ရှာရုန်နှင်းဆီ ဘော်ဒါ

ရှာရုန်နှင်းဆီ ဘော်ဒါ လူကောင်းလူတော်လေးတွေမွေးထုတ်ပေးရာ နေရာ ရှာရုန်ဘော်ဒါပါ။

အမှတ်တရ !!! 🥰🥰 #ရှာရုန်နှင်းဆီ
10/05/2026

အမှတ်တရ !!! 🥰🥰

#ရှာရုန်နှင်းဆီ

07/05/2026

📌မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများရှင်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အတွက် Grade (9, 10 , 11, 12)ကျောင်းသား/သူများအား “ရှာရုန်နှင်းဆီ“
ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်းကျောင်းနှင့် မိန်းကလေးသီးသန့်ဘော်ဒါဆောင်မှ ဆက်လက်လက်ခံ နေဆဲ ဖြစ်ပါတယ်။

📑 အဆောင်တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများ -

✨ သက်သောင့်သက်သာရှိမှု: ကျယ်ဝန်းပြီး သန့်ရှင်းတဲ့ အိပ်ခန်းများ၊ ကိုယ်ပိုင် စာကြည့်စားပွဲနဲ့ အသုံးအဆောင်များ ပြည့်စုံစွာ ပါဝင်ပါတယ်။

✨ အာဟာရနှင့် ကျန်းမာရေး: သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများကို စနစ်တကျ စီစဉ်ပေးထားပါတယ်။

✨ လုံခြုံမှုအပြည့်: ကျောင်းသား/သူတွေရဲ့ ဘေးကင်းရေးအတွက် ၂၄ နာရီ စောင့်ရှောက်မှုနဲ့ စည်းကမ်းစနစ်တကျ ရှိပါတယ်။

✨စာသင်ကြားရေး: ဝါရင့် ဆရာ/ဆရာမ ကြီးများကိုယ်တိုင် အထူးကြီးကြပ် စာသင်ကြားပေးပါတယ်။စာကျက်ချိန်များကို လည်း စနစ်တကျ ကြီးကြပ်ပေးနေပါတယ်။

✨၂၄ နာရီ ဆိုလာ မီးပေးစနစ်ဖြင့် သက်တောင့် သက်သာ စာကြည့်နိုင်ခြင်း။

စသော ဝန်ဆောင်မှုတွေနဲ့ အတူ 2026 - 2027 ပညာသင်နှစ်အတွက် စာရင်းလက်ခံနေပါပြီ။

📢 လိပ်စာ: ဒက - ၂၁၆၊ ဒူကထောင်မိန်းလမ်း တစ်ကွက်ငုပ်၊ ဒူကထောင် KBC နှစ်ခြင်း ဘုရားကျောင်း အနောက်လမ်း တည့်တည့်။ J2A အထည်ချုပ်စင်တာအနီး (သို့) စိန့်ဂျိုးဇက် ဘုရားကျောင်း အနီးရှိသံလွင်တောင် လမ်းကြားနှင့် မျက်နာခြင်းဆိုင် လမ်းကြား၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

☎️ Phone : 09- 428116473
09- 794411045
Viber. : 09- 428116473

#ရှာရုန်နင်းဆီ #ပညာရေး

20209794411045

ကျောင်းသား ဟောင်းများ လာရောက် ဂါဝရပြု တဲ့ ရက်လေး အမှတ်တရ … 🥰🥰✨
12/04/2026

ကျောင်းသား ဟောင်းများ လာရောက် ဂါဝရပြု တဲ့ ရက်လေး အမှတ်တရ … 🥰🥰✨

12/04/2026

အခုလို ကျောင်းသားဟောင်းတွေ လာရောက်နှုတ်ဆက်ကြလို့ ရှာရုန် မိသားစုလည်း ပီတိ ဖြစ်…🥰🥰🥰

📌မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများရှင်။၂၀၂၆ - ၂၀၂၇  ပညာသင်နှစ်အတွက် ကျွန်ုပ်တို့၏ ရှာရုန်နှင်းဆီ အမျိုးသမီး သီးသ...
31/01/2026

📌မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများရှင်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျွန်ုပ်တို့၏
ရှာရုန်နှင်းဆီ အမျိုးသမီး သီးသန့် ဘော်ဒါဆောင်တွင် အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ပါသည်။

📑 အဆောင်တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများ -

• အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော အိပ်ဆောင်များ။

• သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို စနစ်တကျ ကျွေးမွေးခြင်း။

• ဝါရင့် ဆရာ/ဆရာမ ကြီးများကိုယ်တိုင် အထူးကြီးကြပ် စာသင်ကြားပေးခြင်း။

• စာကျက်ချိန်များကို စနစ်တကျ ကြီးကြပ်ပေးခြင်း။

• ၂၄ နာရီ ဆိုလာမီးပေးစနစ်ဖြင့် သက်တောင့် သက်သာ စာကြည့်နိုင်ခြင်း။

• ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ၂၄ နာရီ ဂရုစိုက်ပေးခြင်း။

• မိသားစုသဖွယ် နွေးထွေးသော ချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းသော ပတ်ဝန်းကျင်။

2026 - 2027 ပညာသင်နှစ်အတွက် စာရင်းလက်ခံနေပါပြီ။ မိန်းကလေး‌ သီးသန့် ဘဲလက်ခံအုန်းမှာပါနော်။

📢 လိပ်စာ: ဒက - ၂၁၆၊ ဒူကထောင်မိန်းလမ်း တစ်ကွက်ငုပ်၊ ဒူကထောင် KBC နှစ်ခြင်း ဘုရားကျောင်း အနောက်လမ်း တည့်တည့် (သို့) စိန့်ဂျိုးဇက် ဘုရားကျောင်းအနီး သံလွင်တောင် လမ်းကြားနှင့် မျက်နာခြင်းဆိုင် လမ်းကြား၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

☎️ Phone : 09- 428116473
09- 794411045
Viber. : 09- 428116473

09794411045

15/06/2021
အမြတ်ဆုံးသောအရာကိုဆည်းပူးပါ
21/08/2020

အမြတ်ဆုံးသောအရာကိုဆည်းပူးပါ

ပညာရှာဖွေသိုမှီး ကြပါ ချစ်တပည့်တို့ရောက်တဲ့နေရာမှာဘဲရပ်မနေပါနဲ့
20/08/2020

ပညာရှာဖွေသိုမှီး ကြပါ ချစ်တပည့်တို့
ရောက်တဲ့နေရာမှာဘဲရပ်မနေပါနဲ့

17/08/2020
အောင်စာရင်းထွက်တော့မည်၉.၈.၂၀၂၀မနက် ၁၂ : ၃၀
29/07/2020

အောင်စာရင်းထွက်တော့မည်
၉.၈.၂၀၂၀
မနက် ၁၂ : ၃၀

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ပညာဆက်လက်သင်ယူနိုင်တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ...
29/07/2020

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ပညာဆက်လက်သင်ယူနိုင်

တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလက်မှတ်နဲ့ ပညာရေးတက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေက
ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက်တတ်မြောက်မှု၊
စာပေအနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု၊ ကျောင်းကောင်စီအသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု
စတဲ့ ကဏ်ဏ္ဍ ၇ ရပ်အပေါ်မှာ အခြေခံပြီး
"အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်" (High School Completion Certificate) ကို
အကဲဖြတ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုတဲ့အခါရာခိုင်နှုန်းအားဖြင့် ၃၀%ဝန်းကျင် စာမေးပွဲအောင်မြင်ကြပြီး တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။ ကျန် မအောင်တဲ့ ၇၀%အတွက်တောက်လျောက် မစဉ်းစားခဲ့တဲ့အတွက် အားလုံးဟာပညာရေးလမ်းဆုံးခဲ့ရပါတယ်။
အဲ့တာကိုမဖြစ်အောင်ဆိုပြီးတော့တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ Completion Certificate ရရှိထားသူတွေက တက္ကသိုလ်ကို တိုက်ရိုက် တက်ရောက်ခွင့်မရှိသော်လည်း Undergraduate Diploma တွေလို၊ အသက်မွေးဝမ်းကြောင်း Diplomaလို သင်တန်းမျိူးတွေ တက်ခွင့်ရအောင် အသိအမှတ်ပြုနိုင်တဲ့ လက်မှတ်တစ်ခုအနေနဲ့ ပေးမှာဖြစ်ပါတယ်။

ဥပမာ-GTIလိုဟာမျိူး၊ စိုက်ပျိူးရေးသိပ္ပံလိုဟာမျိူး၊ ဆရာအတက်သင်ပညာရေးကောလိပ်လို၊နောက်အခြားဝန်ကြီးဌာနမှာရှိတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလေးတွေနဲ့ဆိုင်တဲ့ Diplomaလေးတွေရှိတယ်။
အဲ့ဒိ Diplomaလေးတွေကို ဒီလက်မှတ်နဲ့သွားပြီး တက်ရောက်ခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက ကြိုးစားချိတ်ဆက်ဆောင်ရွက်နေပါတယ်။

ဆယ်တန်းစာမေးပွဲကို မအောင်သော်ငြားလည်း ဒီ Completion Certificate ရထားတဲ့ကျောင်းသားတစ်ယောက်ဟာ ဥပမာအားဖြင့် GTI လိုဟာမျိူးတက်လိုက်တယ်။
GTIမှာတက်ပြီးသူကထူးချွန်သွားတယ်ဆိုရင် GTI ကနေမှတစ်ဆင့် နည်းပညာတက္ကသိုလ်လိုဟာမျိူးကိုပေါင်းကူးပြီးတော့သင်ယူခွင့်ရမယ်။ နည်းပညာတက္ကသိုလ်တက်ခွင့်ရပြီဆိုရင်သူက GTI ဆင်းကနေပြီးတော့ B.Tech တို့B.Eဘွဲ့တို့ရမယ်။ B.Eဘွဲ့ရပြီဆိုရင် ရှေ့ဆက်သွားရင်M.E တို့ Ph.Dတို့ကိုဆက်ပြီးတော့သွားနိုင်တာပေါ့။
နောက်တစ်ခုကအလုပ်အကိုင်အခွင့်အလမ်းပေါ့။ အရင်တုန်းကအောက်ခြေဝန်ထမ်းတွေမှာဆိုရင် ဒဿမတန်းအောင်ရမည်။ တက္ကသိုလ်ဝင်တန်းအောင်ရမည်ဆိုတဲ့အစား ဒီလက်မှတ်နဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက အခြားဌာနအားလုံးနဲ့ညှိနှိုင်းသွားဖို့ရှိပါတယ်။
ဆိုလိုတာကေတာ့ ဒီအထက်တန်းပြီးဆုံးကြောင်းလက်မှတ်သည် သာမန်လက်မှတ်မဟုတ်ဘဲနဲ့ အဓိပ္ပါယ်ရှိတယ်ပေါ့။ Meaningful Certificate ဖြစ်အောင် နောက်ပြီးတန်ဖိုးရှိတဲ့ Valuable Certificate ဖြစ်အောင်ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။

Ref:
ဒေါက်တာတင်မောင်ဝင်း
ဒုတိယညွှန်ကြားရေးမှူးချူပ်
အခြေခံပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

ဆရာသူရအောင်မှပြန်လည်မျှဝေပါသည်။

Sources. Thu Ya Yee AungLatt

Viva Exam Guide

Address

ဒက (၂၁၆) ဒူကထောင်၊မြစ်ကြီးနား
Myitkyin

Telephone

+959788671495

Website

Alerts

Be the first to know and let us send you an email when ရှာရုန်နှင်းဆီ ဘော်ဒါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ရှာရုန်နှင်းဆီ ဘော်ဒါ:

Shortcuts

Share

Category