BPMS Online School

BPMS Online School Online သင်ကြားရေးများကိုသာ ကြေညာသွားမည?

မူလတန်းမိဘများသို့ အကြံပေးချက် 👦🧒++++++++++++++++++++++++++၁။ ကလေးအိပ်ရေး၀ပါစေကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လ...
02/09/2024

မူလတန်းမိဘများသို့ အကြံပေးချက် 👦🧒
++++++++++++++++++++++++++

၁။ ကလေးအိပ်ရေး၀ပါစေ

ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေး၀မှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။

၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။

အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။

၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။

မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။

၄။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။

တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်၀င်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၅။ ကလေးကိုယ့်၀န်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း

ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်၀န်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်၀တ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျုိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ

တကယ်လို့ ကျောင်း၀တ်စုံရှိရင် ကျောင်း၀တ်စုံပဲ ၀ယ်၀တ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျုိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်၀င်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။

၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။

၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။

ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။

၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။

စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။

၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်၀င်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျုိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။

၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။

မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျုိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း

လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။

၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း

ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်၀င်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။

၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံး၀လက်ခံထားရမှာက စိတ်ဆရာ၀န်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

Ref: WeChat
;

22/12/2022
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ 🌕ဝါဆိုလပြည့်နေ့🌕 အခါသမယမှာ လောကီ၊ လောကုတ် နှစ်ဖြာသော အကျိုးကျေးဇူးအဖို့ငှာ ဥပုသ်သီလ ကုသ...
12/07/2022

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ 🌕ဝါဆိုလပြည့်နေ့🌕 အခါသမယမှာ

လောကီ၊ လောကုတ် နှစ်ဖြာသော အကျိုးကျေးဇူးအဖို့ငှာ ဥပုသ်သီလ ကုသိုလ်များ ရရှိကြပြီး ဘေးဘယာ‌ဝေးကွာ ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

18/06/2022

BPMS Online School ရဲ့ Study from Home Program တွင် တက်ရောက်နေကြသော သားငယ် သမီးငယ်တို့ရဲ့ သင်္ချာစွမ်းရည်တိုးတက်စေဖို့အတွက် ဇူလိုင်လမှာ International Maths ဘာသာရပ်ကို Extra Curriculum အဖြစ် ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Level 1 ( Age 7/8 )
အတန်းချိန် 11:00 - 12:00 ( Thu,Fri )
Level 2 ( Age 9 )
အတန်းချိန် 12:00-1:00 ( Thu,Fri )
Level 3 ( Age 10 )
အတန်းချိန် 11:00-12:00 ( Tue, Wed )

Test Book+ Student Book+ Work Book - 30000 MMK ( for Level 1,2 )

Test Book+ Student Book+ Work Book - 35000 MMK ( for Level 3 )

Level 2, 3 တက်ရောက်မည့်သူများသည် Level Test လာရောက်ဖြေဆိုရပါမည်။ ( Registration fee ပေးသွင်းရန်မလိုပါ ) Level Test ဖြေဆိုပြီးရရှိမည့် level ကိုသာ တက်ရောက်ရမည် ဖြစ်ပါသည်။

သိရှိလိုသည်များကို 09964420755 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကလေးငယ်များရဲ့ သင်ကြားသင်ယူမှု မပြတ်စေရန်အတွက် BPMS Online School ရဲ့ ဘာသာစုံသင်ရိုးကို ၂၃-၅-၂၀၂၂ (တနင်္လာနေ့) မှာ စတင် ...
22/05/2022

ကလေးငယ်များရဲ့ သင်ကြားသင်ယူမှု မပြတ်စေရန်အတွက် BPMS Online School ရဲ့ ဘာသာစုံသင်ရိုးကို ၂၃-၅-၂၀၂၂ (တနင်္လာနေ့) မှာ စတင် သင်ကြားမှာ ဖြစ်ပါတယ် တက်ရောက်လိုသူများအနေဖြင့် 09256312075 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

11/05/2022

BPMS Online School ကနေ
🏠Study from Home Program🏘 ကို ဖွင့်လှစ်ပေးလိုက်ပါပြီ

ဖွင့်လှစ်သင်ကြားပေးမည့်အတန်းများ
🍀 🍀 🍀
Grade 1
Grade 2
Grade 3
Grade 4
Grade 5
🗓 စတင်သင်ကြားမည့်ရက် 🗓
၂၃.၅.၂၀၂၂( ကြာသပတေးနေ့ )

📋 သင်တန်းအပ်နှံရန် 📋
ပေးထားသော Link တွင် ကျောင်းအပ်နှံနိုင်ပါသည်။

https://forms.gle/RjTVJ5PgVAoXdAV59

သင်တန်းအပ်နှံပြီးပါက အတန်းချိန်နှင့် Meeting ID များ သိရှိရန် Telegram Group ကို join ပါ
👇👇👇
https://t.me/+wEy6x4etJN1iNjg1

သင်တန်းကြေးပေးသွင်းရန် နှင့် သိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
📱 09256312075
📲 09964420744

ဧပြီလမှာ စတင်ဖွင့်လှစ်မယ့် မူလတန်းသင်ရိုးသစ် Online Class အတန်းစုံ အပ်နှံလို့ရပါပြီရှင့်Grade 1 မှ စပြီး Grade 4 ထိ သင်ရ...
06/03/2022

ဧပြီလမှာ စတင်ဖွင့်လှစ်မယ့် မူလတန်းသင်ရိုးသစ် Online Class အတန်းစုံ အပ်နှံလို့ရပါပြီရှင့်
Grade 1 မှ စပြီး Grade 4 ထိ သင်ရိုးညွှန်းတမ်းအစအဆုံး online Classများဖြစ်ပါတယ်
သင်ကြားရေးအတွေ့အကြုံရှိ ဆရာမများမှ သင်ကြားပေးမှာဖြစ်လို့ စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါတယ်ရှင့်
လေ့လာသင်ယူရမယ့် ဘာသာရပ်တွေကတော့
မြန်မာစာ
အင်္ဂလိပ်စာ
သင်္ချာ
သိပ်ပံ
လူမှုရေး တို့ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက Page Messenger (or) 09964420755 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

13/01/2022

ဒီနေ့ အတန်းအားလုံး ဖွင့်ပါတယ် ရှင့်
🥰

12/01/2022

ဒီနေ့ Grade1,2,3 4 အတန်းချိန် အားလုံးနားပါမယ်နော်

သားတို့သမီးတို့ အားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး, ဆန္ဒရှိတိုင်း ဖြစ်လာနိုင်ကြပါစေ။Happy New Year 2022
01/01/2022

သားတို့သမီးတို့ အားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး, ဆန္ဒရှိတိုင်း ဖြစ်လာနိုင်ကြပါစေ။

Happy New Year 2022

Address

Aung Thapyay Street
Monywa

Telephone

+959964420755

Website

Alerts

Be the first to know and let us send you an email when BPMS Online School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BPMS Online School:

Shortcuts

Share

Category