26/04/2026
"ပါရမီရှင်"
#ပါရမီရှင်တဲ့
ပါရမီရှင်ဆိုတဲ့နာမည်လေးကိုလွယ်လွယ်နဲ့ရခဲ့တဲ့၊
အောင်မြင်မှုရခဲ့တဲ့၊ နာမည်ရခဲ့တဲ့ဖြစ်တည်မှုတစ်ခုတော့
မဟုတ်ခဲ့ပါဘူး
#ပါရမီရှင်ဆိုတာ ပိတ်ဆို့မှုတွေ၊ဘက်ပေါင်းစုံ အတိုက်အခံတွေကြားထဲကနေ ခက်ခက်ခဲခဲရှင်သန်ခဲ့ရတဲ့ အပင်လေးတစ်ပင်ပါ
ဒါပေမယ့်ကျောက်စရစ်ခဲတွေကြားထဲမှာရှင်သန်ခဲ့ရတဲ့အပင်မို့
ကြိုက်တဲ့လေပြင်းလာပါစေ ယိုင်နဲ့ကျွတ်ထွက်သွားမယ့်အပင်တစ်ပင်တော့မဟုတ်ဘူး တိုက်ခိုက်မှုဒဏ်ကိုကြံ့ကြံ့ခိုင်ပြီးအောင်မြင်စွာရှင်သန်မယ့်အပင်တစ်ပင်ပါ
#ပါရမီရှင်ဆိုတဲ့ရိပ်မြုံမှာ supporting ကောင်းပြီးအတန်းအစဉ်အဆက် အဆင့်ထိပ်ဆုံးအမြဲရခဲ့တဲ့ကလေးတွေမရှိခဲ့ပါဘူး
ဝိရီယအားနည်းတဲ့၊ဉာဏ်ရည်အားနည်းတဲ့၊ပျင်းတဲ့ လူဆိုးလေး တွေအများအပြားပါတဲ့ အသိုက်အဝန်းလေးပါ
#အောင်စာရင်းထွက်လို့ အောင်မြင်သွားရင်တောင် "ကံကောင်းလို့ပါလို့" လေတိုက်မှုတွေနဲ့ အမြဲထောပနာပြုခံခဲ့ရတဲ့ကလေးတွေပါ
#ကံကောင်း လို့မဟုတ်ခဲ့ဘူးဆိုတာကိုအလုပ်နဲ့သက်သေပြသွားခဲ့ကြတဲ့ သားသမီးတွေအားလုံးကိုသတိရနေပါတယ် ၊ကြိုးစားခဲ့ကြလို့ ကျေးဇူးလည်းတင်ပါတယ်
#ပါရမီရှင်ဆိုတဲ့နာမည်အတိုင်း ဘယ်လောက်ဘဲအတန်းစဉ်ဆက်မှာအဆင့်မရပေမယ့်၊ထိပ်ပိုင်းကလေးတွေမဟုတ်ခဲ့ရပေမယ့် တက္ကသိုလ်ဝင်တန်းမှာ ကြိုးစားခဲ့ကြလို့ ဂုဏ်ထူးတွေဝေဝေဆာဆာနဲ့အောင်မြင်ခဲ့ကြတဲ့ တကယ့်ပါရမီရှင်လေးတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်
#စာပေဘက်မှာသာမက ဘဲနဲ့ဘဝမှာရှင်သန်ဖြတ်သန်းရတဲ့အခါ လိုအပ်တဲ့ စိတ်ဓါတ်၊ အမူအကျင့်၊ အလေ့အကျင့်ကောင်းတွေကို ဒီကဆရာနဲ့ဆရာမက ကိုယ့်သားသမီးလိုဘဲစိတ်နှလုံးထဲစွဲမြဲနေအောင်ဖြည့်ဆည်းပေးလိုက်ပြီးသားပါ
#ပါရမီရှင် ဟာ၂၀၁၈တက္ကသိုလ်ဝင်တန်းကစပြီးယနေ့ထိ ၈နှစ်တာသက်တမ်းမှာ
၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး
၄ ဘာသာဂုဏ်ထူးရှင် ၆ ဦး
၃ ဘာသာဂုဏ်ထူးရှင် ၇ ဦး
၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး
၁ ဘာသာဂုဏ်ထူးရှင် ၆၈ ဦး
စုစုပေါင်းဂုဏ်ထူးရှင် ၉၁ ဦးနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၂၅၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပါပြီ
#ရန်ကုန်ဆေးတက္ကသိုလ် ၊စစ်ဆေးတက္ကသိုလ်၊ရေကြောင်းပညာတက္ကသိုလ်၊ရန်ကုန်နည်းပညာတက္ကသိုလ်၊သူနာပြုတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်၊စစ်တက္ကသိုလ်၊စစ်နည်းတက္ကသိုလ်၊စီးပွားရေးတက္ကသိုလ်ပညာရေးတက္ကသိုလ်နဲ့ တခြားအသက်မွေးဝမ်းကြောင်း COEတက္ကသိုလ်တွေအပြင် နိုင်ငံခြားတက္ကသိုလ်တွေအထိတက်ရောက်ပညာသင်ကြားနိုင်အောင် မွေးထုတ်နိုင်ခဲ့လေပြီ
#နောင်နှစ် များမှာလည်းဘဲဒီထက်မကအောင်မြင်အောင်ကြိုးစားနေပါဦးမည်၊ သားသမီးအသစ်များကိုလည်း ပါရမီရှင်မှ လက်ကမ်းကြိုနေမည့်အကြောင်းသတင်းကောင်းပါးအပ်ပါတယ်
ပါရမီရှင်ဘော်ဒါဆောင်
ဦးဇော်ဝင်းထွဋ်+ဒေါ်မြတ်ဆုပိုင်
၂/၉၂ ပမ္မတီး၊မြစ်ကြီးနားမြို့
Ph no. 09346000943
Viber. 09798088960