Smart Kids Pre-school Muse

Smart Kids Pre-school Muse Day Care Preschool

မူကြိုတွေက ကလေးတွေကို ပိုညံ့သွားစေသလားခေတ်ဘုန်းသစ်===========================မူကြိုကျောင်းများဟာ ကလေးတစ်ယောက်ရဲ့ ပညာရေးခ...
11/02/2026

မူကြိုတွေက ကလေးတွေကို ပိုညံ့သွားစေသလား
ခေတ်ဘုန်းသစ်
===========================
မူကြိုကျောင်းများဟာ ကလေးတစ်ယောက်ရဲ့ ပညာရေးခြေလှမ်းမှာ
ပထမဆုံးစတင်ပြီးတော့ ချလိုက်ရတဲ့ ခြေလှမ်းတစ်ခုပါ။
ဒါကြောင့်မို့ မူကြိုကျောင်းများဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။

ကလေးတို့ သုံးလေးနှစ်လောက် ရောက်လာပြီဆိုရင်ပဲ
မိဘ တော်တော်များများ က မူကြိုကိုပို့ကြပါပြီ။ မူကြိုကိုပို့တဲ့ရည်ရွယ်ချက်ပေါင်း မြောက်မြားစွာထဲမှ
ကျွန်မတို့ဆီက မိဘတော်တော်များများရဲ့ ရည်ရွယ်ချက်ကတော့
သူငယ်တန်းတက်ရင် စာတွေ အဆင်သင့် ဖြစ်နေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ကြတာများပါတယ်။

အဲလိုပဲ ကျွန်မတို့နိုင်ငံက မူကြိုကျောင်းအများစုကြီးကလည်း
သူငယ်တန်းတက်ရင် ကလေးတို့ သူငယ်တန်းစာ တွေ တစ်အုပ်လုံးနီးနီးလောက် ရနေစေဖို့အတွက် အစွမ်းကုန် လေ့ကျင့်ပေးကြပါတော့တယ်။
ဒါဟာ တကယ်တော့ အင်မတန်ကိုမှ မှားယွင်းတဲ့၊ အန္တရာယ်ရှိလှတဲ့ အလုပ်ကြီးတစ်ခုပါပဲ။

မွေးစကနေ ငါးနှစ်အရွယ် ကာလဟာ ဆော့ကစားတဲ့အရွယ်(play years) လို့ခေါ်ပါတယ်။ ဘာဖြစ်လို့ ဆော့ကစားတဲ့အရွယ်လို့ို့ ခေါ်ရသလဲဆိုရင် ဒီအရွယ်လေးတွေရဲ့ ကစားမှုဟာ လူကြီးတွေ အလုပ်လုပ်သလိုပဲ သူတို့ရဲ့ ကစားနေခြင်းဟာ အလုပ်လုပ်ခြင်းဖြစ်လို့ပါပဲ။
လူ့ဘ၀ထဲကို ၀င်ဖို့အတွက် (စိတ်ပိုင်း၊ ရုပ်ပိုင်း ကြီးပြင်းဖို့အတွက်) သူတို့ ကစားဖို့ လိုပါတယ်။

ကစားတယ်ဆိုတဲ့နေရာမှာ ကြွက်သားကြီးများ သန်မာလာအောင်(gross motor skill)လို ပြေးလွှားလှုပ်ရှားကစားဖို့လိုသလို၊ ကြွက်သားငယ်လေးများ သန်စွမ်းလာအောင်(fine mortor skill)လို ပန်းချီဆွဲတာ၊
ဂျုံရုပ်လေးတွေ(play dough) နဲ့ နယ်ဖက်ကစားတာ၊ အရုပ်မလေးတွေ အင်္ကျီ၀တ်ပေးတာ၊ သစ်သားတုံးလေးတွေတစ်တုံးနဲ့ တစ်တုံးထပ်ပြုကစားတာ တို့တွေကို လုပ်ဖို့လိုပါတယ်။

ပြေးရင်းလွှားရင်း ဆော့ကစားရင်းနဲ့ပဲ လူ့ဘ၀မှာ တကယ်အသုံး၀င် အရေးကြီးလှတဲ့ ကလေးအချင်းချင်း (လူအချင်းချင်း) ပေါင်းတတ်သင်းတတ်စေတဲ့ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်(social skills)ကို ရရှိစေနိုင်မှာပါ။ပေါင်းသင်းဆက်ဆံမှုစွမ်းရည်လေးတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ ကလေးတို့ရဲ့ တည်ထွင်ဖန်တီးမှုစွမ်းရည်လေးတွေ တိုးတက်လာအောင်လုပ်ဖို့ဆိုတာ သိပ်ကိုမှ အရေးကြီးလှပါတယ်။

ကလေးတို့ ရောင်စုံခဲတံလေးတွေနဲ့ ခြယ်ချင်ရာကို ခြယ်သခွင့်ပေးတာ၊
ဂျုံရုပ်လေးတွေနဲ့ လုပ်ချင်တဲ့ အရုပ်လေးတွေကို လုပ်ခွင့်ပေးတာဟာ
ကလေးတို့ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို တိုးတက်လာအောင်လို့ လုပ်ပေးခြင်းပါပဲ။ ဒါတွေဟာ မူကြိုကျောင်းများကနေ မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ့် အရာတွေပါ။

ကလေးတို့ကို ၀လုံး ရေးခိုင်းဖို့(စာရေးခိုင်းဖို့အတွက်)
ကလေးတို့ရဲ့ လက်မောင်း လက်ဖျံ ကြွက်သားတွေ သန်စွမ်းဖို့လိုသလို ၊
လက်ချောင်းလေးတွေ သန်စွမ်းဖို့လိုပါတယ်။ ဒီလိုသန်စွမ်းဖို့အတွက် အပြေးအလွှာ မဆော့မကစားဘဲနဲ့ ရကိုမရပါဘူး။ကလေးတစ်ယောက်ကို
၀လုံးတန်းမရေးခိုင်းခင်မှာ ခဲတံကိုင်ခိုင်းဖို့အတွက် လေ့ကျင့်ပေး၊ လုပ်ပေးရမယ့် အဆင့်တွေရှေ့မှာ အများကြီးရှိပါသေးတယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာဖွံ့ဖြိုးမှုမိုင်တိုင် (mile stone) တွေ
တစ်ယောက်နဲ့တစ်ယောက် မတူတာမို့ သုံးနှစ်ပြည့်ပြီ ၀လုံးစရေးတော့၊
လေးနှစ်ပြည့်ပြီ စရေးတော့ရယ်လို့ လုပ်လို့မရပါဘူး။ စာပွဲဝိုင်းလေးတွေချပြီးတော့စာအုပ်လေးတွေထုတ်ပြီး ကလေးတို့ကို ၀လုံးတွေကိုပဲ
ဲ ထိုင်ရေးနေတဲ့ မြင်ကွင်းကို မူကြိုတော်တော်များများမှာ တွေ့လာရပါတယ်။သိပ်ကိုမှ စိတ်ဆင်းရဲစရာကောင်းတဲ့ မြင်ကွင်းပါ။ သူငယ်တန်းတက်ရင် အဆင်သင့်ဖြစ်အောင် ဆိုပြီးတော့ သူငယ်တန်းစာတွေကို
မရပ်မနားသင်နေတဲ့ မူကြိုကျောင်းတွေမှာကလေးတို့က မျက်နှာငယ်လေးတွေနဲ့ စာတွေရေးလို့ ။ ကျောင်းဖွင့်ရင် အဆင်သင့်ဖြစ်အောင်လို့
သင်နေရတဲ့ သူငယ်တန်းစာဆိုတာကြီးရယ်၊အချိန်ပြည့်နီးပါးလောက်
၀လုံးကို မဝိုင်းဝိုင်းအောင် ရေးခိုင်းနေတဲ့ လေးကြောင်းမျဉ်းစာအုပ်တွေရယ်ဟာကလေးတို့ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်တွေ၊
ပေါင်းသင်းဆက်ဆံမှုစွမ်းရည်တွေ၊ တွေးခေါ်စဉ်းစားမှုစွမ်းရည်တွေ၊ ကိုယ်လက်သန်စွမ်းမှုစွမ်းရည်တွေ အားလုံးကို ခမ်းခြောက်သွားအောင်လို့ လုပ်ပစ်နေတာပါ။

နှမြောစရာ အကောင်းဆုံးကတော့ ဒီအရွယ်ကလေးတွေရဲ့ မွေးရာပါ
စွမ်းရည်တစ်ခုဖြစ်တဲ့ စိတ်ကူးကမ္ဘာထဲကစိတ်ကူးယဉ်ကစားနည်းတွေကို ကစားခွင့်၊ စိတ်ကူးခွင့် မရတော့တာပါပဲ။မူကြိုကျောင်းတွေက
မူကြိုနေရာမှာမနေပဲ သူငယ်တန်းစာတွေကို ကြိုကြိုသင်နေကြတဲ့
ကျွန်မတို့ဆီက ပညာရေးကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

မူကြိုကလေးတစ်ယောက်ဟာ ကျောင်းမတက်ခင်မှာ သူငယ်တန်းစာကို အကုန်ရသွားတယ် ဆိုပါတော့။ ဒါဆို သူငယ်တန်းက ဆရာမတွေ
ဘာတွေကို သင်နေကြသလဲလို့ မေးစရာဖြစ်လာပါပြီ။ မူကြိုမှာ ၀လုံး မရေးတတ်သွားတဲ့ ကလေးတစ်ယောက်ဟာ သူငယ်တန်းတတ်တဲ့ အချိန်မှာ
ကျွန်မတို့တုန်းကလို ဆရာမက ၀လုံးရေး ိမသင်ပေးတော့ဘူးလို့လဲ ပြောကြပါတယ်။

တကယ်တော့သူငယ်တန်းဆရာမတစ်ယောက်ရဲ့ အလုပ်ဟာ သူငယ်တန်းစာသင်ဖို့ပဲ မဟုတ်လား။ သူငယ်တန်းစာကို မူကြိုတွေက သင်နေတာ၊
သူငယ်တန်းကို ကျူရှင်ယူနေရတာတွေကို ကျွန်မနားမလည်အောင်ဖြစ်ရပါတယ်။ ပညာရေးဆိုတာဟာတကယ်တော့ သူငယ်တန်းတစ်ခုတည်းနဲ့
ပြီးသွားတဲဘ ကိစ္စတစ်ခုမဟုတ်ပါဘူး။

ဘ၀တစ်သက်တာလုံး သင်ယူသွားရမယ့် အရာပါ။ ကလေးတို့ မူကြိုမှာတင် စာသင်ရတာ ကြောက်စရာ၊ ကျောင်းဆိုတာဟာ ကြောက်စရာရယ်လို့
ထင်သွားခဲ့မယ်ဆိုရင်ဖြင့် သူတို့ အနာဂတ်ပညာရေးအတွက်
စာသင်ရတာ ပျော်စရာ မဖြစ်နိုင်တော့ပါဘူး။ ကျွန်မကတော့ ကလေးသံရယ်လို့ မကြားရဘဲ မူကြိုဆရာမရဲ့

`ဟဲ့...ဝိုင်းအောင်ရေး...ငေးမနေနဲ့ မြန်မြန်ရေး´

ဆိုတဲ့ အသံတစ်သံကိုပဲ ကြားနေရတဲ့ မူကြိုတွေအစား ကလေးတို့ အော်ဟစ်ဆူဘံစွာ ကစားနေတဲ့၊ ရယ်မောနေတဲ့ မူကြိုကျောင်းတွေကို
ကလေးတို့ အနာဂါတ်အတွက် မြန်မာပြည်ပညာရေး အနာဂါတ်အတွက် များများ မြင်တွေ့ချင်ပါတယ်။

ခေတ်ဘုန်းသစ်
crd #

Happy birthday to Kyi Phyu Linn Latt!🎂🎉🎊🎈Wishing you all the best & may your dreams come true!❤️
22/01/2026

Happy birthday to Kyi Phyu Linn Latt!🎂🎉🎊🎈
Wishing you all the best & may your dreams come true!❤️

Happy birthday to Thu Mon Thar! 🎂🎊🎉May your day be filled with happy & healthy!🥰
10/01/2026

Happy birthday to Thu Mon Thar! 🎂🎊🎉
May your day be filled with happy & healthy!🥰

Merry Christmas & Happy New Year!🎁🎈🎉🎊🎄
24/12/2025

Merry Christmas & Happy New Year!🎁🎈🎉🎊🎄

24/12/2025

Stick dance 💃🕺

We wish you a Merry Christmas!🎄🎅☃️🌲
24/12/2025

We wish you a Merry Christmas!🎄🎅☃️🌲

Christmas trees make us feel happy and uplifted.🌲🎄🌲🎄⛄☃️❄️🌨️Christmas activities! 🌲⛄🌲☃️🌲❄️❤️play , learn & grow together ...
19/12/2025

Christmas trees make us feel happy and uplifted.🌲🎄🌲🎄⛄☃️❄️🌨️
Christmas activities!
🌲⛄🌲☃️🌲❄️
❤️play , learn & grow together with SMART KIDS!

Happy birthday သမီးမြင့်မိုသွန်းခ 🎂🎉🎊မွေးနေ့ကစပြီး လိုအင်ဆန္ဒများပြည့်ဝပါစေ💐
15/12/2025

Happy birthday သမီးမြင့်မိုသွန်းခ 🎂🎉🎊
မွေးနေ့ကစပြီး လိုအင်ဆန္ဒများပြည့်ဝပါစေ💐

Happy Tai New Year!🎉🎊🎈🌸🌸🌸❤️Play , learn & grow together with SMART KIDS!
20/11/2025

Happy Tai New Year!🎉🎊🎈🌸🌸🌸
❤️Play , learn & grow together with SMART KIDS!

Address

Ha-15/101 , Homon Quarter
Muse

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30

Telephone

+959440903319

Website

Alerts

Be the first to know and let us send you an email when Smart Kids Pre-school Muse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category