TIDC-Learning Center

TIDC-Learning Center Tagarthit stand for the entrepreneur, giving new insights, training and knowledge.

https://www.facebook.com/share/p/18LZWTK8Ya/
06/05/2025

https://www.facebook.com/share/p/18LZWTK8Ya/

🔹The Five Financial IQs (ငွေကြေးဆိုင်ရာ ဉာဏ်ရည် ၅ ခု)
Increase Your Financial IQ စာအုပ်ထဲက အကြောင်းအရာတွေကို မှီငြမ်းပြီး လူတိုင်းသိထားသင့်တဲ့ Financial IQ ၅ ခု အကြောင်းကို အနည်းငယ် ပြန်လည် မျှဝေလိုက်ပါတယ်။
🔹Financial IQ ဆိုတာ Financial Intelligence ငွေကြေးစီမံခန့်ခွဲမှု ဉာဏ်ရည်ကို တိုင်းတာတဲ့ (Intelligence Quotient) ဉာဏ်ရည် ညွှန်းကိန်း ကိုဆိုလိုပါတယ်။ ကျွန်တော်တို့ ပုံမှန်ပြောနေကြ တွက်ချက်စဉ်းစားနိုင်မှု ဉာဏ်ရည် IQ မှာဆိုရင် IQ 120 ရှိတဲ့သူက IQ 100 ရှိတဲ့သူထက် တွက်ချက် စဉ်းစားနိုင်မှု ပိုသာနေမှာပါ။
🔹Financial IQ မှာဆိုရင်တော့ ယျေဘုယျ အားဖြင့်ပြောမယ်ဆိုရင်
လစဉ် ဝင်ငွေ ၁၀ သိန်းရတဲ့သူက ဝင်ငွေ ၇ သိန်း ရတဲ့ သူထက် Financial IQ ပိုမြင့်တယ်။
လစဉ် ဝင်ငွေ ၇ သိန်းရပြီး ၂ သိန်း စု နိုင်တဲ့ သူက၊ ဝင်ငွေ ၁၀ သိန်းရပြီး ၁ သိန်းပဲ စု နိုင်တဲ့သူထက် Financial IQ ပိုမြင့်တယ်။
လစဉ် ဝင်ငွေ ၇ သိန်းရ၊ ၁ သိန်း စု၊ ၁ သိန်းကို တိုးပွားအောင် လုပ်နိုင်တဲ့သူက၊ ၇ သိန်းရပြီး ၂ သိန်း စုနိုင်တဲ့သူထက် Financial IQ ပိုမြင့်တယ်လို့ ဆိုနိုင်ပါတယ်။
Financial IQ နဲ့ ပတ်သက်ပြီး IQ ၅ ခု ရှိတယ်။
🔹Financial IQ #1: Making more money (ဝင်ငွေ ပိုရှာနိုင်ခြင်း)
🔹Financial IQ #2: Protecting your money (ရှာထားတဲ့ ငွေကြေးကို ထိန်းသိမ်း ကာကွယ်နိုင်ခြင်း)
🔹Financial IQ #3: Budgeting your money (ငွေကြေးသုံးစွဲမှုကို စီမံ ခန့်ခွဲနိုင်ခြင်း)
🔹Financial IQ #4: Leveraging your money ( ငွေကြေးကို အဆပွားခြင်း)
🔹Financial IQ #5: Improving your financial information (ငွေကြေးဆိုင်ရာ သတင်းအချက်အလက်ကို တိုးတက်အောင် လုပ်နိုင်ခြင်း)
🔹Financial IQ #1: Making more money (ဝင်ငွေ ပိုရှာနိုင်ခြင်း)
ဒီ IQ က Financial IQ ၅ခု ထဲမှာ အရေးအကြီးဆုံးပါ။ ငွေရှာနိုင်တဲ့ Financial IQ ရှိမှသာ ကျန်တဲ့ ထိန်းသိမ်းဖို့တွေ၊ တိုးပွားဖို့တွေ ဆက်ပြီးလုပ်နိုင်မှာပါ။
“Most people want the money but not the process.”
လူတော်တော်များများက ငွေတော့ လိုချင်ကြတယ်၊ ဒါပေမယ့် ငွေရအောင် ကြိုးစား အားထုတ် ရတဲ့ ဖြစ်စဉ်ကို တော့ မလိုချင်ကြပါဘူး။
ဒါကြောင့်လည်း ၂ လုံး ၃ လုံး ထိုးတဲ့နေရာတွေ ၊ ထီ ထိုးတဲ့ နေရာတွေ မှာ လူတွေစည်ကား နေကြတာပေါ့။ လူတော်တော်များများ သတိမထားမိကြတာက ကြိုးစားအားထုတ်ယူတဲ့ Process (ဖြစ်စဉ်) ကသာ လူတွေကို ချမ်းသာ ကြွယ်ဝ စေတာ ဖြစ်ပြီး ၊ ငွေကြေးက ချမ်းသာစေတာ မဟုတ်ပါဘူး။
🔹ဒါကြောင့်လည်း ထီပေါက်တဲ့ လူတွေ ရဲ့ ၆၅ ရာခိုင်နှုန်းက နဂိုဒုံရင်း အတိုင်း ပြန်ဆင်းရဲသွားကြပါတယ်။ ထီပေါက် ချဲပေါက်ပြီး ချမ်းသာ ကြွယ်ဝ တဲ့ သူရယ်လို့ မရှိသလောက်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲလိုလူတွေဟာ ငွေရှာရတဲ့ ကြိုးစားအားထုတ်မှု Process ကို မဖြတ်ရဘဲ ငွေရလိုက်တဲ့အတွက် Financially smart ဖြစ်မလာပါဘူး။ ငွေကြေးစီမံခန့်ခွဲမှု ဉာဏ်ရည် မြင့်မလာပါဘူး။ ထီ ပေါက်သူတွေရဲ့ မဆင်းရဲဘဲ ကျန်တဲ့ ၃၅% ကလည်း ငွေကို မသုံးစွဲရက် ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ငွေရှာနိုင်တဲ့ စွမ်းရည် မရှိတဲ့အတွက် ဒီငွေတွေ ကုန်သွားရင် ဆိုတဲ့ အကြောက်တရား ကြီးနဲ့ ဘဝ ကို ဖြတ်သန်းကြရပါတယ်။
🔹ခန္ဓာကိုယ် ကြွက်သားတွေ သန်မာ ထွားကျိုင်းဖို့ သူတို့ ကို များများအသုံးချပြီး လေ့ကျင့်ခန်း လုပ်ဖို့လိုပါတယ်။ သင်္ချာဉာဏ်ရည် မြင့်မားဖို့ ၊ သင်္ချာပုစ္ဆာများများကို ဖြေရှင်းဖို့ လိုပါတယ်။ ငွေရှာနိုင်တဲ့ Financial IQ မြင့်မားဖို့ ကြိုးစားအားထုတ်တဲ့ Process တွေကို ဖြတ်ရပါမယ်။
🔹ရောဘတ်ကီယိုဆာကီ ရဲ့ Financial IQ စာအုပ်မှာတော့ သူ့ရဲ့ ငယ်စဉ်ဘဝကစပြီး ဝင်ငွေရှာ ခဲ့တဲ့ Process (ဖြစ်စဉ်) ကို ဥပမာပေးပြီး ဖော်ပြထားပါတယ်။ သူ့ရဲ့ဖြစ်စဉ်က မြန်မာပြည်က လူတွေ နဲ့ သိပ်မကိုက်တဲ့ အတွက် ကျွန်တော့် ရဲ့ ဝင်ငွေရှာခဲ့တဲ့ ဖြစ်စဉ်ကို သင်ခန်းစာယူနိုင်အောင် ဥပမာ အနေနဲ့ ဖော်ပြချင်ပါတယ်။
🔹ကျွန်တော်ငယ်စဉ်ကတည်းက ဆင်းရဲတဲ့ သံသရာကနေ လွတ်မြောက်ဖို့ ပညာ သာလျှင် အဓိကအားကိုးရာဖြစ်ကြောင်း ကျွန်တော့် အဒေါ်က အမြဲဆုံးမပါတယ်။ “ပညာ ဆိုတဲ့ လက် နဲ့ ခေါက်ရင် ဘယ်တံခါးမဆို ပွင့်တယ်” ဆိုတဲ့ အကြောင်းအရာတွေကို စာအုပ်တွေမှာ ဖတ်ခဲ့ဖူးပါတယ်။
🔹“ငွေကြေးခက်ခဲတဲ့ ပြဿနာ” ကို “ပညာ” ဆိုတဲ့ လက်နက်နဲ့ ဖြေရှင်းရင် ရမယ်ဆိုပြီး ငယ်စဉ်ကတည်းက ပညာကို ကြိုးစား သင်ယူခဲ့ပါတယ်။
🔹ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ အဆောင်က ဟောလ်ကျူတာ ဆရာ ဆီမှာ C Programming ကွန်ပျူတာ သင်တန်း တက်ဖြစ်ပါတယ်။ ဆရာက သူကျောင်းတက် နေရင်း မိတ္တူကူးစက် ၁ လုံး နဲ့ ကွန်ပျူတာ ၃ လုံး စုမိခဲ့တဲ့ အကြောင်း သိချင်ရင် သင်တန်းပြီးတဲ့အချိန် လာမေးနိုင်တဲ့အကြောင်းပြောပါတယ်။
🔹ကျွန်တော်ငယ်ငယ် ကတည်းက ဖတ်ခဲ့တဲ့ ဓန မဂ္ဂဇင်း စာအုပ်တွေထဲမှာ “ထူးထူးခြားခြား ငွေရှာသူများ” ဆိုတဲ့ ကဏ္ဍကို သဘောကျခဲ့ပါတယ်။ အခုလဲ ဒီဆရာ ငွေရှာတဲ့ နည်းကို စိတ်ဝင်စားလို့ ကျွန်တော် သွားမေးဖြစ်ပါတယ်။
🔹သူက ကျောင်းတက်နေရင်း GTI ကျောင်းတွေက ဘာသာရပ် တစ်ချို့အတွက် မေးခွန်း နဲ့ အဖြေတွေကို (အထူးထုတ်လိုမျိုး) ဖန်တီးပြီး A4 စာရွက်တွေ နဲ့ ထုတ်ပြီး ကျောင်းသားတွေကို ရောင်းပါတယ်။ တခြားမြို့က GTI ကျောင်းတွေကို လည်းရောင်းပါတယ်။
🔹အဲဒီက ရတဲ့ငွေနဲ့ မိတ္တူကူးစက် အဟောင်းတစ်လုံးကို ဝယ်ပါတယ်။ ကျောင်းမှာ သူ့မိတ္တူကူးစက်ပဲ ရှိတော့ တစ်ကျောင်းလုံးက ကျောင်းသားတွေက သူ့ဆီမှာ Copy ကူးကြပါတယ်။ မိတ္တူကူးရလွန်းလို့ သူတစ်ယောက်ထဲနဲ့တောင် မနိုင်တော့ပါဘူး။
မိတ္တူကူးစက်က ရတဲ့ဝင်ငွေနဲ့ ကွန်ပျူတာတွေ ဝယ်ပါတယ်။ ကွန်ပျူတာ ၃ လုံးလောက် ရလာတော့ ကွန်ပျူတာသင်တန်း ဖွင့်ပါတယ်။ ကျွန်တော်တို့ တတိယ နှစ်လောက်မှာပဲ အဲ့ဒီဆရာက စင်္ကာပူကို ထွက်သွားပါတယ်။ အခုတော့ အဲဒီဆရာက စင်္ကာပူမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နေပါပြီ။
🔹အခု ဒီဆရာလုပ်သွားတဲ့ ပုံစံက “အသိပညာ” ကိုပဲ ရင်းနှီးပြီး ငွေရှာသွားတာပါ။ တခြားသူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးရင်း သူက ဝင်ငွေရလာတာပါ။
ကျောင်းမှာ မိတ္တူကူးစက်မရှိလို့ မြို့ထဲမှာသွားပြီး မိတ္တူကူးနေရတဲ့ ကျောင်းသားတွေရဲ့ “Problem” (ပြဿနာ) ကို သူမြင်နေရပါတယ်။ သာမာန် လူတွေ တော်တော်များများက ပြဿနာကို စိတ်ညစ်စရာ၊ (Complain တက်စရာ) အပြစ်တင်စရာ အနေ နဲ့မြင်ကြပေမယ့် စီးပွားရေး အမြင်ရှိသူတွေက ပြဿနာ ဆိုတာ ဖြေရှင်းဖို့ Opportunities (အခွင့်အလမ်း) အနေနဲ့ မြင်ကြပါတယ်။ အဲဒီတော့ ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ Problem ကို ဖြေရှင်းဖို့ Solution (ဖြေရှင်းချက်) အနေနဲ့ မိတ္တူကူးစက် ထောင်ဖို့ Idea (စိတ်ကူး) ရပါတယ်။ အဲဒီမှာ သူ့ရဲ့ အခက်ခဲက သူ့မှာ မိတ္တူကူးစက် ဝယ်ဖို့ အရင်းအနှီးမရှိပါဘူး။
🔹“ငါ့မှာ အရင်းအနှီးမှ မရှိတာ” ဆိုပြီး သူ့စိတ်ကူးကို အလွယ်တကူ အလျှော့မပေးပါဘူး။ “ငွေကြေး အရင်းအနှီးမရှိရင် ဘာအရင်းအနှီးရှိမလဲ” စဉ်းစားလိုက်တော့ အသိပညာ အရင်းအနှီးပါ။ သူ့ရဲ့ အသိပညာကို ရင်းနှီးပြီး စက်မှုကျောင်းက လူတွေကို စာအုပ်တွေ ရောင်းလိုက်တော့ မိတ္တူကူးစက်အတွက် အရင်းအနှီးရသွားပါတယ်။ မိတ္တူကူးစက်က ရတဲ့ ဝင်ငွေတွေနဲ့ ကွန်ပျူတာတွေ ဝယ်ပြီး ကွန်ပျူတာ သင်တန်းလုပ်ဖြစ်ခဲ့ပါတယ်။”
🔹ဒါကြောင့် Alibaba (အလီဘာဘာ) တည်ထောင်သူ Jack Ma (ဂျက်မား) က “ပြဿနာတစ်ခု တွေ့ပြီဆိုရင် အပြစ်တင်ဝေဖန် နေမယ့်အစား၊ ဖြေရှင်းဖို့ ကြိုးစားလိုက်ပါ။ အဲဒီဖြေရှင်းချက်က အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
🔹အခု ဒီဆရာ လည်း ကျောင်းမှာ ကြုံတွေ့နေတဲ့ ပြဿနာကို ဖြေရှင်းရင်း လုပ်ငန်းတစ်ခု ဖြစ်လာခဲ့တာပါ။
🔹ငွေအရင်းအနှီးသိပ်မလိုဘဲ အသိပညာကိုပဲ အရင်းအနှီးလုပ်ပြီး ငွေရှာခဲ့တဲ့ Process ၊ သူ့ရဲ့ Financial IQ #1 က ကျွန်တော့်ကို Inspiration (အတုယူအားကျ) ဖြစ်စေပါတယ်။
🔹ကျွန်တော်လည်း ကျောင်းပြီးတော့ နည်းပညာတက္ကသိုလ် တစ်ခုမှာ အလုပ်လုပ်ရင်း ကွန်ပျူတာ သင်တန်း ဖွင့်ဖို့ Idea (စိတ်ကူး) ရခဲ့ပါတယ်။ လုံးဝအရင်းအနှီးမလိုဘဲ စလို့ရအောင် လိုက်ရှာတော့ မြိုတော်ခန်းမက e-Library မှာ ဘယ်သူမှ သိပ်မသုံးတဲ့ ကွန်ပျူတာ ၁၀ လုံးကို တွေ့ပါတယ်။ ခန်းမမှူးနဲ့ ညှိနှိုင်းပြီး ကွန်ပျူတာသင်တန်း ဖွင့်လိုက်တာ ငွေအနည်းငယ် စုမိလိုက်ပါတယ်။
🔹ဒါနဲ့ ကွန်ပျူတာသင်တန်း လုံးဝ မရှိသေးတဲ့ နယ်မြို့လေးမှာ ကွန်ပျူတာ သင်တန်းဖွင့်ဖို့ စီစဉ်ပါတယ်။ ကွန်ပျူတာ ၃ လုံးလောက် ရင်းနှီးဖို့ ငွေမလုံလောက်တော့ ရွာက မိဘတွေဆီမှာ ရှိတဲ့ ရွှေတွေကို ပေါင်ပြီး ရင်းနှီးငွေ ထည့်ပေးဖို့ တောင်းဆိုပါတယ်။ မိဘတွေကလည်း ကျောင်းပြီးခါစ လူငယ်တစ်ယောက် အပေါ်မှာ မယုံကြည်ရဲပါဘူး။
🔹ဒါနဲ့ သူတို့အကူအညီမပါဘဲ ကိုယ့်အစွမ်းအစ နဲ့ ရအောင်လုပ်ပြမယ်လို့ပြောခဲ့ပြီး ကွန်ပျူတာ အဟောင်းရောင်းတဲ့ မိတ်ဆွေဆီကနေ ကွန်ပျူတာ တစ်လုံးဝယ်ပါတယ်။ သူ့ဆီကနေပဲ နောက်ထပ် နှစ်လုံး ကို အကြွေးနဲ့ ဝယ်ပြီး၊ ၂၀၀၄ ခုနှစ်လောက်မှာ ကွန်ပျူတာ သင်တန်း ဖွင့်ဖြစ်လိုက်ပါတယ်။ သင်တန်းက မနက် ၇ နာရီကနေ ည ၁၁ နာရီ အထိ သင်တန်းသား အပြည့်နဲ့အောင်မြင်ခဲ့ပါတယ်။
🔹အဲဒါထက် ပိုကြီးတဲ့ရလာဒ်က မိဘတွေက ကျွန်တော့်ကို လုံးဝ ယုံသွားပြီး၊ ကျွန်တော် စင်္ကာပူသွားဖို့ လိုအပ်တဲ့ ငွေတွေအတွက် ရှိတဲ့ ရွှေတွေ ပေါင်ပြီး ပေးပါတော့တယ်။
🔹၂၀၀၅ ခုနှစ် ၊ ကျွန်တော့်အသက် (၂၄) နှစ် လောက် မှာ စင်္ကာပူစရောက်ပြီး ၊ လစာ ဒေါ်လာ ၁၅၀၀ နဲ့ ပထမဆုံးအလုပ်ကို စလုပ်ဖြစ်ပါတယ်။ ၄ လ အတွင်းမှာပဲ စင်္ကာပူသွားဖို့ ကုန်ခဲ့တာတွေအားလုံး ပြန်ကျေခဲ့ပါတယ်။ ၂ နှစ်လောက် ကြာတော့ ကျွန်တော့် မိဘတွေအတွက် နယ်မြို့လေးမှာ တိုက်ကလေး တစ်လုံး ဝယ်ပေးနိုင်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း စင်္ကာပူနိုင်ငံ Nanyang Technological University မှာ Master ဘွဲ့ ယူနိုင်ခဲ့ပါတယ်။
🔹ဒါတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ မဟုတ်သေးပေမယ့် ကျွန်တော့်ကို မွေးခဲ့တဲ့ အနေအထား နဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်ပြင်းပြင်းထန်ထန် တွန်းခဲ့ရတဲ့ အရွေ့ ဖြစ်ပါတယ်။ ငွေကြေးပမာဏ အနေနဲ့ ကြည့်ရင်တော့ ဘာမှ မဟုတ်သေးပေမယ့် ငွေရှာတဲ့ Process အနေနဲ့ ကြည့်ရင်တော့
Financial IQ #1 ကို တိုးတက်စေခဲ့ပါတယ်။
🔹 ကျွန်တော်တို့တွေရဲ့ ဘဝ ပြဿနာတွေ မှာ ပေးထားချက်တွေ မတူကြသလို ၊ ဖြေရှင်းရမယ့် နည်းလမ်းတွေလည်း မတူကြပါဘူး။
🔹လူတစ်ယောက်နဲ့ တစ်ယောက် အားသာချက် ၊ အားနည်းချက်တွေ ၊ ဝါသနာတွေ ၊ စိတ်ဝင်စားမှုတွေ ၊ လုပ်ဆောင်နိုင်စွမ်းတွေ မတူကြပါဘူး။ ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေ ၊ မတူညီတဲ့ ပန်းတိုင်တွေ ၊ ကြိုးစားအားထုတ် ယူရမယ့် Process တွေ အမျိုးမျိုးရှိကြပါတယ်။
🔹ကျွန်တော့်မှာ မရှိတဲ့ အရည်အချင်းတွေ လုပ်ဆောင်နိုင်စွမ်းတွေ မိတ်ဆွေမှာ ရှိနေနိုင်ပါတယ်။ Financial IQ #1 မြှင့်တင်ဖို့ ပထမဆုံး လုပ်ဆောင်ရမယ့် အချက်ကတော့ ဝင်ငွေများများ ရှာနိုင်ဖို့ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်နိုင်ဖို့ပါပဲ။
လက်ရှိရနေတဲ့ ဝင်ငွေကို တိုးပွားအောင် ရှာနိုင်ဖို့အတွက်
🔹“ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေအတွက်
“ငါ့ပတ်ဝန်းကျင်မှာ ဘာပြဿနာတွေ ရှိနေလဲ?” “ငါ ဘယ်လိုပြဿနာတွေကို ဖြေရှင်းနိုင်လဲ?” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးပြီး ပြန်ဖြေကြည့်ပါ။
အဲဒီ မေးခွန်းနှစ်ခုကို ဖြေနိုင်ပြီဆိုရင် ပိုပြီး ဝင်ငွေရနိုင်မယ့် အပိုဝင်ငွေ တစ်ခုရှာလို့ ရပါပြီ။ လက်ရှိ ရနေတဲ့ ဝင်ငွေကို လက်လွှတ်စရာမလိုဘဲ အပိုဝင်ငွေ ရှာနိုင်ရင်တော့ အကောင်းဆုံးပါ။ ငွေကြေး အရင်းအနှီးရော၊ အသိပညာ၊ အတွေ့အကြုံရော အတိုင်းအတာ တစ်ခုအထိ စုမိပြီးပြီဆိုရင်တော့ Self-Employed ကိုယ်ပိုင် လုပ်ငန်းလေး စတင်နိုင်ပါပြီ။
🔹Financial IQ ၅ မျိုးကို အသေးစိတ် ဆက်လက် လေ့လာချင်တဲ့သူတွေ၊ Money Psychology (ငွေကြေးစိတ်ပညာ) ကို စိတ်ဝင်စားတဲ့သူတွေအတွက်
နိုင်ငံတကာက ငွေကြေးပညာရှင်၊ စိတ်ပညာရှင်တွေ ရေးသားထားတဲ့ Financial Intelligence, Psychology of Money, Happy Money စတဲ့ စာအုပ်တွေ၊ တက်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ သင်တန်းတွေကနေ ရရှိခဲ့တဲ့ ဗဟုသုတတွေ ကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဘဝ အတွေ့အကြုံ အနည်းငယ်နဲ့ ပေါင်းစပ်ပြီး Financial Intelligence and Money Psychology စာအုပ်မှာ ပြန်လည် မျှဝေထားပါတယ်။

🔹 Financial IQ, EQ အကြောင်းတွေ၊ ငွေကြေးဆိုင်ရာ စိတ်ပညာတွေကို အသေးစိတ် ဆက်လက်လေ့လာလိုတဲ့ သူတွေအတွက်
နိုင်ငံတကာက ငွေကြေးပညာရှင်၊ စိတ်ပညာရှင်တွေ ရေးသားထားတဲ့ Financial Intelligence, Psychology of Money, Happy Money စတဲ့ စာအုပ်တွေ၊ တက်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ သင်တန်းတွေကနေ ရရှိခဲ့တဲ့ ဗဟုသုတတွေ ကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဘဝ အတွေ့အကြုံ အနည်းငယ်နဲ့ ပေါင်းစပ်ပြီး Financial Intelligence and Money Psychology စာအုပ်မှာ ပြန်လည် မျှဝေထားပါတယ်

ဈေးနှုန်း ၂၅၀၀၀ ကျပ်
🔹စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အသုံးမဝင်ဘူးဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။
စာမြည်းဖတ်ရန် လင့်ခ်
https://financialintelligence.digitalgenius.asia/
Comment (သို့) Message Box ကနေ Order မှာယူနိုင်ပါပြီ။
စာအုပ်ဖတ်ပြီးသူတွေရဲ့ Feedback တွေကို Comment မှာ ဖတ်ကြည့်နိုင်ပါတယ်။

Noted ✅️
30/04/2025

Noted ✅️

*The Difference Between a Businessman and an Entrepreneur*

A businessman often relies on traditional methods and ideas, whereas an entrepreneur seeks to create innovative ventures with fresh perspectives.

The entrepreneur's creativity is evident in their approach to attracting customers. For instance, instead of simply selling fruits, an entrepreneurial mindset might involve showcasing the fruit's potential to produce high-quality juice, thereby adding value and appeal to the product. This innovative thinking sets entrepreneurs apart from businessmen, who may focus solely on sales without injecting new ideas into their business strategies."

Some key differences highlighted here include:

1. *Innovative thinking*: Entrepreneurs are more likely to introduce new ideas and approaches.
2. *Value-added products*: Entrepreneurs seek to enhance their products or services.
3. *Customer attraction*: Entrepreneurs use creative strategies to appeal to customers.

💯
25/04/2025

💯

အတိုင်းအဆမရှိတဲ့ချမ်းသာကြွယ်၀မှု့ကိုရဖို့အကြံပြုချက်ပါ

လုပ်ငန်းတစ်ခုမှာ ---

များများရောင်းရဖို့ပဲကြိုးစားနေတာက၊

နေ့စဥ်၀င်ငွေကောင်းဖို့လုပ်နေတာ။

ဖောက်သည်ကြီးကြီးတွေလိုက်ရှာနေတာက

လစဉ် ၀င်ငွေတိုးတက်လာ ဖို့လုပ်နေတာ။

ပြဿနာကြီးကြီးမားမားတွေကို ၊

ဖြေရှင်းဖို့ကြိုးစားနေတာကတော့ ၊

စီးပွားရေးတစ်ခုလုံးကို ပြောင်းလဲပြီး ၊

အတိုင်းအဆမရှိတဲ့ ချမ်းသာကြွယ်၀မှု့ကို ရဖို့လုပ်နေတာပါ။

တကယ်ကို မတူတဲ့ Entrepreneur တစ်ယောက်ဖြစ်ချင်ရင်

"ဘယ်သူအတွက်၊ ဘာပြဿနာကို ဖြေရှင်းမှာလဲ?"

ဆိုတာ အဓိကထင်ရှားအောင်လုပ်ရမယ်။

အဲ့ဒီအခါမှာပဲ ကိုယ့်စီးပွားရေးက

သက်တမ်းအကြာကြီးရပ်တည်နိုင်တဲ့ Legacy

( ကိုယ့်ရဲ့ အနာဂါတ်မျိုးဆက်သစ်တွေအတွက် အမွေအနှစ်)

ဖြစ်လာမယ်။

ဥာဏ်လင်းအောင်
Unlock Your Futures

12/03/2025

Noted.

💯
11/03/2025

💯

၁။ အရောင်းပညာကို ကျွမ်းကျင်တဲ့သူဖြစ်အောင်လုပ်၊ ရောင်းရမှာလဲမရှက်နဲ့ ရောင်းချခြင်းဆိုတာကလူတွေကို ကူညီနေတာလို့ခံယူထား၊ လူတွေဘာကြောင့်ဝယ်တယ်၊ ဘယ်လိုဝယ်တယ်ဆိုတာနားလည်မှ ရောင်းချတာအောင်မြင်မယ်။

၂။ ရောင်းစရာဈေးနှုန်းထက် လူတွေပေးဝယ်မယ့်ဈေးနှုန်းကို အရင်သိအောင်လုပ်၊ဈေးနှုန်းသတ်မှတ်ပြီးမှ ကုန်ပစ္စည်းထုတ်လုပ်ခြင်းကစတင်။

၃။ ကြီးကျယ်ခမ်းနားတဲ့အိပ်မက်တွေထက် နေ့စဉ်လုပ်နိုင်တဲ့ အလုပ်ငယ်လေးတွေကိုလုပ်၊ အကောင်အထည်ဖော်ခြင်းက အိပ်မက်ကြီးကြီးရှိခြင်းထက်ပိုပြီးတန်ဖိုးရှိတယ်။

၄။ မိတ်ဆွေအရင်းအချာတွေနဲ့ စီးပွားရေးအတူမလုပ်နဲ့၊ လုပ်ရင်လဲ JD ပြတ်အောင်လုပ်၊ boundary (စည်း) ထားရမယ်။

၅။ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးရင် တစ်နေ့တာအလုပ်စာရင်းထက် အခွင့်အလမ်းစာရင်းကို ပိုအာရုံစိုက်။

၆။ ဝန်ထမ်းတွေကိုလေ့ကျင့်ပေးတာထက် သူတို့ရဲ့စွမ်းရည်ကိုယုံကြည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေး၊ ယုံကြည်မှုရပြီးသူကို လွတ်လွတ်လပ်လပ်အလုပ်လုပ်ခွင့်ပေးခြင်းက အကောင်းဆုံးစီမံခန့်ခွဲမှုဖြစ်တယ်။

၇။ ကိုယ့်အတွက်အကျိုးမရှိတဲ့ အစည်းအဝေးတွေမှာအချိန်မဖြုန်းနဲ့၊ တစ်ရက်ကို အနည်းဆုံး ၄ နာရီလောက် ကိုယ့်လုပ်ငန်းတိုးတက်ဖို့အတွက်ပဲသီးသန့်သုံး။

၈။ ကိုယ့်ရဲ့ခံယူချက် ( တန်ဖိုးထားတဲ့အရာတွေ) တွေကို ၀န်ထမ်းတွေကို ရှင်းပြထား ၊ မလိုက်နာနိုင်တဲ့၀န်ထမ်းတွေနဲ့ရည်ရှည်လက်တွဲမလုပ်နဲ့ ။

၉။ ကိုယ့်ကိုအသုံးချနေတဲ့လူတွေရှိလိမ့်မယ် သူတို့ကိုယ့်ကို ဘယ်လိုအသုံးချနေသလဲဆိုတာသိအောင်လုပ်၊ နှစ်ဦးနှစ်ဘက်အကျိုးမရှိရင် လက်တွဲမလုပ်နဲ့။

၁၀။ အမြတ်အစွန်းနောက်ကိုပဲလိုက်မနေနဲ့ လူမှုတာဝန်သိတတ်တဲ့စီးပွားရေးလုပ်ငန်းဖြစ်အောင်လုပ်၊ ရရှိလာတဲ့အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို လူမှုအကျိုးပြုလုပ်ငန်းတွေမှာပြန်သုံးစွဲ။

ဥာဏ်လင်းအောင်
Unlock Your Future

💯 https://www.facebook.com/share/1BT34zuDcV/
14/02/2025

💯
https://www.facebook.com/share/1BT34zuDcV/

ဝန်ထမ်းက ငွေကိုရှာတယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတယ်။

ဝန်ထမ်းက ငွေရှာဖို့အတတ်ပညာကို သင်တယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတဲ့ပညာကိုသင်တယ်။

ဝန်ထမ်းက ငွေစုတယ်။ လုပ်ငန်းရှင်က ငွေကို ရင်းနှီးမြုပ်နှံတယ်။

ဝန်ထမ်းက ဘဏ်ကိုငွေချေးပြီး အတိုးပုံမှန်ယူတယ်။ လုပ်ငန်းရှင်က ဘဏ်ကနေ ငွေချေးပြီး ချမ်းသာအောင်လုပ်တယ်။

ဝန်ထမ်းက လခတိုးဖို့ကြိုးစားတယ်။ လုပ်ငန်းရှင်က အမြတ်အစွန်းရအောင်တွက်ချက်တယ်။

သူဌေးကြီးတဦးက ချမ်းသာကြွယ်၀ဖို့ အဆင့် ၃ ဆင့်ရှိတယ်လို့ပြောဖူးတယ်။ ဘာတွေလဲဆိုတော့ -

ပိုက်ဆံရှာတဲ့ပညာကို သင်ပါ။
ပိုက်ဆံအုပ်ချုပ်တဲ့ပညာကို သင်ပါ။
မင်းအတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို ငှားရမ်းပါတဲ့

ကြီးပွါးချမ်းသာချင်တဲ့သူဟာ ငွေကြေးပညာကို တတ်မြောက်ထားဖို့လိုတယ်

အသက်ရှင်နေသ၍ ပတ်သက်နေရမှာက ငွေကြေးဖြစ်တယ်
ငွေမရှိပဲရပ်တည်လို့မရပါဘူး
ငွေက ခင်ဗျားကို စိတ်ချမ်းသာစေသလို စိတ်ဆင်းရဲမှုကိုပေးတတ်တဲ့ အရာပါ
ငွေက ပါးစပ်မပါပေမဲ့ အင်မတန်စကားပြောပါတယ် လူအများစုက အလုပ်အကိုင်တွေကိုပဲအာရုံစိုက်တက်ကြပြီး ငွေကြေးပညာကို မေ့နေတတ်ကြပါတယ် ပြန်စဉ်းစားကြည့်ရင် အလုပ်လုပ်တယ်ဆိုတာ ငွေရဖို့ပါပဲ ငွေအတွက်အလုပ်လုပ်ကြတာပါ

ပိုက်ဆံက ပါးစပ်မပါပေမယ့် အင်မတန် စကားပြောပါတယ်

အရွယ်တခုရောက်လာပြီဆိုရင် အထူးသဖြင့် အသက်(၂၀)ကျော်လာပြီဆိုတာနဲ့ သိလိုက်ရတာက ပိုက်ဆံက အတော်လေးကို အရေးပါတယ်ဆိုတာဘဲ

လူငယ်ဘဝမှာ ကြုံတွေ့ရလာတဲ့ စိတ်ဖိစီးမှုတော်တော်များများဟာ ပိုက်ဆံနဲ့ တော်တော်ဆက်စပ်မှုရှိပါတယ်
လူငယ်အများစုဟာ ပိုက်ဆံရှာတဲ့နေရာမှာ တော်ကြတယ်၊ ငယ်ရွယ်တယ်၊ အလုပ်လုပ်နိုင်စွမ်းရှိကြတယ်
ဒါပေမယ့် ရှာသလောက်လက်ထဲမှာ စုမိဆောင်းမိ မရှိကြဘူး
ဘာလို့လဲဆိုတော့ ငွေရဲ့ ကျွန်ဖြစ်နေလို့ပါ
တကယ်ချမ်းသာချင်တယ်၊ငွေကြေးအဆင်ပြေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက ငွေရဲ့ ဆရာဖြစ်ဖို့ လိုပါတယ်

ကျွန်တော်တို့ လူငယ်အများစုက ဝ မရှိဘဲ ဝိလုပ်ချင်ကြပါတယ်။ အသစ်ဆိုတဲ့ အရာမှ ဝယ်ချင်တယ်၊ ကိုင်ချင်တယ်။ တခုခုဆို ဆိုင်ကောင်းကောင်း သွားထိုင်မှ တန်ဖိုးရှိတယ်ထင်ကြတယ်။ ကိုယ့် အသုံးစရိတ်ထဲကနေ ဘယ်နေရာတွေမှာ နဲနဲစီ လျှော့လို့ရမလဲ?ဆိုတာကို သေချာရှာကြည့်ပါ။ ပြန်ပေါင်းကြည့်ရင် မနည်းလှတဲ့ ငွေပမာဏကို တွေ့ရပါလိမ့်မယ်

အသက်(၂၀) ကျော်ပြီဆိုတာနဲ့ ဘဝက လက်တွေ့စပါပြီ။ အလုပ်ကြိုးစားတာတွေက လူငယ်တွေအတွက် ပြောစရာမလိုပါဘူး။ အိမ်မက်တွေနဲ့ ရူးသွပ်နေကြတဲ့ လူငယ်တွေကတော့ ပိုက်ဆံကို ပြောစရာမလိုအောင် ကြိုးစားရှာကြမှာပါ
ဒါပေမယ့် (၅) နစ် ၁၀နှစ်ကြာလာတဲ့အခါ ချမ်းသာလာတဲ့ လူငယ်တွေက တော်တော်နည်းပါတယ်။ ဘာလို့လဲ?

ဝင်ငွေ ထွက်ငွေစာရင်းကို ကောင်းကောင်း မကိုင်တွယ်တတ်ဘူး။ မလိုအပ်တဲ့နေရာတွေမှာ ငွေတွေ သုံးလိုက်မိတယ်။ အချိန်တွေရှိပါတယ်ကွာဆိုပြီး ငွေကို အထိန်းအကွပ်မရှိ သုံးတယ်။ လက်ထဲငွေရှိတော့ ဖုန်းအသစ်လေး ထွက်ရင် ဝယ်လိုက်၊ ကားတွေ လဲစီးလိုက်။ ဒီလို ကိုယ်မလိုအပ်တဲ့ အရာတွေကို ကိုယ်မနှစ်သက်တဲ့ လူတွေ အထင်ကြီးအောင် ဝယ်ကြတယ်

ဒါကြောင့် ဝင်ငွေဘယ်လောက်ကောင်းတယ်ဆိုတာထက်
စုဆောင်းမိထားတာ ဘယ်လောက်ရှိတယ်ဆိုတဲ့အချက်က ပိုအရေးကြီးတယ်
ငါဝင်ငွေကောင်းနေတာဘဲဆိုပြီး လိုချင်တာတွေဝယ်၊ လိုအပ်လား မလိုအပ်လား မစဉ်းစားဘူး
လက်ဖွာတတ်တဲ့ အကျင့်ကို ဖျောက်ဖို့လိုတယ်

ဝင်ငွေဘယ်လောက်ကောင်းကောင်း မစုမဆောင်းမိဘူးဆိုရင် ခင်ဗျား ချမ်းသာမှာမဟုတ်ဘူး
ပိုက်ဆံအများကြီးရှိပြီးမှ ဆင်းရဲသွားတဲ့သူတွေလည်း ဒုနဲ့ဒေးဘဲ

ဒါကြောင့်ငွေနဲ့ပတ်သက်ပြီးကျွမ်းကျင်နေဖို့လိုပါတယ် ငွေကိုစေခိုင်းတတ်ရင် ငွေရဲ့အရှင်သခင်ဖြစ်ပြီး ငွေရဲ့စေခိုင်းခြင်းကိုခံရရင်တော့ ငွေရဲ့ကျေးကျွန်ဖြစ်သွားပါတယ်

ငွေကြေးနဲ့ပတ်သတ်လာရင် သိထားရမယ့် လူ(၃)မျိူး ရှိပါတယ်
ပထမ(၁)မျိူးက ငွေကျွန်ဖြစ်ပါတယ်

ငွေကျွန်ဆိုတာ ဝင်ငွေမရှိတဲ့သူတွေ၊ ရှာသလောက် မလောက်တဲ့သူတွေဖြစ်ပါတယ်။ ဒါ့အပြင် အကြွေးနဲ့မကင်းတဲ့သူတွေဖြစ်ပါတယ်
တလကို ၃သိန်းဝင်တယ်ဆိုရင် ၃သိန်းမကသုံးတဲ့သူတွေဖြစ်ပါတယ်
လိုချင်တာ တခုခုတွေ့ပြီဆိုရင် ဘာမှ စဉ်းစားမနေဘဲ ဝယ်ချလိုက်တယ်၊ လက်ဖွာတယ်၊ စာရင်းဇယားလုပ်ထားတာလည်း မရှိဘူး
ပြီး လကုန်ခါနီးဆိုရင် သုံးစရာမရှိတော့လို့ သူများဆီ လိုက်ချေးငှား၊
လကုန်လို့ လစာရလာရင် အကြွေးကိုပြန်ဆပ်၊ ရှိတာကို အကုန်သုံးနဲ့ သံသရာလည်နေတဲ့သူတွေ ဖြစ်ပါတယ်
လက်ထဲမှာ စုမိဆောင်းမိတာ ဘာတခုမှ မရှိဘူး

ခင်ဗျားအနေနဲ့ ငွေကျွန်ဖြစ်နေတယ်ဆိုရင် အသုံးနဲ့အဖြုန်းကို သေချာသိဖို့ လိုပါတယ်
ဝင်ငွေထက် ပိုမသုံးမိဖို့ လိုတယါ
ပြီးရင် အကြွေးကင်းအောင် နေဖို့လိုတယ်၊ အကြွေးရှိနေတယ်ဆိုရင်လည်း အကြွေးကျေအောင် အရင်ဆပ်ပါ
ကိုယ့်ဝင်ငွေနဲ့ကိုက်ညီတဲ့ နေထိုင်မှု ပုံစံမျိုးနဲ့ နေဖို့လိုတယ်
တလကို နိုင်သလောက် ပိုက်ဆံစစုဖို့ လိုတယ်၊

ဒုတိယ လူ(၁)မျိုးက ငွေရဲ့ မိတ်ဆွေဖြစ်ပါတယ်

ငွေရဲ့မိတ်ဆွေဖြစ်တဲ့သူတွေဟာ ရှာတာနဲ့သုံးတာ မျှတနေတဲ့သူတွေဖြစ်ပါတယ်
တလ(၅)သိန်းဝင်ရင် (၅)သိန်းစလုံး သုံးပစ်တဲ့သူတွေဖြစ်တယ်
ငွေရဲ့မိတ်ဆွေတွေဟာ အလုပ်အကိုင် အတည်တကျရှိတဲ့သူတွေဖြစ်ပါတယ်
ဝင်ငွေရှိတယ်၊ ဒါပေမယ့် လက်ထဲမှာ ငွေပိုငွေလျှံလုံးဝ မရှိဘူး
ငွေရဲ့မိတ်ဆွေဖြစ်တဲ့သူတွေဟာ အသက်ကြီးတဲ့အထိ အလုပ်လုပ်သွားရတတ်ပါတယ်

ခင်ဗျားအနေနဲ့ ငွေရဲ့ မိတ်ဆွေဖြစ်တယ်ဆိုရင် ပိုက်ဆံစစုဖို့ လိုပါတယ်၊ပြီးတော့ ပိုက်ဆံကို ပိုရှာပြီး လျှော့သုံးရမယ်။
ဝင်ငွေလမ်းကြောင်း များများ တိုးချဲ့ဖို့ လိုပါတယ်

တတိယလူ(၁)မျိုးကတော့ ငွေရဲ့ သခင်ဖြစ်ပါတယ်
ငွေရဲ့သခင်ဖြစ်တဲ့သူတွေက အလုပ်အကိုင် အတည်တကျရှိတယ်၊ ဝင်ငွေလည်းကောင်းတယ်
လက်ထဲမှာ စုမိဆောင်းမိရှိတဲ့သူတွေ ဖြစ်ပါတယ်
တလကို သိန်း(၂၀)ဝင်ရင် ၁၀သိန်း ၁၅သိန်းလောက် စုဆောင်းနိုင်သူတွေဖြစ်တယ်
လိုအပ်တာနဲ့ လိုချင်တာကို ခွဲခွဲခြားခြားသိတယ်
လက်မဖွာဘူး၊ ငွေကို စာရင်းဇယားနဲ့ကို လုပ်တတ်တဲ့သူတွေဖြစ်တယ်

ငွေကြေးသခင်တွေအနေနဲ့ ကိုယ်ပိုင် စီးပွါးရေးလုပ်ငန်းတွေလုပ်ဖို့၊ တိုးချဲ့ဖို့ လိုအပ်တာတွေကို လေ့လာသင်ယူဖို့ လိုပါတယ်

ကျွန်တော်လည်း တချိန်က ငွေရဲ့ ကျွန်ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ ငွေကြေးနဲ့ပတ်သတ်လာရင် သခင်အနေအထားကို ရောက်နေပါပြီ
ဒီလိုဖြစ်လာဖို့ လွယ်လွယ်နဲ့တော့ မဖြစ်ခဲ့ပါဘူး။ အချိန်တွေပေးပြီး လေ့လာခဲ့ရတယ်၊ ကြိုးစားခဲ့ရတယ်
အလီဘာဘာရဲ့ အမျိုးတွေအနေနဲ့လည်း ငွေကြေးနဲ့ပတ်သတ်လာရင် ဘယ်လိုလူမျိုးဘဲဖြစ်နေပါစေ
စိတ်ဓာတ်မကျပါနဲ့၊ အကောင်းဆုံးလုပ်သွားပါ

ငွေနဲ့ပတ်သက်ပြီးကျွမ်းကျင်နေဖို့လိုပါတယ် ငွေကိုစေခိုင်းတတ်ရင် ငွေရဲ့အရှင်သခင်ဖြစ်ပြီး ငွေရဲ့စေခိုင်းခြင်းကိုခံရရင်တော့ ငွေရဲ့ကျေးကျွန်ဖြစ်သွားပါတယ် ဒါကြောင့် ငွေကြေးပညာလေ့လာဖို့လိုပါတယ်

ငွေကြေးနဲ့ဆိုင်တဲ့ စာအုပ်စာပေတွေကို သေချာဖတ်ရှုဖို့ လိုပါတယ်
ချမ်းသာဖို့များကွာ စာဖတ်ဖို့လိုသလားလို့ မေးခွန်းထုတ်စရာရှိပါတယ်
အဖြေက အရမ်းလိုပါတယ်

ချမ်းသာချင်တဲ့သူဟာ ငွေကြေးနဲ့ဆိုင်တဲ့ပညာရပ်တွေ၊ ဗဟုသုတတွေကို ထဲထဲဝင်ဝင် သိနေဖို့လိုတယ်
ငွေကြေးစုဆောင်းတာ၊ ချွေတာတာကစလို့ ငွေကိုဘယ်လိုတိုးပွါးအောင်လုပ်မလဲဆိုတာတွေကို သိနေရမယ်
ဒါတွေကိုသိဖို့ သင်တန်းတွေတတ်စရာမလိုဘူး၊ စာအုပ်တွေထဲမှာ ရှာဖတ်ရုံဘဲ

ငွေကြေးပညာကိုသိလာပြီဆိုရင် ခင်ဗျားအနေနဲ့ ချမ်းသာဖို့ လမ်းစကိုရှာတွေ့ပြီလို့ပြောလို့ရတယ်
ဘာလို့လဲ? ထပ်လေ့လာရမှာတွေရှိနေသေးလို့ဘဲ
စီးပွါးရေးလုပ်ငန်းကို ဘယ်လိုလုပ်မလဲ?
ကိုယ်ပိုင်လုပ်ငန်းအမှတ်တံဆိပ်တွေကို ဘယ်လိုတည်ဆောက်မလဲ?
အလုပ်လုပ်တဲ့အခါ အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ?
လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံမလဲ?
ချမ်းသာကြွယ်ဝစေတဲ့ အလေ့အကျင့်ကောင်းတွေကို ဘယ်လိုတည်ဆောက်မလဲ?
စတာတွေကို အကုန်သိနေဖို့ လိုပြန်တယ်

ဒီလိုအကြောင်းအရာတွေသာ လိုက်ဖတ်မယ်ဆိုရင် သေချာတယ် စာအုပ်ပေါင်းရာနဲ့ချီသွားမယ်
ပိုက်ဆံလည်း သိန်းဆယ်ချီရာချီကုန်ကျသွားမယ်
နောက်တချက်က ဒီလိုမျိုးစာအုပ်တွေက အင်္ဂလိပ်လိုရေးထားတာတွေဆိုတော့ လူအများစုအတွက် ဘယ်လိုမှ လက်လှမ်းမမှီနိုင်ဘူး

ဒါကြောင့် အလီဘာဘာစာကြည့်တိုက်ကို ကျွန်တော်တို့ တည်ထောင်တာဖြစ်ပါတယ်
အလီဘာဘာစာကြည့်တိုက်ရည်ရွယ်ချက်က ပေးရတဲ့ဈေးထက် ပြန်ရတဲ့ဝန်ဆောင်မှုက ဆယ်ဆသာနေဖို့ဘဲ။
အလီဘာဘာစာကြည့်တိုက်ကို ဝင်ပြီးတဲ့သူတိုင်းပြောတာတခုက ဒီဈေးနဲ့ ဒီလိုဝန်ဆောင်မှုရတာ အများကြီးတန်တယ်ဆိုတာဘဲ
ဘာလို့လဲဆိုတော့ အဖွဲ့ဝင်ကြေးတခါသွင်းထားလိုက်တာနဲ့ ရာသက်ပန်စာအုပ်တွေကို ကြည့်ရှုလေ့လာခွင့်ရသွားတာဘဲ
လစဉ်လည်း ပိုက်ဆံထပ်သွင်းစရာမလိုဘူး
ဒါကြောင့်လည်း ခုဆိုရင် စာကြည့်တိုက်အဖွဲ့ဝင်ပေါင်း ၁၈၀၀ကျော်ရှိလာနေတာဖြစ်ပါတယ်

ကျွန်တော်တို့ အများစုက စာတအုပ်သာ ဖတ်ပြီးသွားတယ်
စာအုပ်ထဲက အရေးပါတဲ့ အကြောင်းအရာတွေကို မသိလိုက်ကြဘူး
စာအုပ်ထဲကနေ ဘယ်လိုပညာတွေယူရမယ်၊ ဘယ်လိုသင်ခန်းစာတွေ ယူရမယ်ဆိုတာကို မသိကြဘူး

အထူးသဖြင့် ကိုယ့်ရဲ့လုပ်ငန်းကို တိုးတတ်အောင်မြင်စေတဲ့၊ ဝင်ငွေတိုးပွားစေတဲ့ စာအုပ်တွေဖတ်တော့မယ်ဆိုရင် စာအုပ်က ပေးချင်တဲ့ အဆီအနှစ်တွေ၊ ပညာတွေကို ယူတတ်ဖို့ လိုလာပြီ

ခင်ဗျားဝင်ငွေတိုးတတ်ဖို့၊ လုပ်ငန်းတွေ တိုးတတ်အောင်မြင်ဖို့၊ ခင်ဗျားကိုယ်တိုင် တိုးတတ်အောင်မြင်ဖို့ဆိုရင် စာအုပ်တိုင်း လိုက်ဖတ်စရာမလိုဘူး
ခင်ဗျားနဲ့ ကိုက်ညီမယ့် စာအုပ်တွေဖတ်ဖို့ဘဲ လိုတာပါ

ကျွန်တော်တို့ အလီဘာဘာ စာကြည့်တိုက်မှာဆိုရင် ခင်ဗျားအတွက် အမှန်တကယ် လိုအပ်မယ့်၊ ခင်ဗျားလုပ်ငန်းတိုးတတ်ဖို့ ဖတ်ရှုသင့်တဲ့ စာအုပ်တွေကို စနစ်တကျ စီစဉ်ထားတယ်

ထူးခြားတဲ့အချက်က ခင်ဗျားကိုယ်တိုင် အဲ့စာအုပ်တအုပ်တွေကို ဖတ်စရာမလိုဘူး
ကျွန်တော်တို့က အဲ့စာအုပ်တွေကို ဖတ်တယ်၊ ပြီးရင် စာအုပ်ကပေးချင်တဲ့ ပညာရပ်တွေ၊ သင်ခန်းစာတွေကို စနစ်တကျ မှတ်သားတယ်၊ စာအုပ်ထဲက အဆီအနှစ်တွေကို ထုတ်နှုတ်တယ်၊

ပြီးရင် ထုတ်နှုတ်မှတ်သားထားတဲ့ စာအုပ်တအုပ်ချင်းစီရဲ့ ပညာရပ်တွေ၊ အဆီအနှစ်တွေကို အသံသွင်းပါတယ်
ဒီတော့ မေးစရာရှိတယ်၊ ကျွန်တော်တို့က အသံဖိုင်တွေဘဲ နားထောင်ရမှာလားပေါ့

ကျွန်တော်တို့ အလီဘာဘာစာကြည့်တိုက်မှာက ဒီလိုစာအုပ်အဆီအနှစ်တွေကို အသံနဲ့သာ မကဘဲ ဗီဒီယိုနဲ့ပါ ကြည့်ရှုနားဆင်နိုင်အောင် စီစဉ်ဖန်တီးထားပါတယ်

အရင်ဆုံး ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ
အလုပ်တဖက် ကျန်တဲ့ကိစ္စတွေတဖက်နဲ့ တလကို စာအုပ်တအုပ်ပြီးအောင် ဖတ်ဖြစ်လား?
သေချာတာကတော့ ဖတ်ဖြစ်မှာ မဟုတ်ဘူး

မြန်မာလိုမဟုတ်ဘဲ အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဆိုရင် ပိုလို့တောင် ဖတ်ဖြစ်မှာမဟုတ်ဘူး

ကျွန်တော်တို့အလီဘာဘာ စာကြည့်တိုက်မှာ ရွေးချယ်တင်ဆက်ပေးနေတဲ့ စာအုပ်တအုပ်ချင်းစီတိုင်းဟာ အမျိုးတွေအတွက် အမှန်တကယ်အကျိုးရှိစေမယ့်စာအုပ်အမျိုးအစားတွေဖြစ်ပါတယ်

အလီဘာဘာစာကြည့်တိုက်မှာ အဖွဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ ရာသက်ပန်ကြည့်ရှုနားဆင်ခွင့်ရမှာဖြစ်ပါတယ်
ဒီလိုပြောလို့ ဈေးအရမ်းကြီးတယ်မထင်ပါနဲ့

ခင်ဗျား အင်္ကျီတထည်ဖိုး၊ အပြင်တခါမုန့်သွားစားရင် ကုန်တဲ့ပမာဏလောက်ဘဲ ကျသင့်မှာပါ
စဉ်းစားကြည့်ပါ... ဒီလောက်ငွေပမာဏလေးနဲ့ တသက်တာ ကမ္ဘာကျော် စာအုပ်တွေကို လစဉ်လတိုင်း ဖတ်ရှုခွင့်ရတယ်ဆိုတာ.

ဒါဟာ ခင်ဗျားအနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှပ်နှံမှုတခုဆိုရင် သေချာပေါက် မမှားဘူး

မေးစရာရှိတာပေါ့.. ဒီလိုကမ္ဘာကျော်စာအုပ်တွေကို ဘယ်နေရာမှာ ကြည့်ရှုနားဆင်ရမှာလဲ?

လူအများစု Facebook ဖွင့်လိုက်ရင် ကိုယ့်အတွက် အရေးမပါတာတွေဘဲ ကြည့်ဖြစ်ကြတာများတယ်
ဒီတော့ အချိန်ကုန်တာဘဲ အဖက်တင်တယ်

အလီဘာဘာ စာကြည့်တိုက်မှာ အဖွဲ့ဝင်လိုက်ပြီဆိုတာနဲ့ ဒါမျိူးတွေ ကြုံရမှာမဟုတ်တော့ဘူး
Facebook ဖွင့်တာနဲ့ အလီဘာဘာစာကြည့်တိုက်ထဲကိုဝင်ပြီး စာအုပ်တွေရဲ့ အဆီအနှစ်တွေကို တင်ဆက်ပေးထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုနားဆင်ရုံဘဲ

အလီဘာဘာစာကြည့်တိုက်ဆိုပြီး သီးသန့် Facebook Secret Groupတည်ဆောက်ထားပြီး ကမ္ဘာကျော်စာအုပ်တွေကို အဆိုပါ Groupမှာ သီးသန့်ဝင်ရောက်ကြည့်ရှုနားဆင်နိုင်မှာပါ

ခုဆိုရင် အလီဘာဘာစာကြည့်တိုက်အဖွဲ့ဝင်ပေါင်း နှစ်ထောင်ပြည့်တော့မယ်

ဒါဆိုရင် မေးစရာတခုရှိတယ်၊ အလီဘာဘာရဲ့ သီးသန့်အဖွဲ့ဝင်တယောက်ဖြစ်ချင်တယ်
ကမ္ဘာကျော် ကြီးပွားတိုးတတ်ရေးစာအုပ်တွေကိုလည်း ကြည့်ရှုနားဆင်ချင်တယ်ဆိုရင်
ဘယ်လောက် ကျသင့်မလဲ?

ရာသက်ပန် ကြည့်ရှုနားဆင်ခွင့်အတွက် (ရှစ်သောင်းခွဲ) ၈၅၀၀၀ကျပ် ကျသင့်မှာပါ။
ကျွန်တော်တို့အလီဘာဘာက လူတိုင်းကို ကမ္ဘာကျော်စာအုပ်တွေအကြောင်း သိစေချင်တယ်၊ ကြည့်ရှုနားဆင်စေချင်တယ်
ငွေကြေးအကုန်အကျနဲနဲလည်းဖြစ်စေချင်တယ်
ဒါကြောင့် Promotionကိုလည်း ခနခနပေးတယ်၊ ပေးတိုင်းလည်း လူပြည့်မြန်တယ်၊ မရလိုက်တဲ့သူတွေ အများကြီးဘဲ
အရေအတွက်ကန့်သတ်ထားရတာကလည်း ဒီလိုပရိုမိုးရှင်းဈေးနဲ့က လူတိုင်းကို မပေးနိုင်ပါဘူး

ခု ကျွန်တော်တို့ ထပ်ပေးပါမယ် ပထမဆုံးအဖွဲ့ဝင်တဲ့သူ ၅ဦးအတွက် ၃သောင်း ကျပ်ဘဲ ကောက်ခံမှာပါ

သတ်မှတ်ထားတဲ့ လူစာရင်းပြည့်တာနဲ့ ၈သောင်းခွဲကျပ် ကောက်ခံမှာဖြစ်ပါတယ်
အမြဲ promotion စျေးနဲ့ ပေးနိုင်မှာ မဟုတ်ပါဘူး
ဒါက တလစာမဟုတ်ဘူး၊ တနှစ်စာလည်း မဟုတ်ဘူး
တသက်တာအတွက်ဖြစ်ပါတယ်

အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့အလီဘာဘာ မက်ဆင်ဂျာမှာ စာကြည့်တိုက်လို့သာ ပို့ပေးလိုက်ပါ
တသက်တာ ကမ္ဘာကျော်စာအုပ်တွေကို ဖတ်ရှုနားဆင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်
ဦးသူရပါမယ်

သူများက ကိုယ့်ကိုကန့်သတ်တာထက် ကိုယ်ကိုတိုင်စွန့်စားချင်စိတ်မရှိတာဖြစ်ပါတယ်.
30/08/2024

သူများက ကိုယ့်ကိုကန့်သတ်တာထက် ကိုယ်ကိုတိုင်စွန့်စားချင်စိတ်မရှိတာဖြစ်ပါတယ်.

29/08/2024

💯
"Without commitment, you will never start.
But more importantly, without consistency you'll never finish."
Denzel Washington

10/07/2024

သင့်အ နေနဲ့လေ့လာမှုအသစ်တွေကို မသင်ယူတော့ဘူးဆိုရင်တော့ အရာအားလုံးကို ငါသိပါတယ်လို့ကိုယ့်ကိုကိုယ်ထင်လာလိမ့်မယ်။

06/03/2024

“Competing with yourself” သူများနဲ့မ ပြိုင်ပဲကိုယ့်ကိုကိုယ်ပြိုင်ဆိုင်ခြင်းဆိုတာဘာလဲ။ အစဉ်အမြဲလေ့လာသင်ကြားခြင်းပေါ့။ မနှစ်ကနဲ့မတူတဲ့အမြင်သစ်၊လုပ်ဆောင်ချက်အသစ်၊ကျွမ်းကျင်မှုအသစ်တွေ ရှိအောင်ကြိုးစားခြင်းဟာ "Competing with yourself"

Address

Mosokwin Road
Myaungmya
10211

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 12:00
Sunday 06:00 - 22:00

Telephone

+959425441188

Website

Alerts

Be the first to know and let us send you an email when TIDC-Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category