25/06/2025
#မိဘတွေကိုဂျင်းထည့်နေသောမူကြိုပညာရေးလောက
မိဘတွေကိုယ့်သားသမီးကိုတကယ်ထူးချွန်စေချင်တာအမှန်လားကအရင်စမေးရပါတော့မယ်
လခများပြီးကျောင်းရုပ်ပြကောင်းရုံနဲ့ အဲ့လိုကျောင်းကနေ
ကိုယ့်ကလေးအပြည့်အဝဘက်စုံဖွံ့ဖြိုးနိုင်မယ်လို့ထင်နေပါသလား?
Englishစာကလေးတွေထမင်းစားရေသောက်ပြောတတ်လာရုံနဲ့ ကလေးတကယ်ထူးချွန်ပြီလို့ထင်နေပါသလား?
ကျောင်းကောင်းခြင်းမကောင်းခြင်းဟာ💥💥💥
👉ဝန်ဆောင်မှုကောင်းကောင်းပေးတာကအရေးကြီးသလား?
👉ကျောင်းကြီးတာကအရေးကြီးသလား?
👉အင်္ဂလိပ်စာသင်တာကအရေးကြီးသလား?
👉ကလေးဘက်စုံဖွံဖြိုးနိုင်ဖို့ကအရေးကြီးသလား?
မိဘတွေကိုအတွေးမမှားစေချင်ပါ
ကလေးတွေကိုအရည်အသွေးပြည့်မှီတဲ့ဘက်စုံဖွံဖြိုးမှုရရှိစေဖို့ ထရံကာကျောင်းကလဲဖြစ်နိုင်သလို ဘုန်းတော်ကြီးပညာသင်ကျောင်းကလဲဖြစ်နိုင်ပါတယ်
အဓိကဘက်ပေါင်းစုံပြည့်စုံနေသောကျောင်းဖြစ်ဖို
့ အဆောက်အဦး ဝန်ဆောင်မှု သင်ကြားရေး ဆရာမအရည်အသွေး
ကောင်းမွန်စွာပေါင်းစပ်ထားသောကျောင်းဖြစ်နေဖို့တော့လိုပါတယ်
ရုပ်ပြဟိတ်ဟန်များပြီး ကလေးပျိုးထောင်သူဆရာမတွေမှာ Eccdအတွေ့အကြုံမပြောနဲ့
Eccdသင်တန်းမတက်ရသေးသော Eccdလက်မှတ်မရှိသေးသော
တာဝန်ခံကျောင်းအုပ်နှင့်ဆရာမတွေအများကြီးပါ
Eccdသင်တန်းတက်ပြီးလက်မှတ်ရထားပေမယ့်လဲ
Eccd Senses နှင့် Eccdအတွေ့အကြုံ (ဝါ)မရှိပြန်ရင်လဲ
ကလေးများအတွက်ဘက်စုံဖွံ့ဖြိုးမှုရရှိနိုင်မှုဟာလျှောက်သောလမ်းမှာစမ်းတဝါးဝါးပါ
Eccdကိုစာတွေသီအိုရီကြားမှာ မျှောနေလို့မရပါဘူး
တကယ့်လက်တွေ့မှာ ကလေးတွေပေါ်မူတည်ပြီး
ိလိုအပ်သလိုတီထွင်ပံပိုးပေးနိုင်ဖို့လိုပါတယ်
မူကြိုဆရာမဆိုတာကလေးထိန်းရုံနဲ့မရပါဘူး
မတူညီသောကလေးတိုင်းအတွက် ဖြည့်စီးပေးနိုင်ဖို့မူကြိုဆရာမက
ဘက်စုံတော်ပြီးထက်မြက်နေမှရပါမယ်
မူကြိုတည်ထောင်သူကနိုင်ငံတကာEccdလက်မှတ်တွေရလာလဲ
သူကိုယ်တိုင်ကလေးတွေကိုသင်ပေးလား
သူလက်အောက်ကဆရာမတွေပဲသင်ပြီးနာမည်ပဲပြစားနေလားကြည့်ရပါမယ်
သူ guideline အောက်နေသွားပေးနေရင်တောင်
လက်အောက်ခံဆရာမတွေ အရည်အသွေးနိမ့်ရင်လဲအလကားပါ
နာမည်ကြီးအောင် ဟိတ်ဟန်တွေကြော်ငြာပြီး
အရေးအကြီးဆုံးလူသားအရွယ်ကိုမှ ဆရာမကပညာအရည်အချင်း
၁၀တန်းလောက်ကိုင်တွယ်တာတွေမဖြစ်သင့်ပါ
ဘွဲ့တွေသတီကြီးရထားတဲ့ဆရာမတွေ ကလေးတွေကိုပျိုးထောင်တိုင်းလဲ
Eccdနှင့်မသက်ဆိုင်သော ဘွဲ့တွေ သင်တန်းလက်မှတ်တွေဖြစ်နေမယ်
Eccdနယ်ပယ်ကိုမကျွမ်းကျင်ရင် အလကားပါ
အခုခေတ်က ဂျင်းထည့်ရလွယ်ပါတယ် ဘာကြောင့်လဲ
ငယ်တုန်းကEccdမရခဲ့သောမိဘတွေကြောင့်ပါ
ကိုယ့်သားသမီး ကိုယ့်လိုဖြစ်ချင်လား ကိုယ့်ထက်သာသောသူဖြစ်စေချင်လား
ကျမတို့ကြိုးစားနေကြတာဟာ တနိုင်ငံလုံးရှိကလေးတွေ ကျမတို့ထက်သာပြီး
ကျမတို့နိုင်ငံကိုအကျိုးပြုနိုင်ဖို့အတွက်ပါ
ကျမတို့ထက် ရုပ်ပိုင်းစိတ်ပိုင်းစာရိတ္တပိုင်းလူမှုရေးအတွေးအခေါ်တွေသာရပါမယ်
ကိုယ့်မျက်စိပိတ်သွားရင်ကိုယ့်နောက်ကွယ်မှာ
ကိုယ်အားကိုယ်ကိုးပြီးလောကမှာအသုံးဝင်သောလူသားတစ်ဦးအနေဖြင့်
ရပ်တည်စေချင်လား
မိဘတွေ ကိုယ်ပိုင်ဦးနှောက်ဖြင့်ဆုံးဖြတ်ကြပါ
မိဘအချင်းချင်းဒီကျောင်းကကောင်းလို့လိုက်ကောင်းရတယ်မဖြစ်ကြပါနဲ့
သူများကလေးအဆင်ပြေပေမယ့် ကိုယ့်ကလေးအဆင်ပြေချင်မှပြေပါမယ်
ကိုယ့်သားသမီးဘယ်ကျောင်းမှာထားထား
ကလေးတကယ်ဘက်စုံဖွံဖြိုးအောင်လုပ်ပေးနိုင်တဲ့ကျောင်းသာ
အကောင်းဆုံးကျောင်းဖြစ်ပါကြောင်းပြောပါရစေရှင့်
သက်ဖြူစင်လှိုင်
Educational Consultant