SAYA JULY -Chemistry

SAYA JULY -Chemistry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SAYA JULY -Chemistry, Education, pinsi Street, Monywa.

Chapter(4)Electrolysisလျှပ်လိုက်ပျော်ရည်တွေ လျှပ်စစ်သုံးဖြိုခွဲတဲ့အခါ အခြေအနေ သုံးခုကို စဥ်းစားပေးရမယ်......၁။ပထမအချက်အန...
17/11/2020

Chapter(4)
Electrolysis

လျှပ်လိုက်ပျော်ရည်တွေ လျှပ်စစ်သုံးဖြိုခွဲတဲ့အခါ အခြေအနေ သုံးခုကို စဥ်းစားပေးရမယ်......

၁။ပထမအချက်အနေနဲ့ အသုံးပြုတဲ့ ပျော်ရည်အမျိုးအစားကိုကြည့်ပါ။(ဥပမါ...saturated aqueousလား၊moltenလား၊ရိုးရိုးaqueousလား)saturated aqueous ဆိုရင် concentration ရဲ့လွှမ်းမိုးမှုကိုစဥ်းစားရမယ်

၂။ဒုတိယက တိုင်အမျိုးအစား
Pt(or)graphite လား ဒါမှမဟုတ် တခြားတိုင်လား
တခြားတိုင်(Cu/Ag)ဆိုရင် အဲ့တိုင်ပဲ ionsအဖြစ်ပျော်ဝင်သွားမယ်

၃။တတိယအချက်က ECS အတိုင်းဆုံးဖြတ်မယ်
ECS....electro chemical series

Manufacture of ethanolstarch(ကောက်ညှင်း)မှ maltosemaltose မှ glucoseglucose မှ ethanol(CHO)2ရေ လာပါအုန်း6 10 5 ကိုသုံးကွ...
04/05/2020

Manufacture of ethanol

starch(ကောက်ညှင်း)မှ maltose
maltose မှ glucose
glucose မှ ethanol

(CHO)2ရေ လာပါအုန်း6 10 5 ကိုသုံး
ကွင်းကလေးခတ် nကိုတပ် n/2ကရေနားကပ်
nဆိုတာ2ပဲနော် ဝင်ကာမြှောက်ပီးပေါင်းစို့နော်
(maltose)2ရေပေါင်းပေးglucose ၂ဆထွက်ကာပေး
glucoseရဲ့ဖော်မြူလာC6H12O6ပါ C6H12O6
မြှားတစ်ဖတ်မှာ ethanolဖြစ်CO2ပေါင်းကာဖြစ် 2နဲ့မြှောက်ဖို့မမေ့နဲ့........
ထို့နောက်...enzyme အမည်များဖြစ်သော diastase,
maltase,zymase အမည်များကို ကျက်မှတ်ရမည်...

06/04/2020

ကျောင်းများ
အတန်းများ
အလုပ်များအကြောင်း
ဘာသာရပ်များ
ဆောင်းပါးနှင့်သတင်း
အတွေ့အကြုံများ
About us
Privacy Policy

author Image
ကုန်ထုတ်ဓာတုဗေဒ (Industrial Chemistry) အကြောင်း တစေ့တစောင်
ဆောင်းပါးများ ,ပညာရေး Eaint Chyuu No Comments December 13, 2019
သင်သိပါသလား? သူငယ်ချင်းတို့ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေးတွေ ဆပ်ပြာတွေ နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ ဗိုက်ဆာရင် စားနေကျ အဆာပြေမုန့်ထုပ်လေးတွေ နဲ့ Soft drinks တွေ ဒါတွေအားလုံးကို ထုတ်လုပ်ပေးနိုင်တာ ကုန်ထုတ်ဓာတုဗေဒ ပညာရပ် ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီ ကုန်ထုတ်ဓာတုဗေဒ ပညာရပ်ရဲ့ အကြောင်း ကို ဒီတပတ်ရဲ့ Useful Subject အစီအစဉ်မှာ အတူတူ လေ့လာကြည့်ကြရအောင်နော်…

၁။ ကုန်ထုတ်ဓာတု ဗေဒ ဆိုတာ

Industrial Chemistry လို့ ခေါ်တဲ့ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်ဟာ တချို့ လူတွေအတွက် အနည်းငယ် စိမ်းနေတဲ့ ဘာသာရပ် ဖြစ်နိုင်ပါတယ်။ တချို့ကလည်း တက္ကသိုလ်မှာ မေဂျာ လျှောက်တဲ့ အချိန်မှာ ဘာမှန်းမသိဘဲ ဒီမေဂျာ ကို ထည့်လျှောက်လိုက်တာလည်း ရှိပါတယ်။ ကုန်ထုတ်ဓာတုဗေဒ လို့ဆိုတဲ့နာမည် အတိုင်း ပဲ လူတွေ နေ့စဉ်အသုံးပြုတဲ့ လူသုံးကုန်ပစ္စည်းတွေ အစားအသောက်တွေ ဆေးဝါးတွေ ကို ထုတ်လုပ်မှု နည်းပညာ နဲ့ ဒီလို ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ စက်ရုံ တစ်ရုံ ဘယ်လိုလည်ပတ် မယ်ဆိုတာတွေပါ ပါဝင်တာဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခု ဖြစ်လာဖို့ ကုန်ကြမ်းပစ္စည်းတွေ ရှာဖွေတာကနေစလို့ ပါဝင်ပစ္စည်းတွေ ရောနှောပေါင်းစပ် ပြီး အချောသတ် ထုတ်ပိုးမှု တွေနဲ့ ဈေးကွက် ထဲကို တင်ပို့ပေးနိုင်တဲ့ အထိ အဆင့်ဆင့် ပြုလုပ် ရတာပဲ ဖြစ်ပါတယ်။ ကုန်ထုတ်ဓာတုဗေဒ မေဂျာဟာ ဓာတုဗေဒ ရဲ့ ဘာသာရပ်ခွဲ တွေ အများကြီးထဲကမှ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ထုတ်ဓာတု ဗေဒဘာသာရပ် ဟာ ဓာတုဗေဒ သီအိုရီတွေပါဝင်တဲ့ Engineering ဘာသာရပ် ဆိုလည်း မမှားပါဘူး။ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်ကို လေ့လာရာမှာ Science, Physical theories, Maths, Chemistry အပြင် Economics ဘာသာရပ်တွေကိုလည်း ထည့်သွင်း လေ့လာ ရလေ့ရှိပါတယ်။ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်ကို မြန်မာနိုင်ငံမှေတာ့ ရန်ကုန် နဲ့ မန္တလေး မှာရှိတဲ့ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် အသီးသီးမှာ တက်ရောက်လေ့လာနိုင်ပါတယ်။

၂။ ကုန်ထုတ်ဓာတုဗေဒ ဘာကြောင့် အရေးကြီးတာလဲ

ကုန်ထုတ်ဓာတုဗေဒရဲ့ အရေးပါမှုကို ပြန်လှန်လေ့လာကြည့်ရမယ် ဆိုရင်တော့ ယနေ့ခေတ်မှာ ကုန်ထုတ်ဓာတုဗေဒကို ကျွန်တော်တို့ ဘယ်နေရာမှာ အသုံးချနေကြသလဲ ဆိုတဲ့ အချက်ကို ပြန်ဆန်းစစ်ကြည့်ရမှာပါပဲ။ ကုန်ထုတ်ဓာတုဗေဒကတော့ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံ တစ်ဝှမ်းကနေ အရေးပါဆုံးသော ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိပါတယ်။ ကုန်ုထုတ်ဓာတုဗေဒ ပညာရှင်တွေကနေတစ်ဆင့် ခမ်းနားကြီးကျယ်တဲ့ လူသား အကျိုးပြု ရှာဖွေတွေ့ရှိမှုတွေ ဖော်ထုတ်နိုင်ခဲ့ကြသလို ဓာတ်မြေသြဇာနဲ့ ဂျီးချွတ်ဆေးအဖြစ် အသုံးပြုတဲ့ ဆာလဖျူရစ်အက်စစ်၊ သံမဏိ၊ သတ္တုထုတ်လုပ်ရာနဲ့ သွေး၊ တစ်ရှူး နမူနာများ အေးခဲစေဖို့ အသုံးပြုတဲ့ နိုက်ထရိုဂျင်၊ ဆေးဝါး၊ ဆိုးဆေး၊ ချည်ထည်ပိတ်စ၊ ပိုးသတ်ဆေး၊ ကျည်ကာအင်္ကျ ီတွေမှာ အသုံးပြုရတဲ့ ကလိုရင်း စတဲ့ ထုတ်လုပ်မှုတွေဟာ ကျွန်တေ်ာတို့ နေ့စဉ်ဘဝမှစ နိုင်ငံရဲ့ အကျိုးအထိ မရှိမဖြစ် အရေးပါနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ထုတ်ဓာတုဗေဒ ပညာရှင်တွေကို ကမ္ဘာ့ခုခံကာကွယ်ရေးဆိုင်ရာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ တီထွင်ဖန်တီးမှု ဆိုင်ရာ၊ စူးစမ်းရှာဖွေ လေ့လာရေးဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုအပ်လျက် ရှိနေတာပါ။ ဆိုးဆေး၊ ကော်၊ မူးယစ်ဆေးဝါး၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းများ၊ ချောဆီ၊ ရေနံဓာတုပစ္စည်းနဲ့ အခြားသော ထုတ်ကုန်ပေါင်း များစွာရဲ့ အဓိက သော့ချက်ဖြစ်တဲ့ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်ကတော့ ကျွန်တော်တို့ ကမ္ဘာကြီးအတွက် အင်မတန် အရေးပါလှတဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

၃။ ကုန်ထုတ်ဓာတု ဗေဒ နဲ့ လူမှုပတ်ဝန်းကျင်

လူတွေ နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတွေ အစားအသောက်တွေ ဟာ နေ့စဉ်သွားလာ လှုပ်ရှားမှုမှာ တစ်ခုခုများ မပါဝင်ခဲ့ရင် တစ်နေ့တာ နေထိုင်မှုစနစ်မှာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာ မိမိရဲ့ တစ်ကိုယ်ရည်သန့် ရှင်းမှုအတွက် လိုအပ်တဲ့ သွားတိုက်ဆေး ဆပ်ပြာ ဒါတွေတခုခုသာ မရှိဘူးဆိုရင် သင့်ရဲ့ တစ်နေ့တာကို စတင်ဖို့ ခက်ခဲနေမှာအမှန်ပါပဲ။ ကုန်ထုတ်ဓာတု ပညာရှင်တွေဟာ ဒီလို လူသုံးကုန် တွေကို ထုတ်လုပ်မှုတွေအပြင် လူမှုပတ်ဝန်းကျင်အတွက် အရေးပါလှတဲ့ သဘာဝပတ်ဝန်းကျင် နဲ့ လေထုညစ်ညမ်းမှု (Air pollution) အကြောင်းအရာတွေ ရေဆိုးရေညစ် ( Waste water) တွေ အကြောင်း ရုပ်ကြွင်းလောင်စာ (Fossil fuel) တွေရဲ့ အကြောင်းအရာ တွေကို လည်း ဓာတုဗေဒဆိုင်ရာ အချက်အလက်တွေနဲ့ ဓာတုဗေဒ ရှုထောင့်ကနေ လေ့လာကြပါတယ်။ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ရာဘာနဲ့ ပလတ်စတစ် ထုတ်လုပ်မှု နည်းပညာတွေ စတာတွေအပြင် စက်ရုံလုပ်ငန်းတွေမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေအကြောင်း စက်မှုနည်းပညာတွေအကြောင်းပါ ပါဝင်တာ ဖြစ်ပါတယ်။ အစားအသောက် လုပ်ငန်း အချိုရည်နဲ့ အရက် ဘီယာ အချဉ်ဖောက်ခြင်းတွေ သောက်ရေသန့် ပြုလုပ်ပုံ တွေဟာလည်း ကုန်ထုတ်ဓာတု ဗေဒ ပညာရပ်ရဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဆပ်ပြာ သွားတိုက်ဆေး စတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ cosmetics ပစ္စည်းတွေ ကိုလည်း ကုန်ထုတ်ဓာတု ပညာရပ်နဲ့ ထုတ်လုပ်ကြရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင် ကျွန်တော်တို့ အိမ် မီးဖိုချောင်ခန်းထဲက ပစ္စည်းတော်တော်များများဟာ လည်း ကုန်ထုတ်ဓာတုဗေဒ ပညာရပ်ရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။

၄။ ကုန်ထုတ်ဓာတုဗေဒ နဲ့ အနာဂတ်

လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း အစားအသောက်လုပ်ငန်း စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရေးရာ လုပ်ငန်း စိုက်ပျိုးရေး လုပ်ငန်း ဆောက်လုပ်ရေး လုပ်ငန်း ဆေးဝါးနှင့် ကျန်းမာရေး လုပ်ငန်း စတဲ့ လုပ်ငန်းအသီးသီးဟာ လူသားတွေရဲ့ ဘဝရှင်သန်နေထိုင်ရေး အတွက် အရေးကြီးတဲ့ ကဏ္ဍမှာ နေရာ ယူထားတာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ထူထပ်လာတာနဲ့ အမျှ လူသားတွေအတွက် အခြေခံ ကျတဲ့ ကုန်ပစ္စည်းလိူအပ်မှုနှုန်းဟာ မြင့်တက်လာမှာ ဖြစ်ပြီး ဒါတွေက်ု ထုတ်လုပ်ပေးမဲ့ စက်ရုံ အလုပ်ရုံ တွေနဲ့ ပညာရှင်တွေ ရဲ့ အခန်း ကဏ္ဍဟာ အနာဂတ်မှာလည်း အရေးပါနေဆဲ ပဲ ဖြစ်ပါတယ်။

ကုန်ထုတ်ဓာတုဗေဒ အထူးပြု ကျောင်းဆင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း မရှားပါဘူး။
ဆပ်ပြာစက်ရုံ အရက်ချက်စက်ရုံ စားသောက်ကုန်စက်ရုံ ရေသန့် စက်ရုံ ဆေးဝါးစက်ရုံ စတဲ့ အခြားသော မြန်မာနိုင်ငံရဲ့ စက်ရုံ လုပ်ငန်းအသီးသီးမှာ technologist (နည်းပညာရှင်) အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသန လုပ်ရတာကိုစိတ်ဝင်စားသူတွေကတော့ ပတ်ဝန်းကျင် ဆိုင်ရာ ဌာနတွေ NGO လုပ်ငန်း တွေနဲ့ ဓာတ်ခွဲခန်း တွေမှာလည်း သုတေသနပညာရှင် တစ်ယောက် အဖြစ် လုပ်ကိုင်နိုင်သလို စာသင်ရတာကို စိတ်ဝင်စားတဲ့ သူတွေအတွက်ကတော့ ဘွဲ့ လွန်တက်ရောက်ပြီး တက္ကသိုလ်မှာ ပါမောက္ခ အဖြစ် အလုပ်ဝင်လို့လည်း ရပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်တွေ တည်ရှိနေသရွေ့ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အကျိုးပြုနေတဲ့ ကုန်ထုတ်ဓာတုပညာရှင်တွေ အေများအပြား ပေါ်ပေါက်လာပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။
chemistry Subject
PreviousNext

facebook instagram ytwite

ဂန္ထဝင်တွင်သော ဓာတုဗေဒပညာရှင်များအပိုင်း (၂)Amedeo AvogadroAmedeo Avogadroဟာ အီတလီလူမျိုး ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး...
03/04/2020

ဂန္ထဝင်တွင်သော ဓာတုဗေဒပညာရှင်များ
အပိုင်း (၂)

Amedeo Avogadro

Amedeo Avogadroဟာ အီတလီလူမျိုး ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး နာမည်အပြည့်အစုံကတော့ Lorenzo Romano Amedeo Carlo Avogadroဖြစ်ပါတယ်။

Avogadroဟာ Avogadro's Lawကြောင့် အထူးကျော်ကြားသူဖြစ်ပါတယ်။

Avogadroကို ၁၇၇၆ခုနှစ် ဩဂုတ်လ ၉ရက်နေ့မှာ Kingdom of Sardinia (ယခု အီတလီနိုင်ငံ၏ နယ်မြေတစ်ခု)မှာရှိတဲ့ Turinလို့ခေါ်တဲ့ မြို့မှာ မွေးဖွားခဲ့ပါတယ်။
အသက်၂၀ကျော်မှာ Avogadroဟာ ခရစ်ယာန်ဘာသာရေးဥပဒေအထူးပြုနဲ့ ဘွဲ့ရခဲ့ပြီး ဘာသာရေးနယ်ပယ်မှာ ကျင်လည်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ သူဟာ ရူပဗေဒနဲ့ သခ်ျာကို အထူးလေ့လာလိုက်စားခဲ့ပါတယ်။

၁၈၀၉ခုနှစ်မှာ Avogadroဟာ သူ့မိသားစုရှိတဲ့ Vercelliမြို့မှာရှိတဲ့ liceo အထက်တန်းကျောင်းမှာ သခ်ျာနဲ့ ရူပဗေဒဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဆရာအဖြစ်လုပ်ကိုင်ရင်း သူဟာ ဓာတ်ငွေ့တွေရဲ့ သိပ်သည်းဆတွေအကြောင်းကို လက်တွေ့စမ်းသပ်မှုတွေပြုလုပ်ရင်း လေ့လာခဲ့ပါတယ်။

စမ်းသပ်မှုတွေပြုလုပ်ရင်း Avogadroဟာ ထူးခြားမှုတစ်ခုကို သတိထားခဲ့မိပါတယ်။ အဲဒါကတော့ ဟိုက်ဒြိုဂျင်ထုထည် နှစ်ဆနဲ့ အောက်ဆီဂျင်ထုထည်တစ်ဆတို့ပေါင်းစပ်ကြတဲ့အခါ ရေငွေ့ထုထည် နှစ်ဆကို ထုတ်ပေးနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဆက်လက်လေ့လာရင်းနဲ့ပဲ Avogadroဟာ အောက်ဆီဂျင်မော်လီကျူးမှာ အောက်ဆီဂျင်အက်တမ် နှစ်လုံးပါဝင်နေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ (atomလို့တော့ မသုံးနှုန်းခဲ့ပါ။)

Avogadroဟာ သူ့ရဲ့ရေးသားမှုတွေမှာ မော်လီကျူးအမျိုးအစားသုံးမျိုးရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အဲ့ဒီကာလက ဓာတ်ငွေနဲ့မော်လီကျူးတို့အကြောင်းကို လေ့လာခဲ့တာ Avogadroတစ်ယောက်ထဲမဟုတ်ပါဘူး။ တခြားသိပ္ပံပညာရှင်နှစ်ယောက်ဖြစ်တဲ့ John Daltonနဲ့ Joseph Gay-Lussacတို့ကလည်း အဲ့ဒီနယ်ပယ်ကို လေ့လာလျက်ရှိပြီး သူတို့ရဲ့ တွေ့ရှိချက်တွေဟာ Avogadroအပေါ်လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

Avogadroဟာ သူ့ရဲ့ဓာတ်ငွေ့တွေနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေအကြောင်းကိုရေးထားတဲ့ မှတ်စုကို နာမည်ကြီး ရူပဗေဒနဲ့ ဓာတုဗေဒဂျယနယ်တိုက်ဖြစ်တဲ့ De Lamétherie's Journal de Physique, de Chemie et d'Histoire naturelleကို ပေးပို့ခဲ့ပြီး ၁၈၈၁ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှာ ဂျာနယ်ကထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။

အခုအခါမှာ Avogadroရဲ့ ယူဆချက်တွေကို ဓာတုဗေဒနယ်ပယ်မှာ အရေးပါတဲ့ အရာအဖြစ် ထည့်သွင်းစဉ်းစားကြပေမယ့် အဲ့ဒီအချိန်တုန်းကတော့ လူထုစိတ်ဝင်စားမှုကို သိပ်မခံခဲ့ရပါဘူး။ ဒါအပြင် သူ့စာတမ်း တခုတလေသာ အင်္ဂလိပ်ဘာသာနဲ့ ဂျာမန်ဘာသာတွေ အဖြစ် ဘာသာပြန်ထုတ်ဝေခြင်းခံရပါတယ်။

၁၈၁၄ခုနှစ်မှာ Avogadroဟာ ဓာတ်ငွေ့သိပ်သည်းဆတွေနဲ့ပါတ်သက်တဲ့ စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ၁၈၂၀ခုနှစ်မှာတော့ Turinတက္ကသိုလ်က Avogadroကို ပထမဆုံး သင်္ချာရူပဗေဒပါမောက္ခအဖြစ်ခန့်အပ်ခဲ့ပါတယ်။ အလေးချိန်နဲ့ တိုင်းတာမှုများဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့ Avogadroဟာ အီတလီနိုင်ငံ Piedmondဒေသမှာ metric systemကို အသုံးပြုနိုင်ဖို့လည်း အကူအညီပေးခဲ့ပါသေးတယ်။ ဒီစနစ်ကို စံအဖြစ်တပြေးညီအသုံးပြုမယ်ဆိုရင် ဒေသပေါင်းစုံက သိပ္ပံစမ်းသပ်မှုတွေကို အလွယ်တကူ နားလည်နိုင်မယ်၊ နှိုင်းယှဉ်နိုင်မယ်၊ သုံးသပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ြုညီခဲ့တာ ဖြစ်ပါတယ်။

Avogadroရဲ့ဘဝနဲ့ပါတ်သက်ပြီး ဘယ်သူမှ များများစားစားမသိကြပါဘူး။ ၁၈၁၅ခုနှစ်မှာ Avogadroဟာ Felicita Mazzéဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၆ယောက်ထွန်းကားခဲ့တယ်ဆိုတာနဲ့ သူ့ရဲ့ အလုပ်အကြောင်းကိုပဲ သိကြရပါတယ်။

အခုခေတ်မှာတော့ Avogadroကို သူ့ရဲ့ဓာတ်ငွေ့နိယာမဖြစ်တဲ့ Avogadro's gas lawကြောင့် ဓာတုဗေဒသမားတိုင်း သိကြပါတယ်။ ဖိအားနဲ့ အပူချိန်တူညီတဲ့အခါမှာ ထုထည်တူညီတဲ့ ဓာတ်ငွေ့တွေမှာ တူညီတဲ့ မော်လီကျူးအကေအတွက် ပါဝင်တယ်လို့ နိယာမက ဆိုပါတယ်။ စံအပူချိန်နဲ့ဖိအား (STP)မှာ one moleရှိတဲ့ ဓာတ်ငွေ့တိုင်းမှာ မော်လီကျူးအရေအတွက် 6.02214076 x 10^23ပါဝင်ပါတယ်။ ဒီကိန်းဂဏန်းကို Avogadroရဲ့ကိန်း သို့မဟုတ် ကိန်းသေလို့ခေါ်ပါတယ်။

၁၈၅၆ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာတော့ Avogadroဟာ Turinမြို့လေးမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉နှစ်ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာက သူသေဆုံးချိန်ထိ ဒီနိယာမကို လက်မခံခဲ့ ကြပါဘူး။ သူကွယ်လွန်ပြီး နှစ်နှစ်အကြာမှာမှ အီတလီဓာတုဗေဒပညာရှင် Stanislao Cannizzaroက ချွင်းချက်အချို့နဲ့ အတူ Avogadroရဲ့ နိယာမကို သက်သေပြနိုင်ခဲ့ပါတယ်။

With respect,

Saya Minn Thant (B.Ed.)
Senior Assistant Teacher
BEHS Kyatpyin

01/04/2020

covid-19 ကမ္ဘာ့ကပ်​ရောဂါ ကာကွယ်သည့်အ​နေဖြင့် organic သင်တန်းကို ရက်အကန့်သတ်မရှိ ယာယီပိတ်ထားပါ​ကြောင်း ...​ပြန်လည်ဖွင့်မည့်ရက်ကို ဖုန်းဆက်အ​ကြောင်းကြားပါမည်။
ဆရာဂျူလိုင်(ဓါတု)

Address

Pinsi Street
Monywa

Telephone

+959258277830

Website

Alerts

Be the first to know and let us send you an email when SAYA JULY -Chemistry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category