Living English for All

Living English for All Welcome to Linguahub. We offer English courses for all ages.

Inspiration -2If you have a choice of taking two paths, always take the more daring of the two. Calculated risk taking o...
02/02/2024

Inspiration -2

If you have a choice of taking two paths, always take the more daring of the two. Calculated risk taking often produces extraordinary results.

မင်းမှာ ရွေးချယ်စရာလမ်းနှစ်သွယ်ရှိခဲ့မယ်ဆို ပိုပြီး
စွန့်စားခက်ခဲ ဖြတ်သန်းရမယ့်လမ်းကိုသာရွေးချယ်လိုက်ပါ။
အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ရဖို့ မျှော်လင့် ပြင်ဆင်ထားမှတော့ ဘယ်အရာကိုမှ မမှုတော့ဘူးပေါ့ ...
မတူထူးခြားတဲ့ ရလဒ်ကောင်းတွေကလည်း အဲ့ဒီလိုလမ်းကို ရဲရဲ၀ံ့၀ံ့ လျှောက်လှမ်းသူကသာ ပိုင်ဆိုင်ရတာပါ...

( Robin Sharma ၏ Daily Inspiration အား ဆီလျော်အောင် ပြန်ဆိုတင်ဆက်ထားပါသည်။)

30/01/2024

အားလုံးပဲမင်္ဂလာပါ ခင်ဗျာ

မိုးညှင်းမြို့မှ အင်္ဂလိပ်စာလေ့လာသင်ယူလိုသူများအတွက် Linguahub English Language centre တွင်အောက်ပါသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

➡️ Phonics
အသက် (၄)နှစ်ခွဲမှစတင်တက်ရောက်နိုင်ပါသည်။
Oxford Phonics World စာအုပ်များကိုအခြေခံလျှက်
သားငယ်သမီးငယ်တို့ရဲ့အခြေခံစာလုံးပေါင်းအသံ
ထွက်များကို စနစ်တကျသင်ကြားပေးပါသည်။

သင်တန်းချိန် - Monday - Friday

သင်တန်းကြေး - 50000ks (လစဉ်ကြေး)

➡️ IELTS (Foundation)

နိုင်ငံရပ်ခြားတွင်အလုပ်လုပ်လိုသူများနှင့် ပညာ
ဆက်လက်သင်ယူလိုသူများအတွက် English
Proficiency Test တစ်ခုဖြစ်ပါသည်။

သင်တန်းချိန်. - Monday - Friday

သင်တန်းကြေး - 80000ks (လစဉ်ကြေး)

➡️ Speak with confidence (3-month course)

သင်တန်းချိန် - Monday - Thursday

သင်တန်းကြေး - 50000ks (လစဉ်ကြေး)

➡️ General English (4 skills)

သင်တန်းချိန် - Monday - Friday

သင်တန်းကြေး - 50000ks (လစဉ်ကြေး)

🧑‍🏫 Teacher's profile

Mr. Andrew Aung
■ B.A (Hons), M.A(English)
■ PhD Candidate
English language Teaching Programme
Faculty of Humanities and Social Sciences
Buriram Rajabhat University, Thailand
■ Specialist Certificate in Teaching English for International Understanding (TEIU), SEAMEO, RELC, Singapore

➡️ တစ်နှစ်ပတ်လုံးသင်တန်းများဖွင့်လှစ်သင်ကြား
လျှက်ရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ
Family Baby Store
နမ (၄၇) / နမီးစုရပ်
မိုးညှင်းမြို့
Ph. 09 894 896 751
Ph. 09787589260

Inspiration-1You need not change your world in a day. Start off small. The thousand mile journey begins by taking that f...
30/10/2021

Inspiration-1

You need not change your world in a day. Start off small. The thousand mile journey begins by taking that first step. We grow great by
degrees. Small daily steps lead to stunning results over time.

မင်းရဲ့ဘ၀တစ်ခုလုံးကို တနေ့ထဲနဲ့ ခက်ခက်ခဲခဲ ချက်ချင်းကြီး ပြောင်းလဲဖို့ မတွေးပါနဲ့။ မိုင်ထောင်ပေါင်းများစွာ ကြာရှည်
သွားရမယ့် ခရီးတခုကိုတောင် ပထမဆုံးခြေလှမ်းနဲ့သာ စ
တင်ရပါတယ်။ ကြီးကျယ်ခမ်းနားတဲ့အရာတွေ ဖြစ်လာဖို့ အလွန်သေးငယ်တဲ့အရာတွေနဲ့ စတင်ကြရစမြဲပါ။တဆင့်
ချင်းစီ တိုးတက်ပြောင်းလဲမှုဟာ နှေးနေတယ်လို့ထင်ရပေ
မယ့် အချိန်တွေ ကြာလာတာနဲ့အမျှ မင်းနေ့စဉ်လှမ်းခဲ့ရတဲ့
ခြေလှမ်းတွေ၊ အားထုတ်မှုတွေက ထူးခြားအံ့ဖွယ်ရာ ရလာဒ်
ကြီးတွေ ဖြစ်လို့လာမှာ အသေအချာပါ။

(Robin Sharma ၏ Daily Inspiration အားဆီလျော်အောင် ပြန်ဆိုတင်ဆက်ထားပါသည်။)

လေ့လာသင်ယူသူ တဦးနဲ့ အခြား‌လေ့လာသူတဦးဟာ လေ့လာသင်ယူရာမှာ အသုံးပြုတဲ့ နည်းလမ်း(learning styles)တွေ တူညီချင်မှ တူညီပါမယ်။ လူ...
21/10/2021

လေ့လာသင်ယူသူ တဦးနဲ့ အခြား‌လေ့လာသူတဦးဟာ လေ့လာသင်ယူရာမှာ အသုံးပြုတဲ့ နည်းလမ်း(learning styles)တွေ တူညီချင်မှ တူညီပါမယ်။ လူတကိုယ် အကြိုက်
တမျိုးဆိုသလို လေ့လာသင်ယူရာမှာ မိမိအနှစ်သက်ဆုံး
နည်းလမ်းတွေနဲ့ လေ့လာကြပါတယ်။ ကိုယ်နဲ့ အကိုက်ညီ
ဆုံးဟာ ကိုယ့်အတွက် အကောင်းဆုံးနည်းလမ်းတွေပါ။ သင်
ကြားပေးသူဟာ ဘယ်သူက ဘယ်နည်းလမ်းကို ကြိုက်နှစ်
သက်ကြောင်း လေ့လာဆန်းစစ်ပြီး ကြိုတင်ပြင်ဆင်နိုင်ရင်
တော့ သင်ယူသူတွေအတွက် အလွန်အကျိုးရရှိပါမယ်။သင်
ယူသူဟာ မိမိနဲ့ ကိုက်ညီတဲ့နည်းလမ်းကို အသုံးပြုရတဲ့ အ
တွက် ဘာသာရပ်၊ ဘာသာစကား စသည်တို့ကို သက်တောင့်
သက်သာ လေ့လာနိုင်ပါမယ်။

နယူးဇီလန်နိုင်ငံမှ ဘာသာစကားသင်ကြားသူတစ်ဦးဖြစ်သူ Neil Fleming ဟာ the VERK model ကိုမိတ်ဆက်ခဲ့
ပါတယ်။ ဒီလေ့လာသင်ယူမှု ပုံစံမှာအဓိကနည်းလမ်းလေး
မျိုး ပါ၀င်ပါတယ်။ အဲ့ဒါတွေကတော့

(၁) Visual အမြင်အာရုံဖြင့်လေ့လာခြင်း
(၂) Auditory အကြားအာရုံဖြင့်လေ့လာခြင်း
(၃) Reading / Writing အရေး၊ အဖတ်ဖြင့် လေ့လာခြင်း
(၄) Kinesthetic ကိုယ်ခန္ဓာလှုပ်ရှားမှုအားဖြင့် လေ့လာ
ခြင်းတို့ ဖြစ်ကြပါတယ်။

Visual Learner

ဒီနည်းလမ်းကိုသုံးတဲ့ လေ့လာသင်ယူသူဟာ အမြင်အာရုံကို အဓိကထားပြီး လေ့လာသင်ယူပါတယ်။
သင်ကြားပေးသူများအသုံးပြုနိုင်သည့်နည်းလမ်းများကတော့
(၁)ပုံများ(pictures) ၊ ပုံရိပ်များ (images)၊ ရုပ်ရှင်များ
(movies)၊‌ မြေပုံများ (maps)၊ဇယားများ (charts)အသုံးပြုခြင်း
(၂) မှတ်စုတွင်သက်ေတများ၊ အရောင်များ အသုံးပြုစေခြင်း
(၃) PowerPoints အသုံးပြုခြင်း များဖြစ်ပါတယ်။

Auditory Learner

အကြားအာရုံဖြင့်လေ့လာချင်သူတွေဟာ အပြန်အလှန်ဆွေး
နွေးမှု(discussion)၊ သင်ကြားမှု(lecture)၊ မေးမြန်းခြင်း
(interview)၊ ပုံပြင်ဇာတ်လမ်းများနားထောင်ခြင်း
(listening to stories) စသည်များမှ တဆင့် လေ့လာ
သင်ယူကြပါတယ်။
သင်ကြားပေးသူများအသုံးပြုနိုင်သည့်နည်းလမ်းများကတော့ (၁)သင်ခန်းစာကိုခပ်ကျယ်ကျယ်ရွတ်ဖတ်စေခြင်း
(၂) နှုတ်ဖြင့် လမ်းညွှန်ချက်ပေးခြင်း
(၃) ဆွေးနွေးစေခြင်းများဖြစ်ပါတယ်။

Reading/Writing Learner

အရေး၊ အဖတ်ဖြင့်လေ့လာသူတွေကတော့ မှတ်စုရေးခြင်း
၊စာရင်းပြုစုခြင်း၊ ပြဌါန်းစာအုပ်များဖတ်ခြင်းစသည်တို့ကို နှစ်သက်ပါတယ်။
သင်ကြားပေးသူများအသုံးပြုနိုင်မည့် နည်းလမ်းများကတော့
(၁) စာအုပ်များဖတ်ရှုစေခြင်း
(၂) အဘိဓါန်သုံးစေခြင်း
(၃) မှတ်စုရေးစေခြင်းတို့ဖြစ်ပါတယ်။

Kinesthetic Learner

ကိုယ်ခန္ဓာလှုပ်ရှားခြင်းဖြင့်လေ့လာလိုတဲ့ သူတွေဟာသူတို့ ကိုယ်တိုင်ပါ၀င်လုပ်ဆောင်ခြင်းမှ သင်ယူကြပါတယ်။
သင်ကြားပေးသူများအသုံးပြုနိုင်မည့်နည်းလမ်းများကတော့
(၁) ကိုယ်တိုင်ပါ၀င်ဆောင်ရွက်စေခြင်း(ဥပမာ၊ ကိတ်မုန့်
ဖုတ်နည်း သင်ခန်းစာအတွက် ကိုယ်တိုင်ကိတ်မုန့်ဖုတ်ခိုင်း
တာ)
(၂)ကိုယ်လက်လှုပ်ရှားမှုပါ၀င်သောသင်ခန်းစာဖန်တီးပေး
ခြင်း
(၃) Field trip (လေ့လာရေးခရီးတို)ထွက်တာမျိုးတို့ ဖြစ်
ပါတယ်။

မိမိကလေးငယ်များဟာ ဘယ်လိုသင်ယူသူအမျိုးအစားဖြစ် သလဲ ဆိုတာ မိဘအုပ်ထိန်းသူတိုင်း သိထားသင့်ပါတယ်။

လေ့လာသင်ယူသူကောင်းများ ဖြစ်ကြပါစေ။

Ref: Ways of Learning by Alan Pritchard
https:// blog.definedlearning.com

05/10/2021

ဘာသာစကားကို စတင်လေ့လာသင်ယူကြမယ့် ကလေးငယ်
များအတွက် သိသင့်စရာ အနည်းငယ် မျှဝေပေးချင်ပါတယ်
ခင်ဗျာ။

စာရေးသူ ဆရာမ Jayne Moon အကြောင်းအနည်းငယ် မိတ်ဆက်ပေးပါရစေ။ Jayne Moon ဟာ School of Education, University of Leeds မှာ ဘွဲ့လွန်သင်တန်း
များနှင့် TESOL သင်ကြားသူဆရာ၊ဆရာများ အတွက် သင်
တန်းတိုများ နှစ်ပေါင်းများစွာ ပို့ချပေးခဲ့သူ ဆရာမ တစ်
ယောက် ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ကလေး
ငယ်များအတွက် ဘာသာစကားသင်ကြားပေးခြင်းနဲ့ ပတ်
သက်ပြီး အတိုင်ပင်ခံပညာရှင်အဖြစ် ဆောင်ရွက်နေပါ
တယ်။

Children English Learning ဆိုတဲ့ စာအုပ်မှာ ဘာသာ
စကားလေ့လာသူတွေအတွက် အကောင်းဆုံး၊ သင်ယူတတ်
မြောက်နိုင်ဆုံး အ‌ခြေအနေနဲ့နည်းလမ်းအချို့ကို ဖော်ပြခဲ့ပါ
တယ်။ (သူရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊အခြားဆရာ၊ဆရာမတွေ
နဲ့တွေ့ဆုံမေးမြန်းပြီးရှာဖွေတွေ့ရှိချက်ကိုခွဲခြားစိစစ်ပြီးရေး
သားထားတာပါ။ )

၁။ အချိန်ပေးနိုင်ခြင်း

ဘာသာစကားတတ်မြောက်ဖို့ အချိန်လုံလုံလောက်လောက်
ပေးရပါတယ်။ နှစ်ပေါင်းများစွာကြာကြာ ဆက်လက်လေ့လာ
ဖို့လည်းလိုပါတယ်။(အချိန်ပေးနိုင်လေ ပိုတတ်လေလို့ ပြော
ချင်တာပါ)

၂။ ဘာသာစကားနဲ့ ထိတွေ့ရင်းနှီးမှုများခြင်း

ကလေးငယ်တွေဟာ ကျောင်းတွင်းမှာရော ကျောင်းပြင်ပ
မှာပါ တတ်နိုင်သလောက် ဘာသာစကားပြောဆိုနိုင်ဖို့ အခွင့်
အလမ်း ရှိရပါမယ်။

၃။ မဖြစ်မနေ အသုံးပြုရခြင်း

သင်ယူသူတို့ရဲ့ နေ့စဉ်ဘ၀မှာ လေ့လာနေတဲ့ ဘာသာစကား
ကို အသုံးပြုရမယ့် အခြေအနေမျိုးတွေ များများ ရှိရင်လည်း တတ်မြောက်လွယ်ပါတယ်။ ဥပမာ ။မိတ်ဆွေဖွဲ့တာ၊ဈေး၀ယ်
ရတာ၊ ခရီးသွားတာ စသဖြင့်။(ဆိုလိုတာကတော့ ကလေးတစ်
ယောက်ဟာ သူ့ရည်ရွယ်ချက်‌အောင်မြင်ဖို့ အတွက် အခြား
တယောက်နဲ့ မဖြစ်မနေ ဘာသာစကားသုံးပြီး ရင်းနှီးမှုယူရ
တာမျိုး)

၄။ ဘာသာစကား၏ ပုံစံမျိုးစုံအား ထိတွေ့ကြားသိခြင်း

ဘာသာစကားရဲ့ အသုံးပြုပုံအမျိုးမျိုး ရှိပါတယ်။ အရေးအ
သား မှာသုံးတဲ့ အသုံးအနှုန်းအတိုင်း စကားပြောမှာ တိတိကျ
ကျ သုံးလေ့မရှိကြပါဘူး။ အခြေအနေပေါ်မူတည်ပြီး လူမှု
ဆက်ဆံရေးမှာ ဘယ်လိုအသုံးအနှုန်းကို သုံးရမယ်၊ စိတ်ကူး
တွေကို ပုံဖော်ပြောဆိုဖို့အတွက်ဆို ဘယ်လိုပုံစံတွေကို သုံးရ
မယ် ဆိုတာကို သိရပါမယ်။

၅။ ဆက်သွယ်အသုံးပြုနိုင်သော ဘာသာစကားအထိအတွေ့
ရရှိခြင်း

ကလေးတွေအတွက် English ကို ဘာသာရပ်(subject)
တစ်ခုလို မသင်ယူစေဘဲ ဘာသာစကား(language)တစ်မျိုး
အဖြစ် သင်ယူစေရပါမယ်။ အဓိပ္ပါယ်ဖော်ဆောင်ပေးနိုင်ပြီး ထိထိရောက်ရောက် ဆက်သွယ်ပြောနိုင်မှုကို ပိုမိုအလေးထား
ရပါမယ်။ ဘာသာစကားသင်ယူခါစ ကလေးငယ်များ ပြောဆို
တတ်ဖို့ အတွက် ဘာသာစကားရဲ့ Form(တည်ဆောက်ပုံ)
ကို အလွန်အလေးမထားဘဲ meaning(အဓိပ္ပါယ်ဖော်
ဆောင်နိုင်မှု)ကို အလေးထားဆောင်ရွက်သင့်ပါတယ်။(ဒါမှ
သာ အပြောစွမ်းရည်တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။တ
ဖြည်းဖြည်းပြောရဲဆိုရဲ ရှိလာပါမယ်။)

လေ့လာသင်ယူသူကောင်းများ ဖြစ်ကြပါစေ။

Ref: Children Learning English by Jayne Moon

Address

ဇွဲကပင်လမ်း(နမီးစုရပ်)
Mohnyin

Telephone

+959894896751

Website

Alerts

Be the first to know and let us send you an email when Living English for All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Living English for All:

Shortcuts

Share

Category