Innovative Learning System .

Innovative Learning System . Young blood lines have to study continuously to developme professional compencies and personal
development by lifetime learning. Let us run together.

 . =====================Excavator Operator Simulator Trainings.ဘက်ဟိုးစက်မောင်းSimulator သင်တန်း။Excavator ဘက်ဟိုးစက်မော...
20/02/2024

.
=====================

Excavator Operator Simulator Trainings.
ဘက်ဟိုးစက်မောင်းSimulator သင်တန်း။

Excavator ဘက်ဟိုးစက်မောင်းခြင်း ကို

စနစ်တကျ သင်ယူပြီးလေ့ကျင့်ဖို့
စနစ်တကျ တွေးပြီး လုပ်တတ်ဖို့၊
မိမိ ၊ တပါးသူတို့ နဲ့ စက်ယန္တယား
တွေ သက်တန်းပြည့် အန္တရယ်
ကင်းကင်း နဲ့ အမြဲ မောင်းနေ
နိုင်သူ ဖြစ်စေဖို့ အလွန် အရေးကြီးပါတယ်

နိုင်ငံတကာ စံချိန် စံနှုန်း တွေနဲ့
လုပ်ကိုင်နေကြတဲ့ company
တွေမှာ မိမိကိုယ် ကို ယုံကြည်
စွာ လုပ်ကိုင် နိုင်သူဖြစ်ရပါမယ် ။

တန် ၂၀ ဘက်ဟိုး တစီးဟာ
သိန်း ၅၀၀၀ လောက်တန်တဲ့ စက်ကို
စက် ပိုင်ရှင်က ယုံကြည်စွာ လွှဲအပ်
လုပ်ကိုင် စေဖို့ ၊ ရေရှည်လုပ်ကိုင်နိုင်ဖို့ ၊

ဘက်ဟိုးစက်မောင်း Operator က
ဘယ်လောက်ထိ ပြင်ဆင်ထားသင့်
ပါပြီလဲ ။
စက်ပိုင်ရှင်တွေကရော ဘယ်လို စဉ်းစား
နေပါသလဲ၊ သူတို့ကအမျှော်အမြင်
ရှိကြသူတွေပါ။ သူတို့ရဲ့ စက်ကို
စိတ်ချယုံကြည်သူတွေ ဆီကို ဘဲ
ပေးအပ်မောင်းနှင် စေပါလိမ့်မယ်။

တချို့သောသူတွေဟာ ခက်ခဲတဲ့ အခြေနေ
အ ချိိန်ခါဖြစ်နေပါစေ မိမိ ကြိုးစားရမဲ့ ကိစ္စ
ရပ်တွေကို တိတ်ဆိတ်စွာ ပြီးဆုံး အောင်မြင်
အောင် တစိုက်မတ်မတ် ကြိုးစားနေကြတယ်၊
ရွက် မရှိလျှင် တက်၊ တက်မရှိလျှင်
လက် ဖြင့် ရောက်အောင် ကြိုးစား လှော်
ခတ်နေသူ ဟာ နေ့စဉ် ရှင်သန် နေသူ ဖြစ်
ပါတယ် ။ ဒီလို ကြိုးစားနေတတ်သူတွေဟာ
တနေ့ မှာ သေချာပေါက် အောင်မြင် လာမှာပါ။

INNOVATIVE Learning System မှ
၂၀၂၄ မတ်လ အတွက်
Excavator ဘက်ဟိုးစက်မောင်း
(စင်မျူလေတာ) သင်တန်း ကို -

ဖေဖေါ်ဝါရီ လ ၄-၃-၂၀၂၄ ရက်
တနင်္လာ နေ့ တွင်ဖွင့်လှစ်မည် ဖြစ်
ကြောင်းသတင်းကောင်းလေး ပေးပါရစေ။

ဘယ်သူတွေ ဒီသင်တန်း တက်သင့်ပါ သလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁ ။ သူငယ်ချင်း ဟာ ဘက်ဟိုးစက် မောင်း
တတ် နေ သူ ၊ ဘက်ဟိုး စက် နဲ့ လုပ်ကိုင်ခဲ့သူတ ယောက်ဖြစ်ပြီး ပြည်ပ ပြည်တွင်း ISO Standards company တွေ မှာ မိမိ ဘဝ တိုးတက် အောင် ကြိုးစားလိုစိတ် ရှိနေသူ ဆိုရင် တက်ပါ ။

နိုင်ငံခြားတွင် စက်မောင်းသူအနေ
နှင့် လုပ်ကိုင်ကြိုးစား မည်ဟု ဆုံးဖြတ်ထား
သူ ဆိုလျှင် တက်ပါ ။

၂။ သူငယ်ချင်းဟာ စက်မောင်းအကူ
Helper အနေနဲ့ ၁ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ နိုင်ငံခြားသား တွေနဲ့ ပူးတွဲ ကြိုးစားလိုသူ ၊ ရှေ့ဆက် ၍ Operator တယောက်အနေနဲ့ ဆက်လက်လုပ်ကိုင်မယ်လို့
ဆုံးဖြတ်ထားသူ ဆိုရင် တက်ပါ ။

ယခု ကာလ ပြည်တွင်း ပြည်ပတွင်
ဘက်ဟိုး စက်မောင်းသူ
တို့ အနေဖြင့် စက်မောင်းခြင်း အသိပညာ
နှင့်မောင်းနှင်ရေး အခြေခံ သင်ခန်းစာ
များ ကို စနစ် တကျ မှန်ကန်စွာ
ဘေးကင်းစွာမောင်းနှင်တတ်ကြောင်း
သင်တန်းပြီးဆုံးတဲ့အခါ
အသိမှတ်ပြု လက်မှတ် ၂ ခု ကို
ချီးမြှင့်ပေးပါမယ် ။

၄-၃-၂၀၂၄ တနင်္လာ နေ့ တွင်
သင်တန်းဖွင့် ပါမယ်။
သင်တန်းကြေး ၃၂၀၀၀၀ /- ကျပ် ။
သင်တန်းကာလ ၈ ရက် ဖြစ်ပါတယ် ။
အခြေခံပညာရေး အလယ်တန်း ၆ တန်း ။

ဖုံး 09767097716

လိပ်စာ ဦးသိန်းထွန်းဦး
အမှတ် ၅၅ (က)
ကန့်ကော်မြိုင်လမ်း၊
အောင်ဆန်းဈေးအနီး
အင်းစိန်မြို့နယ် ၊ ရန်ကုန် ။

သင်တန်းတက်ရန်
စိတ်ဝင်စားသူများ အနေဖြင့်
စုံစမ်းလေ့လာ၍ စာရင်းကြိုတင်
ပေးနိုင်ပါတယ် ။

သင့်​၏သူငယ်ချင်း
များကိုလည်းမျှဝေ ပြောပြပေးပါဗျာ၊
သင်တန်းသား ၄ ယောက်သာ
လက်ခံ သင်ကြားမှာဖြစ် ပါတယ် ။

ချမ်းမြေ့ပါစေ ။

“ကမ္ဘာမှာ အကောင်းဆုံးသော အရာ၊”  ~~~~~~~~~~~~~~~~~~~~~~~မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်။အကို ကမ္ဘ...
24/01/2024

“ကမ္ဘာမှာ အကောင်းဆုံးသော အရာ၊”
~~~~~~~~~~~~~~~~~~~~~~~

မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်။
အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာ ကားလဲတဲ့?
အကို့ကားပဲ ညီလေး ဆိုတော့ ဘယ်ကားလဲတဲ့။
အဲဒါနဲ့ ရပ်ထားတဲ့ Vitz လေးကို လက်ညှိုးထိုးပြလိုက်တယ်။
ဟာ အကို့ဟာ Vitz ကြီးလေတဲ့။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့။
လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလားတဲ့။ Vitz တော့ မဟုတ်လောက်ပါဘူးတဲ့။

ကျွန်တော် သူ့မေးခွန်းကို ထပ် မဖြေသေး ပဲနဲ့ သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်္ကျီမြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။
ဒီအင်္ကျီပဲလို့ပြောတော့ သူကမေးတယ်။
ဘယ်လောက်ပေးရလဲတဲ့?
ဘတ် တစ်ရာ ညီလေးလို့။ မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲ ကြီးငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။

ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေး သိလားဆိုတော့ အကို့ဖုန်းမလားတဲ့။ ပြောပြီးရယ်နေတယ်။
အေး မင်းတော်လာပြီလို့
ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြဖြစ်တယ်။
ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။

ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။

ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲစျေးမှာထိုးတာတဲ့။ တစ်သောင်းကျော် ကျတယ်တဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့
မင်းခန္ဓာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။

ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ဝယ်ထားတာတဲ့။
အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏ ငိုင်ကျသွားတယ်။

နောက်တော့မှ ကျွန်တော်သိပြီတဲ့။ ကျွန်တော် မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။

ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက က ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။
ကိုယ်နေတဲ့အိမ်။ ကိုယ်လုပ်နေတဲ့အလုပ်။ ကိုယ်စီးနေတဲ့ကား။ ကိုယ့်ရဲ့လက်တွဲဖော်။ ကိုယ့်မိသားစု။ စသဖြင့်ပေါ့။

အနားမှာရှိတဲ့သူတွေ.. ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေ ပေါ် ပိုပြီးအာရုံစိုက်မိနေကြတာ။
ကိုယ့်မိသားစုမှာပြသနာ ရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။
ကိုယ့် မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး စျေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကိုပို တန်ဖိုးထားမိတယ်။

ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ထင်ရတဲ့ သူတစ်ဦးကို ပိုတန်ဖိုးထားမိတယ်။

ကိုယ့် အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။
လူ့သဘာဝက လူတိုင်းအကောင်းကြိုက်ပါတယ်။

ပိုကောင်းမယ်လို့ထင်ရ တဲ့အရာကိုပဲ ဘယ်သူမဆိုလိုချင်မိကြတာ မမှားပါဘူး။
တစ်ခါတစ်ခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီးရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကိုသတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေး နဲ့ပါပဲ။

ပိုကောင်းတဲ့အရာတွေကို မျှော်လင့်တာ မ မှားပေမယ့် ရှိနေတဲ့ အရာတွေကို လည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက သင်စီး နေတဲ့ ကား ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစု က သင့်ကို ချစ်တဲ့ သင့် မိသားစုပါ။

ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင် ကိုယ်တိုင်ပါပဲ။
-----------

အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

Seize The Opportunities!
-------------


24/01/2024
21/01/2024

.
=====================

Excavator Operator Simulator Trainings.
ဘက်ဟိုးစက်မောင်းSimulator သင်တန်း။

Excavator ဘက်ဟိုးစက်မောင်းခြင်း ကို

စနစ်တကျ သင်ယူပြီးလေ့ကျင့်ဖို့
စနစ်တကျ တွေးပြီး လုပ်တတ်ဖို့၊
မိမိ ၊ တပါးသူတို့ နဲ့ စက်ယန္တယား
တွေ သက်တန်းပြည့် အန္တရယ်
ကင်းကင်း နဲ့ အမြဲ မောင်းနေ
နိုင်သူ ဖြစ်စေဖို့ အလွန် အရေးကြီးပါတယ်

နိုင်ငံတကာ စံချိန် စံနှုန်း တွေနဲ့
လုပ်ကိုင်နေကြတဲ့ company
တွေမှာ မိမိကိုယ် ကို ယုံကြည်
စွာ လုပ်ကိုင် နိုင်သူဖြစ်ရပါမယ် ။

တန် ၂၀ ဘက်ဟိုး တစီးဟာ
သိန်း ၅၀၀၀ လောက်တန်တဲ့ စက်ကို
စက် ပိုင်ရှင်က ယုံကြည်စွာ လွှဲအပ်
လုပ်ကိုင် စေဖို့ ၊ ရေရှည်လုပ်ကိုင်နိုင်ဖို့ ၊

ဘက်ဟိုးစက်မောင်း Operator က
ဘယ်လောက်ထိ ပြင်ဆင်ထားသင့်
ပါပြီလဲ ။
စက်ပိုင်ရှင်တွေကရော ဘယ်လို စဉ်းစား
နေပါသလဲ၊ သူတို့ကအမျှော်အမြင်
ရှိကြသူတွေပါ။

တချို့သောသူတွေဟာ ခက်ခဲတဲ့ အခြေနေ
အ ချိိန်ခါဖြစ်နေပါစေ မိမိ ကြိုးစားရမဲ့ ကိစ္စ
ရပ်တွေကို တိတ်ဆိတ်စွာ ပြီးဆုံး အောင်မြင်
အောင် တစိုက်မတ်မတ် ကြိုးစားနေကြတယ်၊
ရွက် မရှိလျှင် တက်၊ တက်မရှိလျှင်
လက် ဖြင့် ရောက်အောင် ကြိုးစား လှော်
ခတ်နေသူ ဟာ နေ့စဉ် ရှင်သန် နေသူ ဖြစ်
ပါတယ် ။ ဒီလို ကြိုးစားနေတတ်သူတွေဟာ
တနေ့ မှာ သေချာပေါက် အောင်မြင် လာမှာပါ။

INNOVATIVE Learning System မှ
၂၀၂၄ ဖေဖေါ်ဝါရီ အတွက်
Excavator ဘက်ဟိုးစက်မောင်း
(စင်မျူလေတာ) သင်တန်း ကို -

ဖေဖေါ်ဝါရီ လ ၂-၂-၂၀၂၄ ရက်
သောံကြာ နေ့ တွင်ဖွင့်လှစ်မည် ဖြစ်
ကြောင်းသတင်းကောင်းလေး ပေးပါရစေ။

ဘယ်သူတွေ ဒီသင်တန်း တက်သင့်ပါ သလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁ ။ သူငယ်ချင်း ဟာ ဘက်ဟိုးစက် မောင်း
တတ် နေ သူ ၊ ဘက်ဟိုး စက် နဲ့ လုပ်ကိုင်ခဲ့သူတ ယောက်ဖြစ်ပြီး ပြည်ပ ပြည်တွင်း ISO Standards company တွေ မှာ မိမိ ဘဝ တိုးတက် အောင် ကြိုးစားလိုစိတ် ရှိနေသူ ဆိုရင် တက်ပါ ။

နိုင်ငံခြားတွင် စက်မောင်းသူအနေ
နှင့် လုပ်ကိုင်ကြိုးစား မည်ဟု ဆုံးဖြတ်ထား
သူ ဆိုလျှင် တက်ပါ ။

၂။ သူငယ်ချင်းဟာ စက်မောင်းအကူ
Helper အနေနဲ့ ၁ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ နိုင်ငံခြားသား တွေနဲ့ ပူးတွဲ ကြိုးစားလိုသူ ၊ ရှေ့ဆက် ၍ Operator တယောက်အနေနဲ့ ဆက်လက်လုပ်ကိုင်မယ်လို့
ဆုံးဖြတ်ထားသူ ဆိုရင် တက်ပါ ။

ယခု ကာလ ပြည်တွင်း ပြည်ပတွင်
ဘက်ဟိုး စက်မောင်းသူ
တို့ အနေဖြင့် စက်မောင်းခြင်း အသိပညာ
နှင့်မောင်းနှင်ရေး အခြေခံ သင်ခန်းစာ
များ ကို စနစ် တကျ မှန်ကန်စွာ
ဘေးကင်းစွာမောင်းနှင်တတ်ကြောင်း
သင်တန်းပြီးဆုံးတဲ့အခါ
အသိမှတ်ပြု လက်မှတ် ၂ ခု ကို
ချီးမြှင့်ပေးပါမယ် ။

၂-၂-၂၀၂၄ သောံကြာ နေ့ တွင်
သင်တန်းဖွင့် ပါမယ်။
သင်တန်းကြေး ၃၂၀၀၀၀ /- ကျပ် ။
သင်တန်းကာလ ၈ ရက် ဖြစ်ပါတယ် ။
အခြေခံပညာရေး အလယ်တန်း ၆ တန်း ။

ဖုံး 09767097716

လိပ်စာ ဦးသိန်းထွန်းဦး
အမှတ် ၅၅ (က)
ကန့်ကော်မြိုင်လမ်း၊
အောင်ဆန်းဈေးအနီး
အင်းစိန်မြို့နယ် ၊ ရန်ကုန် ။

သင်တန်းတက်ရန်
စိတ်ဝင်စားသူများ အနေဖြင့်
စုံစမ်းလေ့လာ၍ စာရင်းကြိုတင်
ပေးနိုင်ပါတယ် ။

သင့်​၏သူငယ်ချင်း
များကိုလည်းမျှဝေ ပြောပြပေးပါဗျာ၊
သင်တန်းသား ၄ ယောက်သာ
လက်ခံ သင်ကြားမှာဖြစ် ပါတယ် ။

ချမ်းမြေ့ပါစေ ။ဟိုး

10/06/2023

ဘယ်မြို့က မီးမ ကို ယူကြမလဲ ဆင့်
(ရှာဖွေယူကြထိုမိန်းမ)

ရန်ကုန်မိန်းမ......
ရန်ဖြစ်ပြီးလျှင်စိတ်ကုန်သွားစေနိုင်သောမိန်းမ

ရန်ကင်းမိန်းမ.....
ရန်ဖြစ်လျှင်ကင်းကိုက်သလိုအော်တတ်သောမိန်းမ

တာမွေမိန်းမ.....
တာရှည်ပေါင်းသင်းမိလျှင် မြွေပွေးခါးပိုက်ပိုက်ထားရသည်နှင့်တူသောမိန်းမ

သမိုင်းမိန်းမ.....
သူ့ကိုပဲတသသလုပ်နေရပြီး ကြွမိုင်းကို နင်းထားရသလို အနီးကပ်ရှိနေမှကြိုက်သောမိန်းမ (သူ့ကိုပစ်ထားလျှင်ပေါက်ကွဲတတ်သည်)

အင်းစိန်မိန်းမ......
အင်းဟုပြောလျှင် ကိုယ့်အားစိန်ခေါ်နေသည့် Signalဟု သိထားသဘောပေါက်ရမည့်မိန်းမ

မြစ်ကြီးနားမိန်းမ.....
ခြေခြေမြစ်မြစ်ကြီးကြီးမားမား စကားလုံးများကို နားမလည်သည့်မိန်းမ

ဗန်းမော်မိန်းမ........
လင်ကိုဗန်းပြပြီး မော်ကြွားတတ်သည့်မိန်းမ

ရွှေဘိုမိန်းမ......
ရွှေ၀တ်ပြီး ဘိုလိုမှုတ်တတ်သည့်မိန်းမ

စင်္ကာပူမိန်းမ......
တက်တက်စင်အောင်သုံးဖြုန်းပျော်ပါးပြီး ပြောင်ကာမှ ပူပင်သောကရောက်တတ်သည့်မိန်းမ

ဝေဘာဂီမိန်းမ......
မျက်ရည်တဝေဝေဖြစ်နေပြီး ဘာမှမလုပ်မကိုင်နိုင်ပဲဂီလာန ဖြစ်နေသည့်မိန်းမ

လသာမိန်းမ......
လကုန်ရက်များတွင်မှ သာယာနာပျော်ဖွယ်စကားကို ဆိုတတ်သည့်မိန်းမ

ရွှေဂုံတိုင်မိန်းမ.....
ရွှေရှိလျှင်ဂုဏ်ရှိသည်ဟု ထင်မြင်ပြီး မဏ္ဍပ်တိုင်
တက်သောမိန်းမ

ဗိုလ်တထောင်မိန်းမ.......
စစ်ဗိုလ်မြင်လျှင် ငမ်းငမ်းတက် လင်ထောင်ချင်သောမိန်းမ

ပုသိမ်မိန်းမ.....
အရပ်ပုသည်ကိုသိမ်ငယ်စရာဟု ထင်မြင်တတ်သည့်မိန်းမ

မန္တလေးမိန်းမ.....
လမကုန်ခင်ကတည်းက မန်းနီးကို အမြဲတနေတတ်ပြီး ပိုက်ဆံရှိသော လင်ယောကျာ်းအား တလေးတစား ဆက်ဆံတတ်သောမိန်းမ

ဘီအိုစီမိန်းမ....
ဘီယာသောက်သက် အိုးဆားဗစ်ဖြစ်နေပြီး အမြှုပ်တစီစီ ထွက်အောင် စကားများတတ်သည့်မိန်းမ

ကဲ.....
(ယူနိုင်လျှင်ယူကြ..မယူနိုင်က ပြေးကြပေတော့ အမောင်တို့)

ကျမကတောင်ဥကလာနော်

မေတ္တာတရား ရဲ့ စွမ်းအင်များ ။(Dr. Than Than Sein).၏ စာစုမှ ကူးယူမျှဝေ ပါသည် ၊စာအနည်းငယ်ရှည််သည့် မှတ်စုကောင်းပါ။Love Ene...
10/06/2023

မေတ္တာတရား ရဲ့ စွမ်းအင်များ ။
(Dr. Than Than Sein).
၏ စာစုမှ ကူးယူမျှဝေ ပါသည် ၊
စာအနည်းငယ်ရှည််သည့် မှတ်စုကောင်းပါ။

Love Energy မေတ္တာ ရဲ့ စွမ်းအင် ကြောင့် ရေ သည် လှပသော Crystal ပြောင်းလဲသွားတယ် ဆိုတဲ့ စမ်းသပ်ချက်ကို လုပ်ဆောင် ခဲ့သူ Masaru Emoto နဲ့ ဒီစွမ်းအင် သတ္တိကို သတိရမိတာမို့ ကျွန်မ ရဲ့ မွေးနေ့ မတိုင်ခင် ၁၉ ရက်နေ့ ညနေ မှာ သားကိုအုတ်ကို တိုင်းလိုင်းဖွင့်ရန် ဖုန်းဆက်ပြောခဲ့လိုက်ပါတယ်..။ ကျွန်မ က အင်တာနက် မရတဲ့ ပေါင်းလောင်းဒေသ ကို ရောက်ရှိနေခဲ့ တာ မို့ ပါ။

ဖြူစင်ရှင်းသန့် သော.. အကျိုးလိုလားသော..မိမိ အတွက် တန်ပြန်ရလို မှု မပါဝင်သော မေတ္တာ ရဲ့ စိတ်လှိုင်းများကို ကျွန်မ ပေါပေါ များ များ ရွှင်လန်းနှစ်ခြိုက်စွာ ခံယူ သိမ်းဆည်းမိခဲ့ပါတယ်..။

လူ၄၀၀ ကျော် မျှ ဆုတောင်းပေးခြင်း ၊ စာဖြင့်ရေးသားခြင်း ၊ ဖုန်းဆက်ခြင်း ၊ ဓာတ်ပုံ များ ပို့ ခြင်း စတဲ့ စိတ်လှိုင်းများ သည် ကျွန်မအား ရေ ခရစ္စတယ်ကဲ့သို့ လှပစေသလို စိတ်ခွန်အား သန့်စင် အားဖြည့်နိုင်စွမ်းရှိလိမ့်မယ် ဆိုတာ ကျွန်မ ယုံကြည်မိပါတယ်..။

ဒီနေ့ လည်းကျွန်မ ရဲ့ Biotech မောင်နှမ များက ဂျူလိုင်လ မှာ မွေးဖွားကြသူ များ ဖြစ်တဲ့ မယဉ်ယဉ်ထွေး ၊ မစောသန္တာ နဲ့ ကျွန်မ တို့ အတွက် မွေးနေ့ပွဲလေးကျင်းပပေးခဲ့ပါတယ်..။

Dr. Masaru Emoto ဆိုတာကလည်း ဂျူလိုင်လ ၂၂ ရက် မှာ မွေးခဲ့သူဆိုတော့ ကျွန်မ တို့ လို ဂျူလိုင်လ မွေးဖွားသူ ချင်းမို့ ထူးထူးခြားခြားသတိရမိဖြစ်ခဲ့ ပါတယ်..။

၁၉၄၃ ခုနှစ် ဂျူလိုင် ၂၂ ကလောက ထဲဝင်ရောက်ခဲ့တဲ့ ဒေါက်တာ အီမိုတို ဟာ ၂၀၁၄ အောက်တိုဘာလ ၁၄ ရက်မှာ လောက ထဲက ထွက်ခွာသွားခဲ့ပါတယ်..။
သူ့အကြောင်းကို တော့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရား ကြီး ရဲ့ တရား ပွဲ တွေ မှာ ဟောပြောခဲ့တာမို့ ကျွန်မ ကသူနဲ့ ရင်းနှီး ခဲ့ပါတယ်..။

ဒေါက်တာ အီမိုတို ဟာ လူတွေ ရဲ့ အကောင်းမြင် စိတ်ထား ၊ ချစ်ခင်မြတ်နိုးသော တန်ဘိုးထားတတ်သော စကားလုံး များ ၊ သည် ရေ ကို သန့်စင်ကြည်လင်စေတယ် ဆိုတာ တွေ့ရှိခဲ့သူဖြစ်ပါတယ်..။ ထိုစကားလုံး ဆိုတာကလည်းတွေးပြီး မှ ပြောရတာဆိုတော့ စိတ် မှာ ရည်မှန်းပုံဖေါ် လိုက်တဲ့ စိတ်ကူးမှ တဆင့် ထွက်လာတဲ့ စကားလုံးတွေ ဆိုတော့ အတွေး နဲ့ ဆက်စပ်တဲ့ပုံရိပ်တွေပါပဲ ..။

ဒေါက်တာ အီမိုတို ဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး သူ့ရဲ့ စမ်းသပ်ချက်တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ဒေါက်တာ အီမိုတို ဟာ Yokohama, Japan, မှာမွေးဖွားခဲ့ပြီး Yokohama Municipal University မှ နိုင်ငံတကာဆက်ဆံရေး International Relations ဘာသာရပ် နဲ့ ဘွဲ့ ရရှိခဲ့ ပါတယ်..။

( ဘဝ အတွက် ရေ- Water For Life Foundation) မှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာအင်ဒီးယား တက္ကသိုလ် Open International University for Alternative Medicine မှ *Doctor of Alternative Medicine* ဘွဲ့ ကိုရရှိခဲ့ သူဖြစ်ပါတယ်..။ မြန်မာ မှာဆိုရင် ဆရာ ဒေါက်တာခင်မောင်လွင် တို့ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ် ဝင်း တို့ လို က်စားခဲ့တဲ့ ဆေးပညာလိုမျိုးပါ..။

သူလုပ်ခဲ့တဲ့ စမ်းသပ်ချက်ကတော့ ရေ ရဲ့ ခရစ္စတယ် ဖြစ်မှု ဟာ စိတ်ရဲ့ စွမ်းအင်များ ၊ ရိုက်ခတ်လှုပ်ရှား မှု များနဲ့ ဆက်စပ်ပတ်သက်နေတယ် လို့ ယုံကြည်ခဲ့ပါတယ်…။ ရေ တစ်မျိုးတစ်စားတည်းကို ဖန်ခွက် များစွာမှာ ခွဲ ထည့်လိုက်ပါတယ်..။ တစ်ခွက်စီမှာ ရှိတဲ့ရေ တွေကို စကားလုံးအသီးသီး နဲ့ ထိတွေ့ စေပါတယ်..။ ဂီတ သံ ၊ ဘုရားရှိခိုးသံ စသည်ဖြင့်လည်းပါပါတယ်..။

ပြီးတော့ ထိုရေခွက်အသီးသီးကို အေးခဲစေပြီး crystals များကို microscopic photography ရိုက်ပါတယ်..။
ဒေါက်တာအီမိုတို သုံးစွဲခဲ့တဲ့ စကားလုံး တွေကတော့
၁။ “You make me sick, I will kill you”
၂။ “Adolph Hitler”
၃။ “Thank you”
၄။ “Love and Appreciation” စတာ တွေဖြစ်ပြီး အင်္ဂလိပ်ဘာသာ၊ ဂျာမန် ဘာသာ စသည်ဖြင့်လည်း ခွဲခြားစမ်းသပ်ခဲ့ ပါ သေးတယ်..။

ဒေါက်တာ အီမိုတို ဟာ ဓာတ်ပုံဆရာ တစ်ယောက်ကို ငှားရမ်းခဲ့ပြီးနောက် ဓာတ်ပုံရိုက်စေခဲ့ပါတယ်..။ ရေ ကိုခဲလိုက်ပြီးနောက် ခရစ္စတယ် ရဲ့ Molecular Structure အမျိုးမျိုးဖြစ်နေတာ ထူးခြားတဲ့ ပုံ-စံတွေကို တွေ့ တဲ့အခါကျတော့မှ ထိုပုံအသီသီးကို နာမည် ကပ်ပါတယ်..။

အကောင်းမြင်စိတ်ထားနဲ့ မေတ္တာဓာတ်အပြည့် ပြောဆိုတာ ကျတော့ အချိုးအစားကျနစွာ လှပနေတာတွေ့ ရပါတယ်..။
အမုန်းဓာတ် နဲ့ ရှုံ့ချပြောဆိုတဲ့စကားလုံး နဲ့ ထိတွေ့ ခံရတဲ့ ရေ မှာတော့ အချိုးမကျ တဲ့အပြင် မလှပတဲ့ ခရစ္စတယ် ဖြစ်နေတာကို ပုံမှာပါတဲ့အတိုင်း မြင် တွေ့ ရပါတယ်..။

ဟစ်တလာဆိုသူအကြောင်း စကားလုံးဆိုရင်တော့အမုန်းနဲ့ပုံဖော်ရတော့မလှပါ။ မာသာထရီဆာ ဆိုရင် လှပါတယ် ။
ဆူညံတဲ့ heavy metal ဂီတသံကတော့ ရေ crystal ကိုတောင် ယိုင်ရွဲ့စေတယ်စေရင် နားထောင်သူများချင့်ချိန် ရမယ်လို့ ကျွန်မထင်ပါတယ် ။

ဘာသာစကားတွေ ဘယ်လို ပဲပြောင်းပြောင်း ရိုင်းစိုင်းတဲ့ ဘန်းစကား တွေ ကြမ်းတမ်းတဲ့ နှုတ်ထွက်စကား တွေက ရေရဲ့ ဖွဲ့စည်းမှုကို ပျက်စေပါတယ်..။ ဒါကြောင့်စိတ်ရဲ့ စွမ်းအင် သည် Ultra Violet Light သို့မဟုတ် Electromagnetic Wave ကဲ့သို့ ရိုက်ခတ်မှု ကြောင့်ဖြစ်တယ် လို့ ဒေါက်တာ အီမိုတို က ဆိုခဲ့တာပါ..။

ဒေါက်တာအီမိုတို ရေးသားခဲ့တဲ့ The Hidden Messages of Water စာအုပ်ဟာ New York Times best seller အရောင်းရဆုံးစံချိန်တင်ခဲ့ပါတယ်..။

“Messages from Water 1” ကို (1999)ခုနှစ် တွင်လည်းကောင်း
“Messages from Water 2” ကို (2002), ခုနှစ် တွင်လည်းကောင်း
“Messages from Water 3” ကို (2004), ခုနှစ် တွင်လည်းကောင်း
“Messages from Water 4” ကို (2008) ခုနှစ် တွင်လည်းကောင်း ထုတ်ဝေခဲ့တာ ကမ္ဘာ့အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်..။

၂၀၀၁ ခုနှစ် မှာ တော့ အရင်စာအုပ်တွေ ထဲ မှာဖေါ်ပြသလို ပုံ တွေ မပါဝင်ပဲ (Water Knows the Answer- ရေ ကအဖြေ ကိုသိသည် ။ ) ဆို တဲ့နာမည် နဲ့ ရှင်းလင်းချက် များယူဆချက်များ ကိုသာဖေါ်ပြခဲ့ပါတယ်..။ အဲဒီစာအုပ်ကလည်းဂျပန် မှာသာမကဘူး ကမ္ဘာ မှာ ပါ နာမည် ကျော်ကြားလူကြိုက်များခဲ့ပါတယ်..။

ကမ္ဘာ ပေါ် မှာ ရှုပ်ထွေး ဆန်းကြယ် လှသော အရာများစွာရှိပါတယ်..။ အကြောင်း ရင်းကို သိအောင်ကြိုးစားလေ နားလည် နိုင်စွမ်းကင်းမဲ့ရလေလေ ဖြစ်ရပါတယ် တဲ့..။

ရှုပ်ထွေးနက်နဲသောအကြောင်းအရာများစွာရဲ့ ၃ % လောက်ကိုသာ နားလည် နိုင်ကြပြီး ၉၇ % ကတော့ ရှုပ်ထွေးနက်နဲနေဆဲ လို့ ဒေါက်တာ အီမိုတို ကဆိုပါတယ်..။
သိပ္ပံ လောက မှာကတော့ ပြီးပြည့်စုံ တဲ့ Experimental Design တွေ မဟုတ်လို့ ဆိုပြီး ဒေါက်တာ အီမိုတိုရဲ့ စမ်းသပ်ချက်ကို Pseudo Science သိပ္ပံအတု လို့ ဝေဖန် ကြတာတွေလည်းရှိခဲ့ပါတယ်..။

ကျွန်မ ကတော့ ဘုရားရှင် ရဲ့ တရားတော် နဲ့ ကိုက်ညီ မှု ရှိလို့ ယုံကြည်လက်ခံ ပါတယ်..။ လိပ်ဥများစွာ ဥချ ခဲ့တဲ့ လိပ်မကြီး ဟာ လိပ်ကလေး တွေကို အဝေးရောက်နေသော်လည်းမေတ္တာဖြန့်ကျက်နိုင်လို့ အကောင်ပေါက်စေခဲ့တယ်..။ တစ်စုံတရာကြောင့်လိပ်မကြီး သေဆုံးခဲ့လျှင်အကောင်မပေါက်တော့ တဲ့ သဘာဝ တရား များလည်း ရှိထားသည်ပင် ..။

ကျွန်မတို့ ရဲ့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ ( အချိန်တိုင်းတွေး နေရင်းဘဝပြောင်းနေသည် ) ဆိုတဲ့ စကားလုံး ကို ဒေါက်တာ အီမိုတို ရဲ့ စမ်းသပ်ချက်ကထောက်ခံ ရာရောက်တယ် လို့ ထင်မြင်မိပါတယ်..။

မေတ္တာတရားရဲ့ စွမ်းအင်များ တစ်နည်း Love Energy ကြောင့် သက်မဲ့ ဖြစ်တဲ့ ရေ ရဲ့ Crystal Structure တောင်ပြောင်းလဲ နိုင်စွမ်း ရှိတယ် ဆိုလျှင်…သက်ရှိဖြစ်တဲ့ ကျွန်မ ချစ်တဲ့ သစ်ပင်များ နဲ့ ချစ်ခင်မြတ်နိုးစွာ စကား ပြောဆို ပါလျှင် လှပစွာ ရှင်သန်စိမ်းလန်းစေမယ်ဆိုတာကိုဖြင့် တကယ် ပဲ ယုံကြည် မိပါတယ်..။

ထို့ထက် ထို့ထက်….. သက်ရှိသတ္တဝါများ…. လူသား များ အားလုံးသည် ချစ်ခင်မြတ်နိုးခြင်း ၊တန်ဘိုးထားလေးစားခြင်း ရဲ့ အဓိပ္ပါယ် များ လွှမ်းခြုံ လျက် ရှိစေ ရန် ကျွန်မ ဆုတောင်း လိုပါတယ်..။ ထို မေတ္တာ ရဲ့ စွမ်းအင်များကြောင့် လောက ကမ္ဘာ သာယာ လှပပါစေကြောင်း ယုံကြည်မျှော်လင့်လျှက် ။

မေတ္တာဖြင့်
သစ္စာအလင်း
( 20.July 2015)

 တိုးတက် အောင်မြင်ခြင်းရဲ့ လမ်းစ၊Japan Myanmar လုပ်သမားများအေဂျင်စီမှ construction visa ရထားတဲ့ ကျောင်းသားလေး ၂ ယောက် နဲ...
08/06/2023



တိုးတက် အောင်မြင်ခြင်းရဲ့ လမ်းစ၊

Japan Myanmar လုပ်သမားများအေဂျင်စီ
မှ construction visa ရထားတဲ့ ကျောင်းသား
လေး ၂ ယောက် နဲ့ တခြား ဂျပန် အေးဂျင့် မှ
၃ ယောက် စုစုပေါင်း ၅ ယောက်ဟာ ပြီးခဲ့ တဲ့ ဧပြီ လကုန် ကစပြီး Excavator Operator Simulator Training ကို ကြိုးစားစွာ တက်ရောက် ခဲ့ ကြပါတယ် ၊ တဖက်နိုင်ငံက ဒီသင်တန်းကို ကြိုတင်တက်လာဖို့ အကြံပြုထားတဲ့ အတိုင်း လူငယ်လေးတွေ အပြင်းအထန် ကြိုးစားသင်ယူကြတာ တကယ် အံ့ဩ ဝမ်းသာစရာ ၊ အားကျ
စရာ ကောင်းပါတယ် ။

တချို့သောသူတွေဟာ ခက်ခဲတဲ့ အခြေနေ
အ ချိိန်ခါဖြစ်နေပါစေ မိမိ ကြိုးစားရမဲ့ ကိစ္စ
ရပ်တွေကို တိတ်ဆိတ်စွာ ပြီးဆုံး အောင်မြင်
အောင် တစိုက်မတ်မတ် ကြိုးစားနေကြပါ
တယ် ၊ ရွက် မရှိလျှင် တက်၊ တက်မရှိလျှင်
လက် ဖြင့် ရောက်အောင် ကြိုးစား လှော်
ခတ်နေသူ ဟာ နေ့စဉ် ရှင်သန် နေသူ ဖြစ်
ပါတယ် ။ ဒီလို ကြိုးစားနေတတ်သူတွေဟာ
တနေ့ မှာ သေချာပေါက် အောင်မြင် လာမှာပါ။

INNOVATIVE Learning System မှ
၂၀၂၃ ဇွန်လ လယ် အတွက်
Excavator ဘက်ဟိုးစက်မောင်း
(စင်မျူလေတာ) သင်တန်း ကို

ဇွန်လ ၁၅-၆-၂၀၂၃ ရက်
ကြာသပတေးနေ့ တွင်ဖွင့်လှစ်မည် ဖြစ်
ကြောင်းသတင်းကောင်းလေး ပေးပါရစေ

ဘယ်သူတွေ ဒီသင်တန်း တက်သင့်ပါ သလဲ ?

၁ ။ သူငယ်ချင်း ဟာ ဘက်ဟိုးစက် မောင်း
တတ် နေ သူ ၊ ဘက်ဟိုး စက် နဲ့ လုပ်ကိုင်ခဲ့သူတ ယောက်ဖြစ်ပြီး ပြည်ပ ပြည်တွင်း ISO Standards company တွေ မှာ မိမိ ဘဝ တိုးတက် အောင် ကြိုးစားလိုစိတ် ရှိနေသူ ဆိုရင် တက်ပါ ။

နိုင်ငံခြားတွင် စက်မောင်းသူအနေ
နှင့် လုပ်ကိုင်ကြိုးစား မည်ဟု ဆုံးဖြတ်ထား
သူ ဆိုလျှင် တက်ပါ ။

၂။ သူငယ်ချင်းဟာ စက်မောင်းအကူ
Helper အနေနဲ့ ၁ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ နိုင်ငံခြားသား တွေနဲ့ ပူးတွဲ ကြိုးစားလိုသူ ၊ ရှေ့ဆက် ၍ Operator တယောက်အနေနဲ့ ဆက်လက်လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားသူ ဆိုရင် တက်ပါ ။

ပြည်ပ ပြည်တွင်း ဆောက်လုပ်ရေး လုပ်
ငန်းသုံး ဘက်ဟိုး စက်မောင်းသူ အဖြစ်
လုပ်ကိုင်နေသူများအတွက် အရေးကြီး
ဆုံး အချက်မှာ ဘေးအန္တရယ်ကင်းစွာ
နှင့် လုပ်ငန်းကို မှန်ကန် ကျွမ်းကျင်စွာ
လုပ်ကိုင် နိုင်ခြင်း ဖြစ်ပါတယ် ။

ယခု ကာလ ပြည်တွင်း ပြည်ပတွင်
ဘက်ဟိုး စက်မောင်းသူ
တို့ အနေဖြင့် စက်မောင်းခြင်း အသိပညာ
နှင့်မောင်းနှင်ရေး အခြေခံ သင်ခန်းစာ
များ ကို စနစ် တကျ မှန်ကန်စွာ
ဘေးကင်းစွာမောင်းနှင်တတ်ကြောင်း
သင်တန်းပြီးဆုံးတဲ့အခါ
အသိမှတ်ပြု လက်မှတ် ၂ ခု ကို
ချီးမြှင့်ပေးပါမယ် ။

၁၅-၆-၂၀၂၃။ ကြာသပတေး နေ့ တွင်
သင်တန်းဖွင့် ပါမယ်။
သင်တန်းကြေး ၂၈၀၀၀၀/- ကျပ် ။
သင်တန်းကာလ ၈ ရက် ဖြစ်ပါတယ် ။

ဖုံး 09767097716

လိပ်စာ ဦးသိန်းထွန်းဦး
အမှတ် ၅၅ (က)
ကန့်ကော်မြိုင်လမ်း၊
အောင်ဆန်းဈေးအနီး
အင်းစိန်မြို့နယ် ၊ ရန်ကုန် ။

သင်တန်းတက်ရန်
စိတ်ဝင်စားသူများ အနေဖြင့်
စုံစမ်းလေ့လာ၍ စာရင်းကြိုတင်
ပေးနိုင်ပါတယ် ။

သင့်​၏သူငယ်ချင်း
များကိုလည်းမျှဝေ ပြောပြပေးပါဗျာ ။
သင်တန်းသား ၄ ယောက်သာ
လက်ခံ သင်ကြားမှာဖြစ် ပါတယ် ။

ချမ်းမြေ့ ကြပါစေ။

 #ဗုဒ္ဓဘာသာဝင်ကောင်းတို့၏နှလုံးသားး။“ငြိမ်းအေးတဲ့ ဘဝတစ်ခုရဖို့ အချက် ၈ ချက်” (မဂ္ဂင် ၈ ပါး အကျင့်တရား)ဒေါက်တာာ ဖြိုးသီဟ ...
06/04/2023

#ဗုဒ္ဓဘာသာဝင်ကောင်းတို့၏နှလုံးသားး။

“ငြိမ်းအေးတဲ့ ဘဝတစ်ခုရဖို့ အချက် ၈ ချက်” (မဂ္ဂင် ၈ ပါး အကျင့်တရား)
ဒေါက်တာာ ဖြိုးသီဟ ၏ post ကိုကူးယူမျှဝေ၊

မဂ္ဂင် ၈ ပါးတို့၊ နိဗ္ဗာန်ရောက်ကြောင်း တရားတို့ ဆိုလိုက်ရင် လန့်သွားကြတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ သိပ်အဆင့်မြင့်တဲ့၊ ကိုယ်နဲ့ ဝေးကွာတဲ့ ကိစ္စတွေလို့ ထင်ကြတယ်။ တကယ်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာလည်း အသုံးချလို့ ရပါတယ်။

ဒီနေရာမှာ နိဗ္ဗာန်ဆိုတာနဲ့ ပတ်သက်လို့ စပြောချင်တယ်။ ငယ်ငယ်ကတော့ အဲဒါဟာ ဘုံတစ်ခုပဲလို့ ထင်ခဲ့ဖူးတယ်။ အဲဒီကို ရောက်ရင် မြတ်စွာဘုရားနဲ့တောင် တွေ့ရမှာ ဆိုပြီးတော့ပေါ့။ တကယ်တော့ ဗုဒ္ဓဘာသာ အယူအဆအရ နိဗ္ဗာန်ဆိုတာ ဘဝအသစ် ထပ်မဖြစ်တော့ဘဲ ရုပ်ရော၊ နာမ်ရော ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုတာ။

အဲဒီတော့ နိဗ္ဗာန်ကို ယုံဖို့ဆိုရင် သံသရာဆိုတာပါ ယုံမှ ရတော့မယ်ပေါ့။ ပြောရရင် ဒါတွေက သက်သေပြရလည်း ခက်တယ်။ နိဗ္ဗာန် တကယ်ရှိမရှိ မပြောနဲ့၊ နောက်ဘ၀ ဘာဖြစ်ကြမယ် ဆိုတာတောင် ဘယ်သူမှ သေချာမသိဘူး။ ကိုယ့်ယုံကြည်မှု၊ လေ့လာမှုအရသာ ပြောနေကြခြင်း ဖြစ်တယ်။

ကျွန်တော်ကိုယ်တိုင်ရော နိဗ္ဗာန်လိုချင်လားလို့ မေးရင် မလိုချင်ဘူး။ လူရှိန်အောင် ပြောမယ်ဆိုရင်တော့ ပြောလို့ ရတာပေါ့ဗျာ။ တကယ့်စိတ်ထဲကနေတော့ မလိုချင်သေးတာ ကိုယ့်ဟာကိုယ် သိတယ်။ ရုပ်တွေ၊ နာမ်တွေ ချုပ်သွားရင် ငါက ဘယ်ရှိတော့မလဲ ဆိုပြီး တွေးမိတုန်း။ ငါ ဆိုတဲ့ စွဲလမ်းမှု မပျောက်သေးမှတော့ နိဗ္ဗာန်ရောက်ချင်တဲ့စိတ်က ဘယ်ပေါ်ပါ့မလဲ။ လိုချင်ပါတယ် ဆိုပြီး ပြောနေတဲ့သူတွေလည်း သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ နေထိုင်ပြောဆိုတာ ကြည့်လိုက်ရင်ကိုပဲ တကယ်လိုချင်တာ ဟုတ်မဟုတ် သိနိုင်တယ်ပေါ့။

ဒါဖြင့် ဘာဖြစ်ချင်လဲဆို ဘဝဆက်တိုင်း အဆင်ပြေပြေ နေချင်တယ်။ လူကောင်း ဖြစ်ချင်တယ်။ တန်ဖိုးရှိတဲ့ ဘဝတစ်ခု လိုချင်တယ်။ ဘဝတစ်ခု ရလာရင် ဒုက္ခဆိုတာ ရှိလာမှာပဲ ဆိုပေမဲ့ တတ်နိုင်သမျှတော့ ဒုက္ခနည်းနည်းနဲ့ နေချင်တယ်။ စိတ်နှလုံး အေးချမ်းချင်တယ်။ ခု ဆက်ရေးမှာကလည်း ကျွန်တော့်လို လူတွေအတွက် ရည်ရွယ်ပါတယ်။

တန်ဖိုးရှိတဲ့၊ အေးချမ်းတဲ့ ဘဝတစ်ခု ရဖို့ လိုအပ်တဲ့ အချက် ၈ ချက်ပဲ ဆိုပါတော့။

◾၁။ မှန်သော လုပ်ရပ် (Right Action)

ကိုယ့်အကျိုးအတွက် သူတစ်ပါးအသက်ကို မသတ်ရဘူး။ မနှိပ်စက်ရဘူး။ သူတစ်ပါးပစ္စည်း မခိုးရဘူး။ သူများသားမယား မစော်ကား၊ မကျူးလွန်ရဘူး။ ဒါ ၅ ပါးသီလမှာ ပါတဲ့ ရှေ့ဆုံး ၃ ခု။ တစ်နည်းအားဖြင့် ဒါတွေဟာ ရှောင်ရှားစောင့်ထိန်းရတဲ့ ကိစ္စတွေ ဖြစ်တယ်။

လူဆိုတာက မဟုတ်တာ မလုပ်ဘူး ဆိုရုံနဲ့တင် မပြီးသေးဘူး။ ဟုတ်တာတွေလည်း လုပ်ရမယ်။ တာဝန်ကျေရမယ်။ ကလေးဘဝမှာ စားသောက်တာ၊ အညစ်အကြေး စွန့်တာကစလို့ ကိုယ့်တာဝန်တောင် ကိုယ်မယူနိုင်သေးဘူး။ ဆယ်ကျော်သက်အရွယ်ကျ တာဝန်တချို့ ယူနိုင်လာတယ်။ ဒါတောင် ငွေကြေးအရ မိဘအပေါ် မှီခိုနေရတုန်း။ အဲ့လိုကနေမှ အလုပ်ရလာတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်လာတယ်။ ကိုယ် ဖြစ်တည်တဲ့ မိသားစု၊ နောက်တစ်ဆင့် ကိုယ်ဆောက်တည်တဲ့ မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ အဲဒီကနေမှ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံထိ တာဝန်ယူနိုင်စွမ်းကို ချဲ့ချဲ့သွားရမယ်။

အခု တော်လှန်ရေးမှာ တစ်နည်းနည်းနဲ့ ပါဝင်နေကြတယ် ဆိုတာလည်း ဒါပဲ။ နိုင်ငံသားတာဝန်ကို ယူနေကြခြင်း ဖြစ်တယ်။ ဒါကြောင့် လူဆိုတာ မဟုတ်တာ မလုပ်ရုံနဲ့ လူမပီသဘူး။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ ယူသင့်ယူထိုက်တဲ့ တာဝန်ကို ယူရမယ်။ ယူရကောင်းမှန်း သိရမယ်။ ယူနိုင်စွမ်းလည်း ရှိရမယ်။ ဒါမှ Right action လို့ ကျွန်တော်ကတော့ ခံယူတယ်။

◾၂။ မှန်သော စကား (Right Speech)

စကားဆိုပေမဲ့ ပါးစပ်က ထွက်တာ တစ်ခုတည်း မဟုတ်ဘဲ ရေးတဲ့ စာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ တင်တဲ့ ပို့စ်၊ ပို့တဲ့ မက်ဆေ့တွေ စသဖြင့် ပါပါမယ်။ ကိုယ်ကနေ သူများကို ဆက်သွယ်အသိပေးတဲ့ နည်းလမ်းအကုန်ပဲ ဆိုပါတော့။

အဲ့လိုတန်ဖိုးရှိတဲ့ စကားဖြစ်ဖို့အတွက် အချက် ၅ ချက် ဟောထားပါတယ်။ ကိုယ်ပြောတဲ့ စကားဟာ မှန်ရမယ်။ အကျိုးရှိရမယ်။ အချိန်အခါ သင့်ရမယ်။ တစ်ဖက်သား နာယူလိုတဲ့ အနေအထားနဲ့ ပြောရမယ်။ အထင်သေးသလို၊ ဆဲသလို ပြောတာမျိုး မဖြစ်ရဘူးပေါ့။ နောက်ဆုံးတစ်ချက်ကတော့ မေတ္တာရှေ့ထား ပြောရမယ်။ ကိုယ်အသာရဖို့ ဖိနှိပ်ပြောတာမျိုး၊ ဒေါသနဲ့ ပြောတာမျိုး မဖြစ်ရဘူး။

တစ်နည်းအားဖြင့် ဒါတွေဟာ Communication skill ပဲ။ လုပ်ငန်းခွင်မှာ၊ လူနေမှုဘဝမှာ ဖြစ်တဲ့ ပြဿနာ တော်တော်များများဟာ ဆက်သွယ်မှု အဆင်မပြေခြင်းကြောင့် ဖြစ်နေရတာမို့ ဒါတွေကိုသာ အသုံးချနိုင်မယ်ဆို အများကြီး အဆင်ပြေသွားနိုင်တယ်။

◾၃။ မှန်သော အသက်မွေးမှု (Right Livelihood)

တခြား ၇ ချက်ကိုသာ ပါဠိလို ပြောရင် မသိကြပေမဲ့ ဒီတစ်ချက်ကိုတော့ ကျွန်တော်တို့တွေ မကြာခဏ ပြောမိကြတယ်။ သမ္မာအာဇီဝတဲ့။ ဒါကြောင့် ဒီ ၈ ချက်ဟာ ကိုယ်နဲ့ အဝေးကြီး မဟုတ်ဘူးလို့ ပြောရတာ။

ကိုယ့်ရဲ့ အသက်မွေးမှုကြောင့် ထိခိုက်သွားတဲ့သူ မရှိသလောက် နည်းတဲ့ အခြေအနေကို သမ္မာအာဇီဝလို့ နားလည်ထားနိုင်ပါတယ်။ အလုပ်ရဲ့ သဘောသဘာဝအရကို သမ္မာအာဇီ၀ မဖြစ်တာတွေ ရှိသလို၊ ဒီအလုပ်ကို ကိုယ့်အကျိုးအတွက်ပဲ ကြည့်ပြီး လုပ်ခြင်းကြောင့် သမ္မာအာဇီ၀ မဖြစ်တော့တာတွေလည်း ရှိမယ်။

မူးယစ်ဆေးဝါးရောင်းတာ၊ လူကုန်ကူးတာ စတဲ့ အလုပ်မျိုးတွေဟာ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အထဲတော့ မပါနိုင်ဘူး။ လူကုန်တော့ မကူးပေမဲ့ ကိုယ့်ဝန်ထမ်းတွေအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက် အနိုင်ကျင့်မယ် ဆိုလည်း ဒါ သမ္မာအာဇီ၀ မဟုတ်တော့ပါဘူး။ တရားမျှတမှုကို ဆောင်ကြဉ်းပေးရမဲ့ တရားသူကြီး ဖြစ်နေပေမဲ့လည်း လာဘ်စားနေရင်တော့ အလကားပဲပေါ့။ အရက်ရောင်းဝယ်တာ မကောင်းဘူး ဆိုရင်တောင် အရက်တု ထုတ်ပြီး ရောင်းတာက ပိုဆိုးလိမ့်ဦးမယ်ပေါ့။

ဒါကြောင့် လုပ်တဲ့အလုပ်က ကောင်းနေတယ်ဆိုရင်တောင် သမ္မာအာဇီ၀ မဖြစ်သေးဘူး။ မှန်မှန်ကန်ကန်လည်း လုပ်နေဖို့ လိုပါတယ်။ ခေတ်စကားနဲ့ ပြောရရင် Professionalism ပေါ့။

◾၄။ မှန်သော အားစိုက်ထုတ်မှု (Right Effort)

ဒီနေရာမှာတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကို ဦးစားပေး ပြောပါမယ်။ ကိုယ့်ဆီမှာ မကောင်းတဲ့ စိတ်တွေ မဖြစ်အောင် သတိထားမယ်။ ဖြစ်လာရင်လည်း မြန်မြန်ဖယ်ရှားမယ်။ ကောင်းတဲ့ စိတ်တွေ ဖြစ်အောင် မွေးမြူမယ်။ အမြဲမပြတ် ဖြစ်နေအောင် ကြိုးစားမယ်။

ဟေတုပစ္စည်းရဲ့ အဓိပ္ပါယ်အတိုင်းပဲ ကျွန်တော်တို့ကို လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ စိတ် ၆ မျိုးက အဓိက မောင်းနှင်တယ်။ ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်တစ်ယောက်တည်းမှာကိုပဲ လူပုံစံ ၆ မျိုး ကွဲသွားတယ်။ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်။ ဒေါသ ထွက်နေတဲ့အချိန်နဲ့ မထွက်တဲ့အချိန် မတူဘူး။ အလောဘ ဝင်နေရင် လူက လှူချင်တန်းချင်စိတ် ဖြစ်မယ်။ ပေးမယ် ကမ်းမယ်။ လောဘ ဝင်လာတာနဲ့ လိုချင်စိတ်​တွေ ကြီးလာတယ်။

ဒါကြောင့် ဟေတုပစ္စယောလို့ ရွတ်တိုင်း ရွတ်တိုင်းမှာ ဒီအချက်ကို သဘောပေါက်ဖို့ လိုမယ်။ မကောင်းတဲ့ စိတ်တွေ မဖြစ်အောင် ကြိုးစားရမယ်။ မတော်တဆ ဒေါသဖြစ်သွားတယ်ဆို သတိလေးနဲ့ ပြန်ထိန်းမယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေ ဝင်နေအောင် ကြိုးစားရမယ်။ မွေးမြူရမယ်။

◾၅။ မှန်သော သတိ (Right Mindfulness)

ဆရာတော် ဦးဇောတိက ဟောသလို “One thing at a time” တစ်ကြိမ်မှာ တစ်ခုတည်း လုပ်ပါ ဆိုတဲ့ သဘောပဲ။ ခုနောက်ပိုင်း ပြောလာကြတဲ့ Multi-tasking နဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေမယ်။ ဥပမာ အိမ်အလုပ်လုပ်ရင်း Podcast တစ်ခု ဖွင့်ပြီး နားထောင်နေမယ်ဆို အိမ်အလုပ်လည်း ပြီးတယ်။ လေ့လည်း လေ့လာဖြစ်တယ်ပေါ့။ သို့သော် အိမ်အလုပ်မှာရော၊ လေ့လာမှုမှာပါ ၁၀၀ % ရဖို့တော့ ခက်မယ်။ တစ်ခုခုမှာ အားနည်းသွားနိုင်တယ်။ နောက်တစ်မျိုးက လူက တစ်နေရာ၊ စိတ်က တစ်နေရာ။ ဒါက ပညာပဲသင်သင်၊ အလုပ်ပဲလုပ်လုပ် ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ကိစ္စ။ ရုပ်ရှင်ကြည့်ရင်း မုန့်စားတယ်ဆိုလည်း ကိုယ့်အာရုံက ရုပ်ရှင်မှာ ရှိနေတဲ့အတွက် မုန့်ပိုစားမိသွားဖို့ ပိုများတယ်။ Healthy Eating မဖြစ်တော့ဘူး။ ဒါကြောင့် တတ်နိုင်သမျှ One thing at a time ကို ကျင့်သုံးဖို့ လိုမယ်။

ခုနောက်ပိုင်း Mindfulness နဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လာကြတယ် ဆိုတာ အဲဒါပဲ။ ကိုယ့်ရဲ့ သတိကို တစ်နေရာတည်း (ဥပမာ နှာသီးဖျား) မှာပဲ ရှိနေအောင် လေ့ကျင့်တာ။ တစ်နည်းအားဖြင့်တော့ One thing at a time ပေါ့။

◾၆။ မှန်သော စိတ်တည်ငြိမ်မှု (Right Concentration)

Mindfulness လေ့ကျင့်ခန်းတွေ လုပ်ပါများလာတဲ့အခါ အာရုံစူးစိုက်မှု ကောင်းလာတယ်။ စိတ်က ဂယောက်ဂယက် မဖြစ်တော့ဘူး။ တည်ငြိမ်လာတယ်။ ဒါကို သမာဓိ ရလာတယ်လို့ ဆိုကြတယ်။

◾၇။ မှန်သော အတွေး (Right Thought)

သမာဓိ ကောင်းလာရင် စိတ်က ကြည်လင်လာတယ်။ မကောင်းတဲ့ ခံစားချက်တွေ နည်းသွားတယ်။ ဒီတော့ အတွေးတွေ မှန်လာတယ်။ နောက်တစ်ချက်က ဒီအတိုင်း ထိုင်တွေးနေရုံနဲ့လည်း ထူးမလာဘူး။ စဉ်းစားကြည့်လေ။ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေဆိုတာ သူ့ဟာသူ အလိုလို ပေါ်လာတာမှ မဟုတ်တာ။ ရုပ်ရှင်ကား၊ စာအုပ်၊ ဝတ္ထု၊ အဖြစ်အပျက် စသဖြင့် တစ်ခုခုကို အခြေတည်ပြီးမှ ဆက်စပ် ပေါ်လာကြတာတွေကိုး။

ဒါကြောင့် လေ့လာဖို့ လိုတယ်။ ကိုယ်တိုင် လုပ်ကြည့်ဖို့ လိုတယ်။ အဲ့လိုကနေမှ တွေးရမယ်။ စဉ်းစားဆင်ခြင်ရမယ်။ ဒီအခါ နောက်ဆုံးအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ သဘောပေါက် နားလည်မှုတွေ ပြောင်းလဲတိုးတက်လာလိမ့်မယ်။

◾၈။ မှန်သော သိနားလည်မှု (Right Understanding)

အိုခြင်းသဘောကို နားလည်လာတယ်။ ဒီတော့ ကိုယ့်လှပမှု၊ ငယ်ရွယ်မှုနဲ့ ပတ်သက်လို့ မာန်မတက်တော့ဘူး။ နာခြင်းသဘောကို နားလည်လာတော့ ငါ ကျန်းမာတယ် ဆိုပြီး ဂုဏ်မမောက်တော့ဘူး။ မလှပတော့တဲ့အခါ၊ နေထိုင်မကောင်း ဖြစ်တဲ့အခါမှာလည်း ခံနိုင်ရည် ရှိတယ်။ တစ်နေ့ ခွဲခွာရမယ်၊ သေကြရမယ် ဆိုတာ သိထားတော့ မတပ်မက်တော့ဘူး။ အတူရှိတုန်းခဏ အဆင်ပြေအောင် နေကြမယ်။ စိတ်ချမ်းသာအောင် လုပ်ပေးကြမယ် ဆိုပြီးပဲ တွေးမိတော့မယ်။ ဒီပစ္စည်းဥစ္စာတွေဟာလည်း မတည်မြဲဘူး ဆိုတာ သိသွားရင် သမ္မာအာဇီဝပဲ စီးပွားရှာတော့မယ်။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးရတဲ့အခါမှာလည်း တအား မပူလောင်တော့ဘူး။

ဒါ အခြေခံအကျဆုံး သိနားလည်မှုတွေပဲ ရှိသေးတယ်။ ဘာသာရေးအရဆိုရင်တော့ ဒီထက် အဆင့်မြင့်မြင့် သဘောပေါက်ရမှာတွေ ရှိဦးမယ်။ သို့သော် ဒီလောက်ဆိုရင်ကိုပဲ လူကောင်းတစ်ယောက် ဖြစ်သွားမယ်။ အေးချမ်းတဲ့ ဘဝတစ်ခု ရသွားမယ်။

ပထမ ၃ ချက် (Action + Speech + Livelihood) ကို တစ်စုတည်း ပေါင်းလိုက်တဲ့အခါ သီလ ဖြစ်သွားတယ်။ နောက် ၃ ချက် (Effort + Mindfulness + Concentration) ပေါင်းလိုက်ရင် သမာဓိ ဖြစ်သွားပြီး နောက်ဆုံး ၂ ချက် (Thought + Understanding) ကတော့ ပညာ ဖြစ်ပါတယ်။ ဒါကြောင့် မဂ္ဂင် ၈ ပါးဆိုတာ ချုပ်လိုက်ရင် သီလ၊ သမာဓိ၊ ပညာ ၃ ချက်ပါ။

ဒီ ၃ ခုက တစ်ခုပြီးမှ တစ်ခုလာပါတယ်။ အခြေခံပညာ အောင်ပြီးမှ တက္ကသိုလ်တက်ခွင့် ရတဲ့ သဘောပဲ။ ဆိုလိုတာက သီလ မရှိဘဲ သမာဓိ မရှိနိုင်ဘူး။ အဲဒီ ၂ ခု မရှိသေးဘဲနဲ့လည်း ကြိုက်သလောက် တရားစခန်းဝင်၊ တရား မရနိုင်ဘူး။ ပညာ မရနိုင်ဘူး။ ဒါကြောင့် အဆင့်ဆင့် တည်ဆောက်သွားဖို့ လိုပါတယ်။ အဲ့လိုပဲ ကိုယ့်စိတ်ကလေးကိုတောင် အေးချမ်းအောင် မထားနိုင်သေးဘဲ၊ လောဘ၊ ဒေါသတွေ မလျှော့နိုင်သေးဘဲ နိဗ္ဗာန်ရောက်ရပါလို၏ လို့ ဆုတောင်းနေလည်း အလကားပဲပေါ့။

ဆို​တော့ ဒီ ၈ ချက်ကို နိဗ္ဗာန်ရောက်ဖို့အတွက် အသုံးမချခင် ကိုယ့်လက်ရှိဘဝလေး တန်ဖိုးရှိဖို့၊ အေးချမ်းဖို့ကိုပဲ အရင်ဆုံး ကြိုးစားကြည့်စေချင်ပါတယ်။

ဘာသာရေးက အကဲဆတ်တယ် ဆိုတဲ့နေရာမှာ တကယ်ကတော့ ကိုယ်ယုံကြည်ထားတာကမှ အမှန်လို့ ယူဆနေကြခြင်းကြောင့်ပါ။ နိဗ္ဗာန်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ နောင်ဘ၀ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘာသာတစ်ခုခုကို ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ ဘုံတူညီချက် (Common ground) ကတော့ လက်ရှိဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းချင်ကြတယ်။ စိတ်ငြိမ်းချမ်းချင်ကြတယ်။ ဒီအထိုင်ပေါ်ကနေပဲ ကျွန်တော် စာတွေ ရေးပါတယ်။ သိသလောက် မျှဝေပါတယ်။ ဘယ်သူပဲဖတ်ဖတ် တစ်စုံတစ်ရာ အကျိုးရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃.၁၀.၂၀၂၁

https://t.me/+GxkYNeDS3iYyNGQ1

   မှExcavator ဘက်ဟိုးစက်မောင်း(စင်မျူလေတာ) သင်တန်း ကိုဒီဇင်ဘာ လ  အတွက်  ၃-၁၂-၂၀၂၂စနေ နေ့ တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်းသ...
27/11/2022

မှ
Excavator ဘက်ဟိုးစက်မောင်း
(စင်မျူလေတာ) သင်တန်း ကို
ဒီဇင်ဘာ လ အတွက် ၃-၁၂-၂၀၂၂
စနေ နေ့ တွင် ဖွင့်လှစ်မည် ဖြစ်
ကြောင်းသတင်းကောင်း ပေးလိုပါတယ် ။

ထက်မြက်၍ အမျှော်အမြင်ရှိသူ တချို့ သည် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ် ၊ ခက်ခဲသော အခြေ အနေ အချိန်အခါ တို့ ကို
အကြောင်းပြ ၍ငေး ငိုင် ရပ်တန့် နေမည့်အစား တက် မရှိလျှင် လက် နှင့် လှော် မည်ဟု စိတ်
ပိုင်းဖြတ် ကြိုး စားနေသူ သည် ၄င်း ၊ ဖေါက်
ထွက် လျှောက်လှမ်းနေတတ် သူတို့သည် ၄င်းဆက်လက် ရှင် သန်နေဆဲ ဖြစ်ပါတယ် ။

ဘယ်သူတွေ ဒီသင်တန်း တက်သင့်ပါ သလဲ ?

၁ ။ သူငယ်ချင်း ဟာ ဘက်ဟိုးစက် မောင်း
တတ် နေ သူ ၊ ဘက်ဟိုး စက် နဲ့ လုပ်ကိုင်ခဲ့သူတ ယောက်ဖြစ်ပြီး ပြည်ပ ပြည်တွင်း ISO Standards company တွေ မှာ မိမိ ဘဝ တိုးတက် အောင် ကြိုးစားလိုစိတ် ရှိနေသူ ဆိုရင် တက်ပါ ။ နိုင်ငံခြားတွင် စက်မောင်းသူအနေ
နှင့် လုပ်ကိုင်ကြိုးစား မည်ဟု ဆုံးဖြတ်ထား
သူ ဆိုလျှင် တက်ပါ ။

၂။ သူငယ်ချင်းဟာ စက်မောင်းအကူ
Helper အနေနဲ့ လုပ်ကိုင်ခဲ့ပြီး ပြည်တွင်း
ပြည်ပ နိုင်ငံခြားသား တွေနဲ့ ပူးတွဲ ကြိုးစားလိုသူ ရှေ့ဆက် ၍ Operator တယောက်အနေနဲ့
ဆက်လက်လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားသူ
ဆိုရင် တက်ပါ ။

ပြည်ပ ပြည်တွင်း ဆောက်လုပ်ရေး လုပ်
ငန်းသုံး ဘက်ဟိုး စက်မောင်းသူ အဖြစ်
လုပ်ကိုင်နေသူများအတွက် အရေးကြီး
ဆုံး အချက်မှာ ဘေးအန္တရယ်ကင်းစွာ
နှင့် လုပ်ငန်းကို မှန်ကန် ကျွမ်းကျင်စွာ
လုပ်ကိုင် နိုင်ခြင်း ဖြစ်ပါတယ် ။

ယခု ကာလ ပြည်တွင်း ပြည်ပတွင်
ဘက်ဟိုး စက်မောင်းသူ
တို့ အနေဖြင့် စက်မောင်းခြင်း အသိပညာ
နှင့်မောင်းနှင်ရေး အခြေခံ သင်ခန်းစာ
များ ကို စနစ် တကျ မှန်ကန်စွာ
ဘေးကင်းစွာမောင်းနှင်တတ်ကြောင်း
သင်တန်းပြီးဆုံးတဲ့အခါ
အသိမှတ်ပြု လက်မှတ်များ ကို
ချီးမြှင့်ပေးပါမယ် ။

၃-၁၂-၂၀၂၂ရက်နေ့ သင်တန်းဖွင့်ရက်
သင်တန်းကြေး ၂၆၀၀၀၀/- ကျပ် ။
သင်တန်းကာလ ၈ ရက် ဖြစ်ပါတယ် ။

ဖုံး 09767097716

လိပ်စာ ဦးသိန်းထွန်းဦး
အမှတ် ၅၅ (က)
ကန့်ကော်မြိုင်လမ်း၊
အောင်ဆန်းဈေးအနီး
အင်းစိန်မြို့နယ် ၊ ရန်ကုန် ။

သင်တန်းတက်ရန်
စိတ်ဝင်စားသူများ အနေဖြင့်
စုံစမ်းလေ့လာ၍ စာရင်းကြိုတင်
ပေးနိုင်ပါတယ် ။

သင့်​၏သူငယ်ချင်း
များကိုလည်း ပြောပြပေးပါဗျာ ။

သင်တန်းသား ၄ ယောက်သာ
လက်ခံ သင်ကြားမှာဖြစ် ပါတယ် ။

ချမ်းမြေ့ ကြပါစေ။

Address

175 Mahamyaing Street , Nearby Aung San Market. Insein Township, Yangon
Myanmar

Telephone

959767097716

Website

Alerts

Be the first to know and let us send you an email when Innovative Learning System . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Innovative Learning System .:

Shortcuts

Share

Category