PyinNyar Kyaw Education Centre

PyinNyar Kyaw Education Centre သင့်တင့်မျှတသောသင်တန်းကြေးဖြင့် အေ

30/09/2025

၁၀တန်းတုန်းက Organic chemistry

ကိုပယ်ကျက်ပြီးဖြေတယ်

အဲ့တော့ ဆေးကျောင်းရောက်တော့

First MB မှာ Chemistry ကို မလိုက်နိုင်တော့ဘူး

1st MB မှာ Chemistryမလိုက်နိုင်တော့

2nd MBမှာ BioChemistry ကိုနားမလည်တော့ဘူး

BioChemistry ကို အောင်အောင်ဖိပြီးရုန်းတော့

Physio နဲ့ anatomy ကို မလေ့လာနိုင်တော့ဘူး

Biochemistry မရေတာ့

3rd MB မှာ pharmacology ကို ဉာဏ်မမှီတော့ဘူး

anatomy ကို မပိုင်ခဲ့တော့

3rdMB မှာ pathology ကို ပုံဖော်လို့မရတော့ဘူး

3rd MB မှာ patho မရတော့

Part 1 မှာ Forensic Psm ကို အချိန်မပေးနိုင်ဘူး

အောက်နှစ်က Basic science တွေတစ်ခုမှ

မပိုင်တော့

part 2 ရောက်တော့ ၄ဘာသာလုံးခွေးဖြစ်ရော....

part 2 မှာ စာမရတော့

houseရောက်တော့

ဘာမှ မလုပ်တတ်ဘဲ အတိုင်ခံရရော

House မှာအတိုင်ခံရတော့

ဘွဲ့ရတော့ ဆမ မထုတ်ပေးတော့ဘူး

ကျောင်းတစ်လျောက် စာမေးပွဲအတွက်ဘဲ

ရုန်းကန်နေရတော့

ရည်းစားမရှိတဲ့ FA ကောင်ဖြစ်ရော......

ဒီလိုနဲ့ .....

စုတ်စုတ်ပြတ်ပြတ် ဆေးကုစားလို့ မရတဲ့ဆရာဝန်

FA ဘဝကို သက်ဆုံးတိုင်ဖြတ်သန်းသွားရပါတယ်...

--------------------------------------------

သင်ခန်းစာ- ဘဝမှာဒုက္ခမရောက်ချင်ရင်

၁၀တန်း Organic ကျက်ပါ....

30/09/2025
23/06/2024
15/07/2023

Phrasal Verbs အလုံး (150)

1. Look = ကြည့်သည်။
2. Look at = ကြည့်ပါ။
3. Look after = ကြည့်ရှု့စောင့်ရှောက်သည်။
4. Look ahead = အနာဂတ်ကို မျှော်ကြည့်သည်။
5. Look back = ပြန်လည်သတိရသည်။
6. Look down = ငုံ့ကြည့်သည်။
7. Look down on = အထင်သေးသည်။
8. Look for = ရှာဖွေသည်။
9. Look forward to = ရှေ့ရှု့သည်။
10. Look in = ခေတ္တအလည်သွားသည်။
11. Look into = စုံစမ်းစစ်ဆေးသည်။
12. Look like = အမည်တူသည်။
13. Look on = လေ့လာကြည့်ရှု့သည်။
14. Look onto = တည့်တည့်မြင်ရသည်။
15. Look out = သတိထားသည်။
16. Look out of = လှမ်းကြည့်သည်။
17. Look out for = စောင့်ကြည့်သည်။
18. Look over = ပြန်လည်စစ်ဆေးသည်။
19. Look to = သတိမူသည် ။ မျှော်လင့်သည်။
20. Look up = မော့ကြည့်သည်။
21. Look up to = အရိုအသေပေးသည်။လေးစားသည်။
********************

"Come"
1. come = လာသည် ၊ ရောက်လာသည်။
2. come across = တွေ့ဆုံသည်။
3. come along = မြန်မြန်လုပ်သည်၊ လိုက်လာသည်။
4. come back = ပြန်လာသည်။
5. come down = ဆင်းလာသည် ၊တန်ဖိုးကျသည်။
6. come for = လာယူသည်။
7. come from = မှလာသည် ၊ ဇာတိဖြစ်သည်။
8. come home = အိမ်ပြန်လာသည်။
9. come into = အထဲ၀င်လာသည်။
10. come of = ဆင်းသက်လာသည် ၊ ပေါက်ဖွားလာသည်။
11. come off = ပြုတ်ကျသည် ၊ ဖြစ်လာသည်။
12. come on = စိတ်ခေါ်သည် ၊ မြန်မြန်လုပ်သည်။
13. come out of = ထွက်ပေါ်လာသည် ။
14. come to = ရောက်လာသည်။
15. come to an end = ပြီးဆုံးသွားသည်။
16. come up = အပေါ်သို့ တက်သည် ၊ အနားရောက်လာသည်
17. come up with =မှီလာသည်
*****************

"Have"
1. have = ပိုင်သည် ၊ ပါသည် ၊ မှာရှိသည်။
2. have an accident = ထိခိုက်မှုဖြစ်သည်။
3. have a chat = စကားစမြည်ပြောသည်။
4. have a dream = အိပ်မက် မက်သည်။
5. have a drink = အရည်တစ်မျုိုးမျိုးသောက်သည်။
6. have a good time = ပျော်သည်။
7. have a headache = ခေါင်းကိုက်သည်။
8. have a holiday = ကျောင်းပိတ်သည် ။
9. have an idea = သိသည်။
10. have a meal = အစာ စားသည်။
11. have (one's ) own way = ကိုယ့်သဘောနှင့်ကိုယ်လုပ်သည်။
12. have a party = ဧည့်ခံပွဲ ကျင်းပသည်။
13. have a seat = ထိုင်သည်။
14. have to = ပြုရသည် ၊ လုပ်ရသည်။
15. have a walk = လမ်းလျှောက်သည်။
16. have on = ၀တ်ဆင်သည်။
************************--

"Lay"
1. Lay = ထားသည် ၊ ချထားသည်။
2. lay aside = စွန့်လွှတ်သည် ၊ ဘေးဖယ်ထားသည်။
3. lay by = စုဆောင်းသည် ၊ စွန့်လွှတ်သည်။
4. lay down = ချထားသည် ၊ အလောင်းအစားလုပ်သည်။
5. lay off = ရပ်စဲသည်။
6. lay out the plan = စီိမံချက်ချသည်၊ စီစဉ်သည်။
7. lay out the money = အကုန်အကျခံသည်။
8. lay hold on = ဖမ်းဆီးသည်။
9. lay the blame = အပြစ်တင်သည်။
10. lay to outside = အပြင်မှာ ရပ်ထားသည်။
11. lay up with = လဲကျသည်။
*****************

"Change"
1. change = ပြောင်းလဲသည် ၊ လဲလှယ်သည် ။
2. change the dress = အ၀တ်လဲသည် ။
3. change into =ပြောင်းလဲသည် ။
4. change hands = လွှဲပြောင်းသည် ။
5. change (One's mind) = စိတ်ပြောင်းသွားသည် ။
6. change the name = နာမည်ပြောင်းသည် ။
7. change the notes = အကြွေလဲသည် ။
8. change the place = နေရာချင်းလဲသည် ။
9. change the train = ရထားပြောင်းစီးသည် ။
***************

"Call"
1. call = ခေါ်သည် ၊အော်ခေါ်သည်။
2. call at = ခေတ္တရပ်နားသည် ၊ အလည်သွားသည်။
3. call away = ဆင့်ခေါ်သည် ၊ ပင့်ဖိတ်သည်။
4. call back = ပြန်လည်ဆက်သွယ်သည်။
5. call down = ဆူပူကြိမ်းမောင်းသည် ၊ အပြစ်တင်သည်။
6. call for = လိုအပ်သည် ၊တောင်းဆိုသည်။
7. call in = အကြံတောင်းသည် ၊ ဆင့်ခေါ်သည်။
8. call off = ဖျက်သိမ်းသည် ။
9. call on = အလည်သွားသည်။
10. call out for = အကူအညီတောင်းသည်။
11. call the names = ဆဲဆိုသည်။
12. call a taxi = တက္ကစီငှားသည်။
13. call up = ဖုန်းဆက်သည်။
************************

"Let"
1. let = ခွင့်ပြုသည် ၊ ပြုစေသည်။
2. let alone = အေးအေးဆေးဆေးနေစေသည်။
3. let down = အောက်သို့ နှိမ့်သည်။
4. let go of = လျော့ပေးသည် ၊ လွှတ်သည်။
5. let in = ၀င်ခွင့်ပြုသည်။
6. let loose = လွှတ်သည် ။
7. let on = သိစေသည်။
8. let off = ဖေါက်ခွဲသည်၊ ခွင့်လွှတ်သည်။
9. let out = ငှါးရမ်းသည် ၊ ဖေါ်ထုတ်သည်။
10. let up = ရပ်တန့်သွားသည်။
*******************

"Cast"
1. cast = ပစ်လွှင့်သည် ၊ ချသည်။
2. cast about = အကြံထုတ်သည် ၊ ရှာဖွေသည်။
3. cast away = ပယ်ချသည် ၊ စွန့်ပစ်သည်။
4. cast back = ပြန်ညွန်းသည် ၊ ပြန်စဉ်းစားသည်။
5. cast down = စိတ်ဓါတ်ကျသည်။
6. cast a look = ကြည့်သည်။
7. cast the lot =မဲချသည်၊ မဲခွဲသည်။
8. cast the net = ကွန်ပစ်သည်။
9. cast off = လွှင့်ပစ်သည် ၊ စွန့်လွှတ်သည်။
10. cast out = ထုတ်ပစ်သည်။
11. cast up = တွက်ချက်သည် ၊ အံထုတ်သည် ။
12. cast the vote = မဲထည့်သည်
****************

"Mark"
1. mark = မှတ်သားသည်၊ သတ်မှတ်ထားသည်။
2. mark down = ရေးမှတ်သည် ၊စျေးနှုန်းလျော့သည်။
3. mark on = ရေးမှတ်သည်၊ မှတ်သားသည်။
4. mark off for = အမှတ်လျော့သည်။
5. mark out = ဖြုတ်ပယ်သည်။
6. mark my word = မှတ်ထားသည် ၊ လိုက်မှတ်သည်။
7. mark time = ချိန်မှတ်သည် ။
8. mark up = စျေးနှုန်းတက်သည်။
*******************

"Pass"
1. pass = ဖြတ်ကျော်သည် ၊ အောင်မြင်သည်။
2. pass away = ကွယ်လွန်သည် ။
3. pass for = ဖြတ်သွားသည်။
4. pass the exam = စာမေးပွဲအောင်သည်။
5 .pass over = ဖြတ်ကျော်သည် ၊ ခွင့်လွှတ်သည်။
6. pass the time = အချိန်ကုန်သည်။
7. pass through = ဖြတ်သန်းသည်။
******************

"Clear"
1. clear = သန့်ရှင်းသည် ၊ ကြည်လင်သည် ။
2. clear off = ရှင်းပစ်သည်။ ထွက်ခွာသွားသည်။
3.clear out = နှင်ထုတ်သည်၊ စွန့်ပစ်သည်။ရှင်းလင်းပစ်သည်။
4. clear away = ပျောက်ကွယ်သွားသည်။
5. clear the throat = လည်ချောင်းရှင်းသည် ။
6. clear up = ဖြေရှင်းသည်။
*****************

"Close"
1. close down = ပိတ်သည် ၊ ရပ်ဆိုင်းသည်။
2. close in = နီးကပ်လာသည်။
3. close out = လျော့စျေးနှင့်ရောင်းသည်။
4. close up = ခေတ္တပိတ်သည် ။
5. close with = တင်းကြပ်စွာ ဆုပ်ကိုင်သည်။
6. close = ပိတ်သည် ၊ ရပ်စဲသည်။
*****************

"Keep"
1. keep = သိမ်းဆည်းထားသည်
2. keep away = ရှောင်နေသည်
3. keep back = နောက်ဆုတ်သည်
4. keep the change = အကြွေလှဲသည်
5. keep down = ချွေတာသည် ချိုးနိမ်သည်
6. keep on = ဆက်လက်ပြုလုပ်သည်
7. keep up = ထိန်းသိမ်းထားသည်
8. keep up with = အမီလိုက်သည်
9. keep in touch with = ဆက်သွယ်သည်
10. keep still = ငြိမ်ငြိမ်နေသည်
11. keep time = အချိန်မှန်သည်
12. keep the promise = ကတိတည်သည်
13. keep waiting = စောင့်နေသည်
14. keep a secret = လျို့ဝှက်ထားသည်
15. keep warm = နွေးနွေးထွေးထွေးနေသည်
16. keep out of trouble= ပြဿနာမဖြစ်အောင်နေသည်
17. keep company with = ပေါင်းသင်းသည်
******************

"Get"
1. get = ရသည် ၊ ယူသည် ၊ ရောက်သည်။
2. get along with = လိုက်ပါသည် ၊ အဆင်ပြေသည်။
3. get along = လုပ်ဆောင်နိုင်သည်။
4. get around = ပျံ့နှံ့သည် ။
5. get away with = ယူပြေးသည်။
6. get at = လာဘ်ထိုးသည်။
7. get back = ပြန်လာသည်။
8. get down = ဆင်းသည်။
9. get in = အထဲသို့၀င်သည်။
10. get in the way = ဟန့်တားသည်။
11. get into trouble = ဒုက္ခရောက်သည်။
12. get off = ယဉ်ရထားပေါ်မှ ဆင်းသည်။
13. get on =ကြီးပွားသည် ၊ တိုးတက်သည်။
14. get out of = ထွက်သွားသည် ။
15. get over = ကျော်လွန်သည်။
16. get to = ဆိုက်ရောက်သည် ။
17. get together = သဘောတူသည် ၊ ညှိနှိုင်းသည်။
18. get together with = တွေ့ဆုံသည် ၊ ပူးပေါင်းသည်။
19. get through = အောင်မြင်သည် ၊ ပြီးစီးသည်။
20. get up = အိပ်ယာမှထသည် ။ မတ်တပ်ရပ်သည်။
**********************

"Make"
1. make = ပြုလုပ်သည် ၊ ဖြစ်စေသည်။
2. make after = နောက်ကလိုက်သည် ။
3. make a bed = အိပ်ရာခင်းသည် ။
4. make a deal with = ရောင်း၀ယ်သည် ။
5. make a match = အောင်သွယ်ပေးသည် ။
6. make a mistake = မှားသွားသည်။
7. make a noise = ဆူညံသည်။
8. make a stand = အာခံသည် ၊ ခံပြောသည်။
9. make a statement = ထင်ပြသည်။
10. make a believe = ဟန်ဆောင်သည် ။
11. make contact with = ထိတွေ့သည် ၊ ဆက်ဆံသည် ။
12. make fire = မီးမွှေးသည်။
13. make fun of = ဟာသလုပ်သည်၊ လှောင်သည်။
14. make haste of = မြန်မြန်လုပ်သည် ။
15. make into = ပြောင်းလဲသည် ။
16. make matter worse = ပိုဆိုးလာသည်။
17. make merry = ပျော်ရွှင်သည် ။
18. make money = ပိုက်ဆံရှာသည်။
19. make off = လုထွက်ပြေးသည်။
20. make out = နာလည်သည် ၊ သဘောပေါက်သည် ။
21. make profit = အမြတ်ရသည် ။
22. make tea =လဖက်ရည်ဖျော်သည် ။
23. make towards = ချဉ်းကပ်သွားသည်။
24. make trouble = ဒုက္ခပေးသည်။
25. make over = လွှဲပြောင်းပေးသည်။
26. make up a story = လုပ်ကြံပြောသည်။
27. make up (one's )mind = စ်ိတ်ဆုံးဖြတ်သည်။
28. make away with = ဝှက်ထားသည်။

မူ‌ရင်းရေးသားသူကို လေးစားစွာ Credit ပေးပါတယ်။
မူရင်းရေးသားသူ ဘယ်သူလဲဆိုတာ မသိလို့ နာမည်မရေးတာပါခင်ဗျ။

12/05/2023

အကြွေး ဇာတ်ကား (ဇာတ်သိမ်း)
တချိန်က ကျော်ဟိန်းရဲ့ နာမည်ကြီးဇာတ်ကား
(ဝတ္ထု နှင့် ဇာတ်ကား ယှဉ်ကြည့်ရန်။)
👉👉👉လက်ညှိုးလေး ကွေးတတ်ဖို့ရာအတွက် ----- ဆယ်နှစ်၊ ဆယ်နှစ်----ဆယ်နှစ် 👈👈👈(ကျော်ဟိန်း)

11/05/2023

အကြွေး ဇာတ်ကား (၁)
တချိန်က ကျော်ဟိန်းရဲ့ နာမည်ကြီးဇာတ်ကား
(ဝတ္ထု နှင့် ဇာတ်ကား ယှဉ်ကြည့်ရန်။)
👉👉👉လက်ညှိုးလေး ကွေးတတ်ဖို့ရာအတွက် ----- ဆယ်နှစ်၊ ဆယ်နှစ်----ဆယ်နှစ် 👈👈👈(ကျော်ဟိန်း)

အကြွေးသုမောင်အပိုင်း (၆) ဇာတ်သိမ်းပိုင်း🌸🌸🌸🌸🌸ဦးဘဒင်နှင့် မြမေတို့ နှစ်ဦးသဘောတူ နှစ်ဘက်မိဘများ ရပ်ရွာလူကြီးများ သဘောတူ စေ...
10/05/2023

အကြွေး
သုမောင်
အပိုင်း (၆) ဇာတ်သိမ်းပိုင်း

🌸🌸🌸🌸🌸

ဦးဘဒင်နှင့် မြမေတို့ နှစ်ဦးသဘောတူ နှစ်ဘက်မိဘများ ရပ်ရွာလူကြီးများ သဘောတူ စေ့စပ်ကြောင်းလမ်း ထိမ်းမြားလက်ထပ်ပြီ ဆိုသော သတင်းသည် တောမီးပမာ ပျံ့နှံ့သွားပြီဖြစ်သောကြောင့် တောထဲတွင် ပုန်းနေသော တော်လှန်ရေးသမား အောင်ဗလထံသို့လည်း သတင်းအငွေ့ အသက် ရောက်ရှိလာလေသည်။ နံပါတ်တစ် ဆွေးရ၏။ နံပါတ်နှစ် အံ့သြရ၏။ နံပါတ်သုံး ဒေါသဖြစ်ရ၏။ ဤမျှလောက်သာ ပြောပြလိုက်လျှင် အောင်ဗလ၏ ခံစားမှုအတိုင်း အတာကို နားလည်နိုင်လောက်ကြပါပြီ။

🌸🌸🌸

အမှန်က ဤသို့ ဖြစ်ရခြင်းဖြစ်၏။ မြမေသည် အောင်ဗလကို ချစ်ပါသည်။

သို့သော် လူငယ်တို့ သဘာဝ စိတ်ကူးလွန့် လှုပ်ရှားခြင်း၊ လွမ်းမောဖွယ်ကောင်းသော အရာများကို ခံစားရခြင်း၊ ငယ်သူငယ်ချင်းအဖြစ် တစ်ဆင့်တက်၍ သံယောဇဉ်ငြိတွယ်လာခြင်း စသော ထုံးစံအတိုင်း ချစ်ခြင်းမျိုးဖြင့် ချစ်ခဲ့ခြင်း ဖြစ်၏။

မြမေသည် ဦးဘဒင်ကဲ့သို့ ရုန့်ရင်း ကြမ်းတမ်းခြင်း၊ ပြဿနာ တစ်ခုကို ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ဆုံးဖြတ်တတ်ခြင်း၊ သတ္တိကောင်း ခြင်း၊ မိန်းမဟူသမျှကို ဤလောက၌ ရှိသူဟုမထင်ဘဲ ဥပေက္ခာပြုနိုင်ခြင်း စသော ယောက်ျားကြမ်းတို့၏ အလေ့အထကို မကြုံဖူးခဲ့ရှာပေ။ ရှင်းပါသည်။

ထိုအခါ မြမေသည် ဦးဘဒင်လို လူတစ်ယောက်နှင့် ရင်နှီးကျွမ်း ဝင်သွားရသည်မှာ ဆိုပါစို့။ ချစ်မိသွားသည်မှာ မဆန်းတော့ပါ မဟုတ် လား။

🌸🌸🌸

အောင်ဗလသည် သူ့လက်ထဲက သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ခြင်း မပြုပါ။ ပေါ့ပေါ့ပါးပါး ပွယောင်းယောင်းသာ ကိုင် ထားသည်။

ဒါပေါ့၊ သေနတ်သမားကောင်းတို့မည်သည် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်မထားတတ်ကြပါ။

ကျွမ်းကျင်သူတို့သည် မိမိ၏လုပ်ရပ်ကို ကိုယ်ရောစိတ်ပါ ပေါ့ပါးစွာ အသုံးချတတ်သည် မဟုတ်လား။

နောက်တစ်ကြောင်းမှာ အောင်ဗလသည် ယခုအခါတွင် သွေး ဆူတတ်စ တော်လှန်ရေးသမားကလေး မဟုတ်တော့ဘဲ ရင့်ကျက်ပြီ ဖြစ် သော တော်လှန်ရေးသမားအဖြစ်သို့ ရောက်နေလေပြီ။

ထို့ကြောင့်ပင်လျှင် တစ်စုံတရာ လုပ်တော့မည်ဆိုလျှင် အလေး အနက် သူ စဉ်းစား၏။ သည်ကိစ္စနှင့် ပတ်သက်၍ သူစဉ်းစားခဲ့သည်မှာ အချိန်ကာလ တစ်ပတ်မျှ ကြာသွားလေပြီ။

“ကျွန်တော့်ကို သုံးရက်လောက် ခွင့်ပေးပါ ဗိုလ်ကြီး”

သူတို့စခန်းမှူး သခင်အောင်ထံသို့ အခွင့်တောင်းလိုက်သည်။

“ရပါတယ် အောင်ဗလရဲ့၊ ဘာကိစ္စများလဲ၊ ထူးထူးခြားပါလား”

“ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စလေးပါ ဗိုလ်ကြီး”

သခင်အောင်သည် သူ၏ နှာခေါင်းနှင့် နှုတ်ခမ်းကြားတွင် ထူးထူး ခြားခြား ရှိနေသော မှဲ့ကြီးနှင့် မှဲ့မွှေးများကို ပွတ်သပ်လိုက်ရင်း ခေါင်း ဆောင်ကောင်းပီသစွာ ပြုံးလိုက်သည်။

“ဘယ်နေ့သွားမှာလဲ အောင်ဗလရဲ့”

“နက်ဖြန်သွားချင်တယ် ဗိုလ်ကြီး”

“ကောင်းပြီလေ၊ သွားတာတော့ သွားပေါ့၊ ဒါပေမယ့် သတိဝီရိယ ထား၊ တော်လှန်ရေးစိတ် မပျောက်စေနဲ့၊ စခန်းကို ကိစ္စပြီးပြီးချင်း အမြန် ဆုံးရောက်အောင်လာခဲ့၊ တရားဝင် ဖက်ဆစ်တော်လှန်ရေး စခါနီးပြီဆိုတာလဲ မင်း အသိသားပဲကွာ၊ ဗိုလ်ချုပ်ရဲ့ အမိန့်ကို သွေဖီရာမရောက်ဖို့ မလေးစားရာ မရောက်ဖို့ တို့တော်လှန်ရေးသမားတိုင်းမှာ အရေးကြီး တယ်ဟေ့”

“ကျွန်တော် သဘောပေါက်ပါတယ် ဗိုလ်ကြီး”

“အေး. . အေး ဘေးမသီ ရန်မခဖို့ ငါ ဆုတောင်းလိုက်ပါတယ် ငါသင်ပေးထားတဲ့ ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကကေနစိ အန္တရာယော ကာတုံး တတ္တာမေ ဟောတု ဆိုတဲ့ ဂါထာလေးကိုလည်း မပြတ်ရွတ် ကြားလား”

တော်လှန်ရေးသမားများပင် ဖြစ်သော်လည်း မြန်မာတော်လှန်ရေး

သမားများဖြစ်ကြသောကြောင့် ဗုဒ္ဓ၏တရားတော်ကို မမေ့ကြချေ။ မြတ်စွာဘုရား၏ အသက်အန္တရာယ်ကို တစ်စုံတစ်ယောက်သည် ပြုချင်းငှာ မစွမ်းနိုင်ဘိသကဲ့သို့ ကျွန်ုပ်အားလည်း ထို့အတူ ဖြစ်ပါစေကုန် သတည်း. . ဟူသော အဓိပ္ပါယ်ရသည့် အထက်ပါဂါထာကို ရွတ်ဆိုရင်း အောင်ဗလသည် ဦးဘဒင်ရှိရာသို့ အန္တရာယ်များကို အန်တုရင်း ထွက် လာခဲ့လေသည်။

တစ်နည်းအားဖြင့် ချစ်သော မြမေ ရှိရာသို့..။

ဦးဘဒင်၏ အိမ်ကလေးသည် ဟိုတစ်ကြိမ် သူရောက်ခဲ့တုန်းက ထက် ပို၍ သားသားနားနား ရှိလာသည်ကို တွေ့ရလေသည်။ ဟိုတစ်ခါ ကလို တံခါးများကို အလုံပိတ်ထားခြင်း မရှိ၊ လင်းလင်းချင်းချင်း၊ လွတ်လွတ်လပ်လပ် ဧည့်သည်မျှော်နေသော အိမ်ကလေးပမာ တည်ရှိနေလေသည်။

အိမ် ဟူသည်မှာ အိမ်ရှင်မ ရှိမှလည်း တင့်တယ်တတ်သည် မဟုတ်လား။

ဪ..မြမေလို 'အိမ်ရှင်မ' ကောင်းတစ်ယောက် ရှိနေမှတော့ ဦးဘဒင်၏ အိမ်သည် သီရိကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေတော့မည်ပေါ့။

အောင်ဗလသည် မချိပြုံး တစ်ချက်ပြုံးရင်း ခြံဝအတွင်းသို့ မြင်းကို စွေ့ကနဲ ကွေ့ဝင်လိုက်သည်။ မြင်းဟီးသံနှင့်အတူ အိမ်တံခါးမကြီးဆီမှ မိန်းမပျိုတစ်ယောက် မျက်ကလဲဆန်ပျား ထွက်ကြည့်သည်။

လုံမပျိုသည် အောင်ဗလကို မြင်လျှင်မြင်ချင်း မှတ်မိလိုက်ပါ သည်။

အောင်ဗလကလည်း မှတ်မိလိုက်ပါသည်။ မြမေ လှနေတုန်းပါလား။

တစ်ယောက်နှင့်တစ်ယောက် တော်တော်နှင့် စကားမပြောဖြစ်ကြ။ အိမ်ထောင်ရှင်တစ်ယောက် ဖြစ်နေသော မြမေသည် ငယ်ချစ်ကို တွေ့ရသည်၌ ရှက်ရွံ့အားနားသည်ကတစ်ပိုင်း.. အိမ်ရှင်တစ်ယောက်အနေနှင့် ဧည့်သည်ကို နေရာထိုင်ခင်း ပေးရသည်က တစ်ပိုင်းမို့ အောင်ဗလအတွက် ဖျာတစ်ချပ် ခင်းပေးလိုက်သည်။

အရင်ကလိုမဟုတ်ဘဲ တည်ငြိမ်ရင့်ကျက်သောအသွင် ရှိနေသော အောင်ဗလ၏ မျက်နှာကိုလည်း နှစ်ခါသုံးခါမျှ ခိုးကြည့်လိုက်သည်။

အောင်ဗလကတော့မူ မြမေကို စူးစူးရဲရဲပင် ကြည့်လေည်။ ကိုယ့် ဘက်၌ လုံးဝအပြစ်ရှိသူတို့၏ သဘာဝအတိုင်းပင် ဖြစ်သည်။ ပြီးတော့ ကျတော့ အောင်ဗလသည် ယခုအချိန်တွင် တော်လှန်ရေးသည် တစ်။

ဖခင်အတွက် လက်စားချေ လိုခြင်းသည် နှစ်။

မြမေ သို့မဟုတ် ချစ်သူ သုံး။

“မြမေ နေကောင်းလား”

ခေါင်းညိတ်သည်။

သို့သော် ညိတ်လိုက်သော မြမေ၏ခေါင်းသည် ပြန်ထောင်မလာတော့။ မြမေ၏ကျောကုန်းသာလျှင် တသိမ့်သိမ့် တုန်လာသည်။

ရှက်ကြောက်ဝမ်းနည်းခြင်းမှ ဖြစ်ပေါ်လာသော မျက်ရည်တို့သည် သာလျှင် ဖျာပေါ်သို့ တစ်ပေါက်ပေါက် ကျလာသည်။

“ငါ့ကို ခွင့်လွှတ်ပါ အောင်ဗလရယ်”

“အပြစ်မရှိရင် ခွင့်လွတ်စရာမလိုဘူးတဲ့၊ ဆရာတော်က သင်ပေးဖူးတယ် မြမေ”

သူတို့နှစ်ယောက်သည် အတန်ကြာမျှ စကားမဆိုဘဲ နေကြသည်။ နည်းနည်းကလေး နေသာထိုင်သားကျလာတော့မှ မြမေက မထိတ်သာ မလန့်သာ မေးလိုက်သည်။

“နင် ဟိုမှာပဲလား”

“အေး. . လွတ်လပ်ရေး မရမချင်း ငါ တော်လှန်ရေးသမား ဖြစ်နေ ဦးမှာပဲ”

“ငါ မလိမ်ပါဘူး အောင်ဗလရယ်.. နင့်အတွက် ငါ စိုးရိမ်နေပါတယ်"

“မလိုပါဘူး မြမေရယ်၊ ငါဟာ အခုဆိုရင် လေထဲမှာ ပျံသွားတဲ့ ငှက်ကိုတောင် ထိအောင်ပစ်နိုင်တဲ့ သေနတ်သမားတစ်ယောက် ဖြစ်ပါပြီ၊ ငါ့မှာ အခု သေနတ်နှစ်လက် ပါတယ်။ ကျည်ဆံ ဖြည့်ပြီးသား၊ ဒီတော့ အဆင်သင့်ပစ်ဖို့ ကျည်ဆံ ၁၂ တောင့်ရှိတယ်၊ ဦးဘဒင် လူ ၁၂ ယောက်ကိုတော့ ငါ မမှုဘူး”

“နင် ဘာကိုဆိုလိုတာလဲ အောင်ဗလ”

“ဪ.. ငါတို့ ဂျပန်တော်လှန်ရေးသမားတစ်ယောက်ဟာ ဂျပန် အလိုတော်ရိ ဆယ့်နှစ်ယောက်ကို မကြောက်ဘူးလို့ ဆိုလိုတာ”

“ဒါပေမယ့် အောင်ဗလရယ်.. အခု အစ်ကိုကြီးဟာ.."

“ဘာ.. ဘာ.. ဘာပြောလိုက်တယ်၊ အစ်ကိုကြီး ဟုတ်လား”

“ဟုတ်တယ်၊ ငါ သူ့ကို အစ်ကိုကြီးလို့ ခေါ်တယ်”

“အေး.. အေး. . အဲဒီ နင့်အစ်ကိုကြီး ဘာဖြစ်သလဲ”

“သူ အခု ဒီအလုပ်တွေ မလုပ်တော့ပါဘူး”

“ဘာအလုပ်တွေကို ပြောတာလဲ”

“ဂျပန်စကားပြန်အလုပ်ကို သူ လုံးဝမလုပ်တော့ဘူး၊ ဂျပန်တွေနဲ့ လည်း မပတ်သက်တော့ဘူး၊ ရိုးရိုးကုန်သည်အလုပ်ကို လုပ်နေပါပြီဟာ”

“ဘာလဲ.. တော်လှန်ရေးရဲ့ အောင်မြင်မှုကို မြင်လို့ လက်ရှောင်တာလား၊ ဟုတ်လား”

“ဒါတွေ မပြောပါနဲ့တော့ အောင်ဗလရယ်၊ နင် အခုလာတဲ့ကိစ္စ”

အောင်ဗလသည် ဦးဘဒင်နှင့် ပတ်သက်သော သေနတ်ကြွေး တစ်ချက်အကြောင်း မြမေအား ပြောသင့် မပြောသင့် စဉ်းစားလိုက်သည်။ တကယ်တော့မူ မြမေ၏ ခိုင်မာနေပြီဖြစ်သော အိမ်ထောင်ရေးကို ဖျက်ဆီးရမှာ သူ စိတ်မလုံမလဲ ဖြစ်နေသည်။

ဪ.. အချစ်..။

ထိုစဉ်မှာပင် အိမ်ရှေ့တံခါးပေါက်ဆီမှ ဦးဘဒင် ဝင်လာလေသည်။

ပထမတော့ ဦးဘဒင်သည် မယုံသင်္ကာမျက်လုံးဖြင့် ကြည့်နေ၏။ အိမ်ရှင်ပီပီ အနီးတွင် ထိုင်နေရင်း အောင်ဗလကို ဧည့်ဝတ်ပြု လိုက်ကာမှ..

“ကျွန်တော့်ကို ကောင်းကောင်းမှတ်မိပါတယ်နော် ဦးဘဒင်”

မီးခိုးရောင်များ မသိမသာ သန်းနေပြီဖြစ်သော ဆံပင်ကို ပွတ်သပ် ရင်းက မှုန်တိမှုန်ဝါးအကြည့်ဖြင့် အောင်ဗလကို ကြည့်လိုက်သည်။

“သာယာကုန်းရွာက ဦးအောင်ဘညိုရဲ့ သား အောင်ဗလပါ ခင်ဗျာ”

"ဘာကိစ္စများလဲကွယ့်”

“တခြား ဟုတ်ပါရိုးလားဗျာ၊ ကျွန်တော့်အဖေနဲ့ ပတ်သက်လို့ သေနတ်ကြွေးတစ်လက် ဦးအပေါ်မှာ တင်နေတာလေ မမှတ်မိတော့ဘူးလား”

“ဘာ"

ဦးဘဒင်သည် မျက်မှောင်တစ်ချက်ကုတ်၍ စဉ်းစားလိုက်သည်။

“ဪ ဟော.. ဟော.. အေး...အေး မှတ်မိပြီ၊ မှတ်မိပြီ”

ထို အေး. . ဟော.. ဟော နှင့်အတူ ဦးဘဒင် ပါးစပ်မှ အရက်နံ့သည် ထောင်းကနဲ ထွက်လာ၏။ ပြီးတော့ ထိုကိစ္စနှင့်ပတ်သက်၍ ထိတ် လန့်တုန်လှုပ်ဟန် သူ့မျက်နှာတွင် လုံးဝမရှိ။ ထိုအချင်းအရာအတွက် ထိတ်လန့်တုန်လှုပ်ရသူမှာ အောင်ဗလသာတည်း။

“မင်း လာမယ် လာမယ်နဲ့ ကြာလွန်းလို့ကွာ၊ ငါတောင် မေ့နေ တယ်၊ ကိုင်း. . အခုပစ်မှာလား၊ နည်းနည်းတော့ အချိန်ပေးကွာ၊ ငါ့မိန်းမ အတွက် ငွေရေးကြေးရေး လုပ်ငန်းကိုင်ငန်းတွေ စီစဉ်ပေးခဲ့ချင်လို့”

ဦးဘဒင်၏ အမူအရာသည် တကယ်ပင် ထိတ်လန့်မှု ကင်းမဲ့နေ သည်။ ဟန်ဆောင်ခြင်း လုံးဝမရှိ။

အောင်ဗလသည် သူ့တစ်သက်နှင့်တစ်ကိုယ် ဤမျှ ကတိတည်ပြီး သတ္တိကောင်းသော လူတစ်ယောက်ကို မတွေ့ဖူးသေးချေ။

မြမေသည် အောင်ဗလ၏ လက်မောင်းကို သူ့ယောက်ျားရှေ့မှာ တွင်ပင် ဆွဲကိုင်၍ ငိုယိုတောင်းပန်ရှာသည်။

“အောင်ဗလရယ်.. ပြီးတာတွေ ပြီးပါစေတော့၊ 'မုန်းစကို တိုစေ” တဲ့ မဟုတ်လား”

ထိုအချိန်တွင် ဦးဘဒင်သည် မြမေကို လှမ်းငေါက်လိုက်သည်။

“မြကလေး ကိုယ့်နေရာကိုယ်နေစမ်း၊ ဒါ ငါ့အလုပ်၊ ငါ့ကတိ၊ ကဲမောင်ရင် ခဏလေးစောင့်နော်၊ ပြီးတော့မှ အေးအေးဆေးဆေး ပစ်တာပေါ့ကွာ”

တော်လှန်ရေးသမားကောင်းတစ်ယောက်ဖြစ်သော အောင်ဗလ သည် ဤမျှ ကတိတည်ပြီး သတ္တိကောင်းသော လူတစ်ယောက်ကို ပစ်သတ်ရမှာ ခက်သွားလေသည်။

ထိုင်ရာမှ ဆတ်ကနဲ ထလိုက်သည်။

မြမေကို သူ လုံးဝမကြည့်တော့၊ ဦးဘဒင်ကိုသာ ပြုံးထေ့ထေ့ ကြည့်လိုက်သည်။

“ကျွန်တော်ဟာ ငွေတိုးချေးစားတတ်တဲ့လူ မဟုတ်တဲ့အတွက် အတိုးမယူပါဘူး ဦးဘဒင်၊ ဒီကျည်ဆံတစ်တောင့်အကြွေးကိုလဲ ခု ပြန်မယူသေးဘူး၊ တစ်နေ့နေ့တော့ တွေ့ကြသေးတာပေါ့ဗျာ”

အောင်ဗလ ထပြန်လာခဲ့သည်။ အရက်မူးသံကြီးနှင့် ရယ်လိုက်သော ဦးဘဒင်၏ အသံကို ကြားလိုက်ရသည်။

🌸🌸🌸

သကလ ၀ဋဒုက္ခ နဿရဏ နိဗ္ဗနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထမံ ဘန္တေ အနုကမ္မံ ဥပါဒါယ။ သကလ ၀ဋ ဒုက္ခ နိဿရဏ နိဗ္ဗနဿ သစ္ဆိကရဏတ္ထာယ ဧတံ၊ ကာသာဝံ ဒတွာ ဇေထ မံဘန္တေ အနုကမ္မံ ဥပါဒါယ။

သင်္ကန်းတောင်း ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် ရဟန်းဘောင်သို့ ဝင်ရန် ပထမအဆင့်အဖြစ် ကိုရင်ဝတ်ရသည်။

ကိုရင်ဝတ်မည်ဆိုသောအခါ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၌ အထက်ပါ ဂါထာကို ရွတ်ဆို၍ သင်္ကန်းတောင်းရသည်။

ထိုအခါမှ သက်ဆိုင်ရာ ဆရာတော်က သင်္ကန်းကို မောင်ရင်လောင်းအား ပေးလေသည်။ မြန်မာတို့၏ သာသနာ့ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်လေသည်။

များသောအားဖြင့် ကိုရင်လောင်း ရှင်လောင်းတို့သည် ရှင်ပြုသည့် နေ့ကျမှ သက်ဆိုင်ရာ ဆရာတော်ကျောင်းတွင် ဆရာတော်ချပေး သည့်အတိုင်း လိုက်ဆိုရင်း သင်္ကန်းတောင်းတတ်ကြသည်။

သို့သော် အလွန်မြန်မာဆန်သော လူများက မိမိတို့၏ သားများ ကို စကားတတ်စ အရွယ်ကတည်းကပင် သင်္ကန်းတောင်းပါဠိကို သင်ပေးထားတတ်ကြသည်။ ရှင်ပြုသည့်နေ့တွင် မောင်ရင်လောင်းသည် ဆရာ တော်၏ရှေ့၌ သင်္ကန်းတောင်းဂါထာကို မိမိဘာသာ ရွတ်ဆိုတတ်ကြသည်။

ထိုအခါ ထိုမောင်ရင်လောင်းကို အားလုံးက ချီးကျူးထောမနာ ပြုကြ၏။

'တယ်တော်တဲ့ ကလေးပါလား' စသဖြင့်..

🌸🌸🌸

စောစောကပြောခဲ့သော သင်္ကန်းတောင်း ဂါထာကို ဦးဘဒင်သည် သူ၏သားကလေး မြဒင်အား နှုတ်တိုက် (မပီကလာပီကလာ) သင်ကြား ပေးနေသည်။

အချိန်သည်ကားဟုဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးခါစ ဂျပန်တို့ ခြေလွတ်လက်လွတ် ထွက်ပြေးခဲ့ရလေသည်။ မဟာမိတ် တပ်များ မြန်မာနိုင်ငံတွင် ပြန်ဝင်လာသည်။ တော်လှန်ရေး အရှိန်အဟုန် သည်လည်း မပျက်ခဲ့။

ထို့နောက် အင်္ဂလိပ်တို့သည် သူတို့၏ ယူနီယံဂျက်အလံကို မြေသို့ချပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပေးလိုက်ရလေတော့သည်။ ပြောက်ကျားတော်လှန်ရေးမှ တရားဝင်တော်လှန်ရေး၊ ထိုမှ လွတ်လပ်ရေးကာလ ထို့နောက် ကွန်မြူနစ်တို့ တောခိုသောကာလ စသော လေးငါးနှစ်အတွင်း ဦးဘဒင်သည် သူ့လင်သားမယား (မြမေနှင့် ကလေး တစ်ယောက် ရထားသည်) နှင့် ကောင်းရောင်းကောင်းဝယ်သာ လုပ်ကိုင် စားသောက်နေခဲ့၏။ အရင်ကလို ယစ်ထုပ်ကြီး မဟုတ်တော့ပါ။ ဂျပန် အလိုတော်ရိ လူဆိုးသူဆိုးကြီးလည်း မဟုတ်တော့ပါ။

တစ်ကိုယ်ရေ တစ်ကာယသမား မဟုတ်တော့သည့် သဘာဝ အတိုင်း သံယောဇဉ်ကြိုးတို့၏ ဆွဲငင်ရာသို့ ကောက်ကောက်ပါနေရ ရှာသည်။

ဦးဘဒင်သည် မြမေနှင့်ရသော သားကလေးမြဒင်ကို သူ့အသက် ထက်မက ချစ်ရှာသည်။ ထို့ကြောင့်ပင်လျှင် မြဒင်အား အရွယ်မတိုင်ခင် မှာ ရှင်ပြုပေးဖို့ သူကြိုးစားခြင်းဖြစ်သည်။ မောင်မြဒင်၏ အသက်သည် ယခုမှ ငါးနှစ်အတွင်း ဝင်ခါစ ရှိသေးသည်။

ယခုလည်း နက်ဖြန်ခါ မောင်မြဒင် ကိုရင်ဝတ်ရန်အတွက် စောစောက ပြောသော သင်္ကန်းတောင်းဂါထာကို ကိုယ်တိုင် နှုတ်တိုက် သင်ကြားပေးနေခြင်း ဖြစ်သည်။

ထိုအချိန်ကလေးမှာပင် အိမ်ရှေ့သို့ မြင်းတစ်စီးဖြင့် လူရွယ်တစ် ယောက် ရောက်ရှိလာသည်။

အောင်ဗလ။

အောင်ဗလသည် ဇွဲသတ္တိအကောင်းဆုံး တော်လှန်ရေးသမားဟု သူတို့ အသိုင်းအဝိုင်းက ကင်ပွန်းတပ်ခံရသူဖြစ်သည်။ တော်လှန်ရေးပြီး တော့ သူ ဗိုလ်ကြီးအဆင့်သို့ ရောက်နေလေပြီ။

နိုင်ငံရေးအတွေးအခေါ်များလည်း တော်တော်တန်တန်ရှိနေပြီ။

လွတ်လပ်ရေး ရပြီးသည့်နောက် တပ်မတော်သို့ ဝင်ရောက် အမှု ထမ်းရန် စိတ်ကူးခဲ့သော်လည်း သူကြီးသမီး လွင်စန်းယဉ်နှင့် အခြေအနေအရ အိမ်ထောင်ကျခြင်း စသော လူမှုကိစ္စများကြောင့် တောမှာပင် အခြေချခဲ့သည်။

ဇွဲကောင်းသော အောင်ဗလသည် အချိန်ကောင်းကို အေးဆေးစွာ စောင့်နေနိုင်ခဲ့သည်။

ဦးဘဒင်နှင့် မြမေတို့၏သားကလေး မြဒင်ကို ရှင်ပြုတော့မည် ဟူသော သတင်းသည် အောင်ဗလအတွက် အနှစ်နှစ်အလလ မျှော်လင့်ခဲ့သော ဆန္ဒကို ဖြည့်စွမ်းရန် ဖြစ်လာလေတော့သည်။

နက်ဖြန်ခါဆို ရှင်ပြဆိုလျှင် ဒီနေ့လို ဖြစ်သောနေ့၌ အောင်ဗလ သည် သူ၏လက်စွဲတော် ခြောက်လုံးပြူးသေနတ်နှင့်အတူ ဦးဘဒင်ထံသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

အိမ်တွင်းသို့အောင်ဗလလှမ်းဝင်လိုက်သောအခါ သားကို သင်္ကန်း တောင်း သင်ပေးနေသော ဦးဘဒင်၏ မျက်နှာပေါ်မှ အရေးအကြောင်း တွေသည် ပို၍တွန့်ရှုပ်သွားကြလေသည်။ ဟိုတစ်စသည်တစ်စ ဖြူရော်နေပြီဖြစ်သော ဆံပင်တို့သည် ဖွေးဖွေးလှုပ်သွားသလို ထင်လိုက်ရသည်။ နှစ်အတန်ကြာ ကွာခြားသွားပြီဖြစ်သော်လည်း ဦးဘဒင်သည် အောင်ဗလကို လျှပ်တပျက်အတွင်းမှာပင် ကောင်းကောင်းကြီး မှတ်မိလိုက်သည်။ ထိတ်လန့်အံ့ဩခြင်းနှင့်အတူ ခါးမှကိုင်၍ မြှောက်ချီထားသော သူ့သားကလေးကို ဆတ်ကနဲ ဘေးသို့ တွန်းဖယ်လိုက်သည်။

ကလေး၏ ကိုယ်ပေါ်တွင်ကား စောင်ပါးပါးတစ်ထည်ကို ကိုရင် သင်္ကန်း ဝတ်သလို ခြုံလွှားထားသည်။

ကလေးငယ်လေး မြဒင်သည် စောင်ကို သင်္ကန်းရုံသလို ကိုးယိုးကားရား ရုံထားရာမှ ကွတကွတနှင့် သူ့မိခင်ထံသို့ ပြေးသွားသည်။

မြမေသည် ကလေးကို ကျစ်ကျစ်ပါအောင် ထွေးပိုက်လိုက်ရင်း အောင်ဗလကို အံ့ဩမောကြည့်နေလေသည်။

အောင်ဗလသည် မြမေကို တစ်ချက်မျှပြုံး၍ နှုတ်ဆက်လိုက်သည်။ ဦးဘဒင်သည် အံ့ဩတွေဝေနေရာမှ တစ်စုံတရာကို သတိရသွား ဟန်နှင့် ဆတ်ကနဲ မတ်တပ်ထရပ်လိုက်သည်။

“ဒီမှာ ဦးဘဒင် ယောက်ျားကောင်းတစ်ယောက်မှာ အရေးကြီးဆုံး အရည်အချင်းဟာ ကတိသစ္စာပဲ၊ ခုအချိန်မှာ ကျွန်တော့်ကို ခုခံဖို့ ကြိုးစားတယ်ဆိုရင် ကျွန်တော့်လက်က ခင်ဗျား သေနတ်ကို သွားယူနေတဲ့ အချိန်အထိ စောင့်နိုင်မှာမဟုတ်ဘူး၊ ခင်ဗျားကို ပစ်ရလိမ့်မယ်၊ အဲဒါဟာ ကျွန်တော့်ကို ရန်မူတဲ့အတွက် ပစ်ရတာ ဖြစ်လိမ့်မယ်၊ ဒါပေမယ့် အဲဒီ တစ်ချက်တည်းနဲ့ ကျွန်တော် ကျေနပ်လိမ့်မယ် မဟုတ်ဘူး၊ အလွန်သစွာ ရှိတဲ့တော်လှန်ရေးသမားကောင်းတစ်ယောက်ပီပီ ကျွန်တော့်အဖေအတွက် နောက်ထပ် တစ်တောင့်ကြွေးကတော့ ဆပ်ရဦးမှာပဲ”

ဦးဘဒင်သည် တုန်လှုပ်ချောက်ချားစွာ ငူငူကြီး လုပ်နေလေသည်။

“အဲဒီတော့ ဦးဘဒင်ရယ်.. သိပ်ပြီး လှုပ်လှုပ်ရှားရှားလုပ်ဖို့ မကြိုး စားဘဲ မူလက အကြွေးဖြစ်တဲ့ ကျည်ဆံတစ်တောင့်အကြောင်းသာ ဆွေး နွေးကြရအောင်ဗျာ၊ မကောင်းဘူးလား ဟဲ.. ဟဲ..”

ဦးဘဒင် ခေါင်းငိုက်စိုက် ကျသွားသည်။ “အီ” ကနဲ ရှိုက်လိုက်သော မြမေ၏အသံကို သဲ့သဲ့ကြားလိုက်ရ
သည်။

ဘာကိုမျှ မသိရှာသော ကလေးငယ်သည် သူ့အဖေနှင့် အမေကို တစ်လှည့် အောင်ဗလကို တစ်လှည့်ကြည့်ကာ တွတ်တီးတွတ်တာ ပြော နေရှာသည်။

“ဖေဖေကြီး ဒီဦးဦးက ဘာလာလုပ်တာလဲဟင်၊ သူက ဘာပြုလို့ သေနတ်ကြီး ကိုင်ထားရတာလဲ၊ အဲလိုသေနတ်မျိုး ဖေဖေကြီးမှာလဲ ရှိ တယ်နော်”

ကလေးငယ် အောင်ဗလအနီးသို့ ပြေးလာပြီး အောင်ဗလသေနတ် ကို ပွတ်ကြည့်ရှာသည်။

အောင်ဗလသည် နည်းနည်းတော့ဖြင့် စိတ်လှုပ်ရှားမိသည်။ တကယ်တော့ ဤကလေးငယ်သည် သူ့ကလေးသာလျှင် ဖြစ်သင့်သည်။ မြမေသာ အခုလို ဦးဘဒင်နောက် ကောက်ကောက်ပါအောင် လိုက်မသွားဘူး ဆိုရင်ပေါ့။

ကလေးငယ်၏ခေါင်းကို အသာအယာပွတ်သပ်၍ ဘေးသို့ ဖြည်းဖြည်း တွန်းဖယ်လိုက်သည်။

မြမေသည် ထောင့်ငါးရာစိတ်များ ကုန်ခမ်းသွားဟန်တူသော မိခင် တစ်ဦးသဖွယ် ပြဿနာဖြစ်နေကြသော ယောက်ျားနှစ်ယောက်ကို ဂရုမစိုက်နိုင်အားဘဲ သူ့သားငယ်ကလေးအတွက်ကိုသာ အရေးထားဟန်သည်။ ကလေးကို ပွေ့ချီ၍ အိမ်နံရံထောင့်ကွေးဆီသို့ ပြေးကပ်လေသည်။ ပြောရမှန်းမသိသော မိန်းမတို့၏ ကြောက်အားလန့်အား သဘာဝ အတိုင်း တွေ့ကရာစကားများကိုသာ ထပ်ထပ်ရွတ်ဆိုနေတော့သည်။

“အောင်ဗလရယ်.. ငါတောင်းပန်ပါတယ်၊ အောင်ဗလရယ်.. ငါ တောင်းပန်ပါတယ်"

အောင်ဗလသည် မြမေကို လုံးလုံး ဂရုမစိုက်တော့ချေ။

အလွန် ထိတ်လန့်ကြောက်ရွံ့နေရှာသော၊ တစ်နည်းအားဖြင့် သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသော ဦးဘဒင်၏မျက်နှာအိုကြီးကိုသာ အထက် စီးဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် သစ္စာရှိပါတယ် ဦးဘဒင်၊ ဟောဒီမှာ ကြည့်”

အောင်ဗလသည် သူ၏ ခြောက်လုံးပြူးအတွင်းမှ ကျည်ဆံ ခြောက် တောင့်စလုံးကို ထုတ်ပစ်လိုက်သည်။ ဆုံလည်အတွင်းသို့ ကျည်ဆံ တစ်တောင့်တည်း ပြန်ထည့်လိုက်သည်။ ကျည်ငါးတောင့်ကိုမူ ဘောင်းဘီ အိတ်ထဲ ပြန်ထည့်လိုက်သည်။

ဆုံလည်ကို မွတ်နေအောင် လှည့်ပြီး သေနတ်အိမ်အတွင်းသို့ “ကလပ်” ကနဲ ပြန်ထည့်လိုက်သည်။ သဘောမှာ စောစောက ထည့်လိုက်သော ထိုကျည်ဆံတစ်တောင့်သည် သေနတ်ခလုတ်နှင့် ပုံမှန်နေသားတကျ ရှိမရှိ ဘယ်သူမျှမရှိနိုင်။

ဆိုပါစို့၊ ယခု သေနတ်မောင်းကို ဆွဲလိုက်လျှင် စောစောက ကျည်ဆံနှင့် တိုက်ရိုက် ထိမထိ ကျည်ဆံထွက်မထွက် မည်သူမျှ မသိနိုင်။

သို့သော်..

“စိတ်မပူပါနဲ့ ဦးဘဒင်၊ လေးငါးခြောက်နှစ်တာကာလအတွင်း ကျွန်တော်ဟာ အဲသည်လိုပဲ ကျည်ဆံကို ဆုံလည်ထဲလှည့်၊ ပြီးတော့ ကံစမ်းမဲဖောက်သလို ပစ်ကြည့်တယ် ဘယ်တော့မှ မလွဲဘူးဗျ၊ တစ်ချက်ပစ်ရင် အဲဒီတစ်ချက်ဟာ သေနတ်သံတစ်ချက် ထွက်တယ်၊ ရှင်းရဲ့လား ဦးဘဒင်”

ကြက်ကလေးများ၊ ငှက်ကလေးများ၊ ခွေးကလေး ကြောင်ကလေး များသည်ပင်လျှင် အရွယ်အိုမင်းလာသည်နှင့်အမျှ နောက်တက်လာသော အရွယ်ငယ်များကို အထင်သေး၍မရနိုင်ကြောင်း၊ လျင်မြန်ဖျတ်လတ်မှုသည် နုပျိုလန်းဆတ်ခြင်းအပေါ်တွင် မူတည်ကြောင်း ဦးဘဒင် ကောင်းမွန်စွာ သိနေပါပြီ။

အထူးသဖြင့် သေရမှာကို ဘယ်တုန်းကမျှ မကြောက်ခဲ့သော ဦးဘဒင်သည် သားသမီးတည်းဟူသော သံယောဇဉ်က သူ၏ဇက်ကြိုးကို တုံ့ကနဲ ဆွဲလိုက်သော ယခုအချိန်တွင်ကား သေမင်းကို သူသည် မလေးစားဘဲ မနေနိုင်တော့ချေ။ ထို့အတူ ကတိတစ်လုံးကို ဘယ်တုန်းကမျှ မဖျက်ဖူးသော ဦးဘဒင်သည် အောင်ဗလ၏ ကျည်ဆံတစ်တောင့်အကြွေးကို မပေးဆပ်ဘဲ နေရမှာလည်း ရှက်ကြောက်နေသည်။ ထို့ကြောင့် အကောင်းဆုံးစကားကို သူ ဆိုလေသည်။

“မောင်အောင်ဘညိုရယ်...”

“မဟုတ်ဘူး ဦးဘဒင်၊ ကျွန်တော့်နာမည်က အောင်ဗလပါ၊ အောင်ဘညိုဆိုတာ ခင်ဗျားသတ်ခဲ့တဲ့ ကျွန်တော့်အဖေ ဟား.. ဟား.. ဟား”

“အေး.. အေး မောင်အောင်ဗလရယ်၊ ငါဟာ ကတိတစ်လုံးကို အသက်ထက်မက်တဲ့လူပါ၊ ဒါပေမယ့် ငါ့သားလေး ရှင်မပြုခင်အတွင်း ငါ မသေပါရစေနဲ့ကွာ”

“မရဘူး ဦးဘဒင်၊ ကျွန်တော် အခုကို ပစ်ချင်နေတယ်၊ လက်ကို ယားနေတာပဲဗျာ”

“သဘက်ခါမှ ပစ်ပါလားကွာ”

“မရဘူး.. မရဘူး”

အောင်ဗလသည် သေနတ်ကို ဦးဘဒင်၏ မျက်နှာတည့်တည့်ကို ချိန်လိုက်သည်။

မြမေ၏ ငိုသံသည် စီကနဲ ညံသွား၏။ သူတို့ အိမ်သည် ရှင်ပြု အလှူတော်မင်္ဂလာအိမ်နှင့် မတူဘဲ မသာအိမ်နှင့် တူသွားသည်။

အိမ်အပြင်ဘက်တွင် ထင်းဖြတ်၊ ရေနွေးတည်၊ ကြက်သွန်လှီး၊ သား၊ ငါးထွင်နွှင်နေကြသော အသိုင်းအဝိုင်းများသည်လည်း အိမ်ပေါက်ဝသို့ ပြေးလာ စုရုံးကြသည်။

မြမေသည် ကလေးငယ်ကို တစ်ဘက်ကချီရင်း အောင်ဗလ ခြေ ထောက်ကို ပြေးဖက်သည်။ အောင်ဗလကို ရှိုက်ကြီးတငင် တောင်းပန်ရှာသည်။ ထိုမြင်ကွင်းသည် ဦးဘဒင်အတွက် အသည်းခိုက်အောင် ရင်နာ စေလေသည်။

ဦးဘဒင်၏ ဒူးခေါင်းတွင် ခြင်ဆီများ မရှိတော့ဘိသည့်အလား မေ့လျော့ ညွတ်ကျသွားသည်။ ဦးဘဒင် ဒူးထောက်လျက်သား ဖြစ်သွားသည်။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကျဖူးသော မျက်ရည်ပူများ ကျလာသည်။

“ငါ့ညီရယ်.."

“ဟား.. ဟား.. ဟား.. ခင်ဗျားလောက် အသက်ကြီးနေတဲ့ လူက ကျုပ်ကို ငါ့ညီ မခေါ်ပါနဲ့”

“အေး.. အေးပါ ငါ့တူရယ်၊ ဦးကို နက်ဖြန်တစ်ရက်ကလေးတော့ ခွင့်ပြုပါကွယ်၊ သားလေးကို ကိုရင်အဖြစ်နဲ့ ခဏမြင်ရပြီးရင် ဦးသေပျော် ပါတယ်ကွယ်၊ တောင်းပန်ပါတယ် ဦး ဘယ်လောက် ကတိတည်တယ်ဆိုတာ မင်းအသိပါကွာ၊ ဒီတော့.."

“မရဘူး၊ မရဘူး၊ အောင်ဗလဆိုတဲ့ကောင်က ဗူးဆိုရင် သခွားသီး မသီးတတ်ဘူး”

သေနတ်မောင်းကို တင်လိုက်သည်။

ထိုအချိန်တွင် ဦးဘဒင်၏ စိတ်သည် ငယ်မူပြန်လာသည်။ ငယ် သတ္တိတို့ ပြန်ပေါ်လာသည်။ မေးကြောကြီးများ တင်းလာသည်။ မျက်လုံး ဝင်းဝင်းတောက်လာသည်။

မေ့မျောလုမတတ် ငိုယိုနေသော မြမေ၏မျက်နှာကို အောင်ဗလ တစ်ချက် ကြည့်လိုက်သည်။ အလွန် လူကြီးဆန်သော အပြုံးကို ပြုံးလိုက်သည်။ တစ်ဆက်တည်းမှာပင် အိမ်ပေါက်ဝဆီသို့ ချာကနဲ လှည့်ကွက် လာခဲ့သည်။

ထိုအချိန်တွင် ဦးဘဒင်ကိုယ်တိုင်လည်း ရှိုက်ကြီးတငင် ငိုနေလေသည်။

ထိုအချိန်တွင်ပင် အမှတ်မထင် ဖြစ်ရပ်တို့ ဖြစ်ပေါ်သွားသည်။ အောင်ဗလသည် ဦးဘဒင်ဘက်သို့ ချာကနဲ လှည့်၍ သေနတ်ခလုတ်ကို ဖြုတ်လိုက်လေသတည်း။

အံ့သြဖို့ကောင်းသည်မှာ အောင်ဗလ ပြောခဲ့သည့်အတိုင်း ကျည်ဆံတစ်တောင့်ကို ဆုံလည်အတွင်း ထည့်၍ လှည့်လိုက်ပြီး ထိုကျည်ဆံ ဘယ်နေရာ ကျမှန်းမသိဘဲ ဆုံလည်ကို ပြန်ပိတ်လိုက်ပါလျက်ကယ်နှင့် အောင်ဗလ ခလုတ်ဖြုတ်လိုက်သောအခါ မောင်းတံနှင့်ကျည်ဆံ တစ်ထပ်တည်း ကျသွားသည်။ 'ဒိုင်း” ကနဲ သေနတ်သံတစ်ချက် ထွက်သွားသည်။ အောင်ဗလသည် လေးငါးနှစ်တာကာလအတွင်း အလွန် ကျွမ်းကျင်သော သေနတ်ပစ်သမားကောင်းတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။

တစ်ချိန်က ဦးဘဒင် ရယ်မောသကဲ့သို့ ဟက်ဟက်ပက်ပက် ဩ ဩကြီး ရယ်မောသံနှင့်အတူ အိမ်အပြင်ဘက်သို့ ထွက်သွားလေတော့သည်။ အောင်ဗလ၏မျက်နှာတွင် အောင်မြင်ခြင်းအပြည့်အဝနှင့်။

ဦးဘဒင်၏ အိမ်အတွင်း၌ ကျန်ရစ်ခဲ့သော အဖြစ်အပျက်များနှင့် ပတ်သက်၍ အနည်းငယ်မျှ ရှင်းပြပါရစေ။

မြမေသည် အရူးတစ်ပိုင်းပမာ ကြောင်နေလေသည်။

ကလေးငယ်သည် ဘာမှမသိစွာနှင့် အံ့ဩမောနေလေသည်။ အထူးခြားဆုံးမှာ ဦးဘဒင် ဖြစ်သည်။ သူ့တစ်သက်နှင့်တစ်ကိုယ် မကြုံဖူး လောက်အောင် ထိတ်လန့်တုန်လှုပ်စွာ ကြောင်တွေတွေ ဖြစ်နေသည်။ ဦးဘဒင်၏ တစ်ကိုယ်လုံးတွင် သေနတ်ဒဏ်ရာ တစ်ချက်မျှ မရှိချေ။

သို့သော် ဦးဘဒင်၏ နောက်ကျောနံရံတွင် ချိတ်ဆွဲထားသော “ဂျပန်စစ်ဝတ်စုံနှင့် မားမားကြီး ခန့်ခန့်ကြီး ရိုက်ကူးထားသည့် ဦးဘဒင်၏ ဓာတ်ပုံကြီးတွင်ကား နဖူးတည့်တည့်နေရာတွင် ကျည်ဆံရာ တစ်ပေါက် ကျန်ရစ်ခဲ့လေသည်။

ထိုအဖြစ်အပျက်ကို သတိဝင်လာလျှင် ဝင်လာခြင်း ဦးဘဒင်သည် ထိုင်နေရာမှထ၍ တံခါးပေါက်မှ ပြေးထွက်လာခဲ့သည်။

သူ အိမ်အပြင်ရောက်သောအခါ ချောင်းတစ်ဘက်ကမ်းဆီသို့ မြင်းကိုနှင်လျက် အေးဆေးစွာ ထွက်သွားသော အောင်ဗလကို ပျပျသာ မြင်ရလေတော့သည်။

ဦးဘဒင် ချောင်းစပ်ဆီသို့ ပြေးဆင်းသွားသည်။

သူ့၌ ရှိသမျှသော အစွမ်းကုန်ဖြင့် အရူးကြီးတစ်ယောက်ပမာ အော်ဟစ်လိုက်လေသည်။

“ဟေ့.. အောင်ဗလ ငါ့ကို တစ်ခါတည်း အသေသတ်သွား၊ အချိန်ရှိသမျှ သေနေအောင် မလုပ်ပါနဲ့ ကွာ၊ ဟေ့.. အောင်ဗလ”

ကြက်လည်မျို ညှစ်လိုက်ဘိသကဲ့သို့ ဦးဘဒင်အသံ တိမ်ဝင်သွားသည်။

ချောင်းစပ်တွင် ဒူးထောက်ကျသွားသည်။ ဦးဘဒင် ဟီးချ၍ ငိုနေသည်။ အောင်ဗလ တစ်ချက်မျှ လှည့်မကြည့်။ ဪ.. ဝဋ်လည်ပြီ..။

🌸🌸🌸🌸🌸

လေးစားသော...
သုမောင်
၅ - ၁၀ - ၈ဝ

အကြွေးသုမောင်[၅]🌸🌸🌸🌸🌸ရွာသို့ ပြန်ရောက်လျှင် ရောက်ချင်း မြမေနှင့် ပြေးတွေ့လိုက်မည် ဟု တစ်လမ်းလုံး စိတ်ကူးလာခဲ့၏။ အဲဒါ အချ...
08/05/2023

အကြွေး
သုမောင်
[၅]

🌸🌸🌸🌸🌸

ရွာသို့ ပြန်ရောက်လျှင် ရောက်ချင်း မြမေနှင့် ပြေးတွေ့လိုက်မည် ဟု တစ်လမ်းလုံး စိတ်ကူးလာခဲ့၏။

အဲဒါ အချစ်လား။

သူ့ဘာသာသူလည်း မသိပါ။ သို့သော် မြမေနှင့် ပြေးတွေ့ချင်သည့်စိတ်က လွန်လွန်ကျူး ဖြစ် နေသည်။

တကယ်တမ်းကျတော့မူ သူထင်သလို ဖြစ်မလာခဲ့ပါ။ မူလ သူ့အစီအစဉ်မှာ ပထမ မြမေနှင့်တွေ့မည်။ ဒုတိယ ကိုကြီး ကိုသောင်း၊ တတိယ ဆရာတော်ကို တောင်းပန်မည်။ ဒါပဲ။ စတုတ္ထ အစီအစဉ်မှာ သူ့မှာမရှိ။ သို့သော် အစီအစဉ်မရှိပါဘဲလျက် ပထမနေရာသို့ ရောက်လာသူကား သူကြီးသမီး လွင်စန်းယဉ်။

အောင်ဗလ၏အပြန်ခရီးတွင် ထုံးစံအတိုင်း မြင်းပုကလေးနှင့် ဖြစ် သည်။ မြင်းပိုင်ရှင် သူငယ်ချင်းကို မြင်းပုကလေး ပြန်အပ်ပြီးနောက် သူငယ်ချင်း၏ အကူအညီနှင့်ပင် နွားလှည်းခရီး ကြုံရခဲ့ပြန်သည်။ ထို့နောက်တွင်ကား ခြေလျင်ခရီး..။

မိမိရွာသို့ ပြန်ရောက်ရန် တစ်မိုင်ခရီးမျှအလိုလောက်တွင် လှည်း ကြုံတစ်စီး တွေ့ပြန်သည်။ လက်တား၍ လိုက်သွားမည် စိတ်ကူးသေး၏။ နောက် မထူးတော့ပါဘူးဟူ၍ ဆက်လျှောက်လာသည်။ သို့သော် နွားလှည်းသည် သူ့ကိုကျော်သွားပြီးနောက် ရပ်လိုက်သည်။

လှည်းနောက်ပိုင်းတွင် ထိုင်နေသော မိန်းမပျိုတစ်ဦးသည် ပေါ့ပေါ့ပါးပါး ခုန်ဆင်းလာပြီးနောက် သူ့ထံကို မပြေးသလို ပြေးသလိုနှင့် ရောက်လာသည်။

“ဟင်.. လွင်စန်းယဉ်”

“အောင်ဗလ နင် ဘယ်လျှောက်သွားနေတာလဲ”

“လျှောက်မသွားပါဘူး၊ တစ်နေရာတည်းကို သွားတာပါ”

“ဘယ်ကိုလဲ”

“နင်နဲ့ မဆိုင်ပါဘူး”

လွင်စန်းယဉ် ဝမ်းနည်းသွားသည်။ အောင်ဗလ၏ ပစ်စလတ်ခတ် ပြောတတ်သော စကားတိုင်းကို လွင်စန်းယဉ်ခမျာ ဝမ်းနည်းရသည်ချည်း ဖြစ်၏။

“ထားပါလေ၊ နင် အခုရွာကို သွားမှာမဟုတ်လား”

“အေး”
“ငါတို့ လှည်းနဲ့ လိုက်ခဲ့လေ”

“နေပါစေ"

“လိုက်ခဲ့ပါ သူငယ်ချင်းရယ်”

“မလိုက်တော့ပါဘူး၊ နီးနီးလေး ကျန်တော့တာပဲ၊ ငါလမ်းလျှောက် လိုက်ခဲ့မယ်”

“နင့်ကိုငါ ပြောစရာတွေ အများကြီးရှိလို့ပါ အောင်ဗလရယ်”

အောင်ဗလ သက်ပြင်းချလိုက် သည်။ လွင်စန်ယဥ်အတူ နွားလှည်းရှိရာသို့ လိုက်ပါလာခဲ့သည်။

“ဘာတွေပြောစရာရှိလို့လဲ လွင်စန်းယဥ်"

“နင် ရွာကပျောက်သွားတုန်းက ငါတို့ဖြင့် စိတ်ပူလိုက်ရတာ”

“ငါတို့ဆိုတာ ဘယ်သူတွေလဲ”

“ငါရယ်..မြမေရယ်ပေါ့”

“ဪ.. ဪ”

အောင်ဗလ၏ စိတ်၌ လွင်စန်းယဉ်နှင့်ပတ်သက်၍ ပထမဦးဆုံး အကြိမ် စဉ်းစားဖြစ်လိုက်သည်။
“ကဲ.. ဆက်ပြောလေ၊ နင့်မှာ ငါ့ကို ပြောစရာတွေ အများကြီး ရှိတယ်ဆို”

“ဒါလောက်ပါပဲဟာ”

“ဒါနဲ့ အများကြီးဆို”

“အေးပေါ့။ အဲဒါ အများကြီးပေါ့”

“ဘယ်လိုလဲဟ.. နင့်စကားက”

“အေးလေ. . နင်ရွာက ထွက်သွားလို့ ငါစိတ်ပူနေရတာ ပြောစရာ တွေ အများကြီးပေါ့”

“ဒါဆို ပြောလေ”

“ငါပြောပြီးပါပကော့လား၊ အောင်ဗလရယ်၊ ငါ စိတ်ပူနေတယ်

“ဟ.. အများကြီးဆိုဟ”

“အေးပေါ့။ အဲဒါ အများကြီးပေါ့”

ဝမ်းနည်းသံလည်း မဟုတ်၊ ဝမ်းသာသံလည်း မဟုတ်သော လွင်စန်းယဉ်၏ စကားသံကြောင့် အောင်ဗလရင်တွင် တစ်စုံတရာ ခံစားလိုက်ရသည်။

လွင်စန်းယဉ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် ဘာခေါ် မလဲ တစ်မျိုးကြီး ဖြစ်သွားသည်။

လွင်စန်းယဉ်တို့ လှည်းနှင့်အတူ အောင်ဗလ ရွာသို့ ပြန်လိုက် လာခဲ့သည်။

မြမေနှင့် တွေ့ရန်ကို ပထမအစီအစဉ်အဖြစ် စိတ်ကူးခဲ့သော် လည်း ခုတော့ ဒုတိယအစီအစဉ်အဖြစ် ထားလိုက်ရသည်။

သို့သော် ထို ဒုတိယအစီအစဉ်သည်ပင် ဖြစ်မလာရပါ။ ရွာသို့ ရောက်ပြီး မြမေအိမ်ဘက်သို့ သွားမည် စိတ်ကူးစဉ်မှာပင်...

“ဟေ့.. အောင်ဗလ မင်းကို သူကြီးခေါ်နေတယ်"

ဒိတ်ကနဲလိုလို ဖြစ်သွားသည်။

ထုံးစံအတိုင်း သုန်သုန်မှုန်မှုန် ဖြစ်နေသော သူကြီးမျက်နှာကို ရင်ဆိုင်ရလေသည်။

“မင်း ဘယ်ကိုသွားသလဲ အောင်ဗလ၊ မှန်မှန်ပြောစမ်း”

အောင်ဗလသည် သိတတ်စအရွယ်ကတည်းက ညာတတ်ခဲ့သည် မဟုတ်ချေ။

ထိုကြောင့်ပင် သူကြီးအား သူဘယ်လို ဘာအတွက် ထွက်သွား သည့်အကြောင်း အမှန်အတိုင်း ဖွင့်ပြောလိုက်သည်။

သူကြီးသည် ဒေါသအမျက်ချောင်းချောင်းထွက်သွား၏။

“မင်း မာစတာတွေနဲ့ ပတ်သက်တဲ့လူကို ဘာပြုလို့ သွားရန်ပြု ရတာလဲ”

“မဟုတ်ပါဘူး သူကြီးမင်း၊ မာစတာတွေ ဂျပန်တွေ တော်လှန်ရေး တွေ လွတ်လပ်ရေးတွေဆိုတာ ကျွန်တော် ဘာမှန်းမသိပါဘူး၊ ကျွန်တော့် အဖေ အသတ်ခံရလို့ စိတ်ဆိုးတာတစ်ခုပါပဲ သူကြီး”

သူကြီးသည် ကလေးငယ်မျှသာ ဖြစ်သေးသော အောင်ဗလကို ယုံကြည်မိလေသည်။

တကယ်တော့မူ အောင်ဗလသည် ပထမဦးဆုံးအကြိမ်အဖြစ် မုသားစကား ဆိုလိုက်ခြင်းဖြစ်သည်။

သူ၏ ရှေ့လျှောက် အစီအစဉ်တို့ကို သူကြီး မသိစေရန် အတတ်နိုင်ဆုံး ဖုံးကွယ်ရမည် မဟုတ်ပါလား။

မုသားမပါ လင်္ကာမချောပါ။

“အေး မင်းကို ငါ နှစ်ခုပြောလိုက်မယ်၊ သေသေချာချာ မှတ်သွား၊ တစ်ခုက မင်းအဖေလုပ်ငန်းဖြစ်တဲ့ ဂျပန်တော်လှန်ရေးကို လုံးဝစိတ်ကူးဖို့ မကြိုးစားနဲ့၊ နောက်တစ်ခုက အဲဒီ ကလဲ့စားချေချင်တဲ့ စိတ်ကို ဖျောက်ဖျက်ပစ်လိုက်၊ နောက်တစ်ခါ ဦးဘဒင်နဲ့ ပြဿနာဖြစ်တယ်လို့ ငါ မကြား ချင်ဘူး၊ ဒါပဲ”

🌸🌸🌸

မြမေနှင့် တွေ့ရန်အစီအစဉ်ကို တတိယအဖြစ် စိတ်ကူးခဲ့သော် လည်း စတုတ္ထအဖြစ် ပြောင်းလိုက်ရပြန်သည်။ အဘယ့်ကြောင့်ဆိုသော် သူကြီး၏ ရာဇသံပေးချက်အရ သူ၏ ရှေ့လျောက်လုပ်ငန်းများကို အမြန် ဆုံး အကောင်အထည်ဖော်ရန်အတွက် ကိုကြီးကိုသောင်း ကြက်ခြံသို့ ပြေးခဲ့ပြန်သည်။

“ဒီမှာ အောင်ဗလရဲ့ ရည်ရွယ်ချက်ဟာ လူကိုသတ်ဖို့ မဟုတ်ဘူး၊ စနစ်ကိုသတ်ဖို့။ တို့နိုင်ငံကို ခြယ်လှယ်နေတဲ့ ဖက်ဆစ်စနစ်ကို ကျူငုတ် မကျန် သတ်ပစ်လိုက်တဲ့အခါမှာ အဲဒီ ဖက်ဆစ်စနစ်ရဲ့ အကိုင်းအခက် တွေမှာ တွဲလောင်းခိုနေတဲ့ လူတွေလဲ အလိုလို သေကုန်ကြလိမ့်မယ်။ ငါတို့ရဲ့ တော်လှန်ရေးသမားတွေ တိုက်နေတာဟာလဲ ဂျပန်ကိုမဟုတ်ဘူး၊ ဖက်ဆစ်စနစ်ကို တိုက်ထုတ်နေကြတာ၊ ဒါကြောင့် မင်းရဲ့ လက်စားချေမှုဟာ အဓိပ္ပါယ်မရှိဘူး၊ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါ ဂျပန်တင်မကဘူး၊ အမျိုးသားသစ္စာဖောက်တွေလဲ ကျဆုံးမှာပဲ၊ တို့ညီရယ်.. မင်းဟာ လူကြီးလေးဖြစ်ဖို့ ကောင်းပြီ၊ လေးနက်ဖို့ ကောင်းပြီကွာ”

ကိုကြီးကိုသောင်း၏ အယူအဆကို အောင်ဗလ မတောက်တခေါက်တော့ နားလည်လိုက်ပါသည်။

သို့သော် သူ၏ လက်စားချေလိုသော သဘောကိုလည်း ကိုကြီး ကိုသောင်း နားလည်နိုင်ရန် ကြိုးစားပြောလိုက်သည်။

“အဲဒါပဲ ကိုကြီးကိုသောင်း၊ ကျွန်တော် လူမသတ်ချင်ပါဘူး၊ ဒါပေ မယ့် ဦးဘဒင်ကိုတော့...'

သူတို့နှစ်ဦး နားလည်မှု ရရှိသွားကြသည်။ တစ်ဆက်တည်းမှာပင် ဘယ်နေ့ဘယ်အချိန်၌ သည်ရွာမှ ခွာကြမည်၊ ဖက်ဆစ်လုပ်ငန်းတွင်းသို့ ခြေစုံပစ် ဝင်ကြမည် စသည့် အဓိက အစီအစဉ်များကို အလျင်အမြန်ဆုံး ရေးဆွဲဖြစ်လိုက်ကြသည်။

🌸🌸🌸

“နင် ဘယ်ကိုသွားနေတာလဲ အောင်ဗလ”

မြမေသည် ပြိုတော့မည့်မိုးကဲ့သို့ ငိုမလိုစကားကို ဆိုသည်။

“နင် စိတ်ပူနေသလား”

“ဖြေနေစရာလိုသေးသလား အောင်ဗလရယ်”

“ငါ ကြားချင်လို့ပါ”

“ဘာကိုလဲ”

“ဪ.. နင်စိတ်ပူနေတယ် ဆိုတာကိုပါ”

မတိုင်ပင်ကြဘဲလျက် ပြိုင်တူ သက်ပြင်းချလိုက်သည်။

စတုတ္ထအစီအစဉ်အရ မြမေအိမ်သို့ သွားမည် စိတ်ကူးခဲ့သော်လည်း ဆရာသမားလည်းဖြစ်၊ ကျေးဇူးရှင်လည်းဖြစ်၊ မိဘသဖွယ်လည်း ဖြစ်သော ဆရာတော်ဘုရားထံ ဝန်ချတောင်းပန်ရန် အရင်သွားခဲ့ရသည်။

“လောကကြီးအကြောင်း မသိသေးဘဲ လောကကြီးကို ရင်ဆိုင်ဖို့ ဘာကြောင့် ကြိုးစားရတာလဲ အောင်ဗလ”

အစချီသော ဆုံးမဩဝါဒဖြင့် နောက်ဆုံး ကြိမ်လုံးဖြင့် ထမဆော် ရုံတမယ် ဆရာတော်က ကြိမ်းမောင်း လေတော့၏။

ညဦးပိုင်း ရောက်ခါမှ မြမေတို့အိမ်ဘက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းချင်၍လားတော့ဖြင့် မသိ၊ မြမေတို့ အိမ်တွင် မည်သူမျှ မရှိ၊ နှစ်ယောက်ချင်း စကားပြောခွင့်ရလေသည်။

ထို့ကြောင့်ပင်လျှင် အထက်ပါအတိုင်း ရိုးတိုးရိပ်တိပ်သော ချစ် စကားများကို ပြောဖြစ်ကြခြင်း ဖြစ်လေသည်။

ထွေလာကေလာစကားများကို တော်တော်ကြာကြာ ပြောကြပြီး နောက် အောင်ဗလသည် ပေါ့ပါးနေရာမှ လေးနက်သွားပြန်သည်။

“မြမေ”

“ဟင်”

“ငါ့ကို ကတိတစ်ခုပေးပါလားဟယ်”

“ဘာလဲ”

“ငါ အခုပြောမယ့် စကားကို ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့ ကတိ”

မြမေ၏ရင်သည် ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးသွားဟန်ရှိသွားသည်။ စကားအဖြစ် ဆိုရခြင်းဖြစ်သော်လည်း တကယ်တော့မူ တင်စားခြင်းသာဖြစ်သည်။

ဆိုပါစို့၊ ရင်ခုန်ခြင်း။

သူ အနှစ်နှစ်အလလက မျှော်လင့်ခဲ့ရသော စကားကို အောင်ဗလ ထံမှ ကြားရပေတော့မည်။

လရောင်နှင့်အတူ လေညှင်းကလေးနှင့်အတူ ရွာတောင်ဘက်စမ်းချောင်းမှ လှိုင်းကြက်ခွပ်ကလေးများနှင့်အတူ သို့ကလို ညင်သာသော ခုန်ခြင်းမျိုးဖြင့် ခုန်သွားသည်။ “ရင်"

နှစ်ယောက်စလုံး ရင်ခုန်နေကြသည်။

သို့သော်..

အောင်ဗလ ပြောလိုက်သော စကားသည် မြမေ မျှော်လင့်သောစကား ဖြစ်မလာခဲ့။

ထို့အတူ ရင်ခုန်သည်လည်း တစ်ယောက်နှင့်တစ်ယောက် မတူကြ။

မြမေက အချစ်အတွက် ရင်ခုန်နေရသော်လည်း အောင်ဗလက တော်လှန်ရေးအတွက် ရင်ခုန်သည်။

မည်သို့ပင်ရှိစေ။

ထားပါလေ။

အောင်ဗလသည် မကြာခင်ရက်အတွင်း ထန်းပင်ကုန်းရွာမှ သူကြီးသားမက် ဖိုးတေကတဆင့် ကိုကြီးသာဒင်နှင့် ဆက်သွယ်ပြီး တော် လှန်ရေးလောကသို့ ခြေစုံပစ်ဝင်တော့မည့်အကြောင်း မြမေကို ပြော ပြလိုက်လေတော့သည်။

“ဒီအကြောင်းတွေကို ဘယ်သူမှ မသိစေချင်ဘူး မြမေ”

“ငါ နားလည်ပါတယ် အောင်ဗလရယ်”

ငိုသံပါနှင့် ပြောသော မြမေ၏ စကားကြောင့် အောင်ဗလ စိတ်မကောင်းဖြစ်ရသည်။

“အေး..ငါလဲ နင့်ကို နားလည်ပါတယ်မေရယ်”

“ဘာကို နားလည်တာပဲ”

“ငါ နင့်ကို နားလည်မယ်ဆိုရင် နင်သိရောပေါ့”

“အောင်ဗလရယ်..

“မြမေရယ်..”

မြမေသည် ဘယ်လိုမှန်းမသိသော အောင်ဗလ တစ်ကြိမ်မျှ မမြင်ဖူးသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

သမင်မျက်လုံးကို အောင်ဗလ မမြင်ဖူးသောကြောင့် ဥပမာ မပေးတတ်သော်လည်း ထားပါလေ၊ စောစောက ပြောသလို တစ်မျိုးကြီးပါပဲဟု ခံစားလိုက်ရသည်။

ဝှေ့လာသော မျက်ရည်များနှင့်အတူ မြမေ နှုတ်ဖျားမှ ရေလာ မြောင်းပေး စကားတစ်ခွန်း ထွက်လာသည်။ သည်အတွက် မိန်းမတို့ သိက္ခာမကျပါဟု မြမေ ယုံကြည်သည်။

“နင့်မှာ ပြောစရာကုန်ပြီလား”

“မကုန်သေးဘူး”

“ဒါဖြင့် ပြောလေ”

“တော်လှန်ရေးပြီးမှ.."

မမျှော်လင့်သော အဖြစ်အပျက်တို့သည် ဖြစ်တတ်ကြ၏။ မြမေ သည် တရှိုက်င်ငင် ငိုချလိုက်ရင်းက အောင်ဗလ၏ ရင်ခွင်တွင်းသို့ ခေါင်းခွေကျသွားလေသည်။ ဖက်ဆစ်အမိုက်မှောင်ကို ဖြိုခွင်းအပ်သော လွတ်လပ်ခြင်း၏ အလင်းရောင်ကို ပေးစွမ်းအပ်သော လရောင်သည် ဝင်းလက် လွင့်ဖြာနေသည်။

ထို့အတူ.. အချစ်..။

🌸🌸🌸

ထန်းပင်ကုန်းရွာမှ သူကြီးသားမက် ဖိုးတေနှင့် တွေ့သည်။ ဖိုးတေ၏ အကူအညီဖြင့် သည်နယ်တဝိုက်မှ တော်လှန်ရေးသမားများ စုဝေးရာ ဗဟိုစခန်းသို့ အောင်ဗလ ရောက်ရှိလေသည်။

အလွန်မတန် အလုပ်များနေသော ကိုကြီးသာဒင်(မြမေ၏အစ်ကို) နှင့် တိုက်ရိုက် တွေ့ခွင့်ရလေသည်။

ကိုကြီးသာဒင်ကို တွေ့ရသည်မှာ အရင်ကနှင့်မတူဘဲ ပို၍ လေးနက်နေဟန် ရှိသည်။

ကိုကြီးသာဒင်သည် တော်လှန်ရေးနှင့်ပတ်သက်၍ များလှစွာသော အတွေ့အကြုံများကို ရရှိနေလေသည်။

“ကိုင်း... အောင်ဗလရေ မင်းတစ်ယောက်တည်း အနေနဲ့ကတော့ ဟိုက တန်းလျားလေးမှာ ရဲဘော်တွေနဲ့အတူ အိပ်ပေတော့၊ သူတို့ စီစဉ် ပေးလိမ့်မယ်”

“ရပါတယ် ကိုကြီးသာဒင်၊ ဒါပေမယ့်..”

“ဘာဖြစ်လို့လဲကွ”

“ကျွန်တော်နဲ့ အတူ ကိုကြီးကိုသောင်း ပါလာတယ်”

“ဘယ် ကိုကြီးကိုသောင်းလဲကွ”

“ကြက်တွေမွေးတဲ့ ကိုကြီးကိုသောင်းပါ”

“ဪ.. ကြက်သောင်းကိုး..ခု သူဘယ်မှာလဲ”

“နှစ်ယောက် အတူတူလာလို့ရှိရင် ပြဿနာဖြစ်မှာစိုးလို့ လမ်းခွဲ လာကြတာပါ။ မကြာပါဘူး၊ သူ ရောက်လာမှာပါ ကိုကြီးသာဒင်”

“အေး. . ကောင်းတယ်၊ မင်းက ဘယ်ဆိုးလို့ လဲကွ”

“မဟုတ်ပါဘူး ကိုကြီးသာဒင်၊ ဒါက ကိုကြီးကိုသောင်း စီစဉ်တာ"

“အေး. . . . ဟုတ်လား”

ကိုကြီးသာဒင်သည် ခြောက်လုံးပြူးတစ်လက်ကို ခါးတွင် စိုက်ထား သည်။

ပြောင်းရှည်သေနတ်တစ်လက်ကိုမူ ကျောတွင် စလွယ်သိုင်းထားသည်။

ချုပ်ရိုး အဖာဖာအထေးထေးနှင့် ဘောင်းဘီပွကြီးကို ဝတ်ထား သည်။ သူ့မျက်နှာသည် နေလောင်ထားသောကြောင့် ညိုမည်း ဖောင်း ကား၍ နေသည်။

မည်သို့ပင်ရှိစေ ကိုကြီးသာဒင်ကို ကြည့်ရသည်မှာ တစ်စုံတရာသော စိတ်ဓာတ်တက်ကြွမှုကို ဖြစ်ပေါ်စေသည်။

“ဒါနဲ့ ငါ့နှမ မြမေတစ်ယောက်ကော နေကောင်းရဲ့လား”

“ကောင်းပါတယ် ကိုကြီးသာဒင်”

ကိုကြီးသာဒင်က ရိုးရိုးသားသား မေးခြင်းဖြစ်သော်လည်း အောင် ဗလအဖို့ကား မလုံမလဲ ဖြစ်ရသည်။

ကိုကြီးသာဒင်နှင့် ရွာအကြောင်း ရှေးဟောင်းနှောင်းဖြစ်များ ပြော နေစဉ်မှာပင် ကိုကြီးကိုသောင်း မြင်းတစ်စီးဖြင့် ရောက်လာသည်။

ကိုကြီးကိုသောင်း အတွက်ရော အောင်ဗလအတွက်ပါ လိုအပ်သည်များကို ကိုကြီးကိုသာဒင်က စီစဉ်ညွှန်ကြားလေသည်။

ကိုကြီးသာဒင်ကိုကြည့်ရသည်မှာ ထိုစခန်းတွင် တော်တော်ကလေး အရေးပါ အရာရောက်ပုံရသည်။

ညနေပိုင်းတွင် ကိုကြီးသာဒင်က ဗိုလ်ကြီးဟု အားလုံးက တရို တသေ အခေါ်ခံရသူတစ်ဦးထံ ခေါ်သွားလေသည်။

“အေး တော်လှန်ရေးလုပ်တယ်ဆိုတာ လူသတ်တာတော့ မဟုတ်ဘူးကွ၊ ဒါပေမယ့် လူသတ်သမားရဲ့ ရန်ကို ကာကွယ်ဖို့တော့ သေနတ်ပစ်ကျွမ်းကျင်ဖို့လိုတယ်"

အသားမည်းမည်း အရုပ်ဆိုးဆိုးနှင့် ချစ်ကြည်ညိုဖွယ်ကောင်းသော ထိုလူကြီး၏စကားကို ကြားရသောအခါ အောင်ဗလ ကျေနပ်မိသည်။ ဘာအတွက်ကြောင့်ဖြစ်ဖြစ် သူ သေနတ်ပစ်တတ်ချင်သည်။ ဦးဘဒင်ကို သူ လက်စားချေရန်ဖြစ်သည်။

🌸🌸🌸

ရောက်စကတော့ တော်လှန်ရေးသမားဖြစ်ဖို့ လှုပ်ရှားရသည်ကို ငြီးငွေ့မိသည်။ နောက်ပိုင်း လက်တွေ့အဖြစ် သေနတ်ပစ်စသော လေ့ကျင့်ခန်းများ၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားရေး၊ လွတ်လပ်ရေး၊ အမိ နိုင်ငံကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေး စသော အတွေးအခေါ် ပညာများပါ သင်ကြားလာရသဖြင့် အောင်ဗလသည် ပျော်ရွှင်တက်ကြွသော တော်လှန်ရေးသမားကောင်းကလေး ဖြစ်လာသည်။ အထူးသဖြင့် သေနတ်ပစ်ကောင်းသော ရဲဘော်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည်။

“ကိုကြီးသာဒင် ခရီးထွက်သွားတာလဲ ကြာလှချည်လားဗျာ”

ကိုကြီးသာဒင် တော်လှန်ရေးကိစ္စ တစ်ခုဖြင့် ခရီးထွက်သွားသည်ကို စိတ်ပူနေသော အောင်ဗလသည် သူ၏ တွဲဖက်တော်လှန်ရေးရဲဘော် တစ်ဦးအား မေးလိုက်ခြင်းဖြစ်သည်။

ထိုရဲဘော်ကမူ အတွေ့အကြုံ ရှိနေသည့်အလျောက် အေးအေး ဆေးဆေးပင် ဖြေသည်။

“သူ တစ်ခါတစ်ခါ ခရီးထွက်ရင် ဒီလိုပဲ ကြာတယ် ရဲဘော်ရဲ့၊ ဘယ်သွားလဲလို့ ကျုပ်တို့ သိခွင့်မရှိဘူး၊ ဒါဟာ လူကြီးတွေရဲ့ လျှို့ဝှက် ချက်”

“ဪ.. ဪ.."

သို့သော် အောင်ဗလသည် ကိုကြီးသာဒင်ကို အလိုလို စိတ်ပူနေ သည်။

အထူးသဖြင့် ညအိပ်ရာဝင်တိုင်း ကိုကြီးသာဒင်အကြောင်း၊ ရွာ အကြောင်း ပြီးတော့ကျတော့ မြမေ။

“ဟကောင်ရ . တော်လှန်ရေးလုပ်တယ်ဆိုတာ ရဟန်းတွေ တော ထွက် တရားရှာသလို ကိုယ်ရေးကိုယ်တာကိစ္စတွေ စွန့်လွှတ်နိုင်ရတယ်”

ကိုကြီးကိုသောင်းက ရှင်းပြသည်။

“ဒါကတော့ဗျာ၊ ကိုကြီးကိုသောင်းမှာ သံယောဇဉ်တွယ်စရာမှ မရှိ ဘဲကိုး”

“နို့.. မင်းမှာကော ရှိလို့လားကွ”

အောင်ဗလသည် ဘာမှပြန်မပြောတတ်ဘဲ ရယ်ကြဲကြဲလုပ်နေ လိုက်သည်။

ထိုအခါမျိုးတွင် မြမေကို ပို၍ သတိရသည်။

🌸🌸🌸

ခွေးဟောင်သံများနှင့်အတူ အောင်ဗလတို့ ရွာအတွင်းသို့ ဂျပန်များ ဝင်ရောက်လာသည်။

ဂျပန်များနှင့်အတူ စကားပြန် ဦးဘဒင်လည်း ပါလာသည်။ ထုံးစံ အတိုင်းပင် တစ်ကိုယ်လုံး စုတ်ပြတ်ပေကျံနေသော တော်လှန်ရေးသမား တစ်ဦးကို လက်ပြန်ကြိုးတုပ်၍ ခေါ်လာသည်။ ဂျပန်များသည် သူကြီး အား မောင်းထု၍ လူစုစေသည်။

ရွာသူရွာသားများ တော်တော်လေး စုံလင်လောက်သောအခါ စောစောက ပြောသော တော်လှန်ရေးသမားကို ဦးဘဒင်ကိုယ်တိုင် သေနတ် ဖြင့် ပစ်သတ်ပြလိုက်သည်။ (ရွာလယ်ခေါင်မှာ)

“အစ်ကို”

မြမေ စူးရှကျယ်လောင်စွာ ငိုကြွေးလိုက်သံသည် တစ်ရွာလုံး ညံ သွားသည်။

ဪ.. ကိုကြီးသာဒင် အသတ်ခံရပြန်ပြီကော။

အရက်ခိုးဝေပြီး ဒယိမ်းဒယိုင်ဖြစ်နေသော ဦးဘဒင်သည် ရွာသူ ရွာသားများဘက်သို့ လှည့်ပြီး ကြိမ်းမောင်းလိုက်သည်။

“အဲဒါပဲ မှတ်ထားကြ၊ မာစတာတွေကို ဆန့်ကျင်တဲ့ လူမှန်သမျှ ဒီလမ်း လိုက်ရမယ်၊ တို့ကတော့ သူပုန်တွေကို မိလာရင် ချက်ချင်းမသတ်ဘူး၊ သူနေတဲ့ရွာမှာ ပြန်ပြီး အားလုံးမှတ်လောက်အောင် သတ်ပြတယ်”

ထိုအချိန်တွင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ ရွာသူရွာသားများထဲမှ မည်သူမျှ မလုပ်ဝံ့သော အလုပ်ကို မြမေ လုပ်ချေပြီ။

အားလုံး ငြိမ်သက်တိတ်ဆိတ် တွေဝေနေချိန်ကလေးတွင် မြမေသည် သူ့အစ်ကို ကိုကြီးသာဒင်၏ အလောင်းကို တစ်ချက်မျှ ကြည့်၏။ ကိုယ်ငွေ့မသေသေးသော အလောင်းပူပူနွေးနွေးကို ဦးသုံးကြိမ်ချ ကန် တော့၏။ ထို့နောက် သူ့အိမ်ထဲသို့ အေးအေးဆေးဆေးပင် ပြန်ဝင်သွား၏။

ထင်းခုတ်ရာတွင် အသုံးပြုသော ဓားရှည်မကြီးကို ဣန္ဒြေရရ ဆွဲ တက်လာ၏။

မိမိဝတ္တရား ကုန်ဆုံးပြီးဖြစ်သည်မို့ ဂျပန်များနှင့် အေးအေးဆေး ဆေး စကားပြောနေသော ဦးဘဒင်နောက်ကျောသို့ လှစ်ကနဲ ပြေးကပ် လိုက်သည်။

မြမေသည် အားလုံး အံ့အားသင့် ငေးမောနေကြစဉ်မှာပင် သူ့ရှိ သမျှ အားကလေးနှင့် ဦးဘဒင်၏ ဇက်ပိုးကို တအားလွှဲ၍ ပိုင်းချလိုက် သည်။

မြမေ၏ ထင်းခုတ်သော ဓားမသည် ဂျပန်စကားပြန် ဦးဘခင်၏ ပခုံးတွင် တန်းလန်းကြီး စိုက်ကျသွားသည်။

“ဟယ်” ဟူသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ဂျပန်

စစ်သားများသည် မြမေအနီးသို့ ပြေးကပ်လာကြသည်။

ဦးဘဒင်သည် ရုတ်တရက် မိုက်ကနဲ ဖြစ်သွားသော်လည်း ချက်ချင်း သတိထားမိသည်နှင့် မြမေကို ဖျတ်ကနဲ လှည့်ကြည့်လိုက်သည်။ တစ်ဆက်တည်းမှာပင် ဝန်းရံလာသော ဂျပန်များကို လက်ကာတားလိုက်သည်။ ပခုံးပေါ်တွင် ဓားမကြီး တန်းလန်းနှင့် ဖြစ်နေသော ဦးဘဒင်သည် လုံးဝ နာကျင်ဟန်မပြ၊ အမျိုးအမည်မဖော်ပြနိုင်သော အကြည့်နှင့်သာ မြမေကို ကြည့်လိုက်သည်။

ငှက်ကလေး ကြက်ကလေးများကိုပင် မသတ်ဖူးသော မြမေသည် မိမိ၏လုပ်ရပ်အတွက် ခပ်ကြောင်ကြောင် ဖြစ်နေရှာသည်။

အရေးကြီးသော အချက်တစ်ချက်ကို ဖေါ်ပြရပါမူ ထိုအချိန်တွင် ဦးဘဒင်၏ စူးရှတောက်ပြောင်သော အကြည့်သည် မြမေ၏ရင်တွင်းသို့ မြွေလိမ် တီလိမ် တိုးဝင်သွားဘိသကဲ့သို့ မြမေ၏အကြည့်သည်လည်း ဦးဘဒင်၏ ရင်တွင်းသို့ စောစောက ဓါးမချက်ထက် ပြင်းထန်စွာ စိုက်ဝင်သွားသည်။

ဤလောက၌ ထူးဆန်းသောအရာတို့သည် ပြည့်နှက်နေကြသည်။ ရွာဦးကျောင်းဆရာတော်၏ အဆိုအမိန့်နှင့်မူ နာနာဝိစိတ္တရလော
ကော...

ကြည့်လေ..

ဦးဘဒင်နှင့် မြမေတို့သည် တစ်ယောက်ကိုတစ်ယောက်..

အဲ.. တစ်ယောက်မျက်လုံး တစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေမိကြလေသည်။

မြမေသည် မြွေအညှို့အခံရဘိသကဲ့သို့ မလှုပ်မယှက် ရှိနေသည်။ ဦးဘခင်သည်လည်း ထန်းရည်အရက်ထက် ယစ်မူးဖွယ်ကောင်း သော အလှတရားကို တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးအကြိမ်အဖြစ် ခံစားမွေ့လျော်လိုက်ရသည်။

အမှတ်မထင် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေသည်။ ပခုံးတွင် ဓားမတန်းလမ်း စိုက်လျက်သားကြီးနှင့် ဦးဘဒင်သည် မြမေကို လက်ပြန် တစ်ချက် ရိုက်ချပစ်လိုက်သည်။

မြမေသည် မြေပေါ်သို့ မိုက်ကနဲ ပုံကျသွားသည်။ ထိုတစ်ချက်တည်းနှင့်ပင် လောကကြီးသည် မှောင်အတိကျသွားဘိသကဲ့သို့ မြမေ ခံစားလိုက်ရသည်။ ဦးဘဒင်သည် သတိလက်လွတ် ဖြစ်နေရှာသော မြမေကို စွေ့ကနဲ ပွေ့ယူလိုက်သည်။ မြင်းပေါ်သို့ အလျားလိုက် မှောက်တင်လိုက်သည်။ သူကိုယ်တိုင်လည်း မြင်းပေါ်သို့ တက်လိုက်သည်။

🌸🌸🌸

ပါးရိုးပါးရင်းဆီမှ ကြိမ်းစပ်စပ် ဝေဒနာနှင့်အတူ မြမေ လူးလဲ နိုးထလာချိန်တွင် သူ ခုတ်လိုက်သောကြောင့် စိုက်နေသော ဓားမကြီးကို ဦးဘဒင်သည် ဂျပန်တစ်ယောက်နှင့်အတူ ဆွဲဖြုတ်နေကြောင်း တအံ့တဩ တွေ့လိုက်ရသည်။

ထိုနေရာသည် ဘယ်နေရာမှန်း မြမေ မသိ။ သူမရောက်ဖူးသော တောစပ်ကလေးတစ်ခုပင် ဖြစ်သည်။

သတိဝင်လာလျှင် ဝင်လာချင်း မြမေသည် ဦးဘဒင်အနီးသို့ လျှောက်လာခဲ့သည်။ သူ့ကို ပြုံးထေ့ ကြည့်နေသော ဦးဘဒင်၏ မျက်နှာသို့ ပက်ကနဲ တံတွေးဖြင့် ထွေးလိုက်သည်။ ဦးဘဒင်ဣန္ဒြေမပျက်ပင် တံတွေးကို သုတ်ပစ်လိုက်သည်။

သူ၏ဒဏ်ရာကို တွေ့ကရာအဝတ်ဖြင့် ပတ်တီးစည်းပြီးသည့်နောက် မြမေအနီးသို့ လျှောက်လာသည်။

ဦးဘဒင်၏ မျက်လုံးကြီးများသည် မြမေကို ငေးကြောင်ကြောင် ဖြစ်သွားစေပြန်သည်။

အမှတ်မထင်ကလေးမှာပင် ဦးဘဒင်၏ အလွန်ပြင်းထန်သော လက်ဝါးသည် မြမေပါးပေါ်သို့ ပူကနဲကျလာပြန်သည်။

မြမေ သတိလစ်သွားပြန်၏။

သို့သော် သတိလစ်ခြင်း ဟူသည်မှာ သေဆုံးခြင်း မဟုတ်သော ကြောင့် ထိုသတိလစ်နေစဉ်အချိန်အတွင်း စိတ်ကူးအိပ်မက်များ ဖြစ်ပေါ် လာတတ်ပါသည်။

ပါးရိုက်ခံလိုက်ရပြီးသည့်နောက် ရှေ့လျှောက် ဘာတွေ ဖြစ်သည် ကို မသိသော်လည်း သူ၏အိပ်မက်ထဲ၌မူ ဦးဘဒင်၏ ကြမ်းတမ်းလှစွာသော အပြုအမူ၊ အကြောက်အလန့်ကင်းမဲ့သော မျက်နှာထား၊ ဟိုး ရင် ခေါင်းထဲအထိ စူးဝင်နစ်မြှုပ်သွားစေနိုင်သော အကြည့်ရှိသည့် မျက်လုံး ရွဲကြီးများကို မြင်မက်နေလေတော့သည်။

🌸🌸🌸🌸🌸

ဆက်ရန်

Address

80 Feet Street & Yu Za Na Street, Phone Soe Q
Monywa
MONYWA

Telephone

0943109512

Website

Alerts

Be the first to know and let us send you an email when PyinNyar Kyaw Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category