01/01/2025
2025 မှာ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ လို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်✨
ပထမဆုံး sharing post လေးဖြစ်တာမို့ english သဒ္ဒါရဲ့ basic ဖြစ်တဲ့ am,is,are ကနေစပြီးလေ့လာကြရအောင်
ငယ်ငယ်တုန်းက
am - ရှိသည်၊ဖြစ်သည်
is - ရှိသည်၊ဖြစ်သည်
are - ရှိသည်၊ဖြစ်သည် ဒီလိုမျိုးသင်ခဲ့ရတယ် ဟုတ်
"ရှိသည်" ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်နေရာမှာသုံးလဲ?
"ဖြစ်သည်" ဆိုတဲ့ အဓိပ္ပာယ်ကိုရော ဘယ်လိုသုံးရမလဲ?
သိပ်ပြီးမကွဲသေးဘူးဆိုရင်တော့ စာလေးအဆုံးထိဖတ်ပြီး လေ့လာကြည့်ရအောင်နော်💯
➡️am,is,are - ရှိသည်
အရာဝတ္ထုပစ္စည်းတွေရဲ့ တည်နေရာ
လူတွေရဲ့ တည်နေရာကို ပြောချင်တဲ့အခါ စတဲ့ အခြေနေများမှာ သုံးပါတယ်။
am,is,are + adverb of place
e.g. I am on my way to school.
e.g. Why are the books on the floor?
➡️am,is,are - ဖြစ်သည်
am,is,are + Noun/Adjective
e.g. I am a student.
e.g. She is a beautiful girl.
နောက်နေ့တွေမှာလည်း ထပ်ပြီး sharing လုပ်ပေးပါမယ်နော်💖
တိတိကျကျ တစ်ဆင့်ချင်း သေချာစွာလေ့လာချင်တယ်ဆိုရင်တော့ အတန်းလေးတွေလည်းဖွင့်ပေးဖို့ရှိတာမို့ like & follow လုပ်ထားနော်💞