Excellent Japanese Language School, Monywa

Excellent Japanese Language School, Monywa Try Best, Gets Ready!!!

第73回ミャンマー独立記念日、心よりおめでとうございます。ミャンマーは現代より、近代化的で発展途上なお国になりますよう、お祈り致します。
04/01/2021

第73回ミャンマー独立記念日、心よりおめでとうございます。
ミャンマーは現代より、近代化的で発展途上なお国になりますよう、お祈り致します。



အပျင်းပြေ ဂျပန်စာ ဉာဏ်စမ်းလေးတွေဖြေကြည့်ကြရအောင်......အဖြေမှန်ရွေးပြီး မန့်ပေးနော်.....クイズ2(  )には何が入りますか?1.昨日たくさん(    )、...
17/12/2020

အပျင်းပြေ ဂျပန်စာ ဉာဏ်စမ်းလေးတွေဖြေကြည့်ကြရအောင်......

အဖြေမှန်ရွေးပြီး မန့်ပေးနော်.....

クイズ2
(  )には何が入りますか?
1.昨日たくさん(    )、足が痛いです。
ア.歩いても
イ.歩いたので
ウ.歩いたら
エ.歩くのに
2.どんなに飛行機のチケットが(     )、来月アメリカへ帰ります。
ア.高いし
イ.高いのに
ウ.高いと
エ.高くても
3.明日海へ(      )、今日水着を買わなければなりません。
ア.行くなら
イ.行くと
ウ.行ったら
エ.行けば
4.明日は、雨が(     )、サッカーの練習をしましょう。
ア.ふっても
イ.ふって
ウ.ふるのに
エ.ふると
5.春に(    )、桜を見に行きましょう。
ア.なると
イ.なったら
ウ.なれば
エ.なったのに



夢(စိတ်ကူးအိပ်မက်)若者には 将来的に何の仕事をしたいのか どういう人生を送ったいのかを考えるべきだと思えませんか。လူငယ်တွေဟာအနာဂတ်မှာဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲ ဘယ်လိုဘ...
22/11/2020

夢(စိတ်ကူးအိပ်မက်)

若者には 将来的に何の仕事をしたいのか どういう人生を送ったいのかを考えるべきだと思えませんか。
လူငယ်တွေဟာအနာဂတ်မှာဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲ ဘယ်လိုဘဝမျိုးမှာနေထိုင်ချင်တာလဲဆိုတာ စဉ်းစားသင့်တယ်လို့မထင်ဘူးလား။
自分の夢をちゃんと分かってからこそ そのため何をしなければならないのか、何を勉強すべきかが 決められると思います。
ကိုယ့်အနာဂတ်အိပ်မက်ကိုသေချာသိရှိနားလည်ထားမှသာ အဲ့ဒီအတွက်ဘာကိုမလုပ်လို့မရဘူးလဲဆိုတာ ဘာကိုမဖြစ်မနေ သင်ယူရမယ်ဆိုတာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
ほとんどの成功した人達は 幼いごろから 叶えたいと思った夢をちゃんと持ち、その目的が成果できるため努力して頑張ったそうです。
အောင်မြင်နေတဲ့သူတော်တော်များများဟာ ငယ်ရွယ်စဉ်ကတည်းကပင် အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်(ရည်မှန်းချက်)ရှိပြီး အဲ့အိပ်မက်တွေအောင်မြင်အောင်အပတ်တကုတ် ကြိုးစားခဲ့ကြတာပဲ ဖြစ်ပါတယ်။
若者たちをみると、多くの方々は自分がどういう道を歩きたいのかを自分で分かっていない かと思い込むほどです。例えば、何でこの科目を取ったのですか という質問に対して  友達と一緒に勉強したいからとか、入学試験の単数の結果はこの勉強しかできないからとか、親が勉強させたとか、と 答えた方々が多いのです。
လူငယ်တွေကိုကြည့်လိုက်မယ်ဆို အတော်များများက ကိုယ်ကဘယ်လိုလမ်းမျိုးကိုလျောက်ချင်လဲ ဆိုတာသေချာသိမနေဘူးလို့တွေးမိရလောက်အောင်ပါပဲ။ ဥပမာ ဘာကြောင့်ဒီဘာသာကို တက်ဖြစ်တာလဲ ဆိုတဲ့မေးခွန်းမှာ သူငယ်ချင်းနဲ့တူတူစာသင်ချင်တာကြောင့်လိုမျိုး တက္ကသိုလ်၀င် ခွင့်စာမေးပွဲရဲ့ အမှတ်စာရင်း အရ ဒီဘာသာကလွဲပြီးသင်လို့မရလို့ဆိုတာမျိုး မိဘတွေကသင်ခိုင်းလို့ဆိုပြီး ဖြေတဲ့သူတွေများပါတယ်။
ですから、今からでもいいから、若者たちには 講義に参加する前は「なぜこれを受講するのか」、仕事をする前には「なぜこの仕事をするのか」を自分で聞いてほしいです。上記のような単純で一般的な答えだけになると、何か失敗して いつか大変になった時には 迷ってしまい、あきらめたくなりますよ。そうならないようには、 自分なりの夢や目的を まず考えておかなければなりません。
အဲ့ဒီအတွက်ကြောင့် အခုကစပြီးပဲဖြစ်ဖြစ် လူငယ်လူရွယ်များကို သင်တန်းမတက်ခင် ဘာကြောင့်ဒီသင်တန်းတက်ရတာလဲ ။ အလုပ်မလုပ်ခင်လည်းဘာကြောင့် ဒီအလုပ်ကိုလုပ်ရမှာလဲ ဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးစေချင်ပါတယ်။ အပေါ်မှာရေးထားသလို လွယ်ကူပြီးယေဘုယျဆန်တဲ့ အဖြေမျိုးသာထွက်လာမယ်ဆိုရင် ‘တခုခုအမှားလုပ်မိပြီး တချိန်ချိန်ပင်ပန်းလာ တဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ လမ်းတဝက်မှာပဲ အရှုံပေးချင်လာပါလိမ့်မယ်။ အဲ့လိုမဖြစ်ရအောင် ကိုယ့်အိပ်မက် ကိုယ့်ရည်ရွယ်ချက်ကို အရင်ဆုံးစဉ်းစားထားရပါမယ်။
最後に言いたいのは、私は「人間」には「できない」物はないだと強く思い、ただ「自分が何をしたいのかを見つかっていないだけ」と信じてます。そんな素晴らしい人間として生まれてきた私たちは 生きているうちには 夢を育んで 頑張り続ける一方だと思っております。
နောက်ဆုံးအနေနဲ့ ပြောချင်တာက တော့ လူသားမှာ မလုပ်နိုင်တဲ့ အရာဘာမှမရှိဘူး။ ဘာလုပ်ချင်တာလဲဆိုတာရှာမတွေ့သေးတာလို့ပဲ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီလို အံ့ဩစရာကောင်းလှတဲ့ လူသားအဖြစ်မွေးဖွားလာခဲ့တဲ့ ကျွန်တော်တို့ဟာ ရှင်သန်နေထိုင်နေကြစဉ် ကာလမှာ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ပေါ်နိုင်အောင် အကောင်းဆုံးကြိုးစားလုပ်ဆောင် သွားသင့်တယ်လို့ထင်မြင်မိပါတယ်။

👉 「がんばれ、がんばる、がんばろう」💪💪💁🏻‍♂️ 「がんばれ」は、相手(あいて)を元気づけ、励(はげ)ますことばです。「がんばれ」と言われたあなたはきっと「はい、がんばります」と、何度も答えてきたことで しょう。🌠🌠(ႀကိဳးစား!...
10/11/2020

👉 「がんばれ、がんばる、がんばろう」💪💪

💁🏻‍♂️ 「がんばれ」は、相手(あいて)を元気づけ、励(はげ)ますことばです。
「がんばれ」と言われたあなたはきっと「はい、がんばります」と、何度も答えてきたことで しょう。🌠🌠

(ကြိုးစား!) ဆိုတာ တဖက်သားကို စိတ်ဓါတ်တက်ကြွစေအောင် အားပေးတဲ့စကားလုံးဖြစ်ပါတယ်။
(ကြိုးစား!)လို့အပြောခံရတဲ့သင်ဟာ (ဟုတ်ကဲ့၊ကြိုးစားပါ့မယ်)ဆိုပြီး အကြိမ်ကြိမ်ဖြေဖူးခဲ့တယ် မဟုတ်လား။

💁🏻‍♂️ 「がんばる」は、今までの自分を反省(はんせい)して、これからは「がんばるぞ!」と心(こころ)を決(き)めて自分自身(じぶんじしん)にいう言葉です。

(ကြိုးစားမယ်)ဆိုတာကတော့ အခုအချိန်ထိဖြတ်သန်းလာခဲ့ရတဲ့ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီး အခုကစပြီးတော့ အကောင်းဆုံး ကြိုးစားမယ်လို့စိတ်ဆုံးဖြတ်ပြီး ကိုယ့်ကိုကိုယ်ပြောတဲ့စကားဖြစ်ပါတယ်။

💁🏻‍♂️ でも、「がんばれ」「がんばる」だけじゃ、我々は今まで頑張って来られなかったのではないでしょうか。今はコロナの影響(えいきょう)で 生徒(せいと)たちは勉強も続(つづ)けてできないし、試験(しけん)も受(う)けないし、それに日本へ行く準備(じゅんび)をしている方々も 延期(えんき)されています。特に、皆は今の自分の力で何ができるのか分からなくなってきたでしょう。人生って楽(たの)しいことはたくさんある反面(はんめん)、もう何もかもが嫌(いや)で逃(に)げたいと、一人で泣(な)いた夜(よる)もたくさんあったでしょう。

ဒါပေမဲ့ (ကြိုးစား) (ကြိုးစားမယ်) ဆိုတာချည်းပဲဆိုရင် ငါတို့ဟာအခုချိန်ထိ ကြိုးစားပြီးနေလာနိုင်ကြမှာ မဟုတ်လောက်ဘူး မဟုတ်လား။ အခုဆိုရင် ကိုရိုနာကူးစက်ပျံ့ပွားမှုကြောင့် ကျောင်းသားကျောင်းသူတွေဟာ စာဆက်လက်ပြီးမသင်နိုင်တော့တာမျိုးရှိသလို စာမေးပွဲတွေလည်းမဖြေနိုင်ကြ တော့ပါဘူး။ ဂျပန်သွား ဖို့ ပြင် ဆင်နေတဲ့ကျောင်းသားတွေလည်း သွားဖို့ဆိုင်းငံ့ခံထားရပါတယ်။ အထူးသဖြင့် လူတိုင်းဟာ အခုကိုယ့်မှာရှိ တဲ့စွမ်းအားနဲ့ ဘာတွေဆက်လုပ်နိုင်မလဲဆိုတာ မရေရာမသေချာဖြစ်နေကြပါတယ်။ လူ့ဘ၀မှာပျော်ရွှင်စ ရာ တွေအများကြီးရှိတာရဲ့ အခြားတစ်ဖက်မှာ အရာရာကိုစိတ်တိုင်းမကျဘဲ ထွက်ပြေးချင်နေပြီး တစ်ယောက် တည်းကြိတ်ငိုခဲ့ရတဲ့ညတွေလည်းအများကြီးရှိမှာပဲလေ။

💁🏻‍♂️ そんな辛(つら)い思(おも)いを持(も)っていたのは、きっとあなただけではなく、皆々もそうだったはずです。
အဲ့လို ပင်ပန်းစိတ်ဆင်းရဲရတဲ့အချိန်တွေရှိနေတာဟာ သေချာပေါက် သင်တစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်းအဲ့လိုခံစားဖူးကြမှာ အသေအချာပါပဲ။

💪 ねえ、みんな「がんばろう!」ဒါကြောင့် အားလုံး (ကြိုးစားကြရအောင်)
ねえ、一緒(いっしょ)に「がんばろう!」ဒါကြောင့် အတူတူ (ကြိုးစားကြရအောင်) 💪

🙇‍♀️大変(たいへん)だけど、辛(つら)いこともたくさんあるけど、自分(じぶん)の将来(しょうらい)の為(ため)に みんなで負(ま)けないで「がんばろう!」💪
ပင်ပန်းခက်ခဲပေမဲ့လည်း၊ နာကျင်စရာတွေအများကြီးရှိပေမဲ့လည်း၊ ကိုယ့်ရဲ့အနာဂတ်အတွက် အားလုံးအတူ တူ အရှုံးမပေးဘဲ (ကြိုးစားကြရအောင်)

🌠そう。「がんばろう!」は一人じゃなくて、みんなで一緒(いっしょ)に頑張ろうと呼(よ)びかける言葉(ことば)です。
だからこれからは簡単(かんたん)に負けないで、皆(みんな)一緒(いっしょ)に「がんばろう!」ね。👩🏻‍🦱👱🏻‍♂️👨‍🦱👩🏼‍🦰🧑👱🏻‍♀️💪
ဟုတ်ပါတယ် (ကြိုးစားကြရအောင်) ဆိုတာ တစ်ယောက်တည်းမဟုတ်ဘဲ အားလုံးတူတူကြိုးစားကြရအောင် လို့ ဖိတ်ခေါ်လိုက်တဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် အခုကစပြီး လွယ်လွယ်အရှုံးမပေးဘဲ အားလုံးတူတူကြိုးစားကြရအောင်ပါနော်။



#がんばろう!

နေမာ တဿ ဘဂဝေတာ အရဟေတာ သမ္မသမ္ဗုဒ္ဓဿ။**************************************သီတင်းကျွတ်လပြည့်.အဘိဓမ္မာအခါတော်နေ့ အကြောင်း     ...
31/10/2020

နေမာ တဿ ဘဂဝေတာ အရဟေတာ သမ္မသမ္ဗုဒ္ဓဿ။
**************************************

သီတင်းကျွတ်လပြည့်.အဘိဓမ္မာအခါတော်နေ့ အကြောင်း

သိကောင်းစရာများ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

🌷ဒီသီတင်းကျွတ် လ သည် ရဟန်းသံဃာတော်များ သီတင်းဝါလ ကျွတ်သော လ ဖြစ်ပေသည်။

🌹ဒီသီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီးဆုံးခြင်းကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဟု ခေါ်ဆိုကြခြင်းဖြစ်ပေသည်။

🎄ဘုရားရှင်ဟာ အဘိဓမ္မာတရားတော်ကို ခြောက်ဝါအလွန် ခုနစ်ဝါအရောက်.မဟာသက္ကရာဇ်.၁၀၉.ခုနှစ်တွင်.တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြက်ကျောက်ဖျာတွင် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။

🌳အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်းကိုးဆယ်ကြာအောင်ဟောကြားတော်မူခဲ့ပေသည်။အဘိဓမ္မာတရားတော်သည်၊သုတ္တန်ဒေသနာ၊ဝိနည်းဒေသနာတော်များကဲ့သို့ လူတို့၏အချိန်ကာလ တစ်ရက်အတွင်း၌ အစ အလယ် အဆုံး အပြည့်အစုံ ပြီးဆုံးအောင်ဟောကြား၍မဖြစ်ပါ။ အဘိဓမ္မာတရား၏ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ်တစ်ခုတည်းဖြင့် ပြီးဆုံးအောင်နာယူနိုင်သော စွမ်းရည်လည်းမရှိပါ။လူတို့၏အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏အချိန်ကာလအားဖြင့် တစ်ခဏသာဖြစ်ပေသည်။ဤအကြောင်းများကြောင့် မြတ်စွာဘုရားက အဘိဓမ္မာဒေသနာတော်ကို လူ့ပြည်၌မဟောကြားပဲ နတ်ပြည်၌ဟောကြားခြင်းဖြစ်ပေသည်။

🌲အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလဟောကြားရာ၌ လူသားဖြစ်သောဘုရားရှင်ဟာ နတ်တို့၏အဟာရကို မှီဝဲသုံးဆောင်ခြင်းမပြုပဲ။လူ့ပြည် လူ့ရွာ မြောက်ကျွန်းသို့ဆွမ်းခံကြွပြီး လူသားများသုံးဆောင်သောအဟာရများကိုသာ မှီဝဲသုံးဆောင်ခဲ့ပေသည်။ပကတိမြတ်စွာဘုရားဆွမ်ခံကြွသောအခါ အဘိဓမ္မာတရားတော်ကို ဟောကြားခြင်းမှရပ်ဆိုင်း၍မထားပါ။ပကတိမြတ်စွာဘုရားကိုယ်စား တန်းခိုးတော်ဖြင့်ဖန်ဆင်းထားသော နိမ္မိတရုပ်ပွားဘုရားရှင်က ဆက်၍ဟောကြားတော်မူပါသည်။

🌹အဘိဓမ္မာတရားကို ဟောကြားပုံ ဟောကြားနည်း သုံးမျိုးရှိပေသည်

၁။မြတ်စွာဘုရားက နတ်ဗြဟ္မာတို့အား နတ်ပြည်၌ အကျယ်အားဖြင့်ဟောသောနည်း။
၂။စန္ဒကူးနံ့သာတော၌ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား အကျဉ်းအားဖြင့်ဟောကြားသောနည်း။

၃။မြတ်စွာဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသသို့ယူဆောင်လာပြီး လင်းနို့သားဖြစ်ခဲဖူးသော တပည့်ရဟန်းငါးရာတို့အား မကျဉ်း မကျယ် အလယ်အလတ်ဖြစ်သော အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့သည်။

🌷မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင်ပြီးဆုံးသောကြောင်း နတ်တို့နေရာ ဝတိံသာမှ လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်သက်တော်မူခဲ့ပေသည်။

🌲မြတ်စွာဘုရားသည် နတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်ရာတွင် နတ်ပရိသတ်တို့က လက်ယာဘက် ရွှေစောင်းတန်း။ဗြဟ္မာပရိတ်သတ်တိုက လက်ဝဲဘက်ငွေစောင်းတန်း။မြတ်စွာဘုရားက အလယ်ပတ္တမြားစောင်းတန်းမှာနေ၍လူ့ပြည်သို့ သက်ဆင်းတော်မူခဲ့ပါသည်။

🎄မာတာလိနတ်သားက မြတ်စွာဘုရားအနီးလက်ဝဲဘက်မှ လိုက်ပါလာပြီး၊ပဉ္စသီခနတ်သားက စောင်းတီးပူဇော်၍ လက်ယာဘက်တွင် လိုက်ပါလာခဲ့သည်။သိကြားမင်းက မြတ်စွာဘုရားနောက်တော်မှ ထီးမိုး၍လိုက်ပါပြီး။သုယာမာနတ်မင်းက ယပ်ခတ်၍လိုက်ပါပို့ဆောင်ခဲ့ပေသည်။ထိုအချိန်တွင်မြတ်စွာဘုရား၏ အသရေတော်ကို ဖူးမြော် ပူဇော်ခွင့်ရသူတိုင်းဟာ ဘုရားဖြစ်ရန် ဗောဓိဆုကို လိုလားတောင်းတကြသောသူများသာဖြစ်ခဲ့ကြသည်ဟုဆိုကြပေသည်။

🌳မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ဆင်းသက်ရာ၌ မီးရှူးတန်းဆောင်အလင်းရောင်တို့ဖြင် ထွန်းညှီးပူဇော်ကြသည်ကို အတုယူ၍ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့ကလည်း သီတင်းကျွတ်အချိန်တိုင်းတွင် မြတ်စွာဘုရားအား အာရုံပြု၍ မီးထွန်းပွဲတော်များဖြင့် ပူဇော်ကျင့်ပကြခြင်းဖြစ်ပါတယ်။

🌹ဒါကြောင့်..
ဒီနေ့ဟာ.(က)မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို အကျယ်အားဖြင့်ဟောကြားပြီးဆုံးတော်မူသောနေ့ဖြစ်ပေသည်။
(ခ)စန္ဒကူးနံ့သာတော၌ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို အကျဉ်းအားဖြင့်ဟောကြားပြီးဆုံးအောင်မြင်သောနေ့ဖြစ်ပေသည်။
(ဂ)အရှင်သာရိပုတ္တရာက သူ့တပည့်ရဟန်းငါးရာအား အဘိဓမ္မာဒေသနာတော်ကို မကျဉ်း မကျယ် အလယ်အလတ် ဟောကြားပြီးဆုံးအောင်မြင်သော နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။

🎄ဒါကြောင့်..ဒီအကြောင်းအရာများကို အကြောင်းပြုပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု ခေါ်ဆိုကြခြင်းဖြင်ပါတယ်။

🌳ယခုလို နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့မှာ အဘိဓမ္မာဒေသနာတော်မြတ်ကို ရွတ်ဖတ် ပူဇော် ပွားများအာထုပ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ပေးလိုက်ပါတယ်။

🌹{အားလုံးသော fb.ဓမ္မမိတ်ဆွေများ Covid.19.ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။}

{အရှင်ပညာဓဇ မြေမြတ်မဟာ}


02/09/2020

မေတ္တာအခါတော်နေ့



မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်လေသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုး ခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုး ဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက ကိုယ်ခံအဖြစ် မေတ္တသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူလိုက်ရာ မေတ္တသုတ် တန်ခိုးကြောင့် နတ်များက မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက် ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။
ထို့ကြောင့် အထွတ်အမြတ်ထားသော လပြည့်နေ့ကိုယူ၍ “ ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ “ ဟု သတ်မှတ်ခဲ့ကြလေသည်။

ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာ Excellent Japanese Language School မှ ကျောင်းသားကျောင်းသူများနှင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ မေတ္တာလွှမ်းလို့ အေးချမ်းနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါသည်ရှင်။





Attention Please ❗❗❗Excellent Japanese Language မှ ကျောင်းသား ကျောင်းသူများတို့ရှင်JLPT စာမေးပွဲအတွက်ပေးသွင်းထားသည့် စာေ...
26/08/2020

Attention Please ❗❗❗








Attention Please ❗❗❗

Excellent Japanese Language မှ ကျောင်းသား ကျောင်းသူများတို့ရှင်

JLPT စာမေးပွဲအတွက်ပေးသွင်းထားသည့် စာမေးပွဲကြေးများကို Excellent Japanese Language (မုံရွာ) ကျောင်းတွင် ပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါတယ်ရှင့်။

စာမေးပွဲကြေးပြန်လည်ထုတ်ယူမည့်ကျောင်းသားများအနေနဲ့ မိမိတို့၏မှတ်ပုံတင်မူရင်းများကိုယူဆောင်ပြီး ၂၇.၀၈.၂၀၂၀ (ကြာသပတေး) နေ့မှစ၍ တစ်ပါတ်အတွင်းပြန်လည်ရောက်ထုတ်ယူနိုင်ပါတယ်ရှင်။



ဝါဆိုလပြည့်နေ့မှာ Excellent Japanese Language School က ကျောင်းသားကျောင်းသူ ဆရာဆရာမများနှင့်တကွ အားလုံးသော သတ္တဝါအနတ္တတို့ ...
03/08/2020

ဝါဆိုလပြည့်နေ့မှာ Excellent Japanese Language School က ကျောင်းသားကျောင်းသူ ဆရာဆရာမများနှင့်တကွ အားလုံးသော သတ္တဝါအနတ္တတို့ ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုမွန်ကောင်းတာင်းလိုက်ပါတယ်ရှင်။



08/07/2020









🎋🎋🎋၇လပိုင်း ၇ရက်နေ့ Tanabata ပွဲတော်🎋🎋🎋

#၇လပိုင်း၇ရက်နေ့ကဂျပန်မှာဆုတောင်းပြည့်တဲ့နေ့

🎋🎋🎋၇ လပိုင်း ၇ရက်နေ့က ဂျပန်မှာ Tanabata(七夕)လို့ခေါ်တဲ့နေ့လေးပါ 🎋🎋🎋

🎋🎋🎋အဲ့ဒီနေ့မှာ စာရွက်လေးမှာ ကိုယ့်ဆုတောင်းကိုချရေးပြီး ဝါးရွက်မှာ ချိတ်ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ 🎋🎋🎋

ကျောင်းတွေမှာလည်း စာရွက်လေးတွေချိတ်ဆွဲကြပါတယ်



Tanabata ပွဲတော်နေ့အကြောင်းကို Video လေးမှာလေ့လာကြည့်ကြအုံးနော်.....







PT Lippo Cikarang Tbk proudly presents TANABATA MATSURI 2019 The celebration of Japan star festival in Cikarang, Join the excitement! Lippo Cikarang as an in...

02/07/2020


တန်းကတော့ 👇👇👇



📒သင်တန်းကာလ - ၄ လ




တက်ချင်သူတွေက 👇👇👇



📒သင်တန်းကာလ - ၄ လ









📲 09952653056

✅Excellent ရဲ့ တန်းခွဲအသစ်တွေကိုမျှော်နေကြတဲ့ကျောင်းသားတွေအတွက် တန်းခွဲသစ်လေးတွေလာပါပြီနော်

တန်းကတော့ 👇👇👇

🍀သင်တန်းနေ့ရက်က - စနေ၊ တနင်္ဂနွေ တစ်ပါတ် ၂ ရက်

🕢သင်တန်းချိန်က - မနက် ၁၀း၀၀ ကနေ ၁၂း၀၀ နာရီအထိ

📒သင်တန်းကာလ - ၄ လ

💰သင်တန်းကြေး - ၄ သောင်းကျပ် (တစ်လချင်းပေးသွင်းရမည်ဖြစ်ပါသည်)

📑(စာအုပ်ဖိုး၊ စာရွက်စာတမ်းကြေး အကုန်အပြီးအစီး)

🗓သင်တန်းစမည့်ရက် - ၁၁ရက်၊ ဇူလိုင်၊ ၂၀၂၀

တက်ချင်သူတွေက 👇👇👇

🍀သင်တန်းနေ့ရက်က - စနေ၊ တနင်္ဂနွေ တစ်ပါတ် ၂ ရက်

🕢သင်တန်းချိန်က - နေ့လည် ၁၃းဝဝ နာရီ ကနေ ၁၅းဝဝ နာရီအထိ

📒သင်တန်းကာလ - ၄ လ

💰သင်တန်းကြေး - ၄ သောင်းကျပ် (တစ်လချင်းပေးသွင်းရမည်ဖြစ်ပါသည်)

📑(စာအုပ်ဖိုး၊ စာရွက်စာတမ်းကြေး အကုန်အပြီးအစီး)

🗓သင်တန်းစမည့်ရက် - ၁၁ရက်၊ ဇူလိုင်၊ ၂၀၂၀

🎈သင့်ဘက်ကသာ ကြိုးကြိုးစားစားသင်ယူပါ ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်ဖို့ Excellent က တာဝန်ယူပါတယ် ✌️✌️

📣ဂျပန်နိုင်ငံမှာသွားရောက်အလုပ်အကိုင်လုပ်ချင်တဲ့ မောင်ငယ် ညီမငယ်တွေအနေနဲ့ စာကိုသာကြိုးစားပြီးသင်ယူမယ်ဆိုရင် Excellent Japanese Language School နဲ့ချိတ်ဆက်ထားတဲ့ အလုပ်အကိုင်အေဂျင်စီတွေ၊ ကျောင်းတွေနဲ့ မိတ်ဆက်ပေးဖို့အတွက် အဆင်သင့်ရှိနေတဲ့အကြောင်းလေးလဲ သတင်းကောင်းပါးပါရစေ။

💭ဂျပန်မှာသွားပြီး အလုပ်လုပ်မလား။ ကျောင်းသွားဆက်တက်မလား။ မြန်မာပြည်က ဂျပန်ရုံးတွေမှာ လစာကောင်းကောင်းနဲ့အလုပ်ဝင်ချင်တာလား……။ အခွင့်အလမ်းတွေအကုန်လုံးက သင့်ကိုစောင့်ကြိုနေပါတယ်….။ အခုပဲသင်တန်းတက်ပြီး ကြိုးစားလိုက်ရအောင်နော်…..။

🔔 🔔 Excellent Japanese Language School ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့ !!!

🏠 စံပယ်လမ်းနှင့် ဒေါနလမ်းထောင့်၊ ဘုန်းစိုးရပ်ကွက်၊ မုံရွာမြို့။

📲 09952653056

အသိပေးကြေငြာချက်Excellent က ကျောင်းသားကျောင်းသူများရှင် ဇွန်လ ၂၃ ရက်နေ့ (အင်္ဂါနေ့) ကစပြီး အတန်းတွေပုံမှန်အတိုင်းပြန်လည်ဖွ...
20/06/2020

အသိပေးကြေငြာချက်

Excellent က ကျောင်းသားကျောင်းသူများရှင် ဇွန်လ ၂၃ ရက်နေ့ (အင်္ဂါနေ့) ကစပြီး အတန်းတွေပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါပြီရှင်။

တန်းခွဲသစ်များ နဲ့ ဂျပန်နိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ချင်သူများအတွက် ကြေငြာချက်အသစ်တွေလဲထပ်မံတင်ပေးသွားမည့်အကြောင်းကြိုတင်ပြောကြားပါရစေရှင်

Address

Sabal And Dawna Street, BhoneSoe Quarter
Monywa
02301

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959952653056

Website

Alerts

Be the first to know and let us send you an email when Excellent Japanese Language School, Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Excellent Japanese Language School, Monywa:

Shortcuts

Share

Category