15/07/2026
မူကြိုဆရာမအလုပ်ရဲ့နောက်ကွယ်🌸🌼💜
မူကြိုဆရာမ တွေဟာ ကလေးတွေရဲ့ ဘဝအစကို ပုံဖော်ပေးရတဲ့ အလွန်မွန်မြတ်ပြီး စိတ်ချမ်းသာစရာ၊ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။🥰❤️
နောက်ကွယ်မှာတော့😔🥺
လူတိုင်း မလုပ်နိုင်တဲ့ စိန်ခေါ်မှုနဲ့ ဖိစီးမှုတွေလည်း အများကြီး ရှိနေပါတယ်
မူကြိုကလေးတွေက အမြဲတမ်းတက်ကြွပြီး ကလေးတွေရဲ့သဘာဝ ခဏလေးတောင် ငြိမ်ငြိမ်မနေတတ်တဲ့ အရွယ်တွေဖြစ်ပြီးတော့ ဆရာမ အနေနဲ့ အစားအသောက်အချိန်မမှန်၊
ထိုင်ချင်တဲ့ အချိန်လည်း ထိုင်လို့မရ ၊အပေါ့အပါး သွားချိန်မရှိ၊ ကုန်းလိုက်၊ ကောက်လိုက်၊ ကလေးပွေ့လိုက် ၊ချော့လိုက်၊ ပြေးလိုက်နဲ့၊ တစ်နေ့လုံး ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ပြီးတော့ နေ့တိုင်း ဆူညံသံတွေ၊ စိတ်ရှုတ်ထွေးတာတွေကို ရင်ဆိုင်ကျာ်ဖြတ်ရပါတယ်။
အဲဒါတွေကိုလည်း ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်🤕
မူကြိုဆရာမတွေရဲ့ မနက်ခင်း အိပ်ရာထလို့ ပထမဆုံး ဆုတောင်းသံက ကလေးတွေတစ်နေ့တာလုံး ဘေးမသီရန်မခ ၊အနာတရမရှိ ၊ထိခိုက်မှုမရှိဘဲတစ်နေ့တာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ပါဘဲ။ဒါတောင်တစ်ချို့မိဘတွေအနေနဲ့ အိမ်မှာဖြစ်တဲ့ဒဏ်ရာတွေတောင် ဆရာမတွေကို အပြစ်ပုံချကြပါတယ်🥹😔
ကလေးငယ်တွေဟာ ခဏလေး မျက်စိလွှဲလိုက်ရုံနဲ့ ထိခိုက်ဒဏ်ရာရတာ၊ ပစ္စည်းတွေ ပါးစပ်ထဲထည့်တာ အစရှိသဖြင့် အချိန်ပြည့် ဂရုတစိုက်နဲ့ မျက်ခြေမပျက် စောင့်ကြည့်နေရတဲ့ အတွက်ကြောင့် တစ်နေ့တာလုံးကို စိုးရိမ်စိတ် ၊စိတ်ဖိစီးမှုတွေနဲ့ အမြဲတမ်းလွမ်းမိုးနေပါတယ် ။ တာဝန်ခံ တာဝန်ယူမှုတွေ ကလည်း အရမ်းကို ကြီးမားလှပါတယ်။
ကလေးတွေ ဂျီကျတာ၊ ငိုတာ၊ အစားမစားတာ၊ တယောက်နဲ့တယောက် ရန်ဖြစ်တာ၊ ဆီး/ဝမ်း မထိန်းနိုင်တာတွေကို နေ့တိုင်း ကြုံတွေ့ရပါတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း လုံးဝကို ထားရှိရပါတယ် တစ်ခါတစ်လေလည်း အလုပ်ကို စိတ်ကုန်တဲ့အခိုက်တန့်တွေနဲ့ ခဏခဏရင်ဆိုင် ကျော်ဖြတ်နေရပါတယ်
တစ်ချို့ မိဘတွနဲ့လည်း ညှိုနိုင်းပြောဆိုရ အလွန်ခက်ခဲပါတယ်😷🤕🥺❌
တစ်ခါတစ်လေတွေမှာ ကလေးကို ထိန်းကျောင်းရတာထက် မိဘတွေကို ကိုင်တွယ်ရတာက ပိုပြီး ခေါင်းခဲ ၊ခေါင်းကိုက်၊ စိတ်ညစ်ရပါတယ်။
မိဘတွေရဲ့ အလွန်အကျွံ မျှော်လင့်ချက်ထားမှု တွေ၊ စိုးရိမ်စိတ်လွန်ကဲပြီး အများနဲ့လိုက်လျောညီထွေမှုမရှိ အကဲပိုလွန်းနေတာတွေ ၊ လိုအင်ဆန္ဒမပြည့်ဝနိုင်မှုတွေကိုလည်း စိတ်ရှည်သည်းခံပြီး ဖြေရှင်းရတာဟာလည်း အရမ်းကိုစိတ်ပင်ပန်းစရာ ကောင်းလှပါတယ်။
တစ်ချို့အမြင်တွမှာ👀👁️
မူကြိုဆရာမတွကို အခိုင်းအစေလို သဘာထား၊ကလေးထိန်းလို၊ အိမ်ဖော်လိုလို၊ မူကြိုဆရာမကို "ဆရာ" တစ်ယောက်လို မမြင်ဘဲ အထင်သေးရှုံ့ချတာတွေလည်းရှိတတ်ပါတယ်။ မိမိရဲ့ အတတ်ပညာနဲ့ ကြိုးစားမှုကို လူမှုပတ်ဝန်းကျင်က တန်ဖိုးမထားသလို ခံစားရတဲ့အခါတွေမှာလည်း စိတ်ဓာတ်ကျရတတ်ပါတယ်။
လုပ်ရတဲ့အလုပ်၊ တာဝန်ယူ၊ တာဝန်ခံမှုတွေနဲ့ လစာနဲ့ယှဉ်မယ်ဆိုလည်း တစ်ခြားစီပါ များသောအားဖြင့် မူကြို ဆရာမတွေရဲ့ တာဝန်ယူရမှုဟာ အလွန်ကြီးမားပေမဲ့ ရရှိတဲ့ လုပ်ခလစာကတော့ အဆင့်မြင့်ကျောင်းမှ ဆရာ၊ ဆရာမတွေ ဒါမှမဟုတ် တခြားအလုပ်တွေနဲ့ ယှဉ်ရင် နည်းပါးတတ်ပါတယ်။ ငွေကြေးအရ အဆင်ပြေ အောင်မြင်မှုကို အဓိက လိုချင်သူတွေအတွက်လည်း လုံးဝအဆင်မပြေပါဘူး ၊မသင့်တော်ပါဘူး
အခြားသော အဆင်မပြေမှုတွေလည်း နေ့စဉ်နှင့်အမျှ အများကြီး ရင်ဆိုင်ကျော်ဖြတ် ရပါတယ်ရှင့်
ကလေးတွေရဲ့အနာဂတ်၊ မိမိရဲ့ဝါဿနာ၊ စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊ကလေးချစ်ခင်တတ်မှု၊အနစ်နာခံတတ်မှုရှိမှသာ မူကြိုဆရာမအလုပ်ကိုရွေးချယ်သင့်ပါတယ်🥰❤️
ဘယ်လိုအကြောင်းအရာလေးတွေက ကိုယ့်ကိုကြံ့ကြံ့ခိုင်ကျော်ဖြတ်ရပ်တည်နိုင်တာလဲဆိုရင်တော့
*ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု
*ကလေးတွေရဲ့ပျော်ရွှင်မှု
*ကလေးတွေရဲ့အပြစ်ကင်းစင်မှု
*ကလေးတွေရဲ့ချစ်ခင်ကြင်နာမှု
*အချို့သောမိဘများရဲ့ ကိုယ်ချင်းစာနားလည်ပေးမှု
*ချီးကျူးအားပေးမှု
*ကျေနပ်အားရမှု
*ဆရာမတွေပေါ်ယုံကြည်မှုပေးမှု
တွေကြောင့်ခုချိန်ထိ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေပါတယ်ရှင့်
ချစ်ခြင်းများစွာဖြင့်