B.E.H.S(4)Mingalardon
B.E.H.S(4)Mingalardon BEHS(4)Mingaladon To use all of friends, Seniors and Juniors students from our mother High School .. . . . Mingalarpar to all . . . .
မိခင်အခြေခံပညာကျောင်းတော်ကြီးမှာ ပညာသင်ယူခဲ့ကြတဲ့ သူငယ်ချင်းများ၊ စီနီယာများ၊ ဂျူနီယာများ အားလုံးအတွက် ကိုယ်စားပြုပြီး ပြုလုပ်ထားသော စာမျက်နှာဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားများအားလုံး မင်္ဂလာပါခင်ဗျာ . . . .
“ရွေးချယ်ရာ” ဆိုတာဘာလဲ ❓💁‍♀️ ကိုယ်ဘာကိုစိတ်ဝင်စားမှန်း မသိလို့ ဘယ် Uni တက်ရမလဲဆိုတာကို သေချာမသိ ဘယ်သူ့ကိုမေးရမှန်း လည်းမ...
28/12/2020
“ရွေးချယ်ရာ” ဆိုတာဘာလဲ ❓
💁‍♀️ ကိုယ်ဘာကိုစိတ်ဝင်စားမှန်း မသိလို့ ဘယ် Uni တက်ရမလဲဆိုတာကို သေချာမသိ ဘယ်သူ့ကိုမေးရမှန်း လည်းမသိ လမ်းပျောက်နေတဲ့ 10 တန်းဖြေပြီးသား ကျောင်းသား/ ကျောင်းသူတွေ အတွက် မှန်ကန်တဲ့ Career Path ကို ကိုယ်တိုင်ရွေးချယ်သတ်မှတ်နိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲလေး ဖြစ်ပါတယ်။
💁‍♀️ 10 တန်းဖြေပြီးသား ကလေးတွေအတွက် အဓိက ရည်ရွယ်ပေမယ့်လည်း Industry တစ်ခုစီမှ ကျွမ်းကျင် ပညာရှင်များက ဘယ်လိုမျိုးအကြောင်းကြောင့် သူတို့ တက်ခဲ့တဲ့ Uni ကိုရွေးချယ်ခဲ့တယ် ၊ Uni ကနေ Career ကို ဘယ်လိုအထောက်အပံ့ ဖြစ်စေနိုင်လဲဆိုတာတွေကို Sharing လုပ်ပေးသွားမှာဖြစ်လို့ University Student (First year) တွေပါ ဝင်ရောက်လျှောက်ထား နိုင်ပါတယ်။
💁‍♀️ “ရွေးချယ်ရာ” ကတော့ Purrfect English
နဲ့ ပူးပေါင်း ပြုလုပ်တဲ့ ပွဲလေးဖြစ်ပါတယ်။
“ရွေးချယ်ရာ” ကို Join ခြင်းအားဖြင့် …
✅ Career အကြောင်းတွေပြောပြပေးမှာမို့ ကိုယ်စိတ်ဝင်စားတဲ့ Career နဲ့ပါတ်သက်တဲ့ Uni ကို ရွေးချယ်တက်ရောက်နိုင်မယ်။
✅ 21 ရာစုမှာ ဘယ်လို Career တွေ Trend ဖြစ်နေသလဲဆိုတာသိရမယ်။
✅ နယ်ပယ်ပေါင်းစုံက စီနီယာတွေ၊ ပညာရှင်များရဲ့ ဆွေးနွေးဟောပြောချက်တွေကို မှတ်သားနားထောင်နိုင်မယ်။
✅ Digital Skills, Soft Skills တွေသင်ယူနိုင်မယ်။
✅ Program တစ်လျှောက်မှာ ကိုယ်နဲ့ စိတ်တူဝါသနာတူ သူငယ်ချင်းအသစ်များစွာ ရလာမယ်။
✅ Career Readiness ဖြစ်စေပြီး ခုလို Pandemic ကာလကို အကျိုးရှိရှိအသုံးချနိုင်မယ်။
📍 အခုလို Pandemic နဲ့ကြုံတွေ့နေရတဲ့အတွက် …
10 တန်းဖြေပြီးသားကျောင်းသားကျောင်းသူအများစုဟာ သင်တန်းတွေလည်း သေချာမတက်ရ၊ ကိုယ်စိတ်ဝင်စားရာ လည်း သေချာလုပ်ခွင့်မရှိလို့ သူတို့ရဲ့နောင်ရေးတွက် စိတ်ပူနေကြပါတယ်။ ဒီလိုမျိုးစိတ်ပူနေတဲ့အချိန်၊ အခုလိုမျိုး ဘာမှစိတ်တိုင်းကျ လုပ်ခွင့်မရှိသေးဘဲ Home Stay နေရတဲ့အချိန်မှာ မိမိကဘာကိုစိတ်ဝင်စားလဲ၊ ကိုယ်စိတ်ဝင်စား တာနဲ့ ဆက်စပ်ပြီး သင်ယူနိုင်မယ့် Uni ကို ကိုယ်တိုင် ရှာဖွေနိုင်မယ်၊ မိမိစိတ်ဝင်စားရာကနေ Career Path ကိုဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာတွေပါသိနိုင်ဖို့တွက် ရည်ရွယ်ပြီး YDH မှ ကျင်းပပြုလုပ်ပေးခြင်းပါ။
ဒီပွဲလေးကိုတော့ 5 ရက်တိုင် ကျင်းပပြုလုပ်သွားမှာပါ။
❗မျိုးဆက်သစ်တို့ရေ "ရွေးချယ်ရာ" Program အတွက် Application Form ဖွင့်ပြီတဲ့ဟေ့ ❗
ရွေးချယ်ရာ Program ကြောင်းမသိသေးရင်တော့ အောက်ပါ Link ကနေတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။ 🤗
https://www.facebook.com/youthdigitalhub/posts/212817933796298
🔎 "ရွေးချယ်ရာ" Program မှာ မောင် လေးညီမလေးတို့အတွက် ကိုယ့်ရဲ့ အနာဂတ် Career ကို အကောင်းဆုံးရွေး ချယ်နိုင်ဖို့ လမ်းညွှန်ပြသဖော်‌ဆောင်ပေး မယ့် နယ်ပယ်အသီးသီးမှာ အောင်မြင် နေတဲ့ အတုယူဖွယ်ဖြစ်တဲ့ ပညာရှင်တွေ၊ ကိုယ့်ရဲ့ Seniors တွေက ဘယ်သူ တွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြစို့ 🤗
🤩 အော် တစ်ခုမေ့တော့မလို့ Field တစ်ခုတည်းအကြောင်းကို သီးသန့်ပြောသွားမှာမဟုတ်ဘဲ …...
🔑 Technology & Engineering
🔑 Science
🔑 Medical
🔑 Business
🔑 Social Science
🔑 Digital Art
🔑 Art & Huminity အစရှိတဲ့ အမိုက်စား စိတ်ဝင်စားဖို့ ကောင်းတဲ့ နယ်ပယ်အသီး သီးကို တစ်နေရာတည်းမှာ သိရှိ‌ခွင့်ရနိုင်မယ့်အပြင် Digital Skills Training တွေ၊ Soft Skills Training တွေလည်းပါဝင်သေးတယ်နော် 🎉
ဒါတင်ဘဲလားဆိုတော့ မဟုတ်ပါဘူး 🙅
နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ ဆုံးမလမ်းညွှန်မှုတွေကို နားထောင်နိုင်ပြိး မေးမြန်းခွင့်ရမယ့် Panal Discussion ဆိုတာလဲပါသေး တယ်နော် ✨✨
ဒီလောက်ပဲလို့ထင်ရင်တော့ မှားသွားမှာပေါ့ သဲငယ်ရဲ့ 😊 နိုင်ငံရပ်ခြားကို သွားပြီး ပညာသင်ယူချင်တဲ့ မောင်လေး ညီမလေးတို့အတွက် Scholarship Buffet အစီအစဉ်လေးလဲ ပါ‌သေးတဲ့အ ပြင် Special Guest Speaker လည်း ရှိနေသေးတဲ့အတွက် "‌ရွေးချယ်ရာ" Program ကို မ Join မိရင်တော့ နောက် ကျကျန်ခဲ့တော့မယ်နော် 😌😌
✨ ကဲဒါဆို အကောင်းဆုံးတွေကို ရွေးချယ်နိုင်ဖို့ စိတ်အားထက်သန်တဲ့ သင့်အတွက် "‌ရွေးချယ်ရာ" Program ရဲ့ Application Form လေးက အဆင်သင့် စောင့်မျှော်နေပါပြီ 👇👇
ဒီလိုအကြမ်းဆုံး Program မှာ ပါဝင်နိုင် ဖို့ အရေအတွက် ကန့်သတ်ထားတာဖြစ် တဲ့အတွက် Application Form မှာ မေး ထားတဲ့အချက်လေးတွေကို စနစ်တကျ သေသေချာချာ‌‌လေး ဖြေပေးဖို့တော့ လိုအပ်မယ်နော် ✍️ ✍️
❗"ရွေးချယ်ရာ" Program မှာ ပါဝင်နိုင်ဖို့ အခကြေးငွေ လုံးဝလုံးဝ ပေးစရာမလို ပါဘူးနော် ❌ Deadline က 30 ရက်နေ့ဖြစ်တဲ့အတွက် အောက်က Link ကနေ အမြန် Application Form ဖြည့်လိုက်တော့နော် 🏃🏃
https://forms.gle/uxXBe4YKjfAEQRgq7
🎉 ဒီလို လေ့လာသင်ယူနိုင်တဲ့ အလန်း ဆုံး အစီအစဉ်တွေအပြင် နောက်ထပ် Surprise အမျိုးမျိုးကလည်း စောင့်ကြို နေတဲ့အတွက် Join ကို Join သင့်တဲ့ Program တစ်ခုဘဲနော် 🎉 ကိုယ့် ပတ်ဝန်းကျင်က jujus တွေမြင်အောင်လည်း share လုပ်ပြီး လက်တို့ပေးပါဦးနော်။ ❤️
(P.s အခုချိန်ထိ Surprise အလုပ်မခံဖူး တဲ့ လူတွေအတွက် အထူးသင့်တော်ပါ တယ်နော် 🤭 ဘယ်လို အထူးအစီအစဉ် တွေဖြစ်မလဲဆိုတာကတော့……)
👉 Stay Tuned! 👈
#ရွေးချယ်ရာ
"အထူးအသိပေးပန်ကြားခြင်း"ကျောင်းသား၊ ကျောင်းသူဟောင်းများ ခင်ဗျား!!!! မဂ်လာဒုံမှာ Covid-19 ရောဂါ ကူးစက် ခံထားရသူ (၁)ဦး တွေ...
29/03/2020
"အထူးအသိပေးပန်ကြားခြင်း"
ကျောင်းသား၊ ကျောင်းသူဟောင်းများ ခင်ဗျား!!!!
မဂ်လာဒုံမှာ Covid-19 ရောဂါ ကူးစက် ခံထားရသူ (၁)ဦး တွေ့ရှိရလို့ အားလုံး အသိ၊ သတိ လေးတွေထားပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်း ဂရုပြုကြပါလို့ တိုက်တွန်းအပ်ပါသည်။
ယခု လူနာနဲ့ထိတွေ့ဆက်ဆံဖူးသူတွေလည်း စောင့်ကြည့်စစ်ဆေးခံကြပါလို့ အထူးတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။
သို့ကျောင်းသူ၊ကျောင်းသားဟောင်းများကပ်ရောဂါ အန္တရာယ်ကင်းဝေးရေးအတွက် ဆရာကန်တော့ပွဲ ရက်အကန့်အသတ်မရှိရွေ့ဆိုင်းမည်ဖြစ်ကြောင်...
13/03/2020
သို့
ကျောင်းသူ၊ကျောင်းသားဟောင်းများ
ကပ်ရောဂါ အန္တရာယ်ကင်းဝေးရေးအတွက် ဆရာကန်တော့ပွဲ ရက်အကန့်အသတ်မရှိရွေ့ဆိုင်းမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း။
လတ်တလော အချိန်အခါတွင် ကိုရိုနာဗိုင်းရပ်စ် သည် တစ်ကမ္ဘာလုံးနီးပါး လျင်မြန်စွာ ပျံနှံ့လျက်ရှိ‌သောကြောင့် မိဘပြည်သူအား လုံး သတိကြီးစွာ ကုသ၊ကာကွယ်၊နေထိုင်၊စောင်ကြည့်လျက်ရှိနေပြီး
ရောဂါပိုးပျံ့ပွားလျက်ရှိသော တိုင်းပြည်များတွင်လည်းကောင်း၊ မိမိတို့ တိုင်းပြည်တွင်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများ၊ ကျန်းမာရေး ဌာနတို့မှ ရောဂါပိုးကူးစက်နိုင်သည့်အတွက် လူစုလူဝေးများ၊ ပွဲလမ်း သဘင်၊ အခမ်းအနားများကို မတက်ရောက်ရန်၊ ကျင်းပပြုလုပ်ခြင်းများ ကိုလည်း ရပ်ဆိုင်းထားရန် စသည့် သတိပေးတားမြစ်ချက်များကို အချိန်နှင့် တပြေးညီ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအခြေအနေများကြောင့် အ.ထ.က (၄) မဂ်လာဒုံ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၏ (၁၆)ကြိမ်မြောက် အာစရိပူဇော်ပွဲ အခမ်းအနားအား ဆရာ ၊ဆရာမကြီးများ၏ အကြံဉာဏ် ပေးခြင်းများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပွဲဖြစ်မြောက်ရေးနှင့်ကျင်းပရေးကော် မတီဝင်များမှ ယခုနှစ် (၂၇-၃-၂၀၂၀)နေ့တွင် ကျင်းပမည့် အာစရိယပူဇော်ပွဲအား ကျင်းပ ပြုလုပ်တော့မည်မဟုတ်ဘဲ ရက်အကန့်အသတ်မရှိရွေ့ဆိုင်းလိုက်ပါ ကြောင်း၊ ပြန်လည်ကျင်းပနိုင်ရန် အခြေအနေများကိုမူ စောင့်ကြည့် သွားမည်ဖြစ်‌ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ပုံ
ကျင်းပရေးဆပ်ကော်မတီ
ပူးတွဲပါ ပုံ - နိုင်ငံတော်သမ္မတရုံးကြေညာချက်အမှတ် (၁/၂၀၂၀)
🙏🙏ကျောင်းသား၊ ကျောင်းသူ ဟောင်း များ မင်္ဂလာပါဗျ။🙏🙏      🙏(၁၆)ကြိမ်မြောက်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း🙏📌 ဆရာကန်တော့ပွဲကြီး...
03/03/2020
🙏🙏ကျောင်းသား၊ ကျောင်းသူ ဟောင်း များ မင်္ဂလာပါဗျ။🙏🙏
🙏(၁၆)ကြိမ်မြောက်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း🙏
📌 ဆရာကန်တော့ပွဲကြီး ကျင်းပဖို့ (၂၃​)ရက်ပဲ လိုတော့တယ်နော်။
✅✅ ဆရာ၊ ဆရာမ တွေနဲ့လည်း ပြန်ဆုံကြမယ်။
✅✅ သူငယ်ချင်းတွေအားလုံး ပြန်ဆုံကြမယ်။
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊
✅✅ ထူးခြားတဲ့အစီအစဉ်တွေနဲ့လည်း ဆင်နွှဲမယ်။
✅✅ ဆရာ၊ ဆရာမတွေ ပြန်ပေးတဲ့ လက်ဆောင်လေးတွေလည်း မဲဖောက်ယူကြမယ်။
✅✅ ဓါတ်ပုံလှလှလေးတွေလည်း ရိုက်ကြမယ်။
✅✅ နေ့လည်စာလည်း ဘူဖေးစနစ်နဲ့ စားကြမယ်။
✅✅ မသိသေးတဲ့ သူငယ်ချင်းတွေကို မန်းရှင်းလိုက်ကြနော်။
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊
2️⃣7️⃣ ကျင်းပမည့်နေ့ရက် - ၂၇-၃-၂၀၂၀ (တပ်မတော်နေ့) (သောကြာနေ့)
🏦🏦 ကျင်းပမည့်နေရာ - အ.ထ.က(၄) မင်္ဂလာဒုံ
🕘🕘 ကျင်းပမည့်အချိန် - နံနက် (၉)နာရီမှ နေ့လည်(၁၂) နာရီထိ။
မသိသေးတဲ့သူငယ်ချင်းတွေမြင်ဖို့ Like & Share လုပ်ပေးကြဖို့လည်း မမေ့နဲ့နော်။
နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများ၊ ပြည်တွင်းတွင် ကိုယ်တိုင်မလာရောက်နိုင်သူများအနေဖြင့် အလှူငွေထည့်ဝင်လှူဒါန်းလိုပါက
အောက်ဖော်ပြပါ ဘဏ်အကောင့်သို့လည်း အလှူငွေ ထည့်ဝင် လှူဒါန်းနိုင်ပါသည်။
Account No . 0791220025286
Bank . KBZ Bank
Account Holders
U Win Myat Thu 12/MAGADA(N)115825
Daw Yin Min Hlaing - 12/MAGADA(N)137416
Daw Aye Aye Myint - 12/MAGADA(N)001638
တပည့်အပေါင်းသို့ အမှတ်တရငါသေမှ "ဆရာရေ"မတ နဲ့ဘာတွေမှမကြားရတော့ဘူး။မသာအပူ သပြာကူလဲငါမယူနိုင်တော့ဘူး။မြှုပ်နှံဖို့ သုသာန်ပိ...
27/02/2020
တပည့်အပေါင်းသို့ အမှတ်တရ
ငါသေမှ "ဆရာရေ"မတ နဲ့
ဘာတွေမှမကြားရတော့ဘူး။
မသာအပူ သပြာကူလဲ
ငါမယူနိုင်တော့ဘူး။
မြှုပ်နှံဖို့ သုသာန်ပို့လဲ
နှုတ်ပြန်လို့ မဆက်နိုင်တော့ဘူး။
ရစေခဏ အမျှဝေကြလဲ
ဘ၀တွေက ခြားသွားပြီ။
မသေသေးတဲ့အခိုက်
ရေအေးပဲတိုက်ပါ
ဗိုက်မဆာအောင် သောက်ချင်တယ် ။ ။
ဦးလွန်းမောင်
ကျောင်းအုပ်ဆရာကြီး (ငြိမ်း)
Credit
🙏🙏(၁၆)ကြိမ်မြောက်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း🙏🙏📌 အ.ထ.က(၄)မင်္ဂလာဒုံကျောင်းကြီးရဲ့ နှစ်စဉ်ကျင်းပြုလုပ်နေကျဖြစ်သည့် ကျောင်...
14/02/2020
🙏🙏(၁၆)ကြိမ်မြောက်အာစရိယပူဇော်ပွဲဖိတ်ကြားခြင်း🙏🙏
📌 အ.ထ.က(၄)မင်္ဂလာဒုံကျောင်းကြီးရဲ့ နှစ်စဉ်ကျင်းပြုလုပ်နေကျဖြစ်သည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကြီးအား လာမည့် မတ်လ (၂၇)ရက် (တပ်မတော်နေ့)မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
🙏🙏🙏🙏ကျောင်းသား၊ ကျောင်းသူများအားလုံး တက်ရောက် ဂါရ၀ပြုနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။🙏🙏🙏🙏
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊
2️⃣7️⃣ ကျင်းပမည့်နေ့ရက် - ၂၇-၃-၂၀၂၀ (တပ်မတော်နေ့) (သောကြာနေ့)
🏦🏦 ကျင်းပမည့်နေရာ - အ.ထ.က(၄) မင်္ဂလာဒုံ
🕘🕘 ကျင်းပမည့်အချိန် - နံနက် (၉)နာရီမှ နေ့လည်(၁၂) နာရီထိ။
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
မသိသေးတဲ့သူငယ်ချင်းတွေမြင်ဖို့ Like & Share လုပ်ပေးကြဖို့လည်း မမေ့နဲ့နော်။
နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများ၊ ပြည်တွင်းတွင် ကိုယ်တိုင်မလာရောက်နိုင်သူများအနေဖြင့် အလှူငွေထည့်ဝင်လှူဒါန်းလိုပါက
အောက်ဖော်ပြပါ ဘဏ်အကောင့်သို့လည်း အလှူငွေ ထည့်ဝင် လှူဒါန်းနိုင်ပါသည်။
Account No . 0791220025286
Bank . KBZ Bank
Account Holders
U Win Myat Thu 12/MAGADA(N)115825
Daw Yin Min Hlaing - 12/MAGADA(N)137416
Daw Aye Aye Myint - 12/MAGADA(N)001638
28/01/2020
ကိုယ့် အကြောင်းကိုယ် သိကြပေါ့ ချစ်လို့ သတိပေးတာနော် 😁🤣😁
21/11/2019
ကိုယ့် အကြောင်းကိုယ် သိကြပေါ့
ချစ်လို့ သတိပေးတာနော် 😁🤣😁
23/10/2019
ကျောင်းတော်ကြီး ကို
မေ့နေကြပြီလားး သီချင်းလေး
တစ်ယောက် တစ်ကြောင်းစီလောက်
Com; မှာ ရေးသွားပေးကြပါ အုန်းး သူငယ်ချင်းတို့
ကျောင်းသား၊ ကျောင်းသူ ဟောင်းများသို့ . . . . မင်္ဂလာနံနက်ခင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ အထက(၄)မင်္ဂလာဒုံ မိခင်ကျောင်...
23/03/2019
ကျောင်းသား၊ ကျောင်းသူ ဟောင်းများသို့ . . . .
မင်္ဂလာနံနက်ခင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
အထက(၄)မင်္ဂလာဒုံ မိခင်ကျောင်းတော်ကြီးရဲ့အစဉ်အလာကြီးမားစွာ နှစ်အဆက်ဆက်ကျင်းပပြုလုပ်လာခဲ့တဲ့ အာစရိယပူဇော်ပွဲ(သို့)မြတ်ဆရာပူဇော်ပွဲကြီးဟာဆိုရင်ဖြင့် ဒီနှစ်မှာ (၁၅)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပါပြီ။
(၁၅)ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီးကို နှစ်စဉ်ကျင်းပပြုလုပ်နေကျ တပ်မတော်နေ့ (၂၇-၃-၂၀၁၉)၊ ဗုဒ္ဓဟူးနေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်တော့မှာဖြစ်လို့ ဆရာ၊ ဆရာမများကို လာရောက် ဂါရ၀ပြုပြီး ငယ်သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြပါစို့လား။
မနှစ်က တက်ရောက်ခဲ့ကြသူများထဲမှ Admin Team ကို ဓါတ်ပုံပို့ပေးထားတဲ့ ကျောင်းရဲ့ အချောအလှလေးများကို ပြန်လည်စုစည်း တင်ပြလိုက်ပါတယ် ။
နေရာ ။ ။ အထက(၄)မင်္ဂလာဒုံ
နေ့ရက် ။ ။ 27-3-2019 (တပ်မတော်နေ့)
လေးစားစွာဖြင့်
Admin TEAM
Address
Pale` Myo Thit, Mingalardon.
Mingaladon
1311
Website
Alerts
Be the first to know and let us send you an email when B.E.H.S(4)Mingalardon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The School
Send a message to B.E.H.S(4)Mingalardon:
Shortcuts
Share