09/05/2026
အလင်းရှာသူနှင့် အမှောင်စောင့်ခွေးများ
+++++++++++++++++++++++++
ချီးတွင်းထဲက တက်လာသူကို....
"နံတယ်"လို့ ပြောမိတာဟာ....
"အောက်တန်းကျတာ"လား...???
"အမှန်တရား" လား....???
စာရေးဆရာရဲ့ ကလောင်ဟာ လူသတ်ဖို့မဟုတ်ဘဲ...
လူတွေရဲ့ သေနေတဲ့ စိတ်ဓာတ်တွေကို နှိုးဖို့ပဲ...
သမိုင်းတစ်လျှောက်လုံးမှာ....
စာရေးဆရာသတ်လို့ အလောင်းမထွက်ဖူးဘူး...
ဒါပေမယ့်....
စာရေးဆရာကိုသတ်ခဲ့တဲ့...
အာဏာရှင်အလောင်းတွေတော့
သမိုင်းအမှိုက်ပုံမှာ ပုံထပ်လို့....
ဆရာချစ်ဦးညိုကို "အဲဒီကောင်"လို့ ခေါ်တဲ့ပါးစပ်မှာ..
ဝိနည်းတွေ သုက်တွေလို အရည်ပျော်ကျနေပြီ...
မင်းကုမ္ပဏီကရတဲ့ "ငွေမိုး"တွေဟာ...
ပြည်သူ့မျက်ရည်တွေနဲ့ ဖွဲ့စည်းထားတာကို...
စာရေးဆရာက မီးမောင်းထိုးပြတော့...
"လက်ခုပ်သံ"လို့ခေါင်းစဉ်တပ်ပြီးမနာလိုဖြစ်ရသလား
ဝတ္ထုတစ်ပုဒ်ရဲ့ အနက်ကို မသိ...
စာပေဟောပြောပွဲရဲ့ စေတနာကို မမြင်...
မင်းကင်းမောင်မြင့်ရဲ့ အရှက်မရှိတဲ့ အဆိုပြုချက်နဲ့..
အာဏာသိမ်းတဲ့ညမှာတင်....
ဆရာမောင်သာချိုတို့၊ မသန်းမြင့်အောင်တို့ကို...
အရင်ဆုံး ဖမ်းဆီးခဲ့တာဟာ...
မင်းတို့"ကြောက်စိတ်"ရဲ့ အမြင့်ဆုံး သက်သေပါပဲ....
ဘုန်းကြီးကျောင်းဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး.
ကားတွေ၊ မြေတွေ....
ငွေတွေ ရေကန်အသင့် ကြာအသင့်...
နဝကမ္မ အလှူငွေကို....
ဈေးနှုန်းသတ်မှတ်တဲ့ ဓမ္မကထိကတွေကြား...
ငါတို့ စာရေးဆရာ ကဗျာဆရာတွေကတော့...
ငါးခြောက်တစ်ပြား... ဖျာတစ်ချပ်နဲ့...
နယ်စွန်နယ်ဖျားမှာ အသိပညာ မျိုးစေ့ချခဲ့ကြတာ...
သခင်ကိုယ်တော်မှိုင်းကနေ ဆရာတင်ညွန့်အထိ...
ထောင်နံရံတွေကြားမှာ မမှိတ်တဲ့ ကြယ်တွေ...
မင်းတို့လို ခရိုနီနဲ့ ဘောမဘုန်းကြီးတွေဟာ...
အာဏာရှင်ရဲ့ ....
ခြေသုတ်ပုဆိုးအဖြစ်နဲ့သာ ဂုဏ်ယူနေလိုက်ကြပါ...
အနံ့အသက်မကောင်းတာကို...
"မွှေးပါတယ်"လို့ ပြောခိုင်းနေတဲ့မင်းတို့ရဲ့ အဖြေဟာ..
မင်းတို့ရဲ့ "နိမ့်ကျတဲ့ အဆင့်အတန်း"ပဲ ဖြစ်လိမ့်မယ်..
#ရေပျော်ငါး