La Pyae - Japanese Language Center

La Pyae - Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from La Pyae - Japanese Language Center, Educational consultant, Myingyan.

08/08/2026
01/08/2026

Site Engineer (Japan ပြည်တွင်း အတွေ့အကြုံ 1 နှစ်ရှိသူများ)အတွက် 月額30万以上 နဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခု ရှိပါတယ်။

မိမိရဲ့ skill / experience ကိုလိုက်ပြီး လာစာညှိနှိုင်းပေးမှာဖြစ်ပါတယ်။

1年未満 နဲ့ 32万 内定 ပေးထားဖူးတဲ့ 実績 ရှိပါတယ်။
社宅・光熱費ကတော့ 0円ဖြစ်ပါတယ်။

⚠️Site Engineer(建築、土木、設備)သက်ဆိုင်ရာ field မှာ ဂျပန်ပြည်တွင်းအတွေ့အကြုံ ၁နှစ်ဝန်းကျင်လိုပါတယ်
-------------------------------------------------
🔴Site Engineer(建築、土木、設備、電気、プラント)
-------------------------------------------------
Site Engineer အနေနဲ့ အလုပ်ခန့်မှာဖြစ်ပြီး 写真撮影、写真管理、安全管理、品質管理、工程管理....စတဲ့ စတဲ့ လုပ်ငန်းအကြောင်းအရာတွေ
မိမိအတွေ့အကြုံပေါ် မူတည်ပြီး တာဝန်ပေးအပ်မှာဖြစ်ပြီး 打合せ、スケジュール管理、工程管理စတဲ့ Skill Upလုပ်ဖို့အတွက် အခွင့်အလမ်း တွေလည်းရှိပါတယ်....
建築、土木、設備、電気、プラントမိမိ အတွေ့အကြုံပေါ် မူတည်ပြီး ဘယ် Field ကို လုပ်ချင်သလဲ ‌ရွေးလို့ရသလို အလုပ်ကိုင်နေရာကိုလည်း မိမိ စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်...
>>ကုမ္ပဏီကြီးကြီးမှာ Sikll up လုပ်ချင်တယ် / လုပ်ငန်းအတွေ့အကြုံ ရချင်တယ် / လက်ရှိအလုပ်ကပိတ်ရက်နည်းလို့/အလုပ်အကြောင်းအရာ အဆင်မပြေလို့ အလုပ်ပြောင်းချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်..
====================
✅N3以上 N2レベル
✅Site Engineer ဂျပန်ပြည်တွင်းအတွေ့အကြုံ ၁နှစ်အထက်
✅Civil/Mechanical/Electrical နဲ့ကျောင်းပြီးထားသူများ
လျှောက်ထားလို့ရပါတယ်...
====================

🙌現場လည်းကြီးပြီး English လိုပါ သုံးဖို့အခွင့််အရေးတွေရှိပါတယ်
သွားလုပ်ရမယ့် ကုမ္ပဏီက မြန်မာလူမျိုးခန့်တဲ့ 実績အများအပြားရှိတဲ့ Construction ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်
အရင်ဆုံး ဟခန်းအနေနဲ့ခန့်မှာဖြစ်ပြီး နောင်မှာ 正社員ဖြစ်ဖို့ အခွင့်အလမ်းရှိပါတယ်

👉選考プロセス
書類選考→一次面接→(最終面接)→内定入社
အသေးစိတ်ကို မန်းဒန်းဝင်တဲ့အခါ ရှင်းပြပေးပါမယ်

✨✨✨✨✨✨✨✨
Process
အရင်ဆုံး Career Advisorနဲ့မန်းဒန်းဝင်ပြီးနောက်
အလုပ်မိတ်ဆက်⇒CVတင်ပေးတာကစလို့ ⇒ 履歴書・職務経歴書 ပြင်ပေးတာ ⇒ အင်တာဗျူး လေ့ကျင့်တာများလည်း Support ပေးမှာဖြစ်ပါတယ်...
入社အထိ အစ-အဆုံး မိတ်ဆက်ခအခမဲ့ဖြစ်ပါတယ်။

✨✨✨✨✨✨✨✨
နေ့တိုင်း အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတ္ငက် Career 面談လုပ်ပေးနေပါတယ်။ Career Adviosrနဲ့အတူ မိမိ Careerလမ်းကြောင်းနဲ့ပတ်သက်ပြီးလည်းလာရောက်ဆွေးနွေးပြီး အဆင်ပြေနိုင်မယ့် အလုပ်အကိုင်များ မိတ်ဆက်ပေးလျှက်ရှိပါတယ်...
JLPT N3 နဲ့ အထက်
ဂျပန်ပြည်တွင်းနေထိုင်သူ
IT / CAD / Site Engineer‌အနေနဲ့ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့်အထက်
ရှိသူများ အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါတယ်

01/08/2026

ဂျပန်လုပ်ငန်းခွင်သုံး အခြေအနေအလိုက် တောင်းပန်နည်း (お辞儀 - Owabi)🙇‍♂️

🇯🇵ဂျပန်ကုမ္ပဏီတွေမှာ တောင်းပန်တဲ့အခါ အမှားရဲ့ အတိမ်အနက်နဲ့ ကိုယ်ပြောနေတဲ့လူ (သူဌေး၊ လုပ်ဖော်ကိုင်ဖက်၊ Customer) အပေါ် မူတည်ပြီး သုံးရမယ့် စကားလုံးတွေရဲ့ ကွာခြားမှုဆိူတာရှိပါတယ်။

၁။ အခြေခံအကျဆုံး လုပ်ငန်းခွင်သုံး တောင်းပန်စကားဆိုခြင်း ⤵️
✅ 申し訳ございません。 (Moushiwake gozaimasen.)

✅ 申し訳ございませんでした。 (Moushiwake gozaimasendash*ta.)

👉 အသုံးပြုပုံ: သူဌေး၊ စီနီယာ သို့မဟုတ် Customer ကို အမှားတစ်ခုခုအတွက် အလေးအနက် တောင်းပန်ရမယ့်အခါ သုံးပါတယ်။ (ပြီးခဲ့တဲ့ အမှားအတွက်ဆိုရင် အတိတ်ကာလ ~でした ကို သုံးရပါမယ်)
⚠️ သတိပြုရန်: "すみません" (Sumimasen) ဆိုတာက လုပ်ငန်းခွင်မှာ တောင်းပန်တဲ့အခါ သုံးဖို့ အရမ်းကိုပေါ့ပါးလွန်းပါတယ်။ သူဌေးဆူနေတဲ့အချိန်မှာ "すみません" လို့ သွားမပြောမိဖို့ကိုအထူးသတိပြုပါ။

၂။ ပိုမို လေးနက်ပြတ်သားစွာ တောင်းပန်စကားဆိုခြင်း ⤵️
📩Email ထဲမှာ ရေးသားတဲ့အခါမျိုး ဒါမှမဟုတ် ကုမ္ပဏီတစ်ခုလုံးရဲ့ အမှားအတွက် Customer ဆီ အလွန်အမင်း တောင်းပန်ရတဲ့အခါ သုံးပါတယ်။

✅ 深くお詫び申し上げます。 (Fukaku owabi moushiagemasu.)
👉 အလေးအနက် အနူးအညွတ် တောင်းပန်အပ်ပါတယ်။

✅ 多大なご迷惑をおかけし၊ 心よりお詫び申し上げます။ (Tadaina gomeiwaku o okakeshi, kokoro yori owabi moushiagemasu.)
👉များစွာ အဆင်မပြေမှု ဖြစ်စေခဲ့တဲ့အတွက် စိတ်ရင်းဖြင့်လှိုက်လှိုက်လှဲလှဲ တောင်းပန်အပ်ပါတယ်။

၃။ တစ်ဖက်လူကို အလုပ်ရှုပ်အောင်/အားနာအောင် လုပ်မိတဲ့အခါတောင်းပန်စကားဆိုခြင်း⤵️
အမှားလုပ်တာ မဟုတ်ဘဲ ကိုယ့်ကြောင့် သူတစ်ပါး အချိန်ကုန်သွားတာမျိုး သို့မဟုတ် စာရွက်စာတမ်းတွေ နောက်ကျမှ ပို့မိတဲ့အခါ သုံးပါတယ်။

✅ ご迷惑をおかけして 申し訳ございません。 (Gomeiwaku o okakeshi te moushiwake gozaimasen.)
👉 အဓိပ္ပာယ်: အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။

✅ お時間を取らせてしまい、申し訳ございません。 (Ojikan o torasete shimai, moushiwake gozaimasen.)
👉 အချိန်ကုန်အောင် လုပ်မိတဲ့အတွက် အားနာရပါတယ်။

💡 ဂျပန်လုပ်ငန်းခွင်မှာ တောင်းပန်ခြင်းရဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက် (၃) ချက်⤵️⤵️⤵️
၁။ အကြောင်းပြချက် မပေးပါနဲ့ (No Excuses)❌: အဆူခံရတဲ့အခါ "ကျွန်တော်ကတော့ ဟိုလိုမို့လို့ ဒီလိုမို့လို့ပါ" ဆိုပြီး ဆင်ခြေအရင်တက်ရင် ဂျပန်တွေ အရမ်းမုန်းပါတယ်။ အရင်ဆုံး "申し訳ございません" လို့ ချက်ချင်းဝန်ခံ တောင်းပန်ပါ။✅

၂။ နောက်တစ်ကြိမ် မဖြစ်စေရကြောင်း ကတိပေးပါ🙆‍♂️: တောင်းပန်ရုံတင်မကဘဲ "နောက်နောင် ဒါမျိုး မဖြစ်စေရအောင် သတိထားပါမယ်" ဆိုတဲ့ စကားစုဖြစ်တဲ့ "以後、このようなことがないよう徹底いたします" (Igo, kono you na koto ga nai you tettei itashimasu) ကိုပါ ထည့်ပြောရင် ပိုပြီး တာဝန်ယူမှု ရှိရာ ရောက်ပါတယ်။✅

၃။ ၄၅ ဒီဂရီ ဦးညွှတ်ပါ🙇‍♂️: လူကိုယ်တိုင် တောင်းပန်ရတဲ့ အခြေအနေဆိုရင် ခါးကို ၄၅ ဒီဂရီအထိ ငုံ့ပြီး (Saikeirei) အောက်ရောက်ရင် တစ်စက္ကန့်ခန့် ငြိမ်နေပေးခြင်းဖြင့် စိတ်ရင်းမှန်ကို ပြသပါ။✅

🔛အမှားလုပ်မိတာထက် အမှားကို ဘယ်လို တောင်းပန်တတ်လဲဆိုတဲ့ အပြုအမူက ဂျပန်လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးသွားတာ ဖြစ်ပါတယ်။ ✅

✨ လက်တွေ့သုံး ဗဟုသုတတွေနဲ့ ဂျပန်ပြည်တွင်း/ပြည်ပအလုပ်ခေါ်စာတွေကို နေ့စဉ် သိရှိနိုင်ဖို့ ကျွန်တော်တို့Career Link ကို Follow လုပ်ထားခဲ့နှော်။ 💼🇯🇵

#ဂျပန်လုပ်ငန်းခွင် #ဂျပန်စာလေ့လာကြမယ် #ဂျပန်အလုပ်ခေါ်စာ

27/07/2026

🇯🇵 ဂျပန်မှာ နေ့စဉ်အများဆုံးပြောတဲ့ စကား ၁၀၀
တစ်နေ့ ၁၀ ခုပဲ မှတ်ရင်း ဂျပန်စကားပြောစွမ်းရည် တိုးတက်အောင် လေ့လာကြရအောင်။✨

🌸 Part (3) — ပြန်လည်တုံ့ပြန်ရာတွင် သုံးသောစကားများ
━━━━━━━━━━━━━━━━━━

㉑ はい。
ဟုတ်ကဲ့။ YES

㉒ いいえ。
မဟုတ်ပါဘူး။ No

㉓ そうです。
ဟုတ်ပါတယ်။ / အဲဒီလိုပါပဲ။

㉔ そうですか。
(そうですか)
ဟုတ်လား။ / အဲဒီလိုလား။

㉕ そうですね。
(そうですね)
ဟုတ်တယ်နော်။ / အဲဒီလိုပဲနော်။

㉖ わかりました。
နားလည်ပါပြီ။ 

㉗ わかりません。
နားမလည်ပါဘူး။

㉘ 知っています。
(しっています)
သိပါတယ်။

㉙ 知りません。
(しりません)
မသိပါဘူး။

㉚ 本当ですか。
(ほんとうですか)
တကယ်လား။ 

ဂျပန်စကားပြောတွေလေ့လာဖို့
DARUMA PAGE ကို Like &Follow လုပ်ထားနော် ။

#DARUMA #日本語

#နေ့စဉ်ဂျပန်စကား
#日本語勉強
#ဂျပန်စာ

23/07/2026

🌱 စာကျက်ချင်စိတ် မရှိတဲ့နေ့မှာ ဒီအရာ (၃) ခုကို သတိရပါ။ 🌱

ဂျပန်စာလေ့လာနေတဲ့သူတိုင်း... တချို့နေ့တွေမှာ.....

😮‍💨 "ဒီနေ့ စာမကျက်ချင်တော့ဘူး..."

😩 "ဘာမှ မမှတ်မိဘူး..."

😔 "ငါတော့ မဖြစ်နိုင်ဘူးထင်တယ်..." လို့ ခံစားရတဲ့နေ့တွေ ရှိတတ်ပါတယ်။

ဒါပေမယ့် အဲဒီလိုနေ့တွေမှာ ဒီ (၃) ချက်ကို သတိရလိုက်ပါ။👇

🌸 ① Motivation က အမြဲမရှိနိုင်ဘူး။

စာကျက်တာကို Motivation ပေါ်ပဲ အားကိုးထားရင်...

Motivation မရှိတဲ့နေ့မှာ စာလည်း မကျက်ဖြစ်တော့ပါဘူး။

💡 အရေးကြီးတာက...

"Motivation မရှိတဲ့နေ့တောင် စာကျက်နိုင်တဲ့ အလေ့အကျင့်" ကို တည်ဆောက်ထားဖို့ပါ။

🌸 ② တစ်နေ့ (၁၀) မိနစ်ပဲ စလုပ်ကြည့်ပါ။

"ဒီနေ့ (၃) နာရီ စာကျက်မယ်" ဆိုတာထက်...
ဒီနေ့တော့
📖 Vocabulary (၅) လုံး
📖 Kanji (၂) လုံး
📖 Reading (၁) ပုဒ် ပဲကြည့်မယ်လို့ သေးသေးလေးကနေ စလုပ်ကြည့်လိုက်ပါ။

နည်းနည်းချင်းစီစလုပ်ကြည့်ရင်းနဲ့ ဆက်လုပ်ချင်စိတ် ဖြစ်လာတတ်တာ များပါတယ်။

🌸 ③ မနေ့က ကိုယ်ထက် ဒီနေ့ နည်းနည်းလေးပဲဖြစ်ဖြစ်တိုးတက်ရင် လုံလောက်ပါတယ်။

သူများနဲ့ ယှဉ်မနေပါနဲ့။

📌 မနေ့က Vocabulary (၅) လုံး သိခဲ့ရင်...

ဒီနေ့ (၆) လုံး သိလာတာကလည်း တိုးတက်မှုပါ။

📌 တစ်နေ့ကို နည်းနည်းစီ တိုးတက်တာက...

နောက်ဆုံးမှာ ရလဒ်ကြီးတစ်ခု ဖြစ်လာစေပါတယ်။

နောက်ဆုံးအချက်
🌱 ဒါလေးကိုသတိရပါ...

ဂျပန်စာကျွမ်းကျင်တဲ့သူတွေက...

❌ Motivation အမြဲရှိလို့ မဟုတ်ပါဘူး။
✅ Motivation မရှိတဲ့နေ့တွေမှာတောင် မရပ်ဘဲ ဆက်လေ့လာခဲ့လို့ ဖြစ်ပါတယ်။

🌸 စာကျက်ချင်စိတ် မရှိတဲ့နေ့တွေဟာ... ဒီအတိုင်းလက်လျှော့ရမယ့်နေ့ မဟုတ်ပါဘူး။
အရှိန်မပျက် ဖြေးဖြေးချင်းစီဆက်လျှောက်နေဖို့ပါ။

23/07/2026

ဂျပန်နိုင်ငံ 介護 (Kaigo) အလုပ်အင်တာဗျူး မဝင်ခင် မဖြစ်မနေ ပြင်ဆင်ထားသင့်တဲ့ မေးခွန်း (30) ခု

"ဂျပန်စာ N3 / N2 အောင်ထားရုံနဲ့ အင်တာဗျူးအောင်မယ်လို့ မထင်ပါနဲ့!"

အင်တာဗျူးမှာ အများဆုံးကျရှုံးရတဲ့ အကြောင်းရင်းက ဂျပန်လို မပြောတတ်တာ မဟုတ်ဘဲ... ကိုယ့်အကြောင်းကို ကိုယ့်စကားနဲ့ မရှင်းပြနိုင်တာ ဖြစ်ပါတယ်။

အောက်က မေးခွန်း (၃၀) ခုကို ဂျပန်လို သဘာဝကျကျ ဖြေနိုင်ရင် အင်တာဗျူးအောင်ဖို့ အခွင့်အရေး ပိုများပါတယ်။

① ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ။
自己紹介をお願いします。

② ဘာကြောင့် 介護 အလုပ်ကို ရွေးချယ်ခဲ့တာလဲ။
なぜ介護の仕事を選びましたか。

③ 介護 အလုပ်ဆိုတာ ဘာတွေလုပ်ရလဲ။ ဥပမာနဲ့ ရှင်းပြပါ။
介護の仕事はどんなことをしますか。

④ ဂျပန်မှာ နေတဲ့အချိန် ဘာအခက်အခဲတွေ ကြုံခဲ့ရလဲ။
日本での生活で困ったことは何ですか。

⑤ ဂျပန်မှာ အပျော်ဆုံးအရာက ဘာလဲ။
日本で楽しかったことは何ですか。

⑥ အလုပ်မှာ အခက်ခဲဆုံး၊ စိတ်မကောင်းဆုံး ဖြစ်ခဲ့တာက ဘာလဲ။
仕事で大変だったことは何ですか。

⑦ ဘာကြောင့် ဂျပန်ကို လာခဲ့တာလဲ။
どうして日本に来ましたか。

⑧ မိသားစုကို ငွေပို့နေပါသလား။
家族に仕送りをしていますか。

⑨ ဂျပန်လာတုန်းက အကြွေးယူခဲ့ရလား။
借金をしましたか。

⑩ အားလပ်ရက်မှာ ဘာလုပ်လေ့ရှိလဲ။
休みの日は何をしていますか。

⑪ လက်ရှိအလုပ်ကို ရှင်းပြပါ။
現在の仕事内容を教えてください。

⑫ လက်ရှိနေရပ်လိပ်စာကို ပြောနိုင်ပါသလား။
現在の住所を言えますか。

⑬ အိမ်ကနေ အလုပ်ကို ဘယ်လိုသွားလဲ။
通勤方法を教えてください。

⑭ လက်ရှိလစာ ဘယ်လောက်ရလဲ။
現在の月給はいくらですか。

⑮ ဘာကြောင့် ဒီဒေသ (ဥပမာ Saitama) မှာ အလုပ်လုပ်ချင်တာလဲ။
なぜ埼玉県を希望しましたか。

⑯ အလုပ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲက ဘာလဲ။
今までの仕事で困ったことは何ですか。

⑰ ဂျပန်သူငယ်ချင်း ရှိလား။
日本人の友達はいますか。

⑱ ဂျပန်မှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ချင်လဲ။
日本でどのくらい働きたいですか。

⑲ မိသားစုအကြောင်း ပြောပြပါ။
家族構成を教えてください。

⑳ ဘယ်မြို့က လာတာလဲ။
出身地はどこですか。

㉑ ကုမ္ပဏီအဆောင်မှာ နေသလား။
会社の寮に住んでいますか。

㉒ လက်ရှိအလုပ်မှာ မြန်မာ၊ ဂျပန် ဝန်ထမ်း ဘယ်နှယောက်ရှိလဲ။
職場の職員構成を教えてください。

㉓ ဝါသနာက ဘာလဲ။
趣味は何ですか。

㉔ အားသာချက်၊ အားနည်းချက်က ဘာလဲ။
長所と短所を教えてください。

㉕ သင့်ရဲ့ အားသာချက် (PR Point) က ဘာလဲ။
セールスポイントは何ですか。

㉖ ဂျပန်အစားအစာထဲမှာ အကြိုက်ဆုံးက ဘာလဲ။
好きな日本食は何ですか。

㉗ ဂျပန်မှာ ဘယ်နေရာတွေ ရောက်ဖူးလဲ။
行ったことがある場所を教えてください。

㉘ 介護福祉士 စာမေးပွဲ ဖြေဖို့ အစီအစဉ်ရှိလား။
介護福祉士の国家試験を受けますか。

㉙ ဂျပန်စကားထဲမှာ အကြိုက်ဆုံး စကားလုံးက ဘာလဲ။
好きな日本語は何ですか。

㉚ မေးချင်တာ ရှိသလား။
何か質問はありますか。

💡 Interview အတွက် အရေးကြီးတဲ့ အကြံပြုချက်

✅ အဖြေကို အလွတ်ကျက်မပြောပါနဲ့။

✅ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုယ့်စကားနဲ့ သဘာဝကျကျ ပြောနိုင်အောင် လေ့ကျင့်ပါ။

✅ ဘာကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလဲ (志望動機) ကို သေချာပြင်ဆင်ထားပါ။

✅ အင်တာဗျူးမှာ ယုံကြည်မှုရှိရှိ၊ အသံကျယ်ကျယ်၊ ပြုံးပြုံးလေး ဖြေပါ။

📌 Knowledge Sharing by カイシア Kaixia

🇯🇵 ဂျပန်မှာ အလုပ်ရှာနေတဲ့ မြန်မာလူငယ်တွေအတွက် အင်တာဗျူးနည်းလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဗဟုသုတတွေကို အမြဲမျှဝေပေးနေပါတယ်။

💬 ဒီ Post ကို Save လုပ်ထားပြီး အင်တာဗျူးမဝင်ခင် တစ်ခါလောက် အသံထွက်လေ့ကျင့်ကြည့်ပါ။
🔄 အကျိုးရှိတယ်ဆိုရင် အခြားသူငယ်ချင်းတွေအတွက်လည်း Share ပေးဖို့ မမေ့ပါနဲ့။

20/07/2026

🇯🇵 ဂျပန်မှာ နေ့စဉ်အများဆုံးပြောတဲ့ စကား ၁၀၀
တစ်နေ့ ၁၀ ခုပဲ မှတ်ရင်း ဂျပန်စကားပြောစွမ်းရည် တိုးတက်အောင် လေ့လာကြရအောင်။✨

🌸 Part (2) — ကျေးဇူးတင်ခြင်းနှင့် တောင်းပန်ခြင်း
━━━━━━━━━━━━━━━━━━

⑪ ありがとうございます。
ကျေးဇူးတင်ပါတယ်။

⑫ どうもありがとうございます。
အများကြီးကျေးဇူးတင်ပါတယ်။

⑬ どういたしまして。
ရပါတယ်။ / ကိစ္စမရှိပါဘူး။

⑭ すみません。
တောင်းပန်ပါတယ်။ / ခွင့်ပြုပါ။

⑮ ごめんなさい。
တောင်းပန်ပါတယ်။

⑯ ごめんね。
တောင်းပန်ပါတယ်နော်။

⑰ 大丈夫です。
(だいじょうぶです)
အဆင်ပြေပါတယ်။ / ကိစ္စမရှိပါဘူး။

⑱ 気にしないでください。
(きに しないで ください)
စိတ်ထဲမထားပါနဲ့။

⑲ 失礼します。
(しつれいします)
ခွင့်ပြုပါဦး။ / ရိုင်းပျမိပါပြီ။

⑳ 失礼しました。
(しつれいしました)
မယဉ်ကျေးဖြစ်သွားတာ တောင်းပန်ပါတယ်။

ဂျပန်စကားပြောတွေနေ့စဥ် လေ့လာလို့ရအောင်
DARUMA JLS PAGE ကို Like & Follow မလုပ်ရသေးရင် လုပ်ထားနော် ။

#会話 #日本語 

#ဂျပန်စာ

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when La Pyae - Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share