GOEC Private School-GOECကိုယ်ပိုင်မူလတန်းကျောင်း

  • Home
  • Myanmar
  • Myawadi
  • GOEC Private School-GOECကိုယ်ပိုင်မူလတန်းကျောင်း

GOEC Private School-GOECကိုယ်ပိုင်မူလတန်းကျောင်း Fair Price With Better Services

✨" ကရင်နှစ်သစ်ကူးနေ့ "✨ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားများသ...
19/12/2025

✨" ကရင်နှစ်သစ်ကူးနေ့ "✨

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားများသာမက မြန်မာပြည်သူ ပြည်သားအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေကြောင်း GOEC မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင်။ 🤎😍

Another calm morning at GOEC private school, spending a few quiet minutes together at assembly. 🤎✨🌸
13/12/2025

Another calm morning at GOEC private school, spending a few quiet minutes together at assembly. 🤎✨🌸

21/11/2025

Happy World Children’s Day. 🌎✨

ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် Nursery, Preschool မှသားသားမီးမီးများနှင့် Private School မှ KG, Grade 1 မှ Grade 5 အတန်းထိ မောင်မယ် သားငယ်သမီးငယ်များ စုပေါင်းပြီး We Are The World, We Are The Children သီချင်းကို ချစ်စရာ အားမာန်အပြည့်နှင့် ဖျော်ဖြေခဲ့ကြတဲ့ အမှတ်တရ မှတ်တမ်းလေးကို အားလုံးကို မျှဝေလိုက်ပါတယ်ရှင့်။😍

GOEC Private School ၏ 2025–2026 ပညာသင်နှစ်ဘာသာရပ်စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းတွင်းလှုပ်ရှားမှု (Talent Show) ကိုအောင်မ...
20/11/2025

GOEC Private School ၏ 2025–2026 ပညာသင်နှစ်
ဘာသာရပ်စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းတွင်းလှုပ်ရှားမှု (Talent Show) ကို
အောင်မြင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်ရှင်။ ❤️✨

စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်ပေးခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူများရဲ့ ကိုယ်စီကိုယ်စီ တစ်ဦးချင်းစီတိုင်းရဲ့ ပင်ကိုယ် စွမ်းရည်ပြသမှုများကို
ကျောင်းမှ လွန်စွာပင် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🤎

Talent Show မှာ အတန်းအလိုက် ဆုရရှိခဲ့တဲ့ ကျောင်းသား/သူများနှင့်တကွ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူ အားလုံးကိုလည်းGOEC မှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်အပ်ပါတယ်ရှင်။ 🌸✨

ကလေးတွေရဲ့ အားမာန်နဲ့ တက်ကြွမှုတွေနဲ့အတူ ပျော်ရွှင်ခြင်း သံစဥ်လေးတွေနှင့် ပြည့်နက်နေတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပြီး မိဘ၊ ဆရာဆရာမ တွေရဲ့ ပံ့ပိုးကူညီမှုနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အမှတ်တရနေ့လေး တစ်နေ့ ဖြစ်ခဲ့ပါသည်ရှင်။ 😍

GOEC Private School မှ KG တန်းမှသားသားမီးမီးတို့က(၁၀၅)နှစ်မြောက် "အမျိုးသား အောင်ပွဲနေ့" အထိမ်းအမှတ် အတွက် ပန်းချီဆေးရော...
15/11/2025

GOEC Private School မှ KG တန်းမှသားသားမီးမီးတို့က
(၁၀၅)နှစ်မြောက် "အမျိုးသား အောင်ပွဲနေ့" အထိမ်းအမှတ် အတွက် ပန်းချီဆေးရောင်ခြယ်ခြင်း အနုပညာ လေးတွေ ပြုလုပ်ခဲ့ပါတယ်ရှင့်။ 🎨🇲🇲✨

“🪔သာမညဖလအခါတော်နေ့🪔”🙏တန်ဆောင်မုန်းလပြည့်နေ့🙏🪔✨ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားအ...
04/11/2025

“🪔သာမညဖလအခါတော်နေ့🪔”
🙏တန်ဆောင်မုန်းလပြည့်နေ့🙏

🪔✨ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး၊ ၇ ရက်သားသမီးများ အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်းကာ ကျန်းမာချမ်းသာ စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒများပြည့်စုံပြီး ပျော်ရွှင်ဖွယ် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေး ဖြစ်ပါစေကြောင်း GOEC မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏

🪔 Happy Diwali 🪔 ယနေ့ ကျရောက်သော ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ  "ဒီပါဝါလီ" ဆီမီးထွန်းပူဇော်ပွဲတော် အချိန်အခါသမယမှာ ...
20/10/2025

🪔 Happy Diwali 🪔

ယနေ့ ကျရောက်သော ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ "ဒီပါဝါလီ" ဆီမီးထွန်းပူဇော်ပွဲတော် အချိန်အခါသမယမှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ အားလုံး အေးချမ်းသာယာကာ ဆီမီးအလင်းသဖွယ် အောင်မြင်မှုပန်းတိုင်တွေ ပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်ဖွယ်ရာ Diwali 🪔 နေ့လေး ဖြစ်ပါစေကြောင်း GOEC မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🤎✨


😘 အပြုံးဖြင့်ဖန်တီးနေကြတဲ့အနုပညာရှင်လေးများ 🎨ပန်းချီသင်ခန်းစာအတွင်းမှာ ကျောင်းသူကျောင်းသားလေးတွေဆီက ပေါ်ထွက်လာတဲ့ စိတ်ကူ...
14/10/2025

😘 အပြုံးဖြင့်ဖန်တီးနေကြတဲ့အနုပညာရှင်လေးများ 🎨

ပန်းချီသင်ခန်းစာအတွင်းမှာ ကျောင်းသူကျောင်းသားလေးတွေဆီက ပေါ်ထွက်လာတဲ့ စိတ်ကူးလှလှလေးတွေနဲ့ အနုပညာလက်ရာလေးတွေကို ပေါင်းစပ်ကာ ဖြစ်ပေါ်လာတဲ့ ပန်းချီလက်ရာ လှလှလေးတွေကို ဝေမျှလိုက်ပါတယ်ရှင့်။ 💫🌸

07/10/2025

ကျောင်းသီတင်းကျွတ်ပွဲတော် 🌸– ဆရာဆရာမများအား အာစရိယပူဇော်ပွဲနှင့် ဖျော်ဖြေပွဲပုံရိပ်များ။🌼

🌸ကျောင်းသီတင်းကျွတ်ပွဲတော်အခါတွင်🤎

GOEC Private School မှ ကျောင်းသားကျောင်းသူများက ဆရာဆရာမများအား အာစရိယပူဇော်ပွဲနှင့် ကျောင်းသားကျောင်းသူများ၏ မေတ္တာ၊ လေးစားမှုတို့နှင့်အတူ ဖျော်ဖြေပွဲများပြုလုပ်ကာ ပျော်ရွှင်မှုတွေပြည့်နှက်နေခဲ့တဲ့ အမှတ်တရပွဲတော်လှလှလေးတစ်ခု ဖြစ်ခဲ့ပါသည်။ 💛💫✨

🪔🙏သီတင်းကျွတ်ဆုတောင်း🙏🪔✨ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြ၍ ...
06/10/2025

🪔🙏သီတင်းကျွတ်ဆုတောင်း🙏🪔

✨ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေ။💫

✨စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း GOEC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။✨ 🙏

🌍✨ Happy World Teachers’ Day👩‍🏫👨‍🏫✨🌍ဆရာ/ဆရာမများသည် ကျောင်းသား/ကျောင်းသူတိုင်းအတွက် အလင်းပေးသူ၊ ဦးဆောင်လမ်းပြသူ၊ အမြင့်...
05/10/2025

🌍✨ Happy World Teachers’ Day👩‍🏫👨‍🏫✨🌍

ဆရာ/ဆရာမများသည် ကျောင်းသား/ကျောင်းသူတိုင်းအတွက် အလင်းပေးသူ၊ ဦးဆောင်လမ်းပြသူ၊ အမြင့်ရောက်အောင် ပံ့ပိုး အားပေးသူတွေပဲဖြစ်ပါတယ်ရှင်။💫

ဆရာ/ဆရာမများရဲ့ သင်ကြားပြသပို့ချမှုတွေကြောင့် ကျောင်းသားကျောင်းသူတို့ ဘဝ ပိုမိုကောင်းမွန်လာစေပြီး အိပ်မက်တွေကို အောင်မြင်အောင် ယုံကြည်မှုရှိစွာဖြင့် လျှောက်လှမ်းနိုင်ခြင်းများအတွက် ဆရာ/ဆရာမ များကို World Teachers' Day မှာ ကျေးဇူးအထူးတင် ဂါရဝ ပြုအပ်ပါတယ်ရှင်။ 💛

ကျောင်းသီတင်းကျွတ်ပွဲတော်အခါ သားသားမီးမီးများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် သီတင်းကျွတ်ပွဲတော်နဲ့သက်ဆိုင်သော ပန်းချီလေးမ...
05/10/2025

ကျောင်းသီတင်းကျွတ်ပွဲတော်အခါ သားသားမီးမီးများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် သီတင်းကျွတ်ပွဲတော်နဲ့သက်ဆိုင်သော ပန်းချီလေးများနဲ့ မီးပုံးလေးများကို သားသားမီးမီးတို့ရဲ့ စိတ်ကူးကိုယ်စီဖြင့် သီတင်းကျွတ်ပွဲတော်ကို အလှဆင်ခဲ့ကြပါသည်။ 🤎✨🌸

Address

အမှတ်-၄/၀၃၀၅ ချစ်ကြည်ရေးလမ်း၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီမြို့၊ ကရင်ပြည်နယ်။
Myawadi
13051

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959755188805

Website

Alerts

Be the first to know and let us send you an email when GOEC Private School-GOECကိုယ်ပိုင်မူလတန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share