SW Computer Training Center

SW Computer Training Center Computer Training

04/10/2026

SW Computer သင်တန်းကို ယုံကြည်စွာရွေးချယ် တက်ရောက်ခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။

29/09/2026

ဘယ်တက္ကသိုလ်ကပြီးလျှင်အလုပ်တန်းရနိုင်လဲလို့မေးကြတဲ့ # #တက္ကသိုလိတက်မည့်ကျောင်းသားများအတွက် # #
***မိမိအမြင်တခုသာ***ဖြစ်ပါတယ်

28/09/2026

ကျွန်တော်တုန်းကလို ဘဝတွေမဖြစ်စေချင်ပါ၊ ရန်ကုန်မှာသင်တန်းတွေတက်နေရင်းအမြဲတမ်းတွေးမိတာတခုက
ကိုယ်တွေတုန်းက လို့ တကယ့်ကိုရောင်းဝါး၊ အထင်မြင်သေးခဲ့တာတွေ ကိုအခုခေတ်လူငယ်တွေ မဖြစ်စေချင်ဘူး
အဲ့ဒါကြောင့် ငါနယ်ကိုပြန်ဖြစ်တဲ့တနေ့မှာ ကိုယ့်တတ်ထားတာတွေကို လူငယ်တွေအတွက်ငါမျှဝေနိုင်ချင်တယ်လို့ အမြဲတွေးဖြစ်
ကိုယ်အစွမ်းအစ လေးတွေရှိသလောက်မျှ​ဝေနေရင်းပေါ့

23/09/2026

နည်းပညာလောကထဲကို ခြေလှမ်းသစ်စတင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတဲ့ A+ & Networking သင်တန်းသား/သူ တိုင်းအတွက် သင်တန်းဆင်းပွဲနဲ့အတူ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 👏

Hardware, Software ပိုင်းဆိုင်ရာ အခြေခံများမှသည် Network Architecture, IP Addressing, Troubleshooting များအထိ ခက်ခဲနက်နဲတဲ့ သင်ခန်းစာများကို ကြိုးစားသင်ယူခဲ့ကြတာကြောင့် IT Professional တစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ 💻🌐

သင်တန်းမှ ရရှိခဲ့တဲ့ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို လက်တွေ့နယ်ပယ်မှာ ထိရောက်စွာ အသုံးချပြီး -
✨ IT Industry ထဲမှာ အောင်မြင်တဲ့ System Administrator, Network Engineer, IT Support Specialist အစရှိတဲ့ အိပ်မက်လမ်းကြောင်းအသီးသီးသို့ တက်လှမ်းနိုင်ကြပါစေ။
✨ ရှေ့ဆက်ရမယ့် အလုပ်အကိုင်နဲ့ နည်းပညာခရီးစဉ်တိုင်းမှာလည်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း SW Computer Training Centerမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

16/09/2026

Server မှာ Active Directory တွေ၊ DNS တွေ DHCP တွေလက်တွေ့ပြုလုပ်ခြင်း

15/09/2026

"သုတေသန ရှာဖွေလေ့လာမှုများတွင် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် သင်တန်းသား/သူများ၏ အားထုတ်မှုကို SW Computer Training Center မှ အစဉ်အမြဲ ဂုဏ်ယူစွာ သတိရနေမည်ဖြစ်ပါသည်။"

12/09/2026

Microsoft Office,Internet and Email သင်တန်း တန်းခွဲသစ်
အင်္ဂါ,ဗုဒ္ဓဟူး,ကြာသာပတေး,သောကြာ
12:00PM to 2:00PM
15-9-2026 အင်္ဂါနေ့တွင် စတင်မည်ဖြစ်သည်။
09-972274352
[email protected]

05/09/2026

SW ကွန်ပျူတာသင်တန်းကျောင်းကို စည်းကမ်းတကျဖြစ်စေဖို့အတွက် နေ့စဉ်နှင့်အမျှ တန်ဖိုးထား လိုက်နာပေးကြတဲ့ သင်တန်းသား/သူ တစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

သင်တန်းအချိန်မှန် တက်ရောက်ခြင်း၊ ပျက်ကွက်လိုပါက စနစ်တကျ ခွင့်တိုင်ကြားခြင်း စသည့် သင်တို့၏ စည်းကမ်းရှိသော အမူအကျင့်များသည် အောင်မြင်သော လူငယ်တစ်ယောက်ဖြစ်လာရန် အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်။

အချို့သော သင်ခန်းစာများတွင် လိုအပ်ချက်များ၊ အားနည်းချက်များ ရှိခဲ့ပါကလည်း ဒါဟာ သင်တန်းသားများ၏ လိုအပ်ချက်မဟုတ်ဘဲ “ ဦးဇာနည် ” ရဲ့ အားနည်းချက် သာလျှင် ဖြစ်ပါသည်။

မိမိ၏ သင်တန်းသားများကို အကောင်းဆုံးသော အတတ်ပညာများသာမက ဘဝအတွက် အကျိုးရှိစေမည့် အသိပညာများကိုပါ လက်ဆင့်ကမ်း ပေးဝေနိုင်ရန် SW သင်တန်းကျောင်းမှ အစဉ်အမြဲ ကြိုးစား လေ့လာပြင်ဆင်လျက် ရှိပါတယ်
SW Computer Training Center

Address

ZayThit Street
Minbu
04021

Website

Alerts

Be the first to know and let us send you an email when SW Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share