Success ရာထူးဝင်သင်တန်း နှင့် အင်္ဂလိပ်စာသင်တန်း

  • Home
  • Myanmar
  • Monywa
  • Success ရာထူးဝင်သင်တန်း နှင့် အင်္ဂလိပ်စာသင်တန်း

Success ရာထူးဝင်သင်တန်း နှင့် အင်္ဂလိပ်စာသင်တန်း English Proficiency Course

တိဟိတ်ဟူသည်...
14/10/2023

တိဟိတ်ဟူသည်...

တွေးတယ်ဆိုတာ • • • အနှစ်တစ်ရာတွေးတော့လဲ -အတွေးပါပဲ
***************************

ဒကာကြီး။ ။တပည့်တော်တို့ တိဟိတ်ပဋိသန္ဓေမဟုတ်လို့
တရားအားထုတ်ရင် နိဗ္ဗာန်ရပါ့မလားဘုရား။

ဝေဘူဆရာတော်။ ။ဟိတ်ဆိုတာ ဘာပြောတာလဲ
ဟဲ့သိလား။

ဒကာကြီး။ ။အကြောင်းကိုပြောတာပါဘုရား

ဝေဘူဆရာတော်။ ။အဲဒါဘယ်လောက်ရှိတာလဲ။
ခြောက်ပါးရှိတာမဟုတ်လား။လောဘ ဒေါသ မောဟ
ရယ် အလောဘ အဒေါသ အမောဟရယ်။

ဒကာကြီး။ ။မှန်ပါတယ်ဘုရား

ဝေဘူဆရာတော်။ ။ဘုရားဆုံးမတဲ့အတိုင်း ဒါလေး
ထွက်သက် ဝင်သက်ကို သိနေရင် နင့်တို့မှာ လိုခြင်ပါ
တယ်ဆိုတဲ့ လောဘကောရှိလား။

ဒကာကြီး။ ။မရှိပါဘုရား

ဝေဘူဆရာတော်။ ။စိတ်ဆိုးပါတယ်ဆိုတဲ့ ဒေါသ
ကောရှိသေးရဲ့လား။

ဒကာကြီး။ ။မရှိတော့ပါဘုရား

ဝေဘူဆရာတော်။ ။မသိမမြင်အယူတိမ်းမှားပြီး အ
မှန်တရားကိုဖုံးကွယ်နေတဲ့ မောဟရောရှိသေးရဲ့လား။

ဒကာကြီး။ ။မရှိပါဘူးဘုရား

ဝေဘူဆရာတော်။ ။အဲဒီလောဘ ဒေါသ မောဟ
ကင်းနေတော့ ဘာတွေနဲ့ယှဉ်ပြီးနေတာလဲ အလော
ဘ အဒေါသ အမောဟနဲ့ယှဉ်ပြီး နေတာမဟုတ်လား။

ဒကာတော်။ ။ဟုတ်ပါတယ်ဘုရား

ဝေဘူဆရာတော်။ ။အဲဒီလို အလောဘ အဒေါသ
အမောဟနင်တို့စိတ်ထဲမှာတည်နေတာတိဟိတ်
မဟုတ်ဘူးလားဗျ။

ဒကာကြီး။ ။ဟုတ်ပါတယ်ဘုရား

ဝေဘူဆရာတော်။ ။အဆုံးမတော်တိုင်းသာဆောင်
ယူကျင့်သုံးပါဗျာ အချိန်အခါနဲ့ ဝီရိယညီလာတဲ့အခါ
မှန်းရာဗောဓိပြည့်စုံမယ် ပြည့်စုံပြီးတော့ဆိုက်ရောက်
လာတဲ့အခါ လိုချင်တဲ့ချမ်းသာရပါလိမ့်မယ်ဗျာ။တွေးမ
နေပါနဲ့။တွေးတယ်ဆိုတာ အနှစ်တရာတွေးတော့လဲ အတွေးပါပဲ။ ဘာမှဖြစ်မလာပါဘူးကြားရဲ့လား။

{ဝေဘူဆရာတော်ဘုရားကြီး}

copy
Credit.....

20/08/2022

UN Secretary-General António Guterres at the port of Odesa, in Ukraine.

📸: UN Photo/Mark Garten

16/06/2022

စာခိုး ကလောင်ခိုး..,,.,,,

ဒီမနက်မှာ
ဆရာသန်းမင်းထွဋ် ပို့စ်မှာတွေ့ရ။
မေတ္တာရှင်က စာမူနဲ့ကလောင်အမည်ပါပြောင်းထားကြောင်း။
နောက် ကိုအောင်မြိုင်သင်းကလည်း ဆရာမောင်သော်ကရဲ့ဟောပြောပွဲကစကားကိုသူကပြန်ရေးထားတာသူ့အမည်မထည့်ပဲသုံးထားကြောင်းဖတ်လိုက်ရ။ ဒီအကြောင်းကိုဆရာမောင်သော်ကစင်ပေါ်မှာဟောတာကိုကိုယ်တိုင်ခဏခဏကြားရဘူးပါရဲ့။စာနဲ့မှတ်တမ်းတင်သူက
ကိုအောင်မြိုင်သင်း။

အဓိကပြောလိုသည်မှာအထက်ပါအကြောင်းအရာ၂ခုက
မေတ္တာရှင်သည် သူများစာမူများကို သူ့စိတ်ကြိုက်ပြုပြင်ထားကြောင်းထင်ရှားခြင်းပင်။

ထိုကိစ္စနှင့်တစ်ဆက်ထည်းပြောလိုသည်မှာ သူတို့ရေးသည့်စာများကို
သူများကလောင်အမည်တပ်ပြီး
တင်ခြင်းပင်။
သိပ်မကြာခင်က ဆရာမဂျူးက
သူမရေးပဲသူ့အမည်နှင့်စာများနှင့်ပတ်သက်ပြီးစိတ်အနှောက်အယှက်ဖြစ်ရကြောင်းဖတ်လိုက်ရ၏။
နောက်ထင်ထင်ရှားရှားတွေ့ရသည်မှာ ဆရာဦးဘုန်းကလောင်တုတွေ။
မိမိအမည်နှင့်လည်းအကောင့်အတုများစွာနှင့် မောင်စိန်ဝင်း ကဗျာများpage က ၁၃ ခုရှိကြောင်းတွေ့ရပါသည်။
အကောင့်တုများစွာမှာမိမိမရေးပဲ
သူတို့စိတ်ကြိုက်ရေးပြီးတင်ထား
တာများကိုတွေ့ရ၏။
မောင်စိန်ဝင်းကဗျာများpage တွေမှာတော့ မိမိကဗျာမဟုတ်ပဲမိမိအမည်နှင့်ရေးတင်တာတွေအများအပြား။အက်ဒ်မင်ကလည်းမိမိကဗျာဟူတ်မဟုတ်အားလုးံးကိုမသိနိုင်။ မိမိကဗျာ၃/၄ပုဒ်ပေါင်း ၁ ပုဒ်လုပ်တင်ထားတာလည်းရှိ။
မိမိဝတ္ထုတွေထဲကစာကြောင်းတွေလည်းကဗျာတွေဖြစ်သွား။
ဘာဖြစ်ဖြစ် မိမိအမာခံပရိတ်သတ်ကတော့ မိမိဟန်မိမိလေကိုသိနေသည်မို့ဟုတ်မဟုတ်ခွဲခြားနိုင်မည်ယုံပြီးစိတ်ကိုလျော့ချမိ။
အရာရာအနတ္တနှလုံးသွင်းရင်းပေါ့ပါးအောင်ဖြေမိ။

တစ်ဆက်ထည်းပြောလိုသည်မှာ
မိမိမှာရှိနေသည့်အကြပ်အတည်း
အပိတ်အပင်ကြောင့်ရေးလိုသမျှရေးမရသည့်အနေအထားမှာ
မေတ္တာပို့ဆုတောင်းများကိုနေ့စဉ်တင်ဖြစ်သည်။ပရိတ်သတ်နှင့်အဆက်မပြတ်လိုလို့။
ထိုသို့တင်ရာ၌ မိမိ၏ ထိုမနက်
လမ်းထွက်စဉ်/လဘက်ရည်ဆိုင်ထိုင်စဉ်ပုံများနှင့်တွဲတင်မိသည်မှာ..
အကောင့်အစစ်ဖြစ်ကြောင်း ထရိတ်မတ်ခ်တစ်ခုဖြစ်စေလိုခြင်းအဓိကကျပါသည်။မေတ္တာပို့သည်ကိုပင်ငြိုငြင်မခံစားနိုင်သူအချို့လည်းရှိ။
အလိုမကျသူများက Block နိုင်ပါသည်။သို့မဟုတ်မိမိကBlock ပေးပါမည်။ ပြန်ပြီးဖြေရှင်းပြဖို့အချိန်မရှိပါ။မိမိပရိတ်သတ်အားလုံး၏
နားလည်မှုကိုသာမိမိယုံကြည်နေပါသည်။

ပြန်ချုပ်ရလျှင် သူများစာများခိုးသူများရှိသလို၊ကိုယ်ရေးချင်တာရေးပြီး သူများကလောင်အမည်ကိုခိုးယူသူများလည်းရှိနေခြင်းပင်။
လောလောဆယ်တွေ့ရသည်မှာ
ကိုယ့်ဝတ္ထုစာသားသုံးကြောင်း
လောက်နှင့်စပြီးအောက်ကသူရေးချင်တာရေးထားကာကိုယ့်အမည်တပ်ထားသောပို့စ်တစ်ခု။
SSရိုက်ပြခြင်းတော့မလုပ်တော့ပါ။

ဇွတ်အတင်း သူများဟာကိုကိုယ့်
ဟာလုပ်ချင်သူများ၊သူများကလောင်ကိုကိုယ့်ကလောင်လိုလုပ်ချင်သူများရှိနေခြင်းကိုတညီတညွတ်
ဆန့်ကျင်တောထုတ်အပြစ်ပေး
နိုင်သူမှာပရိတ်သတ်မှလွဲပြီးအခြားမရှိ။
မူပိုင်ခွင့်တို့အမှန်တရားတို့ကား
လောလောဆယ်မှာပုန်းလျှိုးကွယ်
ပျောက်နေဆဲပင်မဟုတ်ပါလား။

မောင်စိန်ဝင်း(ပုတီးကုန်း)
၁၄/၆/၂၂

ဖေဖော်ဝါရီ ၁၃ မှာဗိုလ်ချုပ်မွေးနေ့ပါ...
13/02/2022

ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ...

13/2/2022
———
လွတ်လပ်ငြိမ်းချမ်း
ပန်းတိုင်အမြန်ရောက်နိုင်ကြပါစေ,,..

ကဗျာစာအုပ်တွေထဲ
မပါသေးတဲ့ကဗျာပါ...
------

အောင်ဆန်း
.....
အချိန်တိုတိုလေးရွာလိုက်တာပါ
တနွေလုံးအပူတွေဝေးသွားပေါ့..

တစ်ပင်ထည်းပဲ
တစ်တောလုံးကြိုင်လှိုင်လို့..

တစ်နိုင်ငံလုံးလင်းတဲ့ လ
ခဏလေးသာခွင့်ရခဲ့တယ်..

မရှိတော့ပေမယ့်
အမြဲရှိနေတယ်..

မပြောတော့ပေမယ့်
အမြဲကြားနေတယ်..

မအိုဘူး မနာဘူး
သေပြီးတော့လည်း မသေဘူး..

သူ့အသက်က
ပြည်သူတွေရဲ့ရင်ထဲမှာလေ...

မောင်စိန်ဝင်း(ပုတီးကုန်း)

06/02/2022
29/01/2022

From protecting natural resources 🌎 and reducing environmental impacts 🌳, to saving money 💰 and fighting food insecurity 🍚, everyone benefits from reducing food waste.

23/01/2022

Total ကုမ္ပဏီဆိုတာ သန်း​ရွှေကို သက်ဆိုးရှည်​အောင် ​ထောက်ပံ့ကူညီ​ပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီ​ငွေ​တွေနဲ့ ရုရှားက​နေ လက်နက်​တွေ ဝယ်ပြီး ဆက်ဆံ​​ရေး တည်​ဆောက်လာနိုင်ခဲ့တာပါ။ ခု ပြည်သူ​​တွေဆီ ကြဲချ​နေတဲ့ဗုံး​တွေ၊ ပျံသန်း​နေတဲ့ စစ်​လေယာဥ်​တွေက အဲဒီ​ငွေ​တွေနဲ့ ဝယ်ခဲ့တာ​တွေ​ပေါ့။ စစ်အာဏာရှင်နဲ့ ​ပေါင်းတဲ့ စီးပွား​ရေးလုပ်ငန်း​တွေရဲ့ ထုံးစံအတိုင်း အကျိုးစီးပွားသာ အဓိက​ ဆိုတဲ့မူနဲ့ အလုပ်လုပ်​နေသူ​တွေ ဖြစ်ပါတယ်။

အခု အဲ့လို ကုမ္ပဏီက​တောင် မြန်မာပြည်က​နေ ထွက်​တော့မယ် ဆို​တော့ ကျ​နော်တို့ ပြည်သူ​တွေရဲ့အား ဘယ်​လောက်ကြီးတယ် ဆိုတာ သိနိုင်ပါတယ်။ ​ပြောင်းခဲ့တဲ့ Profile frame ​တွေ၊ ထိုးခဲ့တဲ့ လက်မှတ်​တွေက​နေ အစပြုလာတဲ့ ဒီအား​တွေကို ယူပြီး အ​ပေါ်အဆင့်မှာ ​ဆွေး​နွေးကြတဲ့အခါ ကိုယ့်ဘက်က ပါဝါရှိလာတာ​ပေါ့။ Digital Strike ရဲ့ အကျိုးသက်​ရောက်မှု​တွေလို့ ​ပြောလည်း ရပါတယ်။

သို့​သော် ဒါက ​အ​ရွေ့တစ်ခု ဖြစ်လာတာပဲ ရှိ​သေးတယ်။ အောင်မြင်မှု ရသွားတာ​တော့ မဟုတ်​သေးဘူး။ သန်း​ရွှေအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွား​ရေး ပိတ်ဆို့တဲ့အခါမှာ မြန်မာ့​ရေနံနှင့် သဘာဝဓါတ်​ငွေ့လုပ်ငန်း (MOGE) မပါ​အောင်လို့ ဒီကုမ္ပဏီက ​လော်ဘီ​တွေငှားပြီး နားသွင်းခဲ့တာ ဖြစ်ပါတယ်။ ခု စစ်အုပ်စုဆီ ​ငွေမ​ပေးဖို့ ​တောင်းဆိုကြတဲ့အခါကျ သူတို့ပြင်သစ်အစိုးရက MOGE ကို ဆန်ရှင်မလုပ်လို့ ငါတို့မ​ပေးဘဲ ​နေလို့မရဘူး ဆိုပြီး အ​ကြောင်းပြ​နေပြန်တယ်။

ဒါ​ကြောင့် နိုင်ငံတကာ အစိုးရ​​တွေအ​နေနဲ့ MOGE ကို ပိတ်ဆို့ဖို့၊ ဒီကုမ္ပဏီ​တွေအ​နေနဲ့ စစ်တပ်ဆီ ​ပေးစရာကျန်တဲ့ ​ငွေ​တွေကို တတိယအ​ကောင့် (စစ်အုပ်စု ယူလို့မရတဲ့ Escrow Account) ထဲ လွှဲ​ဖို့၊ ပိုရှင်း​အောင် ​ပြောရရင် Freeze လုပ်ထားဖို့ ​ဆက်လက်တောင်းဆိုကြရပါမယ်။ ဒီလိုစာထုတ်လိုက်ရုံနဲ့ ငြိမ်သွားလို့ မဖြစ်ပါဘူး။

ဒီ​နေ့ ဇန်နဝါရီလ ၂၁ ရက်​နေ့က​နေ ၂၄ ရက်​နေ့ထိမှာ US နဲ့ EU ကို ရည်ရွယ်တဲ့ အွန်လိုင်းဆန္ဒထုတ်​ဖော်ပွဲ ရှိပါတယ်။ စစ်တပ်အတွက် နိုင်ငံခြား​ငွေ အဓိကရှာ​ပေး​နေတဲ့ MOGE ကို ဆန်ရှင်လုပ်ဖို့ ​တောင်းဆို​နေကြတာပါ။

Click လုပ်တာက ကိုယ့်ဘက်ကို ​ငွေဝင်ဖို့ပါ။ MOGE ကို ဆန်ရှင်လုပ်ဖို့က​တော့ ဒီသယံဇာတ​တွေ ​ရောင်းချပြီး ရတဲ့​ငွေနဲ့ ပြည်သူကို ပြန်သတ်​နေတဲ့ အကြမ်းဖက်စစ်တပ်ဆီ ​သွေးစွန်း​ငွေ​တွေ ထပ်မ​ရောက်သွား​စေဖို့ ဖြစ်ပါတယ်။ ဒေါ်လာဘီလီယံနဲ့ ချီတဲ့​ငွေ​တွေသာ စစ်အုပ်စုဆီ ထပ်​ရောက်သွားရင် ​တော်လှန်​ရေးဟာ ပိုခက်ခဲသွားနိုင်ပါတယ်။ ​ဒါ​ကြောင့် ပြည်သူများအ​နေနဲ့လည်း ပါဝင်​ပေးကြစေချင်ပါတယ်။

ပြိုကျလုလု ဖြစ်​နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွား​ရေးဒေါက်တိုင်​တွေ လုံးဝပြိုလဲသွား​အောင် ပြည်သူ့အားနဲ့ ဖြိုလှဲကြရ​အောင်ပါ။

အရေးတော်ပုံ အောင်ရမည် 💪



အွန်လိုင်းဆန္ဒထုတ်​ဖော်ပွဲအ​ကြောင်း အ​သေးစိတ်ကို ​အောက်က ပို့စ်မှာ ဖတ်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=5288707021139268&id=100000000679211

Health is a human right❗Compassion, not discrimination.
15/12/2021

Health is a human right❗

Compassion, not discrimination.

Health is a human right, yet inequalities in access to health care persist.

On Sunday's Universal Health Coverage Day, and every day, countries & providers must ensure free & equal access, an end to discrimination, and a safe & healthy environment for all.

14/12/2021

COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron variant) (၁၁-၁၂-၂၀၂၁)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ကြော်ငြာခဲ့တဲ့ B.1.1.529 ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇအသစ်ကို တွေ့ရှိတဲ့ သတင်းနဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ကြော်ငြာခဲ့တဲ့ Omicron Variant လို့ နာမည်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေက ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒီသတင်းဟာ ကျန်းမာရေးပညာရှင်တွေသာမက စီးပွားရေးလောကကိုပါ ရိုက်ခတ်သွားပြီး စတော့စျေးတွေ ထိုးကျစေခဲ့လို့ ဒီကပ်ကြီးဟာ နေရာတိုင်းကို ကိုင်လှုပ်နိုင်တယ်ဆိုတာ ပိုပြီး သက်သေပြနေခဲ့ပါတယ်။ နိုင်ငံအတော်များများက စိုးရိမ်တကြီးနဲ့ ပြည်ဝင်ခွင့်တွေကို ပိတ်လိုက်ကြလို့ ခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထူဖို့ကိုလည်း ပိုမိုနှောင့်နှေးစေတဲ့အကြောင်းတွေ ဖြစ်လာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ နိုဝင်ဘာလအတွင်း ရောဂါဖြစ်ပွားမှုနှုန်းတွေ သိသိသာသာ ကျလာပါတယ်။ တစ်ရက်ကို ကူးစက်မှုပေါင်း (၃၀၀) ပတ်ဝန်းကျင်လောက်ပဲ တွေ့ရပါတယ်။ သို့သော် ဒီဇင်ဘာလဆန်းမှာတော့ ရုတ်တရက် တစ်ရက်ကို လူနာပေါင်း တစ်သောင်းကျော်လောက် ပြန်တက်လာပါတယ်။ ဒီအချိန်မှာ Omicron ကို တွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ ကူးစက်မှုတွေက Omicron ကြောင့် အချိန်တိုအတွင်းမှာ အဆပေါင်းများစွာ တက်လာတာလားလို့ နိုင်ငံတကာကျန်းမာရေးပညာရှင်တွေက သံသယဖြစ်လာကြပါတယ်။ ဒါ့အပြင် ယခင်က Delta variant ကူးစက်ခံထားဖူးတဲ့ လူတွေ၊ COVID-19 ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာပါ တစ်ကျော့ပြန်ရောဂါတွေ ပြန်ဖြစ်လာပါတယ်။ အရင်ထိုးထားတဲ့ ကာကွယ်ဆေးတွေက Omicron မှာ အကျိုးသက်ရောက်မှု ရှိ မရှိနဲ့ ကာကွယ်မှု ပေးနိုင်၊ မပေးနိုင်ကို စိုးရိမ်လာကြတယ်။

Omicron variant မှာ မျိုးရိုးဗီဇပြောင်းတဲ့နေရာ (၅၀) လောက်ရှိတဲ့အတွက် အရင် မျိုးကွဲတွေထက် ထူးခြားပြီး အသွင်ပြောင်းနိုင်ခြေ ပိုများလာပါတယ်။ လက်ရှိအသုံးပြုနေတဲ့ PCR test တွေက Omicron variant ကို စမ်းသပ်နိုင်ပါတယ်။ ဒါပေမဲ့ Delta လား၊ Omicron လားဆိုတာတော့ မခွဲခြားနိုင်ပါဘူး။ Antigen test တွေကိုလည်း အသုံးပြုနိုင်ဆဲဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးတွေက အာနိသင် လျော့ကျနိုင်တယ်ဆိုပေမဲ့ ရောဂါပြင်းထန်မှုနဲ့ အသက်အန္တရာယ်ထိခိုက်မှုနည်းအောင် ရာခိုင်နှုန်း အတော်များများ ကာကွယ်ပေးနိုင်ပါတယ်။ Virus ကို တိုက်ခိုက်တဲ့ဆေးတွေ (Antivirals: remdesivir, molnupiravir, Paxlovid)၊ အရောင်ကျဆေးတွေ (Steroids, IL-6 inhibitors) က ဆက်လက်အကျိုးရှိနေတယ်လို့ တွေ့ရှိရတယ်။

တောင်အာဖရိကက ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ရောဂါဖြစ်ပွားမှုနှုန်းတွေ တက်နေပေမဲ့ ဆေးရုံတက်လူနာနည်းခြင်း၊ အသည်းအသန် ကြပ်မတ်ကုသရတဲ့ လူနာနည်းခြင်း၊ အသက်ဆုံးရှုံးတဲ့ လူနာနည်းခြင်းတို့ကို တွေ့ရှိရပါတယ်။ အသက် (၃၀) နှစ်အောက် လူငယ်တွေမှာ အဖြစ်များတာတွေ့ရပါတယ်။ အသေးစိတ် သိရှိနိုင်ဖို့ကိုတော့ နိုင်ငံတကာပညာရှင်တွေက သုတေသနပြုလေ့လာနေဆဲဖြစ်ပါတယ်။

ဟောင်ကောင်မှာ စတွေ့ခဲ့တဲ့ Omicron ပိုးတွေ့လူနာ (၂) ယောက်မှာ -
- တစ်ယောက်မှာ တောင်အာဖရိကနိုင်ငံသား ဧည့်သည်ဖြစ်ပါတယ်။ ရောဂါလက္ခဏာမရှိဘူး၊ ပုံမှန် ခရီးသွားပြီး နိုင်ငံထဲဝင်လို့ စစ်တာဖြစ်ပါတယ်။
- နောက်တစ်ယောက်မှာ ကနေဒါနိုင်ငံသား ဧည့်သည်ဖြစ်ပါတယ်။ ရောဂါလက္ခဏာ အနည်းငယ်သာရှိပါတယ်၊

နှစ်ယောက်စလုံး ဟောင်ကောင်သို့ မရောက်မီ (၇၂) နာရီအတွင်းမှာ စစ်ထားတဲ့ PCR test မှာ Negative ဖြစ်ခဲ့ပြီး နိုင်ငံတွင်းရောက်ရှိပြီးမှ Omicron ပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ယခုအခါ အချို့နိုင်ငံတွေက နိုင်ငံထဲဝင်ဖို့ PCR test ကို (၇၂) နာရီအတွင်း ကြိုစစ်ဖို့ လိုအပ်ချက်ကို (၂၄) နာရီအတွင်း စစ်ရမယ်လို့ ပြောင်းလိုက်ကြပါတယ်။ နိုင်ငံအတွင်း ရောက်ရှိပြီး (၃) ရက်ကနေ (၅) ရက်အတွင်း ထပ်စစ်ရမယ်လို့ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေ ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ (၇) ရက်နေ့အထိ စုစုပေါင်း လူဦးရေ ခြောက်သောင်းလောက် ကမ္ဘာအနှံ့အပြားမှာ ရောဂါကူးစက်ခံနေရပြီလို့ ထုတ်ပြန်ခဲ့တော့ ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ခြင်း၊ လာခါနီး (၂၄) နာရီ PCR test စစ်ခြင်းတွေက တကယ်ရော အကျိုးရှိရဲ့လားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။

လူ့ကိုယ်ခန္ဓာထဲကို ဝင်ပြီးရောက်လာတဲ့ ဗိုင်းရပ်စ်ရဲ့ ရည်ရွယ်ချက်မှာ -
- ပွားနိုင်သလောက်ပွားပြီး နောက်တစ်ယောက်ကို ကူးမယ်။
- လူ့ကိုယ်ခန္ဓာကို စက်ရုံလို အသုံးပြုပြီး သူ့ရဲ့ မျိုးရိုးဗီဇနဲ့ ဗိုင်းရပ်စ်လေးတွေ သန်းနဲ့ ချီပြီး ထုတ်တယ်။
- လူ့ကိုယ်ခန္ဓာရဲ့ အပြင်ဘက်မှာ မပွားနိုင်၊ အသက်မရှင်နိုင်ပါဘူး။

RNA ဗိုင်းရပ်စ်တွေဟာ ပွားရင်း၊ မျိုးရိုးဗီဇကို ကူးရင်း မျိုးရိုးဗီဇကွဲတွေ တစ်ခုပြီး တစ်ခု ထွက်လာကြပါတယ်။

COVID-19 ဗိုင်းရပ်စ်ဟာလည်း RNA ဗိုင်းရပ်စ်ပိုး ဖြစ်တဲ့အတွက် Alpha (B.1.1.7)၊ Beta (B.1.3.5.1)၊ Gamma (P.1)၊ Delta (B1.617.2) ဆိုပြီး မျိုးရိုးဗီဇကွဲတွေ ထွက်လာပါတယ်။ နောက်ဆုံး Delta မျိုးကွဲက အဆိုးဆုံးဖြစ်ပါတယ်။ ဆေးရုံခုတင်တွေ မလောက်တော့အောင်၊ အောက်စီဂျင်တွေ ရှူစရာမရှိတော့အောင်၊ အလောင်းတွေ သင်္ဂြိုလ်ဖို့ အလျင်မမီတော့အောင် ဖြစ်ခဲ့ရပါတယ်။ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုလှိုင်းတွေဟာလည်း ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း စသဖြင့် လှိုင်းတွေတစ်ခုပြီးတစ်ခု ပေါ်ပေါက်ဖြစ်ပွားခဲ့တာကို ကြုံတွေ့ခဲ့ကြရပါတယ်။ အခုလည်း Omicron (B.1.1.529) ဆိုပြီး COVID-19 မျိုးရိုးဗီဇကွဲအသစ်တစ်မျိုး ထပ်မံပေါ်ပေါက်လာပြန်ပါပြီ။

ဒီမျိုးကွဲတွေနဲ့ ဒီလှိုင်းလုံးတွေကို ကျော်ဖြတ်ရင်း (၂) နှစ်ပြည့်ခါနီးမှာ လူပေါင်း သန်း (၂၆၀) ကျော် ရောဂါကူးစက်ခံခဲ့ရပြီး (၅) သန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ Omicron variant က သတိထပ်ပေးလိုက်တာကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အပြီးထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘူး။ တွယ်ကပ်နေဖို့ ခြေလှမ်းပြင်နေပြီဆိုတာလည်း သတိပြုရပါမယ်။

အချို့ဖွံ့ဖြိုးပြီးနိုင်ငံတွေက Omicron မျိုးကွဲပေါ်လာတာနဲ့ အရွယ်ရောက်ပြီးသူတိုင်းကို COVID-19 ကာကွယ်ဆေး တတိယအကြိမ်ထိုးဖို့၊ ပြည်သူတွေရဲ့ ကိုယ်ခံအားကို တတ်နိုင်သမျှ အမြင့်ဆုံးမြှင့်ထားဖို့ ကြိုးစားနေကြပါတယ်။ ဒီအချိန်မှာ ဖွံ့ဖြိုးမှုနောက်ကျ‌နေတဲ့နိုင်ငံတွေက ပြည်သူတွေမှာတော့ ပထမအကြိမ်ထိုးဖို့တောင် ကာကွယ်ဆေး အလုံအလောက် မရနိုင်သေးပါဘူး။ ကွယ်ဆေးထိုးတဲ့နေရာတွေအတွက် လုံခြုံမှု မပေးနိုင်သေးပါဘူး။

COVID-19 ရောဂါ ကာကွယ်ကုသရာမှာ လူတိုင်း တန်းတူညီမျှရှိဖို့နဲ့ တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။

“လူတိုင်း မလုံခြုံသရွေ့ ဘယ်သူမှ လုံခြုံမှု မရှိနိုင်သေးဘူး” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း -
- COVID-19 ကာကွယ်ဆေး မရတဲ့ဒေသတွေမှာ ရောဂါတွေ အဖြစ်များမယ်၊
- ဗိုင်းရပ်စ်တွေ မထိန်းနိုင်အောင် ပွားမယ်၊
- အဲဒီနေရာတွေက မျိုးရိုးဗီဇအသစ်တွေ ထွက်ပေါ်လာမယ်၊
- ကူးစက်မှုလှိုင်းတွေ ကြီးသထက်ကြီးလာမယ်၊
- ကူးစက်မှုတွေ များသထက်များလာမယ်။

ဒါကြောင့် အချို့တွေမှာ ကာကွယ်ဆေးဘယ်လောက်ပဲထိုးထားပါစေ ကာကွယ်ဆေးလွှမ်းခြုံမှု အပြည့်အဝ မရှိပါက သံသရာတစ်ပတ်လည်ပြီး ဗိုင်းရပ်စ်အသစ်နဲ့ ကပ်အသစ်ကြီး တစ်ခုလုံး အစကနေပြန်ရင်ဆိုင်ရတဲ့ အခြေအနေတွေ ရောက်သွားနိုင်ပါတယ်။

မုန်တိုင်းဟာ အချိန်တန်ရင် ပြီးပါတယ်။ အလင်းရောင်ရှိတဲ့ ရောင်နီဦးဆီ မလွဲမသွေ ရောက်ပါမယ်။ အဲဒီအချိန်ရောက်တဲ့အထိ ဇွဲရှိဖို့၊ စိတ်ရှည်ဖို့၊ ဉာဏ်နဲ့ယှဉ်ပြီး အလုပ်လုပ်နိုင်ကြဖို့၊ သံသရာခရီးသည်အချင်းချင်း စိတ်ဝမ်းမကွဲဘဲ ကူညီရိုင်းပင်းကြဖို့၊ ကျန်းမာရေးကောင်းနေဖို့ အထူးအရေးကြီးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေကို အခွင့်အရေးရတဲ့ နေရာတိုင်းမှာ လက်ရှိလမ်းညွှန်ချက်တွေအတိုင်း ထိုးကြရပါမယ်။ ပညာရှင်တွေအနေနဲ့လည်း သုတေသနအပေါ်အခြေခံထားတဲ့ လမ်းညွှန်မှုတွေအတိုင်း ကာကွယ်ထိန်းချုပ်ကုသရပါမယ်။

ပြည်သူတွေအနေနဲ့ အဓိကလိုက်နာရမှာတွေကတော့ -
- အဆောက်အဦအတွင်း မလိုအပ်ဘဲ လူစုမှုတွေကို ရှောင်ပါ။
- လေဝင်လေထွက်ကောင်းအောင် စီမံပါ။
- Mask ကို စနစ်တကျ တပ်ပါ။
- လက်ကို စနစ်တကျ‌ ဆေးပါ။
- တစ်ဦးနဲ့တစ်ဦး (၆) ပေအကွာမှာ ခပ်ခွာခွာနေပါ။
- လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
- ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအသောက်ကို တတ်နိုင်သမျှ စားသုံးပါ။
- နေမကောင်းရင် အိမ်မှာပဲ နေပါ။ လူစုလူဝေး ရှောင်ရှားပါ။
- နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် စစ်လို့ရတဲ့နေရာတွေမှာ စစ်ရင်လည်း ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပါ။
- နီးစပ်ရာဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့ အချိန်မဆိုင်းဘဲ တိုင်ပင်ပါ။

ပြည်သူအပေါင်း ကပ်ဘေးဒုက္ခမျိုးစုံမှ အမြန်ဆုံး လွတ်မြောက်ပြီး အရုဏ်ဦး အလင်းရောင်ဆီ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အမြန်ဆုံး ရောက်ရှိကြပါစေ။

ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://moh.nugmyanmar.org/
---------------------------------------

ကိုဗစ်-၁၉ ဗဟုသုတစင်တာ
https://facebook.com/ckcmohnugmm

တယ်လီကျန်းမာ အခမဲ့ဆေးခန်း
https://facebook.com/telehealthmm

11/12/2021

The have joined forces with the UN to help build a more sustainable world. By eating all kinds fruits and vegetables – including "ugly" ones – you can improve your health and help reduce food waste. http://www.un.org/actnow

Address

Anawratha Road & 9th St
Monywa

Website

Alerts

Be the first to know and let us send you an email when Success ရာထူးဝင်သင်တန်း နှင့် အင်္ဂလိပ်စာသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share