KYAW KOREA

KYAW KOREA Korean Education Center

🇰🇷 9 လပိုင်း Intake နဲ့ ကိုရီးယားလာမယ့်သူများအတွက် ✈️ Luggage ပြင်ဆင်နည်းကိုရီးယားကို ကျောင်းလာတက်မယ့်သူတွေ Luggage ပြင်...
25/08/2026

🇰🇷 9 လပိုင်း Intake နဲ့ ကိုရီးယားလာမယ့်သူများအတွက် ✈️ Luggage ပြင်ဆင်နည်း

ကိုရီးယားကို ကျောင်းလာတက်မယ့်သူတွေ Luggage ပြင်ဆင်တဲ့အခါ အိတ်ခိုင်ခန့်ပြီး အကြမ်းခံတာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် လေယာဉ်လက်မှတ်မှာ သတ်မှတ်ပေးထားတဲ့ Kg အလိုက် အိတ်အရွယ်အစားကို ရွေးချယ်ပြီး ပြင်ဆင်ပါ။

🧳 ဘယ်လောက် Kg အတွက် ဘယ်အိတ်ရွေးမလဲ?

30–32 Kg 👉 28" Luggage
23 Kg 👉 24" Luggage
7 Kg 👉 20" Luggage / Hand Carry

ပုံမှန်အားဖြင့် လူတစ်ဦးလျှင် Check-in Luggage ၁ လုံး + Hand Carry ၁ လုံး သယ်ဆောင်ခွင့်ရှိပါတယ်။

(သို့သော် ကိုယ်ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ရဲ့ Baggage Allowance ကို သေချာစစ်ဆေးပါ။)
🛫 Check-in Luggage အကြီးကို ဘယ်လိုသယ်မလဲ?

Luggage အကြီးကို လေယာဉ်ရဲ့ အောက်ခန်းထဲ ထည့်သယ်သွားမှာဖြစ်လို့ လေဆိပ်မှာ အထုပ်အပ်တဲ့အချိန် ဝန်ထမ်းတွေကို တစ်ခါတည်းအပ်ထားရပါတယ်။

👜 Hand Carry ကတော့?
Hand Carry အိတ်ကိုတော့ ကိုယ်ထိုင်မယ့် လေယာဉ်ထိုင်ခုံအထိ ယူသွားရပြီး အပေါ်ဘက်မှာရှိတဲ့ အိတ်ထားတဲ့နေရာ (Overhead Compartment) မှာ ထည့်ထားရပါတယ်။

👉 Hand Carry အတွက်တော့ ဘီးပါတဲ့ 20" Luggage အသေးလေးကို အသုံးပြုဖို့ အထူးအကြံပြုချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့—
လေဆိပ်ဝင်ပေါက်ကနေ လုံခြုံရေးစစ်ဆေးရာနေရာ၊ စက်လှေကားတွေ၊ လေဆိပ်အတွင်း လမ်းလျှောက်ရတဲ့အကွာအဝေးတွေက တော်တော်ရှည်ပါတယ်။ လေယာဉ်ပေါ်တက်တဲ့အထိ ကိုယ်တိုင်သယ်သွားရတာမို့ ဘီးပါတဲ့အိတ်ဆို တွန်းသွား၊ ဆွဲသွားရုံနဲ့ ပိုအဆင်ပြေပြီး မပင်ပန်းပါဘူး။

ကိုရီးယားရောက်တဲ့အခါလည်း လေယာဉ်ပေါ်ကနေ ထွက်ပြီး ကိုယ့်အထုပ်ကို ကိုယ်သယ်ကာ လေဆိပ်အတွင်း တော်တော်လေး လမ်းလျှောက်ရနိုင်ပါတယ်။
ဘီးပါတဲ့အိတ်ဆိုတော့ ဒီနေရာမှာလည်း အများကြီး အဆင်ပြေပါတယ်။ 😊

🎒 နောက်ထပ် ဘာတွေသယ်လို့ရသေးလဲ?

ကိုယ်နဲ့ မခွာထားသင့်တဲ့ ပစ္စည်းတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို—
🎒 ကျောပိုးအိတ်
👜 ဂျိုင်းလွယ်အိတ်
💻 Laptop အိတ်
တို့နဲ့လည်း သယ်ဆောင်နိုင်ပါတယ်။

ကျောပိုးအိတ်နဲ့ Laptop အိတ်တွေကိုတော့ လေဆိပ်မှာ အလေးချိန်ကို ချိန်တာမျိုး မလုပ်ကြတာများပေမယ့် လေကြောင်းလိုင်းတစ်ခုချင်းစီရဲ့ စည်းကမ်းချက်ကိုတော့ သေချာစစ်ဆေးထားပါ။

⚖️ လေဆိပ်မဝင်ခင် အိတ်ချိန်ကြည့်ပါ
လေဆိပ်မှာ အထုပ်အပ်တဲ့ Counter မဝင်ခင် အိတ်အလေးချိန် စမ်းချိန်လို့ရတဲ့နေရာတွေရှိပါတယ်။
အဲဒီမှာ ကိုယ့်အိတ်တွေကို အရင်ချိန်ကြည့်ပြီး Kg ပိုနေတယ်ဆိုရင် ပစ္စည်းတွေကို ပြန်စီတာ၊ လိုအပ်တာတွေကို အခြားအိတ်ထဲ ပြောင်းထည့်တာတွေ လုပ်နိုင်ပါတယ်။

👨‍👩‍👧 လေဆိပ်လိုက်ပို့မယ့်သူများအတွက်

ကျောင်းသားတွေကို လေဆိပ်လိုက်ပို့ပေးမယ့်သူတွေအနေနဲ့လည်း ကာတွန်းအိတ်အသေးလေးဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး အိတ်တစ်လုံးဖြစ်ဖြစ် ယူသွားပေးထားရင် ပိုကောင်းပါတယ်။

ကိုယ့်အိတ်ကို လေဆိပ်မှာ ချိန်ကြည့်ပြီး Kg အတိုးအလျှော့ ပြန်လုပ်ရတဲ့အခါ ပိုတဲ့ပစ္စည်းတွေ၊ ချန်ထားခဲ့တဲ့ပစ္စည်းတွေကို ပြန်ထည့်ယူနိုင်အောင် ဖြစ်ပါတယ်။

📌 အရေးကြီးဆုံးက — လေယာဉ်လက်မှတ်မှာ သတ်မှတ်ပေးထားတဲ့ Baggage Allowance ကို အရင်စစ်ဆေးပြီးမှ အိတ်ရွေးချယ်ပါ။

🇰🇷 ကိုရီးယားကို ပထမဆုံးလာမယ့် ကျောင်းသား/သူများအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံး အဆင်ပြေချောမွေ့စွာ ရောက်ရှိပြီး ကျောင်းတက်နိုင်ကြပါစေ။ ❤️

အောက်က အထုပ်တွေကိုသာ တစ်ယောက်ထဲ ခရီးစဉ်တလျှောက် ဆွဲသွားရရင်တော့ အင်မတန် ပင်ပန်းပြီပဲ 😊




Yonsei 2-1 ပြီးဆုံးထားသူများ နှင့် KYAW KOREA သင်တန်းမှ အခြေခံနှင့် သဒ္ဒါ ပြီးဆုံးထားပြီး ကိုရီးယားဘာသာကို ဆက်လက်၍  4 Sk...
22/08/2026

Yonsei 2-1 ပြီးဆုံးထားသူများ နှင့် KYAW KOREA သင်တန်းမှ အခြေခံနှင့် သဒ္ဒါ ပြီးဆုံးထားပြီး ကိုရီးယားဘာသာကို ဆက်လက်၍ 4 Skills လေ့လာချင်သူများ အတွက်
YONSEI 2-2 Online Class လေး စဖွင့်ပါပြီ။
အပတ်စဉ် အိမ်စာ စစ်ဆေးခြင်း ၊ အခန်းကြီး တစ်ခန်းပြီးတိုင်း စာမေးပွဲ စစ်ဆေးခြင်းများ ရှိပါမယ်။ ထိထိရောက် အရှိန်အဟုန်ကောင်းကောင်း လေ့လာလိုသူများနှင့် အထူး သင့်တော်ပါတယ်။

သင်တန်း စမည့်ရက် ~ 4.9.2026
သင်တန်းချိန် 7:30 AM ~ 9:30 AM
သင်တန်းရက် ~ Mon,Tue, Thu, Fri
သင်တန်းကာလ - 2 လကြာ
သင်တန်းကြေး - 270000 Ks
( သင်ရိုး ပုံနှိပ်စာအုပ်ဖိုး ပါဝင်ပါတယ် )

စုံစမ်းမေးမြန်းခြင်းများ အတွက်
တနင်္လာ မှ သောကြာ 8 :00 AM ~ 5:00 PM အတွင်း သင်တန်းဖုန်းများသို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

KYAW KOREA , စည်သူလမ်း ၊ ပြည်သူ့ဥယျာဉ်မုခ်ပေါက် တောင်ဘက် ၊ နန္ဒဝန်ရပ် ၊ မုံရွာမြို့

09- 7978 43 138 ,
09- 2599 79 233





📣 ကိုရီးယားဘာသာစကားကို အခြေခံမှစပြီး စနစ်တကျ လေ့လာချင်သူများအတွက် သတင်းကောင်း! 🇰🇷✨​ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ EPS စနစ်နဲ့...
17/08/2026

📣 ကိုရီးယားဘာသာစကားကို အခြေခံမှစပြီး စနစ်တကျ လေ့လာချင်သူများအတွက် သတင်းကောင်း! 🇰🇷✨
​ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ EPS စနစ်နဲ့ အလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ ကိုရီးယားစာကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ချင်သူများအတွက် KOREAN Basic & Grammar Class တန်းခွဲသစ်လေး စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
​အပြင်မှာ ဆရာ/မတို့နဲ့ တိုက်ရိုက်ထိတွေ့ သင်ယူရမည့် In-Person Class လေး ဖြစ်ပါတယ်။ 🏫
​📌 သင်တန်းအသေးစိတ် အချက်အလက်များ
​📚 သင်ကြားမည့် Level: Korean Basic ~ Grammar Level 2
​📅 သင်တန်းစမည့်ရက်: September 2, 2026 (2.9.2026)
​⏰ သင်တန်းအချိန်: နံနက် 9:00 AM ~ 11:00 AM
​🗓 သင်တန်းရက်: တနင်္လာ မှ သောကြာနေ့ထိ
​⏳ သင်တန်းကာလ: ၄ လ
​💰 သင်တန်းကြေး: 350,000 Ks (စာအုပ် စာတမ်းကြေး သီးသန့်ဖြစ်ပါသည်။)
​💡 ဒီသင်တန်းမှာ ဘာတွေ ရရှိမှာလဲ?
​✅ အခြေခံနှင့် အခြေခံသဒ္ဒါပိုင်းများကို စနစ်တကျ ထိရောက်စွာ သင်ကြားပေးခြင်း
✅ တိုးတက်မှုကို စာစစ်နိုင်ရန် အပတ်စဉ် စာမေးပွဲများ စစ်ဆေးပေးခြင်း
✅ နေ့စဉ် ဝေါဟာရအိမ်စာများကို သေချာ ပြန်လည်စစ်ဆေးပေးခြင်း
✅ လုပ်ငန်းခွင် EPS တန်း တက်ရောက်မည့်သူများအတွက် Colour Blind (အရောင်ခွဲခြားနိုင်စွမ်း) စစ်ဆေးပေးခြင်း
​📝 သင်တန်းအပ်နှံရန် အချက်အလက်များ
​🗓 သင်တန်းအပ်ရမည့်ရက်: သြဂုတ်လ ၂၄၊ ၂၅၊ ၂၆ ရက်များ (24.8.2026 ~ 26.8.2026)
​📂 ယူဆောင်လာရမည့် စာရွက်စာတမ်းများ:
၁။ သင်တန်းတက်ရောက်မည့်သူ၏ မှတ်ပုံတင် မိတ္တူ
၂။ B ပိုး ဆေးစစ်ချက်
​🏠 အဆောင်နေမည့် ကျောင်းသူ/ကျောင်းသားများအတွက်:
အဆောင်နေရာ လိုအပ်ပါက ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်။
​📞 ဆက်သွယ်စုံစမ်းရန်
​သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက တနင်္လာမှ သောကြာ (8:00 AM ~ 5:00 PM) အတွင်း သင်တန်းသို့ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ သင်တန်းဖုန်းနံပါတ်များသို့ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

KYAW KOREA, Monywa
09-7978 43 138





7.8.2026  မှာ ဒုတိယသုတ် ကုန်ထုတ်က မောင်ပြည့်စုံဦး11.8.2026 မှာ ပထမသုတ် ကုန်ထုတ်က မောင်ထွန်းလင်းအောင်မောင်အောင်ပိုင်မင်း ...
12/08/2026

7.8.2026 မှာ ဒုတိယသုတ် ကုန်ထုတ်က
မောင်ပြည့်စုံဦး

11.8.2026 မှာ ပထမသုတ် ကုန်ထုတ်က
မောင်ထွန်းလင်းအောင်
မောင်အောင်ပိုင်မင်း

Calling ခေါ်စာရသွားပါပြီ။
ဝမ်းသာ ကျေနပ်နေပါတယ်။

ကျန်နေသေးတဲ့ တို့ကျောင်းသားတွေလဲ အမြန်ဆုံး ခေါ်စာရစေချင်နေပါပြီ။

KYAW KOREA, Monywa





7.8.2026  ရက် Calling မှာ ခေါ်စာ ကျလာတဲ့ နောက်ထပ်တစ်ဦးကတော့ မောင်ပြည့်စုံဦး  ပါ။ ထပ်တူ ဝမ်းသာရပါတယ်။ သတင်းကောင်းသိရတာနဲ့...
08/08/2026

7.8.2026 ရက် Calling မှာ ခေါ်စာ ကျလာတဲ့ နောက်ထပ်တစ်ဦးကတော့

မောင်ပြည့်စုံဦး ပါ။
ထပ်တူ ဝမ်းသာရပါတယ်။

သတင်းကောင်းသိရတာနဲ့ ဆရာမကို အရင်ဆုံး လာပြောထားပေမယ့် ဆရာမက လိုင်းသိပ်မရတဲ့ဆီ ရောက်နေလို့
သတင်းကောင်းလေး မျှဝေဖို့ နည်းနည်း နောက်ကျသွားပါတယ်



7.8.2026 Calling  မှာ ကုန်ထုတ် ပသုတ်က မောင်ထွန်းနိုင်လင်း ပါလာပါပြီ။ထပ်တူ ဝမ်းသာရပါတယ်။ သတင်းကောင်းတွေ ဆက်တိုက်ကြားပရစေ။...
08/08/2026

7.8.2026 Calling မှာ
ကုန်ထုတ် ပသုတ်က
မောင်ထွန်းနိုင်လင်း ပါလာပါပြီ။

ထပ်တူ ဝမ်းသာရပါတယ်။
သတင်းကောင်းတွေ ဆက်တိုက်
ကြားပရစေ။



ယနေ့ 6.8.2026 မှာ KYAW KOREA  သင်တန်းကျောင်းမှ Calling  ပါသွားသူ 2ဦး မောင်သန်းထက်ဝင်း ( ကုန်ထုတ် ပသုတ် )မောင်မျိုးသန့် (...
06/08/2026

ယနေ့ 6.8.2026 မှာ KYAW KOREA သင်တန်းကျောင်းမှ Calling ပါသွားသူ 2ဦး

မောင်သန်းထက်ဝင်း ( ကုန်ထုတ် ပသုတ် )
မောင်မျိုးသန့် ( ကုန်ထုတ် ဒုသုတ် )

ထပ်တူ ဝမ်းသာနေပါပြီ။

နောက်ထပ် သတင်းကောင်းတွေလဲ ထပ်ကြားချင်နေပါပြီ

KYAW KOREA, Monywa

06/08/2026

11 လပိုင်း TOPIK စာမေးပွဲ
ဖြေဆို လူဦးရေ ကန့်သတ်လိုက်ပြီ

၂၀၂၆ခုနှစ် (၁၀၉) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK) ကြေငြာချက်

(၁၀၉)ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ(TOPIK)ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပချိန်
၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်(တနင်္ဂနွေနေ့) နံနက် ၉း၄၀ မှ ၁၆း၂၀ အထိ
- TOPIK Ⅰ : နံနက်ပိုင်း / TOPIK Ⅱ : နေ့လယ်ပိုင်း

၂။ စာမေးပွဲ ကျင်းပမည့်နေရာ (၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့)

ရန်ကုန်တက္ကသိုလ် (Kamayut Campus, Hlaing Campus)

၃။ စာမေးပွဲလျှောက်လွှာတင်ခြင်း

(၁၀၉)ကြိမ်မြောက်မှစ၍ စာမေးပွဲလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်ရန်မလိုဘဲ
Myanmar TOPIK website
https://www.topik-myanmar.com မှတစ်ဆင့် လျှောက်ထားရပါမည်။

https://www.topik-myanmar.com တွင် စာမေးပွဲလျှောက်လွှာ ဖြည့်သွင်းလျှောက်ထားရမည့်နေ့ရက်

--> ဩဂုတ်လ (၄)ရက်နေ့တွင် ကိုရီးယားသံရုံးမှ ကြေညာပေးလျှင် ပထမဆုံး Myanmar TOPIK websiteတွင် အကောင့်ဖွင့်ခြင်း (Membership လျှောက်ထားခြင်း)ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။

--> Membershipကို လျှောက်ထားပြီးသူများမှာ ဩဂုတ်လ (၁၃)ရက်နေ့မှစ၍ (၁၆)ရက်နေ့အတွင်း စာမေးပွဲလျှောက်လွှာကို အထက်ပါ website တွင် ထပ်မံ လျှောက်ထားရပါမည်။

• စာမေးပွဲကို လျှောက်ထားနိုင်သည့် လူဦးရေကို သတ်မှတ်ထားပါသည်။

• TOPIK 1: ၂၉၁၀ ဦးအထိ • TOPIK 2: ၂၉၁၀ ဦးအထိ

ခုံနံပါတ်ကို စာမေးပွဲကြေးသွင်းပြီးလျှင် စက်တင်ဘာလကုန် တွင် Myanmar TOPIK websiteမှတစ်ဆင့် ပြန်လည်ကြေညာပေး မည် ဖြစ်ပါသည်။

၁၀၉ကြိမ်မြောက် စာမေးပွဲ ဖြေဆိုမည့် ရက်(နိုဝင်ဘာလ ၁၅ရက်) မတိုင်မီ ၂ပတ်အလိုတွင် Korea TOPIK ရုံးချုပ်ဝက်ဆိုက်ဒ် (http://www.topik.go.kr)၌ မိမိ၏ စာမေးပွဲ ဖြေဆိုခွင့်ကဒ်ကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

TOPIK စာမေးပွဲ Online လျှောက်လွှာဖြည့်စွက်ရာတွင် အမည်(အင်္ဂလိပ်စာလုံးပေါင်းအကြီးဖြင့်သာ)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာများကို တိကျမှန်ကန်စွာ ဖြည့်စွက်ရန် လိုပါသည်။

တိကျမှန်ကန်မှုမရှိသော အချက်အလက်များကြောင့် အကြောင်းအရာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက လျှောက်လွှာတင်သူ၏ တာဝန်သာဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။ (ဖြေဆိုသူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပြီး၊ သင်တန်းကျောင်း သို့မဟုတ် အေဂျင်စီမှ လျှောက်ထားစဉ် ထည့်သွင်းထားသော အချက်အလက်များ မှားယွင်းမှုရှိပါက ယင်းအတွက် နစ်နာမှုများသည် ဖြေဆိုသူ၏ တာဝန်သာဖြစ်ပါသည်။)

online formဖြင့် လျှောက်တင်ပြီးသည့် သူများသည် စာမေးပွဲ‌ကြေး USD25ကို ငွေသား ဖြင့် ကိုယ်တိုင်(သို့) ကိုယ်စားလာ‌ရောက်ပေး သွင်းရပါမည်။

ထို့ပြင် စာမေးပွဲ‌ကြေးလာသွင်းချိန်တွင် ဖော်ပြထားသော ဖောင်ကို printထုတ် ယူဆောင်လာရပါမည်။

# ဖောင်ကို စာရွက်ဖြင့် printထုတ် ယူဆောင်လာခြင်းမရှိပါက လက်ခံပေးမည် မဟုတ်ပါ။

စာမေးပွဲကြေးကို ပေးသွင်းရမည့် နေ့ရက်နှင့် ငွေရပြေစာလက်ခံယူရန်နေရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

နေ့ရက် : ၂၀၂၆ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ မှ (၂၃)ရက်နေ့ အထိ

နေရာ : ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ခန်းမ (ကမာရွတ်နယ်မြေ - လှည်းတန်းအနီးအနား)

လျှောက်တင်ရမည့် အချိန်နှင့် သတိပြုရန်အချက်များ

- နံနက် (၁၀)နာရီမှ နေ့လယ် (၁၂း၃၀) အထိ, နေ့လယ် (၂)နာရီမှ (၅)နာရီအထိ

(နေ့လယ်စာ နားချိန် (၁၂) နာရီခွဲ မှ (၂) နာရီအထိ)

စာမေးပွဲကျင်းပသည့်မြို့တွင် နေထိုင်သူများသည် မိမိကိုယ်တိုင် လာရောက်ပေးသွင်းရန်။

စာမေးပွဲကျင်းပသည့်မြို့အပ နယ်ဝေးမှ ကိုယ်စားလှယ်ဖြင့် ပေးသွင်းလိုပါက မိသားစု(သို့)ဆွေမျိုး၊ အသိမိတ်ဆွေသာ လက်ခံပါမည်။

(စာမေးပွဲဖြေဆိုသူ၏ မှတ်ပုံတင်(မိတ္တူ)နှင့် ကိုယ်စား တင်ပေးသူ၏ မှတ်ပုံတင်မူရင်း လိုပါသည်။ )

စာ‌မေးပွဲကြေးပေးသွင်းမည့်သူမှ အပ ကျောင်းအတွင်း ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။

- (မှတ်ပုံတင်NRC Card ၊ ယာဥ်မောင်းလိုင်စင်၊ ပတ်စ်ပို့)ဖြင့်သာလျှင် စာမေးပွဲကြေးသွင်းနိုင်ပါသည်။

- အထက်ပါ သက်သေခံကတ်များမရှိပါက ရပ်ကွက်(သို့)ရဲစခန်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းကို ယူဆောင်လာရပါမည်။ မှတ်ပုံတင်မပါပါက ကျောင်းထဲ ဝင်ခွင့်မပြုပါ။

စာမေးပွဲကြေး

- 25 USD (စာမေးပွဲကြေးကို ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်ပါသည်။ လျှောက်လွှာမတင်မီ ကြိုတင် လဲလှယ်ထားရမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံသည့်နေရာတွင် လုံးဝ လဲလှယ်ပေးမည် မဟုတ်ပါ။ ဒေါ်လာအကြွေပြန်အမ်းပေးပါမည်။‌)

၄။ အခြား အကြောင်းအရာများ

※ စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန်

- Tel : 09) 968862300 /
Email: [email protected]

မေးမြန်းစုံစမ်းလက်ခံသည့် အချိန်(မနက်၁၀နာရီမှ ညနေ၄နာရီထိ)သာ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်

- MYANMAR TOPIK ဝက်ဆိုက်ဒ်
https://www.topik-myanmar.com

ကျေးဇူးတင်ပါသည်။

2026년도 제109회 한국어능력시험(TOPIK) 공고

제109회 한국어능력시험(TOPIK)을 다음과 같은 일정으로 실시합니다.

시험일: 2026년 11월15일 (일요일)

시간: 오전 09:40 ~ 오후 16:20

구분: TOPIK I (오전) / TOPIK II (오후)

시험 장소

- 양곤대학교 (까마윳 캠퍼스, 흘라잉 캠퍼스)

시험 접수 안내

미얀마 토픽 전용 홈페이지에서 신청이 가능합니다.

홈페이지 https://www.topik-myanmar.com

• 온라인 폼(Online Form) 접수 안내

o 8월 4일: 한국대사관에서 안내 후 해당 홈페이지에서 우선 회원가입(필수)

o 8월 13일 ~ 8월 16일: 해당 홈페이지에서 토픽 시험 신청.

o 8월 20일 ~ 8월 23일: 응시료 납부(양곤대학교) 방문 납부 원칙이며 반드시 접수증을 출력하여 응시료와 함께 제출해주시기 바랍니다.

o 제109회 시험 응시 신청 인원 제한

* 토픽1: 2910명 / 토픽 2: 2910명

o 응시료 납부 완료 후 수험번호가 공지될 예정이며 수험표는 한국 대표 TOPIK 홈페이지(www.topik.go.kr)에서 시험 2주전 수험표 출력이 가능합니다.

• 작성 시 유의사항:

o 이름(영문 대문자 필수), 생년월일, 전화번호, 이메일 주소를 정확하게 기재해야 합니다.

o 부정확한 정보 입력으로 발생하는 불이익은 전적으로 신청자의 책임입니다.

• 응시료 납부:

o 온라인 신청 완료자는 응시료 25 USD를 현금으로 직접(또는 대리) 납부해야 합니다.

o 납부 기간: 2026년 8월 20일 ~ 8월 23일.

o 납부 장소: 양곤대학교 (구글맵에서 King Sejong Institute 로 검색 가능)

o 납부 시간: 10:00 ~ 12:30 / 14:00 ~ 17:00 (점심시간 12:30 ~ 14:00 제외).

• 납부 시 유의사항:

o 시험 실시 지역 거주자는 본인이 직접 방문하여 납부해야 합니다.

o 타 지역 거주자의 경우 가족, 친척 또는 지인의 대리 납부가 가능합니다(응시자의 신분증 사본 및 대리인의 신분증 원본 지참 필수).

o 응시료 납부자 외에는 학교 캠퍼스 출입이 금지됩니다.

o **신분증(NRC 카드, 운전면허증, 여권 중 하나)**을 반드시 지참해야 하며, 신분증이 없을 경우 동사무소 또는 경찰서 확인서와 가족 증명서(Household list)를 지참해야 합니다. 신분증 미지참 시 교내 출입이 불가합니다.

• 응시료는 달러(USD)로만 받습니다. 사전에 달러를 준비해 오시기 바라며, 현장에서 환전은 불가합니다. (잔돈은 달러로 거슬러 드립니다) .

시험 관련 문의:

o 전화: 09-968862300 / 이메일: [email protected]

o 문의 가능 시간: 10:00 ~ 16:00

• 미얀마 전용 웹사이트:
https://www.topik-myanmar.com

한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.

မင်္ဂလာပါ ကျောင်းသား/သူတို့ရေ...ဝေခွဲရခက်ပြီး စဉ်းစားရကျပ်နေကြပြီလား။🟥ခု (၁၇) ကြိမ်မြောက် EPS စာမေးပွဲကြေညာချက်မှာ စိုက်...
05/08/2026

မင်္ဂလာပါ ကျောင်းသား/သူတို့ရေ...
ဝေခွဲရခက်ပြီး စဉ်းစားရကျပ်နေကြပြီလား။

🟥ခု (၁၇) ကြိမ်မြောက် EPS စာမေးပွဲကြေညာချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ သစ်တောလုပ်ငန်း တွေအတွက်ပဲ လုပ်သားခေါ်ယူတာ ဖြစ်ပါတယ်။ လုပ်ငန်းအားလုံးပေါင်းမှ မျှော်မှန်းချေ ၁,၃၀၀ ယောက်ဝန်းကျင်ပဲ ခေါ်ယူမယ့် အစီအစဉ်ပါ။

🛑ဒီလိုအနေအထားမှာ အစကတည်းက ဆရာမတို့သင်တန်းအနေနဲ့ စိုက်/မွေး/ဆောက် လုပ်ငန်းတွေကို သိပ်ပြီး အားမပေးချင်ပါဘူး။ ဒါပေမဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရမှာပါ။

🛑စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ရာသီဥတု အရမ်းအေးတဲ့ ကိုရီးယားနိုင်ငံမှာ အများအားဖြင့် အပူပေးစက်မရှိဘဲ အလုပ်လုပ်ကြရတာပါ။
✅ပင်ပန်းမှုနဲ့ အအေးဒဏ်ကို ခံနိုင်ရည် ရှိမလား၊
✅အချိန်ပိုကြေး (OT) တိုးမရရင်ရော လုပ်နိုင်စွမ်း ရှိမလား၊
✅အန္တရာယ်များတဲ့ လုပ်ငန်းတွေဆိုရင်ရော လုပ်နိုင်မလား၊
ဒါလေးတွေကို သေချာ စဉ်းစားစေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ဒီ ၁၇ ကြိမ်မြောက်အတွက် ဦးရေ ၁,၃၀၀ ပဲ ခေါ်မယ်ဆိုတာ အလွန်အင်မတန် နည်းပါးတဲ့ ပမာဏပါ။ နဂိုကတည်းက ဒီလုပ်ငန်းတွေဟာ ခေါ်ယူမှုနည်းမှန်း သိထားကြပေမဲ့ သီးသန့်စာမေးပွဲ ကျင်းပပြီးမှ ဒီမျှပဲ ခေါ်ယူမယ်ဆိုရင်တော့ စိန်ခေါ်မှု ကြီးပါတယ်။ အကယ်၍ လျှောက်ထားဖြေဆိုသူ ၁၀,၀၀၀ အထက် ရှိသွားရင် အနည်းဆုံး ၁၀ ယောက်ဖြေမှ ၁ ယောက်ပဲ ရွေးချယ်ခံရမယ့် အနေအထားပါ။ ဖြေဆိုသူ ၂၀,၀၀၀ ကျော်သွားရင်တော့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်သွားမှာပါ။

🎯 ဒီစာမေးပွဲကို ဖြေဆိုသင့်သူများ
✅ စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေသူများ: (သစ်ရိုးသစ် လေ့လာထားပြီး ကျေညက်နေသူများ)
✅သွားလာရေး အဆင်ပြေသူများ: နယ်ဘက်မှမဟုတ်ဘဲ ရန်ကုန်မှာ (သို့) သွားလာရလွယ်ကူသည့်နေရာများတွင် နေထိုင်သူများ
✅စိတ်အားထက်သန်သူများ: "ဘာပဲလာလာ အဆင်ပြေတယ်၊ ဖြေမယ်" ဆိုသည့် ခိုင်မာသော စိတ်ဓာတ်ရှိသူများ
✅ရင်းနှီးစိုက်ထုတ်မှု နည်းသူများ: ဒီစာမေးပွဲအတွက် ကုန်ကျစရိတ်နှင့် ခရီးစရိတ် အရမ်းကြီး စိုက်ထုတ်စရာ မလိုသူများ ပဲ ဖြေသင့်ပါတယ်။

🚨🚨🚨သတိပြုရန်: ကံစမ်းသည့် သဘောမျိုးဖြင့် လုံးဝ မဖြေဆိုကြပါနဲ့။ ကံစမ်းရမည့် အနေအထား မဟုတ်ပါ။

ဆရာမတို့ နယ်ဘက်က ကလေးတွေဆိုရင် စာမေးပွဲကြေးသွင်း၊ UBT စာမေးပွဲဖြေ၊ Skills Test ဖြေဆိုဖို့ ရန်ကုန်ကို (၃) ခေါက်မက သွားရမှာဖြစ်လို့ ကုန်ကျစရိတ် များသလို သွားလာရေးအတွက်လည်း စွန့်စားရတာမို့ အရင်းအနှီး အတော်ကြီးပါတယ်။

ဖြေခြင်း/မဖြေခြင်းကတော့ ၁၈ နှစ်ပြည့်ပြီး အရွယ်ရောက်ပြီးသူများ ဖြစ်ကြတဲ့အတွက် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကြပါ။ မဖြစ်မနေ ဖြေဆိုမည်ဆိုပါက လျှောက်လွှာကို စောစောစီးစီး တင်သွင်းကြပါ။

🟥🟥🟥ရှေ့ဆက် ပြင်ဆင်ရန်များ
စိုက်/မွေး/ဆောက် လုပ်ငန်းအတွက် အရင်ခေါ်ယူပြီးပြီဆိုတော့ အတိအကျ သေချာပေါက် မပြောနိုင်ပေမဲ့ နောက်နှစ်ထဲမှာ ကုန်ထုတ်လုပ်ငန်း (Manufacturing) နဲ့ ဝန်ဆောင်မှုလုပ်ငန်းများအတွက် စာမေးပွဲ ရှိလာမယ့် အလားအလာ အရမ်းများပါတယ်။

ကုန်ထုတ် စာမေးပွဲကတော့ အများ ဝင်တိုးကြမယ့်ပွဲမို့ ပြိုင်ဆိုင်မှု အရမ်းကို ကြီးမားပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှု အရမ်းကောင်းဖို့ လိုပါတယ်။

🎯၁၆ ကြိမ်တုန်းက အဆင်မပြေခဲ့လို့ ပွတ်ခါသီခါ အောင်မှတ်နဲ့ လွဲခဲ့ရတဲ့ ကျောင်းသားတွေအနေနဲ့ ခုကတည်းက အခြေခံဝေါဟာရတွေနဲ့ သဒ္ဒါကို ပိုင်နိုင်ကျွမ်းကျင်အောင် အထပ်ထပ် လေ့ကျင့်ထားကြပါ။ ဆရာမတို့ အခြေခံစာအုပ်ကို အပီအပြင် ကျေညက်အောင် လေ့လာထားပါ။
၉ လပိုင်း (စက်တင်ဘာ) ကစပြီး Part 1 + Part 2 ကို လေ့လာနိုင်အောင် စီစဉ်ပေးပါမယ်။ အတူတူ ထပ်မံကြိုးစားကြရအောင် ဦးနှောက် သွေးထားကြပါ။

🌿မေတ္တာရပ်ခံချက်🌿

EPS သင်ကြားရေးလောကမှာ ဝါရင့်သဘာရင့် ဆရာ/ဆရာမတွေဟာ ကိုယ့်ကျောင်းသူ/ကျောင်းသားတွေနဲ့ EPS လမ်းကြောင်းအတိုင်း သွားဖို့ ကြိုးစားနေသူတွေအတွက် အကျိုးကို လိုလားစွာနဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးချင်ကြတာပါ။
EPS စနစ်ဆိုတာ စာမေးပွဲကျင်းပခါနီး ၁ လခွဲ / ၂ လအလိုမှသာ သတင်းအတိအကျကို တရားဝင် ကြေညာပေးတာဖြစ်လို့ အတိအကျကြီး ကြိုပြောဖို့ ခက်ခဲပါတယ်။ ခန့်မှန်းအချိန်နဲ့ အခြေအနေလေးတွေကို ဝေမျှပေးတာကို အပြစ်တင် မစောကြပါနဲ့။ ဒီပုဂ္ဂိုလ်တွေ မမျှဝေရင်လည်း ကလေးတို့ သိနိုင်မှာမဟုတ်သလို ကြိုတင်ပြင်ဆင်မှုလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

ရလာတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး မိမိဘာသာ စဉ်းစားချင့်ချိန်ရမှာ ကျောင်းသားတို့ရဲ့ အလုပ်ပါ။ အရွယ်ရောက်ပြီးသူတွေ ဖြစ်တာကြောင့် သူများပြောတိုင်း လိုက်လုပ်ရမယ့် အခြေအနေ မဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ကြပါ။ ဘယ်သူတွေ ဘယ်လိုအပြစ်ပြောပြော ဆရာမတို့ သင်တန်းက ကလေးတွေကတော့ မဆင်မခြင် ပြစ်တင်ရှုံ့ချတဲ့အထဲ မပါပါစေနဲ့။

မည်သည့်ဆရာ/ဆရာမမှ မိမိစေတနာနဲ့မိမိ အမုန်းခံ၊ အဆဲခံချင်ကြမည် မဟုတ်ပါ။
ဒါလေးတော့ ဆင်ခြင်ပေးကြပါနော်။

မေတ္တာဖြင့်...
KYAW KOREA, Monywa





4.8.2026 က ကိုရီးယားနိုင်ငံသို့ အလုပ်ခရီး စတင် လေယာဉ်တက် ထွက်ခွာသွားသူမောင်ဝေဖြိုးအောင် (ကုန်ထုတ် ဒုတိယသုတ်) အစစအရာရာ အဆ...
05/08/2026

4.8.2026 က ကိုရီးယားနိုင်ငံသို့ အလုပ်ခရီး စတင် လေယာဉ်တက် ထွက်ခွာသွားသူ

မောင်ဝေဖြိုးအောင် (ကုန်ထုတ် ဒုတိယသုတ်) အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။

အလုပ်ရှင်ကောင်း၊ လုပ်ငန်းကောင်း၊ မိတ်ဆွေအပေါင်းသင်းကောင်းများနဲ့ ဆုံတွေပါစေ။

ပညာနဲ့ အတွေ့အကြုံတွေတွေ ရှာဖွေဆည်းပူး စုဆောင်းနိုင်ပါစေ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင်နေပါ တို့ကလေးရေ။





Address

Sithu Street
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when KYAW KOREA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share