23/08/2026
#သဒ္ဓါကြည်ဖြူကုသိုလ်ယူ #
ထောက်ကြန့်မြို့နေ
#ဒါယိကာမကြီးဒေါ်ခင်စန်းရီ
သား ကိုထွန်းထွန်းလင်း
( Dream)စားသောက်ဆိုင် မိသားစုက
#ဝါဆိုသင်္ကန်း,
#ပေါ်ဆန်းမွှေးဆွမ်းဆန်အိတ်တို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
#အလှူရှင်မိသားစုများ
#နိုးဆော်တိုက်တွန်းသူများ
#ဝေယျာဝစ္စကုသိုလ်ရှင်များ
ကိုယ်ရောစိတ်ပါ ကျမ္မာချမ်းသာစွာဖြင့် လုပ်ငန်းကိစ္စအစစအဆင်ပြေပြီး အသက်ရှည်ကြာ သာသနာကိုချီးမြှောက်ထောက်ပံ့နိုင်ကြပါစေ။
#ဆွမ်းအကျိုး ၅ ပါး #
🌷🌷🌷🌷🌷🌷
၁။အာယုံ ဒေတိ = ဆွမ်းကို ပေးလှူသောသူသည် အသက်ကို ပေးလှုရာ ရောက်၏။
၂။ ဝဏ္ဏံ ဒေတိ = ဆွမ်းကို ပေးလှူသောသူသည် အဆင်းကိုလည်း ပေးလှူရာ
ရောက်၏။
၃။ သုခံ ဒေတိ = ဆွမ်းကို ပေးလှူသောသူသည် ကိုယ် စိတ်နှစ်ဖြာ ချမ်းသာမှုကို ပေးလှူရာ ရာက်၏။
၄။ ဗလံ ဒေတိ = ဆွမ်းကို ပေးလှူသောသူသည် ကိုယ်ခွန်အား ဉာဏ်အားကို ပေးလှူရာ ရောက်၏။
၅။ ပဋိဘာနံ ဒေတိ = ဆွမ်းကို ပေးလှူသောသူသည် တခဏချင်းဖြစ်ပေါ်အသိဉာဏ်ဟူသော ပဋိဘာန်ဉာဏ်ပညာကိုပေးလှူရာ ရောက်၏။
ဆွမ်းအကျိုး လင်္ကာ
**************
သက်ရှည် ဆင်းလှ၊ ချမ်းသာရ ၊
ဗလဉာဏ်ပညာ
ဆွမ်းလှူအကျိုး ဤငါးမျိုး
အကျိုးကြီးလှစွာ။
၁၃၈၈-ခု၊ ဝါခေါင်လဆန်း ၁၀ ရက်၊
(23-8-2026)တနင်္ဂနွေနေ့။
ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၊
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်။
☎️0943025441☎️