဖတ်ရှုပေးပါရှင့်❗️
https://www.facebook.com/104866624568339/posts/392644279123904/

Level သတ်မှတ်ချက်တွေအနေနဲ့
Foundation
Starters Junior
Starters Senior
Movers Junior ဆို၍ level test စစ်ပြီး ကလေးရဲ့
ရမှတ်အလိုက် တက်ရောက်ရမှာဖြစ်ပါတယ်

❗️ဒီနေရာမှာ level test ဖြေဆိုရမယ်ဆိုပြီး ဝန်လေးစရာမရှိပါဘူး။ ကျွန်မတို့ ကလေးရဲ့ လက်ရှိအင်္ဂလိပ်စာအရည်အချင်းဘလောက်ထိရှိလဲဆိုတာသိရှိမှသာ လိုအပ်သည့်အတိုင်း စတင်လေ့ကျင့်သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ အဲ့အတွက်လည်း ဘာမှပြင်ဆင်စရာ၊ စာကြည့်စရာမလိုပါဘူး။
လာရောက်အပ်နှံတာနဲ့ ကြာချိန် ၁၀-၁၅ မိနစ်ခန့် အချိန်ယူပြီး ကျွန်မတို့ဘက်မှ ကြိုတင်ပြင်ဆင်ထားသည့် မေးခွန်းလေးအချို့နဲ့ ရွေးချယ်ဖြေဆိုပေးရုံပါပဲရှင့်❗️

🔸တက်ရောက်နိုင်သည့်အသက်အရွယ်-
၆နှစ် မှ ၁၄နှစ်အထိ

အတန်းချိန်သတ်မှတ်ချက်
_____________________

🔸Starters Junior & Starters Senior - စနေ၊ တနင်္ဂနွေ
မနက် ၈နာရီ-၉နာရီခွဲ

🔸Foundation & Movers Junior- စနေ၊ တနင်္ဂနွေ
မနက် ၉နာရီခွဲ-၁၁နာရီ ဖြစ်ပါတယ်ရှင့်

သီတင်းကျွတ်ပိတ်ရက်အပြီး ၁၅ ရက်နေ့ အပတ်ကနေ စတင်သင်ကြားသွားမှာမို့ ဘယ်level ကို တက်ရောက်ရမယ်ဆိုတာ မသိသေးတဲ့ သားသားမီးမီးတို့အနေနဲ့ Oct 13/14 မှာသင်တန်းလာရောက်အပ်နှံရင်း level test ဖြေဆိုနိုင်ပါတယ်ရှင့်

Level တစ်ခုတွင် အများဆုံး ကျောင်းသား/သူ ဦးရေ
(၁၆)ယောက်သာ ကန့်သတ်ထားတာမို့အမြန်ဆုံး
စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်

သင်တန်းကြေးအနေနဲ့ လစဉ် (၁၅၀၀၀) ကျပ်သာပေးသွင်းရမည်ဖြစ်ပါတယ်😍
ကျွန်မတို့ မဟာပျိုးခင်းပညာရေးမိသားစုအနေနဲ့ မြစ်သားမြို့မှ ကလေးငယ်တို့၏ ပညာအရည်အသွေး အဆင့်တန်းမှီစေရန်ပဓာနထားသည့်အတွက်ကြောင့် သင်တန်းကြေးသက်သာစွာဖြင့်
နိုင်ငံတကာစံသတ်မှတ်ချက်နှင့်အညီ Updated Cambridge English Assessment Coursebookများကိုသာ အခြေခံလေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ လူကြီးမိဘတို့ ရင်သွေးငယ်များ ငယ်စဉ်ကတည်းမှ အင်္ဂလိပ်ဘာသာစကားကို မြို့ပြကြီးမှ ကလေးငယ်တို့နှင့်တန်းတူတက်ကျွမ်းပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဒီထက်ပိုပြီး အသေးစိတ်သိရှိလိုပါက Page messengerမှ ဖြစ်စေ၊ 09971886692ကို ဆက်သွယ်၍ဖြစ်စေ စုံစမ်းနိုင်ပါတယ်ရှင့်☺️

ကျွန်မတို့ မဟာပျိုးခင်းပညာရေးမိသားစုမှ လူကြီးမင်း၏ ရင်သွေးငယ်ပညာရေးကို အရည်သွေးပြည့်စေရန် သင်ကြားပို့ချပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ💁🏻‍♀️




သီတင်းကျွတ်ပိတ်ရက် ကြေငြာခြင်းMHPK Education Centerမှအတန်းများအားလုံးကို(7.10.2022)သောကြာနေ့မှစ၍ (14.10.2022)သောကြာနေ့အထ...
03/10/2022

သီတင်းကျွတ်ပိတ်ရက် ကြေငြာခြင်း

MHPK Education Centerမှအတန်းများအားလုံးကို
(7.10.2022)သောကြာနေ့မှစ၍ (14.10.2022)
သောကြာနေ့အထိ ပိတ်ပါမည်

(15.10.2022) စနေနေ့မှစ၍ အတန်းများအားလုံး ပုံမှန်ပြန်
ဖွင့်လှစ်ပါမည်

သားသားမီးမီးတို့အားလုံးလည်း သီတင်းကျွတ်အခါသမယမှာ
ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါ
တယ်

Hope you enjoy your holidays🍀


02/09/2022

MHPK page လေးကို စောင့်ကြည့်နေကြတဲ့ မိဘများ မဂ်လာပါဗျ...🙋
အခု Friday မှာတော့... MHPK starters junior level မှ သားသားမီးမီးလေးများရဲ့... Kids box lesson လေးတစ်ခုကို... Class activity လေးတစ်ခု အနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်... 🌻
ကျွန်တော်တို့ MHPK page လေးက အပတ်စဉ် Monday and Friday မှာ... ညစဉ် class activity ဖြစ်စေ... သားသားမီးမီးတို့နှင့် ဆိုင်ရာ ဖြစ်စေ... အကျိုးရှိမည်များကို တင်ဆက်ပေးသွားဦးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ကြပါဦးဗျ...💁

29/08/2022

အားလုံးပဲ မင်္ဂလာပါ...🌸
MHPK page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်💁🏻‍♀️
လာမယ့် Sep 3/4 (စနေ/တနင်္ဂနွေ)အပတ်မှစပြီး Phonics class လေးကို (အခမဲ့) ၄ပတ်တာ ဖွင့်ပေးတော့မှာကို လူကြီးမိဘတို့အနေနဲ့ သိထားပြီးဖြစ်မယ်ထင်ပါတယ်…

အခုမှသိတဲ့ လူကြီးမိဘတို့အတွက်လည်း စာရင်းသွင်းဖို့ (၃)ရက်ကျန်ရှိပါသေးသည်။
အောက်ပါlink တွင် ကြေငြာချက်ကိုကြည့်ရှုပေးပါ။

https://www.facebook.com/101741125815329/posts/152666134056161/

(အခမဲ့)၄ပတ်တာဖွင့်ပေးသွားမယ့် အတန်းအတွက်
သင်ကြားပေးမည့်ပုံစံကို အောက်ပါvideo တွင်လေ့လာကြည့်ရှုနိုင်ပါတယ်။
ယခုvideo လေးကတော့ လက်ရှိStarters level မှာ သင်ယူနေကြတဲ့ ကလေးငယ်တို့ကို ကျောင်းပိတ်ရက်ရှည်တုန်းက phonics အချို့လေ့ကျင့်သင်ကြားပေးနေတဲ့ record လေးပဲဖြစ်ပါတယ်။

ရှေ့ဆက်ပြီးလည်း Classroom Video လေးတွေကိုတင်ဆက်ပေးအုံးမှာမို့ MHPK page လေးကိုလည်း Like & Follow လုပ်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင် 🤩

Phonics ဆိုတာဘာလဲ? ကလေးငယ်တို့အတွက် အင်္ဂလိပ်စာလေ့လာရာမှာ ဘာကြောင့်အရေးပါသလဲဆိုတာ မသိသေးတဲ့ လူကြီးမိဘတို့ရှိရင် အောက်ပါ အပြာရောင်link လေးကို နှိပ်ပြီး ဖတ်ရှုပေးပါ
https://www.facebook.com/101741125815329/posts/151830770806364/




Phonics Classအတွက် တစ်လတာ(အခမဲ့)________________________________အားလုံးပဲမင်္ဂလာပါကျွန်မတို့ MHPK Education Centerကနေ ဖွ...
26/08/2022

Phonics Classအတွက် တစ်လတာ(အခမဲ့)
________________________________

အားလုံးပဲမင်္ဂလာပါ
ကျွန်မတို့ MHPK Education Centerကနေ ဖွင့်လှစ်ပေးသွားမယ့် Phonics Free Classလေးမှာ လက်ခံသင်ကြားသွားမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ သင်ကြားမယ့်အချိန်လေးကိုပြောပြပေးချင်ပါတယ်ရှင့်
Phonics Free Classလေးမှာ တက်ရောက်လိုတဲ့သားသားမီးမီးတွေအတွက် အသက်အရွယ်အပိုင်းအခြားကို ကျွန်မတို့အနေနဲ့ ၂ပိုင်းခွဲခြားထားပါတယ်။
Age 6-8 yrs (Group 1)
Age 9- 11yrs (Group 2)

စာသင်ချိန်အနေနဲ့
____________

▫️မနက်(၇)နာရီ မှ (၈) နာရီ (သို့)

▫️ညနေ(၄)နာရီ မှ (၅)နာရီ
အားတဲ့အချိန်ရွေးချယ်လို့ရပါတယ်။

▫️သင်ကြားမည့်ရက်- အပတ်စဉ်စနေ နှင့် တနင်္ဂနွေ

ပထမဦးဆုံးအကြိမ်အနေနဲ့ လက်ခံသင်ကြားမည့်
ကလေးစုစုပေါင်းအယောက် (၄၀)လောက်ခန့်မှန်းထားပါတယ်။

စာရင်းသွင်းရမည့်ပုံစံ-
________________

ယခု MHPK Page Messenger သို့
ကလေးအမည်-
အသက်-
အတန်း-
အုပ်ထိန်းသူအမည်-
ဖုန်းနံပါတ်-
တို့ကို ပေးပို့ခြင်းဖြင့်သော်လည်းကောင်း၊
လူကိုယ်တိုင်လာရောက်စုံစမ်းအပ်နှံလိုပါက
09971886692 ကိုဆက်သွယ်၍ မဟာပျိုးခင်း ဘော်ဒါသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

🔺စတင်သင်ကြားမည့်ရက်🔺
September (3)ရက်နေ့အပတ်မှဖြစ်ပြီး (4)ပတ်တိတိ (အခမဲ့) သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ယခုအတန်းအတွက် အသုံးပြုမည့်စာအုပ်ကတော့
Updated 5th edition- Oxford Phonics World (1) ဖြစ်ပါတယ်။
Young Learners level အတွက် phonics စာအုပ်မှာ
Level 5ထိ (၅)အုပ်ရှိမှာဖြစ်ပြီး
ယခု ပထမ Level 1 စာအုပ်လေးကို အခမဲ့ သင်ပေးသွားမှာဖြစ်ပါတယ်။
နောက်level များဆက်လက်တက်ရောက်လိုပါက သင်တန်းကြေး သက်သာစွာဖြင့် အတန်းဖွင့်ပေးဖို့ရှိပါတယ်။
စာအုပ်ပုံကို comment box မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သင်ကြားမည့်တီချယ်ကတော့ Kidiscite ရဲ့ senior teacher တစ်ဦးလည်းဖြစ်သူ/ ယခုလက်ရှိမဟာပျိုးခင်းအတန်းများကို တာဝန်ယူသင်ကြားပေးနေတဲ့ Tr. Emerald ပဲဖြစ်ပါတယ်။
တီချယ်ရဲ့ သင်ကြားမှုပုံစံများကို လေ့လာလိုပါက အောက်ပါ link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://fb.watch/f7XliWb5Tf/

https://fb.watch/f7WRa7lzYf/

ရှေ့လျှောက် မဟာပျိုးခင်းမှ ဖွင့်လှစ်ပေးသွားမည့် အတန်းများမှာ (၃)မျိုးရှိပါတယ်။

1️⃣ပုံမှန် တနင်္လာနေ့ မှ သောကြာနေ့ အထိ မြန်မာကျောင်းသင်ရိုးညွှန်းတမ်းကို အခြေပြုသင်သော Grade 1- 8 (English + Maths) အတန်းများ၊

2️⃣စနေ နှင့် တနင်္ဂနွေနေ့များတွင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို အခြေပြုသင်ကြားမည့် သီးသန့်
CEFR General English Four Skills Class များနှင့်

3️⃣Phonics Class များ ဖြစ်ပါတယ်။

ယခု Phonics Free Class (အခမဲဲ့)တစ်လတာအတွက် ကျောင်းသားဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံးလာရောက်စာရင်းသွင်းပေးကြဖို့ နှိုးဆော်အပ်ပါတယ်။





မြစ်သားမြို့မှ လူကြီးမင်းများအားလုံးမင်္ဂလာပါဗျကျွန်တော်တို့ MHPK Education Centreကနေပြီးတော့ မကြာခင်မှာ သားသားမီးမီးတို...
22/08/2022

မြစ်သားမြို့မှ လူကြီးမင်းများအားလုံးမင်္ဂလာပါဗျ

ကျွန်တော်တို့ MHPK Education Centreကနေပြီးတော့ မကြာခင်မှာ သားသားမီးမီးတို့အတွက် Phonics free classလေးတစ်ခုကို စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Phonics ဆိုတာကိုသေသေချာချာမသိသေးတဲ့ကျောင်းသားမိဘတွေအတွက်
**Phonicsဆိုတာဘာလဲ?
**Phonics ကိုဘာကြောင့်သင်ယူသင့်လဲ?
**Phonicsကို သင်ယူရင် သားသားမီးမီးတို့အတွက်
ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ?
ဆိုတာတွေကို ရှင်းပြပေးသွားမှာမို့ Postလေးကိုအဆုံးထိဖတ်ပေးကြပါနော်

(1)Phonicsဆိုတာဘာလဲ?
-Phonicsဆိုတာက သားသားမီးမီးတို့ Englishစာလေ့လာတဲ့အခါမှာ အသံထွက်မှန်မှန်ကန်ကန်နဲ့ ရေးတတ်ဖတ်တတ်စေဖို့ အထောက်အကူဖြစ်စေမယ့် သင်ကြားရေးနည်းလမ်းတစ်ခု
ဖြစ်ပါတယ်

(2)Phonicsကိုဘာကြောင့်သင်ယူသင့်လဲ?
-Phonicsကိုသင်ယူသင့်တဲ့ အဓိက အကြောင်းအရင်းကတော့
Vocabularyတွေကို အလွတ်ကျက်စရာမလိုပဲ စာလုံးပေါင်း
မှန်မှန်ကန်ကန်နဲ့ ရေးတတ်ဖတ်တတ်သွားစေနိုင်ဖို့ဖြစ်ပါတယ်။

(3)Phonicsကို သင်ယူရင် သားသားမီးမီးတို့အတွက် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲ?
-Phonicsကို သင်ယူထားတဲ့သားသားမီးမီးတွေအနေနဲ့ English letterလေးတွေနဲ့ သူတို့ရဲ့soundကိုတွဲပြီး မှတ်မိသွားမှာဖြစ်တဲ့အတွက်သားသားမီးမီးတို့အနေနဲ့ English Vocabulary တစ်လုံးကိုကြားလိုက်တာနဲ့စာလုံးပေါင်းသတ်ပုံကို မှန်မှန်ကန်ကန် ရေးတတ်ဖတ်တတ်သွားမှာဖြစ်ပါတယ်
-ဒုတိယအချက်အနေနဲ့ Phonicsသင်ထားတဲ့သားသားမီးမီးတွေက Speaking မှာလိုအပ်တဲ့ မှန်ကန်တဲ့Pronunciationကိုလည်းအခက်အခဲမရှိ ကောင်းကောင်းမွန်မွန်နဲ့ ပြောနိုင်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် Phonicsအကြောင်းကိုလည်း သိရှိသွားပြီဖြစ်တဲ့အတွက် မကြာခင်မှာဖွင့်လှစ်မယ့် Phonics free classလေးကိုလည်း အသေးစိတ်ပြောပြသွားအုံးမှာမို့ နောက်လာမယ့် postလေးကို စောင့်မျှော်ပေးကြပါအုံးနော်။

Address

Sitkae Street, Myoma Ashae Quarter
Myittha
05161

Telephone

+959971886692

Website

Alerts

Be the first to know and let us send you an email when MHPK Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category