15/05/2023
📌An innovative way of learning a language
Are you a language learner?
ဒီနေ့မှာ တော့ ကျွန်မ ကိုယ်တိုင်ကျင့်သုံးနေတဲ့ Study tips လေးတွေကို ဝေမျှ ချင်ပါတယ်။
English Language ကို ၁၃ နှစ်အရွယ်တုန်းက သေချာလေး လေ့လာဖြစ်ပါတယ်။ အခုနဲ့ ဆိုရင် 10 နှစ်လောက်တော့ ရှိပါပြီ။ ပြောတတ်လားဆိုတော့ ပြောတတ်ပါတယ် အရင်ကတော့ ကိုယ့်ကိုကိုယ် သူများထက် သာတယ်လို့ ထင်ခဲ့ မိပါတယ်။
2021 April တုန်းက Sr Sut Awng သင်တန်းမှာ ဆရာမ အနေနဲ့ သွားသင်ခဲ့ပါတယ်။ အမှန်တိုင်း ဝန်ခံ ရရင် အဲ့နေ့ က ဆရာပေးတဲ့ lesson ကို တစ်ခါမှ မကြားဖူး မမြင်ဖူး ပါဘူး။ ဒါပေမယ့် လူတိုင်း နေ့စဥ် လုပ်နေတဲ့ activity လေးတွေ ပါဘဲ။ ၉ နှစ်လောက် လေ့လာခဲ့ သမျှ ဒီ lesson နဲ့ တွေ့မှ တော်တော် လေးကို စိတ်ဓာတ်ကျ သွားပါတယ်။ ကျောင်းသားတွေကို မသင်ခင် google အမြန် ခေါက် လိုက်ရပါတယ်။
အဲ့နောက် ဆရာဆီမှာ night zoom class တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ည class မှာ ဆရာသင်ပေးထားတဲ့ lesson တွေကို နောက်တစ်နေ့ ကျောင်းသားတွေကို ပြန်သင်ပေးပါတယ်။ ဒီနည်းက အထိရောက် ဆုံးပါဘဲ။
Textbook မျိုးစုံ သုံးဖူး သင်ကြားဖူးပါတယ်။ ဒါပေမယ့် Textbook က ကျောင်းသားတွေ ရဲ့ လေ့လာနိုင်စွမ်းကို limit လိုက်သလို ဖြစ်နေပါတယ်။ For eg: a dog ဆိုတာကို သင်ပေးလိုက်တယ်, ခွေးမာန်ဖီတယ်၊ ခွေးအူတယ်၊ ခွေးကို အစာကျွေးတယ်၊ ခွေးကို လမ်းခေါ် လျှောက်တယ် စသဖြင့် … တွေကို textbook က မသင်ပေးပါဘူး။ အဲ့တော့် စကားပြောတဲ့ အခါ မဖေါ် ပြတတ်တော့ပါဘူး။ ကျောင်းသားတိုင်းနီးပါး ကြုံ တွေ့ ရတဲ့ ပြဿနာပါ။
🖇️Tips
1. စကားလုံး တစ်လုံး လေ့လာရင် သူနဲ့ ဆက်စပ်တဲ့ word family, collocations, synonyms, antonyms etc… တွေကို လေ့လာ ရင် အမြန် သိလွယ်ပါတယ်
2. ကိုယ့်ဟာကိုယ် ထွင်ပြီး ပြောတာကို ရှောင်ရှားပါ
ဟိုနေ့က tiktok မှာ “တောသား”ကို English လို Rustic guy ဆိုပြီးဖြေထားတယ်
အဲ့တော့် native speaker တစ်ယောက် က ပြန်ပြီး ပြောပြတဲ့ အချန် မှားနေကြောင်း၊ လုံးဝ အဲ့စကားလုံး မသုံး ကြောင်း ပြောပြထားပါတယ်
3. စာအုပ်မှာ ချရေးထားတိုင်းလဲ မတတ်ပါဘူး။ ပြန်ပြီးတော့ မသုံးဘူး။ ပြန်ပြီး မလေ့လာဖြစ်ရင်
4. Natural English လိုချင်ရင် native speakers တွေ ပြောတာ များများ နားထောင်ပါ။ English movies, talk shows, Youtube မှာ အများကြီး လေ့လာလို့ ရပါတယ်။
5. ကိုယ်က မသေချာ ရင် research လုပ်ကြည့်ပါ။ တကယ်ရော ဒီ စကားလုံးကို ဒီလို နေရာ မှာ သုံး လားဆိုတာ။
6. အသစ် သင်ထားတဲ့ vocabs တွေကို တစ်ခြားသူတွေကို ပြန်သင်ကြားပေးရင် ကိုယ်က ပြန်ကြည့်စရာ မလိုတော့ပါဘူး။
၇. အရေးကြီးဆုံး အချက်က တော့ ကိုယ့်အားကိုယ် ကိုး ဖို့ပါ။ Spoon feeding သင်ကြားနည်း ကြောင့် မြန်မာနိုင်ငံက ကျောင်းသားတော်တော် များများ စာမရရင် ဆရာမ ကို ဘဲ အပြစ် တင်တတ်ကြပါတယ်။ ကိုယ်မလုပ် ရင် ကိုယ်မရပါဘူး။ ပုံမှန် လုပ်သွားဖို့ နဲ့ ဇွဲရှိဖို့ လိုအပ်ပါတယ်။
As someone who is still learning, I also share my recent discoveries with my students to assist them in their language acquisition. I hope that this can be beneficial to those who are also in the process of learning a language.
Zai Zen Jat
Tr. Zany-Innovative English