Thant Zin Mitta pre - school - Monywa''

Thant Zin Mitta pre - school - Monywa'' Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thant Zin Mitta pre - school - Monywa'', School, တိုင်းရင်းဆေးရုံ လမ်း, Monywa.

28/10/2022

English Guide ဆရာမ (၁..ဦး) အလိုရှိသည်..

၁းး ကလေးနှင့် E to E ပြောဆိုသင်ကြားပေးနိုင်ရမည်

၂းး Monday to Friday
( 8:45 AM to 4:00 PM)
(Saturday & Sunday) နှစ်ရက်နား

၃းး သင်ရမည့်အတန်း KG

၄းး မုံရွာမြို့ပေါ် မှာနေထိုင်သူများသာ
ရုံးကြီးရက်ကွက် ဦးစားပေးမည်

၄းး ကလေးအပေါ်စိတ်ရှည်ပြီး ကလေးချစ်တက်သူဖြစ်ရမည်

💵 150000

call.. 📲09259068900

💢ရန်လိုခြင်း💢ကလေးများ ရန်လိုတတ်ခြင်းအကြောင်း (အသက်၆ နှစ်မှ ၁၂ နှစ်အရွယ်)"ကျွန်မရဲ့ကလေးဟာ တစ်ခြားကလေးတွေကို ရိုက်တယ်၊ ကန်...
12/01/2022

💢ရန်လိုခြင်း💢

ကလေးများ ရန်လိုတတ်ခြင်းအကြောင်း
(အသက်၆ နှစ်မှ ၁၂ နှစ်အရွယ်)

"ကျွန်မရဲ့ကလေးဟာ တစ်ခြားကလေးတွေကို ရိုက်တယ်၊ ကန်တယ်၊ ရန်ပြုတယ်။ ဒါဟာစိုးရိမ်စရာကိစ္စ ဟုတ်ပါသလား.."ဟု မေးလာခဲ့လျှင်

အဖြေသည် "ဟုတ်ပါသည်"ဟု ဆိုရမည်။

ကလေး‌များသည် အများအားဖြင့် မိမိတို့၏ ဘာသာစကား စွမ်းရည်များ တိုးတက်လာချိန်တွင် မိမိကိုယ်ကို ဖော်ပြလာနိုင်သည့်အတွက် ကိုယ်နှုတ်အမူရာအားဖြင့် ရန်လိုခြင်းသည် မှားယွင်းကြောင်း သိရှိလာပါသည်။ ထိုသို့ ကိုယ်နှုတ်အမူအရာရန်လိုခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း ထိခိုက်နိုင်ကြောင်းသိရှိလာကြပါသည်။ အကယ်၍ သင်၏ကလေးသည် ထိုသို့နားလည်ခြင်း မရှိသေးဘဲ ဆက်လက်ရန်လိုနေသည် ဆိုပါက အကြောင်းအရင်းကို ရှာဖွေရမည့်အချိန်ဖြစ်လာပါပြီ။

မိမိကလေးသည် သင်ယူရေးဆိုင်ရာ၊ အမူအကျင့်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာတို့တွင် ပြဿနာများရှိနေနိုင်ပြီး သူ့တွင် စာဖတ်ရန် သို့မဟုတ် အာရုံစူးစိုက်ရန်နှင့် နားထောင်ရန်ခက်ခဲခြင်းများဖြစ်နေနိုင်ပါသည်။ ဤသို့ဖြစ်ခြင်းများသည် ကျောင်းတွင်းလုပ်‌ဆောင်မှုများကိုလည်း အနှောက်အယှက်ဖြစ်နိုင်ပါသည်။ သို့မဟုတ် မိမိကလေးသည်စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် တစ်စုံတစ်ရာရှိနေခြင်း ဖြစ်နေနိုင်ပါသည်။ ဥပမာအားဖြင့် မိဘများကွာရှင်းခြင်း။ မိမိ၏ကလေးသည် ထိုအခြေအနေတွင် ရောက်ရှိနေပါက ဒေါသများနှင့် နာကျင်မှုများခံစား နေရနိုင်ပါသည်။ ထိုအရာများကိုလည်း မည်သို့မှဖြေရှင်းနိုင်မှု မရှိခြင်းလည်းဖြစ်နိုင်ပါသည်။

များသောအားဖြင့် ကလေးများသည် ရန်လိုသော အပြုအမူများကိုမြင်တွေ့ထားပါက သူတို့ကိုယ်တိုင် ရန်လိုလာတတ်ကြပါသည်။ မည်သည့်အကြောင်းပြချက်‌ကြောင့်ပင်ဖြစ်စေ ကလေးအတွက် ထိုထက်ပိုဆိုးသော ပြဿနာများဖြစ်မလာစေရန် အကူအညီ အလျှင်အမြန်ရယူရန် လိုအပ်ပါသည်။

မိမိကလေး၏ ရန်လိုသော အပြုအမှုများသည် မကြာခဏနှင့် ဆိုးရွားစွာဖြစ်ပေါ်လျှင်၊ မိမိကိုယ်တိုင်လည်းမည်သို့မျှ သက်သာအောင် ပြုလုပ်နိုင်ခြင်းမရှိလျှင် သက်ဆိုင်ရာဆရာဝန် သို့မဟုတ် စနစ်တကျ လေ့ကျင့်ထားသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ထမ်း ဥပမာအားဖြင့် စိတ်ပညာရှင်နှင့် စိတ်ကုဆရာဝန်ကဲ့သို့‌သော ပုဂ္ဂိုလ်များနှင့် ဆွေးနွေးနိုင်ပါသည်။

🔶ရန်လိုတတ်သော ကလေးတစ်ဦး၏ ဝိသေသလက္ခဏာများ🔶

ကလေးများအားလုံးသည် တစ်ကြိမ်တစ်ခါတွင်တော့ မိမိ၏မိသားစုဝင် မောင်နှမ များအား တွန်းထိုးရန်ဖြစ်ခြင်း၊ ‌လှောင်ပြောင်ခြင်းနှင့် မိမိတို့ပြုလုပ်ချင်သည်အား တားမြစ်လျှင် ကန်ကျောက်ခြင်းစသည့် အပြုအမူမျိုးပြုလုပ်တတ်ကြသည်သာဖြစ်သည်။ ဤသို့ပြုမူသည်မှာ သဘာဝသာဖြစ်ပါသည်။ ကလေးတစ်ဦးသည် အမှန်တကယ်ပင် ရန်လိုခြင်းနှင့် ပတ်သက်သည့် ပြဿနာရှိလာကြောင်း အောက်ပါအချက်များဖြင့် သိရှိနိုင်ပါသည်။

🟤မကြာခဏစိတ်တိုဒေါသထွက်တတ်ခြင်း၊
🟤ဒေါသထွက်လာလျှင်လည်း ပြင်းထန်စွာ ဒေါသထွက်တတ်ခြင်း၊
🟤စိတ်တိုစိတ်ကောက်လွယ်ခြင်းနှင့် မိမိဆန္ဒကို မထိန်းချုပ်နိုင်ခြင်း၊
🟤အာရုံစူးစိုက်နိုင်မှုမရှိခြင်း၊
🟤အလွယ်တကူ စိတ်ရှုပ်စိတ်ပျက်တတ်ခြင်း၊
🟤ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများပြုလုပ်တတ်ပြီး အခြားကလေးများနှင့် လူကြီးများအား တိုက်ခိုက်တတ်ခြင်း၊
🟤မကြာခဏအပျက်သဘော အပြုအမှုများ ပြုလုပ်တတ်ပြီး အငြင်းအခုံသန်ခြင်း၊ စိတ်ဆိုးစိတ်ကောက်လွယ်ခြင်း၊
🟤ကျောင်းတွင်ဦးဆောင်နိုင်သော စွမ်းရည် နိမ့်ကျပြီး မိမိ၏စာသင်ခန်းအတွင်းအလုပ်များအား ပါဝင်ဆောင်ရွက်မှုမရှိခြင်း
🟤ကောင်းမွန်‌စွာ စီစဉ်ဆောင်ရွက်နိုင်မှုမရှိခြင်း
🟤မိတ်ဆွေဖွဲ့ရာ၌ ပြဿနာရှိခြင်း၊
🟤အခြားလူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများတွင် ပါဝင်ဆောင်ရွက်ရာ၌ ပြဿနာရှိခြင်း၊
🟤မိသားစုဝင်များနှင့် အမြဲလိုလိုအငြင်းပွားရန်ဖြစ်တတ်ခြင်း၊
🟤မိဘများ၏ ဆိုဆုံးမမှုများအား လက်ခံမှုမရှိခြင်း၊
🟤စည်းမျဉ်းများကို လက်ခံရန် ငြင်းဆိုခြင်း၊
🟤မိဘများ၏ အုပ်ချုပ်မှုများအား အမြဲတစေ စိန်ခေါ်မှု ပြုလုပ်‌နေခြင်း၊
🟤မိမိ၏ မကောင်းသော အပြုအမူပေါ်တွင် တာဝန်ယူမှုမရှိခြင်း၊ အခြားသူများအားအပြစ်တင်ခြင်း၊
🟤ရန်လိုသော ကလေးငယ်သည် နေရာတစ်နေရာထဲတွင်သာမဟုတ်ဘဲ ကျောင်း၊ အိမ်နှင့် တခြားလူမှုပတ်ဝန်းကျင်ဆက်ဆံရာနေရာများနှင့် ကစားသည့်နေရာများတွင်ပါ ၎င်းရန်လိုသည့်အပြုမူများရှိနေခြင်း၊

🔶ကလေးတစ်ယောက်အား ရန်လိုမှု‌ဖြစ်စေသော အကြောင်းအရင်းများ🔶

ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုသည် အဓိကအ‌ကြောင်းအရင်း ဖြစ်ပါသည်။ ကလေးသည် မိမိအားချောင်ပိတ်အနိုင်ကျင့်ခြင်း ခံစားရပါက ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ပါသည်။ ဤသို့တိုက်ခိုက်ရသောရည်ရွယ်ချက်များမှာ-

🔻မိသားစုအခက်အခဲပြဿနာများနှင့် မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်ခြင်း။

ကလေးများသည် မိသားစုပြဿနာများအား တုံ့ပြန်သည့်အနေဖြင့် အပြုအမူများပြုမူလေ့ရှိကြသည်။ ဥပမာအားဖြင့် အမြဲတစေရန်ဖြစ်နေသော မိဘများ‌ကြောင့်၊ အမြဲတစေ စနောက်လေ့ရှိသော မိသားစုဝင်တစ်ဦးဦးကြောင့်၊ နေရာအသစ်သို့ ပြောင်းရွှေ့ရခြင်းကြောင့်၊ ကျန်းမာရေးမကောင်းသော မိသားစုဝင်တစ်ဦးဦးရှိနေခြင်းကြောင့်၊ မိသားစု၏အဓိကဝင်ငွေရှာဖွေသူမှ ဝင်ငွေမရှာဖွေနိုင်တော့ခြင်းကြောင့် အလုပ်ပြုတ်ခြင်းကြောင့် စသည့်အကြောင်းအရင်းများသည် မိဘများကိုသာမက ကလေးများကိုပါ ဖိအားဖြစ်စေသည်။

အချို့ကလေးများသည် ထိုသို့ဖြစ်ပေါ်လာချိန်တွင် ပိုမိုရန်လိုလာကာ အဖျက်အမှောက်များ ပိုမိုပြုလုပ်လာကြပါသည်။ အထူးသဖြင့် ကလေး၏ အခြားမိသားစုဝင်များမှာလည်း မိမိတို့၏ခံစားချက်များကို ဤသို့ရန်လိုသည့် နည်းလမ်းများဖြင့် ထုတ်ဖော်လေ့ရှိသည်ကိုတွေ့မြင်ရပါက ပို၍ဖြစ်ပေါ်နိုင်ပါသည်။

🔻သင်ယူခြင်းဆိုင်ရာအခက်အခဲပြဿနာများ

လူငယ်ဆိုးသွမ်းခြင်း၏ လေးပုံတစ်ပုံခန့်မှာ ၎င်းတို့၏ သင်ယူခြင်းဆိုင်ရာ ပြဿနာများကြောင့်ဖြစ်ပါသည်။ သင်ယူခြင်းဆိုင်ရာပြဿနာများတွင် dyslexia (စာရေးစာဖတ်ရာ၌ အခက်အခဲရှိသောပြဿနာ)သည် ကလေးအများစုကို ရန်လိုသည့် အပြုအမူများ ဖြစ်စေပါသည်။ သို့သော်လည်း dyslexia ပြဿနာရှိသော ကလေးတိုင်း ရန်မမူကြပါ။ ကလေးတွင် စာရေးစာဖတ်ခြင်း၊ ပြောဆိုသောဘာသာစကားကို နားလည်ရာ၌ အခက်အခဲရှိသော ပြဿနာများရှိနေပါက ထိုပြဿနာများသည် စိတ်ရှုပ်ထွေးစေပြီး ရုပ်ပိုင်းဆိုင်ရာ ရန်လိုမှုများအဖြစ် ပေါ်ပေါက်လာတတ်ခြင်း ဖြစ်သည်။

🔻Nerveကြောဆိုင်ရာပြဿနာများ

တစ်ခါတစ်ရံတွင် ဦး‌နှောက်အတွင်း၌ ဓာတ်ပစ္စည်းများ ကမောက်ကမဖြစ်မှုသို့မဟုတ် ပျက်စီးမှုမှသည် ရန်လိုသည့်အပြုအမူများကို ဖြစ်လာစေနိုင်ပါသည်။ အကယ်၍ သင်သည် ဤကဲ့သို့ဖြစ်သည်ဟု ကလေးအားသံသယရှိပါက ဆရာဝန်နှင့်သေချာတိုင်ပင်ကာ အထူးကျွမ်းကျင်သူ ဆရာဝန်တစ်ယောက်ယောက်နှင့်စကားပြောရန်လိုအပ်ပါသည်။

🔻အပြုအမူပိုင်းဆိုင်ရာပြဿနာများ

ရန်လိုတတ်သည့် ကလေးအတော်များများတွင် ADHDဟုခေါ်သည့် အာရုံမစိုက်နိုင်ခြင်းနှင့် ငြိမ်ငြိမ်မနေနိုင်သော အခြေအနေ ရှိ‌နေနိုင်ပြီး ထိုမှတဆင့် oppositional defiant disorder ဟုခေါ်သည့် အပြုအမူဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာနိုင်ပါသည်။ oppositional defiant disorder တွင် ရန်လိုသည့်အပြုမူများတွေ့ရှိရတတ်ပါသည်။ ဤကလေးများသည် အထူးကုသမှုများ ခံယူရန်လိုအပ်ပါသည်။

အထူးသဖြင့် ကျောင်းတွင်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်၊ သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံနိုင်စေရန်နှင့် မိဘများ၏အုပ်ချုပ်မှုကို နာခံတတ်စေရန်အတွက် ကောင်းမွန်သော ကုသမှုခံယူရန် လိုအပ်ပါသည်။

🔻ခံစားချက်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာ

အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် ကလေးများအား စိတ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ ဒေါသနှင့် စိတ်ကျခြင်းများကို ပြင်းထန်စွာ ခံစားရစေပါသည်။ ကလေးတစ်ဦးသည် ထိုခံစားမှုများကို ဖော်ပြရန် နည်းလမ်းအခွင့်အရေးမရှိပါက မကောင်းသောအပြုအမူများအား ကိုယ်နှုတ်အမူအရာများဖြင့် ပြလာပါလိမ့်မည်။ ထို့ပြင်ကလေးများသည် အိမ်နှင့် သူ၏ဘေးပတ်ဝန်းကျင်နေထိုင်ရာ၌ ရန်လိုခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ခြင်းများကို ကြုံတွေ့ရပါက သာမန်ကလေးများထက် ပိုမိုရန်လိုသည့်ကလေးများဖြစ်လာနိုင်ဖွယ်များပါသည်။

🔻ကြမ်းတမ်းခက်ထန်သော အပစ်အခတ်ရုပ်ရှင်များ TV ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း

ပညာရှင်တော်တော်များများမှ ဖော်ပြကြသည်မှာ TV မှ ဤကဲ့သို့ အပစ်အခတ် ကြမ်းတမ်းသော ပြကွက်များကို ကြည့်ပါများလျှင် ကလေးများ၏ ရန်လိုစိတ်ကိုမြှင့်တင်ပေးရာ ရောက်သည်ဟု သိရပါသည်။ အမေရိကန်နိုင်ငံမှ ကလေးများနှင့် ဆယ်ကျော်သက်များ၏စိတ်ပိုင်းဆိုင်ရာပညာရေးကျောင်းမှ အကြံပြုသည်မှာ အကယ်၍ မိမိကလေးမှာ ရန်လိုသည့် အပြုမူများတွေ့နေရလျှင် မိမိကလေးအား TV ကြည့်ရာတွင် ရွေးချယ်မှုသေချာပြုလုပ်‌ပေးရန် လိုအပ်သည်ဟု ဆိုပါသည်။

🔶မိဘများအနေဖြင့် ကလေးများ၏ ရန်လိုသည့် အပြုအမူများ လျော့ပါးအောင် မည်သို့ပြုလုပ်‌ပေးရမည်နည်း။🔶

ပထမဦးဆုံးအနေဖြင့် မိမိ၏ရန်လိုမှုအားလျှော့ချပါ။ ရိုက်ခြင်း၊ အော်ဟစ်ခြင်း၊ ပစ္စည်းများပစ်ပေါက်ခြင်းနှင့် ကလေးငယ်များအား ဆူပူကြိမ်းမောင်းခြင်းများသည် ကလေး၏ ရန်လိုသော အမူအကျင့်ကို မပပျောက်စေသည့်အပြင် ပိုမိုဆိုးရွားလာစေနိုင်ပါသည်။ ကလေးအား အကြောင်းအရာသစ်များကို စူးစမ်းပါစေ။ လုပ်ကိုင်စမ်းသပ်ကြည့်ပါစေ။ ကလေး၏ရှေ့တွင် ဒေါသကို မည့်သို့ထိန်းသိမ်းနိုင်ပုံအား နမူနာပြ ပြသပေးပါ။ ဤသို့မြင်တွေ့ရခြင်းဖြင့် ကလေးသည်သူ၏ဒေါသကို ပိုမိုထိန်းချုပ်လာနိုင်မည်ဖြစ်ပါသည်။ အကယ်၍ မိမိတွင် ဤသို့ပြုလုပ်ရန် အခက်အခဲရှိပါက မိမိအား ဒေါသထွက်စေသော အကြောင်းတရားများအား ရှာဖွေဖော်ထုတ်ပါ။ မိမိကလေးမှ မိမိအား စကားတစ်ခွန်း ပြန်ပြောတိုင်းစိတ်တိုဒေါသထွက်စေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအချိန်မျိုး၌ ကလေးသည်မိမိနှင့် တိုက်ပွဲဖြစ်ပေါ်တော့မည့်သဖွယ် မိမိ၏ဒေါသအားထွက်စေသည့် အပြုအမူများပြုလုပ်နေသည်ကိုတွေ့ရသည်။ ထိုအချိန်တွင် မိမိကိုယ်ကိုသတိပေးပါ။ ကလေးအများစုသည် ယခုခေတ်တွင်ဖြစ်စေ ယခင်ခေတ်ကပင်ဖြစ်စေ လူကြီးများ၏ သြဇာအာဏာကို ဖီဆန်လေ့ရှိကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ ကလေးများ၏ သဘာဝအားဖြင့် ဖွံ့ဖြိုးမှုတစ်ခုတွင်လည်း ဤသို့သြဇာအာဏာဖီဆန်ကာ မိမိ၏စိတ်ဆန္ဒကို ထုတ်ဖော်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည် ဟူသောသဘောကို နားလည်လက်ခံထားရန် လိုအပ်ပါသည်။ ထိုသို့နားလည်လက်ခံပြီးပါက မိမိ၏ဒေါသကို ထိန်းရန် အသက်ကိုပြင်းပြင်းရှုပါ။ တစ်မှတစ်ဆယ်အထိ ရေတွက်ပါ။ ပြီးလျှင် မိမိကိုယ်ကိုပြန်ပြောပါ ''ဒါဟာ တိုက်ပွဲတစ်ခုမဟုတ်ပါဘူး။ ထို့အတွက်ကြောင့် ဒေါသထွက်ရန်မလိုအပ်ပါ။'' အကယ်၍ လိုအပ်မည်ဆိုလျှင် ကလေးရှိနေသော နေရာမှ အခြားတစ်နေရာသို့ လမ်းလျှောက်ထွက်သွားကာ မိမိဒေါသပြေလျော့သည်ထိ နေလိုက်ပါ။

ကလေးများအား ကိုယ့်စိတ်ခံစားမှုများကို ကိုယ်တိုင် နားလည်စေရန်၊ အသိအမှတ်ပြုစေရန်နှင့် အများလက်ခံနိုင်သောနည်းလမ်းများဖြင့် ဒေါသ၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှုများကို ဖော်ပြတတ်စေရန် အောက်ပါအချက်အလက်များမှ ကူညီနိုင်ပါသည်။

🟦ချက်ချင်းလက်ငင်းတုံ့ပြန်မှုဆောင်ရွက်ပါ။

မိမိကလေးသည် ဒေါသထွက်ပြီး သူ၏ညီငယ်လေးအား ကိုယ်ထိလက်ရောက်ပြုလုပ်သည်အထိ မစောင့်ပါနှင့်။ ကလေးတွင် ရန်လိုသည့် အပြုအမူကို တွေ့ရသည်နှင့် ကြားဝင် တားမြစ်ပါ။ ကလေးကို တားမြစ်ပြီးလျှင် သူနှင့်အတူထိုင်ပါ။ တိတ်ဆိတ်ငြိမ်သက်စွာနေပါ။ ကလေးအား ချစ်ခင်နှစ်သက်သည့် အမူအရာကို ပြနိုင်သည်။ ဖက်ထားနိုင်သည်။ ပြီးလျှင်ငြိမ်းချမ်းစွာ မိနစ်အနည်းငယ်မျှနေပြီးလျှင် ကလေးနှင့်အတူ ဘာဖြစ်ခဲ့သည်ကို ဆွေးနွေးပါ။ ပြီးလျှင်လုပ်ဆောင်စရာရှိသည်များကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်ပါ။

🟦ငြိမ်သက်အောင်ပြုလုပ်ခြင်း

ငြိမ်သက်သွားချိန်တွင် ဖြစ်ခဲ့သည့်အကြောင်းအရာကို ဆွေးနွေးနိုင်ပါသည်။ အကောင်းဆုံးချိန်မှာ ကလေးငယ်သည် ဖြစ်ခဲ့ပြီးသည့် ရန်လိုသော အပြုအမူများကို မေ့ပျောက်သွားပြီး ငြိမ်သက်စွာရှိနေသည့်အချိန်တွင် ပြောပြခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အား အေးဆေးစွာနှင့် ညင်သာစွာ ပြန်လည်ရှင်းပြပါ။ မည်သည့်အကြောင်းအရာများက သူ့အား ရန်လိုသည့် အပြုအမူဖြစ်စေသနည်း။ မည်သည့်အချက်သည် သူ့အား ဤသို့အပြုအမူပြုလုပ်စေသည်အား သိရှိအောင် ကူညီပါ။ ဆွေးနွေးပါ။ ပြီးလျှင် ဒေါသထွက်ခြင်းသည် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသောအပြုမူဖြစ်ကြောင်း လက်ခံနိုင်ကြောင်းရှင်းပြပါ။ သို့သော် ဒေါသကိုဖော်ပြရာတွင် ရိုက်ခြင်း၊ ကိုက်ခြင်းနှင့် ကန်ခြင်းကဲ့သို့သော ရန်လိုသည့်အပြုအမူများသည် မှန်ကန်သည့်ဖော်ပြမှုမဟုတ်ကြောင်း ရှင်းပြပါ။ အခြားနည်းလမ်းများဖြင့် တုန့်ပြန်နိုင်ကြောင်း ပြောပြပါ။ ဥပမာ (သားသားစိတ်ဆိုးတယ်၊ သားသားရဲ့ဘောလုံးကို သူကယူသွားတယ်စသည်ဖြင့်) မိမိခံစားချက်များကို နှုတ်ဖြင့် ဖော်ပြခြင်းအားဖြင့် သို့မဟုတ် မိမိဒေါသထွက်သောသူ အနားမှ ထွက်သွားနိုင်ကြောင်း ရှောင်နေနိုင်ကြောင်း၊ ဒေါသငြိမ်သက်သွားမှသာလျှင် ကိုယ်၏ခံစားချက်ကိုဖော်ပြပြောဆိုနိုင်ကြောင်း၊ အကြံပေးနိုင်ပါသည်။

🟦စည်းကမ်းအား စနစ်တကျနှင့်ပုံမှန်သတ်မှတ်ပါ။

တတ်နိုင်သလောက် အဖြစ်အပျက်တိုင်းကို ပုံမှန်တုန့်ပြန်ဆောင်ရွက်ပါ။ ဥပမာအားဖြင့် ''ဟုတ်ပြီသားသားရဲ့ညီလေးကို ရိုက်လိုက်တယ် ဒါကြောင့် ကစားတာကိုရပ်ပြီး တစ်ယောက်ထဲနေရမယ်'' time out (ကစားတာကိုရပ်ပြီးတစ်ဦးတည်းနေခြင်း)

🟦ပုံစံတစ်ခုအား ပုံမှန်သတ်မှတ်ထားပါ။

သူ၏မကောင်းသောအပြုမှုများ၏ အကျိုးဆက်အား သိရှိပါစေ။ မကောင်းသောအပြုအမူ တစ်ခုပြုလုပ်လျှင် မည်သည့်အကျိုးဆက်လာမည်အား ကြိုတင်မှန်းဆနိုင်ပါစေ။ သို့မှသာ မိမိအပြုအမူ၏ အကောင်းအဆိုး၊အကြောင်းအကျိုးကို သိရှိလာမည်ဖြစ်ပါသည်။

🟦မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု ကောင်းမွန်လာအောင် ကူညီပေးပါ။

မိမိကလေးများ၏ အပြုအမူဆိုးများအပေါ်တွင် အာရုံစိုက်ခြင်းပြုလုပ်မည့်အစား မိမိ၏ကလေး ကောင်းမွန်သော အကြောင်းအရာ သို့မဟုတ် ကောင်းသောအမှုအကျင့်ပြုလုပ်နေချိန်တွင် ချီးကျူးဂုဏ်ပြုခြင်းဖြင့် အသိအမှတ်ပြုပေးပါ။ သူ၏ညီလေးဆီမှ ဂိမ်းစက်အား လုယူခြင်းမပြုဘဲ တစ်ယောက်တလှည့် ကစားသည့်အချိန်မျိုးတွင် သူ၏ မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုအရည်အချင်းနှင့် ပြဿနာဖြေရှင်းနိုင်မှု အရည်အချင်းများ အသိအမှတ်ပြုကာ ချီးကျူးဂုဏ်ပြုပေးပါ။ ပြဿနာဖြေရှင်းခြင်းနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းသည် ကျောင်းပညာရေးနှင့် လူ့လောကအတွင်းတွင်လည်း အရေးကြီးသော အရည်ချင်းများဖြစ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းမိမိကိုယ်ကိုထိန်းချုပ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းဟူသော အရေးကြီးသည့် အရည်အချင်းများအား ကျောင်းတွင်သာမက မိမိဘဝတလျှောက်လုံးတွင် ပိုင်ဆိုင်သွားနိုင်မည်ဖြစ်ပါသည်။

အကယ်၍ကလေးတွင် ထိုသို့ပြုလုပ်ရန်အခက်အခဲရှိပါက ကလေး၏ဒေါသကို ထိန်းချုပ်နိုင်သည့် အချိန်တိုင်းအချိန်တိုင်းတွင် ချီးကျူးဂုဏ်ပြုမှုပြုလုပ်ပေးပါ။ ချီးကျူးဂုဏ်ပြုရာ၌ ဆုပေးဂုဏ်ပြုခြင်းတစ်မျိုးထဲမဟုတ်ဘဲ ကလေးနှင့်အတူ အချိန်ဖြုန်းပေးခြင်း၊ ကလေးနှင့်အတူလမ်းလျှောက်ပေးခြင်း စသည့် အကြောင်းအရာများလည်းပါဝင်ပါသည်။

🟦ကလေးအား တာဝန်ယူမှုရှိအောင် သင်ကြားပေးပါ။

ကလေးသည် တစ်စုံတစ်ဦး၏ ပိုင်ဆိုင်မှုအား ပျက်စီးစေလျှင် အ‌လျော်အစားဖြင့်ပြန်လည်ပေးအပ်ရမည် သို့မဟုတ် ပြန်ပြင်ပေးရမည်အား သိရှိပါစေ။ အိမ်မှပစ္စည်းဖြစ်စေ ကျောင်းမှပစ္စည်းဖြစ်စေ တစ်စုံတစ်ခု ဖျက်ဆီးပါက ထိုပစ္စည်းအား မိမိမုန့်ဖိုးထဲမှဖြစ်စေ ပြန်လည်ပေးဆပ်ပါစေ။ ဤသည်ကို ပြစ်ဒဏ်တစ်ခုဟု မသတ်မှတ်ဘဲ ကလေးအပြုအမူ၏ နောက်ဆက်တွဲ မကောင်းသည့်အကျိုးဆက်ဟုသာ သိရှိပါစေ။ မိမိမှမကောင်းမှုတစ်ခုပြုလုပ်လျှင် ထိုမကောင်းမှု၏ အကျိုးဆက်အဖြစ် မကောင်းသည့်အကျိုး ရရှိမည်ကို နားလည်စေခြင်းဖြစ်ပါသည်။

🟦ကလေးအား ရန်လိုစွာမပြုမူစေရန် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းအရာများအား သင်ကြားပေးပါ။

ကလေးအား ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းစွာပြုမူခြင်းသည် မမှန်ကန်ဘဲ အခြားသူများအား နာကျင်စေနိုင်ကြောင်း အခြားသူများကို ကိုယ်ချင်းစာကာ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို နားလည်သဘောပေါက်လာစေရန် မိဘများကိုယ်တိုင်မှ ကောင်းမွန်သောမူဝါဒများချမှတ်ကာ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ သို့မှသာ ကလေးသည် မိမိ၏ အပြုအမူများက အခြားသူများအား မည်သို့သက်ရောက်သည်ကို သိရှိနားလည်လာမည်ဖြစ်ပါသည်။

🔶မည်သည့်အချိန်တွင်အကူအညီရယူရမည်နည်း။🔶

🛑အထက်ဖော်ပြပါ နည်းစနစ်များသည် အလုပ်မဖြစ်ပါက၊
🛑ကလေး၏ ရန်လိုသောအပြုအမူကို ပြောင်းလဲရန် အခက်အခဲရှိနေပါက၊
🛑အထက်ပါနည်းဗျူဟာများကို အသုံးပြုခြင်းဖြင့်ထိရောက်ခြင်းမရှိပါက၊
🛑မိမိကလေး၏ရန်လိုသည့်အပြုအမူများသည် ကလေးအား ကျောင်းတွင်၊ မိသားစုအတွင်းတွင်၊ အခြားလုပ်ငန်းများတွင် ထိခိုက်မှုရှိနေပါက

ဆရာဝန်တစ်ဦးဦးနှင့် တွေ့ဆုံရန် ချိန်းဆိုပါ။

ထိုဆရာဝန်မှတဆင့် ကလေးအား သက်ဆိုင်ရာဆရာဝန် တစ်ဦးသို့ ပြန်လည်ညွှန်ကြားပေးပါလိမ့်မည်။ ထိုသက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပညာရှင်မှ ကလေး၏ ခံစားမှုပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ၏ အရင်းအမြစ်များကို ဖော်ထုတ်ကာ ရပ်လိုသည့်အပြုအမူဖြစ်ပေါ်စေသည့် ပြဿနာကို ဖြေရှင်းရန်အကူအညီပေးပါလိမ့်မည်။

မိမိကိုယ်တိုင်အတွက်လည်း အကူအညီရယူရန် မမေ့ပါနှင့်။ မိမိကိုယ်၌လည်း ဒေါသကို ထိန်းချုပ်ရန် အခက်အခဲရှိပါက မိမိပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းမှ အကူအညီပေးနိုင်သည့် သူများထံတွင်ဖြစ်စေ သက်ဆိုင်ရာစိတ်ပိုင်းဆိုင်ရာပညာရှင်နှင့်ဖြစ်စေ ဆွေးနွေးပါ။အကြံဉာဏ်ရယူပါ။ ကလေးငယ်၏ ရန်လိုခြင်းအပြုအမှုအား ဖြေရှင်းရသည်မှာ အင်မတန်သည်းညည်းခံကာ အချိန်ပေးရသည့်အလုပ်တစ်ခုဖြစ်ပါသည်။ ထိုကြောင့်မိမိကိုယ်ကိုလည်း ဂရုစိုက်ကာ အခြားမိမိ၏ချစ်ခင်မြတ်နိုးသူများထံမှ အကူအညီရယူပါ။ ကလေးကိုလည်းမှန်ကန်သော နည်းလမ်းများဖြင့် လမ်းညွှန်ပြသမှုများပြုလုပ်ပေးပါ။

ကြည်နှင်းခိုင်

Source - Aggression, Ages 6 to 12 by Beatrice Motamedi

 #သားသမီးများပြုစုရာတွင်သိထားသင့်သောအချက်များ***************************************ကလေးများ၏ဦးဏှောက်ဖွံ့ဖြို့မှုသည်မွေး...
25/10/2021

#သားသမီးများပြုစုရာတွင်သိထားသင့်သောအချက်များ
***************************************
ကလေးများ၏ဦးဏှောက်ဖွံ့ဖြို့မှုသည်
မွေးစမှ အသက် ၆ နှစ်အထိ ဖွံ့ဖြိုးဆဲဖြစ်ပြီး
အသက် ၆ နှစ်ပြည့်မှာ ဖွံ့ဖြိုးမှုရပ်တံ့သွားသည်ဟု
ပညာရှင်များကဆိုထားပါသည်

ထိုသို့ မွေးစမှစတင်ဖွံ့ဖြို့ရာတွင်
အသက် ၁နှစ် ၂ နှစ်အရွယ်မှာ
စိတ်ခံစားမှုအရင်ဖွံ့ဖြိုးပါသည်

ထိုသို့စိတ်ခံစားမှုဖွံ့ဖြိုးရာတွင်
အကောင်းနှင့်အဆိုးနှစ်မျိုးရှိပါသည်

#ကောင်းသောစိတ်ခံစားမှု
+ချစ်တတ်ခြင်း(မိမိကိုယ်မိမိသို့မဟုတ် အခြားသူများအပေါ်)
+ပျော်ရွှင်တတ်ခြင်း(Joy)
+ဂုဏ်ယူစိတ်ရှိခြင်း
+ကိုယ်ချင်းစာတတ်ခြင်း
+အကောင်းဘက်ကို မျှော်လင့်တတ်ခြင်း
+ပျော်ရွှင်ခြင်း(Happiness)

#မကောင်းသောစိတ်ခံစားမှု
-မုန်းတီးစိတ်ဖြစ်ခြင်း(မိမိကိုယ်မိမိသို့မဟုတ် အခြားသူများအပေါ်)
-ကြောက်ရွံ့ခြင်း
-ဒေါသထွက်ခြင်း
-ဝမ်းနည်းခြင်း
-အပြစ်ရှိတယ်လို့ခံစားနေရခြင်း
-ရှက်ရွံ့သိမ်ငယ်ခြင်း
-နောင်တရခြင်း

ကောင်းသောစိတ်ခံစားမှုဖွံ့ဖြိုးလာစေရန်အတွက်
မကောင်းသောစိတ်ခံစားမှုဖြစ်ပေါ်စေနိုင်သော
အောက်ပါအပြုအမှုများကို
အတတ်နိုင်ဆုံးဆင်ခြင်ကြရပါမယ်

#ကလေးများကိုမခံချင်အောင်စခြင်း
(ချစ်လို့ဆိုပြီး ကလေးကိုမခံချင်အောင်စတတ်ကြပါတယ် အဲဒီအခါမှာ ကလေးက ဒေါသထွက်မယ် စိတ်တိုပြမယ် ပြန်အော်မယ် အဲဒီခံစားမှုတွေငယ်ငယ်ကထဲကဖွံ့ဖြိုးနေတဲ့ကလေး
ဟာ စိတ်ရှည်သည်းခံမှုတွေနည်းသွားမယ်
သူတစ်ပါးကို မုန်းတီးတတ်လာမယ်)

#ကလေးများကိုကြမ်းတမ်းသည့်စကားလုံးးများဖြင့်ဆုံးးမခြင်း
(ကလေးတွေကိုပြောစကားနားမထောင်ရကောင်းလား
ဆိုပြီး ကြမ်းတမ်းစွာအော်ဟစ်ဆုံးမပါက
ထိုကလေးမှာ ကြောက်ရွံ့စိတ်များဖွံ့ဖြိုးလာပြီး
အရွယ်မရောက်ခင် ကိုယ့်ကိုယ်ကို သိမ်ငယ်သွားနိုင်ပါတယ်)

#ရိုက်ဆုံးမခြင်း
(ရိုက်ဆုံးမခံလို့ကြောက်တဲ့စိတ်ခံစားမှုတွေ
ဖွံ့ဖြိုးလာမယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတွေ
အကောင်းဖက်ကိုမျှော်လင့်တတ်မှုတွေနည်းသွားတတ်ပါတယ် အကျိုးသင့်အကြောင်းသင့်ပြောတဲ့အခါ
လက်ခံနိုင်စွမ်းတွေနည်းသွားတတ်ပါတယ်
ရန်လိုတတ်လာပါတယ်)

#ကလေးကိုအလေးထားမဆက်ဆံခြင်း
(ကလေးကို ဂရုတစိုက်မရှိပဲ ဦးစားမပေးပဲ ကိုယ့်အလုပ်ကိုပဲဦးစားပေးလုပ်နေမယ်ဆိုရင်
ထိုကလေးတွေမှာ အပြစ်ရှိတယ်လို့ခံစားရပြီး
ပျော်ရွှင်စွာနေလိုစိတ်တွေ ပျော်ရွှင်တတ်မှုစတဲ့စိတ်ခံစားမှုတွေနည်းသွား
တတ်ပါတယ်
ကိုယ်လုပ်ချင်ရာဇွတ်လုပ်တတ်တဲ့အပြုအမူတွေ
လုပ်ဆောင်တတ်ပါတယ်)

ဒါကြောင့်
မိမိရင်သွေးငယ်များကို ဆက်ဆံတဲ့အခါ
လေးစားစိတ်နဲ့ကိုယ်ချင်းစာတရားထားပြီး
မှန်ကန်နည်းလမ်းကျတဲ့ဆုံးမမှုသွန်သင်မှုနှင့်
ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းလိုက်ပါတယ်
Saya Than
(ပွင့်ဖြူ)
အောက်တိုဘာ ၂၀,၂၀၁၇


ကလေးတွေကိုဘယ်လိုဆုံးမရမလဲမိဘတွေတော်တော်များများအမြင်လွဲမှားနေကြတာရှိတယ်။ ကလေးကိုဆုံးမရင် ရိုက်တာအပြစ်ပေးတာလောက်ပဲလုပ်လေ့...
30/07/2021

ကလေးတွေကိုဘယ်လိုဆုံးမရမလဲ

မိဘတွေတော်တော်များများအမြင်လွဲမှားနေကြတာရှိတယ်။ ကလေးကိုဆုံးမရင် ရိုက်တာအပြစ်ပေးတာလောက်ပဲလုပ်လေ့ရှိကြတယ်။တကယ်တော့ ဆုံးမတယ်ဆိုတာက သင်ကြားပေးတာ၊ပညာပေးတာ ၊တည့်မတ်ပေးတာ တွေဖြစ်ပါတယ်။ ဒီတော့ ကလေးတွေကိုဆုံးမတဲ့အခါ ပက်ပက်စက်စက်ပြောတာတွေ ရက်ရက်စက်စက်အပြစ်ပေးတာတွေကိုရှောင်ပြီးတော့ ဆုံးမရတဲ့အကြောင်းအရင်းကို ကလေးနားလည်သဘောပေါက်အောင်အရင်ပြောပြ ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာသင်ပေးပါ ဘာကြောင့်လုပ်ရတယ်ဆိုတာပညာပေးပါ ဘာဆက်လုပ်သင့်တယ်ဆိုတဲ့ တည့်မတ်မှုကိုပေးဖို့လိုပါတယ်။

မိဘတွေရဲ့ ဆုံးမမှုကို အပင်စိုက်ပျိုးတာနဲ့တင်စားလို့ရနိုင်ပါတယ်။ ဥယျာဥ်မှုးကမြေကြီး ကို တူးဆွမယ် အပင်ကိုရေလောင်းပြီး မြေသြဇာထည့်မယ် အပင်ဖျက်ပိုးတွေကနေကာကွယ်ပေးမယ် မလိုအပ်တဲ့ပေါင်းပင်တွေကိုရှင်းထုတ်မယ် ကိုယ်လိုချင်တဲ့ပုံစံအတိုင်းကြီးထွားလာဖို့အတွက် မလိုအပ်တဲ့အကိုင်းအခက်တွေကို ခုတ်ဖြတ်ပေးရမယ်။ ဒီလိုမျိုး နည်းပေါင်းစုံနဲ့ ပြုစုမှ အပင်သန်မယ်ဆိုတာ ဥယျာဥ်မှုးတွေသိကြပါတယ်။ ဒီလိုပါပဲ မိဘတွေက သားသားမီးမီးများ ကိုငယ်စဥ်ကတည်းက နည်းလမ်းပေါင်းစုံသုံးပြီးတော့ ဂရုစိုက်ပြုစုပေးကြပါတယ်။ မလိုအပ်တဲ့အကိုင်းအခက်တွေကို ခုတ်ဖြတ်ပေးရသလို ကလေးရဲ့ ဥာဥ်ဆိုးတွေကို ငယ်စဥ်ကတည်းကဖယ်ရှားပေးဖို့လိုပါတယ်။ ဒါမှကလေးဟာ လူကောင်းတစ်ယောက်ဖြစ်လာပါမယ်။ ဒါပင်မဲ့ မလိုအပ်တဲ့အကိုင်းအခက်တွေကို ခုတ်တဲ့အခါသတိထားဖို့လိုပါတယ်။မဟုတ်ရင်အပင်​သေသွားနိုင်ပါတယ်။ ဒီလိုပဲကလေးကိုဆုံးမတဲ့အခါ နည်းလမ်းတကျ မေတ္တာနဲ့ဂရုစိုက်ပြီး အပြစ်မမြင်စွာ ဆုံးမပေးဖို့လိုပါတယ်။ ဆုံးမတဲ့နည်းလမ်းမှားသွားတဲ့အခါ ကလေးတွေမှာ စိတ်ဒဏ်ရာ ရတာတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်သွားရတာတွေ တစ်ခုခုဆိုအားငယ်စိတ်ကြီးစိုးလာတာမျိုးတွေဖြစ်လာနိုင်တာမို့ ဆုံးမတဲ့နေရာမှာ အလွန့်အလွန်ကိုအရေးကြီးပါတယ်။

မိဘတွေအနေနဲ့ မလုပ်ရမယ့်အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က မသေချာမပြတ်သားတဲ့စည်းကမ်းမျိုး လုံးဝမချမှတ်ရပါဘူး။ ကလေးတွေဟာ အရာရာစူးစမ်းချင်စိတ်ရှိပြီးတော့ သူတို့ဘယ်လောက်ထိလုပ်ပိုင်ခွင့်ရှိသလဲဆိုတာကိုလေ့လာနေတက်ကြပါတယ်။ ဒါကြောင့်ချမှတ်ထားတဲ့စည်းကမ်းကို ချိုးဖောက်တာ မျိုးလုပ်လေ့ရှိပါတယ်။ ဥပမာ. ဒါလုပ်ရင် ဒီလိုအကျိုးဆက်တွေခံစားရမယ်လို့ မိဘတွေပြောပြထားရင်တောင် မိဘတွေတကယ်လုပ်မလုပ်ဆိုတာ လက်တွေ့စမ်းကြည့်ကြလေ့ရှိပါတယ်။ အဲလိုမျိုးကလေးတွေဟာ ပြောမရဆိုမရဆိုးသွမ်းတဲ့ကလေးလို့ပြောလို့ရပြီလားဆိုတော့မရသေးပါဘူး။ မနာခံရင် အပြစ်ပေးမယ် လို့မိဘတွေပြောပြထားတဲ့အတိုင်း အပြစ်ပေးဖို့လိုပါတယ်။ ဒီနေရာမှာ ကိုယ်ကပြောလည်းလုပ်နေတာပဲဆိုပြီး အပြစ်မပေးတော့ဘူး စည်းကမ်းအတိုင်း အရေးယူမှုမရှိဘူးဆိုရင် ဒီကလေးဟာ စည်းကမ်းတွေကိုဘယ်တော့မှလေးစားလိုက်နာတော့မှာမဟုတ်ပါဘူး။ဒါကြောင့် စည်းကမ်းချမှတ်တဲ့အခါ မသေချာ မပြတ်သားတဲ့စည်းကမ်းမျိုး လုံးဝမချမှတ်ရပါဘူး။

ဒုတိယတစ်ချက်အနေနဲ့ တင်းကြပ်လွန်းတဲ့စည်းမျဥ်းစည်းကမ်းတွေမချရပါဘူး။ တချို့သောမိဘတွေက ကလေးကို စည်းကမ်းတွေတသီတစ်တန်းကြီး ချမှတ်ထားကြပါတယ်။ကလေးတွေက ချမှတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်မိတဲ့အခါမိဘတွေကစိတ်ဆိုးပြီး နောက်ထပ်စည်းကမ်းတွေတစ်ခုပြီးတစ်ခုထပ်တိုးပြီးချမှတ်ကြပါတယ်။ အဲ့လိုလုပ်တဲ့အခါ အခြေနေပိုဆိုးလာနိုင်ပါတယ်။ မိဘတွေက ထိန်းချုပ်ဖို့ကြိုးစားလေ ကလေးက ရုန်းထွက်ဖို့ကြိုးစားလေဆိုတာမျိုးတွေဖြစ်လာပြီး ပြသနာပြေလည်သွားရမယ်အစားပိုမိုဆိုးရွားသွားနိုင်ပါတယ်။ဒါကြောင့်တင်းကြပ်တဲ့ စည်းမျဥ်းတွေကိုရှောင်ရှားရပါမယ်။

ကဲဒါဆိုရင် ဘယ်လိုဆုံးမရမလည်း

၁။ သင့်ကလေးလုပ်တဲ့အပြုအမူက တခြားတစ်ယောက်ကိုမထိခိုက်စေဘူးဆိုရင် အပြစ်မပေးပါနဲ့။စူးစမ်းချင်စိတ်ကိုမကန့်သတ်လိုက်ပါနဲ့ဗျ။

၂။ အမိန့်မပေးပါနဲ့ အကြံပေးပါ။

၃။ အများသူငါရှေ့မှာ အပြစ်ပေးခြင်းဆူပူခြင်းလုံးဝမလုပ်ရပါ။

၄။ ကလေးတွေကို ခြမ်းခြောက်ပြီး မဆုံးမပါနဲ့ ပြစ်ဒဏ်ပေးမယ်လို့ပြောပါ။

၅။ ကလေးနှစ်ယောက်ကြောင့်တစ်ခုခုပျက်စီးသွားတဲ့အခါ ဘယ်သူ့အမှားမှန်းသင်မသိနိုင်တာကြောင့် အထင်အမြင်နဲ့ တစ်ယောက်တည်းကိုပဲ ရွေးပြီး မဆူလိုက်ပါနဲ့။

၆။ ကလေးတွေကိုအပြစ်ပေးတဲ့အခါအသက်အရွယ်နှင့်ကိုက်ညီဖို့လိုပြီး သူတို့နှစ်သက်တဲ့အရာလေးတွေကို စာပိုကြိုးစားချင်စိတ်ရှိလာအောင်ပိတ်ပင် လိုက်ပါ။

၇။ ညစ်ညမ်းတဲ့စကားအသုံးအနှုန်းမျိုးဖြင့်ဆူပူခြင်း အပြစ်ပေးခြင်းလုံးဝမလုပ်ရပါ။

၈။ ကလေးကိုအပြစ်တင်ပြောဆိုတာမျိုးမလုပ်ဘဲသင့်ရဲ့ခံစားချက်ကိုဝေမျှပြောဆိုပေးပါ။

၉။ သင့်ရဲ့မျှော်လင့်ချက်ဖြစ်စေချင်တာကိုပြောပြပါ။

၁၀။ ကလေးကိုအကောင်းဆုံးလုပ်ခွင့်ပေးလိုက်ပါ။

၁၁။ ကလေးတွေကိုရွေးချယ်ခွင့်ပေးပါ။

'' ၁၉ ဇူလိုင် မမေ့နိုင် ''
19/07/2021

'' ၁၉ ဇူလိုင် မမေ့နိုင် ''

🦠ကလေးကိုဗစ်Credit: ပါမောက္ခဒေါက်တာစောဝင်း  (ကလေးကျန်းမာရေး) ✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်  တအိမ်ထဲက ဖြစ်နေတ...
14/07/2021

🦠ကလေးကိုဗစ်
Credit: ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

➡️၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🩺ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သေါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🤮အံရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

😱 မူကြို၊ ကျောင်းတက်စအရွယ်ကလေး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခဲ့ရင်ကလေးတွေ သီးခြင်း/နင်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ...
24/06/2021

😱 မူကြို၊ ကျောင်းတက်စအရွယ်ကလေး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခဲ့ရင်

ကလေးတွေ သီးခြင်း/နင်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေး သီးပြီဆိုရင် အောက်ပါအချက်တွေ ချက်ချင်းဆိုသလို ဖြစ်လာနိုင်ပါတယ်။
😣😵 ပင့်သက်ရှိုက်ခြင်း၊ အသက်ရှူမှားခြင်း၊ အသက်ရှူရင်တစ်ရွှီရွှီမြည်ခြင်း
🤢 စကားမပြောနိုင်ခြင်း၊ မငိုနိုင်ခြင်း၊ အသံမထွက်နိုင်ခြင်း (မရှူနိုင်မကယ်နိုင်ဖြစ်ခြင်း)
🥶 မျက်နှာတွေပြာနှမ်းလာခြင်း
👉 ကိုယ့်လည်ပင်းကိုပြန်ကိုင်နေခြင်း၊ လက်တွေဝှေ့ယမ်းပြခြင်း
👉 စိတ်ရူးပေါက်မတတ် အလွန်အမင်း လန့်ဖြန့်နေခြင်း

ဘယ်လိုလုပ်မလဲ❓
ကလေး တစ်ခုခုသီးနေပြီလို့ သိလိုက်တာနဲ့ စိတ်အေးအေးထားခိုင်းပြီး သူ့ကိုချောင်းဆိုးခိုင်းပါ။ ချောင်းဆိုးရုံနဲ့ထွက်မလာရင် အောက်ပါနည်းလမ်းတွေအတိုင်းလုပ်ပါ။
1️⃣ ကျော (၅)ချက် ကလေးကို အရှေ့ကုန်းထိုင်ခိုင်းပြီး လက်ဖနှောင့်နဲ့ လက်ပြင်ရိုးနှစ်ခုကြားကို ခပ်ပြင်းပြင်းလေးထုပေးပါ။ တစ်ချက်ထုပြီးတိုင်း ပိတ်နေတဲ့ပစ္စည်းထွက်သွားပြီလား စစ်ဆေးပါ။ ကျော(၅)ချက်ထုရုံနဲ့ထွက်မလာဘူးဆိုရင် ရင်(၅)ချက်ထုရပါတော့မယ်။
2️⃣ ရင် (၅)ချက် ကလေးကို ထိုင်ခိုင်းပါ။ လက်တစ်ဖက်ကို ကလေးကျောဘက်အလယ်တည့်တည့်မှာထောက်ထားပါ။ နောက်လက်တစ်ဖက်ကို ကလေးငယ်ရဲ့ ရင်ဘတ်အလယ်တည့်တည့်မှာထားပါ။ ရင်ဘတ်ကိုထောက်ရင် လက်ဖနှောင့်နဲ့ထောက်ပြီး (၅)ချက်ထုပါ။ နှလုံးနဲ့ အဆုတ်ပြန်လည်သက်ဝင်လှုပ်ရှားအောင်လုပ်တဲ့ အသက်ကယ်နည်း (CPR) နဲ့ဆင်တူပေမယ့် ရင်(၅)ချက်ထုနည်းက ပိုမိုနှေးကွေးပြီး အားပိုပြင်းပါတယ်။ ရင်ကို တစ်ချက်ထုပေးပြီးတိုင်း ပိတ်ဆို့နေတဲ့ဟာထွက်မထွက် စစ်ဆေးပါ။
3️⃣ ကျော၊ ရင် (၅)ချက် တစ်လှည့်စီ အကယ်လို့ နံပါတ် (၁)နဲ့(၂)လုပ်ပြီးတဲ့ထိ နင်နေတုန်းပဲဆိုရင် အရေးပေါ်အကူအညီရောက်မလာမချင်း သို့မဟုတ် ဆေးရုံကိုမရောက်မချင်း ကျော(၅)ချက်၊ ရင်(၅)ချက် တစ်လှည့်စီတောက်လျှောက်လုပ်ပေးနေပါ။ ကလေးသတိလစ်သွားခဲ့ရင် CPR လုပ်ဖို့လိုပါတယ်။

ဘယ်လိုကာကွယ်မလဲ❓
🚫 အသက် (၄)နှစ်အောက်ကလေးငယ်တွေကို အလွယ်တကူ သီးစေ၊ နင်စေမယ့်အစားအသောက်တွေမကျွေးသင့်ပါဘူး။ ဒါ့အပြင် ပါးစပ်ထဲအလွယ်တကူထည့်လို့ရနိုင်တဲ့ အရွယ်အစားရှိတဲ့ အရုပ်တွေနဲ့မဆော့ခိုင်းသင့်ပါဘူး။ ဥပမာ - အစေ့အဆန်၊ မုန်လာဥနီ၊ ပေါက်ပေါက်ဆုပ်၊ သကြားလုံး အစရှိတာတွေ မစားခိုင်းပါနဲ့၊ စပျစ်သီးလိုအသီးအနှံတွေကျွေးမယ်ဆိုလည်း သေးသေးလေးဖြစ်အောင် ညှပ်ကျွေးပါ။ ဂေါ်လီလုံးလိုမျိုး လုံးဝန်းတဲ့အရုပ်မျိုးတွေနဲ့လည်း မဆော့ခိုင်းပါနဲ့။
❎ ကလေးငယ်စားတဲ့အခါ တစ်ခါကျွေးရင် နည်းနည်းချင်းစီသာကျွေးပါ။ ကလေးထမင်းစားနေချိန် ပါးစပ်ထဲမှာ ပလုပ်ပလောင်းနဲ့ စကားပြောခြင်း၊ ရယ်မောခြင်းမလုပ်ပါစေနဲ့။
‼️ အလွယ်တကူမျိုချလို့ရနိုင်တဲ့ပစ္စည်းတွေကြမ်းပြင်မှာကျနေရင် ဖယ်ရှားပစ်ပါ။ လေရောပြီးပိန်နေတဲ့ဘောလုံး၊ ဘောပင်အဖုံး၊ အကြွေစေ့၊ ပုတီးစေ့၊ ဘက်ထရီ၊ ဂေါ်လီလုံးအစရှိတာတွေကို ကလေးငယ်လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။
👍 ကလေးငယ် သီးလာရင် ရင် (၅)ချက်၊ ကျော(၅)ချက်ထုနည်းလုပ်တတ်အောင် လေ့လာသင်ယူထားပါ။ အရေးပေါ်အသက်ကယ်နည်းဖြစ်တဲ့ နှလုံးနဲ့အဆုတ်ပြန်လည်သက်ဝင်လှုပ်ရှားစေတဲ့ CPR လုပ်နည်းကို သင်ယူထားပါ။

သင့်ကလေးမှာ Screen Time တွေများနေပြီလား ???ဒါကို ဘယ်လိုလျှော့ချကြမလဲမျက်မှောက်ခေတ်လို digital ခေတ်ကြီးထဲမှာတော့ ကလေးငယ်တ...
23/06/2021

သင့်ကလေးမှာ Screen Time တွေများနေပြီလား ???
ဒါကို ဘယ်လိုလျှော့ချကြမလဲ

မျက်မှောက်ခေတ်လို digital ခေတ်ကြီးထဲမှာတော့ ကလေးငယ်တွေကို ဖုန်းနဲ့ အဝေးမှာ ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ လူငယ်တွေ၊ ဆယ်ကျော်သက်တွေမပြောနဲ့ ကလေးငယ်တွေကအစ ဖုန်းကို တအားမက်ကြတာကိုး။ ဖုန်းမပေးရင်ကို ပြသနာရှာနေတော့တာ။ အစကတော့ သူတိုမငြိမ်လို ဖုန်းပေးထားလိုက်ရာက အခုတော့ ဖုန်းမပေးရင် မငြိမ်တော့သလို သံသရာတွေ လည်လာတယ်။

တကယ်တော့ ကလေးက ငယ်လေ၊ screen time နည်းတာ ကောင်းလေပဲပေါ့။ စစ်တမ်းတွေအရ မွေးကင်းစကနေ ၁၈ လအောက်အထိက screen time လုံးဝမရှိရပါဘူးတဲ့။ ဒါပေမဲ့လည်း အဖိုးဖွားတွေ၊ အိမ်မှာအတူရှိနေတဲ့သူတွေဆီကနေတဆင့်ကတော့ အနည်းနဲ့အများ မြင်နေရမှာပဲလေ။ ဒါကတော့ နည်းနည်းပါးပါးချွင်းချက်ပေါ့။ ၁၈ လကနေ ၂၄ လအထိကတော့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ နည်းနည်းပါးပါး ကြည့်လိုရနေပြီ။ ဒါပေမဲ့လည်း ဒီ နှစ်နှစ်၊ သုံးနှစ်အရွယ်မှာ တစ်နာရီထက် ပိုကြည့်တာကတော့ မကောင်းသေးဘူး။

အဲဒီလိုပေါ့ သူတို့ကို ဒီထဲကနေဆွဲထုတ်လို့မရရင်တောင် ဖေဖေမေမေတို့က ကူညီပြီး သူတို့ screen time ကို လျှော့ချဖို့တော့ ဖြစ်နိုင်သေးတယ်မဟုတ်လား။ တစ်နေ့ကို တစ်နာရီပဲ ပေးကြည့်တာမျိုး၊ နားပြီးမှ ပေးကြည့်တာမျိုး၊ သူနဲ့အတူကြည့်တာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမဲ့လည်း အဲဒီလို လျှော့ချတဲ့နေရာမှာ အားလုံးက တူနေတာတော့ မဟုတ်ဘူး။ တကယ်လို့ မေမေတိုက သူ့ကို တီဗွီရှေ့တော့ ခေါ်သွားပါရဲ့ ဒါပေမဲ့ မေမေအကြိုက်ဆုံး show ကို ကြည့်နေမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ မေမေစိတ်ဝင်စားတဲ့ဟာကို သူစိတ်မဝင်စားဘူးဆို အလကားပဲ ဖြစ်နေမှာ သိတယ်မဟုတ်လား။

Device တွေနဲ့ မျက်နှာနဲ့ မခွာနိုင်ဖြစ်လာတဲ့အခါ အဓိက ပြသနာက ကလေးတွေမှာ activities တွေ အားနည်းလာတယ်၊ ပေါင်းသင်းဆက်ဆံရေး လျော့ကျလာတယ်၊ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ အဝလွန်တာတို ကျန်းမာရေးချိုတဲ့တာတို ဖြစ်နိုင်တယ်၊ မျက်စိအတွက်လည်း စိုးရိမ်ရတယ်။ နောက်ကျတော့ မိသားစုနဲ့ အဆက်အသွယ်ပါ ပြတ်လာပြီး နွေးထွေးတဲ့ပုံစံပျောက်လာမယ် ဒါတွေက မဟုတ်သေးဘူးပေါ့။

ဘယ်လို လျှော့ချရမလဲဆိုတော့ ခုနပြောခဲ့သလိုပဲ သူတို့အတူခဏတဖြုတ်ကြည့်ပေး။ ပြီးရင်တော့ တခြားလုပ်လိုရမှာတွေ အတူလုပ်၊ သူ့ကိုအချိန်ပေး။ အပြင်လည်းခေါ်မယ် ဘောလုံးကစားမယ်၊ ဈေးဝယ်ထွက်မယ် စသည်ဖြင့်ပေါ့။ သူတို့နဲ့အတူကြည့်ရင်း သူတို့ ဘာတွေစိတ်ဝင်စားလဲ၊ ဘာတွေ ဝါသနာပါလဲဆိုတာကိုပါ လေ့လာထားသင့်တယ်။ အခုနောက်ပိုင်းဆို craft တွေ ခေတ်စားလာတော့ သူတို့ရော ဘယ်လိုဟာတွေ သဘောကျလဲ၊ ကိုယ်လိုက်လုပ်ပေးလို လွယ်မလား။ ခက်ခဲရင်တောင် ကြိုးစားပေးကြည့်ပေါ့။ သူ့ရဲ့ဖန်တီးနိုင်မှုတွေကို ချီးကျူးပေး၊ ဝေဖန်ထောက်ပြပေး ဒီလိုနဲ့ screen time ကလည်း လျှော့ချပြီးသားဖြစ်သလို activities တွေကိုလည်း လုပ်ပြီးသားဖြစ်မယ်။ သူတိုနဲ့လည်း ပိုရင်းနှီးလာမယ် အဲဒီလိုပေါ့လေ။

ဖေဖေမေမေတိုရေ ….
လက်ထဲမှာ ဖုန်းမရှိရင် ပြသနာရှာတတ်တဲ့ သားသားမီးမီးတို ရှိပါလား။ ငြိမ်ရင်ပြီးရောဆိုပြီး အလွယ်တကူဖုန်းမပေးထားပါနဲ့တော့နော်။ နည်းလမ်းတွေအများကြီးရှိမှာပါ။ အပေါ်မှာဆိုခဲ့သလို ပေးတော့ကြည့်မယ် ဘယ်နှနာရီပဲဆိုတာမျိုး၊ ဖုန်းကြည့်မယ့်အစား ဖေဖေနဲ့စက်ဘီးစီးမယ်၊ မေမေနဲ့ ခိုစာလေးတွေ သွားကျွေးမယ် စသည်ဖြင့် သူတိုအတူတူ အချိန်ကုန်ဆုံးပေးပါ။ အဲဒီလိုနည်းလမ်းတွေနဲ့ သူတိုလေးတွေရဲ့ ဖုန်းစွဲလွန်းတဲ့ပြသနာကို ဖြည်းဖြည်းချင်းစီ ဖြေရှင်းနိုင်ကြပါစေနော်။

ဖုန်းစွဲနေတဲ့ကလေးတွေဖတ်ဖို့ > https://truesmyanmar.com/collections/story-book

rue's team
*******************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။

#ကလေးစာပေ #ကလေးစာအုပ်

ဘယ်သန်ကလေးများအကြောင်း ✍🏻✍🏻✍🏻✍🏻✍🏻✍🏻❓ဘယ်သန်ကလေးတွေက်ို ညာသန်ဖြစ်အောင် ပြောင်းရမလား။❓ဘယ်သန်ကလေးတွေကို ဘယ်သန်မဖြစ်စေချင်ဘူး...
23/06/2021

ဘယ်သန်ကလေးများအကြောင်း
✍🏻✍🏻✍🏻✍🏻✍🏻✍🏻

❓ဘယ်သန်ကလေးတွေက်ို ညာသန်ဖြစ်အောင် ပြောင်းရမလား။
❓ဘယ်သန်ကလေးတွေကို ဘယ်သန်မဖြစ်စေချင်ဘူး။
❓ဘယ်သန်ကို ညာသန်ဖြစ်အောင်ဘယ်လို ပြောင်းရမလဲ။
ဆိုတဲ့ မေးခွန်းဟာ ဘယ်သန်ကလေးတွေရဲ့မိဘများ အသိချင်ကြဆုံး မေးခွန်းလည်းဖြစ်ပါတယ်။
ဘယ်သန်ကလေးတွေကို ညာသန်ဖြစ်အောင်အတင်း မပြောင်းရဘူးဆိုတာကို ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့သိပြီးဖြစ်ပေမယ့် ကျွန်မတို့ နိုင်ငံမှာတော့မိဘဆရာတော်တော်များများ မသိကြသေးပါဘူး။

ဘယ်သန်ကလေးတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းပဲ ရှိကြတဲ့ကလေးများသာမို့ သူတို့ကလေးတွေဟာ ညာသန်ကြီးစိုးတဲ့လူ့အဖွဲ့အစည်းကြီးထဲမှာ လူနည်းစုကလေးတွေသာဖြစ်ကြပါတယ်။ဘယ်သန်ကလေးတွေရဲ့ဖြတ်သန်းလာရတဲ့ သမိုင်းကိုကြည့်ရင် တော်တော်များများဟာ စိတ်ပိုင်း၊ရုပ်ပိုင်း နာကျင်ထိခိုက်ခံစားခဲ့ရရှာပါတယ်။ ညာသန်အဖြစ် အတင်းအကြပ် အပြောင်းမခံရတဲ့ ဘယ်သန်ကလေးများတောင်မှသူတို့ရဲ့ ဘယ်သန်ဖြစ်ရတဲ့ဘဝဟာမလွယ်ကူလှပါဘူး။ညာသန်တွေအတွက်သာရည်ရွယ်ထုတ်လုပ်ထားတဲ့အသုံးအဆောင် ပစ္စည်းများဟာ ဘယ်သန်ကလေးတွေတွက် သုံးစွဲရတာအဆင်မပြေလှပါဘူး။

🔎 ဘယ်သန်ကလေးတွေဘာကြောင့်ဖြစ်

ဘယ်သန်ကလေးတွေကို မျိုးရိုးဗီဇ (Genes)ကြောင့်ဖြစ်တယ်လို့ အစောပိုင်းကာလတွေမှာဆိုကြပေမဲ့ နောက်ပိုင်းမှာတော့ ရုပ်ချင်း ချွတ်စွပ်တူသူ အမြွှာကလေးတွေဟာ မျိုးရိုးဗီဇ(Genes)တူပေမဲ့ တစ်ယောက်ကဘယ်သန်၊တစ်ယောက်က ညာသန် ဖြစ်နေကြတာက်ို တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် ပညာရှင်များဟာ ဘယ်သန်ဟာမျိးရိုးဗီဇကြောင့် မဟုတ်တန်ဘူးရယ်လို့ မှတ်ယူလာကြပါတယ်။

၂၀၀၈ခုနှစ်မှာ ဆွီဒင်မှာလုပ်ခဲ့တဲ့ သုတေသနအရ ဘယ်သန်ဟာ ကိုယ်ဝန်ဆောင် စိတ်ကျရောဂါနဲ့ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘယ်သန် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိပ္ပံပညာအနေနဲ့ တိကျသေချာစွာ မသိသေးပါဘူး။

🔎 ဘယ်သန်ကလေးတွေ ညာဘက်ဦးနှောက် ပိုဖွံ့ဖြိုးစေသလား

ညာဘက်ကြွက်သားများ လှုပ်ရှားမှုက်ို ဘယ်ဘက်ဦးနှောက်ခြမ်းက ထိန်းချုပ်ပြီးတော့၊ဘယ်ဘက်ကြွက်သားများ လှုပ်ရှားမှုကိုတော့ညာဘက်ဦးနှောက်ခြမ်းက ထိန်းချုပ်ထားပါတယ်။ အဲဒီလို ထိန်းချုပ်မှုကြောင့်ပဲ ဘယ်သန်တွေဟာညာဘက် ဦးနှောက် ပိုဖွံ့ဖြိုးတယ်ဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ဖူးပါတယ်။ဒါပေမယ့် ဒါဟာ တကယ်တော့မဟုတ်ပါဘူး။ နယူးဇီလန်နိုင်ငံ University of Welligton မှ ဦးနှောက်ဥာဏ်ပိုင်းဆိုင်ရာ သိမှုပါရဂူတစ်ဦးဖြစ်သူ Gina Grimshaw က ဘယ်သန်တွေ ညာဘက်ဦးနှောက်ဖွံ့ဖြိုးတယ် ဆိုတာဟာ တကယ်တော့ ကြီးမားတဲ့ အယူအဆမှား တစ်ခုသာဖြစ်ကြောင်းကိုသုတေသနပေါင်းများစွာ လုပ်ပြီးတော့ သက်သေပြခဲ့ပါတယ်။
ညာသန် ၉၈ရာခိုင်နှုန်းဟာ ဦးနှောက်ညာဘက်ပိုင်း အလုပ်တွေဖြစ်တဲ့တီထွင်ဖန်တီးမှုနဲ့ဆိုင်တဲ့ အလုပ်တွေ၊စိတ်ကူးစိတ်သန်း ကွန့်မြူးရတဲ့ အလုပ်တွေ၊ပန်းချီ၊စာပေရေးသားခြင်း၊သရုပ်ဆောင်မှုပညာစတဲ့ အလုပ်တွေမှာ ထူးချွန်စွာ လုပ်ဆောင်နိုင်ကြသလ်ို၊ဘယ်သန် ၇၀ ရာခိုင်နှုန်းလောက်ဟာလည်း ဒီအလုပ်တွေက်ို လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။
ဦးနှောက်ညာဘက်ပိုင်းဖွ့ံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်းဟာ ဘယ်သန်ဖြစ်ခြင်း၊ ညာသန်ဖြစ်ခြင်းနဲ့မသက်ဆိုင်လှပါဘူး။
ဦးနှောက်ဘယ်ဘက်ခြမ်းအလုပ်ဖြစ်တဲ့ စကားပြောဆိုမှု(ဘာသာစကား)မှာလည်း ဘယ်သန်နဲ့ညာသန်ဟာအတူတူပါပဲ။ဘယ်သန်မို့လို့ စကားပြောဆိုမှုနှောင့်နှေးသွားတာ၊စကားနှေးသွားတာ၊စကားပြောနောက်ကျတာ ဆိုတာမျိုးတွေကို သုတေသနအရ မတွေ့ရဘူးလို့ ဆိုပါတယ်။ အာရုံ စူးစိုက်နိုင်စွမ်းအား၊စိတ်ခံစားမှု၊ဂီတကို ဖန်တီးနိုင်မှု၊ခံစားနိုင်မှု စတဲ့ နေရာတွေမှာလည်း ဘယ်သန်နဲ့ညာသန်ဟာထူးထူးခြားခြား ဘာမှကွာခြားမှု မရှိဘူးလို့ Ginaကပြောပါတယ်။
ဘယ်သန်နဲ့ ညာသန်ဉာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်းမှာ ဘာမှ ကွာခြားမှုမရှိဘူးလို့ ဆိုပေမယ့် ညာသန်ကြီးစိုးတဲ့ လူ့ အဖွဲ့အစည်းကြီးက ဘယ်သန်တို့ကို ဘယ်လိုကြိုဆိုသလဲဆိုတာပေါ် မူတည်ပြီင်္းတော့ ဘယ်သန်များရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊စိတ်ဒဏ်ရာစတာတွေ ပေါ်လာရတော့တာပါပဲ။

🔎 ညာသန်များတဲ့လူ့အဖွဲ့အစည်းနဲ့ဘယ်သန်များ
ဘယ်သန်ကလေးအဖြစ် မွေးလာတဲ့ ကလေးများရဲ့မိဘတော်တော်များများဟာ ညာသန်ဖြစ်နေတတ်ကြပါတယ်။ကျွန်မတို့ နိုင်ငံမှာတော့ဘယ်သန်ကလေးတွေကို ဟင် သူက ဘယ်ကျော်ကြီးလား ဆိုတဲ့မနှစ်မြို့တဲ့အသံမျိုးနဲ့ ကြိုဆိုတတ်ကြတယ်။ရိုးရာယဉ်ကျေးမှု ထုံးထမ်းစဉ်လာအရဘယ်လက်ဟာ မကောင်းဘူးလို့ယူဆတာကြောင့် ဘယ်လက်နဲ့ထမင်းမစားနဲ့၊ဘယ်လက်နဲ့စာမရေးနဲ့စသဖြင့် ဘယ်သန်ကလေးတွေကို ညာသန်ဖြစ်အောင်လို့ အတင်းအကြပ် တိုက်တွန်းကြပါတယ်။ ဘယ်သန်ကို ညာသန်ဖြစ်အောင်လို့အတင်းဖိအားပေး လုပ်ခိုင်းခြင်းရဲ့ အကျိုးဆက်ကြောင့်ဘယ်သန်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားရပါတော့တယ်။

🔎 ဘယ်သန်ကိုညာသန်ဖြစ်အောင် ပြောင်းမှုကြောင့်ဖြစ်လာနိုင်သော အကျိုးဆက်များ

မွေးစကနေ ခုနစ်နှစ်တာကာလဟာ ကလေးတို့ ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် တစ်နည်းပြောရရင်စိတ်ပိုင်း၊ရုပ်ပိုင်း ဖွံ့ဖြိုးရေးအတွက် တည်ဆောက်တဲ့ကာလပဲဖြစ်ပါတယ်။မွေးစကတည်းကပါလာတဲ့ ဦးနှောက်နျူရွန်ဆဲလ်တွေဟာ နျူရွန်လမ်းကြောင်းတွေကိုဖောက်ကာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ဦးနှောက်ကို တည်ဆောက်နေတဲ့ ကာလပါ။
ဒီကာလမှာ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာတရားဟာ ကလေးတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးပါပဲ။ဘယ်သန်ကလေးတွေဟာ ဘယ်သန်ဖြစ်တဲ့အကြောင်းကို မိဘများ စတင်သတိထားမိလာတဲ့ အချိန်ကတော့ တစ်နှစ်ကျော် နှစ်နှစ်ကာလဘဲဖြစ်ပါတယ်။ဘာလေးလှမ်းပေးပေး ကလေးကဘယ်လက်နဲ့လှမ်းယူလာပြီမို့ ကိုယ့်ကလေးဟာ ဘယ်သန်ဖြစ်တော့မယ်ဆိုတာကိုမိဘများစသိလာပါပြီ။ညာသန်တွေများတဲ့ လူမှုအဖွဲ့အစည်းထဲမှာ ကိုယ့်ကလေးက ဘယ်သန်ဖြစ်ရတယ်ဆိုတော့ မိဘများအနေနဲ့စိတ်အနှောက်အယှက်စဖြစ်လို့လာပါပြီ။ကိုယ်အနားဝန်းကျင်မှာရှိကြတဲ့သူများကလည်း ဘယ်သန်မဖြစ်စေနဲ့ညာသန်ဖြစ်အောင်လေ့ကျင့်ပေး၊ကလေး ပစ္စည်းတစ်ခုခုကို ဘယ်လက်နဲ့လှမ်းယူရင် မပေးနဲ့၊ ညာလက်နဲ့ယူခိုင်းဆိုင်္ပြီးတော့ ကလေးမိဘတွေကို ဝိုင်းပြီး သင်ကြားကြပါတော့တယ်။ ကလေးမိဘတွေကို ဝိုင်းပြီး သင်ကြားကြပါတော့တယ်။
ကလေးဟာ စိတ်ရော ရုပ်ပါ စိတ်ချလုံခြုံရတဲ့ပတ်ဝန်းကျင်ကနေ သူ့အတွက်လိုအပ်တဲ့ ဖွံ့ဖြိုးမှုတွေက်ိုလွတ်လပ်စွာ သင်ယူလေ့လာခွင့် ရရမယ့်အချိန်မှာ ဟင်းနော်၊ဘယ်လက်နဲ့ မက်ိုင်နဲ့၊ရိုက်ထည့်လိုက်မယ်၊ဘယ်လက်နဲ့ယူရင် မေမေ မပေးဘူး ဆိုတဲ့တားမြစ်ပိတ်ပင်မှုတွေ၊ဆူပူဟန့်တားမှုတွေအောက်မှာ ကလေးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ နောက်ကျရပါတော့တယ်။ ကလေး စာစရေးပြီဆိုတဲ့ အချိန်ကိုရောက်တဲ့အချိန်မှာလည်း ဘယ်လက်နဲ့ စာရေးနေတဲ့ကလေးကို ညာလက်နဲ့ အတင်းရေးခိုင်းတာကြောင့် ကလေးဟာ လက်ရေးပိုဆိုးလာစေတယ်။
ကလေးကို အတင်းခြောက်လှန့်ပြီး ညာသန်ဖြစ်အောင်လုပ်မှုကြောင့် ကလေးဟာ ကြောက်လန့်စိတ်နဲ့ စိတ်မလုံခြုံတာကို ခံစားရစေပါတော့တယ်။ဒီအကျိုးဆက်က အိပ်ရာထဲမှာ ရှူးပေါက်ချတာ၊စကားထစ်တာ၊လက်သည်းကိုက်တာ၊ပုံမှန်ထက်ပိုပြီးတော့ ရှက်ကြောက်တာ၊အာရုံစူးစိုက်မှု အားနည်းတာ၊ ငယ်ဘဝမှတ်ဥာဏ်ထဲမှာ ဘယ်လက်ကနေ ညာလက် အပြောင်းခံလိုက်ရတဲ့အရာဟာပျော်စရာမကောင်းတဲ့ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ခဲ့စေတာ၊စာဖတ်ရတာအခက်အခဲရှိစေတာ၊စာလုံးတွေက်ို ပေါင်းဖို့ခက်တာစတဲ့ ပြဿနာတွေကိုကြုံရနိုင်ပါတယ်။ဒီပြဿနာတွေကို ကြုံရခြင်းဟာဘယ်သန်ဖြစ်လို့ ကြုံရခြင်းမဟုတ်ပါဘူး။ဘယ်သန်ကို ညာသန်ဖြစ်အောင်လို့အတင်းအကြပ် လုပ်ခိုင်းခြင်းကြောင့်သာ ကလေးတ်ို့ဖြစ်ရတဲ့ ပြဿနာများဘဲဖြစ်ပါတယ်။

🔎 ဘယ်သန်သမားတွေ ကြုံကြရတဲ့အခက်အခဲများ

ဘယ်သန်သမားတွေဟာ ညာသန်သမားများအတွက် ရည်ရွယ်ထုတ်ထားတဲ့ ကတ်ကြေးလိုမျိုးပစ္စည်းတွေကို ကိုင်တွယ်ကြရတဲ့အတွက် သူတို့မှာ ကိုင်ရတာမလွယ်လှပါဘူး၊။ ဘောင်းဘီဇစ်လိုမျိုး၊ဆွယ်တာ ဇစ်လိုမျိုးတွေကို ဆွဲရတာလည်းမလွယ်လှပြန်ပါဘူး။အဆိုးဆုံးကတော့ စာရေးရတာပါပဲ။ စာဟာဘယ်ကနေ ညာဘက်ကို ရေးရတာမို့ ဘယ်သန်များအတွက် ရေးရတာမလွယ်ပါဘူး။

🔎 ဘယ်သန်တွေကို စာရေးဖို့ဘယ်လို သင်ကြားမလဲ

ဘယ်သန်ကလေးတွေကို ဘယ်လက်နဲ့ပဲ စာရေးခိုင်းပေမဲ့ စာကို ဘယ်လိုရေးရမယ်၊ခဲတံကို ဘယ်လိုကိုင်ရမယ် ဆိုတာကို စနစ်တကျနဲ့ သင်ကြားမပေးနိုင်ဘူး ဆိုရင်ဖြင့်ဘယ်သန်ကလေးတွေမှာ စာရေးရတာ နည်းနည်း ခက်ခဲစေနိုင်ပါတယ်။ ဘယ်သန်ကလေးတွေ စာရေးတဲ့အချိန်မှာ လက်ထားတဲ့ အနေအထား၊စာရွက် အနေအထား၊ခဲတံကိုင်တဲ့ လက်ကောက်ဝတ် အနေအထား ပုံစံမှန်ဖို့ လိုပါတယ်။ ဘယ်သန်ကလေးတွေအတွက် စာရွက် အနေအထားဟာပုံမှာပြထားတဲ့အတိုင်း ဖြစ်ရမယ်။ ဒါမှ သူတို့စာရေးရတာ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူရေးနုိုင်မှာ ဖြစ်သလို၊သူတို့ရေးထားတဲ့စာတွေကိုလည်း လက်နဲ့မကွယ်ဘဲနဲ့ရေးထားတာကိုပြန်မြင်နိုင်မှာပါ။
ဘယ်သန်ကလေးတွေကို စာရွက်မှာ မရေးခိုင်းခင်မှာ မြေဖြူခဲနဲ့ ကြမ်းပေါမှာ ရေးခြယ်ခိုင်းတာ၊သဲပေါမှာ တုတ်ချောင်းနဲ့စာရေးစေတာမျိုးတွေနဲ့ အရင်လေ့ကျင့်ပေးလို့ရပါတယ်။ဘယ်သန်ကလေးတွေ ဘယ်လက်နဲ့ ထမင်းစားတာ၊ဘယ်လက်ကို သုံးပြီး အားကစားလေ့ကျင့်တာ၊ဘယ်လက်နဲ့ အလုပ်လုပ်တာဟာ တကယ်တော့ညာသန်များတဲ့ လူ့အဖွဲ့အစည်းမှာမို့လို့သာ လူတွေက ထူးဆန်းနေတာပါ။တကယ်တော့ ဒါဟာချို့ယွင်းအားနည်းချက်၊ပြစ်ချက်တစ်ခု မဟုတ်ပါဘူး။
ကမ္ဘာကျော် ဘယ်သန်အနုပညာရှင်တွေ၊ပန်းချီဆရာတွေ၊သိပံ္ပပညာရှင်တွေ အများကြီးပါ။ဘယ်သန်ဖြစ်ဖြစ်၊ညာသန်ဖြစ်ဖြစ် အရေးကြီးဆုံးက ကလေးတ်ို့ လွတ်လပ်ပျော်ရွှင်စွာနဲ့ လေ့လာသင်ယူနိုင်ဖို့ပါပဲ။
ဘယ်သန်ကနေ ညာသန်ကို အတင်းအကြပ်ပြောင်းခိုင်းခြင်းဟာ ကလေးတို့ဥာဏ်ရည်က်ို ထိခိုက်စေတာမို့ မိဘ ဆရာများ ဆင်ခြင်ပေးကြပါလို့
————————

Address

တိုင်းရင်းဆေးရုံ လမ်း
Monywa

Telephone

+959259068900

Website

Alerts

Be the first to know and let us send you an email when Thant Zin Mitta pre - school - Monywa'' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category