Living Water Bible College

Living Water Bible College Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Living Water Bible College, School, Myitkyina.

Living Water Bible College2026-2027 Academic year Fresher Welcome13.6.2026ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်၄၆ မြို့သစ်...
13/06/2026

Living Water Bible College
2026-2027 Academic year
Fresher Welcome
13.6.2026

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်၄၆ မြို့သစ်ကြီးရပ်ကွက်တွင်ရှိသော မြန်မာနိင်ငံအေဂျီ(ဧဝံဂေလိ)အသင်းတော်များအမှတ်(၁)သာသနာခရိုင် မှဦးစီးဖွင့်လှစ်ထား သောသက်စမ်းရေဓမ္မကောလိပ် ၂၀၂၆-၂၀၂၇ ခုနှစ် ဓမ္မပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုဆုတောင်းခြင်းကို ချီဆောင်ခြင်းဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ကျောင်းကော်မတီများ ခရိုင်ဥက္ကဌ နှင့် အတွင်းရေးမှုး၊ ဘဏ္ဍထိန်း၊ သာသနာနယ်ဥက္ကဌနှင့်အတွင်းရေးမှုး ကျောင်းဆရာ ဆရာမများနှင့်ကျောင်းမိသားစုများခရိုင်ဝင်းမိသားစုများဖြင့် ကြိုဆိုဆုတောင်းခဲ့ကြပါသည်။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီးမြစ်ကြီးနားမြို့

သက်စမ်းရေ ဓမ္မကောလိပ်1.6.2026ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် မြန်မာနိင်ငံအေဂျီ(ဧဝံဂေလိ)အသင်းတော်သာသနာခ...
02/06/2026

သက်စမ်းရေ ဓမ္မကောလိပ်
1.6.2026

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် မြန်မာနိင်ငံအေဂျီ(ဧဝံဂေလိ)အသင်းတော်သာသနာခရိုင်(၁)မှကြီးမှုး၍ဖွင့်လှစ်ထားသော သက်စမ်းရေဓမ္မ‌ေကာလိပ် ၏ ၂၀၂၆-၂၀၂၇နှစ်ဓမ္မပညာသင်နှစ်အစပြုခြင်းကို ၁.၆.၂၀၂၆ရက်တွင် ‌သာသနာခရိုင်(၁)ဥက္ကဌ သိက္ခာတော်ရ ဦးခီယောဆာမှ နုတ်ကပတ်တော်ဖြင့်ဟောပြောဝေငှာ၍ကျောင်းအုပ်ဆရာကြီး ဓမ္မပညာရေးရာမှုး ကျောင်းသားရေးရာမှုး မော်ကွန်ထိန်း ကိုးကွယ်ခြင်းတာဝန်ခံ ဥပုသ်စာဖြေတာဝန်ခံ နှင့်ကျောင်းသူကျောင်းသားများဖြင့် ဆုတောင်းဆက်ကပ်ခြင်းဖြင့်အစပြုနိင်ခဲ့ပါသည်။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီးမြစ်ကြီးနားမြို့

THEOLOGICAL EDUCATION DEPARTMENT ဆရာကြီးများနှင့်တွေ့ဆုံခြင်း30.6.2026 မြစ်ကြီးနားမြို့     ကချင်ပြည်နယ် မြစ်ကြီးနားမြို...
30/05/2026

THEOLOGICAL EDUCATION DEPARTMENT ဆရာကြီးများနှင့်တွေ့ဆုံခြင်း

30.6.2026 မြစ်ကြီးနားမြို့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် သက်စမ်းရေ ဓမ္မကောလိပ်တွင် ကျောင်း၏အနာဂတ်တိုးတက်ရေးအတွက်THEOLOGICAL EDUCATION DEPARTMENT ဆရာကြီးများနှင့် သက်စမ်းရေဓမ္မကောလိပ်မှဆရာများနှင့်တွေ့ဆုံကာ လမ်းညွန်ကြားခြင်းနှင့် စံချိန်စံညွန့်များပြည့်မှီသောကျောင်းဖြစ်လာရန် တွေ့ဆုံခဲ့ကြပါသည်။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီးမြစ်ကြီးနားမြို့

သက်စမ်းရေဓမ္မကောလိပ်23.5.2026သက်စမ်းရေဓမ္မကောလိပ်၏ 2026-2027ဓမ္မပညာသင်နှစ် ကျောင်းလက်ခံရက်ကို 26-30.5.2026ရက်သတ်မှတ်ထားသ...
23/05/2026

သက်စမ်းရေဓမ္မကောလိပ်
23.5.2026

သက်စမ်းရေဓမ္မကောလိပ်၏ 2026-2027ဓမ္မပညာသင်နှစ် ကျောင်းလက်ခံရက်ကို 26-30.5.2026ရက်သတ်မှတ်ထားသည့်အတိုင်း 25.5.2026ရက်တနင်္လာနေ့မနက်9နာရီမှစ၍ ညနေ3နာရီထိလက်ခံသွားမည်ဖြစ်ပါသည်။
မှတ်ချက် ။ ။ ယူဆောင်လာရမည့်အရာများတပါတည်းပြည့်စုံစွာယူဆောင်လာပါရန်အားလုံးကို‌ကြိုဆိုလျက်

အားလုံးအတူတကွနုတ်ကပတ်တော်
ဆည်းပူးနိင်ရန်နိုးဆော်လျက်
ကိုးကွယ်ခြင်းတာဝန်ခံ
#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီးမြစ်ကြီးနားမြို့

သက်စမ်းရေ ဓမ္မကောလိပ် 2026-2027ဓမ္မပညာသင်နှစ် ကျောင်းတော်ကြီး၏ကြောငြာချက်များ
11/05/2026

သက်စမ်းရေ ဓမ္မကောလိပ် 2026-2027ဓမ္မပညာသင်နှစ် ကျောင်းတော်ကြီး၏ကြောငြာချက်များ

ဘွဲ့နှင်းသဘင် ပြုလုပ်ပြီးစီးခြင်း12.12.2025သက်စမ်းရေကောလိပ်၏ 2025ခုနှစ် ဓမ္မဘွဲ့နှင်းသဘင်ကို 12.12.2025 ရက်တွင် ပြုလုပ်ပ...
14/12/2025

ဘွဲ့နှင်းသဘင် ပြုလုပ်ပြီးစီးခြင်း
12.12.2025

သက်စမ်းရေကောလိပ်၏ 2025ခုနှစ် ဓမ္မဘွဲ့နှင်းသဘင်ကို 12.12.2025 ရက်တွင် ပြုလုပ်ပြီးစီးခဲ့ပါသည်။ 2025ခုနှစ်၏ ဓမ္မဘွဲ့နှင်းခြင်းခံယူသူ မြန်မာဒီပလိုမာဘွဲ့ရ 37ဦး လီဆူဒီပလိုမာ ဘွဲ့ရ 11ဦး ဘီဒီအိတ်ခ်ျဘွဲ့ရ 27ဦး တို့အား ဘွဲ့များချီးမြင့်ခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အထွေထွေသာသနာကောင်စီမှ ဥက္ကဌ သိက္ခာတော်ရ ဒေါက်တာဦးအေးမင်း၊ ဒုဥက္ကဌ
သိက္ခာတော်ရ ဒေါက်တာဦးဆွမ်ဇပေါင်၊အတွင်းရေးမှူးသိက္ခာတော်ရဒေါက်တာဦးဟောရှေ၊ဘဏ္ဍာရေးမှူးသိက္ခာတော်ရဒေါက်တာဦးဂျီဇုံးချန်းနှင့် ဂျီစီရုံးအုပ်ကြီးသိက္ခာတော်ရဒေါက်တာဦးအောင်မိုးထွန်းတို့တက်ရောက်ဂုဏ်ပြုကာ ဒေသနာတော်ဝေငှခြင်းဆုတောင်းပေးခြင်းဖြင့်အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ကြပါသည်။
သာသနာခရိုင်မှ ခေါင်းဆောင်ကြီးများသာသနာနယ်မှ ဆရာတော်များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ
နှင့် ဘွဲ့ယူကျောင်းသူကျောင်းသားများ၏မိဘများ ချီဆောင်ခြင်းအသင်းတော်မှ မိခင်များနှင့်သင်းထောက်များစည်းကားစွာကျင်းပနိင်ခဲ့ပါသည်။ သက်စမ်းရေဓမ္မကောလိပ် မိသားစုများမှ လာရောက်ချီးမြှင့်ဂုဏ်ပြုပေးကြသူအရောက်တိုင်းကိုအထူးကျေးဇူးတင်ရှိပါကြောင်း2025ခုနှစ်ဘွဲ့နှင်းပွဲမှတ်တမ်းဓါတ်ပုံဖြင့်မှတ်တမ်းတင်အပ်ပါသည်။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီး
#မြစ်ကြီးနားမြို့

11/12/2025

သက်စမ်းရေဓမ္မကောလိပ်
10.12.2025

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အမှတ်(1)သာသနာခရိုင် လက်အောက်ရှိ သက်စမ်းရေဓမ္မကောလိပ်၏2025ခုနှစ်ဓမ္မပညာသင်နှစ်၏ ဓမ္မပညာရည်ချွန်ဆုပေးအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။ ဆုပေးပွဲအစီအစဉ်တွင် မြန်မာဒီပလိုမာပထမနှစ်ကျောင်းသူ မချောတင်ဇာအောင် မှ မြန်မာအကဖြင့်ဖျော်ဖြေတင်ဆက်သွားခဲ့ပါသည်။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီး
#မြစ်ကြီးနားမြို့

02/12/2025

သက်စမ်းရေ ဓမ္မကောလိပ်
2.12.2025

သီချင်းသစ် မိတ်ဆက်ခြင်း

သက်စမ်းရေဓမ္မကောလိပ်မှ ‌ကျောင်းသားမောင်ခေါင်ဟောင်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းသစ်လေးပါ ခွန်အားယူနားဆင်နိင်ပါပြီ။

#သက်စမ်းရေဓမ္မကောလိပ်
#မြို့သစ်ကြီး
#မြစ်ကြီးနားမြို့

06/11/2025

29.10.2025

စွမ်းရည်ပြိုင်ပွဲ ကိုယ်တိုင်ရေးဆို သီချင်းဖြင့်ယှဥ်ပြိုင်စဉ်

အဖွဲ့(၆)သံလွင်တောင်အဖွဲ့ကိုယ်စား
မောင်ဒီးယောဟန် မှ သီဆိုယှဉ်ပြိုင်စဉ်

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Living Water Bible College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category