Smart Stars Education Center Monywa

Smart Stars Education Center Monywa Education Domestic Products Distribution Service

27/05/2026

Today Is Our Special Day -May 27🎉🎉🎉
🎉Congratulations to my Teachers and Thank You my beloved Parents 🥰

Smart Stars Preschool is officially THREE years old today! 🥳"

 #အသိပေးကြေညာချက်များ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းမ...
20/05/2026

#အသိပေးကြေညာချက်များ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်း(Grade 2 မှ Grade 5)နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9)ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ် ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ကို ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အဆိုပါ Placement Test(အထူးအစီအစဉ်)ကို အောက်ပါလုပ်ငန်းစဉ်များအတိုင်း စာမေးပွဲ ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) မြို့နယ်ပညာရေးမှူးများက သတ်မှတ်ချက်နှင့်ကိုက်ညီပြီး အထောက်အထား ပြည့်စုံမှုရှိသော လျှောက်လွှာများကို စိစစ်လက်ခံရန် (၂၂-၅-၂၀၂၆ မှ ၅-၆-၂၀၂၆ ရက်နေ့အထိ)၊

(ခ) တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက မေးခွန်းပြုစု၍ (၂၆-၅-၂၀၂၆ မှ ၅-၆-၂ဝ၂၆ ရက်နေ့ထိ)၊

(ဂ) ခရိုင်ပညာရေးမှူးရုံးများက မေးခွန်းလှိမ့်ပွား ဖြန့်ဝေရန် (၆-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဃ) မြို့နယ်အလိုက် ဖြေဆိုသူစာရင်း ပြုစုရန်၊ ခုံအမှတ် ထုတ်ပြန်ကြေညာရန်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)သို့ စာဖြေသူစာရင်း တင်ပြရန် (၆-၆-၂၀၂၆ မှ ၁၁-၆-၂၀၂၆ ရက်နေ့ထိ)၊

(င) မြို့နယ်ပညာရေးမှူးရုံးစိုက်ရာ မြို့များတွင် စာစစ်ဌာနသတ်မှတ်၍ စာမေးပွဲ ကျင်းပရန် (၁၅-၆-၂၀၂၆ မှ ၂၀-၆-၂၀၂၆ ရက်နေ့ထိ)၊

(စ) ခရိုင်ပညာရေးမှူးရုံးများတွင် အဖြေလွှာများစစ်ဆေးရန်၊ အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ပြုစုရန် (၂၂-၆-၂၀၂၆ မှ ၂၈-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဆ) အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများသို့ တင်ပြ၍ အတည်ပြုချက်ရယူရန် (၂၉-၆-၂ဝ၂၆ မှ ၃၀-၆-၂၀၂၆ ရက်နေ့အထိ)

(ဇ) မြို့နယ်ပညာရေးမှူးရုံးများက အတန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာရန်နှင့် အတန်း တက်ရောက်ခွင့်ရရှိသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာ ကျောင်းများတွင်သာ တက်ရောက်ပညာသင်ယူစေရန်။
၄။ သို့ဖြစ်ပါ၍ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိခရိုင်၊ မြို့နယ်အတွင်းရှိကျောင်းများအထိ ဆက်လက်အသိပေး ဆောင်ရွက်ပြီး အထက်ပါ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်။

✍✍ M-Nawkey✍✍✍

Congratulations 🎉🎈🍾 Tr Thandar🎉မကြာခင်မှာ သုံးနှစ်သားလေးပြည့်တော့မယ့် Smart Stars နဲ့အတူ ကူညီလက်တွဲဆောင်ရွက်ပေးခဲ့တဲ့ Tr...
18/05/2026

Congratulations 🎉🎈🍾 Tr Thandar

🎉မကြာခင်မှာ သုံးနှစ်သားလေးပြည့်တော့မယ့်
Smart Stars နဲ့အတူ ကူညီလက်တွဲဆောင်ရွက်ပေးခဲ့တဲ့ Tr Thandar …Congratulations 🎉🎉🎉ပါနော်..

👩‍🏫Tr Thandar ရဲ့ Job Experiences နဲ့ Qualification တွေကို မိတ်ဆက်ပေးချင်ပါတယ်။

👩‍🏫Tr Thandar သည် International preschool Tr အဖြစ် 8 နှစ်တာကာလ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

👩‍🏫ယခုအခါမှာတော့ စာသင်သက် ၁၀ နှစ်ကျော်ရှိပြီး ✅Young Learner English (YLE), Stater, Mover, Flyer Class များ ၊
✅BC YLE Exam Preparation Classများ၊ ✅International ကျောင်းသား/ကျောင်းသူများအား Guide Classများ,
✅Phonics Class များ ၊
✅International Maths Class များအား ကိုယ်ပိုင်ဖွင့်လှစ် သင်ကြား အောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် …
👩‍🏫Tr Thandar က ကျွန်မတို့ Smart Stars မှာ English Four Skills လေ့ကျင့်သင်ကြားသူ Language trainer တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

✅ဆရာမများ၏ Team Training အပိုင်းနဲ့ International Lesson Planning အပိုင်းများ၊ ကလေးများနှင့် Communication & Interaction training အပိုင်းများ လေ့ကျင့်သင်ပြမှုများလည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

✅ကလေးများအပေါ် ချစ်ခင်နွေးထွေးမှုနဲ့အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်စေရန် ပျော်ရွှင်မှုများပေးစွမ်းပြီး လမ်းပြသင်ကြားနိုင်သူတစ်ဦးပဲဖြစ်ပါတယ်ရှင်…

✅အမြဲသွက်လက်ပြီး စကားသံချိုချိုလေးနဲ့ ကောင်းမွန်သော လူမှုပေါင်းသင်းဆက်ဆံရေးများစွာကို တည်ဆောက်ထားနိုင်တဲ့ Tr ချောချောလေးနဲ့အတူ

✅ကလေးများရဲ့ အနာဂတ် ထွန်းလင်းတောက်ပနိုင်စေဖို့ နောင်နှစ်ပေါင်းများစွာထိ Smart Stars နဲ့အတူ အတူတကွ လက်တွဲဖော်ဆောင်သွားနိုင်စေဖို့ မျှော်လင့် ဆန္ဒပြုရင်း …..

Congratulations ပါ Tr ရေ🥰🥰🥰🥰

B.A (Myanmar)
Diploma in Teacher Education
Certificate in ECCD
Certificate in Child Psychology
Former Experience: 8 Years preschool Teacher(ILBC)


17/05/2026

KG Assessment For International Subjects
KG

‎"Happy birthday par သားလေးGabbyရှင့် "🎉🫶မွေးနေ့မှစ‎ကျန်းမာပျော်ရွှင်ပါစေ🫶‎စိတ်သွားတိုင်းကိုယ်ပါပြီးလိုအင်ဆန္ဒတစ်လုံးတစ်...
16/05/2026

‎"Happy birthday par သားလေးGabbyရှင့် "🎉🫶
မွေးနေ့မှစ
‎ကျန်းမာပျော်ရွှင်ပါစေ🫶
‎စိတ်သွားတိုင်းကိုယ်ပါပြီးလိုအင်ဆန္ဒတစ်လုံးတစ်ဝတည်းပြည်စုံပါစေ☺️
‎ပညာတတ်သူတော်ကောင်းလေးဖြစ်ပါစေ☺️
‎မိဘပေါ်သိတတ်လိမ္မာသောသားလေးဖြစ်ပါစေလို့ Smart Stars မှတီချယ်များအားလုံးကဆုမွန်ကောင်းတောင်းပေးပါတယ် 🫶
‎
‎အဟာရဒါနအတွက် သူငယ်ချင်းများအတွက်
‎‌ေရခဲမုန့်နှင့် မုန့်များတီချယ်များအတွက်မာလာရှမ်းကောကျွေးမွေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။☺️
‎
‎
‎

15/05/2026

KG ကလေးလေးတွေ ဘာတွေ တတ်မြောက်နေကြပြီလဲဆိုတာ အဆုံးထိ ဝင်ကြည့်နော်😍

Smart Stars ရဲ့ KG အတန်းမှာ ဘာတွေသင်ရလဲ????

Local သင်ရိုး အပြင် International Subject တွေဖြစ်တဲ့ English , Science, Math , Oxford Phonics, Basic Chinese Language စတာတွေကို ဖြည့်စွက် သင်ကြားလေ့ကျင့်ပေးထားပါတယ်။

မူလတန်းမှာ လိုအပ်တဲ့
✅ကိုယ့်ကိုယ်ကိုယ် ထိန်းညှိနိုင်စွမ်း၊

✅ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်နိုင်စွမ်းများနဲ့

✅ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များကိုပါ တစ်ပါတည်း လေ့ကျင့်ပျိုးထောင်ပေးပြီး ဖြစ်ပါတယ်။

ဒါကြောင့် ….

ဘယ်နေရာ ဘယ်ဒေသမှာမဆို သင်ကြားသင်ယူမှုအပိုင်းမှာရေ ၊ ဘဝခရီးလမ်းမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့

ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် အနာဂတ်မျိုးဆက်သစ် ကြယ်ပွင့်လေးများအဖြစ် ဆက်လက်
ထွန်းတောက်နိုင်ကြမှာ မလွဲဧကန် အမှန်ပါပဲရှင်

We are Smart, We are Stars ⭐️




🏫 ရန်ကင်းရပ်ကွက်၊ အောင်မဟာလမ်း၊ မုံရွာမြို့ 09798855971

🎉CONGRATULATIONS 🎉🎊🎈 မကြာခင်မှာ Smart Stars နဲ့အတူ လက်တွဲလာခဲ့တာ သုံးနှစ်ပြည့်တော့မယ့် Tr တို့ရေ…Congratulations ပါနော်…...
06/05/2026

🎉CONGRATULATIONS 🎉🎊🎈

မကြာခင်မှာ Smart Stars နဲ့အတူ လက်တွဲလာခဲ့တာ သုံးနှစ်ပြည့်တော့မယ့် Tr တို့ရေ…Congratulations ပါနော်…🎉🎉🎉

🎉Smart Stars မှာ တာဝန်ကိုယ်စီနဲ့ အားကိုးရတဲ့ထောက်တိုင်တွေအဖြစ် ယနေ့အချိန်ထိ လက်တွဲဖော်ဆောင်ပေးခဲ့ကြတဲ့ Trတွေ

🎉သင်ကြားရေးမှာ စိတ်စေတနာအပြည့်နဲ့ အားကျိုးမာန်တက် သင်ကြားပေးတတ်တဲ့ Trတွေ

🎉ကလေးများအပေါ်မှာ ရင်းနှီးနွေးထွေးပြီး စည်းစနစ်ကျစွာ လေ့ကျင့်ပျိုးထောင်ပေးလို့ ကလေးများရဲ့ လေးစားချစ်ခင်ခြင်းကို ရရှိထားတဲ့ Trတွေ

🎉Negotiation အားကောင်းပြီး Senior Tr တွေပီပီ Junior Tr တို့အပေါ် စာနာစိတ်နဲ့ အကောင်းဆုံး လမ်းညွှန်ပြသမှုတွေပေးသလို အတူတကွ ကူညီလက်တွဲခေါ်ဆောင်နိုင်တဲ့ Tr တွေ

🎉Smart Stars ရဲ့ Culture ဖြစ်တဲ့ Empathy & Respect ကို တည်ဆောက်တဲ့နေရာမှာ အများကြီး ပါဝင်ဖြည့်ဆည်းထားတဲ့ ချစ်ခင်လေးစာရတဲ့ Tr တို့ရေ…

နောင်နှစ်ပေါင်းများစွာထိ Smart Stars နဲ့ အတူ လူရည်တော်ပြီး လူကောင်းလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ အတူလက်တွဲလျှောက်လမ်းသွားကြအုံးစို့နော်🥰

👩‍🏫Tr Mya Thet.
B.A (History)
Diploma in Teacher Education
Certificate in Leadership & Management
Certificate in Oxford Phonics
Certificate in ECCD
Certificate in Child Psychology
Certificate in Brain Development

Former Preschool Teacher (8 years Experience)

👩‍🏫Tr Ngal.
B.Sc(Chem:)
Certificate in Oxford Phonics
Certificate in ECCD
Certificate in Child Psychology
Certificate in Brain Development

Former Primary School Teacher (10 years Experience)



‼️KG Class Only 5 Seats Left‼️Come & Join us Quickly 😍😍😍
04/05/2026

‼️KG Class Only 5 Seats Left‼️

Come & Join us Quickly 😍😍😍

🔔🔔🔔ကျောင်းလခ တစ်သိန်းကျော်လေးနဲ့ International သင်ရိုးကို ထိတွေ့ခွင့်ရမယ့် အခွင့်ရေးးးး(Registration Open for 2026-2027 ...
03/05/2026

🔔🔔🔔ကျောင်းလခ တစ်သိန်းကျော်လေးနဲ့ International သင်ရိုးကို ထိတွေ့ခွင့်ရမယ့်
အခွင့်ရေးးးး

(Registration Open for 2026-2027 Academic Year)💥💥💥

2025-2026 School Year (KG to Primary 5) အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။
💥💥💥 May လအတွင်း အပ်နှံလျှင် Registration 30% off (30000) ကျပ်တိတိ Cash Back အနေနဲ့ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

📚ကလေးတို့ သင်ယူရမယ့် Subject များကိုဖော်ပြပေးလိုက်ပါတယ်။

📚ကလေးများရဲ့ ပြည့်စုံကောင်းမွန်တဲ့ ပညာရေးအတွက် Government သင်ရိုး +
🌼Singapore Maths,
🌼Science,
🌼English Four Skills, ကိုပါ ထည့်သွင်း သင်ကြားပေးတဲ့ ကျောင်းကောင်းတစ်ခုကိုရှာနေတယ်ဆိုရင်
မှာ 2026-2027 ပညာသင်နှစ်အတွက် စာရင်းသွင်းအပ်နှံနိုင်ပါပြီ။

💰ပေးရတဲ့ ကျောင်းလခထက် သာလွန်တဲ့ ပညာရေးစနစ်ကို ပေးစွမ်းနေတာမို့ မိဘများအနေနဲ့ အတွေးမများပဲ အပြေးလှမ်းလာဖို့တော့ လိုပါမယ်။

ကျောင်းစာများအပြင်….ကလေးတို့ သိသင့်သိထိုက်တဲ့….
💥Social Skills များ၊ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်လာများနဲ့ နိုင်ငံတကာတို့ရဲ့ ယဉ်ကျေးမှုတွေ…

💥ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့နဲ့ ဘဝအတွက် လိုအပ်တဲ့ Life skills တွေ…

💥သဘာဝကို ချစ်မြတ်နိုးတတ်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေမယ့် အသိပညာဗဟုသုတတွေ…

💥တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်း ရင့်သန်လာစေဖို့ Art & Craft activityတွေ

💥အသင်းဖွဲ့လိုက် လုပ်ဆောင်မှုများနဲ့ တင်ဆက်ပြသမှုစွမ်းရည် တိုးတာလာစေဖို့ Group/Individual Presentation တွေ….
စတာတွေကို ကျွန်မတို့ SSEC မှာ တစ်ပါတည်းလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

🏫ကျောင်းတည်နေရာ-Smart Stars Primary & Preschool
ရန်ကင်းရပ်ကွက်၊
အောင်မဟာလမ်း၊
မုံရွာမြို့
☎️-09798855971





02/05/2026

2026-2027 ပညာသင်နှစ်အတွက် မူလတန်း အတန်းများ
(KG to Grade 5) ကြိုတင်
စာရင်းသွင်း အပ်နှံနိုင်ပါပြီ။

"Happy birthday par သမီးလေး Skylar "🥰မွေးနေ့မှစ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ 🍀လိုရာဆန္ဒတစ်လုံးတစ...
29/04/2026

"Happy birthday par သမီးလေး Skylar "🥰
မွေးနေ့မှစ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ 🍀
လိုရာဆန္ဒတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ🍀
ကောင်းခြင်းအားလုံးစုဝေးရောက်ရှိပါစေ 🍀
အများအကျိုးသယ်ပိုးနိုင်တဲ့သမီးလေးဖြစ်ပါစေလို့ Smart Stars မှတီချယ်များအားလုံးက ဆုတောင်းပေးပါတယ်☺️

အာဟာရဒါနအနေဖြင့် သူငယ်ချင်းများနှင့်တီချယ်တို့အတွက် ရေခဲ့မုန့်၊မုန့်များကျွေးမွေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။🥰

Address

Yan Kin Qt, Aung Mahar Street, Smart Stars Preschool
Monywa

Telephone

+959798855971

Website

Alerts

Be the first to know and let us send you an email when Smart Stars Education Center Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category