Blossom Child Education Center

Blossom Child Education Center မြစ်ကြီးနားမြို့၊နောင်နန်း တိုက်နယ် ၊ပလန ယိန်းခေါ် လမ်းခွဲ အနီး - Pyae Pyae ဆီးပန့် မျက်နဇောင်း
တွေလာရောက်ဆက်သွယ်နိုင်ပါပြီ

နောင်နန်းတိုက်နယ်ရှိ Blossom မူကြိုကျောင်း 🌼သားသားမီးမီးတို့၏ အနာဂတ်လှပစေရန် အကောင်းဆုံးအစပြုရာနေရာလေး 💛📣 2026-2027 ပညာသ...
29/05/2026

နောင်နန်းတိုက်နယ်ရှိ Blossom မူကြိုကျောင်း 🌼
သားသားမီးမီးတို့၏ အနာဂတ်လှပစေရန် အကောင်းဆုံးအစပြုရာနေရာလေး 💛

📣 2026-2027 ပညာသင်နှစ်အတွက်

👶 Toddler မှ KG Class အထိ ကျောင်းသား/သူများကို June လကုန်အထိ လက်ခံအပ်နှံနေပါပြီရှင်။ မိဘတိုင်းက ကိုယ့်သားသမီးကို “စာတော်တဲ့ကလေး” တစ်ယောက်ဖြစ်စေချင်သလို “လူတော်လူကောင်း” တစ်ယောက်လည်း ဖြစ်စေချင်ကြပါတယ်။

ဒါကြောင့် Blossom မူကြိုကျောင်းတွင် ကလေးများကို စာပေပညာတင်မကဘဲ

💛 စိတ်ဓာတ်ကောင်းမွန်မှု
💛 အကျင့်စာရိတ္တကောင်းမွန်မှု
💛 ဘုရားတရား သိတတ်မှု
💛 မိမိကိုယ်ကို ယုံကြည်မှုရှိမှု
💛 ပေါင်းသင်းဆက်ဆံရေးကောင်းမှု
💛 ဖန်တီးနိုင်စွမ်းနှင့် စူးစမ်းလေ့လာနိုင်စွမ်း
တို့ပါ ပြည့်စုံဖွံ့ဖြိုးလာစေရန်

✨ Whole Person Education System ✨ ဖြင့် သင်ကြားပေးနေပါသည်။

📖 Whole Person Education ဆိုတာဘာလဲ?

ကလေးတစ်ယောက်ကို စာသင်ပေးရုံသာမဟုတ်ဘဲ
“စိတ်၊ ကိုယ်၊ ဉာဏ်၊ အကျင့်စာရိတ္တ၊ လူမှုပေါင်းသင်းဆက်ဆံရေး”အားလုံးကို Balance ဖြစ်အောင် ပြုစုပျိုးထောင်ပေးသော သင်ကြားရေးစနစ်ဖြစ်ပါသည်။
ယနေ့ခေတ်မှာ ကလေးများအတွက်
စာတော်ရုံတင်မကတော့ပါဘူး။

Communication Skill, Confidence, Creativity, Teamwork နှင့် Good Manners တို့လည်း အလွန်အရေးကြီးလာပါသည်။

ဒါကြောင့် Whole Person Education ဖြင့် သင်ကြားသော ကလေးများသည်

🌟 မိမိကိုယ်ကို ယုံကြည်မှုရှိလာခြင်း
🌟 စကားပြောရဲလာခြင်း
🌟 လူမှုဆက်ဆံရေးကောင်းလာခြင်း
🌟 စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်လာခြင်း
🌟 စည်းကမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်လာခြင်း
တို့ကို ရရှိလာစေပါသည်။

Blossom မူကြိုကျောင်းတွင်✨ ဝါရင့်အတွေ့အကြုံရှိ ဆရာ/ဆရာမများမှ International Standard Teaching Methods ဖြင့်ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။

📚 သင်ကြားပေးသော Activities များ
✔ English Language & Speaking
✔ Phonics
✔ Mathematics
✔ Science & Technology
✔ Social Studies
✔ Art & Crafts
✔ Music & Zumba Dance
✔ Physical Education
✔ Cooking Time 👩‍🍳
✔ Swimming Time 🏊‍♂️
✔ Story Telling & Game Activities
✔ Learning Through Play & Music

✔ ဘုရားတရားနှင့် ကိုယ်ကျင့်တရားပညာ ကလေးများ စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်စွာ သင်ယူနိုင်သော
Warm & Safe Learning Environment ကို ဖန်တီးပေးထားပါသည် 🌈

💛 “Happy Children Learn Better” 💛
မိဘများအနေဖြင့်သားသားမီးမီးတို့ကိုပျော်ရွှင်စွာ သင်ယူတတ်ပြီးယုံကြည်မှုရှိသော ကလေးများအဖြစ် ကြီးပြင်းလာစေချင်ပါက Blossom မူကြိုကျောင်းသို့ လာရောက်စုံစမ်းအပ်နှံနိုင်ပါပြီရှင် 💐

📍 Blossom Child Education Center
📞 09-257 276 544
📍 နောင်နန်း၊ ယိန်ခေါ်လမ်းခွဲ

Summer class bye 👋သုံးလတာ အတူတူ ပျော်ရွှင်စွာ learning လုပ်ခွင့်ရခဲ့တာ တကယ်ဝမ်းသာပါတယ် 💖အားလုံးရဲ့ ကြိုးစားမှုတွေကြောင့်...
29/05/2026

Summer class bye 👋
သုံးလတာ အတူတူ ပျော်ရွှင်စွာ learning လုပ်ခွင့်ရခဲ့တာ တကယ်ဝမ်းသာပါတယ် 💖
အားလုံးရဲ့ ကြိုးစားမှုတွေကြောင့် class လေးက ပိုပြီး အဓိပ္ပာယ်ရှိခဲ့ပါတယ်။
Next year မှာတော့ ဒီထက်ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ memories တွေ၊ knowledge တွေနဲ့ ပြန်ဆုံကြမယ်နော် ✨
အားလုံးပဲ holidays ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ကိုယ့်ရဲ့ dreams တွေကို ဆက်ပြီး ကြိုးစားနိုင်ကြပါစေ 🌷
See you next year 🤍

၁၂ရာသီ မအားမလပ်နဲ့ကလေးတွေအတွက် အမြဲအပြုံးပေးပြီး သင်ကြားပေးနေတဲ့ မူကြိုဆရာမတွေ…🥺💛လခက မများဘူးပင်ပန်းမှုက မနည်းဘူးတစ်နေ့လ...
29/05/2026

၁၂ရာသီ မအားမလပ်နဲ့
ကလေးတွေအတွက် အမြဲအပြုံးပေးပြီး သင်ကြားပေးနေတဲ့ မူကြိုဆရာမတွေ…🥺💛
လခက မများဘူး
ပင်ပန်းမှုက မနည်းဘူး
တစ်နေ့လုံး ကလေးတွေကြားမှာ
ငိုသံ၊ ရယ်သံ၊ အော်သံတွေကြားကနေ
စိတ်ပင်ပန်းနေပေမယ့် အပြုံးမပျက်ဘဲ
မေတ္တာနဲ့ စောင့်ရှောက်ပေးနေကြတာပါ 🌷
ကျောင်းပိတ်ပြီဆိုပေမယ့်လည်း
တကယ်မနားရသေးဘူး…💔
နောက်နှစ် ကလေးလေးတွေအတွက်
သင်ခန်းစာတွေပြင်ရတယ်
Flash Cards တွေလုပ်ရတယ်
Classroom Decoration တွေစဉ်းစားရတယ်
Teaching Aids တွေပြင်ဆင်ရတယ်…
လူတွေမြင်တာက “ကျောင်းပိတ်လို့နားနေတယ်” ထင်ကြပေမယ့်
တကယ်တော့ ဆရာမတွေရဲ့ စိတ်က ကလေးတွေအတွက် အမြဲအလုပ်လုပ်နေတာပါ 🥺
ပင်ပန်းလွန်းလို့ မျက်ရည်ကျတဲ့နေ့တွေရှိပေမယ့်
“ဆရာမ” ဆိုတဲ့ အခေါ်လေးတစ်ခွန်းနဲ့
နေ့တိုင်း အားတင်းပြီး ဆက်ကြိုးစားနေကြတာပါ 💕
Respect to all Preschool Teachers 🌈

Blossom preschool မှ New teacher လေးတွေရော အသင်းတော်မှ teachers 👩‍🏫 တွေန့ဲ တစ်နေ့သာ လှုပ်ရှားမူပေါ့ ✅phonics and child m...
16/05/2026

Blossom preschool မှ New teacher လေးတွေရော အသင်းတော်မှ teachers 👩‍🏫 တွေန့ဲ တစ်နေ့သာ လှုပ်ရှားမူပေါ့
✅phonics and child music sharing 😍
Third batch of Jolly phonics training workshoop

Teacher phonics training workshop 🥰  Training  Blossom Child Education Center&Preschool
16/05/2026

Teacher phonics training workshop 🥰

Training

Blossom Child Education Center&Preschool

Blossom Preschool 🌸ရင်သွေးငယ်များ၏ တောက်ပသော အနာဂတ်အတွက် ယခုပဲ ကျောင်းအပ်နှံလိုက်ပါမိဘအုပ်ထိန်းသူများရှာဖွေနေသည့် စိတ်ချ...
16/05/2026

Blossom Preschool 🌸

ရင်သွေးငယ်များ၏ တောက်ပသော အနာဂတ်အတွက် ယခုပဲ ကျောင်းအပ်နှံလိုက်ပါ

မိဘအုပ်ထိန်းသူများရှာဖွေနေသည့် စိတ်ချလုံခြုံပြီး အရည်အသွေးမြင့်မားသော Early Childhood Education (မူကြိုပညာရေး) ကို Blossom Preschool တွင် ယုံကြည်စိတ်ချစွာ သင်ကြားပေးနေပါပြီ။

📚 ဖွင့်လှစ်မည့် အတန်းများ (Programs)

• Nursery (ကလေးငယ်များအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်း)

• Pre-KG (မူကြိုအကြိုအတန်း - ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ပေးခြင်း)

• KG Diploma (အခြေခံပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးသည့် သူငယ်တန်းဒီပလိုမာအတန်း)

🌙 အထူးညနေပိုင်းသင်တန်းများ (Evening Classes)

နေ့ခင်းဘက် ကျောင်းသွား မအားလပ်သော သားသားမီးမီးများနှင့် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်လိုသူများအတွက်:

• English Class - (Four skills) - အခြေခံ အင်္ဂလိပ်စာ ပြောဆို၊ ဖတ်ရှု၊ ရေးသားခြင်း (၈ တန်းအောက်ကေိဋင်းသားများအတွက်)

• Phonics Class (အသံထွက်မှန်ကန်စေရန်နှင့် စကားလုံးများကို ကိုယ်တိုင်ဖတ်နိုင်စေရန် စနစ်တကျ Phonics သင်ကြားခြင်း)
✨ ဘာကြောင့် Blossom Preschool ကို ရွေးချယ်သင့်သလဲ?
• ဆရာ/မ နှင့် ကျောင်းသား အချိုးအစား မျှတပြီး ကလေးတစ်ဦးချင်းစီကို သေချာဂရုစိုက်ခြင်း။

• ပျော်ရွှင်စရာ ကစားနည်းများ၊ လှုပ်ရှားမှုများနှင့်အတူ သင်ခန်းစာများကို ပျော်ရွှင်စွာ သင်ယူနိုင်ခြင်း။

• ကလေးငယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဓိကထား ဦးတည်ခြင်း။

ကျောင်းလိပ်စာ: [နောင်နန်း ပ လ န / ယိန်းခေါ် လမ်းခွဲ/ ပြည့်ပြည့်ဆီဆိုင် မျက်နှာစောင်း]

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: 09257276544

📌အဖော်မရှာပါနဲ့ 📌✅ကလေးကျောင်းအပ်/သင်တန်းအပ် တဲ့အခါ “အဖော်ရှိလို့” ဆိုတဲ့အကြောင်းရင်းနဲ့ မရွေးချယ်ပါနဲ့တချို့မိဘတွေက ကလေး...
12/05/2026

📌အဖော်မရှာပါနဲ့ 📌

✅ကလေးကျောင်းအပ်/သင်တန်းအပ် တဲ့အခါ “အဖော်ရှိလို့” ဆိုတဲ့အကြောင်းရင်းနဲ့ မရွေးချယ်ပါနဲ့

တချို့မိဘတွေက ကလေးကို ကျောင်းအပ်တဲ့အခါ

“သူငယ်ချင်းက ဒီကျောင်းတက်လို့”
“အိမ်နီးချင်းက ဒီ class ပို့နေလို့”
“အတူတူသွားရင် အဆင်ပြေမယ်ထင်လို့” ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ကလေးရဲ့ကျောင်းရွေးချယ်မှုကို ဆုံးဖြတ်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်အရေးကြီးတာက

👉 အဖော်ရှိမရှိ မဟုတ်ပဲ
👉 ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ပါ

ကလေးတိုင်းဟာ မတူညီပါဘူးရှင့်…ဥဗမာအားဖြင့်…

✅ကလေးသင်တန်းရွေးချယ်ရာမှာ “Reading / Speaking အားသာချက်-အားနည်းချက်” တင်မကပါဘူး…

တချို့မိဘတွေက ကလေးကို ကျောင်းရွေးတဲ့အခါ
“Reading အားနည်းလို့ Writing အားနည်းလို့ ဒီကျောင်း”Speaking မတတ်ဘူး” “Speaking တိုးတက်အောင် ဒီ class” လို့ skill တစ်ခုတည်းပေါ်မှာပဲ အခြေခံပြီး ရွေးတတ်ကြပါတယ်။

ကျောင်းရွေးချယ်ရာတွင်လည်း ဘယ်နိုင်ငံက ဘယ် လိုမျိူး Curriculum သုံးပါတယ် … ဆိုတာထက် ပိုအရေးကြီးတဲ့ အပိုင်းတွေရှိနေတာကိုမိဘများ မေ့နေကြတတ်ပါတယ်ရှင့့့့့်

ဒါပေမယ့် တကယ်အရေးကြီးတာက ဒီထက်ပိုပါတယ်။

👉 ကျောင်းရဲ့ Vision (ရည်မှန်းချက်)

👉 Mission (လုပ်ဆောင်ပုံ၊ ဦးတည်ချက်)

👉 Goal (ရလာဒ်လိုချင်ချက်) တွေက ဘာတွေဖြစ်နေလဲဆိုတာပါ။

အဲဒီကျောင်းက ကလေးတွေကို ဘယ်လိုလူမျိုးဖြစ်လာအောင် ပျိုးထောင်ချင်တာလဲ စာအောင်မြင်မှုကိုပဲ အဓိကထားလားဒါမှမဟုတ် စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းတွေကိုပါ တပြိုင်နက်တည်း ဖွံ့ဖြိုးအောင်လုပ်နေလား ဆိုတာကို သိဖို့လိုပါတယ်။

📌 အရေးကြီးတာက ကိုယ့် context နဲ့ ကိုက်ညီမှုပါ
မိသားစုတစ်ခုချင်းစီမှာတန်ဖိုးထားမှုတွေ၊ မျှော်မှန်းချက်တွေ မတူပါဘူး။

context ဆိုတာ ဘာလဲ ?

👨‍🎓ကျောင်းသားတစ်ယောက်ရဲ့ စာသင်မှု၊ အိမ်ဘဝ၊ စိတ်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ ကိုယ်နေထိုင်တဲ့ အရက်ဒေသ တိုင်းပြည် အားလုံးကိုပေါင်းပြီး နားလည်တာကိုဆိုလိုပါတယ်ရှင့်…

✔ ကလေးကို ဘယ်လိုလူမျိုးဖြစ်စေချင်လဲ

✔ အနာဂတ်အတွက် ဘယ်လိုလမ်းကြောင်းမျိုးလိုချင်လဲ

✔ ပညာရေးကို ဘယ်လိုအဓိပ္ပါယ်ထားလဲ

အဲဒီအရာတွေနဲ့ ကျောင်းရဲ့ direction ကို ကိုက်ညီမှ
ကလေးအတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။

✅ကျောင်းရွေးချယ်တာဆိုတာ

skill တစ်ခုတည်းကိုကြည့်တာမဟုတ်ဘဲ

👉 ကျောင်းရဲ့ Vision / Mission / Goal

👉 ကိုယ့်မိသားစုရဲ့ အခြေအနေ (context)

👉 ကလေးရဲ့ အနာဂတ်မျှော်မှန်းချက်

အဲဒီအားလုံးကို ချိန်ဆပြီးမှ ဆုံးဖြတ်ရမယ့် အရေးကြီးတဲ့ ရွေးချယ်မှုပါ 🌱

✅မိဘများ ကလေးကို အကောင်းဆုံး support ပေးနိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို သတိထားဖို့လိုပါတယ်—

✔ ကလေးရဲ့ စိတ်ဝင်စားမှု (Interest)
သူဘာကိုကြိုက်လဲ၊ ဘယ်လိုလေ့လာမှ ပျော်လဲ

✔ ကလေးရဲ့ အားသာချက် (Strengths)
ဘာမှာတော်လဲ၊ ဘယ်နေရာမှာ အလျင်အမြန်တိုးတက်လဲ

✔ ကလေးရဲ့ အားနည်းချက် (Weaknesses)
ဘာတွေကိုပိုလေ့ကျင့်ပေးဖို့လိုလဲ

✔ သင်ကြားရေးပုံစံ (Learning style)
မြင်ပြီးသင်ယူတာလား၊ နားထောင်ပြီးသင်ယူတာလား၊ လက်တွေ့လုပ်ရင်းသင်ယူတာလား

📌 ကျောင်းရွေးချယ်မှုက အနာဂတ်ကိုသက်ရောက်စေတယ် ကောင်းတဲ့ကျောင်းတစ်ကျောင်းဆိုတာ
စာသင်ပေးရုံတင်မဟုတ်ပါဘူး။ကလေးကို ယုံကြည်မှုတည်ဆောက်ပေးနိုင်ရမယ်။စိတ်ဝင်စားမှုကို ထိန်းသိမ်းပေးနိုင်ရမယ်။သင်ယူချင်စိတ်ကို တိုးပွားစေနိုင်ရမယ်။

👨‍🎓ကလေးတစ်ယောက်ဟာ “ငါဒီမှာ အဆင်ပြေတယ်” လို့ခံစားရတဲ့အခါ သင်ယူမှုကလည်း သဘာဝအတိုင်း တိုးတက်လာပါတယ်။

📌 နောက်ဆုံးအရေးကြီးတာ

“သူငယ်ချင်းရှိလို့” ဆိုတဲ့အကြောင်းပြချက်နဲ့ မဟုတ်ဘဲ
“ကိုယ့်ကလေးအတွက် တကယ်လိုအပ်လို့” ဆိုတဲ့အကြောင်းပြချက်နဲ့သာကျောင်းရွေးချယ်မှုကို ဆုံးဖြတ်ပေးပါ။

အဖော်ရှိမရှိထက် ကလေးရဲ့အနာဂတ်၊ အရည်အချင်း၊ စိတ်ဖွံ့ဖြိုးမှုက ပိုအရေးကြီးပါတယ် 🌱

ကလေးတစ်ယောက်အတွက် အကောင်းဆုံလမ်းကြောင်းကိုမိဘက မှန်ကန်စွာရွေးချယ်ပေးနိုင်တာဟာ
သူ့ဘဝတစ်ခုလုံးအတွက် အခြေခံကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ် 🤍

ကျေးဇူးတင်ပါတယ်ရှင့်
AI နည်းပညာက ကူညီပေးဖြစ်ပြီး ideas က ကျွန်မအတွေးအမြင်ပါရှင့်..
.Merry Seng Hkawn
Child Education Center & Blossom Preschool

08/05/2026

Happy Mother’s Day

2026-27 ပညာသင်နှစ်အတွက် Nursery,Pre-Kg, KG နှင့် အချိန်ပိုင်းအတန်း စတင်အပ်နှံနိုင်ပါပြီရှင့်……၂နှစ်ခွဲ အရွယ်များကိုလည်း ...
07/05/2026

2026-27 ပညာသင်နှစ်အတွက် Nursery,Pre-Kg, KG နှင့် အချိန်ပိုင်းအတန်း စတင်အပ်နှံနိုင်ပါပြီရှင့်……

၂နှစ်ခွဲ အရွယ်များကိုလည်း လက်ခံပါတယ်ရှင့်…..

Address

Pa La Na (Kawahka), Sumpra Bum Main Road, Nawng Nang
Myitkyina

Telephone

+959257276544

Website

Alerts

Be the first to know and let us send you an email when Blossom Child Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Blossom Child Education Center:

Shortcuts

Share

Category