Bumble Bee International Pre-School, Monywa

Bumble Bee International Pre-School, Monywa A learning hive for the tiny souls . .

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက် (တနင်္ဂနွေ) နေ့မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက်အာဇာနည်နေ့မှာ...တိုင်းပြည်အတွက် ပေးဆပ်သွားခဲ...
19/07/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက် (တနင်္ဂနွေ) နေ့မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက်အာဇာနည်နေ့မှာ...

တိုင်းပြည်အတွက် ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားတွေကို အစဉ်အမြဲ အောက်မေ့သတိရလျက် Bumble Bee International Pre-School မှ ဝမ်းနည်းစွာ ဂါရဝပြုအပ်ပါတယ်။





#အာဇာနည်နေ့

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် (တနင်္ဂနွေ) နေ့မှာ ကျရောက်မယ့် (၇၉) နှစ်မြောက် “အာဇာနည်နေ့” မှာ ကျဆုံးလေပြီးသော ခေါင်းဆော...
19/07/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် (တနင်္ဂနွေ) နေ့မှာ ကျရောက်မယ့် (၇၉) နှစ်မြောက် “အာဇာနည်နေ့” မှာ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရခြင်းနဲ့အတူ ဦးညွှတ်ဂါရဝပြုအပ်ပါတယ် 🥀

အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ Bumble Bee International Preschool ရဲ့ သားသားမီးမီးလေးတွေက Art & Craft ဖန်တီးခဲ့ကြတာဖြစ်ပြီး အဲ့ဒီပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 💛



#အာဇာနည်နေ့

10/07/2026

Bumble Bee International Pre-School မှာတော့ သားငယ်၊ သမီးငယ်လေးတိုင်းကို မိဘရဲ့ မေတ္တာနဲ့မခြား ချစ်ခြင်း၊ ဂရုစိုက်မှုအပြည့်နဲ့ သင်ကြားပြုစုပေးလျက်ရှိပါတယ်။ 💛

Bumble Bee ရဲ့ Teacher များဟာ ကျောင်းမှာ ၄ နှစ်မှ ၇ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အတွေ့အကြုံရှိသူများဖြစ်ပြီး၊ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ရှည်သည်းခံမှု၊ နွေးထွေးတဲ့မေတ္တာနဲ့ အမြဲဦးစားပေး သင်ကြားပေးနေသူများလည်း ဖြစ်ပါတယ်။

Pre-School Teacher တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းများ၊ ကလေးငယ်လေးတွေအပေါ်ထားရှိတဲ့ စိတ်နေသဘောထားများနဲ့ သင်ကြားရေးအပေါ် ခံယူချက်များကို ဒီဗီဒီယိုလေးထဲမှာ မျှဝေထားပါတယ်။

ကြည့်ရှုပြီး Bumble Bee မှ Teacher တွေရဲ့ မေတ္တာ၊ စေတနာနဲ့ ပညာရေးအပေါ်ထားရှိတဲ့ အမြင်တွေကို အတူတကွ လေ့လာကြည့်ရှူလိုက်ပါဦးရှင်။ 🐝✨

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



သားသား၊ မီးမီးတို့ စိတ်ဝင်စားကြတဲ့ တိရိစ္ဆာန်လေးတွေရဲ့  🐝 သဘာဝအကြောင်း✅ 𝐋𝐢𝐟𝐞 𝐂𝐲𝐜𝐥𝐞 တွေအကြောင်း🗺️ ကိုယ့်ရဲ့ပတ်ဝန်းကျင်အကြ...
01/07/2026

သားသား၊ မီးမီးတို့ စိတ်ဝင်စားကြတဲ့ တိရိစ္ဆာန်လေးတွေရဲ့
🐝 သဘာဝအကြောင်း
✅ 𝐋𝐢𝐟𝐞 𝐂𝐲𝐜𝐥𝐞 တွေအကြောင်း
🗺️ ကိုယ့်ရဲ့ပတ်ဝန်းကျင်အကြောင်းကို 𝐁𝐮𝐦𝐛𝐥𝐞 𝐁𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 က လက်တွေ့နဲ့ပေါင်းစပ်ပြီး သင်ကြားပေးနေပါတယ်။

🦀 တိရိစ္ဆာန်လေးတွေအကြောင်း သင်ကြားပေးတဲ့အခါသားသားမီးမီးတို့ နားလည်လွယ်အောင် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီး Activity လေးတွေနဲ့ စနစ်တကျ သင်ကြားပေးတာပါ။

✅ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရင်း သင်ယူစေတာဖြစ်လို့ နားလည်လွယ်စေသလို ပညာသင်ယူရတာကို ပျော်ရွှင်လာစေပါတယ်။

🐝 ဒီနေ့မှာ တိရိစ္ဆာန်လေးတွေအကြောင်း သင်ယူရတဲ့အခါ 𝐁𝐮𝐦𝐛𝐞 𝐁𝐞𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ သားသားမီးမီးလေးတွေ လုပ်ဆောင်နေကြတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်ရှင်။

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



ကျောင်းအပ်လက်ခံတဲ့ ရက်ပိုင်းလေးအတွင်းမှာတင် သတ်မှတ်ကျောင်းသားဦးရေ ပြည့်သွားပါပြီ 🎉၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Bumble Bee I...
23/06/2026

ကျောင်းအပ်လက်ခံတဲ့ ရက်ပိုင်းလေးအတွင်းမှာတင် သတ်မှတ်ကျောင်းသားဦးရေ ပြည့်သွားပါပြီ 🎉

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Bumble Bee International Preschool မှာ ကျောင်းသားဦးရေ ပြည့်သွားရလောက်အောင် ဖေဖေမေမေတို့ဆီက ယုံကြည်မှုနဲ့ ရွေးချယ်မှုကို ရရှိနိုင်ခဲ့တာက ဒီလိုခိုင်မာတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ် 💁🏾‍♀️

👧🏼 သားသမီးသဖွယ် အနီးကပ် ဂရုစိုက်ခြင်း
Bumble Bee မှာ ဆရာမတွေက ကလေးငယ် တစ်ယောက်ချင်းစီကို ကိုယ့်ရဲ့ သားသမီးအရင်းတွေလိုမျိုး စိတ်ရှည်လက်ရှည်ထားကာ သံယောဇဉ်တွေ၊ မေတ္တာတွေနဲ့ ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။

📞 မိဘများနဲ့ ပွင့်လင်းမြင်သာစွာ ချိတ်ဆက်ခြင်း
ကျောင်းမှာ သားသားမီးမီးတို့ရဲ့ နေ့စဉ် ဖွံ့ဖြိုးမှုတိုးတက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး ကျောင်းကြိုချိန်တိုင်းမှာ မိဘတွေကို သေသေချာချာ ပြန်လည်မျှဝေ ပြောပြပေးပါတယ်။

📚 ပျော်စရာ Activity တွေနဲ့ ချိတ်ဆက်သင်ကြားပေးခြင်း
သင်ကြားရေးမှာလည်း ပျော်ရွှင်စေဖို့အတွက် ဆော့ကစားရင်း သင်ယူနိုင်မယ့် Activity မျိုးစုံကို စနစ်တကျ ပေါင်းစပ်သင်ကြားပေးပါတယ်။

🌱 Life Skills နဲ့ စိတ်နေစိတ်ထားကောင်းတွေ ပျိုးထောင်ပေးခြင်း
ကလေးငယ်တွေရဲ့ တစ်သက်တာအတွက် အရေးပါတဲ့ အခြေခံလူမှုဆက်ဆံရေး၊ ကိုယ်တိုင်လုပ်ဆောင်တတ်တဲ့ Life Skills နဲ့ ရိုးသားယဉ်ကျေးတဲ့ စိတ်နေစိတ်ထားကောင်းတွေကို နေ့စဉ် ပျိုးထောင်ပေးပါတယ်။

🏡 သန့်ရှင်း၊ နွေးထွေးတဲ့ Learning Environment ဖန်တီးပေးထားခြင်း
ကလေးတွေရဲ့ ကစားကွင်း၊ စာသင်ခန်းနဲ့ ထမင်းစားခန်းတွေကိုလည်း သန့်ရှင်းသပ်ရပ်ပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်လေး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။

ဒီလို လိုလေသေးမရှိအောင် အဖက်ဖက်က ဂရုစိုက်စီစဥ်ပေးထားတာတွေကြောင့် Bumble Bee ဆိုတာ ဖေဖေမေမေတို့ စိတ်ချလက်ချ ရွေးချယ်ကြတဲ့ International Preschool တစ်ခု အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Bumble Bee ကို ယုံကြည်စွာ အပ်နှံပေးကြတဲ့ မိဘတစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိရင်း...

သားသားမီးမီးတို့ရဲ့ တိုးတက်မှုတိုင်းအတွက် Bumble Bee က မိဘသဖွယ် မေတ္တာနဲ့ အကောင်းဆုံး ပျိုးထောင်ပေးသွားဖို့ အမြဲအသင့်ရှိနေပါတယ်ရှင် 💛

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



ဒီနေ့ (ဇွန်လ၊ ၄ ရက်)ကတော့ 2026-2027 စာသင်နှစ်ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်လေးပဲ ဖြစ်ပါတယ် 🏫ဖေဖေမေမေတို့ရဲ့ လက်ကိုတွဲပြီး အ...
04/06/2026

ဒီနေ့ (ဇွန်လ၊ ၄ ရက်)ကတော့ 2026-2027 စာသင်နှစ်ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်လေးပဲ ဖြစ်ပါတယ် 🏫

ဖေဖေမေမေတို့ရဲ့ လက်ကိုတွဲပြီး အပြုံးကိုယ်စီနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းကိုလာနေကြတဲ့ Little Bee လေးတွေက တကယ့်ကို ချစ်စရာကောင်းလွန်းပါတယ် 🥰

သားသားမီးမီးတို့ရဲ့ ပညာရေးခြေလှမ်းသစ်ကို စတင်လိုက်တဲ့ ဒီလိုကြည်နူးစရာ အမှတ်တရနေ့ရက်လေးမှာ...🌱

Bumble Bee International Preschool, Monywa ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 💛

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



သားသား၊ မီးမီးလေးတွေ နိုင်ငံတကာသင်ရိုးတွေကို ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်စေဖို့ Bumble Bee မှာ Activity မျိုးစုံနဲ့ ချ...
03/06/2026

သားသား၊ မီးမီးလေးတွေ နိုင်ငံတကာသင်ရိုးတွေကို ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်စေဖို့ Bumble Bee မှာ Activity မျိုးစုံနဲ့ ချိတ်ဆက်သင်ကြားပေးနေပါတယ် 👩‍🏫

ဒါကြောင့် Bumble Bee ဟာ မုံရွာနဲ့ မန္တလေးမြို့မှာရှိတဲ့ မိဘတွေကြားမှာ ယုံကြည်နှစ်သက်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ International Preschool တစ်ခုဖြစ်ပါတယ် ✅

အခုဆိုရင် Bumble Bee International Preschool ကို ပြင်ဦးလွင်မြို့မှာပါ ဖွင့်လှစ်ထားပြီဖြစ်လို့ ဖေဖေ၊ မေမေတို့အနေနဲ့ သားသား၊ မီးမီးတို့ရဲ့ အနာဂတ်အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံး လာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 👩🏻‍🏫

✅ မုံရွာနဲ့ မန္တလေးကျောင်းလေးတွေမှာ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ ပြည့်သွားပေမယ့် ပြင်ဦးလွင်ကျောင်းလေးမှာတော့ ကျောင်းသားလက်ခံနေပါသေးတယ်နော် 👋🏻

👧🏼 ဒါပေမယ့် ကျောင်းမဖွင့်ခင် အချိန်အတွင်း ကျောင်းသားအမြန်ပြည့်တတ်တာဖြစ်လို့ အခုပဲ အမြန်ဆုံး လာရောက်အပ်နှံမှ စိတ်ချရပါမယ်ရှင်💛

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



မနက်ဖြန် ဇွန်လ (၄) ရက် (ကြာသာပတေးနေ့) မှစတင်ပြီး Bumble Bee International Preschool ရဲ့ ကျောင်းခွဲများအားလုံး ပြန်လည်ဖွင...
03/06/2026

မနက်ဖြန် ဇွန်လ (၄) ရက် (ကြာသာပတေးနေ့) မှစတင်ပြီး Bumble Bee International Preschool ရဲ့ ကျောင်းခွဲများအားလုံး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့…🏫

သားသားမီးမီးတို့အားလုံးကို ဆရာမတို့က အပြုံးလေးတွေနဲ့အတူ စောင့်ကြိုနေပါတယ်ရှင် 🥰

ဒါကြောင့် မနက်ဖြန် ကျောင်းဖွင့်ရက်မှာ ဆရာမတို့၊ သူငယ်ချင်းတို့နဲ့အတူ Bumble Bee မှာ ပြန်ဆုံံကြမယ်နော် 💛

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို။

☎️ Phone : 09887740050 ,09887740060



"စာဖတ်တဲ့အလေ့အကျင့်" ဆိုတာ ကလေးဘဝမှာတင် ပြီးဆုံးသွားမယ့်အရာ မဟုတ်ဘဲ...📚ကြီးပြင်းလာတဲ့အထိ လမ်းညွှန်ပြသပေးမယ့် ဘဝတစ်သက်တာ ...
01/06/2026

"စာဖတ်တဲ့အလေ့အကျင့်" ဆိုတာ ကလေးဘဝမှာတင် ပြီးဆုံးသွားမယ့်အရာ မဟုတ်ဘဲ...📚

ကြီးပြင်းလာတဲ့အထိ လမ်းညွှန်ပြသပေးမယ့် ဘဝတစ်သက်တာ အဖိုးတန်ဆုံး လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ် 🎁

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးကို အကောင်းဆုံးအရာတွေပဲ ပေးချင်ကြတာ သဘာဝပါပဲ 🤗

ဒါပေမဲ့ ခေတ်ရေစီးကြောင်းအရ Screen တွေ၊ နည်းပညာတွေကြားထဲ ကလေးတွေ စာအုပ်နဲ့ ဝေးကွာလာတာကို မြင်ရတဲ့အခါ ဖေဖေမေမေတို့ ရင်ထဲ စိုးရိမ်စိတ်လေးတွေ ရှိနေကြတယ် မဟုတ်လား 😨

ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ ကလေးတွေ စာဖတ်ဝါသနာပါလာအောင် အိမ်မှာတင် ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ပေးလို့ရမယ့် နည်းလမ်း (၄) ခုကို မျှဝေပေးချင်ပါတယ်ရှင် 💁‍♀️


ပုံပြင်ကို စာဖတ်ပြရုံတင်မဟုတ်ဘဲ အတူတူ သရုပ်ဆောင်ကြည့်ပါ 🎭

ကလေးရဲ့ မျက်စိအောက်မှာ စာအုပ်တွေ အမြဲရှိနေပါစေ 📚

နေ့စဉ် "စာဖတ်ချိန် (Reading Time)" တစ်ခု သတ်မှတ်ထားပါ ⏰

မိဘကိုယ်တိုင်က အကောင်းဆုံး စံပြလုပ်ပြပါ 📖

စာဖတ်တယ်ဆိုတာ ကလေးတွေအတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်...🔑

Bumble Bee Preschool မှာလည်း ကလေးတို့ရဲ့ ကစားတာ၊ သင်ယူတာ စတဲ့ ကဏ္ဍတိုင်းမှာ စာဖတ်တဲ့အလေ့အကျင့်ကောင်းတွေ ပါဝင်နေအောင် အမြဲတမ်း အလေးထား ပျိုးထောင်ပေးလျက် ရှိပါတယ် 🌱

🏫 Bumblebee International Pre - School Monywa 🏫
🛣️ Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို့။
☎️ Phone : 09887740050 ,09887740060



📢Job Announcement📢Bumble Bee International Pre-School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည် ။ Assistan...
01/06/2026

📢Job Announcement📢

Bumble Bee International Pre-School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည် ။

Assistant Teachers - 10 Posts (Female)

🐝 လိုအပ်သည့် အရည်အချင်းများ
✏️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရပါမည်။
✏️မူကြိုကျောင်းများတွင် Assistant Teacher အဖြစ် အတွေ့အကြုံ အနည်းဆုံး (1) နှစ်ရှိရပါမည်။
✏️ ကလေးများအား အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရပါမည်။
✏️ Basic Computer Skill ရှိရပါမည် ။
✏️ ကလေးများအပေါ် အမှန်တကယ် ချစ်ခင်ကြင်နာ၍ စိတ်ရှည်သည်းခံသောသူဖြစ်ရပါမည် ။
✏️ သွက်လက်ပြီး အမြဲမပြတ် သင်ယူလေ့လာလိုစိတ် ထက်သန်သူ ဖြစ်ရပါမည် ။
✏️ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သူ ဖြစ်ရမည် ။

🐝လစာ နှင့် အခြား ခံစားခွင့်များကို interview ဖြေဆိုချိန်တွင် ဆွေးနွေးနိုင်ပါသည် 🐝

📝စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် -
🌻CV Form
🌻ဘွဲ့လက်မှတ်
🌻 သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်မိတ္တူ
🌻မှတ်ပုံတင် မိတ္တူ
🌻သန်းခေါင်စာရင်း မိတ္တူ
🌻COVID vaccine certificate တို့ကို Viber no 09 88 77 400 50 သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

🏫 Bumblebee International Pre - School Monywa 🏫

🛣 Address : ကျောက္ကာလမ်းနှင့် ရတနာလမ်းထောင့်၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို့။

☎️ Phone : 09887740050 ,09887740060



Address

Corner Of Kyaukkar Street And Yadanar Street
Monywe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959887740050

Website

Alerts

Be the first to know and let us send you an email when Bumble Bee International Pre-School, Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Bumble Bee International Pre-School, Monywa:

Shortcuts

Share

Category