သားသားမောင်ထက်ဝင်းလျှံ
ကဗျာရွတ်နေ
တိုးတက်လာပုံတွေကိုတဆင့်ပီးတဆင့်မြင်ရလို့
ဝမ်းသာပီတိဖြစ်ရပါတယ်သားသားရေ
ကျောင်းကိုစိတ်ချယုံကြည်စွာနဲ့စိတ်ရှည်လက်ရှည်မိဘဆရာလက်တွဲကူခဲ့တဲ့မေမေတို့ကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင့်
Dream Pre-school
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dream Pre-school, School, လျှပ်စစ်တာဘိုင်ဝန်ထမ်းအိမ်ယာမြောက်ဘက်မင်းဘူးမြို့, Minbu.
27/06/2023
အနုပညာ/လက်မှုပညာ သင်ကြားခြင်းရဲ့ အကျိုးကျေးဇူး
🖌️🎨🌟🌟🌟
အနုပညာ/လက်မှုပညာဆိုတာက ကလေးတွေအတွက် ကစားခြင်းနှင့် သင်ယူခြင်းတို့ကို ပေါင်းစပ်ထားတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ အနုပညာ/လက်မှုပညာဟာ စိတ်ကိုလွတ်လပ်ခွင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ ကလေးတွေကို အနုပညာ/လက်မှုပညာတွေ သင်ကြားပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲဆိုတာကို ဒီနေ့ မင်မင်မျှဝေပေးသွားမှာဖြစ်ပါတယ်။
လက်မှုအနုပညာပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေအနေနဲ့ က
(၁) သင်ကြားရေးမှာ အာရုံစူးစိုက်နိုင်အောင် အထောက်အပံ့ပေးပါတယ်။
(၂) တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းတယ်၊ တိုးတက်စေတယ်။
(၃) မတူညီတဲ့ အကြောင်းအရာတွေကို အသုံးပြုပြီး အဖြေရှာနိုင်တယ်။
(၄) သင်ကြားရေးမှာ မှတ်မိလွယ်လာမယ်.
(၅) အကြောင်းအရာတွေကို ဆက်စပ်ပြီး တွေးတောနိုင်လာမယ်
(၆) ဟာသဉာဏ်ကို ကွန့်မြူးစေတယ်
(၇) ဦးနှောက်ညာအခြမ်းကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးတယ်။
(၈) စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေတယ်/ ရင့်သန့်စေတယ်။
(၉) Psychomoter Skills ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးတယ်။
(၁၀) စိုးရိမ်ပူပန်မှု၊ စိတ်ဖိအားတွေကို လျှော့ချစေတယ်။
(၁၁) စိတ်ခံစားချက်ကို ထိန်းချုပ်တတ်လာမယ်။
(၁၂) လူမှုဆက်ဆံရေးဖွံ့ဖြိုးလာမယ်။
(၁၃) Sharing လုပ်တတ်လာမယ်။
(၁၄) မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်လာမယ်။
ကလေးတွေက အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရတာ၊ အရာဝတ္ထုတွေကို တီထွင်ဖန်တီးရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အဲဒီလို တီထွင်ဖန်တီးမှုကနေ ကလေးတွေက ဉာဏ်ရည်/သွေး၊ စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ လူမှုရေးပိုင်းဆက်ဆံရေးပိုင်းမှာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့ကျောင်း ကျောင်းတွေမှာ လက်မှုပညာရဲ့အခြေခံလေးတွေကို မဖြစ်မနေသင်ကြားသင့်ပါတယ်။
#ပြန်လည်ကူးယူဖော်ပြပါတယ်
27/06/2023
ကလေးကို ဘယ်အချိန် စာရေးသင်ပေးလို့ရလဲ? စာရေးနိုင်အောင် ဘာတွေလုပ်ပေးရမလဲ?
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
များသောအားဖြင့် မိဘတွေက ကိုယ့်ရဲ့ကလေးတွေကို ကလေးရဲ့ သင်ယူနိုင်မယ့် အချိန်ထက်စောပြီး စာရေးတာ၊ စာဖတ်တာလုပ်ဖို့၊ အရေးသင်ကြားဖို့ကို ဆန္ဒစောကြပါတယ်။ ဒါကြောင့် မင်မင်က ဒီနေ့ ကလေးတွေဘယ်အရွယ်မှာ စာစရေးနိုင်ပြီလဲ? စာရေးနိုင်အောင် ဘယ်လိုလေ့ကျင့်ပျိုးထောင်ရမလဲ ဆိုတာကို အဓိကမျှဝေပေးသွားပါမယ်။
ကလေးဘယ်အချိန်မှာ စာစရေးနိုင်ပြီလဲ၊ ခဲတံကိုင်နိုင်ပြီလဲဆိုတာကတော့ အသက်အတိအကျ ပြောပြဖို့ခက်ခဲပါတယ်။ ယေဘုယျသတ်မှတ်ချက်အနေနဲ့ကတော့ အသက် ၅ နှစ်ကျော် ၆နှစ်လောက်ရောက်ရင် စာရေးသင်လို့ရပြီ၊ စာစရေးခိုင်းလို့ရပါပြီ။ ဒီထက်စောပြီး အသက် ၃နှစ် ၄ နှစ်ဝန်းကျင်မှာ စာရေးစသင်ဖို့လုံးဝမဖြစ်နိုင်သလို၊ အတင်းအဓမ္မကိုင်ရေးစေတာမျိုးမလုပ်သင့်ပါဘူး။
ကလေးတစ်ယောက်က ခဲတံကိုင်နိုင်ပြီး စာရေးနိုင်ဖို့ဆိုရင် သူ့အတွက်လိုအပ်တဲ့ အခြေခံစွမ်းရည်တွေကို စာရေးမသင်ခင်မှာ အပြည့်အဝရရှိခဲ့ဖို့တော့လိုအပ်ပါတယ်။ ဘယ်လိုအခြေခံစွမ်းရည်တွေလည်းဆိုတော့
(1️⃣) ကလေးရဲ့လက်မောင်း၊ လက်ဖျံ၊ ကျောကုန်း၊ လက်ချောင်းတွေမှာရှိတဲ့ ကြွက်သားတွေသန်စွမ်းနေရမယ်။
(2️⃣) မျက်လုံးနှင့်လက်ပူးပေါင်းပြီး လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေ ဖွံ့ဖြိုးနေရမယ်။
(3️⃣) အာရုံစူးစိုက်မှုစွမ်းရည်လို့ခေါ်တဲ့ Concentration အားကောင်းနေရပါမယ်။
🔻🔻🔻🔻🔻🔻🔻🔻🔻
ဒီလိုစွမ်းရည်တွေရဖို့ မိဘတွေ၊ ဆရာတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ၊ ဘယ်လိုကူညီပေးရမလဲ၊ ဘာလုပ်ပေးရမလဲဆိုတော့
(1️⃣) ကလေးရဲ့ ခြေ/လက် ကျန်းမာသန်စွမ်းဖို့ မိဘတွေအနေနဲ့ မွေးကင်းစကတည်းကစပြီး လေ့ကျင့်ပေးလို့ရပါတယ်။ ကလေးရဲ့ ခြေလက် လှုပ်ရှားလို့ရအောင် အနှီးကို ကျပ်တည်းနေအောင်မထုပ်ပဲ ပွပွချောင်ချောင်လေး ထားပေးတာမျိုး၊ လက်အိတ်ကို တတ်နိုင်သမျှ မစွပ်ပေးတာမျိုးနဲ့ ကလေးကြွက်ကသားတွေကို လှုပ်ရှားမှုဖြစ်အောင်အခြေအနေကို ဖန်တီးပေးရပါမယ်။
(2️⃣) ကလေး လေးဘက်ထောက်၊ ဝမ်းလျားသွားတဲ့အချိန်မှာ လွတ်လွတ်လပ်လပ်နေစေပါ။ ဒါမှ လက်မောင်း၊ လက်ဖျံ၊ ပေါင်၊ ခြေသလုံး၊ ကျောပြင်စတဲ့ ကြွက်သားတွေ သန်မာစေမှာဖြစ်ပါတယ်။
(3️⃣) လမ်းလျှောက်စသင်တဲ့အချိန်မှာ ထိုင်ကွင်း၊ လမ်းလျှောက်သင်ဂွေဝိုင်းတွေကို တတ်နိုင်သမျှ မသုံးတာမျိုး၊ လျှော့ပေါ့သုံးတာမျိုး ကလည်း ကလေးကြွက်သားတွေကို သန်မာလာစေမှာဖြစ်ပါတယ်။
(4️⃣) အစားအသောက်ကို ကိုယ်တိုင်ယူစားခိုင်းပါ၊ ဇွန်း၊ တူ၊ အသုံးပြုတတ်အောင် သင်ပေးပြီး ကိုယ်တိုင်လုပ်ခိုင်းပါ။
(5️⃣) သဲ၊ ရေ၊ မြေ၊ ရွံ့ စတာတွေကို များများဆော့ခိုင်းပါ။ ရောင်စုံခဲတံနဲ့ နံရံဖြစ်စေ၊ စာအုပ်တွေမှာဖြစ်စေ သူတို့ဆန္ဒရှိသလို ရေးခြစ်ချင်ရင် စိတ်ကြိုက်ရေးခြစ်ပါစေ ခွင့်ပြုပါ။
(6️⃣) ဂျုံနယ်တာမျိုး၊ ဘောလုံးကန်၊ ဘောလုံးပစ်စတဲ့ ကစားနည်းတွေကို ကစားခိုင်းပါ။
(7️⃣) ကလေးကို စာရေးစသင်တဲ့အခါ ဝလုံးလေးတွေကို သေးသေးလေးတွေ၊ လေးကြောင်းမျဉ်းနဲ့ စသင်တာတွေဟာ ကလေးအတွက် ခက်ခဲပါတယ်။ သူစိတ်ကြိုက်ရေးဆွဲစေပြီး ဖြည်းဖြည်းချင်းလေ့ကျင့်ပေးပါ။
ဒါတွေဟာကလေးကို KFG ရဲ့ မင်မင် အတွေ့အကြုံအရ စာရေးစမသင်ခင် မဖြစ်မနေ လေ့ကျင့်ပြုစုပျိုးထောင်ပေးရမယ့် အချက်တွေဖြစ်ပါတယ်။
စာစရေးဖို့ဆိုရင် လက်ကောက်ဝတ်၊ တံတောင်၊ လက်ညိုး၊ လက်မ၊ လက်ခလယ် တွေမှာရှိတဲ့ ကြွက်သားတွေက သန်မာဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒီကြွက်သားလေးတွေ သန်မာဖို့ဆိုရင် အချိန်ကာလအားဖြင့် အနည်းဆုံး ၂ နှစ်လောက်တဖြည်းဖြည်းချင်း လေ့ကျင့်ပျိုးထောင်ပေးရလေ့ရှိပါတယ်။ ဒါကြောင့် နေအိမ်ဖြစ်စေ၊ ကျောင်းဖြစ်စေ သဲပန်းချီ၊ ရွံ့/ဂျုံ ပန်းပု တွေကို များများကစားစေရပါမယ်။
⚠️⚠️ဒီကြွက်သားတွေမသန်မာပဲ စာရေးသင်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုရင်တော့ ကလေးတွေအနေနဲ့ စာရေးတဲ့အခါ လက်ချောင်းတွေနာပြီး စာရေးပျင်းသွားမယ်၊ လက်ရေးမလှတာမျိုးဖြစ်လာမယ်၊ စာရေးရင်နှေးကွေးလာမယ်၊ တာဝန်အရသာစာရေးနေရပြီး စာရေးရမှာကျောင်းသွားရမှာ ကြောက်လာမယ်။ ကျောင်းနေမပျော်တော့ပဲ သင်ယူခြင်းမှာ တက်ကြွမှု ကျဆင်းလာမယ်။ စတာတွေအပြင်အများကြီးဆိုးကျိုး ဖြစ်လာနိုင်ပါတယ်။⚠️⚠️
ဒါကြောင့် မိဘတွေ ဆရာ/ဆရာမတွေ အနေနဲ့လည်း ကလေးစာရေးဖို့ ဆန္ဒအရမ်းမစောပဲ ကလေးမှာလိုအပ်တဲ့ ဖွံ့ဖြိုးမှုကို အပြည့်အဝရဖို့ အရင်လေ့ကျင့်ပေးပြီးမှ စာရေးသင်ဖို့အတွက် အကြံပြုလိုက်ပါရစေ။
မူကြိုကတည်းက က/ခ A/B/C တွေရေးခိုင်း လူကမူကြို ကျောင်းကပြန်ရင် ကျူရှင်တွေတက်နေရတဲ့ ကလေးတွေဆို တကယ်ကို သနားတာ😢😢😢😢
ဖြေးဖြေးချင်းပေါ့ ကလေးတွေကို အသက်ကြီးသွားတာနဲ့ စာ ပြီးရင်း စာလုပ်ရတော့မှာ မူကြိုအရွယ်လေးမှာတော့ ပေါ့ပေါ့ပါးပါးလေး နေပါစေဦး😢😢😢😢
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
ECCDမူကြို နှင့် Non-ECCDမူကြို
----------------------------------------------
မိဘတွေအနေနဲ့ ကိုယ့်သား/သမီး ပညာရေးအတွက် မူကြိုပို့မယ်ဆိုရင် ဘယ်လိုကျောင်းမျိုးရွေးချယ်ရမလဲ? (စာကိုဆုံးအောင် ဖတ်စေချင်ပါတယ်)
-အရင်ဆုံး မူကြိုကျောင်းတွေ စုံစမ်းပါ။
-ကျောင်းအပ်ဖို့ မလောပါနဲ့။
-အစကောင်းမှ အနှောင်းသေချာမှာမို့ ကို့ရင်သွေးကို
အမှန်တကယ် ပညာတတ်စေချင်ရင် စိတ်ရှည်စွာ
ကျောင်းကောင်းကောင်းကိုစုံစမ်းပါ။
-မူကြိုကျောင်း 2 မျိုးရှိပါတယ်-
(1) ECCDနည်းအတိုင်း ကျင့်သုံးတဲ့ မူကြို။
(2)ECCDအတိုင်းမဟုတ်ဘဲ မိဘစိတ်တိုင်းကျမူကြို။
နံပါတ်-1 ECCD မူကြိုဆိုတာဘာလဲ?
-ECCDနည်းအတိုင်းသင်ကြားပေးသော မူကြိုများ၏ ပုံစံ-
-ကလေးများအား အသက်အရွယ်အလိုက် Beginnerနှင့်Pre-KGဟု မူကြိုနှစ်တန်း ခွဲခြားထားရှိ ခြင်း
-အသက်3နှစ်မှ4နှစ်အတွင်းအားBeginnerအတန်း
-အသက်4နှစ်မှ6နှစ်အတွင်းအားPre-Kgအတန်း
-တစ်လစာLesson Plan(projects)ဖြင့်သင်ကြားခြင်း
-ကလေးအားဖိအားမပေးဘဲ မိမိတတ်နိုင်သလောက်သာ စာဖတ်စေခြင်း
-Colouring သင်ရာတွင် ဆရာမ မှလက်ထိန်းမပေးဘဲ ကလေးစိတ်တိုင်းကျ ကိုယ်တိုင်လုပ်ဆောင်စေခြင်း
-5နှစ်မှသာ စာ စရေးစေခြင်း
-ပြည့်ဝသော အိပ်စက်မှုရှိစေခြင်း
-နွေးထွေးသော ဆက်ဆံရေးရှိခြင်း
-ကလေးဗဟိုပြု သင်ကြားခြင်းဖြစ်သည့်အတွက်
မိဘအများစုရဲ့ စိတ်တိုင်းကျမှုကိုတော့အပြည့်အဝပေးနိုင်မှာမဟုတ်ပေမယ့် ထိုနည်းများကသာ မှန်ကန်တဲ့ ECCDနည်းလမ်းတကျ သင်ကြားတဲ့ မူကြိုမျိုးဖြစ်ပါတယ်။
နံပါတ်-2 Non-ECCDမူကြို ဆိုတာဘာလဲ?
-မူကြိုကလေးအတန်း2မျိုးခွဲထားခြင်းမရှိ
-တစ်လစာ သင်ကြားရန် Lesson Planရေရေရာရာ မရှိခြင်း
-ကလေးအားဖိအားပေး စာများရေးစေခြင်း
-ဖိအားပေးအရောင်ခြယ်စေခြင်း
-အိပ်စက်ချိန်ပြည့်ဝစွာမပေးဘဲ မိဘစိတ်တိုင်းကျ စာကိုသာ ရေးစေခြင်း၊ဖိအားပေးခြင်း
-နွေးထွေးသောဆက်ဆံမှုမျိုးမရှိခြင်း
-မိဘနှင့်ဆရာ ဗဟိုပြု သင်ကြားခြင်းမျိုးဖြစ်သည့်အတွက် ကလေးအတွက် အကျိုးမရှိပါ
-အရွယ်နှင့်မမျှသော ဝန်အားပေးပါက ကလေးအတွက် စိတ်ဖိစီးမှုများစေပြီး တတ်သင့်သလောက်မတတ်တော့ပဲ မူကြိုတက်ရသည့် အနှစ်သာရ ပျောက်နိုင်သည်။
မိဘတွေရဲ့ စိတ်-
-မိဘတွေဟာကို့သား၊သမီးကို တတ်စေချင်ဇောကြီးပြီး စာအတင်းရေးခိုင်းခြင်း၊ဖတ်ခိုင်းခြင်း
-ခြိမ်းခြောက်သင်ကြားခြင်း
-ECCDမူကြိုများအား စိတ်တိုင်းမကျခြင်း
-Complainများစွာ တက်ခြင်း
ထိုအရာများဟာ မိမိရင်သွေးအတွက် ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် မူကြိုထားတော့မယ်ဆိုရင် ကျောင်းစုံစမ်းတဲ့အခါ ဒါတွေသိထားပါ။
-ကျောင်းမှာBeginner/Pre-Kgရှိသလား
-မိမိကလေးဟာ ဘယ်အတန်းမှာတက်နိုင်သလဲ
-တစ်လစာlesson plan ရှိ/မရှိ မေးပါ
-စာရေးခိုင်းဖို့စိတ်မလောပါနဲ့
-ဖိအားမပေးပါနဲ့
-ကျောင်းတက်စတစ်ပတ်မှ တစ်လထိ ကလေးကျောင်းမပျော်ဖြစ်လျှင် စိတ်ရှည်စွာ အလိုမလိုက်ဘဲ ကျောင်းဆက်ပို့ပါ။
-မူကြိုမှ ဆရာ၊ဆရာမများအား လေးစားပါ
-ကို့ရင်သွေးကို ဆရာ၊ဆရာမများကသာ ဂရုစိုက်သင်ကြားပေးရတာမို့ လေးစားပေးပါ
13/06/2023
အကြောင်းအမျိုးမျိုးကြောင့် မူကြိုမထားဖြစ်ရင် အိမ်မှာ ဒါတွေလုပ်ပေးပါ
🎈🎈🎈🎈🎈🎈🎈🎈🎈
ဒီတစ်ခါတော့ မင်မင်က မူကြိုတက်ရမယ့်အရွယ်မှာ အကြောင်းအမျိုးမျိုးကြောင့် မူကြိုမထားဖြစ်ရင် မိဘတွေအနေနဲ့အိမ်မှာ ဘာတွေလုပ်ပေးလို့ရမလဲဆိုတဲ့ မိဘတွေအတွက်ရည်ရွယ်ပြီးရေးသားတင်ပြသွားမှာဖြစ်ပါတယ်။ ကလေးအသက်က ၂နှစ်ခွဲကနေ ၅ နှစ်ကြားလည်းရှိနေပြီ။ ကလေးတွေကိုမူကြိုလည်းထားချင်တယ်။ ကိုယ်က နိုင်ငံရပ်ခြားမှာ ဒါမှမဟုတ် အလုပ်အပြောင်းအရွေ့တွေကြောင့် မူကြိုအတည်တကျထားလို့အဆင်မပြေတာ၊ ကြိုပို့လုပ်ဖို့ အဆင်မပြေတာမျိုးတွေကြောင့် ကလေးအနာဂါတ်အတွက်လည်း စိုးရိမ်နေတဲ့မိဘတွေရှိမှာပါ။ မူကြိုထားရမယ့်အရွယ်မှာ မူကြိုမထားဖြစ်သေးရင် ဖေဖေမေမေတို့အနေနဲ့ အိမ်မှာ အောက်ပါအတိုင်းလေး လုပ်ပေးလို့ရပါတယ်။
(၁) လက်ချောင်းကြွက်သားလေးတွေ သန်မာဖို့ သင်ကြားပေးပါ။
ဖေဖေမေမေတို့အနေနဲ့ မူကြိုမထားဖြစ်သေးရင် သူတို့ကျောင်းတက်ပြီးစာရေးတဲ့အခါ အဆင်ပြေဖို့၊ စာရေးရင် လက်ချောင်းလေးတွေမကိုက်ခဲဖို့၊ ရွံလေးတွေ၊ မြေကြီးတွေကို နယ်ပြီးကစားခိုင်းပါ။ ဂျုံတွေနယ်ကစားခိုင်းပါ။ ရောင်စုံတွေချယ်ခိုင်းတာမျိုး၊ ကလေးဆန္ဒရှိလို့ စာရေးချင်ရင်လည်း ခွင့်ပြုပေးတာမျိုးလုပ်ပေးပါ။
(၂) အခြေခံ ဝေါဟာရ ကဗျာတွေသင်ပေးပါ။
ဖေဖေမေမေတို့အနေနဲ့ မြန်မာစာကဗျာတိုအနေနဲ့ က ကလေးငယ် ချစ်စဖွယ်။ ခ ခရေကုံး မလေးပြုံး၊ ဆိုတာမျိုး English Phonic ကဗျာဖြစ်တဲ့ ( A for Apple, B for Ball. ) စသဖြင့် သင်ကြားပေးပါ။
(၃) လူများတာကိုမကြောက်ရလေအောင် ပတ်ဝန်းကျင်နှင့်ထိတွေ့ပေးပါ။
ကလေးတွေအနေနဲ့ ကျောင်းစတက်ရင် လူအများကြီးကိုမြင်ရတဲ့အခါ ကြောက်လန့်တာမျိုးဖြစ်တတ် ပါတယ်။ ဒါ့ကြောင့် ဖေဖေမေမေတို့အနေနဲ့ မူကြိုမထားဖြစ်သေးရင် အလုပ်ပိတ်ရက်၊ အားလပ်ရက်တွေမှာ ဆွေမျိုးအပေါင်းအသင်းများထံ အလည်သွားတာမျိုး၊ လူများတဲ့ ပန်းခြံတို့၊ ကစားကွင်းတို့မှာ ဆော့ကစားစေတာမျိုး ပြုလုပ်ပေးလို့ရပါတယ်။
(၄) အခြေခံသင်္ချာကို သင်ကြားပေးပါ။
ကလေးတွေကို မူကြိုမထားနိုင်သေးတဲ့အခါ မေမေဖေဖေ တို့အနေနဲ့ အိမ်မှာ ရောင်စုံဘောလုံး၊ ဒါမှမဟုတ် အရုပ်တွေကို အသုံးပြုပြီး အရောင်ခွဲစေတာမျိုး၊ အရေအတွက် ၁,၂,၃,၄, စသဖြင့် ရေတွက်စေတာမျိုး၊ တြိဂံ၊ လေးထောင်၊ အဝိုင်း၊ အလုံး၊ စသဖြင့် ခွဲခြားစေတာမျိုး သင်ကြားပေးလို့ရပါတယ်။
(၅) ကလေးရဲ့တကိုယ်ရေကိစ္စအတွက် ဖြေရှင်းတတ်အောင်သင်ပေးပါ။
ကလေးရဲ့တကိုယ်ရေကိစ္စဆိုတာကတော့ ရှူးရှူးပေါက်တာမျိုး၊ အီးအီးပါချင်တာမျိုးတို့ဆို မိဘကိုပြောစေပြီး ခွင့်တောင်းတတ်အောင်သင်ပေးဖို့လိုသလို ၃ နှစ်အရွယ်ကစပြီး ကိုယ့်ဘောင်းဘီ ကိုယ့်ဘာသာဝတ်စေတာမျိုး၊ အိမ်သာထဲကိုသာ အပေါ့အလေးစွန့်စေတာမျိုး၊ ထမင်းကို ကိုယ့်ဘာသာ စားတတ်အောင်သင်ပေးတာမျိုးကိုလည်း သင်ပေးထားသင့်ပါတယ်။
ဒါကတော့ ဖေဖေမေမေတို့အနေနဲ့ မိမိကလေးတွေကို မူကြိုမထားဖြစ်သေးရင် အိမ်မှာ လွယ်လွယ်ကူကူနဲ့ သင်ကြားပေးလို့ရတာလေးတွေဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ KFG ရဲ့ မင်မင်အတွေ့အကြုံအရ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက်ဆိုရင် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင်မူကြိုထားခြင်းပါပဲ။ မူကြိုထားခြင်းက ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျောင်းနေပျော်ရေးတို့အတွက် ဖွံ့ဖြိုးစေလို့ပဲဖြစ်ပါတယ်။
(ကျမတို့ KFG ရဲ့Post များကို မည်သူမဆိုမျှဝေခြင်းဖြင့် မိဘများကိုကူညီအကြံပေးနိုင်ပါတယ်။ ကော်ပီကူးတင်လည်းရပါတယ်။ သို့သော်မေတ္တာရပ်ခံလိုတာကတော့ စာများတွင် မိမိကျောင်းအမည်အစားထိုးတာမျိုး၊ ( #) ခံထားသောအောက်က Mark ဖြုတ်တာမျိုး မလုပ်ဖို့လေးပါပဲ)
အားလုံးကိုကျေးဇူးတင်ပါတယ်
12/06/2023
❤❤
05/06/2023
ကလေးတစ်ယောက် အနာဂါတ်မှာ အောင်မြင်ဖို့ဆိုတာ ဖေဖေမေမေတို့အနေနဲ့ ပညာရေးကောင်းကောင်း သင်ပေးရုံနဲ့ မလုံလောက်တော့ပါဘူး။
အောင်မြင်ကျော်ကြားတဲ့သူတွေတိုင်းဟာ အရည်အချင်းကောင်းများစွာ ပိုင်ဆိုင်ထားကြပါတယ်။ ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွေကို နှံ့စပ်ကျွမ်းကျင်ကြသလို လူမှုရေးပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးမှာလည်း ကောင်းမွန်ကြတာတွေ့ရပါတယ်။
ဒါကြောင့် မိမိရဲ့ကလေးကို အောင်မြင်တဲ့လူတစ်ယောက်အဖြစ် ပြုစုပျိုးထောင်မယ်ဆိုရင် ကလေးကို ဉာဏ်ရည် ဉာဏ်သွေးလို့ခေါ်တဲ့ (IQ) ကောင်းအောင် သင်ပေးဖို့လိုသလို စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းလို့ခေါ်တဲ့ (EQ) ကောင်းအောင်လည်း လုပ်ဆောင်သင်ကြားပေးဖို့ အင်မတန်မှ လိုအပ်ပါတယ်။ ဒါကြောင့် မင်မင်က ဒီနေ့ IQ နဲ့ EQ အကြောင်းမျှဝေပေးပါမယ်။
ပထမဆုံးအနေနဲ့ IQ အကြောင်းပြောပြချင်ပါတယ်။ IQ ဆိုတာ Intelligence Quotient ရဲ့အတိုကောက်ဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေးကို ခေါ်တာပဲဖြစ်ပါတယ်။ IQ က မျိုးရိုးဗီဇနဲ့ ဆိုင်ပါတယ်။ IQ ကောင်းတဲ့ကလေးဖြစ်ဖို့ဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင်လောင်း ဖခင်လောင်းတို့ရဲ့ ပြုမူနေထိုင်ပုံ၊ စားသောက်ပုံတို့နှင့်လည်း သက်ဆိုင်ပါတယ်။ IQ ကောင်းတဲ့ကလေးတွေက ကျောင်းသင်ခန်းစာတွေကို လေ့လာသင်ယူတဲ့အခါ အခက်အခဲမရှိ သင်ယူနိုင်ကြပါတယ်။
IQ မြင့်တဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးမြင့်လေလေ ပါပဲ။ ကလေးတွေငယ်စဉ်ကျောင်းသားဘဝမှာ မိဘတွေဆရာတွေက စာသင်ခန်းမှာ အရည်အချင်းစစ်တဲ့အခါ ဉာဏ်ရည်ဉာဏ်သွေး (IQ) နဲ့ပဲ ဆုံးဖြတ်လေ့ရှိကြပါတယ်။ IQ မြင့်တဲ့ကလေးက စာတော်ပြီး အဆင့်ကောင်းကောင်းရတယ်။ မိဘတွေ ဆရာတွေကလည်း IQ ကိုပဲ ဦးစားပေးတတ်ကြတယ်။ ဒီကနေ့အထိလည်း ဒီလိုမျိုးက အများကြီးရှိနေဦးမှာပဲ။ တကယ်တော့ IQ ကောင်းပြီး EQ မကောင်းရင် ကလေးက အောင်မြင်တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
🔺IQ မြင့်တဲ့ကလေးတွေဟာ
(၁) ဘာသာရပ်၊ ပညာရပ်ဆိုင်ရာတွေမှာ ကျွမ်းကျင်တတ်မြောက်နိုင်ပါတယ်။
(၂) ပြဿနာရပ်တွေ အဖြေရှာတဲ့နေရာမှာလည်း အချိန်တိုအတွင်း အမှန်အမှားခွဲခြမ်းစိတ်ဖြာပြီး မှန်မှန်ကန်ကန် အဖြေရှာနိုင်ကြပါတယ်။
(၃) တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းတွေ၊ စွမ်းရည်တွေမြင့်ကြပါတယ်။
(၄) မှတ်ဉာဏ်ထက်သန်လေ့ရှိပါတယ်။
🔺IQ မြင့်မားဖို့ဆိုရင် မိဘမျိုးရိုးနဲ့ဆိုင်သလို ကလေးမမွေးဖွားခင်ကိုယ်ဝန်ဆောင်စဉ်ကစပြီး ကလေးပြုစုပျိုးထောင်စဉ်တစ်လျှောက် ကလေးအတွက်
(၁) ကျန်းမာရေးကောင်းမွန်ဖို့လိုပါတယ်။
(၂) ဗီတာမင်ကြွယ်ဝတဲ့ သစ်သီးဝလံ၊ ဟင်းသီး/ရွက် များများစားပေးရပါတယ်။ ကျွေးပေးရပါတယ်။
(၃) ရေများများ သောက်ပေးရပါမယ်။
(၄) အိပ်ရေးဝဝအိပ်ပေးရပါမယ်။
(၅) ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လေ့ကျင့်ပေးရပါမယ်။
(၆) ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်ဖို့ ဦးနှောက်သုံးရတဲ့ ကစားနည်းတွေများများ ကစားစေရပါမယ်။ ဉပမာ- စစ်တုရင်(Chess) ကစားနည်း၊ Puzzle အပိုင်းအစဆက်နည်း တွေကစားစေရပါမယ်။
(၇) စာများများဖတ်စေရပါမယ်။
ဒီလိုဆိုရင် ကလေးက IQ မြင့်မားလာမှာဖြစ်သလို ထူးချွန်တဲ့ကလေးတွေဖြစ်မှာဖြစ်ပါတယ်။ သို့သော် ကလေးတစ်ယောက် ဘဝတစ်လျှောက်လုံးအောင်မြင်တိုးတက်ဖို့ဆိုရင် မင်မင်အထက်မှာပြောခဲ့သလိုပဲ IQ ကောင်းနေရုံဖြင့် မလုံလောက်ပါဘူး။ EQ ကောင်းဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။ စာလည်းအတော်ရှည်နေပြီဆိုတော့ ဒီနေ့ဒီမှာပဲနားပြီး မနက်ဖြန်မှ EQ အကြောင်းလေး ဆက်လက်မျှဝေပေးသွားပါမယ်နော်။
အားလုံးကို ကျေးဇူးတင်ပါတယ်
ကိုယ့်❤❤❤❤❤❤❤❤လေးတွေ
31/05/2023
ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်
မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်❗️
ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်🥀
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်
Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊
ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့
ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။
ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။
ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။
နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။
ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။
ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။
ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။
သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။
လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။
တကယ်ချစ်ပေးပါ💜
မူရင်းရေးသားသူအား Credit ပေးပါသည်🙏
တီချယ်အိနဲ့ကြော်ငြာရိုက်ချင်တယ်ဆိုလို့😍
အသဲတုန်းလေး❤❤❤
သူလေးကကိုယ့်ထက်ပိုစ်ပေးကြမ်း😘😘
25/05/2023
25/05/2023
မင်မင်တို့ဆီကို မေမေတို့အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲတာကတော့ လာမယ့် ၆ လပိုင်းမှာ ကလေးက ၅ နှစ်ပြည့်ဖို့လိုသေးတဲ့ကလေးကို ကျောင်းထားတဲ့အခါ Pre KG ထားရမလား ၊ KG ထားရမလားဆိုတဲ့မေးခွန်းပါ။ ကလေးက ၅နှစ်ပြည့်ဖို့ ၄ လလောက်လိုတယ် KG ထားလို့ရလား၊ ၅ လလောက်လိုတယ်။ ၆ လလိုတယ် စသဖြင့်ပေါ့။ ဒီအခါမှာ မင်မင်တို့ ပညာရေးဉယာဉ်မှုးတွေအတွက် ဖြေလိုက်တဲ့အဖြေအပေါ်မှာ အများကြီးတာဝန်ရှိတော့ အတော်လေးကို အဖြေရခက်တဲ့မေးခွန်းတစ်ခုဖြစ်လာတယ်။ ဒီနေ့တော့ မင်မင်က သင်ရိုးညွှန်းတမ်းအရသတ်မှတ်ထားမှုရယ်၊ လေ့လာထားမှုရယ်၊ ဘာလို့ ထားသင့်မထားသင့်ဆိုတာတွေကို အရိုးသားဆုံးအပွင့်လင်းဆုံး တင်ပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံး လေ့လာထားမှုအရ Pre-KG နဲ့ KG ဆိုတာကို သတ်မှတ်မှုအကြောင်းလေးအရင်စကြရအောင်
Kindergarten လို့ခေါ်တဲ့ KG ဟာ မူလတန်းတက်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတဲ့ အတန်းဖြစ်သလို ကလေးတစ်ယောက်အတွက် အရေးအကြီးဆုံးအတန်းလဲဖြစ်ပါတယ်။ ကလေးရဲ့တစ်ဘဝစာပညာရေး အတွက်အုတ်မြစ်ချရတဲ့အတန်းဖြစ်တဲ့အတွက် အရေးကြီးရခြင်းဖြစ်ပါတယ်။ နိုင်ငံအများစုမှာတော့ KG အတန်းကို အသက် ၄ နှစ်မှ ၆ နှစ်ကြားကလေးတွေအတွက်လို့ သတ်မှတ်ထားကြပါတယ်။
ကျမတို့ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းကော်မတီရဲ့ သတ်မှတ်ချက်အရတော့ ၅ နှစ်ပြည့်ပြီး ကလေးများမှ စတင်သင်ယူရမည့်အတန်း လို့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ ကလေးက ၈လပိုင်း August မှာ အသက် ၅နှစ်ပြည့်မှာ၊ ၇ လပိုင်း(July) မှာ ၅နှစ်ပြည့်မှာမျိုးဆိုရင် ထားလို့ရမရဆိုတာကတော့ ကလေးရဲ့အဆင်သင့်ဖြစ်မှုနဲ့ မိဘရဲ့စိတ်ဆန္ဒအပေါ်မူတည်ပါတယ်လို့ပဲ မင်မင်ကတော့ ဖြေကြားပါရစေ။
-KG
Pre-KG ဆိုတာကတော့ အစိုးရနဲ့ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းကော်မတီက အသက်အရကော အတန်းအရပါ သတ်မှတ်ပြဌာန်းထားပေးတာမျိုးတော့လက်ရှိအချိန်အထိ လုံးဝမရှိသေးပါဘူး။ နိုင်ငံအများစုမှာတော့ အသက် ၃ နှစ်မှ ၄နှစ်အထိကို သတ်မှတ်လေ့ရှိပါတယ်။ Pre-KG ဆိုတာကတော့ ကျောင်းနေပျော်ရေးအတွက် ကစားခြင်းဖြင့် သင်ယူခြင်းကို အခြေခံပြီး ကျောင်းစတင်တက်ရတဲ့ KG အတွက် အဆင်သင့်ဖြစ်နိုင်ဖို့ Foundation ချရတဲ့အဆင့်ပါ။
ဒီအဆင့်ကလည်း ကလေးကျောင်းနေပျော်ရေးနှင့် KG တက်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပျိုးထောင်ရတဲ့အဆင့်ဖြစ်လို့ ရှေးဦးကလေးပညာရေးလို့ပင် သုံးနှုန်းပြောဆိုလို့ရပါတယ်။ ဒီအဆင့်ကကော ထားဖို့လိုသလားဆိုရင်တော့ မိဘတွေရဲ့ဆန္ဒအရ ထားလည်းရသလို မထားလည်းရပါတယ်။ ဒါကြောင့်လည်း အစိုးရက သတ်မှတ်ထားတာမျိုး မရှိသေးတာပါ။ မည်သို့ပင်ဆိုစေကာမူ မင်မင်တို့KFGမှာ Pre-KG ထားရင်တော့ ကလေးကို KG တက်တဲ့အခါအဆင်သင့်ဖြစ်စေမယ်။ ကလေးအတွက် သင်ယူရေး( Learning) ဆိုတာကို ပျော်မွေ့လာစေမယ်။
၆လပိုင်းမှာ ၅နှစ်မပြည့်သေးတဲ့ကလေးတွေအတွက် KG ထားသင့် မထားသင့်ဆိုတာကိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိသင်ရိုးညွှန်းတမ်းများအရ မထားသင့်သေးဘူးလို့ပဲ မင်မင်ကတော့အကြံပြုပါရစေ။
ကလေးက ၅နှစ်ပြည့်ဖို့ ၁လ ၂လပဲလိုတယ်။ Pre-KGလည်းတက်ထားတယ်။ KG အတွက် အဆင်သင့်လည်းဖြစ်နေပြီ။ ဉာဏ်ရည်ကလည်း လိုက်နိုင်တယ် ဖေဖေမေမေတို့ကလည်း KG ထားဖို့ အားသန်နေပြီဆိုရင်တော့ ပညာရေးဆိုင်ရာကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး KG ထားလို့ရပါတယ်။
သို့သော် ၅နှစ်ပြည့်ဖို့ ၃ လကနေ ၇ အထိလိုသေးတယ်။ Pre-KGလည်းတက်ေတာ့ တက်ထားပြီးဖြစ်တယ်။ KG အတွက် အဆင်သင့်လည်းဖြစ်နေပြီ။ ကလေးကသွက်လည်းသွက်တယ် ဉာဏ်ရည်ကလည်း လိုက်နိုင်တယ်ဆိုပေမယ့် KG လုံးဝမထားသင့်သေးပါဘူးလို့ မင်မင် ထပ်မံအကြံပြုလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ KG to G-12 ပညာရေး သင်ရိုးညွှန်းတမ်းအားလုံးကို မင်မင်လေ့လာကြည့်တဲ့အခါ G-3 ကစပြီး သင်ရိုးညွှန်းတမ်းတွေက အတော်လေးကိုအဆင့်မြင့်ထားတာကို တွေ့ရသလို အသက်အရွယ်အလိုက် မဖြစ်မနေသင်ကြားရမယ့် Content တွေအများစုနဲ့ ဖွဲ့စည်းထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် KG ကို ၅နှစ်ပြည့်ပြီးကလေးတွေ သင်ယူနိုင်မယ့်အတန်းလို့ ဆိုလိုထားတာကို မင်မင်လေ့လာမိပါတယ်။ KG ကို ၅နှစ်မပြည့်သေးပဲ စောလျှင်စွာအပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ အတန်းတွေကြီးလာတဲ့အခါ သင်ယူရမယ့် သင်ခန်းစာကို ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက မလိုက်နိုင်ပဲ ဖိစီးမှုတွေများပြီး သင်ယူရမှာမပျော်မွေ့တော့တဲ့ကလေးတွေ၊ သင်ယူရမှာပျင်းရိတဲ့ကလေးတွေ၊ သင်ယူရမှာ ကြောက်ရွံ့တဲ့ ကလေးတွေ ဖြစ်သွားနိုင်လို့ပဲဖြစ်ပါတယ်။
ဒါကြောင့်နိဂုံးချုပ်အနေနဲ့ မင်မင်ကတော့ ဖေဖေမေမေတို့ရဲ့ကလေးတွေအသက် ၅နှစ်ကျော်မှသာ KG ကိုထားသင့်ပြီး ၅နှစ်ပြည့်ဖို့ ၁လ ၂လသာ လိုတော့တယ်ဆိုရင်တောင် Pre-KGလည်းတက်ထားပြီးပြီလား၊ ကလေးက KG အတွက် အဆင်သင့်ဖြစ်နေပြီလား၊ ဉာဏ်ရည်ကလည်း လိုက်နိုင်ပါ့မလားဆိုတဲ့အချက်တွေနဲ့ ချင့်ချိန်သုံးသပ်ကာ ဖေဖေမေမေတို့ကလည်း KG ထားဖို့ အားသန်နေပြီဆိုရင်တော့ ပညာရေးဆိုင်ရာအကြံပေးနိုင်သူများနှင့်တိုင်ပင်ပြီး KG ထားလို့ရပါတယ်ဆိုတာကို တင်ပြရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေနော်။
Click here to claim your Sponsored Listing.
Location
Category
Culinary Team
Attire
Website
Address
Minbu