MCTi Computer Training Center

MCTi Computer Training Center Computer Training Center

လက်ပ်တော့ပ်ကို ကြာရှည်ခံအောင် ထိန်းသိမ်းအသုံးပြုနည်း (Laptop Maintenance Tips )  လက်ပ်တော့ပ်ကို သက်တမ်းကြာရှည်စွာ အသုံးပ...
29/06/2025

လက်ပ်တော့ပ်ကို ကြာရှည်ခံအောင် ထိန်းသိမ်းအသုံးပြုနည်း (Laptop Maintenance Tips )

လက်ပ်တော့ပ်ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ဖို့ အောက်ပါအချက်တွေကို ဂရုပြုပါ။

၁။ ဘက်ထရီထိန်းသိမ်းခြင်း
- Overcharging ရှောင်ပါ – ၁၀၀% အပြည့်အားသွင်းပြီးရင် Charger ဖြုတ်ပါ။
- ဘက်ထရီ 20-80% Rule– ဘက်ထရီကို 20% အောက်မကျစေဘဲ 80% အထိပဲ အားသွင်းပါ။
- အပူများလွန်းခြင်းကိုရှောင်ပါ – လက်ပ်တော့ပ်အပူလွန်ကဲပါက အားသွင်းတာကိုခဏရပ်ပါ။

၂။ အပူထိန်းချုပ်ခြင်း
- လေဝင်လေထွက်ကောင်းအောင်ထားပါ– Laptop ကို ချည်ထူသောအိပ်ရာ၊ ခေါင်းအုံးပေါ်တင်အသုံးမပြုပါနှင့်။

- ဖုန်မှုန့်သန့်ရှင်းရေး– ပုံမှန် (၃-၆ လတစ်ကြိမ်) ဖုန်သုတ်ပါ၊

၃။ သိုလှောင်သန့်ရှင်းခြင်း

- စိုထိုင်းဆနည်းသောနေရာတွင်ထားပါ – ရေနှင့်စိုစွတ်မှုမှ ဝေးဝေးထားပါ။
- အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးဝေးထားပါ– အမွှေးအမျှင်များက Laptop အတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။

၄။ Software ထိန်းသိမ်းခြင်း
-OS & Driver Update– Windows/macOS နှင့် Driver များကို Update လုပ်ပါ။
-Virus Protection– Antivirus (ဥပမာ Windows Defender, Avast) တပ်ဆင်ပါ။
-Unused Files ဖယ်ရှားခြင်း– Disk Cleanup/Temp Files များကို ပုံမှန်ဖျက်ပါ။

၅။ Hardware ဂရုစိုက်ခြင်း
- ဖိအားများသောအသုံးပြုမှုရှောင်ပါ
– Keyboard ကို အလွန်အမင်းအားစိုက်နှိပ်ခြင်း၊ Screen ကိုဖိခြင်းမျိုးရှောင်ပါ။
- သန့်ရှင်းရေး– Microfiber Cloth ဖြင့် Screen/Keyboard ကိုသန့်ရှင်းပါ။

၆။ အားသွင်းခြင်းနှင့်သိမ်းဆည်းခြင်း
- အားသွင်းနေစဉ် အသုံးပြုခြင်းကိုလျှော့ပါ – အထူးသဖြင့် Gaming/Video Editing လုပ်နေစဉ် Charging တွဲမသုံးပါနှင့်။

- ရက်ရှည်မသုံးပါက 50% Charge ထားပါ
– လက်ပ်တော့ပ်ကို လပေါင်းများစွာမသုံးပါက Battery 50% အနေအထားဖြင့်သိမ်းပါ။

ဒီနည်းလမ်းတွေကို လိုက်နာပါက Laptop ကို ၃-၅ နှစ်အထိ ပြဿနာကင်းကင်းး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 🚀

ကိုယ်လက်ရှိအသုံးပြုနေတဲ့ mouse ကိုဝယ်တုန်းကအသစ်ပုံစံလေးအတိုင်း ဖြစ်ချင်လား???ဒီလိုဖြစ်ဖို့ဆိုရင် သန့်ရှင်းရေးလေးပုံမှန် ...
18/06/2025

ကိုယ်လက်ရှိအသုံးပြုနေတဲ့ mouse ကိုဝယ်တုန်းကအသစ်ပုံစံလေးအတိုင်း ဖြစ်ချင်လား???
ဒီလိုဖြစ်ဖို့ဆိုရင် သန့်ရှင်းရေးလေးပုံမှန် လုပ်ပေးဖို့လိုမယ်‌နော။

⚠️❌🚫သန့်ရှင်းလုပ်တဲ့အခါမှာ လူတော်တော်များများမှားတတ်တဲ့အမှားက mouse တစ်ခုလုံးကို ရေတွေတိုက်ရိုက်နဲ့ ဖျန်းလိုက် နှစ်လိုက်တာမျိုး၊အရက်ပျံလောင်းချလိုက်တာမျိုး သန့်ရှင်းရေးလုပ်ပြီး မခြောက်ခင် အသုံးပြုတာမျိုးတွေ လုပ်တတ်ကြပါတယ်။

🖱️အသစ်အတိုင်းဖြစ်‌အောင်မောက်စ် (Mouse) ကို သန့်ရှင်းရေးလုပ်နည်းကို အဆင့်ဆင့်ရှင်းပြပေးပါမယ်။

အဆင့် (၁)
✅မောက်စ်ကို ကွန်ပျူတာမှ ဖြုတ်ပါ (သို့) Wireless Mouse ဆိုပါက Battery ထုတ်ပါ။

အဆင့် (၂) -
✅. ခြောက်သွေ့သော အဝတ်စဖြင့် မောက်စ်ကို အရင်သုတ်ပါ။
✅အရက်ပြန်အနည်းငယ်စွတ်ထားသော ဂွမ်းစဖြင့် မောက်စ်ကို သုတ်ပါ။
✅နောက်တစ်ကြိမ် ခြောက်သွေ့သော အဝတ်စဖြင့် သုတ်ပါ။

အဆင့် (၃) -
✅Scroll Wheel အောက်မှ ဖုန်တွေကက်တက်လို့ သွားတိုက်တံ (သို့) စုတ်တံဖြင့် ညင်သာစွာ ခြစ်ထုတ်ပါ။
✅ ခလုတ်များ (Left/Right Click) ကြားထဲက အညစ်အကြေးများကို အရက်ပြန်တို့ထားသော ဂွမ်းစဖြင့် သန့်ပါ။

အဆင့် (၄) -
✅မောက်စ်၏အောက်ခြေ (Laser/Optical Sensor) ကို ခြောက်သွေ့သော ဂွမ်းစဖြင့် ညင်ညင်သာသာ သုတ်ပါ။
✅ ဖုန်များ ကပ်နေပါက အရက်ပြန် အနည်းငယ်သုံး၍ သန့်ပါ။

အဆင့် (၅) -
✅ သန့်ရှင်းပြီးနောက် မိနစ် ၂၀ ခန့် လေသလပ်ခံထားပါ။
✅ပါဝါပြန်ဖွင့် (သို့) Battery ပြန်ထည့် အသုံးပြုနိုင်ပါပြီ။

ကိုယ်ကွန်ပျူတာဖွင့်လိုက်တဲ့အခါ အပြာ‌ ရောင် screen နဲ့  error code တွေ(ဥပမာSTOP: 0x0000007B)ပေါ်လာတတ်တာမြင်ဖူးကြတယ်မလား။‌...
17/06/2025

ကိုယ်ကွန်ပျူတာဖွင့်လိုက်တဲ့အခါ အပြာ‌ ရောင် screen နဲ့ error code တွေ(ဥပမာSTOP: 0x0000007B)ပေါ်လာတတ်တာမြင်ဖူးကြတယ်မလား။

‌ဆိုင်တွေဘာတွေ သွားပြရင်Blue Screen တက်တယ် Blue Screenတက်တယ်ဆိုပြီး မကြာခဏပြောပြောနေတတ်ကြတာ ကြားဖူးတယ် ဟုတ်တယ်ဟုတ်။

Blue Screenရဲ့ဆိုတာက (Blue Screen of Death - BSOD) ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ???
BSODဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ အဓိကအားဖြင့် ဒီအချက်တွေကြောင့်ပို ဖြစ်တတ်ပါတယ်။

1. Hardware Error
✅RAM ချို့ယွင်းခြင်း‌ ကြောင့်– RAM (slotလွတ်‌တာ၊ဂျေးတတ်တာ၊ Motherboard‌ပေါ်ကRAM Slotကပျက်နေတာ)ပျက်စီးနေလျှင် (သို့) မကိုက်ညီလျှင် BSOD မကြာခဏဖြစ်တတ်ပါတယ်။
✅Hard Disk/SSD ပြဿနာကြောင့် – ဒေတာပျက်စီးခြင်း၊ Setting များမှားယွင်းခြင်းလည်းဖြစ်နိုင်သလို
✅အပူလွန်ကဲခြင်း – CPU/GPU အလွန်အမင်းပူလာပါက Blue Screen တက်နိုင်ပါတယ်။
✅Driver မကိုက်ညီခြင်းကြောင့်–Graphics Card, Network Adapter စသည့် Driver များနှင့် မကိုက်ညီရင်လည်းဖြစ်တတ်ပါတယ်။

2. Software နှင့် Driver Error
✅ Driver Error- ကိုယ်အသစ် Runလိုက်တဲ့ Driverက ကိုယ်စက်ရဲ့ Hardwareနဲ့ကိုက်ညီမှုမရှိရင်လည်းဖြစ်တတ်ပါတယ်။

✅Windows Update error – အဆင့်မြှင့်တင်ပြီးနောက် BSOD ဖြစ်နိုင်ပါတယ်။

✅Virus/Malware ကြောင့်
- အကယ်၍များကိုယ်ရဲ့စက်မှာ virusဝင်ထားမယ်ဆိုလည်း virus ကြောင့်ကိုယ်စက်ထဲက System File ပျက်စီးတာကြောင့်လဲဖြစ်နိုင်ပါတယ်။

3. BIOS/UEFI Settings မှားယွင်းခြင်း
✅Overclocking လုပ်ထားပါက (CPU/RAM ကို အရှိန်မြှင့်ထားလျှင်)ရင်လည်း‌ဖြစ်နိုင်ပါတယ်။

#ကွန်ပျူတာအခြေခံသင်တန်း #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #မျှဝေခြင်း #မင်္ဂလာညချမ်းလေးပါ။🙏🙏🙏🌹💐🌷🌼🌺 #လုပ်ငန်းခွင်တိုးတက်ဖို့

📖📚နည်းပညာနဲ့ ပတ်သက်ပြီးဖတ်ချင်သူပဲဖြစ်ဖြစ်၊ အခုမအားလို့ saveထားပြီး နောက်မှဖတ်ချင်တဲ့သူတွေအတွက် ပထမအပိုင်းလေး ခွဲတင်ပေးလ...
16/06/2025

📖📚နည်းပညာနဲ့ ပတ်သက်ပြီးဖတ်ချင်သူပဲဖြစ်ဖြစ်၊ အခုမအားလို့ saveထားပြီး နောက်မှဖတ်ချင်တဲ့သူတွေအတွက် ပထမအပိုင်းလေး ခွဲတင်ပေးလိုက်ပါပြီ။

ဗဟုသုတ တစ်စုံတစ်ရာ ရရှိစေဖို့ မျှော့်လင့်ပါတယ်။

#ကွန်ပျူတာအခြေခံသင်တန်း #မျှဝေခြင်း #ပျော်ရွှင်ကြပါစေ🥰😍🥰 #လုပ်ငန်းခွင်တိုးတက်ဖို့ #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #စာဖတ်ခြင်းဖြင့်စိတ်အားမြှင့်တင်ပါ #စာဖတ်ခြင်း #ကြိုးစာရင်ဘာမဆိုဖြစ်တယ် #ဘဝအမောများပြေပါစေ

လက်ရှိမိမိအခြေအနေ🥴🥴
15/06/2025

လက်ရှိမိမိအခြေအနေ🥴🥴

ဘာကြောင့် ကွန်ပျူတာနဲ့ သူနဲ့သက်ဆိုင်တဲ့accessoriesတွေကိုသန့်ရှင်း‌ရေးပုံမှန်လုပ်ပေးသင့်တာလဲ???🖥️⌨️🖱️ယနေ့ITခေတ်မှာ လူတော်...
15/06/2025

ဘာကြောင့် ကွန်ပျူတာနဲ့ သူနဲ့သက်ဆိုင်တဲ့accessoriesတွေကိုသန့်ရှင်း‌ရေးပုံမှန်လုပ်ပေးသင့်တာလဲ???

🖥️⌨️🖱️ယနေ့ITခေတ်မှာ လူတော်တော်များများကကိုယ် နေ့စဉ်အသုံးပြုနေတဲ့ computer 🖥️,ကိုယ်နေ့စဉ်သုံးပြုနေတဲ့ 🖱️ mouseတွေ⌨️ keyboard နဲ့ တစ်ခြားacessoriesတွေကိုပုံမှန် သန့်ရှင်းရေးလုပ်ပေးဖို့ ကိုသတိမရပဲမေ့နေတတ်ကြပါတယ်။

🖱️Mouse တွေ ⌨️keyboard တွေကို သန့်ရှင်းရေးမလုပ်ပေးဘူးဆိုရင် ဖုန်မှုန့်တွေ ကပ်ညှိ အစိုဓာတ်ပျံတာတွေကြောင့် key ညှိတာ၊ cursor ရွေ့လျားမှုနှေးတာ၊ scroll အလုပ်မလုပ်တော့တာ၊ click မထိတာအပြင် အစွန်းအထင်းတွေ စွန်းထင်းတာဖြစ်တတ်ပါတယ်။

ကျန်းမာရေးအရကြည့်ရင်လည်းဘက်တီးရီးယား/မှိုများကပ်ငြိနိုင်တဲ့ အတွက် မောက်စ်ကို မကြာခဏကိုင်ရသူများအ‌နေနဲ့သန့်ရှင်းနေ့စဉ်လုပ်ပေးရင် ရောဂါကူးစက်မှုက‌နေလည်းကာကွယ်ပေးပါတယ်။


💫✨🖱️Mouseကို ဘယ်လိုအချိန်မှာ သန့်ရှင်းသင့်လဲ❓

ဒီလိုလက္ခဏာများတွေပေါ်လာရင် သန့်ရှင်းလုပ်သင့်ပါတယ်။👇👇👇👇👇👇👇👇👇👇👇👇👇👇
✔ Cursor ရွေ့မြန်မှုမရှိခြင်း၊ Click အသံပြောင်းလာခြင်း၊ Scroll Wheel စေးကပ်ခြင်း။

✔ ပုံမှန် တစ်လတစ်ကြိမ် (သို့) ဖုန်များတဲ့ပတ်ဝန်းကျင်မှာ အသုံးပြုပါက ၂ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။

ဒီလိုမျိုး ပုံမှန်သန့်ရှင်းပေးခြင်းကစျေးကြီးတဲ့ Mouseတွေ Keyboard တွေအသစ်ထပ်ဝယ်စရာမလိုဘဲ သက်တမ်းရှည်စေပြီး Performance ကောင်းစေမှာပါ။

#ကွန်ပျူတာအခြေခံသင်တန်း #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #လုပ်ငန်းခွင်တိုးတက်ဖို့ #မျှဝေခြင်း #ပျော်ရွှင်ကြပါစေ🥰😍🥰

ကိုယ့်ကွန်ပျူတာ စက်အရမ်းလေးနေရင်ဒီလိုရှင်းကြည့်(၁) Window + R ကို တွဲပြီး နှိပ်ပါ။(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိ...
14/06/2025

ကိုယ့်ကွန်ပျူတာ စက်အရမ်းလေးနေရင်ဒီလိုရှင်းကြည့်

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။

#ကွန်ပျူတာအခြေခံသင်တန်း #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #မျှဝေခြင်း #မင်္ဂလာညချမ်းလေးပါ။🙏🙏🙏🌹💐🌷🌼🌺 #လုပ်ငန်းခွင်တိုးတက်ဖို့

Computerစတင်အသုံးပြုသူတွေအတွက် mouse စနစ်တကျအသုံးပြုခြင်းလမ်းညွန်✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅Mouseကိုသက်တောင့်သက်သာမရှိတဲ့အနေအထားနဲ့...
14/06/2025

Computerစတင်အသုံးပြုသူတွေအတွက် mouse စနစ်တကျအသုံးပြုခြင်းလမ်းညွန်
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅

Mouseကိုသက်တောင့်သက်သာမရှိတဲ့အနေအထားနဲ့ အချိန်ကြာကြီး အသုံးပြုမိပါက ပခုံး၊ကျောရိုးနဲ့ လည်ပင်းနာခြင်းတွေဖြစ်စေနိုင်ပါတယ်။လက်မောင်းညောင်းနာကိုက်ခဲတာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် mouseအသုံးပြုခြင်းက အထူးတကယ် အရေးကြီးလှပါတယ်။

✅Mouseကို မှန်ကန်စွာ အသုံးပြုရန်နှင့်ပခုံး ကျောရိုးနာခြင်းမှုမှာ ရှောင်ရှားရန် mouseကိုင်တဲ့အခါ လက်အနေအထား (Hand Position)ကို ဂရုစိုက်ပါ။
လက်ကို သဘာဝအတိုင်း ဖြေလျော့ထားပါ။လက်ချောင်းများ အနည်းငယ်ကွေးပြီး မောက်စ်ပေါ်တွင် သက်တောင့်သက်သာထားပါ။လက်ကောက်ဝတ်ကို ဖြောင့်ဖြောင့်ထားပါ။

✅လက်မ (Thumb) နှင့် လက်ညှိုး (Index Finger) အနေအထားအထားအသို မှန်ပါစေ။
လက်မကို မောက်စ်၏ ဘယ်ဘက်ခြမ်း(သို့)ဘေးဘက် Gripsပေါ်တွင် သက်တောင့်သက်သာထားပါ။
လက်ညှိုးနှင့် လက်ခလယ်ကို Left Click & Right Click ခလုတ်များပေါ်တွင် အနည်းငယ်ကွေးထားပါ။

✅လက်ကောက်ဝတ်အနေအထား (Wrist Position)မမှန်ရင် လည်း အရိုးချော်ထွက်တာတွေဖြစ်တတ်လို့ လက်ကောက်ဝတ်အနေအထားကိုလည်း အထူးသတိပြုရပါမယ်။
လက်ကောက်ဝတ်ကို မျက်နှာပြင်နှင့် တစ်တန်းတည်းထားပါ။(အောက်သို့ မကွေးရ၊ အပေါ်သို့ မခုံးရ)။ မောက်စ်ကို လက်ဖဝါးဖြင့် ဖိမထားဘဲ လက်ချောင်းများဖြင့် ညင်သာစွာ ကိုင်ထားပါ။

✅ ကိုယ်နေဟန်ထား (Posture )မှားရင် လည်ပင်းနာတာတွေ ကျောနာတာတွေဖြစ်တတ်ပါတယ်။
ပခုံးမြှင့်မထားဘဲ ဖြေလျော့ထားပါ
တံတောင်ဆစ်ကို ၉၀ ဒီဂရီအနည်းငယ်ကွေးပြီးစားပွဲပေါ်တွင် သက်တောင့်သက်သာထားရပါမယ်။

✅မောက်စ်ရွေ့လျားနည်း (Movement) ကိုရွှေ့တဲ့အခါမှာလည်း လက်ကောက်ဝတ်ကို မလှုပ်ဘဲ လက်မောင်းနှင့် လက်ဖျံကို အသုံးပြု၍ မောက်စ်ရွေ့ပါ။ မောက်စ်ကို အလွန်အကျွံမဖိပဲ ပေါ့ပေါ့ပါးပါးရွေ့လျားပါ။သင်၏ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းထိပ်များကို မျဉ်းဖြောင့်အတိုင်း အလျားလိုက်ချထားပါ။

#ကွန်ပျူတာအခြေခံသင်တန်း #မျှဝေခြင်း #ကွန်ပျူတာနဲ့ပတ်သက်ပြီးသိလိုသည်များကိုမေးမြန်းနိုင်ပါတယ်။ #ဗဟုသုတအဖြစ်တင်ပေးတာပါနော်

IT သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘာသင်ပြီး ဘာဆက်သင်လို့ တန်းပြောလို့မရဘူး. ကိုယ့်ဘာသာ လေ့လာကြည့်ပြီးဆုံးဖြတ်ရပါတယ်လို့ ပြောတ...
13/06/2025

IT သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘာသင်ပြီး ဘာဆက်သင်လို့ တန်းပြောလို့မရဘူး. ကိုယ့်ဘာသာ လေ့လာကြည့်ပြီးဆုံးဖြတ်ရပါတယ်လို့ ပြောတာလည်း အကြိမ်တော်တော်များပါပြီ... ဒါပေမဲ့လည်း မေးကြဆဲပါပဲ..

လုံးဝ IT သမားအဖြစ်အသက်မွေးမယ်ဆို ရွေးချယ်လို့ရတဲ့ လမ်းကြောင်းဟာ အခြေခံအားဖြင့် နှစ်ခုပဲရှိပါတယ်.. Hardware/Networking ဘက်ကို ယိုင်တဲ့လိုင်းနဲ့ Programming ဘက်ကိုယိုင်တဲ့လိုင်းပါ...
ဒီနှစ်ခုဟာ နယ်ပယ်အရ ဆက်စပ်နေပေမဲ့ အခြေခံကစပြီး လေ့လာရမယ့်အပိုင်းတွေဟာ တော်တော်လေး ကွာခြားပါတယ်..

Hardware/Networking ဘက်ကို စိတ်ဝင်စားတဲ့လူတွေဟာ အခြေခံအဆင့်မှာ A+ လောက်ကို စတက်ကြပြီး နောက်ပိုင်း Network+, CCNA စတာတွေကို ဆက်သွားလေ့ရှိပါတယ်

Programming ဘက်မှာ ကတော့ အခြေခံ ပရိုဂရမ်မင်းကို သင်တန်း တစ်ခုလောက်တက်ပြီးတာနဲ့ Programmer လုပ်မယ့်လူဟာ သူလေ့လာချင်တဲ့ Language/Platform ကိုရွေးချယ်ရပါတယ်။

ဥပမာ Mobile Development ကိုစိတ်ဝင်စားတဲ့လူဆို Android ဘက်ပဲသွားမလား iOS ဘက်ပဲသွားမလားပေါ့. Android ဘက်သွားမယ်ဆို Language အဖြစ် Java ရှိမယ်၊ Kotlin ရှိမယ်ပေါ့... iOS ဘက်သွားမယ်ဆို Swift ရှိမယ်၊ Objective-C ရှိမယ်ပေါ. Web Development ဘက်သွားမယ်ဆိုလည်း PHP, NodeJS, Python, Java, .NET စသည်ဖြင့် ရှိမယ်ပေါ့.

အဓိက ပြောချင်တာက အခြေခံအဆင့်မှာကို Hardware/Networking ဘက်သွားမလား. Programming ဘက်သွားမလားဆိုတာက ကိုယ်ဝါသနာပါတဲ့ ပေါ်မူတည်ပြီးဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် ဒီနိုင်ငံမှာရှိတဲ့ပုံမှန်ပညာရေးလို အခြေခံပညာရေးမှာ ဆယ်တန်းဖြေ၊ ဆယ်တန်းအောင်ရင် အမှတ်ကောင်းတဲ့လူက ဆေးကျောင်းသွား၊ သာမန် အမှတ်နဲ့ အောင်တဲ့လူက ရိုးရိုးတက္ကသိုလ်သွား ဆိုတာလိုမျိုး ပြောမရပါဘူး. ကိုယ့်ဘာသာ လေ့လာပြီး ဆုံးဖြတ်ရပါတယ်..

ဒီမှာ သတိပေးချင်တာကအဲ့နယ်ပယ်နှစ်ခုလုံးဟာ ဝါသနာမပါရင် ဒုက္ခများသွားနိုင်တဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်တယ်ဆိုတာပဲ. ၂၀၁၇ ခုနှစ်အတွက် အမေရိကန်အခြေစိုက် ManPower Group က မြန်မာပြည်အတွက် ထုတ်တဲ့ လစာစစ်တမ်းမှာတော့ IT နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်တွေကို အောက်က အတိုင်းသတ်မှတ်ထားပြီး အခုလက်ရှိမှာ IT သမားတွေက ဝင်ငွေ အကောင်းဆုံးဖြစ်နေတယ်လို့တောင် ဆိုလို့ရပါတယ်..

IT Manager: US$ 1000-4100
Programmer: US$ 700-2900
Database Administrator: US$ 650-3500
IT Support: US$ 600-1700

ဒီတော့ တချို့ဟာ သေချာမစူးစမ်းဘဲ ဝင်ငွေကောင်းမှာပဲ ဆိုပြီး IT နယ်ပယ်ထဲကို အတင်းကာရော ခြေစုံပစ် ဝင်ချင်ကြပါတယ်..
သိထားရမှာတစ်ခုက Vagrant, Docker အစရှိတဲ့ Containerization နည်းပညာတွေပို ဖွံဖြိုးလာတာ Cloud Computing နည်းပညာတွေ ပိုကောင်းလာတာနဲ့ အမျှ Network Engineer တွေဟာ ပိုပြီးအလုပ်အကိုင် ရှားပါးလာတဲ့ အတွက် ကိုယ်တကယ်စိတ် မဝင်စားရင် ဒုက္ခများနိုင်တယ်ဆိုတာပါပဲ..

နဂိုကတည်းကလည်း Network Engineer တွေဟာ ကုမ္ပဏီ အကြီကြီးတွေလောက်မှာသာ အချိန်ပြည့်ခန့်ထားနိုင်တာမျိုး ဖြစ်တဲ့အတွက် Programmer တွေနဲ့ ယှဉ်ရင် အလုပ်အကိုင် ရှားပါတယ်.. Programming နဲ့ ပတ်သတ်တာတွေကတော့ နောက်ဆုံး Freelance တောင်လုပ်လို့ရတာမျိုးဆိုတော့ အလုပ်အကိုင် သိပ်မရှားလှဘူးပေါ့

ဒီမှာလည်း ပြောစရာရှိတာက Programming ဟာ စိတ်မဝင်စားဘဲ ဝင်လုပ်လို့ရတဲ့ နယ်ပယ်မဟုတ်ပါဘူး.. ကျွန်တော့် အတွေ့အကြုံအရဆို Programming လေ့လာတဲ့ လူတစ်ရာမှာ ငါးဆယ်လောက်ပဲ ပရိုဂရမ်မာ ဖြစ်လာတာပါ.

အဲ့ငါးဆယ်ထဲမှာလည်း တကယ်လုပ်နိုင်တယ် ဆိုတဲ့လူက ဆယ်ယောက် တစ်ယောက်ပါ.. Logical Thinking မကောင်းဘူး. သင်္ချာဆန်ဆန် ပဟေဠိတွေကို ရှင်းရတာမနှစ်သက်ဘူး... တစ်နေ့ တစ်နေ့ ပြဿနာတွေချည်း ထိုင်ဖြေရှင်းနေရတာကို မပျော်ရွှင်နိုင်ဘူး၊ နေ့စဉ် ပုံမှန် စာဖတ်ပြီး ပညာရပ်အသစ်တွေကို မလေ့လာချင်ဘူး ဆိုတဲ့လူမျိုးဟာ စရိုက်အရကို Programmer ဖြစ်မလာနိုင်ပါဘူး..

အဆုံးသတ်ကတော့ IT နယ်ပယ်ကို ဝင်မယ်ဆို ရွေးစရာနှစ်ခုရှိပါတယ်.. Hardware/Networking ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ အလုပ်အကိုင် သိပ်မကောင်းလှပါဘူး လိုအပ်ချက် နည်းနည်းလာတယ်ပေါ့ (ကိုယ်က ကွန်ပျူတာ ဆက်စပ် ပစ္စည်းရောင်းစားမှာဆိုရင်တော့ တမျိုးပေါ့) တကယ်လိုအပ်တဲ့ Data Center တို့ဘာတို့မှာကလည်း တကယ်တက်ကျွမ်းတဲ့လူတွေမှ ခန့်တာကိုး...

Programming နယ်ပယ်ကတော့ တကယ်စိတ်မဝင်စားဘဲ သူများတွေ ပိုက်ဆံ ဟိုလိုရလို့ ဒီလို့ရလို့ ဆိုပြီး လေထဲက တိုက်အိမ်လေးနဲ့ ဝင်လာရင် ငါးပါးမှောက်မယ့် နယ်ပယ်ပါ.

ဒီတော့ တွေ့သမျှလူ လိုက်မေးနေမဲ့အစား ကိုယ့်ဘာသာ လေ့လာပြီး ကိုယ်နဲ့ သင်တော်မယ်ထင်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

Credit to original writer....

ကိုယ့်ကိုယ်ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်လာပါတယ်။လူတွေတော်တော်များများရဲ့ ပြုမူပုံ၊ တုံ့ပြန်ပုံတွေက တစ်ခါတစ်လေကျရင် ‌‌တော်တော...
21/05/2025

ကိုယ့်ကိုယ်ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်လာပါတယ်။

လူတွေတော်တော်များများရဲ့ ပြုမူပုံ၊ တုံ့ပြန်ပုံတွေက တစ်ခါတစ်လေကျရင် ‌‌တော်တော်လေး ပဟေဠိဆန်လှပါတယ်။ သို့ပေမဲ့ ကြည့်လိုက်ရင်တော့ သိသိသာသာမြင်ရပါလိမ့်မယ်။

ဈေးဝယ်တဲ့အခါ အရောင်းသမားတစ်ယောက်ကနေ ဝယ်သူတစ်ယောက်ကို မြင်တာနဲ့ လေးလေးစားစားနဲ့ ကြိုဆိုပြီး "ဟုတ်ကဲ့ပါခင်ဗျား/ရှင့်၊ကျွန်တော်/ကျွန်မ ဘာများဆောင်ရွက်ပေးရမလဲ "လို့မေးတာတွေ့ဖူးမှာပါ။ သို့ပေမဲ့ အဲဒီလူကပဲ နောက်တစ်ယောက်ကိုကျတော့ မသိသလို လုပ်နေတာ ဘာကြောင့်လို့ထင်ပါသလဲ??

တစ်ခါတစ်လေကျပြန်တော့လည်း တံခါးကနေဝင်လာတဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုဆိုတံခါးဖွင့်ပေးတဲ့အမျိုးသားဝန်ထမ်းတစ်ယောက်က နောက်အမျိုးသမီးတစ်ယောက်ကိုကျတော့ အဲသလို လုပ်မပေးပြန်ဘူး။

တစ်ခါဝန်ထမ်းတစ်ယောက်က သူ့အထက်က လူကြီးတစ်ယောက်ခိုင်းလိုက်တာကို လေးလေးစားစားလိုက်လုပ်ပေးပြီး နောက်လူကြီးတစ်ယောက်ခိုင်းတာကျတော့ စိတ်မပါတစ်ပါနဲ့လုပ်ပေးတယ်။ အဲဒီတော့ လူတွေဟာ လူတစ်ယောက်ယောက် က ပြောတာကိုကျတော့ အလေးပေးနားထောင်ပြီး နောက်တစ်ယောက် ကိုကျတော့ အလေးမထားတာဟာ ဘာကြောင့်ပါလဲ???

မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ပါ။ တချို့လူတွေကို ပတ်ဝန်းကျင်က ဆက်ဆံခေါ်ပြောကြတဲ့အခါ "ဟေ့ကောင်ရေ" "ဟဲ့"စသဖြင့် သူလိုငါလို ထူးမခြားနားပုံစံမျိုး နဲ့သုံးစွဲပြောဆိုကြပေမဲ့ တချို့လူတွေကျတော့ လေးလေးစားစားနဲ့အရေးပေးတာခံရပြီး တုံပြန်ကြတာ ကြုံဖူးကြပါလိမ့်မယ်။

မိတ်ဆွေတို့ အသေအချာလေ့လာကြည့်လိုက်ပါ။ တချို့လူတွေက သူတို့ကိုကြည့်လိုက်တာနဲ့ ယုံကြည်အားကိုးချင်စိတ်၊ သစ္စာခံယူချင်စိတ်၊ ချစ်ခင်လေးစားစိတ်တွေ တစ်ဖွားဖွားပေါ်လာတာမျိုးတွေ့ရပါလိမ်မယ်။ တချို့လူတွေကြအဲသလိုစိတ်မျိုးတွေပေါ်မလာတတ်ကြပါဘူး။ အဲဒါဘာကြောင့်ပါလဲ?

စကားလေးတစ်ခွန်းနဲ့ချုံ့ပြောရရင် တွေးခေါ်ပုံကြောင့်ပါ။တွေးတတ်တာဟာ အဲသလောက်အကျိုးကျေးဇူးကြီးလှပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တဲ့အတိုင်း သူများတွေက ကိုယ့်ကိုမြင်ကြတာပါပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ထိုက်တန်တယ်ထင်တဲ့ ပြုမူဆက်ဆံပုံမျိုးကိုပဲ ရကြတာပါပဲ။

လူတစ်ယောက်ဟာ သူ့မှာဘယ်လောက်ပဲအရည်အချင်းရှိရှိ သူ့ကိုယ်သူ နုံနဲ့လှတယ်။ အဆင့်နိမ့်လှပါတယ်လို့ တွေးတတ်ထင်တတ်သူမျိုးဟာ နုံနဲ့နေ၊ အဆင့်နိမ့်နေမှာ အမှန်ပါပဲ။ အတွေးကနေ စေစားလိုက်တော့မှ အလုပ်ရယ်လို့ ဖြစ်လာတာပါ။

လူတစ်ယောက်က ကိုယ့်ဘာသာကိုယ် ငါ့အရည်အချင်းမပြည့်မှီပါဘူးလို့ ခံစားနေရရင်သူကသူခံစားရတဲ့အတိုင်း လုပ်မှာပါပဲ။ ကိုယ်ဘယ်လောက်ပဲ ဟန်ဆောင်ပန်ဆောင်လုပ်နေနေ အဲသလို စိတ်ထဲမှာခံစားနေရတာကို ကြာရှည်ဖုံးကွယ်ထားလို့မရပါဘူး။ကိုယ့်ကိုယ်ကိုယ်မှ အရေးပါတဲ့လူလို့ ထင်မထားလေတော့ အဲဒီလူလည်း ဘယ်တော့မှ အရေးပါတော့မှာ မဟုတ်ပါဘူး။အဲဒါနဲ့ ဆန့်ကျင်ဘက် ပြောရရင် တော့ ကိုယ့်ကိုယ်ကိုယ် ထိုက်ထိုက်တန်တန် လူတစ်ယောက် လို့ ထင်ထားတဲ့သူတစ်ယောက်ကအဲဒီအတိုင်းဖြစ်လာတာပါပဲ။

အဲ့ဒါကြောင့် အရေးပါတဲ့နေရာကို ရောက်ချင်ရင် ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ် အရေးပါတဲ့သူလို့ တွေးရပါမယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် အဲ့သလိုတွေးမှ သူများကလည်းအဲဒီအတိုင်းတွေးပါလိမ့်မယ်။

မြင့်မြင့်တွေး မြင့်မြင့်ကြံစာအုပ်မှ

#ကွန်ပျူတာအခြေခံသင်တန်း #မျှဝေခြင်း #စာဖတ်ခြင်း #စာဖတ်ခြင်းဖြင့်စိတ်အားမြှင့်တင်ပါ

25/03/2025

excel autofill option buttonတွေအကြောင်း
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

#ကွန်ပျူတာနဲ့ပတ်သက်ပြီးသိလိုသည်များကိုမေးမြန်းနိုင်ပါတယ်။ #နည်းပညာ #ပျော်ရွှင်ကြပါစေ🥰😍🥰 #မင်္ဂလာညချမ်းလေးပါ။🙏🙏🙏🌹💐🌷🌼🌺 #ကွန်ပျူတာအခြေခံသင်တန်း #ကြိုးစာရင်ဘာမဆိုဖြစ်တယ် #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #လုပ်ငန်းခွင်တိုးတက်ဖို့ #မျှဝေခြင်း

24/03/2025

excelမှာကိုယ်တွက်ထားတဲ့ကိန်း‌
တွေမှန်မမှန်ဘယ်လိုတိုက်စစ်ကြမလဲ။

#ကွန်ပျူတာနဲ့ပတ်သက်ပြီးသိလိုသည်များကိုမေးမြန်းနိုင်ပါတယ်။ #နည်းပညာ #ပျော်ရွှင်ကြပါစေ🥰😍🥰 #မင်္ဂလာညချမ်းလေးပါ။🙏🙏🙏🌹💐🌷🌼🌺 #ကွန်ပျူတာအခြေခံသင်တန်း #ကြိုးစာရင်ဘာမဆိုဖြစ်တယ် #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #လုပ်ငန်းခွင်တိုးတက်ဖို့ #မျှဝေခြင်း

Address

Street (6)
Myitkyina
1011

Telephone

09791044237

Website

Alerts

Be the first to know and let us send you an email when MCTi Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MCTi Computer Training Center:

Shortcuts

Share

Category