Myanmar ぞう

Myanmar ぞう Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar ぞう, Education Website, MyaThitSar Street, Thanlar(2), Monywa.

😱 100% free Web Design Class 😱
22/09/2022

😱 100% free Web Design Class 😱

Edit : သတ်မှတ်လူဦးရေပြည့်သွားပါပြီ

😱 100% free Class 😱
Learning IT For You ကနေပြီး အခုတစ်ခါ သင်ကြားပေးမှာကတော့ Web Development ရဲ့ Front End ပိုင်းတွေဖြစ်တဲ့ HTML, CSS, JavaScript စတာတွေကို လက်တွေ့လုပ်ငန်းခွင်မှာပါ အသုံးပြုနိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကြေး တပြားမှကုန်ကျစရာမလိုဘဲ တက်ရောက်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

👩‍💻👨‍💻 ဘယ်လိုလူတွေတက်ရောက်နိုင်သလဲ?
- IT ပိုင်းကို စိတ်ဝင်စားပြီး အခြေခံကနေ စလေ့လာချင်တယ်
- Website Design တွေကို create လုပ်ချင်တယ်
- ပြည်တွင်းပြည်ပ IT company တွေမှာ လစာကောင်းကောင်းနဲ့အလုပ်လုပ်ချင်တယ်
- IT ပိုင်းကို သွားချင်တယ် ဘယ်ကနေစလေ့လာရမှန်းမသိသေးတဲ့ သားတို့သမီးတို့လည်း တက်ရောက်သင့်ပါတယ်

✍️ သင်တန်းတက်ရောက်ရန်အခြေခံလိုအပ်ချက်
- Internet နဲ့ Laptop/Desktop ကတော့ မရှိမဖြစ်လိုအပ်ပါတယ်
- Computer အခြေခံတတ်မြောက်ထားပြီးသူများ ဖြစ်ရပါမယ်
- သင်တန်းချိန်များကို မပျက်မကွက်တက်ရောက်နိုင်သူများ ဖြစ်ရပါမယ်

✍️ သင်တန်းအပ်ရမည့်ပုံစံ
- ဒီ class လေးကို join ချင်တယ်ဆိုရင်တော့ ယခုပိုစ့်လေးကို Public နဲ့ Share ပေးပါ။
- Share Screenshot လေးကို Page Messenger ကို ပို့ပေးပြီး စက်တင်ဘာလ ၃၀ (September 30 2022) ရက်နေ့ထိ စားရင်းပေးသွင်းနိုင်ပါတယ်

⏰ သင်တန်းအချိန် - 7 PM – 8:30 PM (Saturday & Sunday)
🗓️ သင်တန်းကာလ - 3 လ
🗓️ စတင်သင်ကြားမည့်နေ့ - 8.10.2022 (Saturday)
👩‍💻 သင်တန်းသင်ကြားမည့်ပုံစံ - Zoom Meeting
💸 သင်တန်းကြေး - free

💁 100% free ဖြစ်တဲ့အတွက် အချိန်တွေကုန်ပြီး မတတ်မှာကိုလည်း စိတ်ပူစရာမလိုပါဘူးနော်
Yangon University ကနေ Computer Science Major နဲ့ Master ပြီးထားပြီး သင်ကြားရေးပိုင်းမှာ လုပ်သက် ၇နှစ်ကျော်ရှိတဲ့ ဆရာမကိုယ်တိုင်သင်ကြားပေးသွားမှာဖြစ်လို့ စိတ်ချယုံကြည်စွာနဲ့ တက်ရောက်နိုင်ပါတယ်

💁 100% free class ဆိုပေမယ့် သင်တန်းသားများအပေါ် သေချာစနစ်တကျ သင်ကြားပေးသွားချင်တာဖြစ်တဲ့အတွက် လူအရေအတွက် ကန့်သတ်ထားပါတယ် အဲဒါကြောင့် မြန်မြန်လေးအပ်ထားပေးဖို့တော့ လိုအပ်ပါတယ်နော်

  အခုဆို HTML အကြောင်းနည်းနည်း နားလည်လာပြီလို့ ထင်ပါတယ်။ အခုဆက်ပြီးတော့ Line Break အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။HT...
25/03/2022



အခုဆို HTML အကြောင်းနည်းနည်း နားလည်လာပြီလို့ ထင်ပါတယ်။ အခုဆက်ပြီးတော့ Line Break အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင် element ကို အသုံးပြုနိုင်ပါတယ်။ သူ့မှာတော့ close tag မပါပါဘူး။ လို့ ရေးလည်းရပါတယ်။

  Text Document တွေပေါ်မှာ စာရေးရင် ခေါင်းစဉ်တို့ စာပိုဒ်တို့ကို ထည့်ပြီးရေးသလိုပဲ HTML Document ပေါ်မှာ ခေါင်းစဉ်ထည့်ရေ...
14/03/2022



Text Document တွေပေါ်မှာ စာရေးရင် ခေါင်းစဉ်တို့ စာပိုဒ်တို့ကို ထည့်ပြီးရေးသလိုပဲ HTML Document ပေါ်မှာ ခေါင်းစဉ်ထည့်ရေးဖို့အတွက်ဆိုရင် Heading Element ကို သုံးလို့ရပါတယ်။ Heading Element မှာ ဆိုရင်ဖြင့် ခေါင်းစဉ်နဲ့ ခေါင်းစဉ်ခွဲတွေ ရေးနိုင်ဖို့အတွက် အဆင့် (၆) ဆင့် သတ်မှတ်ပေးထားပါတယ်။ Main Heading အတွက်ဆိုရင် Element ကို သုံးလို့ရပြီး ပထမအဆင့်ခေါင်းစဉ်ခွဲအတွက် Element ကို သုံးလို့ရပါတယ်။ အဲလိုပဲ ဒုတိယအဆင့်ခေါင်းစဉ်ခွဲအတွက် Element ကို အသုံးပြုလို့ရပြီး စသည်ဖြင့် စုစုပေါင်း (၆) ဆင့် ခွဲခြားအသုံးပြုနိုင်ပါတယ်။ ကိုယ်တည်ဆောက်နေတဲ့ Document နဲ့ကိုက်ညီအောင် သက်ဆိုင်ရာ Heading Element များကို ရွေးချယ် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

  ဆိုတာက ဒီ Document ဟာ HTML Document တစ်ခုဖြစ်ကြောင်း ကြေငြာလိုက်တဲ့ Document Type Declaration ပဲ ဖြစ်ပါတယ်။ HTML Eleme...
15/02/2022


ဆိုတာက ဒီ Document ဟာ HTML Document တစ်ခုဖြစ်ကြောင်း ကြေငြာလိုက်တဲ့ Document Type Declaration ပဲ ဖြစ်ပါတယ်။ HTML Elements အားလုံးကိုတော့ element အတွင်းမှာပဲ ရေးသားရမှာဖြစ်ပြီး Element အတွင်းမှာ အဓိက Element နှစ်ခုပါရှိရမှာဖြစ်ပါတယ်။ Element နဲ့ Element တို့ပဲဖြစ်ပါတယ်။ Element အတွင်းမှာတော့ လက်ရှိ document နဲ့သက်ဆိုင်တဲ့ အချက်အလက်တို့ကို ကြေငြာဖို့ အသုံးပြုရပါတယ်။ ဥပမာအားဖြင့် တို့လို Element တွေကို ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ Element အတွင်းမှာတော့ Web Browser မှာ Content အနေနဲ့ ဖော်ပြစေလိုတဲ့ အချက်အလက်တွေကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။
HTML အတွက် Editor တွေ IDE တွေ အများကြီးရှိပါတယ်။ Dreamweaver, Sublime Text, Notepad, Notepad++ စသည်ဖြင့်ပေါ့။ ကြိုက်နှစ်သက်ရာကို သုံးပြီးလေ့လာနိုင်ပါတယ်။

 Website တွေရေးဆွဲရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ HTML – Hyper Text Markup Language ကို စပြီးလေ့လာကြရအောင်နော်ပထမဆုံးပြောပြချ...
15/02/2022


Website တွေရေးဆွဲရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ HTML – Hyper Text Markup Language ကို စပြီးလေ့လာကြရအောင်နော်
ပထမဆုံးပြောပြချင်တာကတော့ HTML Element တစ်ခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံပါ။
HTML Element တွေမှာ Start Tag နဲ့ End Tag ဆိုပြီး အဖွင့်အပိတ် ပါရှိရပါတယ်။ အဲဒီ အဖွင့်အပိတ်ကြားထဲမှာဆိုရင် Content တွေကို ထည့်သွင်းရေးသားရမှာဖြစ်ပြီးတော့ Start Tag အတွင်းမှာတော့ Attribute တွေကို ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ End Tag နဲ့ Element Content မရှိပဲ Start Tag နဲ့ Attribute တွေသာပါဝင်တဲ့ Empty Tag တွေလည်း ရှိပါသေးတယ်။

Address

MyaThitSar Street, Thanlar(2)
Monywa

Website

Alerts

Be the first to know and let us send you an email when Myanmar ぞう posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar ぞう:

Shortcuts

Share