Tr. Khaing Myanmar Essay

  • Home
  • Tr. Khaing Myanmar Essay

Tr. Khaing Myanmar Essay တီချယ် ခိုင်မေကောင်းရဲ့ စာစီစာကုံး p

စိတ်ကူးဉာဏ်ဆိုတာ စာစီစာကုံးအတွက် သိပ်အရေးပါတဲ့အရာပါ ပေးထားတဲ့ စာတစ်ကြောင်းကိုကြည့်ပြီး အတွေးပွားရတဲ့အခါ စိတ်ကူးဉာဏ်က အခရ...
06/07/2022

စိတ်ကူးဉာဏ်ဆိုတာ စာစီစာကုံးအတွက်
သိပ်အရေးပါတဲ့အရာပါ
ပေးထားတဲ့ စာတစ်ကြောင်းကိုကြည့်ပြီး
အတွေးပွားရတဲ့အခါ စိတ်ကူးဉာဏ်က အခရာပါ
ဉာဏ်ကွန့်မြူးရင်း အတွေးတွေကို ချရေးလိုက်ရင်
စာတစ်ကြောင်းဟာ စာတစ်ပိုဒ်ဖြစ်လာရပါတယ်

ဥပမာ နံနက်ခင်း၏သာယာပုံ လို့ပေးထားတယ်ဆိုပါတော့
ကိုယ်က သာယာပုံတွေကို စတင်တွေးရပါတော့မယ်
နံနက်ခင်းရဲ့မြင်ကွင်းကို စိတ်အတွေးမှာ ပုံဖော်ရပါပြီ
ပထမဆုံး ကောင်းကင်ကြီးရဲ့ သာယာပုံအရင်တွေးမယ်
ပြီးရင် နေထွက်ချိန်ရဲ့ သာယာပုံကို မြင်မယ်
ပန်းပင်လေးတွေရဲ့ အလှနဲ့ ပတ်ဝန်းကျင် သာယာပုံ
ငှက်ကလေးတွေရဲ့ လှုပ်ရှားပုံ အသံကြားရပုံတွေ
လေညင်းတိုက်ခတ်လာတဲ့အခါ သာယာသွားတာ
ဒါလေးတွေကို ဆက်စပ်အတွေးနဲ့ ဉာဏ်ကွန့်လိုက်တဲ့အခါ
စာတစ်ကြောင်းကနေ စာတစ်ပိုဒ်ဖြစ်သွားတာပါပဲ

ကျောင်းသားတစ်ယောက်ဟာ ကိုယ့်ဉာဏ်ကို
အသုံးချ တွေးတောမယ် မှတ်သားမယ် ဆိုရင်
စာစီစာကုံးတင်မကပါဘူး အခြားသောဘာသာရပ်တွေမှာပါ
အတွေးဉာဏ်နဲ့ စဉ်းစားအသုံးချတတ်လာပါလိမ့်မယ်
ဒါတင်မကပါဘူး
လုပ်ငန်းခွင်တွေမှာပါ ပိုတွေးမိမယ်
ပိုပြီးစဉ်းစားလာမိမယ်
ဒီအခါ စိတ်ကူးသစ်တွေ အတွေးသစ်တွေပေါ်လာပါလိမ့်မယ်

စာသင်ခြင်းဟာ စာဖတ်တတ်ဖို့ဆိုတာထက်
သင်ကြားလိုက်တဲ့အကြောင်းအရာတိုင်းပေါ်မှာ
တွေးတောဆင်ခြင်မှတ်သားပြီး လက်တွေ့ဘဝထဲထိ
ခေါ်လာနိုင်ဖို့လိုပါတယ်
မြန်မာစာသင်ရင် မြန်မာစာရဲ့လေးနက်မှုတွေ
တွေးခေါ်စဉ်းစားနိုင်ဖို့တွေ မြန်မာ့ဓလေ့တွေ မြန်မာ့အကြောင်းတွေ
သင်ခန်းစာယူဖို့တွေကို လက်တွေ့ဘဝထဲထိ ခေါ်နိုင်ရပါမယ်
ကိုယ်တွေ့သိပြီး ကိုယ်တွေ့အသုံးချနိုင်ရပါမယ်
မြန်မာစာသင်ပြီး ဘာမှမရလိုက်ရင်တော့
မြန်မာစာဖတ်တတ်တာပဲ ဖြစ်သွားပါလိမ့်မယ်

သင်ကြားမှုတိုင်းကို
စိတ်ကူးဉာဏ်လေးနဲ့ တွေးခေါ်စဉ်းစားပြီး
ဘာသာရပ်တိုင်းကို လေ့လာအားထုတ်မယ်ဆိုရင်
မြန်မာစာ စာစီစာကုံးသာမကပါဘူး
အင်္ဂလိပ်စာရော အခြားဘာသာရပ်တိုင်းမှာ ထူးချွန်လာမယ်
အသိအတွေးတွေလည်း ပိုရင့်ကျက်လာပါလိမ့်မယ်

စိတ်ကူးဉာဏ်တိုးဖို့ဆိုရင် လုပ်ရမှာက
စာဖတ်ပါ စာများများဖတ်ပါ
ဖတ်သမျှစာတွေဆီကနေ သင်ယူလိုက်ရ သိလိုက်ရတဲ့
အရာမှန်သမျှကို လက်တွေ့ဘဝထဲမှာအသုံးချပါ
ဒါဆိုရင်တော့ ပညာတတ်ဖြစ်လာပါပြီနော်
စာများများဖတ်ပါ စာစီစာကုံးတွေဖတ်ပါ
များများတွေးပါ များများဆင်ခြင်ပါ
စာထဲမှာပါတဲ့ တချို့အရာတွေကို မသိခဲ့ရင်
သိလိုတာမှန်သမျှ Google ခေါက်ရှာပါ
စာဖတ်အားတက်လာရင် အတွေးဉာဏ်ရင့်သန်လာပါလိမ့်မယ်
ဆင်ခြင်တတ်လာတဲ့အခါ
ဘဝမှာ အမှားနည်းသွားပါလိမ့်မယ်
ကိုယ်ရည်မှန်းတဲ့လမ်းတွေ မြင့်မားသွားပါလိမ့်မယ်

01/05/2022

စာစီစာကုံး လေ့လာနေသူတွေအတွက်
စာအုပ်လေးတွေ ညွှန်းပေးပါရစေရှင် 📘📗📕📓

စာစီစာကုံး စာအုပ်တွေ ဖတ်လိုလေ့လာလိုတဲ့အခါမှာ
ဘယ်ဟာ ဝယ်ရမယ် ဘယ်ဟာကောင်းတယ်
ဘယ်စာအုပ်ကတော့ဖြင့် သင့်တော်တယ်ဆိုတာ
ရွေးရခက်ပါတယ်
စာစီစာကုံး စာအုပ်တွေကလည်း များသား 😓

အကောင်းဆုံး လမ်းညွှန်ပေးချင်တာကတော့
အတန်းနဲ့ လိုက်ဖက်ညီမဲ့ စာအုပ်တွေကို ရွေးစေချင်ပါတယ်

G5 G6 G7 တွေဆို
အလယ်တန်း စာစီစာကုံးလေးတွေက အဆင်ပြေပါတယ်

G9 G10 G11 တွေဆို
အထက်တန်း စာစီစာကုံးတွေက အဆင်ပြေပါတယ်

စာအုပ်ရွေးကြရအောင်နော်
ကျွန်မကတော့ ရွေးပြီဆို

ဆုရ ကျောင်းသားလေးတွေရေးတဲ့
စာစီစာကုံး စာအုပ်လေးတွေကို ဦးစားပေးရွေးချယ်ပါတယ်
သူတို့ဉာဏ်ရည် အတွေးတွေက
အတန်းသားတွေရဲ့ ဦးနှောက်ဉာဏ်နဲ့ အသင့်တော်ဆုံးပါ
အကွန့်အညွန့်မပါ ရိုးရိုးရှင်းရှင်းလေးတွေပါ
အချက်အလက်တွေလည်းစုံပါတယ်

နောက်ထပ်ရွေးမယ်ဆိုရင်
မြတ်မင်္ဂလာ တို့ကျောင်းသား အစရှိတဲ့ စာအုပ်
ဆရာဦးရဲဝေရဲ့ ဆုရကျောင်းသားတွေ ရေးတဲ့စာအုပ်
ဒါတွေကို ရွေးပါတယ်
ခုနှစ်စင်ကြယ် ခိုင်ပန်းစုံ စတာလေးတွေလည်း ကောင်းပါတယ်

စကားလုံး လှလှလေးတွေပါတာဆိုရင်တော့
ဂုဏ်ထူးဦးသိန်းနိုင် ဆရာဒိုး တို့ကို
လေ့လာကြည့်နိုင်ပါတယ်
ကဗျာလေးတွေ စာလေးတွေက သိပ်လှပါတယ်
ဒါက စာစီစာကုံးထူးချွန်နေတဲ့ သူတွေအတွက် သင့်လျော်ပါတယ်

တစ်ခုတော့ မာတိကာကို ဂရုတစိုက်ကြည့်ပါ
မာတိကာမှာ စုစုပေါင်း ဘယ်နှစ်ပုဒ်ပါလဲဆိုတာပါ
ပုဒ်ရေများလေ ကောင်းလေပါပဲ
ပါတဲ့အပုဒ်တွေဟာ မေးနေကြ ခေါင်းစဉ်တွေဆို
ပိုကောင်းပါတယ်
ရာသီဥတု ကျန်းမာရေး ပညာရေး ခရီးသွား နံနက်ခင်း
ယဉ်ကျေးမှု အားကစား စသဖြင့်ပေါ့
၁၀၀ ကျော်ပါလေ ကောင်းလေပါပဲ

ဝယ်ပြီးရင်တော့ ဖတ်ခိုင်းဖို့ မစဉ်းစားပါနဲ့ 😁
မဖတ်ကြပါဘူး
စာစီစာကုံးအတန်းတက်မှသာ
ဘယ်ခေါင်းစဉ်ကြည့်ခဲ့
စာမေးပွဲမှာ ဘယ်ခေါင်းစဉ်ဆိုမှ
အသည်းအသန် ဖတ်ကြတာပါ
ဒါက ကိုယ်တွေ ငယ်ကတည်းက ကျင့်စဉ်ပါ

စာအုပ်ဆိုင်ကို ကိုဗစ်တည်းက မရောက်တာ
ခုထိပါ ဘာတွေအသစ်ထွက်လဲ မသိသေးပါဘူး
ရောက်ဖြစ်ရင်တော့ ထပ်ညွှန်းပေးပါ့မယ်

ကျေးဇူးတင်ပါတယ်ရှင်🥰

Page ကိုမရောက်တာကြာပါပြီနေမကောင်းတာရော မအားတာရော ပေါင်းပြီး Page ကိုမရောက်ဖြစ်ခဲ့ဘူး တောင်းပန်ပါတယ် အရင်ကဆို ဒီအချိန် စာ...
01/05/2022

Page ကိုမရောက်တာကြာပါပြီ
နေမကောင်းတာရော မအားတာရော
ပေါင်းပြီး Page ကိုမရောက်ဖြစ်ခဲ့ဘူး
တောင်းပန်ပါတယ်

အရင်ကဆို ဒီအချိန် စာစီစာကုံးတန်းတွေဖွင့်နေပြီ
သတိတွေ ရလိုက်တာ
ကိုယ့်ကလေးတွေကို

အခုတော့ Class အကြီးကို မဖွင့်ဖြစ်သေးပါဘူး

Online Class ကတော့ တစ်ဦးချင်း အဖွဲ့လိုက်တွေ
ဖွင့်ထားပါတယ်
အိမ်မှာ Monday to Friday
9:00 to 11:00 am
1:30 to 5:00 pm
လာတက်လို့ရပါတယ်

G5 to G9
မြန်မာစာ သီးသန့်လဲရှိသလို
ကျက်စာ သီးသန့်လဲ ရှိပါတယ်

G10 G11
မြန်မာစာ သီးသန့် ရှိပါတယ်
စာစီစာကုံး အဆိုအချေ လည်းရှိပါတယ်

တက်လိုသည်ရှိသော် 09 430 87 424 ကိုစုံစမ်းနိုင်ပါတယ်

ယုံကြည်စွာ လာရောက်အပ်နှံသူတွေကိုလည်း
အထူးကျေးဇူးတင်ပါတယ်ရှင်
အလှဆုံးသောပန်းလေးတွေကို ပြုစုပျိူထောင်ခွင့်ရခြင်းဟာ
အကောင်းဆုံးသော ဆုလာဘ်ပါပဲရှင် 🥰

မင်္ဂလာပါရှင် စာစီစာကုံးရေးတယ်ဆိုတာ ခုချက်ချင်းချရေးလို့ရတဲ့အရာမဟုတ်ပါဘူး ကျက်စာလို ဦးနှောက်ထဲရိုက်သွင်း အဓိပ္ပာယ်သေချာမ...
10/10/2021

မင်္ဂလာပါရှင်
စာစီစာကုံးရေးတယ်ဆိုတာ
ခုချက်ချင်းချရေးလို့ရတဲ့အရာမဟုတ်ပါဘူး
ကျက်စာလို ဦးနှောက်ထဲရိုက်သွင်း
အဓိပ္ပာယ်သေချာမမှတ်ပဲ အော်ဆိုအော်ရေးလို့လဲ
ရလာတဲ့အရာတစ်ခုမဟုတ်ပြန်ဘူး ။
စိတ်ကူးအတွေးနဲ့ အပြင်‌လက်တွေ့ကို
ပေါင်းစပ်ပြီး ချရေးရတာပဲဖြစ်ပါတယ် ။
စာစီစာကုံးရေးမယ်ဆို
အရင်ဆုံး စိတ်ကူးအတွေးဖြန့်ရပါမယ် ။
ဥပမာ ကျွန်ုပ်အကြောင်းရေးရင်
အမည် အသက် ဒါပဲပေးထားတဲ့အခါ
အမည်ရေးရင် - အမည်ရင်း အိမ်ခေါ်အမည်
ကျောင်းမှာ သူငယ်ချင်းတွေကဘယ်လိုခေါ်တယ်
ဒီလိုလေးတွေ အတွေးဖြန့်ရပါမယ်။
အသက်ရေးရင် ဥပမာ ၆နှစ်ပြည့်ခါနီး
၆နှစ်ကျော် ဒါတွေအပြင် မွေးရက်လေးတွေ
ဘာနေ့သား စသည်ဖြင့် ဖတ်တဲ့သူစိတ်ဝင်စားလာအောင်
ရေးတတ်ရပါမယ် ။
တစ်နည်းဖြင့်ကလေးဟာ စိတ်ကူးအတွေး တွေးတတ်လာမယ်
လက်တွေ့မှာလဲ အကြောင်းအမျိုးမျိုးကိုလည်း
တွေးတော စူးစမ်းလာပါလိမ့်မယ်။
စာစီစာကုံးဟာ လူ့ခန္ဓာနဲ့တူတယ်လို့ ကျွန်မအမြဲပြောပါတယ် ။
နိဒါန်းဟာ မျက်နှာပါပဲ
လူတွေဟာမျက်နှာကို အရင်ဆုံးကြည့်ပြီး
စိတ်ဝင်စားမှုကို ဦးဆုံးယူလိုက်ပြီးမှ ကျန်တာကိုဆက်ကြည့်တာကို။
ဒီလိုပါပဲ နိဒါန်းအရေးကို ကြည့်ပြီး
ဆက်ဖတ်ချင်အောင်ရေးတတ်ရပါမယ်။
နောက်စာကိုယ်ဟာ ကိုယ်လုံးပါပဲ
စာကိုယ်စာပိုဒ်တွေဟာ များတဲ့နေရာများ
နည်းတဲ့နေရာက နည်းနေရင်
ခန္ဓာကိုယ်မှာ ဗိုက်ပူနေသလို လက်မောင်းကသေးသလို
ကြည့်မကောင်းဖြစ်တတ်သလိုပါပဲ။
နိဒါန်း စာကိုယ်ကောင်းပြီး နိဂုံးမကောင်းရင်တော့
အလှအပတွေပြင်ဆင်ပြီး ဖိနပ်စုတ်နဲ့ ထွက်လာသလို
ဖြစ်သွားတတ်ပါတယ်။
နိဂုံးရေးတဲ့အခါ ကိုယ်ရေးထားတဲ့စာကို
အဆုံးသတ်ချက် ခြုံငုံသုံးသပ်ချက် စသည်ဖြင့်ပါရပါတယ် ။
စာစီစာကုံးဟာ စ လယ် အဆုံး
အချက်ညီညီရေးဖို့လိုအပ်တယ်ဆိုပေမဲ့
နိဒါန်းနဲ့ နိဂုံး မလှရင်တော့ ဖတ်ရတာ ပေါ့ပျက်ပျက်ဖြစ်
သွားတတ်ပါတယ် ။
ဒါကြောင့် စာစီစာကုံးတွေလေ့လာတဲ့အခါ
နိဒါန်းလေးကို ဘယ်လိုအစချီသလဲ
နိဂုံးအဆုံးသတ်ကို ဘယ်လိုလေးရေးသွားလဲ
သေချာလေ့လာပြီး ဖတ်စေချင်ပါတယ် ။
စာစီစာကုံးအရေးတော်ချင်ရင် စာစီစာကုံးနမူနာတွေကို
သေချာလေ့လာဖတ်မှတ်ပါ ။
အချက်အလက်နဲ့အညီ ဘယ်လိုချဲ့ထွင်လည်း
သေချာလေ့လာပါ ။
နိဒါန်း နဲ့နိဂုံးလေးကို ဘယ်လိုလေးရေးထားလဲ
ဖတ်ကြည့် တွေးကြည့်ပါ ။
ဖတ်ရုံနဲ့မရပါဘူး။ မှတ်လဲမှတ်ဖို့လိုပါတယ် ။
ဒါကတော့အခြေခံအရေးကြီးတဲ့အချက်တစ်ခုပါ ။
အချုပ်ပြောရရင်
စာစီစာကုံးရေးတတ်ဖို့ နမူနာစာအုပ်ဖတ်ရမယ် ။
လေ့လာရမယ် ။
နိဒါန်းနိဂုံးလေးတွေကို မှတ်သားရမယ်။
အတွေးကိုချဲ့ထွင်တတ်ဖို့ လေ့ကျင့်တွေးတောရပါမယ် ။
နောက်တစ်ခေါက်ကို
စာလုံးပေါင်းသတ်ပုံ အရေးကြီးပုံကို ပြောပြပါ့မယ် ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေနော် 🥰

အောက်တိုဘာလအတွက် စာစီစာကုံးအတန်းချိန်တွေထွက်ပါပြီ။🥳🥳🥳🥳🥳🌼တနင်္ဂနွေနေ့🌼      မှာပဲ အတန်းတွေကိုဖွင့်လှစ်သွားမှာဖြစ်ပြီး🌼အော...
18/09/2021

အောက်တိုဘာလအတွက် စာစီစာကုံးအတန်းချိန်တွေထွက်ပါပြီ။
🥳🥳🥳🥳🥳
🌼တနင်္ဂနွေနေ့🌼 မှာပဲ အတန်းတွေကိုဖွင့်လှစ်သွားမှာဖြစ်ပြီး
🌼အောက်တိုဘာလ ၃ရက်🌼 နေ့မှ အတန်းစမှာဖြစ်ပါတယ်ရှင့်။

👉အတန်းချိန်များ
မနက် 9:30-11:30 (၄တန်း၊ ၅တန်း၊ ၆တန်း)
နေ့လည် 1:00-3:00 (၇တန်း၊ ၈တန်း)

⭐️တစ်တန်းမှာ 🌼၁၀ယောက်🌼 လက်ခံမှာဖြစ်ပြီး
⭐️စက်တင်ဘာလ 19ရက်နေ့မှ -25ရက်နေ့ထိ
သင်တန်းသားအပ်နှံခြင်းကို လက်ခံသွားပါမယ်။

👉သင်တန်းကြေး ( ၂သောင်းကျပ်)
Wave 09 794 273 173
Kpay 09 430 87 424
မှတစ်ဆင့်ပေးသွင်းနိုင်ပါတယ်။

စာကျန်ခဲ့လို့ပါ
👉သင်ကြားမှုပုံစံ
Online ကနေ video callနဲ့တိုက်ရိုက်သင်မှာပါ
သုံးမယ့် application က 🌼Discord🌼လို့ခေါ်ပါတယ်။
Link လည်းချ‌ေပးထားပါတယ်။
Link မှာပါတဲ့ application ကို download ဆွဲပြီးသွင်းပေးထားပါရှင့်။

https://play.google.com/store/apps/details?id=com.discord

မင်္ဂလာပါရှင် ဒီနေ့တော့ စာစီစာကုံးနဲ့ပက်သတ်ပြီး အရေးကြီးတဲ့အချက်ကလေးကို ပြောပြပါ့မယ် စာစီစာကုံးဖြေတဲ့အခါမှာ ပေးထားတဲ့ခေါ...
14/09/2021

မင်္ဂလာပါရှင်
ဒီနေ့တော့ စာစီစာကုံးနဲ့ပက်သတ်ပြီး
အရေးကြီးတဲ့အချက်ကလေးကို ပြောပြပါ့မယ်
စာစီစာကုံးဖြေတဲ့အခါမှာ
ပေးထားတဲ့ခေါင်းစဉ်ကိုကြည့်ပြီး
ချက်ချင်းမရွေးလိုက်ပါနဲ့
ခေါင်းစဉ်လွယ်တယ်ဆိုပြီး ရွေးတတ်ကြလို့ပါ
ပေးထားတဲ့အချက်ကို သေချာဖတ်ကြည့်ပါ
ခေါင်းစဉ်လွယ်ပေမဲ့ အချက်ခက်တာရှိသလို
ခေါင်းစဉ်ခက်ပေမဲ့ အချက်လွယ်တာရှိပါတယ်
အချက်အလက်တွေကို သေချာဖတ်ကြည့်ပါ
ကိုယ်ရေးနိုင်လား ကိုယ်သိတဲ့အရာတွေလား
အချက်အလက်တွေကို သေချာဖတ်ပြီးမှ
ကိုယ်အရေးနိုင်ဆုံးခေါင်းစဉ်ကိုရွေးချယ်ပါ
ပေးထားတဲ့အချက်အလက်နဲ့အညီ
ချဲ့ထွင်လို့ရေးရမှာဖြစ်ပါတယ်
ဒါကြောင့် စာစီစာကုံးရေးတဲ့အခါ
ခေါင်းစဉ်ရော အချက်အလက်ပါ သေချာဖတ်ပါ
ပြီးမှ ကိုယ်အပိုင်နိုင်ဆုံးရေးနိုင်မဲ့
စာစီစာကုံးကို ရွေးချယ်ပြီးရေးသားပါ
ဒါမှသာ အချက်လည်းစုံလင်အောင်ရေးနိုင်မယ်
စဉ်းစားရချိန်နည်းသွားပြီး အချိန်လည်းလုံလောက်ပါလိမ့်မယ်
နောက်ရက်တွေမှာလည်း
စာစီစာကုံးခေါင်းစဥ်ရွေးချယ်နည်းလေးတွေကို
ပြောပြပေးပါ့မယ်
ဖတ်ရှုပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်နော် 🥰

မင်္ဂလာပါ ဒီ page လေးကနေ မြန်မာစာ စာစီစာကုံးရေးနည်းလေးတွေ မှတ်သားသင့်တာလေးတွေ မှားတတ်တာလေးတွေ လေ့ကျင့်သင့်တာလေးတွေ စသည်ဖ...
12/09/2021

မင်္ဂလာပါ
ဒီ page လေးကနေ မြန်မာစာ စာစီစာကုံးရေးနည်းလေးတွေ
မှတ်သားသင့်တာလေးတွေ
မှားတတ်တာလေးတွေ
လေ့ကျင့်သင့်တာလေးတွေ စသည်ဖြင့်
အလျှင်းသင့်သလို တင်ပြပေးသွားပါ့မယ်နော်
တကယ်တော့ မြန်မာစာဟာ မိခင်ဘာသာဖြစ်တဲ့အတွက်
စာစီစာကုံးရေးရတာ သိပ်တော့မခက်ခဲပါဘူး
တစ်ခုတော့ရှိပါတယ်
ဘယ်အရာမဆို အခြေခံကစရပါတယ်
အခြေခံ စာစီစာကုံးလေးတွေကို
ဦးဆုံးအရေးလေ့ကျင့်ပြီးမှသာ
အချက်အလက် ပိုများ ပိုတွေးရတဲ့
အပုဒ်တွေကို ဆက်လေ့ကျင့်ရေးသားသင့်ပါတယ်
စာစီစာကုံးခေါင်းစဉ်တူရင်တောင်
အချက်အလက်ကွဲပါတယ်
မိမိတက်ရောက်နေတဲ့ အတန်းအဆင့်နဲ့အညီ
အချက်အလက်ကလည်းကွဲသွားပါတယ်
အခြေခံကနေ အရေးကျင့်ရင်းနဲ့
အတန်းတက်သွားတိုင်း အရေးအသား အတွေးအခေါ်
ပြောင်းလဲသွားရပါတယ်
အတန်းအဆင့်ထက် ပိုတွေးခေါ်ပြီး
ရေးနိုင်တဲ့ကလေးတွေကိုလည်း တွေ့ရတတ်ပါတယ်
အဲလိုကလေးအများစုက စာဖတ်အားအင်မတန်
ကောင်းလွန်းတဲ့ကလေးတွေဖြစ်နေတတ်ပါတယ်
ဒါကလည်း အခြေခံကနေစရေးရင်း
တိုးတက်လာကြရတာပါပဲ
ဒါကြောင့် စာစီစာကုံးကိုလေ့ကျင့်မယ်ဆို
အခြေခံ ခေါင်းစဉ်နဲ့အချက်အလက်လွယ်တာလေးက
စရေးသင့်ပါတယ်
အချိန်အားဖြင့်လည်း ပေးရပါတယ်
ချက်ချင်းရေးလို့မတတ်ပါဘူး
ခေါင်းစဉ်စုံအောင်ရေးရင်း စာတွေလည်းဖတ်ရင်း
ဗဟုသုတတွေကိုလည်း စုံအောင်လေ့လာကြရပါတယ်
ဒါကြောင့် စာစီစာကုံးလေ့ကျင့်မယ်ဆို
အခြေခံကနေစကြဖို့ အကြံပေးပါရစေရှင်။

တီချယ်ခိုင်မေ ‌စာစီစာကုံးတန်းကို အောက်တိုဘာလမှာ ပြန်ဖွင့်သွားပါမယ်🌼Grade 5,6,7 ဆယ်‌ယောက်🌼Grade 8,9  ဆယ်‌ယောက် သာလက်ခံသင်...
04/09/2021

တီချယ်ခိုင်မေ ‌စာစီစာကုံးတန်းကို
အောက်တိုဘာလမှာ ပြန်ဖွင့်သွားပါမယ်

🌼Grade 5,6,7 ဆယ်‌ယောက်
🌼Grade 8,9 ဆယ်‌ယောက် သာလက်ခံသင်ကြားဖြစ်ပါမယ်ရှင်

👉သင်ကြားမှုပုံစံ၊
👉သင်တန်းသားလက်ခံမည့်ရက်၊
👉သင်တန်းကြေး
👉သင်တန်းကြေးလက်ခံမည့်ပုံစံ
တို့ကိုရက်နီးလျှင် အသေးစိတ်ထပ်တင်ပေးပါမယ်ရှင့်။

03/09/2021

စာစီစာကုံးရေးနည်းတွေ
မေ့များ မေ့ကုန်ပြီလား
ကလေးတွေရေ 😁
ရေးချင်သူတွေရော ရှိပါသေးလား
ရေးချင်ရင်တော့ စီစဉ်ပေးမယ်နော် ❤️

ဆရာမခိုင်မေကောင်း လက်ရှိသင်ကြားနေသော အတန်းများအားလုံးကို ခဏရပ်ဆိုင်းမှာဖြစ်ပါတယ်တီချယ်က March 12ရက်နေ့ထဲကနေ အခုထိ နယ်ဘက်...
28/03/2021

ဆရာမခိုင်မေကောင်း လက်ရှိသင်ကြားနေသော အတန်းများအားလုံးကို ခဏရပ်ဆိုင်းမှာဖြစ်ပါတယ်
တီချယ်က March 12ရက်နေ့ထဲကနေ အခုထိ နယ်ဘက်ရောက်နေပါတယ်
အင်တာနက်လိုင်းလည်းမရှိတဲ့အခါကြတော့ ဆက်သွယ်လို့မရလို့ပါ
တီချယ်ရန်ကုန်ပြန်ရောက်တဲ့အခါ အတန်းများအားလုံးကိုပြန်သင်ပေးပါမယ်တဲ့
အခုpost ကို တီချယ်ပြောတာတွေကို တီချယ့်အစား ရန်ကုန်က လက်ထောက်ကတင်ပေးခြင်းဖြစ်ပါတယ်

Zawgyi

27/01/2021

၂၀၂၁ စာစီစာကုံးသင်တန်းတွေကို
၃ လပိုင်းမှာ စမှာဖြစ်ပါတယ်
ယခုတစ်ခေါက်သင်တန်းက
G 4,5 မူလတန်းကိုသင်ကြားပေးမှာပါ
Messenger ကနေတိုက်ရိုက်သင်မှာပါ
ဝိုင်းအနေနဲ့သင်မှာဖြစ်ပြီး
တစ်ဝိုင်းကို ၄ယောက်သာလက်ခံမှာပါ
၁ပတ်ကို ၂ချိန်သင်ကြားပြီး
သင်တန်းကာလကို ၂လ သတ်မှတ်ထားပါတယ်
စုစုပေါင်း ၁၆ပုဒ်ပါ။
ကျွန်မနဲ့အတူ သင်တန်းချိန်အတွင်းရေးရမှာဖြစ်ပါတယ်။
သင်တန်းဖွင်မည့်အချိန်မတိုင်ခင် ထပ်မံပြီး
အသေးစိတ်ကို ကြေညာပေးပါ့မယ်
ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ဆို
အချိန်စာရင်း ဝိုင်းအရေအတွက် သင်တန်းကြေး
အပ်နှံရမည့်ရက် စသည်တို့ကို ထပ်မံကြေညာပေးမှာပါ။

ယခုတစ်ခေါက်သင်တန်းက
စုစုပေါင်း ၁၆ပုဒ်ပါ။

06/09/2020

📌📌မောင်ကောင်းခန့် သီဟ Grade 6 အနေနဲ့
စာသင်မယ့် account ကို page messenger မှာလာပြောပေးပါဗျ📌📌

Address


11101

Telephone

+959794273173

Website

Alerts

Be the first to know and let us send you an email when Tr. Khaing Myanmar Essay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share