MawTaung Monastic High School

MawTaung Monastic High School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MawTaung Monastic High School, School, Pyin Ngee village, Maw Taung Street, Myeik.

Photos from MawTaung Monastic High School's post 22/05/2022

🚮ဘိုကာရှီလုပ်နည်းများ How To Bokashi🚮
🤷Gardening ကို စိတ်၀င်စားတဲ့ ကျောင်းသူ ကျောင်းသားများအတွက် ..🥕🍒🍍🌶
🍂သဘာ၀ဘေးအန္တာရယ်တွေကိုကြံကြံ့ခံနိုင်ပြီး စိမ်းလန်းစိုပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဘုံမူ၀ါဒကို ဖော်ဆောင်တဲ့နေရာမှာ Gardening ကို extra curriculum အနေနဲ့ ကျောင်းတွေမှာ ကျောင်းသားတွေကို သင်ကြားပေးတာက အရမ်းအရေးပါလှတယ်။ သင်ကြားရင်းနဲ့ ကျောင်းသားတွေကလည်း organic food ကိုမြတ်နိုးတန်ဖိုးထားခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းရမည်ဆိုတဲ့ value ကိုသိရှိလာပါမည်။ ထို့အတူ org-to-org၊ school-to-school၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မူတွေလည်း လိုအပ်လာပါတယ်။ ဥပမာ__ကျောင်းသားတွေရဲ့ organic food တွေကို ၀ယ်ယူရောင်းချပေးတဲ့ super market တွေလည်းရှိရပါမယ်။ တပြိုင်တည်းမှာပဲ့ local people တွေအနေနဲ့လည်း organic food ရဲ့ ကျန်းမာရေးအတွက် အရေးပါပုံကို သိရှိနားလည်ထားရမည်။

ဘိုကာရှီပုံးဖြည့်နည်း Step One ဗီဒီယို
https://fb.watch/avLVl8QL9n/

ဘိုကာရှီ ပုံးသွန်နည်း Step Two ဗီဒီယို
https://fb.watch/avM1FUdO0z/

ဘိုကာရှီပုံးဖြည့်နည်း Step One ဗီဒီယို နောက်တခု
https://fb.watch/avM8i3x9YH/

Bokashi ပုံးဖြည့်နည်း Step One for Recyglo
https://fb.watch/avMgbgOhmB/

ဘိုကာရှီပုံးသွန်နည်း Step two နောက်တစ်ခု၊ ဒီနည်းက စိုက်ဘောင်မှာ တိုက်ရိုက်သုံးနည်းပါ။
https://fb.watch/avMlJvKYy_/

Leaf Cage လုပ်နည်း ဗီဒီယို
https://fb.watch/avMrSa-J4L/

How to Bokashi by a customer...ဝယ်သူမိတ်ဆွေတဦးလုပ်ပေးထားတဲ့ ဘိုကာရှီဗီဒီယို
https://fb.watch/avMwGpBaSk/

Leaf Cage Compost harvesting
https://fb.watch/avMJW35wnN/

Leaf Cage Compost harveating နောက်တစ်ခု
https://fb.watch/avMM-Qq5yv/

How to make a leaf Cage Compost pile
https://fb.watch/avMTh88Q49/

The Food Waste Man
https://fb.watch/avMYnRPtuP/

Why Food Waste ( Media )
https://fb.watch/avM-2xf_5k/

Why Bokashi ( Media)
https://fb.watch/avN9ILN-5D/

Compost Pile / stack ​မြေဆွေးကန်
https://fb.watch/avNdSKjow-/

How to fill your bucket with the food waste for the bokashi process
https://fb.watch/avNv-ieUvE/

https://www.facebook.com/1981938075404632/posts/2735291590069273/

အကယ်၍ စိတ်၀င်စားတဲ့ ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသား၊ အရပ်သူအရပ်သားတို့အတွက် တကယ်လက်တွေ့သင်ပေးပြီး လိုအပ်တဲ့ပုံးတွေ ကို အခကြေးငွေမယူပဲ့ထောက်ပံ့ပေးတဲ့ Bokashi Myanmar နဲ့ ချိတ်ဆက်ပေးပါ့မည်။🙆
#သစ်ရွက်ကြွေမြေဆွေးပြုလုပ်ခြင်း

Photos from MawTaung Monastic High School's post 22/05/2022

🍀ကိုယ်ပိုင်ဥယျာဥ်လေးတခုဖန်တီးပြီး organic food တွေကို ထုတ်လုပ်ပြီး ကမ္ဘာကြီးကိုကယ်တင်ချင်တဲ့ သားသားမီးမီးတို့အတွက်_Bokashi မြေဆွေး🍀🤗
🌿What_Is_Bokashi?🌿

🍂Bokashi...ဆိုတာ နေ့စဉ်မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေကနေအကောင်းဆုံး အကြွယ်ဝဆုံးသဘာဝမြေဩဇာပြုလုပ်တဲ့နည်းပါပဲ။
လယ်ယာစိုက်ပျိုးရေးစတာတွေမှာသုံးတဲ့အခြား Bokashi နည်းလမ်းတွေလည်းရှိသေးတာမို့အလွန်ကျယ်ပြန့်တဲ့ဘာသာရပ်တစ်ခုလည်းဖြစ်ပါတယ်။
ဘယ်လိုပဲကွဲပြားခြားနားကြပါစေ..EM microbes,ရယ်၊ကစော်ဖောက်တာရယ်၊ပြီးတော့သဘာဝဖြစ်စွန့်ပစ်ပစ္စည်းတွေရယ်ကတော့အဓိကပါဝင်ရမယ့်အရာတွေဖြစ်ပါတယ်။
ကျွန်တော်တို့အဓိကထားလုပ်ဆောင်မယ့်အရာကတော့...အိမ်တွေ..စားသောက်ဆိုင်တွေ..ဈေးတွေကနေထွက်လာမယ့်အစားသောက်ချက်ပြုတ်ရာကကျန်နေမယ့်လက်ကျန်တွေ..food wastes..နဲ့..ဓာတုပစ္စည်းသုံးစွဲမထားတဲ့သဘာဝမြေဆီထွက်စွန့်ပစ်စ္စည်းတွေပဲဖြစ်ပါတယ်။ဒီလိုသဘာဝဖြစ်စွန်ပစ်ပစ္စည်းတွေကို လေလုံတဲ့ပုံးတွေ၊စည်ပိုင်းစတာတွေမှာ..EM Bokashi bran..လို့ခေါ်တဲ့..ဘိုကာရှီဖွဲနုတမျိုးနဲ့အချိုးကျရောစပ်ပြီးထည့်ထားလိုက်ရင်နှစ်ပတ်လောက်အတွင်းမှာအချဉ်ပေါက်လာတတ်ပါတယ်။အနံသက်ဆိုးနဲ့ရောဂါပိုးမွှားပြဿနာတွေလည်းမရှိတာကြောင့်၊မိမိဆန္ဒရှိရင်အိမ်ထဲ၊ခြံထဲမှာပင်ဘိုကာရှီကိစ္စကိုဆောင်ရွက်နိုင်ပါတယ်။ဘိုကာရှီနည်းနဲ့ပြုလုပ်ထားတဲ့ပုံးထဲကပစ္စည်းတွေကိုအပင်စိုက်မယ့်မြေမှာကျင်းတူးပြီးထည့်တာပဲဖြစ်ဖြစ်၊ပန်းအိုးတွေထဲမြေဆီနဲ့ရောထည့်တာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။သူကအခံမြေနဲ့ရောပြီးကြွယ်ဝဆုံးမြေဆီမြေဩဇာဖြစ်လျင်လျင်မြန်မြန်ပေါင်းစပ်ပျော်ဝင်သွားမှာပါ။ပန်းမလ်စိုက်ပျိုးဖို့အတွက်ပဲဖြစ်၊နောင်တချိန်သားသမီးမြေးမြစ်တွေအတွက်အဆီအနှစ်ပြည့်ဝတဲ့မြေဆီလွှာအမွေနှစ်ချန်ထားပေးဖို့အတွက်ပဲဖြစ်ဖြစ်ဘိုကာရှီဟာအကောင်းဆုံး၊ပတ်ဝန်းကျင်နဲ့လိုက်လျောမှုအရှိဆုံးသဘာဝနည်းလမ်းပဲဖြစ်ပါတယ်။

?

ဒီနေ့ကမ္ဘာမှာ ကြုံနေရတဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက တကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ သက်ရှိအားလုံးရဲ့ ပြဿနာကြီး ၂ ခု ရှိပါတယ်။
လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပမာဏ အရမ်းများလာလို့ အပူစုပ်ယူအားအရမ်းများလာပြီး၊ ရာသီဥတုပုံသဏ္ဍာန်တွေး အကြီးအကျယ် ဖောက်ပြန်ပြောင်းလဲလာခြင်းပါ။
နောက်တစ်ခုကကျတော့ အစားအစာ ၉၅ ရာခိုင်နှုန်းဝန်းကျင်ရဲ့ မူလပင်မ မြေဆီလွှာအရည်အသွေး အကြီးအကျယ် လျော့နည်းပျက်သုဉ်းလာခြင်းပါ။
ဒီလို ပြဿနာကြီး နှစ်ရပ်အတွက် အဖြေက အရမ်းရိုးရှင်းစွာနဲ့ တည်ရှိနေတာပါ။ ရိုးရှင်းလွန်းလို့ လူတွေက မျက်စိမှားကျော်သွားကြတဲ့အထိပါပဲ။
မြေဆီလွှာကနေ ထွက်ရှိလာသမျှ၊ စိုက်ပျိုးထုတ်လုပ်ပေးလိုက်သမျှကို လူအပါအဝင်သက်ရှိတွေ မစားသုံး မလိုအပ်တော့တဲ့အခါ အမှိုက်နာမည်တပ်ပြီး အဆင်ပြေသလိုမစွန့်ပစ်ဘဲ၊ သူ့ရဲမူလ ဘူတ မြေဆီလွှာထဲပြန်ထည့်ပေးရမှာပါ။ ဒါမှသာ သဘာဝရဲ့ လုပ်ငန်းစဉ် မကျိုးမပေါက် မပျက်သုဉ်းဘဲ အစီစဉ်တကျ လည်ပတ်နိုင်မှာမို့ပါ။Climate Change ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုတာ လေထုထဲ အရမ်းပမာဏ များပြားလွန်းလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ကြောင့်ပါ။ ဒါတွေမှာလဲ အဓိက အကျဆုံး၊ ပမာဏအများဆုံးက ကာဗွန်ပါ။ လေထုထဲမှာ ကာဗွန်ကို ထပ် မလိုအပ်တော့ပါဘူး။မြေဆီလွှာမှာ အာဟာရတန်ဖိုးနဲ့ အဆီအနှစ် လျော့နည်းလာတယ်ဆိုတာ Soil Carbon မြေဆီလွှာကာဗွန်ဓာတ် လျော့နည်းလာတာကိုပြောတာ။ မြေကြီးမှာ ကာဗွန်ဓာတ်အမြောက်အများ လိုအပ်နေတာ။ဒါဆို ကိုယ်တို့အသုံးမလိုတော့တဲ့ စွန့်ပစ်ပစ္စည်း တွေကို ပုပ်သိုးပျက်ဆီးပြီး လေထုထဲကာဗွန်များအဖြစ် လွင့်ပျံတက်သွားစေမယ့်အစား၊ မလိုအပ်တဲ့နေရာ ထပ်ရောက်စေမယ့်အစား စနစ်တကျ မြေဆီမြေဆွေးပြုလုပ်ပြီး တကယ်ကာဗွန်ဓာတ်လိုအပ်နေတဲ့ မြေကြီးကို အစာကျွေးပေးရင်း ပြဿနာနှစ်ရပ်ကို ရိုးရှင်းတဲ့ ဖြေရှင်းနည်းတစ်ခုထဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပါတယ်။
ဒါကြောင့် ဘိုကာရှီက အရေးကြီးနေတာပါ။အရေးပါနေတာပါတယ်။ (Crd: Bakashi Myanmar)

WHAT IS BOKASHI?
Bokashi is a great way of making rich, living soil out of everyday food waste. There are other types of bokashi used in other applications such as agriculture, it’s a broad concept. But it always involves EM microbes, fermentation and organic material.
Our focus here in this community is on food and organic waste from households, restaurants and markets.
When this type of organic material is layered with EM bokashi bran in an airtight bucket or barrel it ferments in a couple of weeks. There are no issues with smell or hygiene and you can do this indoors if you wish.
The fermented material is then dug down straight into the ground or a planting container where it is rapidly transformed into soil.
Ideal for planting, or for later use as a humus-rich organic fertilizer.

WHY IS BOKASHI SO IMPORTANT?
We have two types of ”trash” in the world, organic and non-organic, and in Myanmar these are typically mixed and sent to landfill. Clearly, all non-organic materials such as plastics, metals, paper, glass etc should be collected and recycled, but currently there is no clear solution for organic waste. Anything that has come from the soil should be returned to the soil if the equation is going to hold, and bokashi is a good way of making that happen.
In Yangon, the soil is typically sandy and low in nutrients; often it has been badly treated with chemicals. The way to build a good soil for agriculture, urban or otherwise, is to increase the carbon content (humus), and this is done by adding organic matter. Cow manure, agricultural waste, or food waste, it doesn’t matter, but in urban environments the thing we have best access to is food waste so it makes sense to use this now that we have a smart way of doing it. If we can build fertile soil on street corners, in villages, on balconies and on urban farms, we have come one big step closer to creating a greener environment and improving food security for the future.
Bokashi is also important from another perspective. Any form of organic material, left to rot, will create carbon gases (methane and carbon dioxide). These gases are emitted whether the organic waste is on a landfill or in a traditional compost pile. As much as 50% of the carbon in the organic material is lost this way to the atmosphere. Bokashi works in another way which means that nearly all the carbon is converted to soil carbon (where it is needed) and not to atmospheric carbon (where it is definitely not needed).
/Jenny

29/01/2021

Hello students,
You are my hope, and I am your hope.
You are my dreams, and I am your gardener to nurture you, students.
I will always be kind and compassionate to students.
I will be one of the teachers who take the risk for the sake of students😊

Photos from MawTaung Monastic High School's post 03/10/2019

Management=အုပ်ချု ပ်ရေးပညာကို
........ စဉ်းစားကြည့်ခြင်း။
=====================
အပိုင်း=၃၅ ။
=====================
သင်သည်
လူတို့အား၊
အမှန်တရားထက်၊
ပို၍ရိုသေလေးစားရန်။
မသင့်ပါ။

You should not
honor men more
than truth.
Aristotle.

စိတ်ရှည်
သည်းခံမှုသည်
ခါးသီးလှ၏။
သို့သော်
အကျိုးရလာဘ်သည်၊
ချို မြိန်လှပေသည်။

Patience is bitter
but its fruit is sweet.
Aristotle.

ကြီးကြပ်ရေးမှူးများ၏အရည်အချင်းကောင်းများ။
=========================
1.Knowledge of the work.
အလုပ်သဘောကိုတတ်ကျွမ်း
နားလည်ခြင်း။

ကြီးကြပ်ရေးမှူးသည်၊
နည်းဥပဒေ၊
သတ်မှတ်ချက်၊
စည်းကမ်း
စံစနစ်၊
နောက်ခံသဘောတရား၊
လုပ်ငန်းအနုစိတ်ပညာရပ်၊
စသည်များကိုအလွယ်တကူသုံးယူနိုင်သော
အစွမ်းရှိရမည်။

မိမိကိုယ်ကိုတိုးတက်အောင်လုပ်နိုင်သည်။
======================
တိုးတက်လိုစိတ်ရှိလျင်၊
၁။အတွေ့အကြုံ ၊ဗဟုသုတများကို
မှတ်သားလေ့လာပြီး၊အလေ့အကျင့်
လုပ်ခြင်း။
၂။စာအုပ်၊စာပေ၊မှတ်တမ်းများကို၊
ဖတ်ခြင်း၊မှတ်ခြင်း၊လေ့လာခြင်း၊
သုတေသနလုပ်ခြင်း၊ဖြင့်လေ့ကျင့်
သင်ယူနိုင်သည်။
2.Personality and force of Character.
ရုပ်လက္ခဏာ၊စိတ်လက္ခဏာ၊ကြန်အင်္ဂါနှင့်
သရုပ်ဖော်နိုင်စွမ်း။
=================+==+==
၁။စိတ်ဓာတ်ကောင်းခြင်း၊
၂။မိမိတတ်မြောက်သော၊အသ်ပညာ၊အတတ်ပညာ
အပေါ်မာန်မာနမခံခြင်း။
၃။ရွှင်လန်းတက်ကြွနေခြင်း။
၎။ဆက်ဆံမှုပြေပြစ်ခြင်း။
၅။ဘက်မလိုက်၊မျတစွာတွေးတတ်ခြင်း။
၆။သတိကောင်းခြင်း၊
၇။တည်ငြိမ်ခြင်း။
၈။အလုပ်သို့အစောအလျင်ရောက်တတ်ခြင်း၊
၉။တာဝန်ကိုရိုသေခြင်း။
၁၀။အချင်းချင်းငဲ့ညာထောက်ထားခြင်း။
၁၁။အပေါင်းအသင်းဆန့်ခြင်း။
၁၂။ဂတိတိမ်းညွတ်မှုမရှိဘဲ၊
မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ဆုံးဖြတ်နိုင်ရမည်။
၁၃။ဆုံးဖြတ်ချက်ကို၊တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ၊
ယုံကြည်စွာဆုံးဖြတ်နိုင်ရမည်။
၁၄။အမှုတစ်ခုကိုခိုင်မာစွာ၊တင်ပြနိုင်ရမည်။
၁၅။ဝေဖန်မှု၊ယှဉ်ပြိုင်မှု၊နှင့်ရင်ဆိုင်၍
မိမိ၏ယူဆချက်ကို၊လက်လျော့လွယ်ခြင်းမရှိ၊
ထိန်းသိမ်းနိုင်ရမည်။
၁၆။တယူသန်ခြင်းကိုရှောင်ရှားပြီး၊
လူကြီးများ၏၊လမ်းညွန်ချက်ကိုအထူးဂရုပြု
နိုင်ရမည်။

3.Judgement.
ပိုင်းခြားဝေဖန်ချင့်ချိန်ခြင်း။
=================
၁။အချက်အလက်များအပေါ်အခြေခံ၍
ခိုင်မာသောအဖြေထုတ်ယူနိုင်ရမည်။
၂။ပိုင်းခြားသိမြင်တတ်သောအရည်အချင်းရှိရမည်။
၃။မျတစွာတွေးသောစိတ်ထားရှိရမည်။
၎။အကြပအတည်းနှင့်ကြုံတွေ့ရသောအခါ
ကောင်းကျိုး၊ဆိုးကျိုးကိုအပြန်အလှန်၊
သုံးသပ်လျက်ဖြေရှင်းနိုင်ရမည်။
၅။ငယ်သားတို့၏အရည်အချင်းကို၊
ထိုးဖောက်မြင်နိုင်ရမည်၊လိုအပ်သလို
နေရာပေးနိုင်ရမည်၊
၆။အမှုထမ်းများကိုအုပ်ချု ပ်ရာတွင်၊
အလွန်စေ့စပ်သေချာသောဖြောင့်မှန်မှု
လိုအပ်၍လေ့ကျင့်သင်ယူနိုင်ရမည်။

ဆက်ပါဦးမည်၊
=======
ကောင်းမွန်စွာ
စတင်ခြင်းသည်
ထက်ဝက်ပြီးစီးခြင်း
ဖြစ်သည်။

ကျွနုပ်၏အိမ်သည်
သေးငယ်ပါ၏
သို့သော်
မိတ်ဆွေများအတွက်
လုံလောက်သည်။

နိုးထလော.မြန်မာ

Photos from MawTaung Monastic High School's post 02/10/2019

Personnel Management.
-----------------------------
လူနှင့်ဆိုင်ရာ၊စီမံခန့်ခွဲမှုပညာကို
စဉ်းစားကြည့်ခြင်း။
=================
Try to become a man of success.
Rather become a man of value.

အောင်မြင်သူတစ်ယောက်ဖြစ်လာအောင်
ကြိုးစားပါ။
တန်ဘိုးရှိသောလူတစ်ယောက်ဖြစ်လာ
စေရန်လည်းကြိုးစားပါ။

There is no such thing in yourone's
life as an unimportant day.

မည်သူ၏ဘဝတွင်မှ၊
အရေးမကြီးသောနေ့တစ်နေ့ဟူ၍၊
မရှိပါ။
Woollcott.

အလုပ်မခန်မီ၊စီစဉ်ခြင်း။
=============
စီမံခန့်ခွဲမှုစနစ်ကို၊လုပ်သားမစုဆောင်းမီကပင်
ကြိုတင်စီစဉ်ထားရမည်။

မိမိလုပ်ငန်းကိုအပြန်ပြန်အလှန်လှန်၊
စစ်ဆေးသုံးသပ်ထားရမည်။

မိမိလုပ်ငန်းတွင်၊ဝင်ရောက်၊လုပ်ကိုင်ရန်၊
မည်သို့သောလူမျိုးကိုလိုအပ်သည်ကို၊
စိစစ်ထားရမည်။

အလုပ်လျောက်ထားသူများကို၊
လူချင်းတွေ့ဆုံစစ်ဆေးရမည်။

လုပ်သား၏၊အရည်အချင်း၊ကျွမ်းကျင်မှုကို၊
စစ်ဆေးနိုင်ရမည်။

လူ၏ဥပဓိရုပ်၊အရည်အသွေး၊
ကျွမ်းကျင်မှု၊အပြောအဆို၊
ဖျတ်လတ်သွက်လက်မှု၊
ဗဟုသုတကြွယ်ဝမှု၊
နောက်ခံ၊လူမူရေး၊ဘာသာရေး၊နိုင်ငံရေး၊
ဝါသနာများကို၊အကဲခတ်စစ်ဆေးထားနိုင်
ရမည်။

အလုပ်နှင့်ကိုက်ညီမည့်သူများကို
သေချာစွာ၊ရွေးချယ်ခန့်ထားနိုင်ရမည်။

လူသစ်များကို၊အလုပ်ခွင်၌၊အဆင်ပြေစေရန်၊
စီမံဖန်တီးထားနိုင်ရမည်။

လူမှုဆက်ဆံရေး၊တိုးတက်ကောင်းမွန်စေရန်၊
စီမံဖန်တီးပေးနိုင်ရမည်။

လုပ်သားတို့၏၊
လူမှုရေး၊စီးပွားရေး၊
နိုင်ငံရေး၊ဘာသာရေး၊ယဉ်ကျေးမှု၊
အတွေးအခေါ်များတိုးတက်စေရန်လည်း၊
ဖန်တီးပေးနိုင်ရမည်။

လုပ်ငန်းဆိုင်အတတ်ပညာများ
တိုးတက်စေရန်၊သင်တန်းများပေးနိုင်ရမည်။

စိတ်ဓာတ်၊ခိုင်မာ၊ကြံ့ခိုင်ရေးကိုလည်း
လေ့ကျင့်ပေးရန်၊သင်တန်းပေးခြင်း၊
ညွန်ကြားခြင်း၊ဆွေးနွေးခြင်း၊
လုပ်နိုင်ရမည်။

လုပ်ငန်းအောင်မြင်အောင်၊ဆောင်ရွက်ကြရာ၌၊
မလိုပ်လားအပ်သော
အခြေအနေများကို
ဖယ်ထုတ်ရှင်းလင်းနိုင်ရမည်။

လိုလားအပ်သောအခြေအနေများ၊
တိုးတက်ပွားများအောင်၊
အထောက်အကူပြု
အခြေအနေများကို၊
တိုးတက်အောင်၊
ဆောင်ရွက်ခြင်း၊ပြုစုပျို.းထောင်ခြင်း၊
လုပ်နိုင်ရမည်ဖြစ်သည်။

လုပ်သားဘက်၊
စီမံခန့်ခွဲသူဘက်၊
မကျေနပ်၊မပြေလည်မှုများ၊ပေါ်ကြမည်ဖြစ်၍၊
သင့်တင့်သော
စည်းမျဉ်းစည်းကမ်း၊
မူဝါဒများချမှတ်၊လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။

အလွန်ထူးခြား
ကောင်းမွန်သည့်၊ရှာဖွေတွေ့ရှိမှုနှင့်၊
တိုးတက်မှုများ၌၊
လူပေါင်းများစွာ၏၊
ပူးပေါင်းဆောင်ရွက်မှု၊
အမြဲတမ်းပါဝင်သည်။

Great discoveries and improvements
invariably involve the cooperation of
many minds.
Grahma Bell.

နိုးထလော မြန်မာ

Photos from MawTaung Monastic High School's post 30/09/2019

Personnel Management.
-------------------------------
လူနှင့်ဆိုင်ရာ၊စီမံခန့်ခွဲမှုပညာကို
စဉ်းစားကြည့်ခြင်း၊
=================
အပိုင်း= ၇ ။
=================
လူတိုင်း၊ဒေါသဖြစ်လာနိုင်သည်။
ထိုအရာသည်၊
လွယ်ကူ၏။
သို့ရာတွင်၊
ဒေါသဖြစ်ရန်။
မှန်ကန်သောပုဂ္ဂိုလ်ကို၊
မှန်ကန်သော၊
အတိုင်းအတာအထိ၊
မှန်ကန်သောအချိန်၌၊
မှန်ကန်သော၊
ဦးတည်ချက်အတွက်၊
မှန်ကန်သောနည်းလမ်းဖြင့်၊
ဒေါသဖြစ်ရန်မှာ။
လူတိုင်းမစွမ်းဆောင်နိုင်သလို။
လွယ်လည်းမလွယ်ကူပါ။

Anybody can become angry -
that is easy, but to be angry with
the right person and to the right
degree and at the right time and
for the right purpose and in the
right way- that is not within everybody's
power and is not easy.
Aristotle.

လုပ်ငန်းခွင်အတွင်းမှလူ၏ကဏ္ဍ။
==================
လူနှင့်ဆိုင်ရာ
စီမံခန့်ခွဲမှုပညာသည်။
လုပ်ငန်းခွင်တွင်
ထိရောက်၍၊
အသိပညာ၊အတတ်ပညာ၊ကျွမ်းကျင်မှု၊
ပြည့်ဝသော၊လုပ်သားတို့၏၊
ကျေနပ်မှုကိုရယူကာ၊
လုပ်ငန်းခွင်၊
သာယာရေးနှင့်၊ကုန်ထုတ်လုပ်မှု
တိုးတက်ရေးတို့၌၊
အထောက်အကူပြု စေသော၊
ပညာရပ်ဖြစ်သည်။

လုပ်ငန်းခွင်သာယာရေး၊
ဖန်တီးရာ၌၊
လုပ်ငန်းခွင်အတွင်း၊ရှိလုပ်သားများကို၊
လုပ်ငန်းဆောင်ရွက်
အလုပ်လုပ်ပုံများကို၊
လေ့လာစဉ်းစားကြရန်
လိုအပ်သည်။

ခံစားများပါလာတတ်။
============
လုပ်သားတို့သည်၊
အလုပ်ခွင်သို့၊လာရောက်၊
အလုပ်လုပ်ကြရာ၌၊
မိမိ၏၊
ခံစားချက်များ။
ယူဆချက်များ။
ရည်မှန်းချက်များ။
ခံယူချက်များ။
စသည်တို့ကို၊
အလုပ်ခွင်သို့၊ယူဆောင်လာတတ်ကြသည်။

ထို့အကြောင်းများကြောင့်၊
ကာယ၊ဥာဏ၊နှင့်
စီမံခန့်ခွဲရေးအလွှာများရှိ၊
လုပ်သားများ၏
လုပ်ငန်းခွင်၊လုံခြုံ ရေး။
လုပ်သားအချင်းချင်းဆက်ဆံရေး။
မိမိတို့၏ရာထူးအဆင့်အတန်း၊
ကိုယ်ရေးကိုယ်တာ
မိသားစုပြဿ နာများ၊
စသည်တို့သည်
လုပ်ငန်းခွင်တွင်၊ဂယက်ရိုက်၊တတ်သည်။

လုပ်သားများ
ကိုယ်ရေးကိုယ်တာ၊
ပြဿ နာများ၊ပြေလည်မှုမရှိကြပါက၊
လုပ်ငန်းခွင်တွင်၊
အလုပ်စွမ်းအားကို၊လာရောက်ထိခိုက်စေလေသည်။

အိမ်ထောင်ရေး၊
စီးပွားရေးနှင့်၊အခြားလူမှုရေးကိစ္စများ၊
ပြေလည်သော၊လုပ်သားများသာ၊
စိတ်ချမ်းသာကျေနပ်မှုရသဖြင့်
အလုပ်ကို
ပျော်ရွှင်လေးနက်စွာအလုပ်လုပ်ကြပြီး။
လုပ်အားကို
အပြည့်အဝပေးနိုင်ပေလိမ့်မည်။

သတိထားစရာ။
========
လူတို့သည်၊
အလုပ်ခွင်အတွင်း၊
အချင်းချင်းပေါင်းသင်းဆက်ဆံကြရာ၌၊
လုပ်ငန်းသဘောအရ၊
လုပ်သားများအနေဖြင့်လည်းကောင်း၊

လူမှုရေးနှင့်စိတ်နေစိတ်ထားများအရ၊
လူသားများအနေဖြင့်လည်းကောင်း။
ပေါင်းသင်းဆက်ဆံကြသည်။

ယင်းသို့
ပေါင်းသင်းဆက်ဆံကြရာ၌၊
မိမိ၏
စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်များ။
လူမှုရေး၊အခြေအနေများ။
ဘာသာရေးအခြေများ။
လူမျိုးရေးအခြေအနေများ။
နိုင်ငံရေး၊ခံယူချက်များ၊
စသည်တို့ကိုပါ၊
ထည့်သွင်းဆက်ဆံတတ်ကြသည်ကို၊
စီမံခန့်ခွဲသူ
သတိထား၊သိထားရမည်ဖြစ်သည်။

အသိပညာ
ခေါင်းပါးမှု၊ပညာမဲ့မှုသည်။
မကောင်းမှုတိုင်း၏၊
အရင်းအမြစ်ဖြစ်သည်။

Ignorance, the root and
stem of every evil.
Aristotle.

နိုးထလော မြန်မာ။

Photos from MawTaung Monastic High School's post 29/09/2019

စာသားတစ်ခုရရှိခြင်း။
============
စာရေးသူတော့မသိ
=============
ပြန်လည်မျဝေခြင်းသာ။
============
ကျောင်းသားတွေဟာ
ဆရာဖြစ်လာတဲ့
တစ်နေ့ကျရင်။
သင်ကြားပေးခဲ့တဲ့
ဆရာတွေကို
ပြန်ပြီးကျေးဇူးဆပ်ဖို့က၊
အဓိက
မဟုတ်ပါဘူး။
အခုမှ
ကျောင်းသားဖြစ်လာတဲ့၊
သူတွေကို၊
ကိုယ့်ဆရာတွေက၊
ကိုယ့်ကို၊သင်ခဲ့သလို၊
ပြန်သင်ပေးပြီး၊
ကျေးဇူးဆပ်ရမှာဖြစ်ပါတယ်။
ဒါမှ
ဆရာတွေ၊သင်ပေးခဲ့တဲ့ပညာနဲ့။
လူသားတွေကို၊
အကျိုးပြု ၊အကျိုးရှိစေမှာ
ဖြစ်ပါတယ်။
ဆရာတွေရဲ့၊ သင်ကြားမှုနဲ့၊
သင်ပေးခဲ့တဲ့၊ပညာတွေဟာ၊
ကိုယ်တွေတင်မက၊
လူသားတွေအတွက်၊ အစဉ်အဆက်
တိုးပွားပြီး။
အကျိုးပြု နေကြမှာ၊
ဖြစ်ပါတယ်။
ဒါဟာ၊
ပညာရေးအတွက်၊တစ်ခုတည်းမဟုတ်ပါဘူး။
ကျန်းမာရေး၊
လူမှုရေး၊
ဘာသာရေး၊
စီးပွားရေး၊
အားလုံးနဲ့သက်ဆိုင်နေပါတယ်။
အကူအညီ၊ လိုအပ်တဲ့၊ သူတွေနဲ့။
ကူညီနိုင်သူတွေရဲ့၊
လုပ်ဆောင်မဲ့ဝတ္တရားဘဲ။
မိုးလင်းကတည်းက၊
မျက်စိနှစ်လုံးပွင့်လို့၊
အိမ်ကထွက်လာရင်၊
လူများ၊ဖန်တီး၊တည်ဆောက်ထားရစ်တဲ့၊
အရာတွေနဲ့ဘဲ၊ထိတွေ့နေရတာပါ။
ဒီလိုဘဲ၊
အများအတွက်၊ ယှဉ်တွဲပြီး။
မစဉ်းစားရင်၊
ကိုယ့်အတွက်လဲ၊
ဘယ်သူကစဉ်းစားမှာလဲ။

(အမည်မသိစာဆို)။

ကျွနုပ်မုန်းတီးသည့်
တစ်စုံတရာ၌
အောင်မြင်သူတစ်ဦးဖြစ်ရသည်ထက်၊
ကျွနုပ်၊ချစ်မြတ်နိုးသည့်၊
တစ်စုံတစ်ရာ၌၊
ရှုံးနိမ့်သူတစ်ဦး၊
ဖြစ်လိုက်ချင်သည်။
I'd rather be a failure at something
I love than a success at something
I hate.
Burns.
နိုးထလော မြန်မာ

Photos from MawTaung Monastic High School's post 29/09/2019

Management=အုပ်ချု ပ်ရေးပညာကို
စဉ်းစားကြည့်ခြင်း။
=====================
အပိုင်း=၃၃ ။
==-===================
အားလုံးအပေါ်
ယဉ်ကျေးပျူ.ငှါပါ။
သို့သော်
လုအနည်းငယ်နှင့်သာ
ရင်းနှီးကျွမ်းဝင်ပါ။
ထိုလူအနည်းငယ်ကို
သင်
ယုံကြည်စိတ်ချမှုမဖြစ်ခင်၊
ကောင်းစွာ၊ စမ်းသပ်ကြည့်ပါ။
(ဂျော့ဝါရှင်တန်)။

အချိန်က
အရာရာပြောင်းလဲစေတယ်လို့
လူတွေက၊
အမြဲပြောကြတယ်၊
သို့သော်
တစ်ကယ်တော့၊
သင်ကိုယ်တိုင်ကပဲ၊
ထိုအရာတွေကို
ပြောင်းလဲပစ်ရမှာပါ။

They always time changes
things but you actually have to
change them yourself.
(Warhol).

အုပ်ချု ပ်ရေးမှူးလောင်းလျာကို
စိတ္တဗေဒအရ
စမ်းသပ်အကဲဖြတ်သင့်သည်။

၁။အလေ့စရိုက်။
၂။စိတ်ဝင်စားမှု။
၃။ကြန်အင်လက္ခဏာ။
၎။စိတ်ညွတ်ခြင်း။
၅။တည်ငြိမ်မှု။
၆။ခေါင်းဆောင်မှု။

အောက်ပါအရည်အချင်းကိုလည်းသိသင့်သည်။
=========================
၁။လေးနက်စွာစဉ်းစားတတ်ရမည်။
၂။အမြင်မှန်ဖြင့်ကြည့်တတ်ခြင်း။
၃။အလေ့အကျက်ကို၊ဆုံးဖြတ်ရာတွင်
အသုံးပြုတတ်ခြင်း။
၎။ပြဿ နာကိုခိုင်မာစွာဖြေရှင်းတတ်ခြင်း။
၅။နည်းလမ်းသစ်များကိုရှာဖွေ၊
ဆောင်ရွက်တတ်ခြင်း။
၆။အကြံဥာဏ်များကို၊ထိထိမိမိပေးတတ်ခြင်း။
၇။လူမှုသဘောနားလည်ခြင်း။
၈။အဓိပ္ပါယ်ရှိသော၊လုံလပြုတတ်ခြင်း။
၉။အုပ်ချူ ပ်မှုပညာရပ်ကိုသင်ပေးပါ။
၁၀။အလုပ်ခွင်တွင်သင်ကြားပေးပါ။
၁၁။အလုပ်စခန်းပြောင်း၍သင်ကြားပေးပါ။
၁၂။အထူးတာဝန်ဝတ္တရားများထမ်းရွက်စေပါ။
၁၃။အစည်းအဝေး၊ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေး
ခွင့်ပေးပါ။
၁၄။အမှုများကိုလေ့လာစေပါ။

ပိုကောင်းသည့်အရာဆီသို့
သွားဖို့၊အတွက်၊
ကောင်းသည့်အရာကို၊
စွန့်လွတ်ရန်၊
မကြောက်ပါနှင့်။
Don't be afraid to give up
the good to go for the great.
(Rockefeller).
နိုးထလော မြန်မာ

Photos from MawTaung Monastic High School's post 29/09/2019

Persinnel Management.
------------------------------
လူနှင့်ဆိုင်ရာ၊စီမံခန့်ခွဲမှုပညာကို
စဉ်းစားကြည့်ခြင်း။
==================
အပိုင်း=၆ ။
======--=-----=-======
ကောင်းသော
အကြံဥာဏ်ပေးသူသည်။
လက်တစ်ဖက်ဖြင့်၊
တည်ဆောက်သည်။

ကောင်းသောအကြံဥာဏ်နှင့်
နမူနာပေးသောသူသည်၊
လက်နှစ်ဖက်ဖြင့်
တည်ဆောက်သည်။

သို့သော်
ကောင်းသောသတိပေးစကားနှင့်
ဆိုးသောနမူနာ
ပေးသောသူသည်၊
လက်တစ်ဖြင့်
တည်ဆောက်ပြီး၊
ကျန်လက်တစ်ဖြင့်
ဖျက်ချပစ်သည်။

(ဘေကွန်)။

Poverty is the mother of crime.
ဆင်းရဲ
မွဲတေမှုသည်၊
ရာဇဝတ်မှု၏၊
မိခင်ဖြစ်သည်။
(Aurelius).

နီးစပ်ရာအုပ်စုဖွဲ့ကြခြင်း။
=============
ဝန်ထမ်းများသည်
မိမိတာဝန်ထမ်းဆောင်ရာ
ဌာနကိုပို၍
သံယောဇဉ်ရှိတတ်သည်။

လူမျိုးခြားသည်၊
သူနှင့်ဘာသာတူများကို
ပို၍သံယောဇဉ်ရှိသည်။

ဘာသာအတူအကျိုးကို
ပို၍လိုလားသည်။

တိုင်းရင်းသားများသည်၊
မိမိမျိုးနွယ်များကို
ပို၍သံယောဇဉ်ရှိသည်။
မိမိအကျိုးထက်
အများအကျိုးကိုလိုလားစိတ်
နည်းတတ်ကြသည်။

ရပ်ရွာတို့တွင်
မိမိကိုးကွယ်ရာကျောင်းကိုသာ
သံယောဇဉ်ရှိသည်၊
သို့သော်
မိမိအကျိုးထိခိုက်လာသည်ဟု
ယုံကြည်ခံစားရသော်
ပတ်ဝန်းကျင်ကို
အကျိုးမဲ့အောင်လုပ်တတ်သည်။

နိုင်ငံသားသည်
ပညာမဲ့သောအခါ
မိမိအကျိုးပိုရှိသည်ဟု
အထင်ရောက်သော၊ငွေကြေးကိုရသောအခါ၊
တိုင်းပြည်နှင့်လူမျို.း
ပျက်စီးအောင်လုပ်တတ်သည်။

မိသားစုအချင်းချင်းသည်၊
အမွေဟုခေါ်သော
ငွေကြေး၊မြေယာ၊တိုက်တာ၊
အဆောက်အဦး၊
ပိုင်ဆိုင်မှု၊ရပိုင်ခွင့်၊ယူကြသောအခါ၊
တစ်ဦးနှင့်တစ်ဦး
တိုက်ခိုက်ဖျက်ဆီးတတ်ကြသည်။

အလုပ်အကိုင်
ရာထူး
နေရာ၊
အာဏာ၊
ကြားတို့မှာလည်း
ရပိုင်ခွင့်၊
လုပ်ပိုင်ခွင်များကြောင့်
တစ်ဦးနှင့်တစ်ဦး
တိုက်ခိုက်ဖျက်ဆီးကြသည်။

နိုင်ငံအတွင့်
လူမျိုးခြားများသည်၊
ရပိုင်ခွင့်၊လုပ်ပိုင့်၊
အာဏာ၊
ပစ္စည်းဥစ္စာ၊
ဘာသာ၊
လူမျိုးလွမ်းမိုးချယ်လှယ်လိုသောအခါ
ဘာသာတူနိုင်ငံများ၏အင်အား
အာဏာယူကာ
တိုင်းပြည်အစိုးရအာဏာကို
တိုက်ခိုက်ဖျက်ဆီးလာတတ်သည်။

သဏ္ဍာန်မဲ့အုပ်စုများ။
===========
ဝါသနာတူ
အကျင့်တူ
ခင်မင်ရာအချင်းချင်း
ပေါင်းဖွဲ့စည်းအုပ်စုဖွဲ့ကြသည်ကိုလည်း
စီမံခန့်ခွဲသူ
သတိထားကြရမည်ဖြစ်သည်။

ကြည့်တတ်လျင်မြင်သည်။
==============
ထိုအရာများကို
ကြည့်တတ်မြင်တတ်ရန်စီမံခန့်ခွဲသူ
မြင်ရန်အရေးကြီးလေသည်။

ထိုသူ၏
နောက်ခံ၊
ပတ်ဝန်းကျင်အခြေအနေ။
ထိုသူ၏
အဆက်အသွယ်များ
တုန့်ပြန်နိုင်သောအခြေအနေ။
ရိုက်ခတ်ပျက်စီးလာနိုင်သော
အခင်းအကျင်း။
အနီးကပ်အခဲခပ်
သတင်းအချက်အလက်
ရယူနိုင်ရမည်ဖြစ်သည်။

လုပ်ငန်းအဖွဲ့အစည်း။
===========
လုပ်ငန့်းအဖွဲ့အစည်းသည်
အုပ်စုငယ်များ
စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

စုပေါင်းဖွဲ့စည်းခြင်းဖြင့်
လူ့အဆောက်အအုံဖြစ်လာသည်။

လူတစ်ဦးချင်း၊
လူ့အုပ်စုများ၊
လုပ်ငန်းဆိုင်ရာအုပ်စုများပါဝင်ကာ၊
မူဝါဒ
စည်းမျဉ်းစည်းကမ်း။
ဥပဒေပိုင်း၊
အပြန်အလှန်ထိန်းညှိမှု၊
ရည်ရွယ်ချက်ပန်းတိုင်၊
အောင်မြင်မှုသို့
သွားကြရမည်ဖြစ်သည်။

အရှိန်အဝါဩဇာ
==========
လူတစ်ဦးချင်းနှင်အဖွဲ့အစည်း
အုပ်စုများသည်၊
လူ့အဆောက်အအုံနာမည်။
အရှိန်အဝါ။
ဩဇာ။
အဟန့်အတား။
အားအင်သည်။
ပိုအစွမ်းထက်တတ်ကြောင်း
စီမံခန့်ခွဲသူသိရမည်ဖြစ်သည်။

အကောင်းဆုံးလုပ်ဆောင်ချက်။
အတွက်
စီမံခန့်ခွဲသူမြင်နိုင်ရမည်ဖြစ်သည်။

ရေထဲကို
တိုးဖြတ်သွားသော
လူသည်
ရေအကြောင်းကို
အကောင်းဆုံးသိသည်။
(ဒိန်းမတ်စကားပုံ)။

နိုးထလော မြန်မာ

Photos from MawTaung Monastic High School's post 23/09/2019

Personnel Management.
------------------------------
လူနှင့်ဆိုင်ရာ၊စီမံခန့်ခွဲမှုဆိုင်ရာကို
စဉ်းစားကြည့်ခြင်း။
==================
အပိုင်း= ၅ ။
==================
အလွန်ကောင်းမွန်သောအတွေးကို၊
ပြုစုပျိုးထောင်ပါ ။

အဘယ့်ကြောင့်ဆိုသော်၊
သင်သည်။
ဘယ်တော့မှ၊
သင်၏အတွေးတို့ထက်၊
ပိုပြီး၊ မြင့်မြင့်မားမား၊
သွားနိုင်လိမ့်မည်၊
မဟုတ်သောကြောင့်ဖြစ်သည်။

Nurture great thougts for you will
never go higher than your thoughts.
(Benjaman Disraeli).

ခေါင်းဆောင်တစ်ဦး၏CAPACITY.
==================
1.Perception. သိမြင်၊ခံယူမှုမှန်ကန်ခြင်း။
2.Attitude.သဘောထားဖြောင့်မတ်ခြင်း။
3.Personality.ကိုယ်ရည်ကိုသွေး၊ပင်ကိုယ်စရိုက်၊
.. ....... . ကောင်းခြင်း။
ခေါင်းဆောင်သည်။
Privaten Self Perception. မိမိကိုယ်ကိုယ်ပြန်လည်
သုံးသပ်နေမှုရှိခြင်း။
Public Self Perception.မိမိအပေါ်လူတော်လူကောင်း
ပညာရှင်များက၊မည်သို့ရှူမြင်
နေကြသနည်း။

Attitude.သည်အရေးကြီးအရည်အချင်းဖြစ်သည်။
လူများစွာအတွက်၊အလုပ်လုပ်ပေးနေရခြင်း၊
မိမိအမှားပြု ခဲ့လျင်၊များစွာသောသူတို့၊အကျိုး
စီးပွားဆုံးရှူံးရမည်ကိုသိခြင်း။
ခေါင်းဆောင်သည်။
အများအကျိုးဆောင်ရွက်ရန်၊လူအများက၊စုပေါင်း၊တာဝန်၊
ပေးထားခြင်းသာဖြစ်သည်။

Personality.ပင်ကိုယ်စရိုက်၊ကိုယ်ရည်ကိုယ်သွေးမှာ
အရေးကြီးလေသည်။
အချက်ငါးချက်ရှိသည်။
1.Extroversion.စိတ်ကူးထက်၊လက်တွေ့လုပ်ကိုင်တတ်
ခြင်း။
2.Emotional Stability.ခံစားမှုတည်ငြိမ်ခြင်း။
3.Agreeableness.သဘောတူညီလုပ်ကိုင်ရန်အသင့်ရှိ
နေခြင်း၊
4.Conscientiousness.အမှားအမှန်ခွဲခြမ်းစိတ်ဖြာသိသည့်
စိတ်ခွန်အားကောင်းခြင်း။
5.Openness to experiences.အတွေးအကြံ၊အတွေ့အကြုံ
အတွက်လက်ခံရန်၊ဖွင့်ထား
စိတ်ဓာတ်ကောင်းရှိခြင်း။
အမြင်ကွဲ၊အသွင်လွဲသဘာဝ၊
===============
လူသည်
တူညီသည့်အချက်များရှိသကဲ့သိုံ့
တစ်ဦးချင်းအခြေအနေများအရ
ကွဲပြားခြားနားမှုရှိသည်။

ခံစားမှုတူညီနိုင်သည်။
ခန္ဓာဖွဲ့စည်းပုံ၊
ပညာရေးရရှိမှုအခြေအနေ။
စီးပွားရေး၊လူမှုရေး၊အခြေအနေများကြောင့်
တမူကွဲပြားခြားနားသည်နှင့်အမျ၊
ပြဿ နာရပ်များအပေါ်
အမြင်ခြင်း၊
တုန့်ပြန်မှုခြင်းမတူညီနိုင်ပေ။
လူသားတို့၏
တွေးခေါ်ယူဆချက်များ
ခံယူချက်များ၊မတူညီသည်ကို
စီမံခန့်ခွဲသူ၊နားလည်ထားရမည်ဖြစ်သည်။

လုတစ်ဦးစီ၏
ပုံရိပ်များကိုသိထားရလိမ့်မည်။
ကျောင်းမှပြောသောပုံရိပ်။
မိဘပြောသောပုံရိပ်၊
ပတ်ဝန်းကျင်မှပြောသောပုံရိပ်၊
တစ်ဦးချင်စစ်ဆေးသောပုံရိပ်၊
ဆက်ဆံရေးပုံရိပ်များကို
အထူးသတိထား၊ထည့်စဉ်းစားရမည်ဖြစ်သည်။
စီမံခန့်ခွဲသူသည်
ထင်တတ်
မြင်တတ်၊ဆင်ခြင်တတ်။
သိတတ်၊နားလည်တတ်၊
သဘောပေါက်ထားရန်လိုလေသည်။

ကိုယ့်အလိုမကျတိုင်း
အမှန်ဟုမယူဆ၊မဆုံးဖြတ်သင့်။
ကိုယ်သည်
ဘက်လိုက်တတ်ကြောင်း
သတိထားသင့်သည်။
မှန်ကန်သောအောင်မြင်မှုနှင့်
မိမိပတ်ဝန်းကျင်
တိုးတက်ပါစေ။

နိုးလော.မြန်မာ

Want your school to be the top-listed School/college in Myeik?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address

Pyin Ngee Village, Maw Taung Street
Myeik
14051