24/06/2020
📖 Basic English Grammar Class📖
============================
(အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း)
📣 အင်္ဂလိပ်စာကို အမှန်တကယ် အခြေခံခိုင်ခိုင် စနစ်တကျ နဲ့ ခရေစေ့တွင်းကျတတ်မြောက်ချင်သူများအတွက် Basic English Grammar(B.E.G) Class များကို စတင်လက်ခံသင်ကြားပေးနေပါပြီ!!!📣
✨ အခြေခံပညာအတန်းများတွင် အဓိကအားဖြင့်
အင်္ဂလိပ်စာကို စနစ်တကျသင်ယူတတ်မြောက်လေ့လာချင်ပါတယ်ဆိုတဲ့ အထက်တန်းကျောင်းသားကျောင်းသူများ မလွတ်တမ်းတက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။
✨ အင်္ဂလိပ်စာဟာ စာတော်ခြင်းရဲ့ အဓိကသော့ချက်ပါ။ကျောင်းသားကျောင်းသူများအဖို့ အင်္ဂလိပ်စာကိုသာ အခြေခံကျကျ ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထားမယ်ဆိုရင် Englishတစ်ဘာသာတည်းသာမက အခြားသော Englishဘာသာနဲ့ ရေးသားပြုစုပြဋ္ဌာန်းထားတဲ့ သင်္ချာ/ဓာတု/ရူပ နဲ့ ဇီဝဘာသာရပ်တွေကို သင်ယူလေ့လာတဲ့အခါမှာပါ ပိုမိုလွယ်ကူပြီး ထိရောက်မှာဖြစ်ပါတယ်။
✨ ဒါကြောင့် ဘာသာရပ်တိုင်းမှာ ထူးချွန်ခြင်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ Englishကို အလွယ်မှတ်မိပြီး တကယ်တတ်သိစေမယ့် Teaching methods များနဲ့ အခြေခံကျကျ စနစ်တကျ သင်ကြားပေးမယ့်သင်တန်း၊ သင်ကြားရာမှာ မေးလိုသည်များ၊ မရှင်းလင်းသည်များကိုလည်း စိတ်ရှည်လက်ရှည် ခရေစေ့တွင်းကျ ရှင်းခနဲ လင်းခနဲ ဖြစ်သွားသည်အထိ သင်ကြားပြသဖြေဆိုပေးသွားမယ့် သင်တန်းဖြစ်တဲ့အတွက် အင်မတန်တက်သင့်တဲ့ သင်တန်းတစ်ခုပါပဲ။
✨ ဒီလိုဆိုတော့.....စာတော်ထူးချွန်ချင်တဲ့ ကျောင်းသားကျောင်းသူများ၊ ထို့ပြင် အခြေခံပညာပြီးဆုံးလို့ တက္ကသိုလ်များ တက်ရောက်သည်အထိရော၊ တက္ကသိုလ်တန်းများပြီးဆုံးလို့ ဘွဲ့ရ လုပ်ငန်းခွင်ဝင်သည် အထိပါ မိမိကို အလွန်တရာ အကျိုးပြုပြီး အများကြားမှာ နှာတစ်ဖျားသာစေမယ့် English Skill မျိုးကို ပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ ကျောင်းသားကျောင်းသူများ နဲ့ ကျောင်းသားမိဘများကို ကူညီပေးပါရစေလို့ ကျွန်တော်တို့ရဲ့ Basic English Grammar (B.E.G) Class ကနေဖိတ်ခေါ်လိုက်ပါတယ်။
သင်တန်းဖွင့်လှစ်သင်ကြားပေးမည့်နေရာများကတော့...
🏠 အိမ်အမှတ်(၅၁) ၊ ညိမ်းစာသင်စာဖတ်ဝိုင်း ၊ ဦးဘချိုလမ်းနှင့် (၁၁)လမ်းထောင့် ၊ ရှမ်းကုန်းပိုင်းမီးပွိုင့်အနီး ၊ မြောင်းမြမြို့ ။
🏠 မြောင်းမြမြို့ ၊ တောင်ခွဲကျေးရွာ ၊ အ.ထ.က (၂) ရေတွင်းရေကန် အကျော် ၊ ပြင်ရွာလမ်းခွဲအနီး ။
သင်တန်းအပ်နှံရန် စုံစမ်းမေးမြန်းလိုပါက....
☎ ဖုန်း - ၀၉၇၆၆၇၀၁၉၂၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်း၍ အပ်နှံနိုင်ပါတယ် ခင်ဗျာ.....။