Myitkyina Nursing Training School Students' Union

Myitkyina Nursing Training School Students' Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myitkyina Nursing Training School Students' Union, Education, Myitkyina.

ကျေးဇူးတင်လွှာပညာရေးကို တန်ဖိုးထားပြီး ပါဝင်ကူညီပေးမှု အသီးသီးအတွက် ကျေးဇူးတင်ပါတယ်သင်ကြားလုပ်ဆောင်နိုင်ဖို့ စာလေ့လာရန်၊...
20/02/2025

ကျေးဇူးတင်လွှာ

ပညာရေးကို တန်ဖိုးထားပြီး ပါဝင်ကူညီပေးမှု အသီးသီးအတွက် ကျေးဇူးတင်ပါတယ်
သင်ကြားလုပ်ဆောင်နိုင်ဖို့ စာလေ့လာရန်၊ အချိန်သီးသန့်ပေး၊ အချိန်ရရင်ရသလို ဘာတွေလေ့လာပြီးပြီလဲ စောင့်ကြည့်၊ နားမလည်တာ ကူညီဆွေးနွေးပေးတဲ့ ကျန်မာရေးပညာရှင်အသီးသီးနဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များကို ကျေးဇူးတင်ပါတယ်
အခုလို ကူညီမယ့်သူ မရှိဘူးဆိုရင် ဒေသအသီးသီးက ကျောင်းသားကျောင်းသူတွေ ပညာသင်ခွင့် မရနိုင်ပါဘူး

Zenn Kyi ရဲ့ အစားထိုးအနုပညာရေးထားတာလေးဖတ်မိလိုက်တော့
အတွေးလေးတချို့ဝင်မိတယ်
ကျန်းမာရေးဌာနတွေမှာ ကျွမ်းကျင်ပညာရှင်တွေ မရှိတဲ့နေရာ မသွားရောက်နိုင်တဲ့ နေရာတွေမှာ သင်တန်းတွေပေး အစားထိုးထားတာတွေပေါ့

သူနာပြုစုမှုမှာ သူနာပြုတွေလုပ်ရမယ့်အလုပ်တွေကို တလပြတ် နှစ်လပြတ် သင်တန်းပြီးထားသူတွေ အစားထိုးထားတာတွေက နေရာအနှံ့တွေ့မြင်နေရတယ်

အသိပညာပြည့်ဝစွာ သင်ယူပြီး အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ် အကျိုးရှိထိရောက်အောင် လုပ်ဆောင်နိုင်ဖို့ မွေးထုတ်ရမယ့် ရေရှည်အစီအစဉ်ကို ရေးဆွဲရမယ့်အစား လူအင်အားလိုအပ်ချက်ကိုပဲ လက်ကိုင်ထားပြီး ရေတိုအစီအစဉ်တွေကို ဆောင်ရွက်ခဲ့ကြတယ် ရေရှည်အစီအစဉ်တွေ ဆွဲခဲ့တယ်ဆိုလည်း စာရွက်ပေါ်မှာဘဲ ရှိနေခဲ့တာလား

မြေပြင် နေရာ ဒေသ အတော်များများကို ရောက်တိုင်း သူနာပြုက စာတွေအများကြီး မလိုပါဘူး အချိန်တွေကြာတယ် ဆေးထိုးတတ်ရင်ရပြီ ဆိုတဲ့အသံတွေ အများကြီးကြားရတော့ ရင်ထဲ မကောင်းဘူး ပြည်သူတွေက သူတို့ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးထိုးတတ်ရုံပဲ လိုချင်တော့လောက်သည်အထိ သူနာပြုအစားထိုးမှုတွေက အသားကျနေခဲ့တာလား

ကိုယ်တတ်နိုင်သမျှ ရောက်တဲ့နေရာတိုင်းမှာတော့ ရှင်းပြခဲ့ပါတယ် ဆေးထိုးတတ်ဖို့က တရက်တမနက်ပဲ သင်ရင်လည်း ရပေမယ့် အယ့်ဆေးကို အသုံးပြုတတ်ဖို့က အချိန်ယူပြီး သင်ကြားရပါတယ် အယ့်ဆေးအသုံးပြုခံရတဲ့ လူနာကို စောင့်ရှောက်ပေးတတ်ဖို့ကလည်း လိုအပ်ပါသေးတယ် ဆေးထိုးပြီး ရောဂါသက်သာသွားလိမ့်မယ်ဆိုပြီး ထားလို့မရပါဘူး

- ခန္ဓာကိုယ်အကြောင်း
- ရောဂါပိုးမွှားတွေအကြောင်း
- ဆေးအကြောင်း
သေချာလေ့လာဖို့လိုပါတယ် ဒါမှ လူနာကို ပြည်စုံတဲ့စောင့်ရှောက်မှုပေးနိုင်မှာပါ

မြေပြင်မှာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များရဲ့ ညွှန်ကြားချက်နဲ့ဆိုရင်သာ ဆေးထိုးတာ ဆေးတိုက်တာကို လုပ်ပါ ကိုယ့်သ‌ဘောနဲ့ကိုယ်မလုပ်ပါနဲ့လို့ ကျမတို့တတွေက ပြောပဲ ပြောပေးနိုင်တာပါ

ဒေသအသီးသီးရောက်နေတဲ့ စီဒီအမ်ကျောင်းသား ကျောင်းသူတွေ၊ စီဒီအမ်သားဖွားတွေကိုပဲ လူနာပြုစုစောင့်ရှောက်ရာမှာ လိုအပ်တဲ့အသိပညာ ဖြန့်ဝေဖို့ကိုပဲ ဆောင်ရွက်ပေးနိုင်တာပဲ စီစဉ်ပေးနိုင်ပါသေးတယ် လက်တွေ့လုပ်တတ်နေရင်ရပြီ အသိပညာတွေ သင်ဖို့မလိုတော့ဘူးဆိုတဲ့အတွေးတွေ ဝင်နေမှာ စိုးရိမ်မိပါတယ် အသိပညာယှဉ်တွဲပါမလာတဲ့ လက်တွေ့လုပ်ဆောင်မှုဆိုတာ အကျိုးရှိထိရောက်မှု အားနည်းသလို ပြီးပြည့်စုံတဲ့စောင့်ရှောက်မှုတော့ မဖြစ်နိုင်ပါဘူး
ကျမတို့ သားတွေ သမီးတွေ စဉ်းစားတွေးခေါ်တတ်စေဖို့ အသိပညာတိုးအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ပညာကိုတန်ဖိုးထားပြီး သင်ကြားရေးပါဝင်ဖို့ တွန်းအားပေး ကူညီပေးတဲ့ မိဘပြည်သူများကိုလည်း ကျေးဇူးတင်ပါတယ်

အားလုံး ဘေးကင်းကျန်းမာကြပါစေ

30/12/2024

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အသီးသီးရှိ CDM students များရှင်

ကျောင်းအလိုက် အတန်းအလိုက် CDM Student ဖြစ်ကြောင်းအတည်ပြုရန်၊
သင်ကြားရေးကိစ္စရပ်များ ချိတ်ဆက်ဆောင်ရွက်ရန် တို့အတွက် ICMNMTS ရဲ့ Student affair department တွင် ပါဝင်ကူညီပေးနိုင်ပါရန် Volunteer Student representative များကို ဖိတ်ခေါ်အပ်ပါသည်။

ကြားကာလတက္ကသိုလ်များ၏ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်တွင် Selected ရရှိထားပြီးသူ ကျောင်းသားကျောင်းသူများအနေဖြင့်  မိမိတက်ရေ...
29/09/2024

ကြားကာလတက္ကသိုလ်များ၏ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်တွင် Selected ရရှိထားပြီးသူ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတက်ရောက်လိုသည့်အထူးပြုဘာသာရပ်(တက္ကသိုလ်) တစ်ခုအား ရွေးချယ် Accept ပြုလုပ်ခွင့်သည် ယနေ့ ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၊ ၂၅ ရက် ၊ ည ၁၁:၅၉ နာရီ (မြန်မာအချိန်) နောက်ဆုံးဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့

⁨📷⁩ ⁨တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော ဘာသာရပ်များအ...
16/09/2024

⁨📷⁩ ⁨တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော ဘာသာရပ်များအနက်မှ မိမိတို့ တက်ရောက်လိုသော ဘာသာရပ်တစ်ခုကို (၁၅.၉.၂၀၂၄) ရက်နေ့မှ စတင်၍ ရွေးချယ်ခွင့် ရရှိပြီ ဖြစ်ပါသည်။ ရွေးချယ်ရမည့် နောက်ဆုံးရက်မှာ (၂၅.၉.၂၀၂၄) ရက်နေ့ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။ ရွေးချယ်ပုံ အဆင့်ဆင့်ကို သေသေချာချာလေ့လာပြီး မမှားမယွင်းရအောင် ဂရုတစိုက် ပြုလုပ်ကြပါရန် အကြံပြုပါသည်။

၁။ မိမိတို့ရွေးချယ်မည့် ဘာသာရပ် အကွက်ရှိ selected ဘေးမှ အဝိုင်းပုံ button လေးကို နှိပ်ပါ။
၂။ ဇယားအောက်ဘက်မှ "Submit" ကို နှိပ်ပါ။
၃။ Confirmation မှ သေချာပါသည် ကို နှိပ်ပါ။ (ပြန်ထွက်ပါကိုနှိပ်၍ ပြန်လည်ရွေးချယ်နိုင်သည်။)
၄။ Acceptance မှ "အိုကေ" ကိုနှိပ်ပါ။

အဆင့်များအားလုံးပြီးစီးလျင် မိမိရွေးချယ်လိုက်သော ဘာသာရပ်ဘေးတွင် Accepted ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ပြီးသည့်နောက်တွင် အခြားမည်သည့် ပြောင်းလဲမှုမျိုးကိုမျှ ပြုလုပ်၍ ရမည် မဟုတ်တော့ပါ။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်​မြောက်​ရေးအဖွဲ့⁩

  #ငါတို့မှာငါတို့ပဲရှိတယ် ♦️နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် မြို့ပြ...
20/07/2024

#ငါတို့မှာငါတို့ပဲရှိတယ်
♦️နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြစဉ်အတွင်း ထိခိုက်မှုလျော့ပါးသက်သာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါမယ်။

♦️ကျေးလက်ဒေသတွေမှာလို ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းတွေတူးဖော်ဖို့ခက်ခဲတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိမိတို့နေအိမ်ဝန်းခြံများအတွင်း အရေးပေါ်ခိုလှုံရာနေရာတွေ စီမံဆောင်ရွက်ထားမယ်ဆိုရင် အန္တရာယ်ကျရောက်ချိန်မှာ အသက်အန္တရာယ်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာတွေ သက်သာစေမှာဖြစ်ပါတယ်။

♦️ကျနော်တို့ပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ပစ္စည်းတွေကို သုံးပြီး နေအိမ်ဝန်းခြံတွေထဲမှာ နည်းစနစ်တကျ အရေးပေါ်ခိုလှုံရာနေရာတွေ ဖန်တီးထားနိုင်ကြဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပုံတစ်ပုံချင်းစီမှာဖော်ပြပေးထားပါတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ ချစ်ခင်ရသူတွေကိုလည်း ပြန်လည်မျှဝေပေးကြဖို့ပါ တိုက်တွန်းလိုပါတယ်။

  #တက္ကသိုလ်၀င်ခွင့်လမ်းညွှန်  #ငါတို့မှာငါတို့ပဲရှိတယ်  ကချင်​ပြည်နယ်ပညာရပ်စုံတက္ကသိုလ် Faculty of Law, School of Techn...
15/07/2024

#တက္ကသိုလ်၀င်ခွင့်လမ်းညွှန်
#ငါတို့မှာငါတို့ပဲရှိတယ်

ကချင်​ပြည်နယ်ပညာရပ်စုံတက္ကသိုလ် Faculty of Law, School of Technology and School of Economics ကျောင်းတို့၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ကြေငြာခြင်း။
***************************************************

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်များ၏ ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ၁၅-၇-၂၀၂၄ ရက်နေ့မှ စတင်၍ လက်ခံသွားမည်ဖြစ်ပါသည်။

လျှောက်ထားနိုင်သည့်တက္ကသိုလ်များမှာ School of Medical Science, School of Nursing Science, School of Technology, School of Economics, School of Agriculture and School of Arts and Sciences တို့ဖြစ်သည်။

Faculty of Law, School of Technology and School of Economics တို့၏ ဝင်ခွင့်သတ်မှတ်ချက်များကို လျှောက်ထားလိုသည့်ကျောင်းသား/သူ များသိနိုင်စေရန် အသေးစိတ်ဖော်ပြလိုက်ပါသည်။

#တက္ကသိုလ်ဝင်ခွင့်
#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်

ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) အတွက် စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစ...
15/07/2024

ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) အတွက် စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစီအစဥ်
အပိုင်း (၂)

နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
အချိန် - မြန်မာစံတော်ချိန် ည (၇) နာရီ။

#တက္ကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့

#2024

Share ထား တဲ့page​လေးမှာအား​ပေးကြပါဦး***လောလောဆယ်ထိ မင်မင်တို့ tickets 1500 ကျော်ရရှိထားပြီးမို့ နောက်ထပ် 500 5️⃣0️⃣0️⃣...
12/07/2024

Share ထား တဲ့page​လေးမှာအား​ပေးကြပါဦး

***
လောလောဆယ်ထိ မင်မင်တို့ tickets 1500 ကျော်ရရှိထားပြီးမို့
နောက်ထပ် 500 5️⃣0️⃣0️⃣ကျော်လေးပဲ
ထပ်ဖြည့်‌ပေးဖို့ပဲလိုတော့တာပါနော်
Ticket ( 2000 ) 2️⃣0️⃣0️⃣0️⃣
ပြည့်တာနဲ့ မင်မင်တို့ မဲလေးဖောက်ပေးပြီ
ရရှိလာမည့် ထောက်ပို့ငွေကို ရှေ့တန်းမြေပြင်ရှိ
ပြည်သူ့ရဲဘော်များ၏ ထိခိုက်ဒဏ်ရာများကိုကုသပေးရန်အတွက်
ဆေးဝါးပစ္စည်းများကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာတင်မကဘဲ မိမိတို့ရောက်ရှိနေတဲ့ဒေသတွေရဲ့
ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့
မင်မင်တို့ ဆရာ၊ဆရာမလေးများကို
ဆေးဝါးများထောက်ပံ့ကူညီရင်း
#တိုက်ပွဲဒဏ်ရာကုသဖို့ဆေးအလှူကူကြစို့ project လေးမှာ ပါဝင်ပေးကြရအောင်နော်

သားတို့ သမီးတို့ ဆရာ ဆရာမတို့ မင်္ဂလာပါရှင်👉  World Population Day အထိမ်းအမှတ်အနေနဲ့ ပြည်သူ့ကျန်းမာသူနာပြုစုမှုနဲ့ ပတ်သက...
11/07/2024

သားတို့ သမီးတို့ ဆရာ ဆရာမတို့ မင်္ဂလာပါရှင်
👉 World Population Day အထိမ်းအမှတ်အနေနဲ့ ပြည်သူ့ကျန်းမာသူနာပြုစုမှုနဲ့ ပတ်သက်တဲ့ quizz လေးတွေ ပြင်ဆင်ထားပါတယ်
👉July 11 ရက်နေ့ မနက် 10 နာရီမှ ညနေ 7 နာရီအတွင်း ဖြစ်ပါတယ်
👉 75 မှတ်အထက်ရသူများထဲက အမှတ်အများဆုံး အယောက် 20 ကို ဖုန်းဘေ/SDB/NUG Pay ဖြင့် 20000 ကျပ် ချီးမြှင့်မှာ ဖြစ်ပါတယ်

💻" ငါတို့မှာ ငါတို့ပဲရှိတာမို့ ငါတို့ပြည်သူတွေ ငါတို့ ထိထိရောက်ရောက် ပြုစုနိုင်ဖို့ တတ်နိုင်သလောက် စဉ်ဆက်မပြတ် လေ့လာကြရအောင်" လို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်

https://addonforge.com/timer/1FAIpQLSdnYhXCqmuK2AomEHHm5evVd5UI8lQBJ00wN32W_tDcqSWHiA

🦠 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပါ 🦠🔴 ရောဂါ ဘယ်လိုကူးစက်ပြန့်ပွားသလဲ?🔹 ရောဂါပိုးပါသော ရေကို သောက်သုံးခြင်း🔹 ရေ...
10/07/2024

🦠 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပါ 🦠

🔴 ရောဂါ ဘယ်လိုကူးစက်ပြန့်ပွားသလဲ?

🔹 ရောဂါပိုးပါသော ရေကို သောက်သုံးခြင်း
🔹 ရောဂါပိုးပါသော အစားအစာကို စားသုံးခြင်း
🔹 လူနာ၏ မစင်၊ အန်ဖတ်နှင့် ၎င်းအရာများ ပေနေသော အရာဝတ္ထုများကို ကိုင်တွယ်မိခြင်း
🔹 အဆိုပါရောဂါဖြင့် သေဆုံးသူကို ထိတွေ့မိခြင်း

🔴 ရောဂါလက္ခဏာများ

🔹 ပြင်းထန်စွာ ဝမ်းလျှောခြင်း
🔹 အန်ခြင်း
🔹 ကြွက်တက်ခြင်း
🔹 အားအင်ကုန်ခမ်းသလို ခံစားရခြင်း

ပြင်းထန်စွာ ဝမ်းလျှောခြင်းသည် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်သည်။ လျင်မြန်စွာ မကုသပါက အားအင်ကုန်ခမ်းပြီး သေဆုံးစေနိုင်သည်။

🔴 ကုသမှု

🔹 ဓာတ်ဆား (ORS) ဖျော်ရည် သောက်ပါ

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
-------------------------

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများကို တစ်စုတစ်စည်းတည်း လေ့လာလိုက်နာနိုင်ရန်-
https://www.facebook.com/share/p/S6L2GLpVjZJ5xEQy/

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင် အခမဲ့ဆေးခန်းပြရန်-
https://m.me/telehealthmm

#ဝမ်းလျောဝမ်းပျက် #ဝမ်းလျော #ဝမ်းပျက်

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Myitkyina Nursing Training School Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category