Pinnya Tagar College

Pinnya Tagar College Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pinnya Tagar College, Education Website, Lamung zup, Myitkyina.

ဝမ်းနည်းကြောင်း ထုတ်ပြန်ခြင်း 🖤ပညာ့တံခါးကျောင်းတော်ကြီးအတွက် တစ်ထောင့်တစ်နေရာကနေ အမြဲတစေ လမ်းပြကူညီပေးတဲ့ ချစ်ရတဲ့ ကျွန်...
23/05/2026

ဝမ်းနည်းကြောင်း ထုတ်ပြန်ခြင်း

🖤ပညာ့တံခါးကျောင်းတော်ကြီးအတွက် တစ်ထောင့်တစ်နေရာကနေ အမြဲတစေ လမ်းပြကူညီပေးတဲ့ ချစ်ရတဲ့ ကျွန်တော်တို့ရဲ့ Trainer ဆရာ Dominic ဆုံးပါးသွားကြောင်း ကြားသိရသည့်အတွက် ကျွန်တော်တို့ ပညာ့တံခါးမိသားစုဝင်များ အားလုံးလဲ ကျန်ရစ်သူမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါသည်။

🖤ကျန်ရစ်သော မိသားစုဝင်များအားလုံးအပေါ် ထာဝရဘုရားသခင်ထံတော်မှ နှစ်သိမ့်ခြင်း ခွန်အား ပေးသနားတော်မူပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ပညာ့တံခါးမိသားစုဝင်များ

🖤တနဂ်နွေနေ့ ၂၄.၅.၂၀၂၆ သွားရောက်ဖို့ရှိပါမယ်။ နာရေးအလှူငွေ ထည့်ဝင်ပေးပို့လိုပါက 09790941068 Laha Hkawng Lum
သို့ ပေးပို့သူအမည်အပါအဝင် Note ရေးပြီးပေးပို့နိုင်ပါတယ်

2027-28 ပညာသင်နှစ် ပညာ့တံခါးကောလိပ် (Bridge 1)🌉  ဝင်ရောက်ဖို့ ကြိုတင်ပြင်ဆင်နိုင်ပါပြီ...
06/05/2026

2027-28 ပညာသင်နှစ် ပညာ့တံခါးကောလိပ် (Bridge 1)🌉
ဝင်ရောက်ဖို့ ကြိုတင်ပြင်ဆင်နိုင်ပါပြီ...

"Bridge" ဆိုတာ တံတားတစ်စင်းပါပဲ... သင်သွားချင်တဲ့ အနာဂတ်ဆီကို ကူးသွားနိုင်ဖို့ပေါ့! 🌉✨

PBC Bridging Program ဟာ ပညာ့တံခါးကောလိပ် (Pinnya Tagar College) ဝင်ခွင့်အတွက် အဓိကကျတဲ့ Bridge I အပြင်၊ တခြားသော အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက်လည်း ဒီ Program က တံခါးပေါက်ပေါင်းများစွာ ဖွင့်ပေးထားပါတယ်။

• Bridge I: ပညာ့တံခါးကောလိပ် (၂ နှစ်) တက်ရောက်နိုင်မယ့် လမ်းကြောင်း။
https://www.facebook.com/share/p/17qEPTRetR/
• Bridge II: ထိုင်းနိုင်ငံ Payap University မှာ ၆ လကြာ ပညာသင်ယူနိုင်မယ့် လမ်းကြောင်း
https://www.facebook.com/share/p/1CXHD7umxf/
• Bridge III: Professional Career Development Services (အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ဝန်ဆောင်မှုများ)။
• Bridge IV: Further Studies Preparation Services (ဆက်လက် ပညာသင်ကြားရေး ပြင်ဆင်မှု ဝန်ဆောင်မှုများ)
https://www.facebook.com/share/p/1Rnvf5rnGz/

Bridging Program မှာ ဘာသာရပ်အနေနဲ့
💻 Computer: နည်းပညာခေတ်မှာ နောက်မကျန်ခဲ့စေဖို့။
🗣️ English: ဆက်သွယ်ပြောဆိုမှုမှာ ယုံကြည်မှုရှိစေဖို့။
🧠 Learning Skills: ဘဝတစ်လျှောက်လုံး အကျိုးရှိမယ့် လေ့လာသင်ယူမှု နည်းစနစ်ကောင်း တို့ကို အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Skills တွေဟာ ဘယ်လုပ်ငန်းခွင်၊ ဘယ်ပညာရေးနယ်ပယ်မှာမဆို သင့်ကို အောင်မြင်စေမှာ အသေအချာပါပဲ။ စာရင်းပေးသွင်းနိုင်ပါပြီနော်…

💰 သင်တန်းကြေး: ၇၅၀,၀၀၀ ကျပ် (ဘာသာရပ် ၃ ခုလုံးအတွက်)
🎁 Early Bird Discount: ပထမဆုံး ၁၀ ဦးအတွက် ၁၅၀,၀၀၀ ကျပ် သက်သာခွင့်။

Batch 12 (Class of 2025) "Day of Joy & Achievement!" ❤️📜🍀Throwing it back to the Batch 12 Graduation ceremony held on De...
28/04/2026

Batch 12 (Class of 2025)
"Day of Joy & Achievement!" ❤️📜

🍀Throwing it back to the Batch 12 Graduation ceremony held on December 13, 2025.

🍀The graduation was more than just a ceremony; it was a celebration of resilience, growth, and the bright futures of our students. While the caps and gowns have been put away, the bond we share remains stronger than ever.

🍀As we move through 2026, we are thrilled to see our alumni making their mark in their respective professional fields. Your journey started here, and your success continues to be the pride of Pinnya Tagar College.

Keep shining, Class of 2025! 🌟

သက်ြန်နှစ်ကူး အချိန်အခါသမယမှာ ပညာ့တံခါးမိသားစုဝင်များ၊ မြန်မာပြည်သူပြည်သားများ၊ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကိုယ်၏ကျန်းမာ...
17/04/2026

သက်ြန်နှစ်ကူး အချိန်အခါသမယမှာ
ပညာ့တံခါးမိသားစုဝင်များ၊
မြန်မာပြည်သူပြည်သားများ၊
ကမ္ဘာသူ ကမ္ဘာသားများအားလုံး
ကိုယ်၏ကျန်းမာခြင်း၊
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး
သဘာဝဘေး အန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးပါစေ..
လိုအင်ဆန္ဒများအားလုံးပြည့်စုံကြပါစေ...
ကျန်းမာချမ်းသာကြပါစေလို့ ပညာ့တံခါးမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ…

Pinnya Tagar College x Purdue University Fort Wayne UNESCO Chair 🎓🤝ပညာရေးကဏ္ဍသစ်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု🍀Pi...
12/04/2026

Pinnya Tagar College x Purdue University Fort Wayne UNESCO Chair 🎓
🤝ပညာရေးကဏ္ဍသစ်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

🍀Pinnya Tagar College အပါအဝင် အဖွဲ့ဝင် (၄) ကျောင်းဖြင့် ဖွဲ့စည်းထားသည့် Myanmar Colleges Consortium (MCC) နှင့် အမေရိကန်ပြည်ထောင်စုရှိ Purdue University Fort Wayne UNESCO Chair တို့အကြား ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို 6.4.2026 Mon ရက်နေ့အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။

🤝New Partnership Alert: Pinnya Tagar College x
Purdue University Fort Wayne UNESCO Chair 🎓
✅We are proud to share that a formal MOU has been signed between the Myanmar Colleges Consortium (MCC) and the UNESCO Chair at Purdue University Fort Wayne, USA.
✅This landmark agreement covers a wide range of academic collaborations, including exchange programs, joint research, and mutually beneficial educational initiatives.

❗Stay connected for news, updates, and insights from our campus in Myitkyina!
Also follow:
– Pinnya Tagar Alumni Page
https://www.facebook.com/profile.php?id=100079585540172
– President’s Office Account
https://www.facebook.com/profile.php?id=100080700735261
– Admin Office Account
https://www.facebook.com/tagar.pinnya

💥DEADLINE EXTENSION ရက်တိုးမြှင့်ခြင်းဆိုင်ရာ အသိပေးချက်Bridging Program (Cohort 1) လျှောက်ထားဖို့ အချိန်မီသေးတယ်နော်! စ...
10/03/2026

💥DEADLINE EXTENSION ရက်တိုးမြှင့်ခြင်းဆိုင်ရာ အသိပေးချက်
Bridging Program (Cohort 1) လျှောက်ထားဖို့ အချိန်မီသေးတယ်နော်!
စာရင်းပေးသွင်းဖို့ ပြင်ဆင်နေသူတွေအတွက် Deadline လေး တိုးပေးလိုက်ပါတယ်နော်...

❗အရေးကြီးသည့် ရက်စွဲအပြောင်းအလဲများ
Deadline အသစ် ၁၆.၄.၂၀၂၆ (ကြာသပတေးနေ့)
ဝင်ခွင့်စာမေးပွဲရက် ၁၈.၄.၂၀၂၆ (စနေနေ့)

ဝင်ခွင့်စာမေးပွဲအတွက် အသေးစိတ်အချက်အလက်များကိုတော့ စာရင်းပေးသွင်းပြီးသူများထံ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ လျှောက်ထားလိုက်တော့နော်...
---------------------------------------------------------------

📍Associate of Arts in Community Development
အမှတ်စဉ် (၂)၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ် အတွက်
သင်တန်းသူ၊သားခေါ်ယူခြင်း

☘၂၀၂၇-၂၀၂၈ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များကို စတင်လက်ခံနေပြီဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ကြိုတင်ပြင်ဆင် လျှောက်ထားနိုင်ပါသည်။

✅၁။ လိုက်နာဆောင်ရွက်ရမည့် အဆင့်ဆင့်
◾1. ဖောင်တင်ခြင်း: ပထမဦးဆုံး ပေးထားသော Registration Link မှတစ်ဆင့် စာရင်းပေးသွင်းရမည်ဖြစ်သည်။
❗💥ပထမအသုတ် Bridging Program တက်ရောက်ရန် နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက် 26.3.2026 Thursday❗💥
◾2. ဝင်ခွင့်စာမေးပွဲ (Entrance Exam): စာရင်းပေးသွင်းပြီးသူများအား Entrance Exam အသေးစိတ်ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပါမည်။
ပထမအကြိမ် ဝင်ခွင့်စာမေးပွဲရက်: ၃၀ မတ်လ ၂၀၂၆ (တနင်္လာနေ့)
◾3. Bridging Program (၃ လသင်တန်း) - ဝင်ခွင့်ဖြေဆိုပြီးနောက် လိုအပ်သော ဘာသာရပ်များကို ၃ လကြာ တက်ရောက်ရမည်။
o ပထမအသုတ် Bridging Program ဧပြီ ၂၀၂၆ - ဇွန် ၂၀၂၆
◾4. ပညာ့တံခါးကျောင်းဝင်ခွင့်အတည်ပြုခြင်း - သင်တန်းအမှတ်စာရင်းများအပေါ် မူတည်၍ PTC ကျောင်းသားအဖြစ် အမည်စာရင်းသွင်းနိုင်မည်ဖြစ်သည်။

✅၂။ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။
◾တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်နှင့် ညီမျှသော ပညာရပ်တတ်‌မြောက် ထားသူ၊
◾(၂) နှစ်တာတိတိ သင်တန်းတက်ရောက်ရန် အချိန်ပေးနိုင်သူ၊
◾ပညာဆည်းပူးရန် စိတ်အားထက်သန်သောသူ၊
◾မတူကွဲပြားမှုကို လက်ခံနိုင်သောသူ၊
◾အဆောင်တွင် နေထိုင်နိုင်သူ (အဆောင်နေ ကျောင်းသူကျောင်းသားများအတွက်)
◾ခေါင်းဆောင်မှုနှင့် စွမ်းရည်အလားအလာရှိသူ
◾လူမှုရပ်ရွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စိတ်ပါဝင်စားသူ၊

AA Program အကြောင်းပိုမိုသိရှိလိုပါက video
https://www.facebook.com/share/v/1AoZARAMiG/
ကျောင်းအကြောင််းလက်ကမ်းစာစောင်
https://www.facebook.com/share/p/1CZHyzPkKG/

✅၃။ ယခုလာမည့်နှစ်တွင် ပညာ့တံခါးကောလိပ်တက်ရောက်နိုင်မည့် တည်နေရာ (Location)၊ ပုံစံ ကိုနှစ်ခုရှိပါသည်။
◾၁၃ မိုင် လမုန်ဇွတ်ကျောင်း တွင်တက်ရောက်မည်(အဆောင်နေရမည်)။
◾မြစ်ကြီးနားမြို့တွင်းတွင် တက်ရောက်မည် (အဆောင်နေစရာမလိုပါ)
Non-Residential Program နှင့်ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက
https://www.facebook.com/share/p/1b1KduXKAp/

✅၄။ 2026 Bridging Program ဖွင့်လှစ်မည့် အသုတ်များ (Cohorts)
ယခုနှစ် ၂၀၂၆ အတွက် Bridging Program စုစုပေါင်း ၃ သုတ် ခေါ်ယူသွားမည်ဖြစ်သည်-
◾Cohort 1: ဧပြီ - ဇွန် ၂၀၂၆
❗💥ပထမအသုတ် Bridging Program တက်ရောက်ရန် နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက် 26.3.2026 Thursday❗💥
◾Cohort 2: ဇွန် - သြဂုတ် ၂၀၂၆
◾Cohort 3: စက်တင်ဘာ - နိုဝင်ဘာ ၂၀၂၆
Bridging Program အကြောင်းအသေးစိတ်သိရှိလိုပါက
https://www.facebook.com/share/p/18PL5JjaAv/

✅၅။ ဘာကြောင့် စောစောလျှောက်ထားသင့်သလဲ?
◾ပြင်ဆင်ချိန်ပိုရခြင်း: စောစောတက်ရောက်နိုင်ပါက၊ ကျောင်းဝင်ခွင့် လျှောက်ထားအောင်မြင်နိုင်ဖို့ ပြင်ဆင်ချိန် ပိုရရှိလေဖြစ်သည်။
◾အခွင့်အရေးပိုမိုရရှိခြင်း: အကယ်၍ Bridging Program အမှတ်မမီပါက ပြန်လည်ဖြေဆိုခွင့် အခွင့်အရေးရှိသည်။
◾ ဦးရေကန့်သတ်ချက်: ကျောင်းသားလက်ခံမှုနှုန်း ကန့်သတ်ထားသဖြင့် စောစောဖြေဆိုအောင်မြင်သူများသည် တက်ရောက်ခွင့်ရရှိရန် ရာခိုင်နှုန်း ပိုများမည်ဖြစ်သည်။

✅၆။ ဝင်ခွင့်လျှောက်လွှာပေးပို့နည်းများ
1️⃣(ပထမနည်း) Online မှ တိုက်ရိုက် ဖြည့်စွက်နည်း
အောက်ပါ Link ထဲသို့ ၀င်၍ဖြည့်စွက်ရန်
🔗 Registration Link: https://forms.gle/by7xpBzKFjLwDjyJ7

◾Online မှလျှောက်ထားသူများအနေနှင့် မိမိရဲ့ လိုင်စင်ဓါတ်ပုံ(၁ လက်မပတ်လည် ၆ လအတွင်းရိုက်ထားသော လိုင်စင်ဓါတ်ပုံ) ကို
Pinnya Tagar ၏ Email လိပ်စာ [email protected] သို့မဟုတ်
Pinnya Tagar College page Messenger https://www.facebook.com/profile.php?id=61574052269300 သို့ပို့ပေးပါရန်

2️⃣(ဒုတိယနည်း) သင်တန်းလျှောက်လွှာ Form စာရွက်ပေါ်တွင် ဖြည့်၍ ပေးပို့နည်း
◾၁) သင်တန်းလျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူနိုင်ပါသည်။
- Pinnya Tagar Business Centre (၁၇၃/၁ စံပြ၊တပ်ကုန်း၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
- Pinnya Tagar College (၁၃ မိုင်၊ လမုန်ဇွပ်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
◾၂) လျှောက်လွှာလမ်းညွှန်ကိုရှေးဦးစွာ ဖတ်ရှုပြီး လမ်းညွှန်ပါအတိုင်း လုပ်ဆောင်ရပါမည်။
◾၃) လျှောက်လွှာကို မိမိထုတ်ယူခဲ့သော နေရာသို့ (သို့မဟုတ်) Pinnya Tagar Business Centre ရုံးသို့ သတ်မှတ်ရက်ထက်နောက်မကျဘဲ အပ်နှံနိုင်ပါသည်။

✅အသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ရန်
Pinnya Tagar College Phone +959260115834, +959266019428, +959254445346
Pinnya Tagar College Viber +959260115834, +959796608316, +95979094106
Email : [email protected], [email protected]

2026 FRESHER WELCOME BATCH 14 Class of 2027A Night of Royalty & Celebration at Pinnya Tagar College! 👑🔥​Two Batches, One...
23/02/2026

2026 FRESHER WELCOME
BATCH 14 Class of 2027

A Night of Royalty & Celebration at Pinnya Tagar College! 👑🔥
​Two Batches, One Family.

Last Sunday, February 15th, the campus was glowing as Senior Batch 13 officially welcomed Batch 14 (Class of 2027) in an unforgettable 1 PM – 9 PM extravaganza!

​From the high-stakes runway to the smoky aroma of the sunset barbecue 😋 here is how we celebrated our newest stars.
​🏆 The Honors List
• ​👑 King & Queen
• ​🥈 Prince & Princess
• ​🥉 Mister & Miss
• ​Special Recognition
• ​✨ Confidence & Gentleman Awards
• ​👠 Best in Catwalk & Fashion Awards

​🍢 Beyond the Stage: The Barbecue Dinner
​As the sun set, the formal ceremony transitioned into our Signature Barbecue Dinner. There’s no better way to bond than over a grill! 🥩🔥

​Watching Batch 13 and Batch 14 and some of Batch 12 alumni swap stories, share laughs, and build the foundations of lifelong friendships was the highlight of the night.

❣️This is what the Pinnya Tagar experience is all about—academic excellence wrapped in a vibrant community.

📝ဝင်ခွင့်စာမေးပွဲနှင့် လူတွေ့အင်တာဗျူး ၂၀၂၆-၂၇ ပညာသင်နှစ် ပညာ့တံခါးကောလိပ် Associate of Arts in Community Development
28/12/2025

📝ဝင်ခွင့်စာမေးပွဲနှင့် လူတွေ့အင်တာဗျူး
၂၀၂၆-၂၇ ပညာသင်နှစ် ပညာ့တံခါးကောလိပ်
Associate of Arts in Community Development

💥Bridging Program Cohort 1, 2 နှင့် 3 မှ ကျောင်းသူကျောင်းသားများ
📝၂၀၂၆-၂၇ ပညာသင်နှစ် ပညာ့တံခါးကောလိပ် (Associate of Arts in Community Development) ဝင်ခွင့်စာမေးပွဲနှင့် လူတွေ့အင်တာဗျူးကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

🗓 နေ့ရက်: ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ် (တနင်္လာနေ့)
⏰ အချိန်စာရင်း:
👉နံနက်ပိုင်း: ရေးဖြေစာမေးပွဲ (၉ နာရီ)
👉မွန်းလွဲပိုင်း: လူတွေ့စစ်ဆေး အင်တာဗျူးခြင်း (တစ်ဦးချင်းစီအတွက် အချိန်စာရင်းအား နံနက်ပိုင်းတွင် ထပ်မံအသိပေးပါမည်)

📍 နေရာ: အမှတ် ၁၇၁/၁၊ စံပြရပ်ကွက်၊ မြစ်ကြီးနားမြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
Phone: 09-420557917, 09-266019428, 09-254445346
Viber: 09-420557917, 09-796608316, 09-790941068

💥သတ်မှတ်ထားသော အချိန်ထက် နောက်မကျဘဲ အရောက်လာခဲ့ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Associate of Arts in Community Development
https://www.facebook.com/share/p/19PvEPKZ8Q/

ENGLISH VERSION
Attention: Bridging Program Cohort 1, 2 and 3
Please save the date for your upcoming entrance assessment. It is important to be punctual for both the exam and the interview sessions.

🗓 Date: Monday, December 29, 2025
⏰ Schedule:
Morning: Written Entrance Exam
Afternoon: Interview Sessions (Individual slots will be notified during the morning part)
📍 Location: 173/1 Sanpya Ward, Tat Kone, Myitkyina, Kachin State.

Pinnya Tagar Business Centre

Merry Christmas! 🎄✨ယနေ့ကျရောက်တဲ့ ခရစ္စမတ်အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး စိတ်နှလုံး...
25/12/2025

Merry Christmas! 🎄✨
ယနေ့ကျရောက်တဲ့ ခရစ္စမတ်အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး စိတ်နှလုံးအေးချမ်းကြပါစေကြောင်း "ပညာ့တံခါး‌ကောလိပ်" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
လုံခြုံစွာ အိပ်စက်နိုင်ကြပါစေ။ အလင်းသစ်မှာလည်း မျှော်လင့်ချက်အပြည့်နဲ့ အေးချမ်းစွာ နိုးထနိုင်ကြပါစေ။ နေ့ရက်တိုင်းကိုလည်း ထိတ်လန့်ကြောက်ရွံ့မှုကင်းဝေးပြီး ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။ မြန်မာပြည်သူပြည်သားအားလုံး နွေးထွေးလုံခြုံတဲ့ ခရစ္စမတ်ဖြစ်ပါစေ။ ❤️🕊️

"Wishing everyone a Christmas filled with heart-felt peace. May you sleep in safety and wake up to a dawn of new hope. From our 'Pinnya Tagar college' family to yours —stay warm and stay safe. Have a blessed and peaceful Christmas.❤️🕊️"

Pinnya Tagar College Family

❤ Pinnya Tagar College Thanksgiving Celebration 🥕🥬🌽🍅🍁😍The air was filled with warmth and gratitude last Sunday as we hel...
23/11/2025

❤ Pinnya Tagar College Thanksgiving Celebration 🥕🥬🌽🍅🍁

😍The air was filled with warmth and gratitude last Sunday as we held our Thanksgiving Celebration! 16th Nov 2025

😍ပညာ့တံခါးကျောင်းတော်ကြီးမှာ ၁၆.၁၁.၂၀၂၅ (တနင်္ဂနွေနေ့) ခရစ်ယာန်ဘာသာဝင်တို့၏ ဓလေ့ရိုးရာ ကျေးဇူးတော်ချီးမွမ်းပွဲကို ပညာ့တံခါးဆရာ/ဆရာမများ၊ အမှတ်စဉ် (၁၃) ကျောင်းသား/သူများနှင့်အတူ အမှတ်စဉ် (၁၂) ကျောင်းသား/သူအချို့တို့က ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်အချို့ကို မျှဝေလိုက်ပါတယ်…

✅❗💥FINAL CALL
10/11/2025

✅❗💥FINAL CALL

✅❗💥FINAL CALL
အိုးမကွာအိမ်မကွာနဲ့ တစ်လတာလေး အချိန်ပေးပြင်ဆင်ပြီး ၂၀၂၆ ပညာသင်နှစ် ပညာ့တံခါးကောလိပ်ဝင်ရောက်နိုင်မယ့် နောက်ဆုံး အခွင့်အရေးကြီး

✅ပညာ့တံခါး လျှောက်ထားသူ စိတ်ဝင်စားမှုမြှင့်မားသည့်အလျောက်
မဖြစ်မနေ တက်ရောက်ပြီးစီးထားရမယ့် Bridging Program, 2025 အတွက် နောက်ဆုံးအနေဖြင့်
အသုတ်တစ်သုတ် ပြန်လည်ခေါ်ယူဖို့ ရှိတဲ့အကြောင်း သတင်းကောင်း ပါးအပ်လိုက်ပါတယ်…

✅ပုံမှန် ၃လတာ (တစ်ရက် နေ့တစ်ပိုင်း) တက်ရောက်ရမယ့် Program Design ဖြစ်ပေမယ့် Cohort III ကို Learning design ပုံစံတစ်ခုနဲ့ တစ်လတာ လေ့လာသင်ယူ ပြင်ဆင်သွားရမယ့်ပုံစံလေး ရှိထားပါတယ်…

✅ဘယ်လိုပုံစံ သင်ကြား လေ့လာသွားရမှာလဲ?
English subject and Learning Skills; Dec, 2025 Online အွန်လိုင်း
Computer; Jan-Feb-March 2026 In person လူတွေ့

✅ယခု Program Design အားသာချက် ဘာတွေရှိမလဲ?
တစ်လတာ အွန်လိုင်း သင်ကြားလေ့လာ ပြင်ဆင်မှု ပုံစံဖြစ်တဲ့အတွက် အိုးမကွာအိမ်မကွာနဲ့ နေထိုင်စားသောက်စရိတ် သက်သက်သာသာနဲ့ ပြင်ဆင်သွားနိုင်မှာဖြစ်ပါတယ်…
လေ့လာပြင်ဆင်မှုမှာ လူတွေ့သီးသန့်တစ်မျိုးသာမဟုတ်ဘဲ အွန်လိုင်းလေ့လာသင်ယူမှုလဲ ပါရှိတဲ့ ဒီဇိုင်းဖြစ်တာကြောင့် သင်တန်းကြေးလဲ အတိုင်းအတာတစ်ခုအထိ သက်သာမှာဘဲ ဖြစ်ပါတယ်…

✅Bridging Program Cohort III သင်တန်းကြေး ဘယ်လောက်ပေးသွင်းရမှာလဲ? (အသုတ်တစ်ခုလုံးအတွက် ကျပ် ၄၀၀၀၀၀ သာ)
Promotion ပရိုမိုးရှင်း/ Discount ရှိမလား?
Cohort III အတွက် Scholarship လျှောက်ထားနိုင်ခွင့်ရှိထားပါသေးတယ်🤩
Scholarship အသေးစိတ်အကြောင်းအရာများကို အောက်တွင် ဖော်ပြထားတဲ့ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်…
https://www.facebook.com/share/p/1Cu46p22rf/

✅Bridging Program ဆိုတာဘာလဲ?
ပညာ့တံခါးကောလိပ် ဝင်ရောက်ရန် လျှောက်ထားမည့်သူများ မဖြစ်မနေတက်ရောက် ပြီးစီးထားရမည့် Bridging/Pre-college Program တစ်ခုဖြစ်ပါတယ်။
https://www.facebook.com/share/p/16vKhBLN4R/

✅ဘယ်အချိန်နောက်ဆုံး ပေးပို့လျှောက်ထားလို့ရမှာလဲ?
နောက်ဆုံးထားလျှောက်ထားပေးပို့ရန် ၂၈.၁၁.၂၀၂၅ သောကြာနေ့

✅Class ဘယ်အချိန်စမှာလဲ?
၁.၁၂.၂၀၂၅ တနင်္လာနေ့

✅ဘယ်သူတွေ သင်ကြားပေးသွားမှာလဲ?
လူမှုဖွံ့ဖြိုးရေး၊ သင်ကြားရေးနယ်ပယ်မှာ အတွေ့အကြုံ ၁၀နှစ်ကျော်ရှိပြီးဖြစ်တဲ့ ဆရာ၊ ဆရာမတွေမှ ကိုယ်တွေ့အတွေ့အကြုံများ၊ လက်ရှိဖြစ်ပျက်ပြောင်းလဲနေသော အပြောင်းအလဲ ရေစီးကြောင်းများနဲ့အညီ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅တက်ရောက်ဖို့ ဘယ်လိုလျှောက်ထားရမှာလဲ?
Bridging Program တက်ရောက်ရန် လျှောက်ထားနိုင်သည့်ပုံစံ
ယခု Google Form Link မှတစ်ဆင့်
https://docs.google.com/.../1sK4ldTGm820HQu0vrbqQVzj.../edit
ဖြည့်စွက်ခြင်းဖြင့် လည်းကောင်း
[email protected] သို့ Email Subject – “2025 Bridging Program Application (Name)” ပေးပို့ခြင်းဖြင့်လည်းကောင်း
ရုံးသို့ ရုံးချိန် 10am-4pm အတွင်း Application Form လာရောက်စုံစမ်းဖြည့်စွက် ခြင်းဖြင့်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

Pinnya Tagar Business Center (၁၇၃/၁ စံပြ၊တပ်ကုန်း၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)

ဆက်သွယ်စုံစမ်းမေးမြန်းရန်
https://www.facebook.com/profile.php?id=61575893985999
Phone +959420557917, +959266019428, +959254445346
Viber +959420557917+959796608316, +959790941068
page – Pinnya Tagar Business Center

Address

Lamung Zup
Myitkyina
01011

Website

Alerts

Be the first to know and let us send you an email when Pinnya Tagar College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share