No 2-Basic Education High school , Dwin Gan Myaung Mya

No 2-Basic Education High school , Dwin Gan Myaung Mya Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from No 2-Basic Education High school , Dwin Gan Myaung Mya, High School, 1111, mmkt Road, Myaungmya.

Permanently closed.
27/12/2021

တပည့်အများချစ်ခင်ရိုသေလေးစားသော အထက၂ ကျောင်းအုပ်(အငြိမ်းစား) ဆရာ Saw Sullivan (၉၀)နှစ် ခရစ်တော်၌ အိပ်စက်သွားပါကြောင်း

ထ၂ ကျောင်းထွက် နောဖေါအယ်
05/11/2017

ထ၂ ကျောင်းထွက် နောဖေါအယ်

Follow our visiting Fellows from Cambodia, Laos, Myanmar, Thailand, and Vietnam as they share experiences during their professional exchange program in Montana.

23/06/2017
23/06/2017

#​ကျောင်းသားများသို့
မြောင်းမြမြို့နယ်၂၀၁၇ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်/ရှုံးအမှတ်စာရင်းများအားတစ်ဦးလျှင်ငွေ၄၀၀ကျပ်နှုန်းဖြင့်၂၄.၆.၂၀၁၇ စနေနေ နံနက်၈နာရီမှစတင်၍မြောင်းမြမြို့အ.ထ.က(၆)ငွေရတုဆောင်တွင်မြန်မာနိုင်ငံစာစစ်မှလာရောက်၍ထုတ်ပေးမည်ဖြစ်ကြောင်းကျောင်းသားအများစုသိရှိစေရန်အကြောင်းကြားအပ်ပါသည်
ကိုမြင့်​​ဝေ fb မှကူးယူ​ဖော်​ပြပါသည်​...

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ--------------အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ်...
19/06/2017

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ
--------------

အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ် ၁၀တန်း
အောင်တဲ့ သူတွေ ကိုယ်ကြိုက်တဲ့ တက္ကသိုလ် တက်လို့ ရပါပြီ ။
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့်
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ
ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍
ရွေးချယ်တက်ရောက်နိုင်မည့်
အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲ
ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်
ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင်
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌
ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊
ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်း
တက္ကသိုလ်ဝင်ခွင့်ရရှိရန်အခွင့်အလမ်းနည်းပါးစေသည့်
ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊
ကျောင်းသားလက်ခံမှုဦးရေလျှော့ချခြင်း စသည့်ပြဿ နာများကို
လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်ရာတွင်
အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ်
(CPR, comprehensive personal record)မှ လုပ်ငန်းေ
ဆာင်ရွက်ခဲ့မှုများကို ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက်သွား
မည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
‘‘အရင်တုန်းက ကလေးရဲ့ရမှတ်ကိုပဲကြည့်တဲ့ ပေတံတစ်ခု
တည်းကိုပဲ သုံးခဲ့တယ်။ အရင်တုန်းက အမှတ်ပေးစနစ်ကိုပဲ
ကျင့်သုံးခဲ့တယ်။ အမှတ်ကောင်းတဲ့လူဟာ သူတို့ရွေးချယ်ချင်တဲ့
တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ အမှတ်မကောင်းတဲ့လူက
ဝါသနာပါတာကို ရွေးချယ်လို့မရဘဲနဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ
္ပံ တက္ကသိုလ်တွေကိုပဲရွေးချယ်ရတယ်။
အခုလိုဖြစ်တော့ ကလေးတစ်ယောက်က
တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့
ကျန်တဲ့ဘက်စုံကို အလေးပေးပြီးတော့မှ ကလေးတစ်ယောက်ကို
ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာနဲ့ အကိုက်ညီဆုံးဆိုတာကို
ရွေးချယ်ခွင့်ရတာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ’’ဟု
နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ
ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစနစ်ကို
ပြောင်းလဲကျင့်သုံးပါက လက်ရှိဝန်ထမ်းအင်အားနှင့် အချိန်ကာလ
ပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ စုပြုံလျှောက်ထား
မည့် အခြေအနေကြောင့် အခြေခံအမှတ်သတ်မှတ်ချက်
ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက
သုံးသပ်ထားသည်။
‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ
ရွေးချယ်ပေးတာပါ။
ရှေ့နှစ်ကစပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို
ပြောင်းနိုင်ပါတယ်။ဖြစ်နိုင်တာက ဆေးတက္ကသိုလ်က
အင်္ဂလိပ်နဲ့ ဘိုင်အိုနဲ့ရွေးမယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊
သင်္ချာ၊ ရူပဗေဒသုံးဘာသာမှာ ဘယ်လောက်ရမယ်ဆိုရင်တော့
ဝင်ခွင့်ကို လျှောက်ထားခွင့်ပြုမယ်ဆိုတာမျိုးတော့
အကြမ်းဖျင်းစဉ်းစားထားတယ်။
ဆွေးနွေးပြီးတော့ ပြည်သူတွေကို တရားဝင်ကြေညာမှာပါ။
အနည်းဆုံး ၁၀ လလောက်စောပြီးတော့ ကျောင်းသားနဲ့
ကျောင်းသားမိဘကို ကြေညာပေးသွားမှာပါ’’ဟု ရန်ကုန်နည်းပညာ
တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။
နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသား
ပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က
အတည်ပြုလိုက်သည်။
အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများ၏
အရည်အချင်းနှင့် ဆန္ဒပေါ် အခြေခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော
တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသောကြောင့် လာမည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့်အညီ
လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။
‘‘သက်ဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်
ဘာသာရပ်အလိုက် ဖွံ့ဖြိုးမှုဖြစ်လာမယ်။ ကိုယ်ဝါသနာပါရာကို
လေ့လာနိုင်ခွင့်ရလာမယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့
ဝင်ခွင့်ဖြေရမယ်ဆိုရင် 2nd Chance
တစ်ခု သူ ရလာမယ်။ တချို့ဆိုရင် ဆေးပညာကို
ဝါသနာလည်းပါတယ် အရမ်းလည်းတော်တယ်။
ဒါပေမဲ့ ဆေးအမှတ်မမီဘူး။ ဝါသနာနဲ့ ဆန္ဒနဲ့ သွားပြီးတော့
ထပ်တူမကျတဲ့အခါမှာ ဘယ်မှာပြဿနာသွားတက်လည်းဆိုတော့
လူသားရင်းမြစ်ဆုံးရှုံးမှုတွေ အများကြီးကြုံရတယ်’’ဟု
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER)အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။
ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အသက်မွေးဝမ်းေ
ကျာင်းတက္ကသိုလ် ဝင်ခွင့်အမှတ်များမှာ အမြင့်ဆုံးဖြစ်ပြီး
ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် ထိပ်ဆုံးတွင်ရှိနေသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်မှာ
ကျား ၄၉၀၊ မ ၅၀၈ မှတ်နှင့် ဒုတိယ၊ ရေကြောင်းတက္က
သိုလ်ဝင်ခွင့်မှာ ကျား ၄၈၇၊ မ ၄၉၇ မှတ်နှင့် တတိယ
အမှတ်ကန့်သတ်ချက် အများဆုံးဖြစ်ခဲ့ပြီး
တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးလေးဘာသာနှင့်အထက်
ယရရှိခဲ့သည့် ကျောင်းသူ၊ကျောင်းသားများသာ
ဝင်ခွင့်ရရှိရန် အိပ်မက်မက်နိုင်ခဲ့သည်။
‘‘ဒါက ကောင်းသောပြောင်းလဲမှုတစ်ခုပါ။
ကျောင်းသားက ကိုယ်ဝါသနာပါရာ ရွေးချယ်ပြီး
တက်မယ်ဆိုရင်တော့
ကောင်းပါတယ်။ ဝင်ခွင့်စနစ်ကလည်း တက္ကသိုလ်တိုင်းက
ဝင်ခွင့်ခေါ်မယ်ဆိုရင်လည်း ကျောင်းသားတွေ၊ ကျောင်းသား
မိဘတွေမှာလည်း စစချင်းဆိုရင် ရှုပ်ထွေးတဲ့အနေအထား
မျိုးလည်း ရှိလာကောင်း ရှိလာနိုင်တယ်။ ခေါ်တဲ့ကြော်ငြာကို
မသိလိုက်တာမျိုး၊ ဝင်ခွင့်ဖြေတဲ့ရက် တိုက်နေတာမျိုးတွေ ဖြစ်နိုင်တယ်။
တော်တော်လေးကို အသေးစိတ်ညှိရမယ့်ကိစ္စတွေပါ’’ဟု
ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်
ကပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊
ကျောင်းသားများမှာ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို အများစုရွေးချယ်
တက်ရောက်ရသည့် အကြောင်းရင်းမှာ ပညာသင်နှစ်ပြီးဆုံး၍
အလုပ်ခွင်သို့ဝင်ရောက်ပါက အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အချိန်နီး
ကပ်လာပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်
ဝင်ခွင့်ဖြေဆိုရန် အနီးကပ်သင်တန်းများ၊ ကျူရှင်များနှင
မးခွန်းများ စသည်ဖြင့် အချိန်အခါကိုလိုက်၍
ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
‘‘ဝင်ခွင့်တွေမှာလည်း မကုန်ဆုံးနိုင်ေ
တာ့တဲ့ ကျူရှင်ပြဿ နာပါ။ ဝင်ခွင့်စာမေးပွဲသင်တန်းတို့ အဲဒီလိုဇာတ်
လမ်းတွေက အစပိုင်းမှာ ပေါ်လာနိုင်ဦးမှာပါ။ အဓိကပြင်ရမှာ
စာမေးပွဲစနစ်ကိုရော၊ ဝင်ခွင့်စနစ်ကိုရော တစ်ပြိုင်တည်းတွဲပြင်ရမှာ။
အခုထိက စာမေးပွဲစနစ်ကို တစ်လုံးမှ ပြောတာမတွေ့ရသေးဘူး’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်က ပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ်ကို အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများအား ကြိုတင်အသိ
ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသူ၊
ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များကို
မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူ၍
လျှောက်လွှာများကို ဩဂုတ် ၁၅ ရက်မှ
စက်တင်ဘာ ၅ ရက်အထိ အဆင့်မြင့်ပညာဦးစီးဌာန
(အောက်မြန်မာပြည်)တွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး
အမှတ်နှင့်ဆုံးဖြတ်၍ ဝင်ခွင့်လျှောက်ထားရသည့်စနစ်မှာ
ယခုနှစ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်လာနိုင်မည်ပာု ကိုဇော်မျိုးလှိုင်ထံမှကြားသိလိုက်ရပါသည်။

Credit to original writer

မန်မာ့ပညာရေးထူးခြားစွာ ပြောင်းလဲမြင့်မားလာခဲ့ပြီ…
31/05/2017

မန်မာ့ပညာရေး
ထူးခြားစွာ ပြောင်းလဲမြင့်မားလာခဲ့ပြီ…

19/08/2016

Harvard University Free Online Courses
ဟားဗတ်ယူနီက အခမဲ့အွန်လိုင်းသင်တန်းတွေပါ....ဘာသာရပ်လည်းစုံပါတယ်...Science သမားတွေတွက် Statistic နဲ့ပတ်သက်တဲ့အရေးပါတဲ့သင်တန်းပါပါတယ်...အခြား ဘာသာရပ်တွေလည်းပါတာမို့ သေချာဝင်ကြည့်ပြီး လေ့လာနိုင်ပါတယ်....

မျိုးစောင့်ဥပဒေကြောင့်ပါ။ ~~~~~~~~~~~~~~~~~~~~~~တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း ...
29/11/2015

မျိုးစောင့်ဥပဒေကြောင့်ပါ။
~~~~~~~~~~~~~~~~~~~~~~

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။

ပုဆိန်ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလည်း ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား

သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် အသက်မွေးရတာပါ အရှင်.. အသစ်လည်းမ၀ယ်နိုင်ပါဘူး... ဟုအမှန်အတိုင်းဖြေလိုက်တော့

မြစ်စောင့်နတ်လည်း
ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာကာ-

မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ် လည်းငွေပုဆိန်ကိုပြပြီး

မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး

ထိုအခါ မြစ်စောင့်နတ်လည်း သံပုဆိန်ကို ပြပြီး

မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသတည်း။

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏...

ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်ဟာ-ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "သင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....

မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး

ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး ..

"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်" ဟုပြောသော် သစ်ခုတ်သမားက

" ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ "သင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း "မိုးဟေကို" ကိုပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည်။

အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် မြန်မာနိုင်ငံသားဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် မိန်းမတစ်ယောက်ထက်ပိုယူလျင် မျိုးစောင့်ဥပဒေဖြင့် အရေးယူခံရပါတယ်။ ထိုကြောင့် ဘယ်လိုမှ မိန်းမသုံးယောက်ကို တပြိုင်နက်ယူခွင့် မရှိပါ။ ထိုကြောင့် "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ်။"

ထိုအခါ မြစ်စောင့်နတ်လည်း ကြောက်လန့်ပြီး ပျောက်ကွယ်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် မြစ်စောင့်နတ်တွင် ကြင်ယာတော်တစ်ပါးထက် ပိုရှိနေသောကြောင့်ဖြစ်ပါသည်။
➖➖➖➖➖➖➖➖

( Credit to : Original Writer &
Original Cartoonist )

စုစရာမလိုတော့ပါ ..... အဖြေ သုည
06/11/2015

စုစရာမလိုတော့ပါ ..... အဖြေ သုည

03/08/2015

#နီးစပ်သောလူငယ်မျာလည်းပါဝင်ကူညီပေးပါ

Address

1111, Mmkt Road
Myaungmya
46806

Website

Alerts

Be the first to know and let us send you an email when No 2-Basic Education High school , Dwin Gan Myaung Mya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to No 2-Basic Education High school , Dwin Gan Myaung Mya:

Shortcuts

Share

Category